သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

များပြားလာတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် တေအတွက် အကူအညီ ပိုမိုလိုအပ် (ကုလပြောခွင့်ရ Farhan Haq)


များပြားလာတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် တေအတွက် အကူအညီ ပိုမိုလိုအပ် (ကုလပြောခွင့်ရ Farhan Haq)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ပြည်တွင်းအိုးမဲ့ အိမ်မဲ့ဦးရေတိုးလာနေပြီး၊ မြန်မာနိုင်ငံအတွက်လူသားခြင်းစာနာမှုအထောက်အကူတွေပိုမိုလို အပ်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ Farhan Haq က နယူယောက် ကုလသမဂ္ဂရုံးချုပ်မှာ အင်္ဂါနေ့ကပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုများ၊ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖဲ့ွ PDF တွေ အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်၊ အိုးအိပ်စွန့်ခွါထွက်ပြေးရသူတွေတိုး လာနေတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂဌာနခွဲအနေနဲ့ လွန်စွာစိုးရိမ်ပူပန်နေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကပြောဆိုသွားတာပါ။

လူသားခြင်းစာနာမှုဆိုင်ရာကူညီရေးအဖွဲ့တွေအနေနဲ့ အကူအညီတွေပေးပို့ဖို့ ဒုက္ခသည် တွေထံသွားရောက်နိုင်ဖို့လိုအပ်ကြောင်းနဲ့၊ အထူးသဖြင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ မင်းတပ် လို နေရာမျိုးတွေမှာ ဒုက္ခသည်တွေထံကို သွားရောက်လို့မရဖြစ်နေတဲ့အတွက် အထူးစိုးရိမ်မိတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက်တောင်းခံထားတဲ့ ဒေါ်လာ ၃၈၅ သန်းထဲက ၅၈ ရာခိုင်နှုန်းဟာ အကူအညီလိုအပ်နေတဲ့ လူ ၃ သန်းထဲက ၂ သန်း ၄ သိန်းကျော်လောက်ကို သာ ကုလသမဂ္ဂနဲ့ကူညီရေးအဖွဲ့တွေက ထောက်ပံနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံး လူ ၁၄ ဒဿမ ၄ သန်းလောက် အတွက်လူသားခြင်းစာနာမှုအကူအညီတွေလိုအပ်မှာဖြစ်ပြီး အဲဒိအထဲက ၆ ဒဿမ ၂ သန်းလောက်ဟာ အရေးပေါ်အကူအညီတွေလုပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂကတွက်ချက် ထားပါတယ်။ ဒီ အတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်းလိုအပ်မယ်လို့ ကုသမဂ္ဂကပြောရေး ဆိုခွင့်ရှိသူကပြောဆိုလိုက်ပါတယ်။

.................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG