သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ျပည္နယ္ေလးခုမွာ အေထာက္အထားမဲ့ျမန္မာ၇၀၀ေက်ာ္ဖမ္းဆီးခံရ


ထိုင္းျမန္မာနယ္စပ္မွာဒီရက္အတြင္းဖမ္းမိတ့ဲျမန္မာႏို္င္ငံသားမ်ား (ဓာတ္ပံု - Army PR Center)

ထိုင္းႏိုင္ငံ ကမ္ခ်နာဘူရီျပည္နယ္ ၊တာ့ခ္ျပည္နယ္ ၊ပကြၽတ္ခီရီကန္ျပည္နယ္ ၊ ခ်င္းမိုင္ ျပည္နယ္စတဲ့ျပည္နယ္၄ခုမွာ ၄ရက္အတြင္းလူကုန္ကူးခံရတဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား၇၀၀ေက်ာ္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲကိုအလုပ္အကိုင္ရွာေဖြဖို႔အတြက္ လူကုန္ကူးေတြ ေခၚလာတဲ့ျမန္မာႏိုင္ငံသားေတြဟာ တရားမဝင္လမ္းေတြကေနတဆင့္ဝင္လာၾကတဲ့အတြက္ထိုင္းအာဏာပိုင္ေတြက ျပည္နယ္အသီးသီးမွာဖမ္းဆီးေနတာပါ ။ ထိုင္းျမန္မာနယ္စပ္ ျပည္နယ္ ၄ခုမွာ ၊ ၄ရက္အတြင္းဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၇၀၀ေက်ာ္ရွိတယ္လို႔အလုပ္သမားေရးလုပ္ေဆာင္ေနတဲ့ AAC မဟာမိတ္မ်ားအဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူကိုရဲမင္းကအခုလိုေျပာပါတယ္။

"အခုဆိုရင္ ၄ရက္အတြင္းစံခ်ိန္တင္ေပါ့ ျမန္မာႏိုင္ငံသား စုစုေပါင္း ၇၅၉ ဦး ၄ရက္အတြင္းဖမ္းမိတာတာပါ။ ၁၅-၁-၂၂ ရက္မွာပကြၽန္ခီရီကန္မွာ ၃၅ဦး ၊ ၁၅-၁-၂၂ ရက္မွာကမ္ခ်နဘူရီမွာ ၁၆-၁-၂၂ ရက္မွာ ကမ္ခ်နဘူရီနယ္စပ္မွာ ၈၉ဦး ၊ ၁၆-၁-၂၂ ရက္မွာခ်င္းမိုင္နဲ႔ကမ္ခ်နဘူရီ မွာ ၁၀၁ ဦး ၊၁၆-၁-၂၂ရက္မွာ ကမ္ခ်နဘူရီ စိုင္႐ို႕ေဒသမွာ လူ ၆၃ဦး ၊ ပြဲစား ၁ဦး ဖမ္းမိတာ။ ၁၇-၁-၂၂ ရက္မွာတာ့ခ္ျပည္နယ္မွာ ကား၁၀စီးနဲ႔လူ၁၀၀ဦး ၊ ၁၇-၁-၂၂ ရက္မွာကမ္ခ်နဘူရီခ႐ိုင္ ေထာင္ပါဖူးအရပ္မွာ ၁၈ေယာက္တစု၊ ၄၁ ေယာက္ကတစု၊ စုစုေပါင္း ၅၉ဦး ။၁၇-၁-၂၂ ရက္မွာကမ္ခ်နဘူရီမွာ ၄၄ဦး၊ ၁၈-၁-၂၂ ရက္မွာ တာ့ခ္ျပည္နယ္ ဘန႔္တာၿမိဳနယ္မွာ လူ ၈၀ဦး ၊ ျမန္မာဘက္ကေလွနဲ႔လာတာေပါ့ ။အစာေရစာျပတ္တာ (၄)ရက္ေလာက္ရွိတယ္။ လူပြဲစားေတြကပစ္ထားသြားတာ။ ၁၈-၁-၂၂ ရက္ေန႔မွာပဲ ကမ္ခ်နဘူရီခ႐ိုင္ ပကြၽတ္ခီရီကမ္ခ႐ိုင္မာ ၁၁၄ဦးဖမ္းမိပါတယ္။"

၄ရက္အတြင္းဖမ္းမိတဲ့အထဲမွာ လူကုန္ကူးသူ၉ဦးကိုလည္းဖမ္းမိခဲ့ပါတယ္။
အခုဆိုရင္ ႏွစ္စကစၿပီး ဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၂၀၀၀ေက်ာ္သြားၿပီလို႔လည္းဆိုပါတယ္။

"၂၀၂၂ ခုႏွစ္ႏွစ္စကေန ဒီေန႔ ၁၈ ရက္ေန႔ ဖမ္းမိတာကလူ၂၀၀၀ေက်ာ္ရွိသြားပါၿပီ။ ထိုင္းႏိုင္ငံထဲကိုျမန္မာႏိုင္ငံသားေတြ ေနစဥ္ကိုဝင္ေရာက္ေနတာေပါ့ေနာ္။ထိုင္းႏိုင္ငံထဲကိုျမန္မာႏိုင္ငံသားေတြ တရားမဝင္လမ္းေၾကာင္းေတြက ေန႔စဥ္ဝင္ေရာက္ေနတာေပါ့ေနာ္ ။ စစ္အာဏာသိမ္းၿပီးေနာက္ ေန႔စဥ္လိုဝင္လာေနတယ္။းဆက္တိုက္လည္းဖမ္းဆီးခံရေနရတယ္။"

ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လုံးအတိုင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခားေ႐ႊေျပာင္း အလုပ္သမားအေရအတြက္ ၆ ေသာင္းေက်ာ္ေလာက္ရွိမယ္လို႔လည္း အလုပ္သမားေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႕ေတြစုေပါင္းထားတဲ့ Migrant Labour Development Network က စာရင္း ျပဳစုထားပါတယ္။ အဲဒီအေရအတြက္မွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆုံးျဖစ္ပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်း-မြန်မာနယ်စပ် ပြည်နယ်လေးခုမှာ အထောက်အထားမဲ့မြန်မာ၇၀၀ကျော်ဖမ်းဆီးခံရ

(Unicode)

ထိုင်းနိုင်ငံ ကမ်ချနာဘူရီပြည်နယ် ၊တာ့ခ်ပြည်နယ် ၊ပကျွတ်ခီရီကန်ပြည်နယ် ၊ ချင်းမိုင် ပြည်နယ်စတဲ့ပြည်နယ်၄ခုမှာ ၄ရက်အတွင်းလူကုန်ကူးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား၇၀၀ကျော်ဖမ်းမိခဲ့ပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကိုအလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးတွေ ခေါ်လာတဲ့မြန်မာနိုင်ငံသားတွေဟာ တရားမဝင်လမ်းတွေကနေတဆင့်ဝင်လာကြတဲ့အတွက်ထိုင်းအာဏာပိုင်တွေက ပြည်နယ်အသီးသီးမှာဖမ်းဆီးနေတာပါ ။ ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၄ခုမှာ ၊ ၄ရက်အတွင်းဖမ်းမိတဲ့မြန်မာနိုင်ငံသား ၇၀၀ကျော်ရှိတယ်လို့အလုပ်သမားရေးလုပ်ဆောင်နေတဲ့ AAC မဟာမိတ်များအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုရဲမင်းကအခုလိုပြောပါတယ်။

"အခုဆိုရင် ၄ရက်အတွင်းစံချိန်တင်ပေါ့ မြန်မာနိုင်ငံသား စုစုပေါင်း ၇၅၉ ဦး ၄ရက်အတွင်းဖမ်းမိတာတာပါ။ ၁၅-၁-၂၂ ရက်မှာပကျွန်ခီရီကန်မှာ ၃၅ဦး ၊ ၁၅-၁-၂၂ ရက်မှာကမ်ချနဘူရီမှာ ၁၆-၁-၂၂ ရက်မှာ ကမ်ချနဘူရီနယ်စပ်မှာ ၈၉ဦး ၊ ၁၆-၁-၂၂ ရက်မှာချင်းမိုင်နဲ့ကမ်ချနဘူရီ မှာ ၁၀၁ ဦး ၊၁၆-၁-၂၂ရက်မှာ ကမ်ချနဘူရီ စိုင်ရို့ဒေသမှာ လူ ၆၃ဦး ၊ ပွဲစား ၁ဦး ဖမ်းမိတာ။ ၁၇-၁-၂၂ ရက်မှာတာ့ခ်ပြည်နယ်မှာ ကား၁၀စီးနဲ့လူ၁၀၀ဦး ၊ ၁၇-၁-၂၂ ရက်မှာကမ်ချနဘူရီခရိုင် ထောင်ပါဖူးအရပ်မှာ ၁၈ယောက်တစု၊ ၄၁ ယောက်ကတစု၊ စုစုပေါင်း ၅၉ဦး ။၁၇-၁-၂၂ ရက်မှာကမ်ချနဘူရီမှာ ၄၄ဦး၊ ၁၈-၁-၂၂ ရက်မှာ တာ့ခ်ပြည်နယ် ဘန့်တာမြိုနယ်မှာ လူ ၈၀ဦး ၊ မြန်မာဘက်ကလှေနဲ့လာတာပေါ့ ။အစာရေစာပြတ်တာ (၄)ရက်လောက်ရှိတယ်။ လူပွဲစားတွေကပစ်ထားသွားတာ။ ၁၈-၁-၂၂ ရက်နေ့မှာပဲ ကမ်ချနဘူရီခရိုင် ပကျွတ်ခီရီကမ်ခရိုင်မာ ၁၁၄ဦးဖမ်းမိပါတယ်။"

၄ရက်အတွင်းဖမ်းမိတဲ့အထဲမှာ လူကုန်ကူးသူ၉ဦးကိုလည်းဖမ်းမိခဲ့ပါတယ်။
အခုဆိုရင် နှစ်စကစပြီး ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၂၀၀၀ကျော်သွားပြီလို့လည်းဆိုပါတယ်။

"၂၀၂၂ ခုနှစ်နှစ်စကနေ ဒီနေ့ ၁၈ ရက်နေ့ ဖမ်းမိတာကလူ၂၀၀၀ကျော်ရှိသွားပါပြီ။ ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေ နေစဉ်ကိုဝင်ရောက်နေတာပေါ့နော်။ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေ တရားမဝင်လမ်းကြောင်းတွေက နေ့စဉ်ဝင်ရောက်နေတာပေါ့နော် ။ စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်လိုဝင်လာနေတယ်။းဆက်တိုက်လည်းဖမ်းဆီးခံရနေရတယ်။"

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်း ပြုစုထားပါတယ်။ အဲဒီအရေအတွက်မှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG