သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္းတိုင္းရင္းသားမ်ားနဲ႔ ႏိုင္ငံေရး


Clad in ethnic Chin and Myanmar traditional attire, newly-elected members of parliament from Myanmar opposition leader Aung San Suu Kyi's National League for Democracy party gather as they visit Lower House of parliament Wednesday, Jan. 27, 2016, in Naypyitaw, Myanmar. The second

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ ခ်င္းအမ်ဳိးသားတပ္ဦးရဲ ႔ ခုခံေရးစစ္ပြဲေတြမွာ စစ္ေကာင္စီဘက္က အက်အဆံုးမ်ားတဲ့သတင္း မၾကာခဏ ၾကားရပါတယ္။ ခ်င္းတပ္ေတြဟာ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရိွေရး၊ ဒီမိုကေရစီအေရးနဲ႔ ဖယ္ဒရယ္အေရးအတြက္ ေဆာင္ရြက္မယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္မို႔ ႏုိင္ငံေရးမွာ သာမန္ခ်င္းျပည္သူေတြ ဘယ္ေလာက္စိတ္ပါသလဲဆိုတာကို ေလ့လာဆန္းစစ္ဖို႔ လိုပါတယ္။ တိုက္ဆိုင္ခ်င္ေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္ ဟားခါးၿမိဳ ႔ေတာ္အေျခစိုက္ Chinbridge သုေတသနဌာနက ၂၀၁၉ မွာ အစီရင္ခံစာ ထုတ္ပါတယ္။ ခ်င္းျပည္နယ္ႏိုင္ငံေရးကို ေလ့လာထားတာ ျဖစ္ပါတယ္။

ျပည္သူ႔ကိုယ္စားလွယ္ကတဆင့္ ႏိုင္ငံေရးမွာ ပါဝင္လာရတယ္ဆိုတာကို သေဘာေပါက္ရဲ ႔လား။ ေရြးေကာက္တင္ေျမွာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကို ဘယ္လိုသေဘာထားသလဲ စတာေတြကို သိႏိုင္ဖုိ႔အတြက္ ခ်င္းျပည္နယ္မွာ (၅) လ ကြင္းဆင္းသုေတသန လုပ္ပါတယ္။ ခ်င္းျပည္နယ္မွာ ၿမိဳ ႔နယ္ (၉) ၿမိဳ ႔နယ္ရိွၿပီး ၿမိဳ ႔နယ္ (၁) ၿမိဳ ႔နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ (၂) ဦးစီ ေရြးေကာက္တာမို႔ ေရြးေကာက္ခံကိုယ္စားလွယ္ (၁၂) ဦးနဲ႔ စစ္တပ္ကိုယ္စားလွယ္ (၆) ဦး စုစုေပါင္း (၁၈) ဦး ရိွပါတယ္။ ခ်င္းျပည္နယ္လႊတ္ေတာ္မွာ ေကာ္မတီ (၈) ခု ရိွေပမယ့္ ျပည္သူ႔ဆက္ဆံေရးကိစၥနဲ႔ မသက္ဆိုင္တာ ေတြ႔ရပါတယ္။

(၅) လ သုေတသနစစ္တမ္းလုပ္ၿပီး သံုးသပ္တဲ့အခါ ခ်င္းတုိင္းရင္းသားအမ်ားစုဟာ ႏိုင္ငံေရးကို သိပ္ၿပီးေတာ့ စိတ္ဝင္စားတာ မဟုတ္ေၾကာင္း သိရပါတယ္။ ေမးျမန္းစံုစမ္းတဲ့ ခ်င္းလူဦးေရတေထာင္ေက်ာ္ (၁၀၁၄) မွာ ႏုိင္ငံေရးကို အလြန္စိတ္ဝင္စားသူ (၁၄) ရာခိုင္ႏႈန္းသာရိွၿပီး လံုးဝစိတ္မဝင္စားသူက (၃) ရာခိုင္ႏႈန္း ရိွပါတယ္။ ႏိုင္ငံေရးမွာ အသင့္အတင့္ စိတ္ဝင္စားသူဦးေရက (၃၃) ရာခိုင္ႏႈန္း ရိွပါတယ္။ ဒါေပမဲ့ မိမိရဲ ႔ လႊတ္ေတာ္ကိုယ္စားလွယ္အမည္ကို မွန္မွန္ကန္ကန္ ေျပာႏိုင္သူက (၂၆) ရာခိုင္ႏႈန္းသာ ရိွပါတယ္။ ခ်င္းတုိင္းရင္းသားအမ်ားစုဟာ မဲဆႏၵေပးတာကိုသာ ႏုိင္ငံေရးလုပ္တာလို႔ ယူဆၾကပါတယ္။ ႏုိင္ငံေရးလႈပ္ရွားမႈေတြမွာေတာ့ စိတ္ဝင္စားမႈနည္းတယ္လို႔ ေဖာ္ျပထားပါတယ္။ ဥပမာ ရပ္ရြာအေရးကိစၥနဲ႔ ပတ္သက္တဲ့ လူထုအစည္းအေဝးတက္တဲ့လူက (၃၂) ရာခိုင္ႏႈန္းသာ ရိွပါတယ္။ တိုင္းျပည္အေရးမွာ အလွဴေငြထည့္ဝင္ ေထာက္ခံသူက (၅) ရာခိုင္ႏႈန္းသာရိွၿပီး၊ အင္တာနက္မွာ ပါဝင္ေဆြးေႏြးသူ (၆) ရာခိုင္ႏႈန္းသာ ရိွပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ မဲဆႏၵရွင္ ေတြ႔ဆံုတဲ့ဓေလ့ဟာ ခ်င္းျပည္နယ္မွာ အလြန္ရွားပါတယ္။ ေရြးေကာက္ပြဲ က်င္းပခ်ိန္မွာသာ ေတြ႔ၾကၿပီး ေရြးေကာက္ပြဲၿပီးတာနဲ႔ မေတြ႔ၾကေတာ့ဘူးလို႔ သိရပါတယ္။ လႊတ္ေတာ္အမတ္တဦးဆိုရင္ ေရြးေကာက္တင္ေျမွာက္ခံရၿပီးတဲ့ေနာက္ သူ႔မဲဆႏၵနယ္ကို တခါမွ မသြားဘူးလို႔ ဆိုပါတယ္။ က်န္းမာေရးမေကာင္းလို႔ မသြားျဖစ္တာလို႔ ဆင္ေျခေပးတတ္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုခ်င္တဲ့ မဲဆႏၵရွင္ေတြ ရိွသလို၊ မဲဆႏၵရွင္နဲ႔ မၾကာခဏ ေတြ႔ခ်င္တဲ့ လႊတ္ေတာ္အမတ္ေတြလည္း ရိွပါတယ္။ လႊတ္ေတာ္မွာ ဘာေတြလုပ္ကိုင္ေနတယ္ဆိုတာကို မဲဆႏၵရွင္ကို အေၾကာင္းၾကားဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္မွာ တာဝန္ရိွတယ္လို႔ ျမင္ၾကတာမ်ားပါတယ္။

