သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေသာင္ရင္းျမစ္ျဖတ္ၿပီး ထိုင္းဘက္ထြက္ေျပးတဲ့ ျမန္မာဒုကၡသည္ ၅,၀၀၀ ေက်ာ္ရွိၿပီ


ထုိင္းႏုိင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ျမန္မာစစ္ေဘးဒုကၡသည္မ်ား။

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္မွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ တိုင္းရင္းသား ကရင္လက္နက္ကိုင္ အဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ ထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္ မဲေဆာက္ဘက္ကို ျမန္မာဒုကၡသည္ ၅,၀၀၀ ေက်ာ္ နယ္စပ္ေက်ာ္ျဖတ္ ထြက္ေျပးလာၾကတယ္လို႔ တာ့ခ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Somchai Kitcharoenrungroj က ေျပာေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

တနဂၤေႏြေန႔အထိဆို ေသာင္ရင္းျမစ္ကို ေက်ာ္ျဖတ္ၿပီး ထိုင္းႏိုင္ငံထဲ ခိုလႈံလာတဲ့ ရြာသားက ၅,၃၅၈ ေယာက္ ရွိေနၿပီလို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ မဲေဆာက္နဲ႔ Phop Phra ေဒသေတြကို ေရာက္လာတဲ့ ဒုကၡသည္ေတြအတြက္ လံုၿခံဳေရးတာဝန္ခံေတြက လူသားခ်င္းစာနာမႈ အကူအညီေတြ ထပ္ေပးခဲ့သလို ဒဏ္ရာရသူေတြကိုပါ ေဆးကုသမႈ ေပးေနတယ္လို႔လည္း ေျပာပါတယ္။

လက္နက္ကိုင္ တိုက္ခိုက္ေနသူေတြ အေနနဲ႔ ထိုင္းႏိုင္ငံထဲ ဝင္မလာဖို႔ နယ္စပ္အာဏာပိုင္ေတြက သတိေပးေနသလို တာ့ခ္ျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔ကလည္း ေဒသခံေတြ နယ္စပ္နားမသြားဖို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ေနၿပီး နယ္စပ္တေလွ်ာက္ လံုၿခံဳေရး တိုးျမႇင့္ ကင္းလွည့္ဖို႔ပါ အမိန္႔ထုတ္ျပန္ထားပါတယ္။

စေနညဘက္တုန္းက ထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္ မဲေဆာက္အပိုင္ Ban Don Chai Rim Moei ရြာ တဖက္ကမ္းက KNU ကရင္တပ္ဖြဲ႔ေတြရွိရာ ျမဝတီအပိုင္ မယ္ဒိုတေလး ေက်းရြာဘက္ကို ျမန္မာစစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္ေကာင္စီတပ္ေတြရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ထိုင္းႏိုင္ငံထဲ ရြာသား ၁,၀၀၀ ေက်ာ္ ထြက္ေျပးလာတာေၾကာင့္ ထိုင္းအာဏာပိုင္ေတြက အားကစား႐ုံမွာ ေနရာခ်ထားေပးခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

သောင်ရင်းမြစ်ဖြတ်ပြီး ထိုင်းဘက်ထွက်ပြေးတဲ့ မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ရှိပြီ

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား ကရင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ဘက်ကို မြန်မာဒုက္ခသည် ၅,၀၀၀ ကျော် နယ်စပ်ကျော်ဖြတ် ထွက်ပြေးလာကြတယ်လို့ တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့အထိဆို သောင်ရင်းမြစ်ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ခိုလှုံလာတဲ့ ရွာသားက ၅,၃၅၈ ယောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် မဲဆောက်နဲ့ Phop Phra ဒေသတွေကို ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးတာဝန်ခံတွေက လူသားချင်းစာနာမှု အကူအညီတွေ ထပ်ပေးခဲ့သလို ဒဏ်ရာရသူတွေကိုပါ ဆေးကုသမှု ပေးနေတယ်လို့လည်း ပြောပါတယ်။

လက်နက်ကိုင် တိုက်ခိုက်နေသူတွေ အနေနဲ့ ထိုင်းနိုင်ငံထဲ ဝင်မလာဖို့ နယ်စပ်အာဏာပိုင်တွေက သတိပေးနေသလို တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံတွေ နယ်စပ်နားမသွားဖို့ သတိပေးချက်တွေ ထုတ်ပြန်နေပြီး နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့် ကင်းလှည့်ဖို့ပါ အမိန့်ထုတ်ပြန်ထားပါတယ်။

စနေညဘက်တုန်းက ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်အပိုင် Ban Don Chai Rim Moei ရွာ တဖက်ကမ်းက KNU ကရင်တပ်ဖွဲ့တွေရှိရာ မြဝတီအပိုင် မယ်ဒိုတလေး ကျေးရွာဘက်ကို မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံထဲ ရွာသား ၁,၀၀၀ ကျော် ထွက်ပြေးလာတာကြောင့် ထိုင်းအာဏာပိုင်တွေက အားကစားရုံမှာ နေရာချထားပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG