သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ (ကယား) စစ်မျက်နှာ


This photo taken on July 5, 2021 shows members of the Karenni People Defense Force (KPDF) during military training at their camp near Demoso in Kayah state. - In their camp hidden in the forested hills of Kayah state near the Thai border, Myanmar anti-junta volunteers practice f
This photo taken on July 5, 2021 shows members of the Karenni People Defense Force (KPDF) during military training at their camp near Demoso in Kayah state. - In their camp hidden in the forested hills of Kayah state near the Thai border, Myanmar anti-junta volunteers practice f
ကရင်နီ (ကယား) စစ်မျက်နှာ
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ မေလအလယ်ပိုင်းကစပြီး နိုဝင်ဘာလအလယ်ပိုင်းအထိ (၆) လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေ တိုက်ပွဲအကြိမ်ပေါင်း တရာကျော် (၁၁၇) ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေ ဖြစ်ပါတယ်။ ပျမ်းမျှနှုန်းနဲ့ဆိုရင် တလအတွင်း အကြိမ် (၂၀) နီးပါး တိုက်ပွားဖြစ်ပွားနေခဲ့ပါတယ်။ စစ်ကောင်စီတပ်သား (၄၅၀) ကျဆုံးတဲ့အတွက် လစဉ် (၇၅) ယောက် သေဆုံးနေတဲ့သဘော ဖြစ်ပါတယ်။ ကရင်နီဘက်ကတော့ တပ်သား (၃၂) ဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား တရာကျော် (၁၀၂) အသက်ဆုံးရှုံးသွားရပြီး၊ နှစ်ရာနီးပါး (၁၇၄) အဖမ်းခံရပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်လေးရာကျော် (၄၂၁) နဲ့၊ ခရစ်ယာန်ဘုရာကျောင်း (၇) ကျောင်း ပျက်စီးသွားပါတယ်။ စစ်ဘေးဒုက္ခသည် တသိန်းခွဲလောက် ရှိနေပြီလို့ Fortify Rights အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကယားနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်ရင်းရွာမှာ ဒုက္ခသည်စခန်းတွေအတွက် သိုလှောင်ထားတဲ့ ဆန်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးပစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေက ဇူလိုင်နဲ့သြဂုတ်လအတွင်း ကရင်နီ (ကယား) စစ်မျက်နှာမှာ အင်အား (၁၅၀၀) လောက် ဖြည့်ဆည်းထားပါတယ်။ နောက်တော့ စက်တင်ဘာလမှာ စစ်ကောင်စီထရပ်ကား (၄၀) လောက်ဟာ အင်အား (၃၀၀) ကျော် တင်ဆောင်ပြီး၊ ရှမ်းပြည်နယ်ကနေ ဖယ်ခုံမြို့နယ်ကိုဝင်ဖို့ ကြိုးပမ်းတဲ့အတွက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားတယ်လို့ အောက်တိုဘာလ (၂) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ နေပြည်တော်နဲ့ နီးကပ်နေလို့ ကရင်နီ (ကယား) စစ်မျက်နှာကို စစ်ကူပို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွိုင်ကော်၊ ဖယ်ခုံနဲ့ နေပြည်တော်ဟာ မိုင် (၇၀) သာ ကွာဝေးတာမို့ စစ်ကောင်စီအနေနဲ့ လုံခြုံရေး စိတ်ချရတဲ့ အနေအထားမှာ အမြဲတမ်း မရှိနိုင်ပါဘူး။ ဒါကြောင့် ကရင်နီ (ကယား) စစ်မျက်နှာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့ မြင်ကြပါတယ်။

ဖယ်ခုံ PDF လှုပ်ရှားနေတဲ့ ဖယ်ခုံမြို့နယ်က ကျေးရွာတွေဟာ နေပြည်တော်ကောင်စီနယ်မြေက ပျဉ်းမနားကျေးလက်ဒေသနဲ့ တဆက်တည်း ဖြစ်နေပါတယ်။ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေဟာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းလှုပ်ရှားနေတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းမှာ စစ်ကောင်စီတပ်ကို မယှဉ်နိုင်ပေမယ့် နယ်မြေကျွမ်းကျင်မှု၊ တိုက်ခိုက်ရေးနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုမှာ အလွန်အားကောင်းတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးမှ ဖွဲ့စည်းကြတဲ့ PDF တပ်ဖွဲ့တွေဟာ တူမီးနဲ့ လုပ်သေနတ်တွေကိုသာ ကိုင်ဆောင်ကြပေမယ့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးအောင် တိုက်ခိုက်နိုင်တာတွေ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပြည်နယ်အုပ်ချုပ်ရေး ရပ်တန့်သွားတာဟာ စစ်ကောင်စီအတွက် စိတ်ဓါတ်ကျစရာ ဖြစ်နေပါတယ်။

ကရင်နီ (ကယား) ပြည်နယ်ကို ခရိုင် (၂) ခုနဲ့ မြို့နယ် (၇) ခု ပိုင်းခြားထားပါတယ်။ လွိုင်ကော်ခရိုင်မှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူးဆိုးမြို့နယ်၊ ရှားတောမြို့နယ်တို့ ပါဝင်ပြီး၊ ဘောလခဲခရိုင်မှာတော့ ဘော်လခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေ ပါဝင်ပါတယ်။ မြို့နယ်ပေါင်း (၁၂) မြို့နဲ့ ကျေးရွာငါးရာကျော် (၅၁၀) ရှိပါတယ်။ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၁၀) ရင်းနဲ့ အမြောက်တပ်ရင်း (၂) ရင်းရှိကြောင်း သိရပါတယ်။ သံလွင်မြစ်အရှေ့ဘက်ခြမ်းက ရှားတောနဲ့ မယ်စဲ့မြို့နယ်တွေမှာ တိုက်ပွဲမဖြစ်သလောက် ရှားပါးတယ်လို့ ဆိုပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဖရူးဆိုး၊ ဘောလခဲ၊ ဖားဆောင်းစတဲ့ သံလွင်မြစ်အနောက်ဘက်မှာသာ တိုက်ပွဲဖြစ်တာ များပါတယ်။ ကရင်နီ (ကယား) ပြည်နယ်မှာ လူဦးရေ သုံးသိန်းလောက်ရှိတဲ့အနက် စစ်ဘေးဒုက္ခသည်က တသိန်းခွဲလောက် ရှိနေပါတယ်။

စစ်ကောင်စီတပ်ရင်း အများဆုံးအခြေစိုက်တဲ့ အရပ်ကတော့ ဘောလခဲမြို့နယ် ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ကြံ့ဖွံ့ဝန်ကြီး ဦးစိုးသိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်တဲ့ မြို့နယ် ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဦးစိုးသိန်းပဲ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ ဘောလခဲလူဦးရေတဝက်လောက်ဟာ စစ်တပ်နဲ့ စစ်မှုထမ်းဟောင်း မိသားစုတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဘော်လခဲမြို့မှာ ခြေမြန်တပ်ရင်း (၃) ရင်း၊ ဆေးတပ်၊ ထောက်ပို့ရေးတပ်၊ မဟာဗျူဟာတပ်နဲ့ နယ်ခြားစောင့်တပ်တွေလည်း ရှိတာမို့ ကြံ့ဖွံ့ပါတီရဲ့ အောင်မြေလို ဖြစ်နေပါတယ်။

အခုတော့ ဘောလခဲဟာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ဖြစ်နေပါတယ်။ ဘောလခဲအခြေစိုက် စစ်ကောင်စီတပ်တွေကလည်း တာဝေးပစ်အမြောက်နဲ့ ပစ်ခတ်နေပေမယ့် ကရင်နီစစ်အင်အား လျော့မသွားတာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အများဆုံးတိုက်ပွဲ ဖြစ်နေတဲ့နေရာဟာ ဒီမော့ဆိုမြို့နယ် ဖြစ်ပါတယ်။ လွိုင်ကော်က ဒုတိယအများဆုံးဖြစ်ပြီး၊ ဖယ်ခုံနဲ့ ဖရူးဆိုးတို့က တတိယအများဆုံး ဖြစ်ပါတယ် မိုးဗြဲ၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေကတော့ အနည်းဆုံးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့စစ်အင်အားက စက်တင်ဘာလ (၁၈) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

==Unicode==









XS
SM
MD
LG