လြတ္ေတာ္ကိုယ္စားလွယ္နဲ႔ မဲဆႏၵရွင္ ဆက္ဆံေရးေကာင္းဖို႔ကိစၥမွာ သြားေရးလာေရး အေျခခံအေဆာက္အအံု ေကာင္းဖို႔လိုပါတယ္။ ကားလမ္းေတြ ေကာင္းမြန္ဖို႔နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ရံုးမွာ အမႈထမ္းအလံုအေလာက္ရိွဖို႔ကလည္း အေရးႀကီးပါတယ္။ မဲဆႏၵရွင္ေရးရာအတြက္ ခ်င္းျပည္နယ္လႊတ္ေတာ္မွာ ေမာ္ေတာ္ကား (၂) စီးသာ ရိွပါတယ္။ ျပည္နယ္ေျမာက္ပိုင္းအတြက္ (၁) စီး၊ ေတာင္ပိုင္းအတြက္ (၁) စီး ျဖစ္ပါတယ္။ ျပည္နယ္လႊတ္ေတာ္အေနနဲ႔ Website ေကာင္းေကာင္းဖြင့္ထားၿပီး၊ လူမႈကြန္ရက္ကေန မဲဆႏၵရွင္ေတြနဲ႔ ဆက္သြယ္ႏိုင္တယ္လို႔ Chinbridge သုေတသနဌာနက ဆိုပါတယ္။ ျပည္သူ႔ဆႏၵနဲ႔ ျပည္သူ႔လိုအပ္ခ်က္ေတြကို ေရာင္ျပန္မဟပ္ႏိုင္တဲ့ ကိုယ္စားလွယ္စနစ္ကို အျခားကိုယ္စားလွယ္စနစ္နဲ႔ အစားထိုးဖို႔ လိုလားၾကတယ္လို႔လည္း Chinbridge အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကြင္းဆင္းေလ့လာတဲ့ အခ်က္အလက္ေတြကိုိၾကည့္ရင္ ျပည္သူလူထုနဲ႔ ထိေတြ႔မႈနည္းတဲ့ ကိုယ္စားလွယ္စနစ္ကို ခ်င္းတိုင္းရင္းသားအမ်ားစုက မလိုလားေၾကာင္း သိရပါတယ္။ ဒီမိုကေရစီဆိုတာဟာ ျပည္သူကျပည္သူအတြက္ တင္ေျမွာက္ထားတဲ့ အစိုးရျဖစ္လို႔ မဲဆႏၵရွင္ေတြရဲ ႔ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္မယ့္ ႏိုင္ငံေရးစနစ္ကို ေျပာင္းလဲက်င့္သံုးရမယ္လို႔ ဆိုပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ကို အယံုအၾကည္မရိွတဲ့ မဲဆႏၵရွင္ေတြလည္း ရိွပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ဝန္ႀကီးေတြဟာ ကိုယ္က်ဳိးစီးပြားကိုသာ အဓိကထားၾကၿပီး ျပည္သူ႔အေရးကို စိတ္မဝင္စားဘူးလို႔ ျမင္သူေတြလည္း ရိွပါတယ္။

ျပည္သူ႔အက်ဳိးသယ္ပိုးရင္း ကိုယ္က်ဳိးမရွာတဲ့ ကိုယ္စားလွယ္ကို မဲဆႏၵေပးႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒါေပမဲ (၂၀၁၈) က ဟားခါးၿမိဳ ႔မွာ ေတြ႔ဆံုေမးျမန္းတဲ့အခါ ခ်င္းျပည္နယ္တခြင္မွာ အဂတိလိုက္စားမႈေတြ ရိွေနၿပီး၊ ျပည္နယ္အစိုးရလည္း ဘာမွမတတ္ႏုိင္ဘူးလို႔ ဆိုပါတယ္။ ဟားခါးေဒသခံေတြကို ေတြ႔ဆံုေမးျမန္းတဲ့အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ အဆင့္ျမင့္အရာထမ္းအမ်ားစုဟာ အဂတိလိုက္စားၾကတယ္လို႔ ျမင္ၾကပါတယ္။ ျပည္သူလူထုက ႏိုင္ငံေရးမွာ စိတ္ဝင္စားမႈ နည္းပါးေလေလ၊ ႏိုင္ငံေရးသမားေတြအဖို႔ အဂတိလိုက္စားလို႔ေကာင္းေလေလ ျဖစ္ေနပံုရပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ချင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ခုခံရေးစစ်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတဲ့သတင်း မကြာခဏ ကြားရပါတယ်။ ချင်းတပ်တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီအရေးနဲ့ ဖယ်ဒရယ်အရေးအတွက် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးမှာ သာမန်ချင်းပြည်သူတွေ ဘယ်လောက်စိတ်ပါသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ တိုက်ဆိုင်ချင်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ဟားခါးမြို့တော်အခြေစိုက် Chinbridge သုတေသနဌာနက ၂၀၁၉ မှာ အစီရင်ခံစာ ထုတ်ပါတယ်။ ချင်းပြည်နယ်နိုင်ငံရေးကို လေ့လာထားတာ ဖြစ်ပါတယ်။

ပြည်သူ့ကိုယ်စားလှယ်ကတဆင့် နိုင်ငံရေးမှာ ပါဝင်လာရတယ်ဆိုတာကို သဘောပေါက်ရဲ့လား။ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုသဘောထားသလဲ စတာတွေကို သိနိုင်ဖို့အတွက် ချင်းပြည်နယ်မှာ (၅) လ ကွင်းဆင်းသုတေသန လုပ်ပါတယ်။ ချင်းပြည်နယ်မှာ မြို့နယ် (၉) မြို့နယ်ရှိပြီး မြို့နယ် (၁) မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် (၂) ဦးစီ ရွေးကောက်တာမို့ ရွေးကောက်ခံကိုယ်စားလှယ် (၁၂) ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် (၆) ဦး စုစုပေါင်း (၁၈) ဦး ရှိပါတယ်။ ချင်းပြည်နယ်လွှတ်တော်မှာ ကော်မတီ (၈) ခု ရှိပေမယ့် ပြည်သူ့ဆက်ဆံရေးကိစ္စနဲ့ မသက်ဆိုင်တာ တွေ့ရပါတယ်။

(၅) လ သုတေသနစစ်တမ်းလုပ်ပြီး သုံးသပ်တဲ့အခါ ချင်းတိုင်းရင်းသားအများစုဟာ နိုင်ငံရေးကို သိပ်ပြီးတော့ စိတ်ဝင်စားတာ မဟုတ်ကြောင်း သိရပါတယ်။ မေးမြန်းစုံစမ်းတဲ့ ချင်းလူဦးရေတထောင်ကျော် (၁၀၁၄) မှာ နိုင်ငံရေးကို အလွန်စိတ်ဝင်စားသူ (၁၄) ရာခိုင်နှုန်းသာရှိပြီး လုံးဝစိတ်မဝင်စားသူက (၃) ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံရေးမှာ အသင့်အတင့် စိတ်ဝင်စားသူဦးရေက (၃၃) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ မိမိရဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်ကို မှန်မှန်ကန်ကန် ပြောနိုင်သူက (၂၆) ရာခိုင်နှုန်းသာ ရှိပါတယ်။ ချင်းတိုင်းရင်းသားအများစုဟာ မဲဆန္ဒပေးတာကိုသာ နိုင်ငံရေးလုပ်တာလို့ ယူဆကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာတော့ စိတ်ဝင်စားမှုနည်းတယ်လို့ ဖော်ပြထားပါတယ်။ ဥပမာ ရပ်ရွာအရေးကိစ္စနဲ့ ပတ်သက်တဲ့ လူထုအစည်းအဝေးတက်တဲ့လူက (၃၂) ရာခိုင်နှုန်းသာ ရှိပါတယ်။ တိုင်းပြည်အရေးမှာ အလှူငွေထည့်ဝင် ထောက်ခံသူက (၅) ရာခိုင်နှုန်းသာရှိပြီး၊ အင်တာနက်မှာ ပါဝင်ဆွေးနွေးသူ (၆) ရာခိုင်နှုန်းသာ ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင် တွေ့ဆုံတဲ့ဓလေ့ဟာ ချင်းပြည်နယ်မှာ အလွန်ရှားပါတယ်။ ရွေးကောက်ပွဲ ကျင်းပချိန်မှာသာ တွေ့ကြပြီး ရွေးကောက်ပွဲပြီးတာနဲ့ မတွေ့ကြတော့ဘူးလို့ သိရပါတယ်။ လွှတ်တော်အမတ်တဦးဆိုရင် ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် သူ့မဲဆန္ဒနယ်ကို တခါမှ မသွားဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးမကောင်းလို့ မသွားဖြစ်တာလို့ ဆင်ခြေပေးတတ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချင်တဲ့ မဲဆန္ဒရှင်တွေ ရှိသလို၊ မဲဆန္ဒရှင်နဲ့ မကြာခဏ တွေ့ချင်တဲ့ လွှတ်တော်အမတ်တွေလည်း ရှိပါတယ်။ လွှတ်တော်မှာ ဘာတွေလုပ်ကိုင်နေတယ်ဆိုတာကို မဲဆန္ဒရှင်ကို အကြောင်းကြားဖို့ လွှတ်တော်ကိုယ်စားလှယ်မှာ တာဝန်ရှိတယ်လို့ မြင်ကြတာများပါတယ်။

လွတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင် ဆက်ဆံရေးကောင်းဖို့ကိစ္စမှာ သွားရေးလာရေး အခြေခံအဆောက်အအုံ ကောင်းဖို့လိုပါတယ်။ ကားလမ်းတွေ ကောင်းမွန်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အမှုထမ်းအလုံအလောက်ရှိဖို့ကလည်း အရေးကြီးပါတယ်။ မဲဆန္ဒရှင်ရေးရာအတွက် ချင်းပြည်နယ်လွှတ်တော်မှာ မော်တော်ကား (၂) စီးသာ ရှိပါတယ်။ ပြည်နယ်မြောက်ပိုင်းအတွက် (၁) စီး၊ တောင်ပိုင်းအတွက် (၁) စီး ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ Website ကောင်းကောင်းဖွင့်ထားပြီး၊ လူမှုကွန်ရက်ကနေ မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်နိုင်တယ်လို့ Chinbridge သုတေသနဌာနက ဆိုပါတယ်။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့လိုအပ်ချက်တွေကို ရောင်ပြန်မဟပ်နိုင်တဲ့ ကိုယ်စားလှယ်စနစ်ကို အခြားကိုယ်စားလှယ်စနစ်နဲ့ အစားထိုးဖို့ လိုလားကြတယ်လို့လည်း Chinbridge အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကွင်းဆင်းလေ့လာတဲ့ အချက်အလက်တွေကိုကြည့်ရင် ပြည်သူလူထုနဲ့ ထိတွေ့မှုနည်းတဲ့ ကိုယ်စားလှယ်စနစ်ကို ချင်းတိုင်းရင်းသားအများစုက မလိုလားကြောင်း သိရပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူကပြည်သူအတွက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် နိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးရမယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို အယုံအကြည်မရှိတဲ့ မဲဆန္ဒရှင်တွေလည်း ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ကြီးတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ အဓိကထားကြပြီး ပြည်သူ့အရေးကို စိတ်မဝင်စားဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။

ပြည်သူ့အကျိုးသယ်ပိုးရင်း ကိုယ်ကျိုးမရှာတဲ့ ကိုယ်စားလှယ်ကို မဲဆန္ဒပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ (၂၀၁၈) က ဟားခါးမြို့မှာ တွေ့ဆုံမေးမြန်းတဲ့အခါ ချင်းပြည်နယ်တခွင်မှာ အဂတိလိုက်စားမှုတွေ ရှိနေပြီး၊ ပြည်နယ်အစိုးရလည်း ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။ ဟားခါးဒေသခံတွေကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အဆင့်မြင့်အရာထမ်းအများစုဟာ အဂတိလိုက်စားကြတယ်လို့ မြင်ကြပါတယ်။ ပြည်သူလူထုက နိုင်ငံရေးမှာ စိတ်ဝင်စားမှု နည်းပါးလေလေ၊ နိုင်ငံရေးသမားတွေအဖို့ အဂတိလိုက်စားလို့ကောင်းလေလေ ဖြစ်နေပုံရပါတယ်။

XS
SM
MD
LG