သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္လပ္ၿပီးေခတ္ အဆိုးရြားဆံုး အက်ပ္အတည္း


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)
လြတ္လပ္ၿပီးေခတ္ အဆံုးရြားဆံုး အက်ပ္အတည္း
please wait

No media source currently available

0:00 0:11:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အေျခခံအားျဖင့္ ျပည္တြင္းစစ္ျဖစ္ေနခဲ့ၿပီး၊ အခုအက်ပ္အတည္းဟာ လြတ္လပ္ေရးၿပီးခ်ိန္ကစလို႔ ဆက္တိုက္ျဖစ္လာခဲ့တဲ့ အက်ပ္အတည္းေတြထဲမွာ အဆိုး႐ြားဆုံး ျဖစ္တယ္လို႔ အေမရိကန္ျပည္ေထာင္စု Georgetown တကၠသိုလ္ ဂုဏ္ထူးေဆာင္ပါေမာကၡ David Steinberg က ဆိုပါတယ္။ ဒီအေျခအေနမွာ ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္ဟာ မ်ိဳးဆက္သစ္လူငယ္ေတြပဲ ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။ ဒါေပမဲ့ သူတို႔ ေဖာ္ေဆာင္လာမယ့္ အေျပာင္းအလဲကို သူအသက္ထင္ရွားရွိေနတုန္း ျမင္ေတြ႕ရေတာ့မွာ မဟုတ္ဘူးလို႔ အသက္ (၉၂) ႏွစ္ ရိွၿပီျဖစ္တဲ့ ပါေမာကၡႀကီးက ေျပာပါတယ္။ ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္း ေဆြးေႏြးထားပါတယ္။

ေမး ။ ။ ဆရာႀကီးက ျမန္မာႏိုင္ငံအေၾကာင္းကို ေလ့လာသုေတသနျပဳခဲ့တာ၊ ေစာင့္ၾကည့္ခဲ့တာ ရာစုဝက္ကို ေက်ာ္ခဲ့ပါၿပီ။ ဆရာႀကီးေလ့လာခဲ့တဲ့ သမိုင္းတေလွ်ာက္မွာ ျဖစ္ပြားခဲ့တဲ့ ျမန္မာႏုိင္ငံရဲ ႔ အက်ပ္အတည္းေတြနဲ႔ အခုေလာေလာဆယ္ ျဖစ္ေပၚေနတဲ့ အက်ပ္အတည္းနဲ႔ ဘယ္လိုႏိႈင္းယွဥ္လိုပါလဲ။

ေျဖ ။ ။ ဒါေတြဟာ တဆက္တည္းျဖစ္ေပၚလာတဲ့ အက်ပ္အတည္းေတြ ျဖစ္ပါတယ္။ လြတ္လပ္ေရး ရၿပီးခ်ိန္ကတည္းက အက်ပ္အတည္းေတြက တခုမဟုတ္တခု ရိွလာခဲ့တာပါ။ လူနည္းစုေတြနဲ႔ ကြန္ျမဴနစ္ေတြရဲ ႔ ပုန္ကန္မႈေတြ၊ စစ္အာဏာရွင္စနစ္ေတြ၊ လူမႈအသိုင္းအဝိုင္း ၿပိဳကြဲရတာေတြ ဒါေတြဟာ ေတာက္ေလွ်ာက္ျဖစ္လာခဲ့ရတဲ့ ျပႆနာေတြ၊ ပဋိပကၡေတြပါ။ ဒါေတြက အထူးဝမ္းနည္းစရာ ေကာင္းပါတယ္။ တကယ္ေတာ့ ျပည္သူေတြဟာ တုိင္းျပည္အတြက္ လုပ္ကိုင္ေဆာင္ရြက္ႏုိင္မယ့္ အလားအလာ အမ်ားႀကီးရိွပါတယ္။ အခုေတာ့ အဲဒီအလားအလာ၊ စြမ္းရည္ေတြကို လုပ္ကိုင္ျပသခြင့္ မရၾကပါဘူး။

ေမး ။ ။ ဆိုေတာ့ အဲဒီတုန္းက ျဖစ္ပ်က္ခဲ့တဲ့ အက်ပ္အတည္းေတြဟာ အခုျဖစ္ေနတဲ့ အက်ပ္အတည္းေတြထက္ ပိုၿပီးေတာ့ ဆိုးဝါးခဲ့တယ္လို႔ ဆရာႀကီး ေျပာလိုတာလား။ သို႔တည္းမဟုတ္ အခုဟာက ပိုၿပီးေတာ့ ဆုိးရြားပါသလား။

ေျဖ ။ ။ အခုျဖစ္ေနတဲ့ အက်ပ္အတည္းက ဆိုးပါတယ္။ ၁၉၈၈ မွာလည္း အဲဒီေခတ္က ေၾကာက္မက္ဖြယ္ ေကာင္းပါတယ္။ ၁၉၆၂ တုန္းက ဒီေလာက္ မဆိုးဝါးခဲ့ပါဘူး။ ေသဆံုးရသူ တစ္ေယာက္ပဲ ရိွခဲ့တာပါ။ ၁၉၈၈ တုန္းက ဘယ္ေလာက္ေသတယ္ဆိုတာ အတိအက် မသိခဲ့ရေပမယ့္၊ ေနာက္ပိုင္းသိရတာက သံုးေထာင္ေက်ာ္ ျဖစ္ပါတယ္။ အဲဒါကပဲ အေတာ္ဆိုးရြား ေၾကာက္မက္ဖြယ္ရာ ျဖစ္ရပ္ပါ။ အဲဒါဟာ မေအာင္ျမင္ခဲ့တဲ့ ျပည္သူ႔ေတာ္လွန္ေရးတရပ္ Failed Revolution ျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ အေျခခံအားျဖင့္ ျပည္တြင္းစစ္ ျဖစ္ေနပါၿပီ။ ဒီပဋိပကၡဟာ ေရရွည္ဆက္လက္ ျဖစ္သြားမယ့္ အေျခအေန ရိွေနပါတယ္။ အဲဒီအခ်က္ေၾကာင့္ အခုလက္ရိွ အက်ပ္အတည္းဟာ အဆိုးရြားဆံုး အက်ပ္အတည္း ျဖစ္ႏုိင္ပါတယ္။

ေမး ။ ။ က်န္ႏုိင္ငံတခ်ဳိ ႔မွာလည္း လြတ္လပ္ေရးရၿပီးကစမွာ ဒီလိုအက်ပ္အတည္းေတြ အနည္းနဲ႔အမ်ားဆိုသလို ရိွခဲ့တဲ့ ပဋိပကၡေတြ၊ ျပည္တြင္းစစ္ေတြ ရိွခဲ့ပါတယ္။ ဒါေပမဲ့လဲ သူတို႔ေနာက္ပိုင္းမွာလည္း တျဖည္းျဖည္း အေတာ္အသင့္ ရရိွသြားၾကတယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာၾကေတာ့ ကမာၻေပၚမွာ အရွည္လ်ားဆံုး၊ သက္တမ္းအရွည္ၾကာဆံုး ျပည္တြင္းစစ္လုိ႔ သတ္မွတ္ေနရတဲ့အဆင့္ ျဖစ္ေနပါၿပီ။

ေျဖ ။ ။ ဘာေၾကာင့္လဲဆုိေတာ့ တိုင္းျပည္က တုိင္းျပည္မဟုတ္ပါဘူး။ ဥပေဒအရ တည္ရိွေနတဲ့ ႏုိင္ငံေတာ္တခုေတာ့ ဟုတ္ပါတယ္။ ဒီေဒသကို ၿဗိတိသွ်တို႔က ၁၉၃၇ အထိ ကာလၾကာရွည္ အိႏိၵယနဲ႔ တြဲထားခဲ့ပါတယ္။ ေနာက္ဆံုးလြတ္လပ္ေရး ရလာပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ၁၉၄၇ ပင္လံုညီလာခံ က်င္းပၿပီး ရရိွခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ တုိင္းျပည္တခု၊ ႏုိင္ငံတခု၊ တကယ္မျဖစ္ခဲ့ပါဘူး။ လူေတြမွာ မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ကိုယ္စီ ရိွေနခဲ့ပါတယ္။ တုိင္းရင္းသားလူမ်ဳိးစုေတြရဲ ႔ ေမွ်ာ္လင့္ခ်က္။ ဥပမာ ကရင္တိုင္းရင္းသားေတြရဲ ႔ ေမွ်ာ္လင့္ခ်က္ေတြ ရိွေနသလို၊ ေနာက္တခါ ႏုိင္ငံေရးသမားေတြရဲ ႔ ေမွ်ာ္လင့့္ခ်က္။ ဥပမာ ကြန္ျမဴနစ္ပါတီႏွစ္ခု ရိွခဲ့ပါတယ္။ အဲဒီတုန္းက အေျခအေနဟာ ဖယ္ဒရယ္ႏုိင္ငံတခုေတာင္ မကပါဘူး။ ၿပိဳကြဲႏုိင္တဲ့ အေျခအေန မ်ားစြာရိွေနခဲ့ပါတယ္။ တတိုင္းျပည္ တႏိုင္ငံတည္း အတူတကြ ဆိုတာမ်ဳိး မဟုတ္ဘဲ၊ ငါတို႔အားလံုးဟာ အတူတူ ျဖစ္တယ္။ တေပါင္းတစည္းတည္း ျဖစ္တယ္ဆိုတဲ့ ၿခံဳငံုယူဆခ်က္လည္း မရိွခဲ့ပါဘူး။ တျခားႏုိင္ငံေတြမွာလည္း ဘယ္သူအာဏာ ရရိွသင့္တာနဲ႔ ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈေတြ ရိွခဲ့ပါတယ္။ ဒါေပမဲ့ identity တူညီမႈ ရိွၾကပါတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာၾကေတာ့ ငါကရွမ္း၊ ငါကဗမာ၊ ငါကကရင္ စသည္ျဖင့္ ခံယူၾကၿပီး အားလံုးတေပါင္းတစည္းတည္းပဲ ငါတို႔ဟာလည္း အားလံုးထဲက အစိတ္အပိုင္းတခုတည္း ျဖစ္တယ္ဆိုတဲ့ ခံယူခ်က္ မရိွခဲ့ၾကပါဘူး။

ေမး ။ ။ ဆရာႀကီးေျပာသလို အဲဒီလို အကြဲကြဲအၿပဲၿပဲ ျဖစ္ေနခဲ့တာဟာ တစိတ္တေဒသအားျဖင့္ ၿဗိတိသွ်ကိုလိုနီ အုပ္ခ်ဳပ္ေရးစနစ္ေၾကာင့္လို႔ ေျပာရင္ မွန္ပါသလား။

ေျဖ ။ ။ တစိတ္တေဒသအားျဖင့္ မွန္ကန္ပါတယ္။ သူတုိ႔လုပ္ကိုင္ခဲ့တာ မွားယြင္းတယ္ဆိုတာ ေသခ်ာေျပာရမွာ ျဖစ္ပါတယ္။ ဒီအတြက္ သံသယ ျဖစ္စရာအေၾကာင္း မရိွပါဘူး။ သူတုိ႔ဟာ ျမန္မာကို အိႏိၵယရဲ ႔ အစိတ္အပိုင္းတခုအျဖစ္ အုပ္ခ်ဳပ္ခဲ့တယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံမွာလည္း အိႏိၵယပံုစံထဲကို သြတ္သြင္းခဲ့တယ္။ အဲဒီပံုစံဟာ ျမန္မာႏိုင္ငံနဲ႔ အမွန္တကယ္ ကိုက္ညီျခင္း မရိွပါဘူး။ ေနာက္ၿပီးေတာ့ သူတုိ႔ဟာ တုိင္းျပည္ကို အပိုင္းပိုင္း ခြဲျခားခဲ့တယ္။ ဒါကလဲ အမွန္ပါပဲ။ ျမန္မာႏုိင္ငံအတြက္ အမွန္တကယ္ လုပ္ေဆာင္သင့္တာကို မလုပ္ေဆာင္ခဲ့ပါဘူး။ သူတုိ႔ဟာ ဥေရာပကို ဆန္စပါးနဲ႔ ကုန္ၾကမ္းပစၥည္းေတြ တင္ပို႔ႏုိင္ဖို႔အတြက္ပဲ အေလးထားလုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာလည္း က်န္ ၿဗိတိသွ်ကိုလိုနီေတြဟာ ျမန္မာႏိုင္ငံေလာက္ ဆုိးဆိုးဝါးဝါး ျဖစ္တာေတြ မေတြ႔ရဘူးလို႔ဆိုရင္ မွားမယ္မဟုတ္ဘူးလို႔ ထင္ပါတယ္။ လြတ္လပ္ၿပီခါစ အက်ပ္အတည္းေတြ ေျပလည္ၿပီးေတာ့ တိုးတက္ေနတဲ့ ႏုိင္ငံေတြလည္း အမ်ားႀကီး ရိွေနပါၿပီ။ အိႏိၵယဆိုလဲ အခုထိ ဒီမုိကေရစီ ရွင္သန္ေနတယ္။ The biggest democracy in the world ဆိုၿပီးေတာ့ လက္မေထာင္ေနတဲ့ ႏုိင္ငံ ျဖစ္ေနပါၿပီ။ ကမာၻ႔အႀကီးဆံုး ဒီမိုကေရစီႏိုင္ငံ ဆိုၿပီးေတာ့။ တကယ္တမ္း ၾကည့္မယ္ဆိုရင္ အိႏိၵယႏိုင္ငံမွာ မတူကြဲျပားမႈေတြ၊ ဘာသာေရး၊ လူမႈေရး၊ စီးပြားေရးအရ အကြဲအၿပဲေတြ အမ်ားႀကီးရိွပါတယ္။ ျမန္မာႏုိင္ငံထက္ ပိုၿပီးေတာ့ေတာင္ မ်ားပါတယ္။ ျမန္မာႏိုင္ငံက ဘာေၾကာင့္ အိႏိၵယလို ေျပေျပလည္လည္ မျဖစ္လာႏိုင္ေသးတာလဲ။

ေျဖ ။ ။ အဲဒါ မွန္ပါတယ္။ သူတို႔ဆီမွာ အေထြေထြအျပားျပားေတြ ပိုမ်ားပါတယ္။ ဒါေပမဲ့ အခုအခါ အိႏိၵယ အမ်ဳိးသားေရးဝါဒီ ႀကီးထြားလာေနပါတယ္။ ဒါဟာ အမွန္တကယ္ စိုးရိမ္ဖြယ္ရာ ေကာင္းပါတယ္။ ဟိႏၵဴးလူမ်ဳိးစုေတြဟာ မူစလင္လူနည္းစုေတြနဲ႔ အျခားလူနည္းစုေတြကို စတင္ဖိႏိွပ္ခ်ဳပ္ခ်ယ္လာပါတယ္။ ဆိုေတာ့ အိႏိၵယဟာလည္း တကယ့္နမူနာေကာင္းေတာ့ မဟုတ္ပါဘူး။ သူတုိ႔မွာ ပိုေကာင္းတာကေတာ့ ေကာင္းမြန္တဲ့ေခါင္းေဆာင္မႈ တာရွည္ရိွခဲ့တာပဲ ျဖစ္ပါတယ္။ ျမန္မာမွာၾကေတာ့ ႏုိင္ငံတခုအေနနဲ႔ တည္ရိွလာခဲ့ေပမယ့္ အာဏာဆိုင္ရာ ခိုင္မာတဲ့ အေဆာက္အအံုဆိုလို႔ မရိွသေလာက္ ျဖစ္ခဲ့ပါတယ္။ လြတ္လပ္ေရးမတိုင္မီ ဘုရင္ခံအတိုင္ပင္ခံေကာင္စီဆိုတာ ရိွခဲ့ပါတယ္။ ဒါေပမဲ့ စစ္မွန္တဲ့အာဏာ မရိွခဲ့ပါဘူး။ ခိုင္မာတဲ့အေဆာက္အအံု institution ဆိုၿပီး မရိွခဲ့ပါဘူး။ ဒီေတာ့ တိုင္းျပည္ကို တေပါင္းတစည္းထဲ ထိန္းထားႏိုင္တဲ့အရာ မရိွ၊ ျဖစ္ခဲ့ပါတယ္။ အခု ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ (၂) ႏွစ္ ခ်မွတ္လိုက္တာကိုိၾကည့္ရင္လည္း Independent Judiciary လြတ္လပ္တဲ့ တရားစီရင္ေရးစနစ္ ဆိုတာလည္း မရိွပါဘူး။ ဒီလို အုပ္ခ်ဳပ္ေရးယႏၱရား လက္ေအာက္က ကင္းလြတ္တဲ့ တရားစီရင္ေရး ယႏၱရား မရိွခဲ့တာကလည္း ၁၉၆၃ ကတည္းက စတင္လာခဲ့တဲ့ အေျခအေနပါ။ အစိုးရနဲ႔ ဆန္႔က်င္ဘက္ မလုပ္ႏုိင္ခဲ့ပါဘူး။ Separation of Power အာဏာ (၃) ရပ္ကို သီးျခားခြဲထားတာ အဲဒီ ၁၉၆၃ ကတည္းကစလို႔ မရိွခဲ့ပါဘူး။ အားလံုးဟာ ထင္တိုင္းႀကဲလာခဲ့တာ၊ အာဏာရွင္ဆန္ဆန္ လုပ္လာခဲ့တာ ျဖစ္ပါတယ္။ သေဘာကြဲလြဲမႈေတြကို ၿငိမ္းခ်မ္းစြာ အေျဖရွာ ေျဖရွင္းတာ မရိွခဲ့ပါဘူး။ ေက်းရြာအဆင့္ေလာက္မွာပဲ ရိွေကာင္းရိွပါမယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္အဆင့္မွာေတာ့ မရိွပါဘူး။

ေမး ။ ။ အခု က်ေနာ္ သိခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ ဒီလိုအက်ပ္အတည္းေတြကေန ရုန္းထြက္ႏိုင္ဖို႔အတြက္ ဘယ္လိုအေျခခံ လိုအပ္ခ်က္ေတြ ရိွေနပါသလဲ။

ေျဖ ။ ။ ဒီေမးခြန္းအတြက္ အေျဖရိွထားရင္ေတာ့ က်ဳပ္တုိ႔က ဒီျပႆနာကို ေျဖရွင္းႏိုင္ၿပီးၿပီေပါ့။ အခုအခါမွာေတာ့ စစ္တပ္ဟာ ေဖာင္းဖ်က္ခဲ့ၿပီ။ အရပ္သားေတြ၊ NLD, NUG စတာေတြကလည္း သူတုိ႔ေနာက္က တံတားေတြကို ဖ်က္ဆီးခဲ့ၿပီးၿပီ။ ဒါေၾကာင့္ အေပးအယူလုပ္ၿပီး အေျဖရွာဖိုိ႔ဆိုတာ အင္မတန္၊ အင္မတန္ ခက္ခဲသြားပါၿပီ။ အခုအေျခအေနက အခက္အခဲဆံုးပါပဲ။ ဆိုေတာ့ က်ေနာ္တို႔ဟာ အခုအခါ ျပည္တြင္းစစ္တခု စတင္ေနတာကို ေတြ႔ေနရပါၿပီ။ စစ္မ်က္ႏွာေတြဖြင့္ၿပီး ရင္ဆိုင္တုိက္ခိုက္တာမ်ဳိး မဟုတ္ဘဲ၊ ေနရာအႏံွ အၾကမ္းဖက္မႈေတြ၊ သတ္ျဖတ္မႈေတြနဲ႔ ျဖစ္ေနတဲ့ ျပည္တြင္းစစ္ပါ။ စိုးရိမ္ေၾကာက္လန္႔ေနမႈေတြလည္း အမ်ားအျပားပါပဲ။ ဒါေတြဟာ တိုင္းျပည္ကို လံုးဝဥႆံု ခ်ဳပ္ခ်ယ္ဟန္႔တားမွာ ျဖစ္ပါတယ္။ ဘယ္သူကမွ ေစ့စပ္ညိွႏိႈင္းမယ့္သေဘာ က်ေနာ္ မေတြ႔မိပါဘူး။ စစ္တပ္ေခါင္းေဆာင္ပိုင္းက ေအာင္ဆန္းစုၾကည္ကို မယံုဘူး။ သူမနဲ႔ NLD ကလည္း စစ္တပ္ကို မယံုၾကည္ဘူး။ ဆိုေတာ့ ခင္မ်ား ေတြ႔ရမွာက ဗရမ္းဗတာ၊ ဖရိုဖရဲ အေျခအေနေတြပဲ ျဖစ္ပါတယ္။

ေမး ။ ။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဒီပဋိပကၡ ျဖစ္ေနတဲ့ ဘက္ႏွစ္ဘက္ကို စားပဲြဝိုင္းေပၚ ေခၚယူၿပီးေတာ့ ေစ့စပ္ခိုင္းႏုိင္မယ့္ အလားအလာေကာ ဆရာႀကီး ျမင္ပါသလား။

ေျဖ ။ ။ အဲဒီလို အျဖစ္အပ်က္မ်ဳိးကို က်ေနာ္တို႔ သိပ္ၿပီးျမင္ေတြ႔ခ်င္ပါတယ္။ ဒါေပမဲ့ အာဆီယံက အဲဒီလို မလုပ္ႏိုင္ဘူးဆိုတာ က်ေနာ္တို႔ ေတြ႔ခဲ့ရပါၿပီ။ အာဆီယံက တနည္းနည္းနဲ႔ ႀကိဳးစားေနခဲ့ေပမယ့္၊ စစ္တပ္က ျငင္းဆန္ေနခဲ့ပါတယ္။ အာဆီယံကလည္း စစ္တပ္ကို လက္မခံခဲ့ပါဘူး။ ျမန္မာျပႆနာ ေျပလည္ေရး ကုလသမဂၢရဲ ႔ အားထုတ္မႈကလည္း မေအာင္ျမင္ပါဘူး။ ကုလသမဂၢရဲ ႔ အထူးကိုယ္စားလွယ္ေတြကို ျမန္မာစစ္တပ္က မယံုၾကည္ဘူး။ ဘာညာစသျဖင့္ လုပ္တယ္။ ဆုိေတာ့ သူတုိ႔လည္း ျမန္မာႏုိင္ငံကို သြားလို႔မရဘူး။ မသြားႏုိင္ဘူး။ ဥေရာပသမဂၢ EU ကလည္း ‘No’ ပါပဲ။ ဘာမွမလုပ္ႏိုင္ဘူး။ အေမရိကန္ျပည္ေထာင္စုကိုလည္း စစ္တပ္က မယံုၾကည္ပါဘူး။ သူတုိ႔က တရုတ္ကိုေတာင္ မယံုၾကည္ပါဘူး။ ဂ်ပန္က မစၥတာဆာဆာကာဝါကေတာ့ ရခိုင္အေရးမွာ နည္းနည္းဝင္ေရာက္ ႀကိဳးစားၾကည့္ပါတယ္။ အဲဒါလဲ ခိုင္ခိုင္မာမာ မရိွပါဘူး။ ဆိုေတာ့ ဒါေတြအားလံုးအတြက္ လြယ္ကူတဲ့အေျဖ က်ေနာ္ မျမင္မိပါဘူး။

ေမး ။ ။ အခု စစ္တပ္ရဲ ႔ အာဏာသိမ္းမႈကို လံုးဝလက္မခံႏိုင္ဘူးဆိုၿပီးေတာ လက္နက္ကိုင္ တုိက္ေနတဲ့လူေတြ။ အထူးသျဖင့္ လူငယ္ေတြ၊ ဒီမ်ဳိးဆက္ေတြနဲ႔ ပတ္သက္ၿပီး ဆရာႀကီးက ဘယ္လိုသံုးသပ္လိုပါသလဲ။ လႊမ္းၿခံဳသံုးသပ္ေပးပါ။

ေျဖ ။ ။ မ်ဳိးဆက္သစ္ေတြဟာ ေမွ်ာ္လင့္ခ်က္ပါပဲ။ ဘာေၾကာင့္လဲဆိုရင္ သူတုိ႔ဟာ ကမာၻတဝွမ္းက အယူအဆ၊ အျမင္သေဘာထားေတြ၊ တရားမွ်တမႈေတြ၊ ရပိုင္ခြင့္ေတြ၊ အခြင့္အေရးေတြကို ဖတ္ရွဳရယူႏုိင္ၾကပါတယ္။ ဘာေတြလုိအပ္ေနတယ္ဆိုတာကို သူတုိ႔ နားလည္သေဘာေပါက္ၾကပါတယ္။ သူတုို႔ရဲ ႔ လိုအပ္ခ်က္ေတြကို သူတုိ႔ အခုလက္ရိွမွာေတာ့ လုပ္ႏိုင္တဲ့ အေျခအေန ရိွႏိုင္မွ ရိွပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ဟာ အနာဂတ္ပါပဲ။ အခုျဖစ္ေနတဲ့ ျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔အတြက္ သူတုိ႔ကေနတဆင့္ က်ေနာ္တို႔ နည္းလမ္းရွာၾကရမွာ ျဖစ္ပါတယ္။ သူတိုိ႔ရွဳေထာင့္ကၾကည့္ၿပီး ေျဖရွင္းရပါလိမ့္မယ္။ ဒါဟာ ေလာေလာဆယ္ ျဖစ္လာမယ့္လိုေတာ့ မထင္ပါဘူး။ က်ေနာ္ အသက္ရွင္ေနစဥ္ ျမင္ရမွာေတာင္ မဟုတ္ေတာ့ဘူးဆိုတာေတာ့ ေသခ်ာပါတယ္။ က်ေနာ့္အေနနဲ႔ေတာ့ ဆႏၵျပဳ ဆုေတာင္းရံုပဲ လုပ္ခဲ့ပါမယ္။ ျမန္မာ့လူ႔အသိုင္းအဝိုင္းထဲက လူထုအားကိုးေလာက္တဲ့ ပုဂၢိဳလ္တပါးပါး၊ တေယာက္ေယာက္ ေပၚထြက္လာၿပီး ဒီလိုအင္မတန္႔အင္မတန္ ျပင္းထန္ႀကီးမားတဲ့ သေဘာထားကြဲလြဲမႈကို ေစ့စပ္ညိွႏိိႈင္းေပးႏုိင္ပါေစလို႔ပဲ ဆႏၵျပဳခဲ့ခ်င္ပါတယ္။


== Unicode ==

မြန်မာနိုင်ငံမှာ အခြေခံအားဖြင့် ပြည်တွင်းစစ်ဖြစ်နေခဲ့ပြီး၊ အခုအကျပ်အတည်းဟာ လွတ်လပ်ရေးပြီးချိန်ကစလို့ ဆက်တိုက်ဖြစ်လာခဲ့တဲ့ အကျပ်အတည်းတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ဟာ မျိုးဆက်သစ်လူငယ်တွေပဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ သူတို့ ဖော်ဆောင်လာမယ့် အပြောင်းအလဲကို သူအသက်ထင်ရှားရှိနေတုန်း မြင်တွေ့ရတော့မှာ မဟုတ်ဘူးလို့ အသက် (၉၂) နှစ် ရှိပြီဖြစ်တဲ့ ပါမောက္ခကြီးက ပြောပါတယ်။ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

မေး ။ ။ ဆရာကြီးက မြန်မာနိုင်ငံအကြောင်းကို လေ့လာသုတေသနပြုခဲ့တာ၊ စောင့်ကြည့်ခဲ့တာ ရာစုဝက်ကို ကျော်ခဲ့ပါပြီ။ ဆရာကြီးလေ့လာခဲ့တဲ့ သမိုင်းတလျှောက်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ အခုလောလောဆယ် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။

ဖြေ ။ ။ ဒါတွေဟာ တဆက်တည်းဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးချိန်ကတည်းက အကျပ်အတည်းတွေက တခုမဟုတ်တခု ရှိလာခဲ့တာပါ။ လူနည်းစုတွေနဲ့ ကွန်မြူနစ်တွေရဲ့ ပုန်ကန်မှုတွေ၊ စစ်အာဏာရှင်စနစ်တွေ၊ လူမှုအသိုင်းအဝိုင်း ပြိုကွဲရတာတွေ ဒါတွေဟာ တောက်လျှောက်ဖြစ်လာခဲ့ရတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေပါ။ ဒါတွေက အထူးဝမ်းနည်းစရာ ကောင်းပါတယ်။ တကယ်တော့ ပြည်သူတွေဟာ တိုင်းပြည်အတွက် လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အလားအလာ အများကြီးရှိပါတယ်။ အခုတော့ အဲဒီအလားအလာ၊ စွမ်းရည်တွေကို လုပ်ကိုင်ပြသခွင့် မရကြပါဘူး။

မေး ။ ။ ဆိုတော့ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကျပ်အတည်းတွေဟာ အခုဖြစ်နေတဲ့ အကျပ်အတည်းတွေထက် ပိုပြီးတော့ ဆိုးဝါးခဲ့တယ်လို့ ဆရာကြီး ပြောလိုတာလား။ သို့တည်းမဟုတ် အခုဟာက ပိုပြီးတော့ ဆိုးရွားပါသလား။

ဖြေ ။ ။ အခုဖြစ်နေတဲ့ အကျပ်အတည်းက ဆိုးပါတယ်။ ၁၉၈၈ မှာလည်း အဲဒီခေတ်က ကြောက်မက်ဖွယ် ကောင်းပါတယ်။ ၁၉၆၂ တုန်းက ဒီလောက် မဆိုးဝါးခဲ့ပါဘူး။ သေဆုံးရသူ တစ်ယောက်ပဲ ရှိခဲ့တာပါ။ ၁၉၈၈ တုန်းက ဘယ်လောက်သေတယ်ဆိုတာ အတိအကျ မသိခဲ့ရပေမယ့်၊ နောက်ပိုင်းသိရတာက သုံးထောင်ကျော် ဖြစ်ပါတယ်။ အဲဒါကပဲ အတော်ဆိုးရွား ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ပါ။ အဲဒါဟာ မအောင်မြင်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေးတရပ် Failed Revolution ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ အခြေခံအားဖြင့် ပြည်တွင်းစစ် ဖြစ်နေပါပြီ။ ဒီပဋိပက္ခဟာ ရေရှည်ဆက်လက် ဖြစ်သွားမယ့် အခြေအနေ ရှိနေပါတယ်။ အဲဒီအချက်ကြောင့် အခုလက်ရှိ အကျပ်အတည်းဟာ အဆိုးရွားဆုံး အကျပ်အတည်း ဖြစ်နိုင်ပါတယ်။

မေး ။ ။ ကျန်နိုင်ငံတချို့မှာလည်း လွတ်လပ်ရေးရပြီးကစမှာ ဒီလိုအကျပ်အတည်းတွေ အနည်းနဲ့အများဆိုသလို ရှိခဲ့တဲ့ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လဲ သူတို့နောက်ပိုင်းမှာလည်း တဖြည်းဖြည်း အတော်အသင့် ရရှိသွားကြတယ်လို့ ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာကြတော့ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး၊ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်နေရတဲ့အဆင့် ဖြစ်နေပါပြီ။

ဖြေ ။ ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က တိုင်းပြည်မဟုတ်ပါဘူး။ ဥပဒေအရ တည်ရှိနေတဲ့ နိုင်ငံတော်တခုတော့ ဟုတ်ပါတယ်။ ဒီဒေသကို ဗြိတိသျှတို့က ၁၉၃၇ အထိ ကာလကြာရှည် အိန္ဒိယနဲ့ တွဲထားခဲ့ပါတယ်။ နောက်ဆုံးလွတ်လပ်ရေး ရလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၁၉၄၇ ပင်လုံညီလာခံ ကျင်းပပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်တခု၊ နိုင်ငံတခု၊ တကယ်မဖြစ်ခဲ့ပါဘူး။ လူတွေမှာ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကိုယ်စီ ရှိနေခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ မျှော်လင့်ချက်။ ဥပမာ ကရင်တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်တွေ ရှိနေသလို၊ နောက်တခါ နိုင်ငံရေးသမားတွေရဲ့ မျှော်လင့်ချက်။ ဥပမာ ကွန်မြူနစ်ပါတီနှစ်ခု ရှိခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေဟာ ဖယ်ဒရယ်နိုင်ငံတခုတောင် မကပါဘူး။ ပြိုကွဲနိုင်တဲ့ အခြေအနေ များစွာရှိနေခဲ့ပါတယ်။ တတိုင်းပြည် တနိုင်ငံတည်း အတူတကွ ဆိုတာမျိုး မဟုတ်ဘဲ၊ ငါတို့အားလုံးဟာ အတူတူ ဖြစ်တယ်။ တပေါင်းတစည်းတည်း ဖြစ်တယ်ဆိုတဲ့ ခြုံငုံယူဆချက်လည်း မရှိခဲ့ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဘယ်သူအာဏာ ရရှိသင့်တာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ identity တူညီမှု ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာကြတော့ ငါကရှမ်း၊ ငါကဗမာ၊ ငါကကရင် စသည်ဖြင့် ခံယူကြပြီး အားလုံးတပေါင်းတစည်းတည်းပဲ ငါတို့ဟာလည်း အားလုံးထဲက အစိတ်အပိုင်းတခုတည်း ဖြစ်တယ်ဆိုတဲ့ ခံယူချက် မရှိခဲ့ကြပါဘူး။

မေး ။ ။ ဆရာကြီးပြောသလို အဲဒီလို အကွဲကွဲအပြဲပြဲ ဖြစ်နေခဲ့တာဟာ တစိတ်တဒေသအားဖြင့် ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးစနစ်ကြောင့်လို့ ပြောရင် မှန်ပါသလား။

ဖြေ ။ ။ တစိတ်တဒေသအားဖြင့် မှန်ကန်ပါတယ်။ သူတို့လုပ်ကိုင်ခဲ့တာ မှားယွင်းတယ်ဆိုတာ သေချာပြောရမှာ ဖြစ်ပါတယ်။ ဒီအတွက် သံသယ ဖြစ်စရာအကြောင်း မရှိပါဘူး။ သူတို့ဟာ မြန်မာကို အိန္ဒိယရဲ့ အစိတ်အပိုင်းတခုအဖြစ် အုပ်ချုပ်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာလည်း အိန္ဒိယပုံစံထဲကို သွတ်သွင်းခဲ့တယ်။ အဲဒီပုံစံဟာ မြန်မာနိုင်ငံနဲ့ အမှန်တကယ် ကိုက်ညီခြင်း မရှိပါဘူး။ နောက်ပြီးတော့ သူတို့ဟာ တိုင်းပြည်ကို အပိုင်းပိုင်း ခွဲခြားခဲ့တယ်။ ဒါကလဲ အမှန်ပါပဲ။ မြန်မာနိုင်ငံအတွက် အမှန်တကယ် လုပ်ဆောင်သင့်တာကို မလုပ်ဆောင်ခဲ့ပါဘူး။ သူတို့ဟာ ဥရောပကို ဆန်စပါးနဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်ပို့နိုင်ဖို့အတွက်ပဲ အလေးထားလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာလည်း ကျန် ဗြိတိသျှကိုလိုနီတွေဟာ မြန်မာနိုင်ငံလောက် ဆိုးဆိုးဝါးဝါး ဖြစ်တာတွေ မတွေ့ရဘူးလို့ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ လွတ်လပ်ပြီခါစ အကျပ်အတည်းတွေ ပြေလည်ပြီးတော့ တိုးတက်နေတဲ့ နိုင်ငံတွေလည်း အများကြီး ရှိနေပါပြီ။ အိန္ဒိယဆိုလဲ အခုထိ ဒီမိုကရေစီ ရှင်သန်နေတယ်။ The biggest democracy in the world ဆိုပြီးတော့ လက်မထောင်နေတဲ့ နိုင်ငံ ဖြစ်နေပါပြီ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့။ တကယ်တမ်း ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ မတူကွဲပြားမှုတွေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအရ အကွဲအပြဲတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံထက် ပိုပြီးတော့တောင် များပါတယ်။ မြန်မာနိုင်ငံက ဘာကြောင့် အိန္ဒိယလို ပြေပြေလည်လည် မဖြစ်လာနိုင်သေးတာလဲ။

ဖြေ ။ ။ အဲဒါ မှန်ပါတယ်။ သူတို့ဆီမှာ အထွေထွေအပြားပြားတွေ ပိုများပါတယ်။ ဒါပေမဲ့ အခုအခါ အိန္ဒိယ အမျိုးသားရေးဝါဒီ ကြီးထွားလာနေပါတယ်။ ဒါဟာ အမှန်တကယ် စိုးရိမ်ဖွယ်ရာ ကောင်းပါတယ်။ ဟိန္ဒူးလူမျိုးစုတွေဟာ မူစလင်လူနည်းစုတွေနဲ့ အခြားလူနည်းစုတွေကို စတင်ဖိနှိပ်ချုပ်ချယ်လာပါတယ်။ ဆိုတော့ အိန္ဒိယဟာလည်း တကယ့်နမူနာကောင်းတော့ မဟုတ်ပါဘူး။ သူတို့မှာ ပိုကောင်းတာကတော့ ကောင်းမွန်တဲ့ခေါင်းဆောင်မှု တာရှည်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာမှာကြတော့ နိုင်ငံတခုအနေနဲ့ တည်ရှိလာခဲ့ပေမယ့် အာဏာဆိုင်ရာ ခိုင်မာတဲ့ အဆောက်အအုံဆိုလို့ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးမတိုင်မီ ဘုရင်ခံအတိုင်ပင်ခံကောင်စီဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အာဏာ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့အဆောက်အအုံ institution ဆိုပြီး မရှိခဲ့ပါဘူး။ ဒီတော့ တိုင်းပြည်ကို တပေါင်းတစည်းထဲ ထိန်းထားနိုင်တဲ့အရာ မရှိ၊ ဖြစ်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်တာကိုကြည့်ရင်လည်း Independent Judiciary လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဆိုတာလည်း မရှိပါဘူး။ ဒီလို အုပ်ချုပ်ရေးယန္တရား လက်အောက်က ကင်းလွတ်တဲ့ တရားစီရင်ရေး ယန္တရား မရှိခဲ့တာကလည်း ၁၉၆၃ ကတည်းက စတင်လာခဲ့တဲ့ အခြေအနေပါ။ အစိုးရနဲ့ ဆန့်ကျင်ဘက် မလုပ်နိုင်ခဲ့ပါဘူး။ Separation of Power အာဏာ (၃) ရပ်ကို သီးခြားခွဲထားတာ အဲဒီ ၁၉၆၃ ကတည်းကစလို့ မရှိခဲ့ပါဘူး။ အားလုံးဟာ ထင်တိုင်းကြဲလာခဲ့တာ၊ အာဏာရှင်ဆန်ဆန် လုပ်လာခဲ့တာ ဖြစ်ပါတယ်။ သဘောကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာ ဖြေရှင်းတာ မရှိခဲ့ပါဘူး။ ကျေးရွာအဆင့်လောက်မှာပဲ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်မှာတော့ မရှိပါဘူး။

မေး ။ ။ အခု ကျနော် သိချင်တာကတော့ မြန်မာနိုင်ငံမှာ ဒီလိုအကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် ဘယ်လိုအခြေခံ လိုအပ်ချက်တွေ ရှိနေပါသလဲ။

ဖြေ ။ ။ ဒီမေးခွန်းအတွက် အဖြေရှိထားရင်တော့ ကျုပ်တို့က ဒီပြဿနာကို ဖြေရှင်းနိုင်ပြီးပြီပေါ့။ အခုအခါမှာတော့ စစ်တပ်ဟာ ဖောင်းဖျက်ခဲ့ပြီ။ အရပ်သားတွေ၊ NLD, NUG စတာတွေကလည်း သူတို့နောက်က တံတားတွေကို ဖျက်ဆီးခဲ့ပြီးပြီ။ ဒါကြောင့် အပေးအယူလုပ်ပြီး အဖြေရှာဖို့ဆိုတာ အင်မတန်၊ အင်မတန် ခက်ခဲသွားပါပြီ။ အခုအခြေအနေက အခက်အခဲဆုံးပါပဲ။ ဆိုတော့ ကျနော်တို့ဟာ အခုအခါ ပြည်တွင်းစစ်တခု စတင်နေတာကို တွေ့နေရပါပြီ။ စစ်မျက်နှာတွေဖွင့်ပြီး ရင်ဆိုင်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ၊ နေရာအနံှ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပါ။ စိုးရိမ်ကြောက်လန့်နေမှုတွေလည်း အများအပြားပါပဲ။ ဒါတွေဟာ တိုင်းပြည်ကို လုံးဝဥဿုံ ချုပ်ချယ်ဟန့်တားမှာ ဖြစ်ပါတယ်။ ဘယ်သူကမှ စေ့စပ်ညှိနှိုင်းမယ့်သဘော ကျနော် မတွေ့မိပါဘူး။ စစ်တပ်ခေါင်းဆောင်ပိုင်းက အောင်ဆန်းစုကြည်ကို မယုံဘူး။ သူမနဲ့ NLD ကလည်း စစ်တပ်ကို မယုံကြည်ဘူး။ ဆိုတော့ ခင်များ တွေ့ရမှာက ဗရမ်းဗတာ၊ ဖရိုဖရဲ အခြေအနေတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီပဋိပက္ခ ဖြစ်နေတဲ့ ဘက်နှစ်ဘက်ကို စားပွဲဝိုင်းပေါ် ခေါ်ယူပြီးတော့ စေ့စပ်ခိုင်းနိုင်မယ့် အလားအလာကော ဆရာကြီး မြင်ပါသလား။

ဖြေ ။ ။ အဲဒီလို အဖြစ်အပျက်မျိုးကို ကျနော်တို့ သိပ်ပြီးမြင်တွေ့ချင်ပါတယ်။ ဒါပေမဲ့ အာဆီယံက အဲဒီလို မလုပ်နိုင်ဘူးဆိုတာ ကျနော်တို့ တွေ့ခဲ့ရပါပြီ။ အာဆီယံက တနည်းနည်းနဲ့ ကြိုးစားနေခဲ့ပေမယ့်၊ စစ်တပ်က ငြင်းဆန်နေခဲ့ပါတယ်။ အာဆီယံကလည်း စစ်တပ်ကို လက်မခံခဲ့ပါဘူး။ မြန်မာပြဿနာ ပြေလည်ရေး ကုလသမဂ္ဂရဲ့ အားထုတ်မှုကလည်း မအောင်မြင်ပါဘူး။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေကို မြန်မာစစ်တပ်က မယုံကြည်ဘူး။ ဘာညာစသဖြင့် လုပ်တယ်။ ဆိုတော့ သူတို့လည်း မြန်မာနိုင်ငံကို သွားလို့မရဘူး။ မသွားနိုင်ဘူး။ ဥရောပသမဂ္ဂ EU ကလည်း ‘No’ ပါပဲ။ ဘာမှမလုပ်နိုင်ဘူး။ အမေရိကန်ပြည်ထောင်စုကိုလည်း စစ်တပ်က မယုံကြည်ပါဘူး။ သူတို့က တရုတ်ကိုတောင် မယုံကြည်ပါဘူး။ ဂျပန်က မစ္စတာဆာဆာကာဝါကတော့ ရခိုင်အရေးမှာ နည်းနည်းဝင်ရောက် ကြိုးစားကြည့်ပါတယ်။ အဲဒါလဲ ခိုင်ခိုင်မာမာ မရှိပါဘူး။ ဆိုတော့ ဒါတွေအားလုံးအတွက် လွယ်ကူတဲ့အဖြေ ကျနော် မမြင်မိပါဘူး။

မေး ။ ။ အခု စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်ဘူးဆိုပြီးတော လက်နက်ကိုင် တိုက်နေတဲ့လူတွေ။ အထူးသဖြင့် လူငယ်တွေ၊ ဒီမျိုးဆက်တွေနဲ့ ပတ်သက်ပြီး ဆရာကြီးက ဘယ်လိုသုံးသပ်လိုပါသလဲ။ လွှမ်းခြုံသုံးသပ်ပေးပါ။

ဖြေ ။ ။ မျိုးဆက်သစ်တွေဟာ မျှော်လင့်ချက်ပါပဲ။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကမ္ဘာတဝှမ်းက အယူအဆ၊ အမြင်သဘောထားတွေ၊ တရားမျှတမှုတွေ၊ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ဖတ်ရှုရယူနိုင်ကြပါတယ်။ ဘာတွေလိုအပ်နေတယ်ဆိုတာကို သူတို့ နားလည်သဘောပေါက်ကြပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို သူတို့ အခုလက်ရှိမှာတော့ လုပ်နိုင်တဲ့ အခြေအနေ ရှိနိုင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ အနာဂတ်ပါပဲ။ အခုဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကနေတဆင့် ကျနော်တို့ နည်းလမ်းရှာကြရမှာ ဖြစ်ပါတယ်။ သူတို့ရှုထောင့်ကကြည့်ပြီး ဖြေရှင်းရပါလိမ့်မယ်။ ဒါဟာ လောလောဆယ် ဖြစ်လာမယ့်လိုတော့ မထင်ပါဘူး။ ကျနော် အသက်ရှင်နေစဉ် မြင်ရမှာတောင် မဟုတ်တော့ဘူးဆိုတာတော့ သေချာပါတယ်။ ကျနော့်အနေနဲ့တော့ ဆန္ဒပြု ဆုတောင်းရုံပဲ လုပ်ခဲ့ပါမယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းထဲက လူထုအားကိုးလောက်တဲ့ ပုဂ္ဂိုလ်တပါးပါး၊ တယောက်ယောက် ပေါ်ထွက်လာပြီး ဒီလိုအင်မတန့်အင်မတန် ပြင်းထန်ကြီးမားတဲ့ သဘောထားကွဲလွဲမှုကို စေ့စပ်ညှိနှိုင်းပေးနိုင်ပါစေလို့ပဲ ဆန္ဒပြုခဲ့ချင်ပါတယ်။

XS
SM
MD
LG