သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို စောင့်ရှောက်ဖို့ ထိုင်းအစိုးရကို NGO တွေတောင်းဆို


ထိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ကြသည့် မြန်မာစစ်ပြေးဒုက္ခသည်များ
ထိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ကြသည့် မြန်မာစစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို စောင့်ရှောက်ဖို့ ထိုင်းအစိုးရကို NGO တွေတောင်းဆို

{{Zawgyi/Unicode}}

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ အသက်လုပြီးထွက်ပြေးခိုလှုံလာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အကူညီပေး ကာကွယ်ဖို့ Save the Children နဲ့ IRC နိုင်ငံတကာကယ်ဆယ်ကူညီရေးကော်မတီ အပါအဝင် လူသားချင်းစာနာမှု အထောက်ကူပေးရေး အဖွဲ့ ၁၅ ဖွဲ့က ပူးတွဲပြီး ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို လူသားချင်းစာနာမှုအခြေနေ ဆိုးဝါးနေတာကြောင့် နယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံထဲလာရောက်ဖို့ လိုလာတာဖြစ်ပြီး သူတို့အတွက် လူသားချင်းစာနာမှုအကူညီရဖို့နဲ့ ခိုလှုံခွင့်ပေးဖို့ အရေးတကြှီးလိုအပ်နေကြောင်းလည်း NGO အဖွဲ့ ၁၅ ဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ ဒီဇင်ဘာလ ၁၅ ရက်ကစလို့ တိုးလာတာကြောင့် လေးကေကော်နဲ့ ဝန်းကျင်ရွာတွေက လူပေါင်း တသောင်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရသလို အဲဒီထဲက ၄၀၀၀ လောက် ထိုင်းနယ်စပ်ကျော်ဖြတ်လာတာ ဖြစ်ကြောင်းနဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံထဲနောက်ထပ်ရောက်လာသူ ရွာသား တထောင်လောက်ကိုတော့ ထိုင်းအစိုးရက တားဆီးတာ တွေ့ရကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံလာသူတွေကို ပြန်ပို့တာဟာလည်း သူတု့ိအတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ပြောပါတယ်။

ဒါ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါ အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်း မပေးနိုင်တဲ့မြန်မာနိုင်ငံထဲ အတင်းပြန်ပို့တာဟာလည်း အန္တရာယ်ကြီးတာကြောင့် ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အကာကွယ်ပေးပြီး ခိုလှုံခွင့်အပါအဝင် အကူညီတွေ ပေးဖို့ပါ ပန်ကြားထားတာပါ။

ထိုင်းအစိုးရအနေနဲ့ နယ်စပ်ကျော်ဖြတ် ထွက်ပြေးလာသူတွေအတွက် နယ်စပ်ကိုဖွင့်ပေးဖို့၊ ကုလသမဂ္ဂ UNHCR နဲ့ လက်တွဲပြီး ဒုက္ခသည်တွေကို စီစစ်ခိုလှုံခွင့်ပေးဖို့၊ ဒုက္ခသည်တွေဆီ ကုလနဲ့ လူသားချင်းစာနာမှုအဖွဲ့တွေ သွားရောက်ခွင့်ပေးဖို့အပြင် အာဆီယံက ချထားတဲ့ လူသားချင်းစာနာမှုအကူညီပေးရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖေါ်ဖို့ နဲ့ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဖြစ်ပွါးရတဲ့ အကြောင်းရင်းကို အာဆီယံနဲ့လက်တွဲ အဖြေရှာဖို့ပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG