သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးဒုကၡသည္ေတြအတြက္ အကူအညီေပးေနသူေတြ အခက္အခဲမ်ဳိးစံုႀကံဳေနရ


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕ဝန္းက်င္ေတာေထာင္ထဲက စစ္ေဘးေရွာင္ေဒသခံေတြ။ (ဇြန္ ၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြျဖစ္ေနတဲ့ ကယားျပည္ နယ္ထဲမွာ စစ္ေျပးဒုကၡသည္ ၁ သိန္းေက်ာ္႐ွိေနၿပီး သူတုိ႔အတြက္ လူသားစာနာမႈ အကူအညီေပးႏိုင္ဖုိ႔လံုၿခံဳေရးအပါအဝင္ အခက္အခဲမ်ဳိးစံု႐ွိေနတယ္လို႔ ကုိယ္တုိင္ကူညီေနသူေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း လူသားစာနာမႈ အကူအညီေပးေနၾကသူေတြ၊ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လံုၿခံဳေရးကို ကာကြယ္ေပးဖို႔ ကုလသမဂၢလံုၿခံဳေရးေကာင္စီက မေန႔ ႏိုဝင္ဘာ ၁၀ ရက္ထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားပါတယ္။ ဒုကၡသည္ေတြအတြက္ ေဆးဝါး၊ အစားအေသာက္ရ႐ွိေအာင္ ကူညီေပးေနသူေတြ ဘယ္လို အႏၱရာယ္ အခက္အခဲေတြ ႀကံဳေတြ႔ေနရပါသလဲ ... ရန္ကုန္ ကလာတဲ့ ဒီသတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူသားစာနာမႈဆိုင္ရာ အကူအညီလိုအပ္ေနတဲ့သူအားလံုးဆီ အကူအညီေတြ ေပးပို႔ႏိုင္ေအာင္ အေႏွာင့္အယွက္ကင္းကင္းနဲ႔ အျပည့္အဝ ခြင့္ေပးပါလို႔ ကုလသမဂၢလံုၿခံဳေရးေကာင္စီက ေတာင္းဆိုထားပါတယ္။ လူသားစာနာမႈအကူအညီ ေပးေနၾကသူေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လံုၿခံဳေရးကိုလည္း ကာကြယ္ေပးဖို႔ လံုၿခံဳေရးေကာင္စီက ႏိုဝင္ဘာ ၁၀ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေတာင္းဆိုထားပါတယ္။

ကယားျပည္နယ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေမလထဲကစလို႔စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ တိုက္ပြဲေတြ၊ စစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရတဲ့ ဒုကၡသည္ ၁ သိန္းေလာက္႐ွိေနပါတယ္။

အစားအေသာက္၊ ေဆးဝါး စတဲ့ ဒုကၡသည္ေတြ အလြန္အမင္းလိုအပ္ေနတဲ့ လူသားစာနာမႈ အကူအညီ ေပးေနၾကသူေတြ႐ွိေပမယ့္ သူတုိ႔ကိုယ္တုိင္ အႏၱရာယ္ေတြၾကားက ကူညီေပးေနၾကရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက အကူအညီေပးသူတဦးက စစ္တပ္ရဲ႕ စစ္ေဆးေရးဂိတ္ေတြကို အဆင့္ဆင့္ျဖတ္ၿပီး အကူအညီေပးေနရတယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ကို တဆင့္ေပါ့ေနာ္၊ ၿမိဳ႕ကေနတဆင့္ ပို႔ေပးတဲ့ အဲ့လိုမ်ဳိး ရိကၡာေတြ ျပန္ၿပီးပုိ႔ေပးရတာမ်ဳိးဆိုရင္ သူတို႔အတြက္က အရမ္းခက္ခဲတယ္ေပါ့ေနာ္၊ ဘာလို႔လဲဆိုရင္ ဒီလိုလမ္းမ်ဳိးဆိုရင္ ျဖတ္ဖို႔ဆိုရင္ အဲ့လိုမ်ဳိး စစ္ေကာင္စီက တားထားတဲ့ဂိတ္ေတြ အမ်ားႀကီးျဖတ္ရတာေပ့ါေနာ္၊ အဲ့လိုမ်ဳိးျဖတ္ရတယ္ဆိုရင္ သူတို႔က တခါတေလလည္း တခ်ဳိ႕ကားေတြဆိုရင္ မိတာမ်ဳိးလည္း ရွိတာေပ့ါေနာ္၊ မိသြားရင္ သူတို႔က လံုးဝႀကီး သိမ္းသြားတာေပ့ါေနာ္၊ သိမ္းသြားတယ္။ လူေတြလည္း အဲ့လိုမ်ဳိး သိမ္းသြားတာမ်ဳိး ေတြ႔ရတယ္ေပါ့ေနာ္၊ သူတို႔က ၿမိဳ႕ထဲကလူေတြ ေတာ္ေတာ္မ်ားမ်ားက အခုဆိုရင္ သူတို႔က စစ္ေဘးေရွာင္စခန္းကို သြားၿပီးေတာ့ မလွဴႏိုင္ေတာ့ဘူးေပါ့ေနာ္၊ ဘာလဲဆိုရင္ ၿမိဳ႕ထဲကေန ထြက္ဖို႔ဆိုတာလည္း အရမ္းခက္ခဲတာေပ့ါေနာ္။”

ေဘာလခဲၿမိဳ႕နယ္မွာလည္း ပရဟိတ အကူအညီေပးေနေတြဖမ္းဆီးခံရတာ႐ွိပါတယ္။ ေအာက္ တိုဘာ ၇ ရက္ေန႔က လြိဳင္ေကာ္ကေနျပန္လာတဲ့ ပရဟိတအကူအညီေပးသူ ႏွစ္ဦး လမ္းမွာ ေပ်ာက္သြားတယ္လို႔ ေဘာလခဲ ပရဟိတအကူအညီေပးသူ တဦးကေျပာပါတယ္။

“အဲ့ဒီႏွစ္ေယာက္ရွိမယ္၊ နန္းဖဲက တာဝန္ခံေလးတေယာက္ရွိမယ္၊ နန္းဖဲက တာဝန္ခံေလးကေတာ့ တာဝန္ရွိသူမ်ားက ေခၚယူစစ္ေဆးတယ္ၾကားတယ္၊ အဲ့သေလာက္ေတာ့ရွိတယ္၊ ေဘာလခဲနဲ႔ လြိဳင္ေကာ္ကေတာ့ အခုခ်ိန္မွာ လမ္းခရီးက ျပတ္ေတာက္ေနတယ္လို႔ေတာ့ ေျပာလို႔ ရတယ္၊ သြားလို႔လာလို႔ ကားခရီးကိုေတာ့ တခ်ဳိ႕တခါေလာက္ရွိပါတယ္၊ သူတို႔လည္း သည္းထိတ္ရင္ဖိုသြားေနတယ္၊ အထင္ရွားဆံုးက ေဘာလခဲမွာ ဆန္ကေတာ့ ျပတ္တာေပ့ါေလ၊ ေလာေလာဆယ္ ဆန္က သယ္လို႔မရေတာ့ဘူးျဖစ္တဲ့အတြက္ ေတာ္ေတာ္အခက္အခဲျဖစ္ေနတယ္။”

လိြဳင္ေကာ္ၿမိဳ႕နယ္ဘက္မွာ အကူအညီေပးေနသူတဦးကေတာ့ ဒုကၡသည္ေတြကို အကူအညီမေပးႏုိင္ေအာင္ ေစာင့္ၾကည့္ခံေနရၿပီး အကူအညီသြားေပးထားတဲ့ ဓာတ္ပံုေတြေတြ႔ရင္ ဖမ္းတာမ်ဳိးအထိ႐ွိတယ္လို႔ ေျပာျပပါတယ္။ ထြက္ေျပးေနသူေတြကို အကူအညီမေပးဖုိ႔ ၿခိမ္းေျခာက္တာမ်ဳိးေတြလည္း ႐ွိပါတယ္။

ဒါေပမယ့္လည္း စစ္ေဘးဒုကၡသည္ေတြက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ္ေနတာေၾကာင့္ စစ္ေကာင္စီရဲ႕ အတားအဆီး အစစ္အေဆးေတြၾကားက ခက္ခက္ခဲခဲ သြားေရာက္ကူညီရတယ္လို႔ ေျပာပါတယ္။

“ဒီစစ္ေရွာင္ေတြကို သယ္ပို႔တဲ့အခ်ိန္မွာဆိုရင္ က်မတို႔ဆိုလို႔ရွိရင္ လမ္းခရီးမွာဆိုလည္း သြားလာတဲ့အခ်ိန္မွာလည္း အႏၱရာယ္မ်ားတယ္ေပါ့ေနာ္၊ အခုတေလာဆို ပိုဆိုးတယ္ အဖမ္းအဆီးက ပိုမ်ားတယ္ေလ၊ အဲ့ခါက်ေတာ့ ကိုယ့္အိမ္နားမွာတင္ အၿမဲတမ္းလာေစာင့္တယ္ဆိုရင္ က်မတို႔ခိုးသြားတယ္၊ ဒီလိုခက္ခက္ခဲခဲၾကားကေနၿပီးေတာ့ ေရာက္ေအာင္ေတာ့ သြားကူေပးၾကတာေပါ့ေနာ္၊

ေတာ္ေတာ္ေတာ့ စြန္႔စားရတယ္၊ လက္နက္ႀကီးက်ေနတဲ့အခ်ိန္ဆိုလည္း က်မတို႔အတတ္ႏိုင္ဆံုးေပါ့၊ လိုအပ္ေနတဲ့ဟာေတြကို က်မတို႔ ခိုးေပးရတာတို႔ရွိတယ္၊ တိုက္ေနတဲ့အခ်ိန္ဆိုလည္း ဒီအစစ္အေဆးေတြၾကားကေန လြတ္ေအာင္ေလး၊ ဟို … လမ္းေတြလည္း ေရွာင္ရွားၿပီးေတာ့မွ က်မတို႔ရေအာင္ေတာ့ ႏိုင္သေလာက္ေတာ့ သြားကူေပးၾကတာေပါ့။”

စစ္ေဘးရန္ကေန ထြက္ေျပးေနရသူ အေရအတြက္က ေလ်ာ့မသြားေပမယ့္လည္း ခုလို အခက္အခဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ အကူအညီေပးသူေတြ သိသိသာသာေလ်ာ့နည္းလာတယ္လို႔ အကူအညီေပးသူေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးနေသူတွေ အခက်အခဲမျိုးစုံကြုံနေရ

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည် နယ်ထဲမှာ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး သူတို့အတွက် လူသားစာနာမှု အကူအညီပေးနိုင်ဖို့လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံရှိနေတယ်လို့ ကိုယ်တိုင်ကူညီနေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူသားစာနာမှု အကူအညီပေးနေကြသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့ နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ဒုက္ခသည်တွေအတွက် ဆေးဝါး၊ အစားအသောက်ရရှိအောင် ကူညီပေးနေသူတွေ ဘယ်လို အန္တရာယ် အခက်အခဲတွေ ကြုံတွေ့နေရပါသလဲ ... ရန်ကုန် ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့သူအားလုံးဆီ အကူအညီတွေ ပေးပို့နိုင်အောင် အနှောင့်အယှက်ကင်းကင်းနဲ့ အပြည့်အဝ ခွင့်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။ လူသားစာနာမှုအကူအညီ ပေးနေကြသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ပေးဖို့ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလထဲကစလို့စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် ၁ သိန်းလောက်ရှိနေပါတယ်။

အစားအသောက်၊ ဆေးဝါး စတဲ့ ဒုက္ခသည်တွေ အလွန်အမင်းလိုအပ်နေတဲ့ လူသားစာနာမှု အကူအညီ ပေးနေကြသူတွေရှိပေမယ့် သူတို့ကိုယ်တိုင် အန္တရာယ်တွေကြားက ကူညီပေးနေကြရပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲက အကူအညီပေးသူတဦးက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို အဆင့်ဆင့်ဖြတ်ပြီး အကူအညီပေးနေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကို တဆင့်ပေါ့နော်၊ မြို့ကနေတဆင့် ပို့ပေးတဲ့ အဲ့လိုမျိုး ရိက္ခာတွေ ပြန်ပြီးပို့ပေးရတာမျိုးဆိုရင် သူတို့အတွက်က အရမ်းခက်ခဲတယ်ပေါ့နော်၊ ဘာလို့လဲဆိုရင် ဒီလိုလမ်းမျိုးဆိုရင် ဖြတ်ဖို့ဆိုရင် အဲ့လိုမျိုး စစ်ကောင်စီက တားထားတဲ့ဂိတ်တွေ အများကြီးဖြတ်ရတာပေ့ါနော်၊ အဲ့လိုမျိုးဖြတ်ရတယ်ဆိုရင် သူတို့က တခါတလေလည်း တချို့ကားတွေဆိုရင် မိတာမျိုးလည်း ရှိတာပေ့ါနော်၊ မိသွားရင် သူတို့က လုံးဝကြီး သိမ်းသွားတာပေ့ါနော်၊ သိမ်းသွားတယ်။ လူတွေလည်း အဲ့လိုမျိုး သိမ်းသွားတာမျိုး တွေ့ရတယ်ပေါ့နော်၊ သူတို့က မြို့ထဲကလူတွေ တော်တော်များများက အခုဆိုရင် သူတို့က စစ်ဘေးရှောင်စခန်းကို သွားပြီးတော့ မလှူနိုင်တော့ဘူးပေါ့နော်၊ ဘာလဲဆိုရင် မြို့ထဲကနေ ထွက်ဖို့ဆိုတာလည်း အရမ်းခက်ခဲတာပေ့ါနော်။”

ဘောလခဲမြို့နယ်မှာလည်း ပရဟိတ အကူအညီပေးနေတွေဖမ်းဆီးခံရတာရှိပါတယ်။ အောက် တိုဘာ ၇ ရက်နေ့က လွိုင်ကော်ကနေပြန်လာတဲ့ ပရဟိတအကူအညီပေးသူ နှစ်ဦး လမ်းမှာ ပျောက်သွားတယ်လို့ ဘောလခဲ ပရဟိတအကူအညီပေးသူ တဦးကပြောပါတယ်။

“အဲ့ဒီနှစ်ယောက်ရှိမယ်၊ နန်းဖဲက တာဝန်ခံလေးတယောက်ရှိမယ်၊ နန်းဖဲက တာဝန်ခံလေးကတော့ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးတယ်ကြားတယ်၊ အဲ့သလောက်တော့ရှိတယ်၊ ဘောလခဲနဲ့ လွိုင်ကော်ကတော့ အခုချိန်မှာ လမ်းခရီးက ပြတ်တောက်နေတယ်လို့တော့ ပြောလို့ ရတယ်၊ သွားလို့လာလို့ ကားခရီးကိုတော့ တချို့တခါလောက်ရှိပါတယ်၊ သူတို့လည်း သည်းထိတ်ရင်ဖိုသွားနေတယ်၊ အထင်ရှားဆုံးက ဘောလခဲမှာ ဆန်ကတော့ ပြတ်တာပေ့ါလေ၊ လောလောဆယ် ဆန်က သယ်လို့မရတော့ဘူးဖြစ်တဲ့အတွက် တော်တော်အခက်အခဲဖြစ်နေတယ်။”

လွိုင်ကော်မြို့နယ်ဘက်မှာ အကူအညီပေးနေသူတဦးကတော့ ဒုက္ခသည်တွေကို အကူအညီမပေးနိုင်အောင် စောင့်ကြည့်ခံနေရပြီး အကူအညီသွားပေးထားတဲ့ ဓာတ်ပုံတွေတွေ့ရင် ဖမ်းတာမျိုးအထိရှိတယ်လို့ ပြောပြပါတယ်။ ထွက်ပြေးနေသူတွေကို အကူအညီမပေးဖို့ ခြိမ်းခြောက်တာမျိုးတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း စစ်ဘေးဒုက္ခသည်တွေက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတာကြောင့် စစ်ကောင်စီရဲ့ အတားအဆီး အစစ်အဆေးတွေကြားက ခက်ခက်ခဲခဲ သွားရောက်ကူညီရတယ်လို့ ပြောပါတယ်။

“ဒီစစ်ရှောင်တွေကို သယ်ပို့တဲ့အချိန်မှာဆိုရင် ကျမတို့ဆိုလို့ရှိရင် လမ်းခရီးမှာဆိုလည်း သွားလာတဲ့အချိန်မှာလည်း အန္တရာယ်များတယ်ပေါ့နော်၊ အခုတလောဆို ပိုဆိုးတယ် အဖမ်းအဆီးက ပိုများတယ်လေ၊ အဲ့ခါကျတော့ ကိုယ့်အိမ်နားမှာတင် အမြဲတမ်းလာစောင့်တယ်ဆိုရင် ကျမတို့ခိုးသွားတယ်၊ ဒီလိုခက်ခက်ခဲခဲကြားကနေပြီးတော့ ရောက်အောင်တော့ သွားကူပေးကြတာပေါ့နော်၊

တော်တော်တော့ စွန့်စားရတယ်၊ လက်နက်ကြီးကျနေတဲ့အချိန်ဆိုလည်း ကျမတို့အတတ်နိုင်ဆုံးပေါ့၊ လိုအပ်နေတဲ့ဟာတွေကို ကျမတို့ ခိုးပေးရတာတို့ရှိတယ်၊ တိုက်နေတဲ့အချိန်ဆိုလည်း ဒီအစစ်အဆေးတွေကြားကနေ လွတ်အောင်လေး၊ ဟို … လမ်းတွေလည်း ရှောင်ရှားပြီးတော့မှ ကျမတို့ရအောင်တော့ နိုင်သလောက်တော့ သွားကူပေးကြတာပေါ့။”

စစ်ဘေးရန်ကနေ ထွက်ပြေးနေရသူ အရေအတွက်က လျော့မသွားပေမယ့်လည်း ခုလို အခက်အခဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးသူတွေ သိသိသာသာလျော့နည်းလာတယ်လို့ အကူအညီပေးသူတွေက ပြောကြပါတယ်။

#WhatIsHappeningInMyanmar #IDP #voaburmese #စစ်ဘေးဒုက္ခသည် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG