သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာဖိအား ဘယ္ေလာက္ အေရးပါသလဲ


UN Security Council - Dr. Tun Myint, Carleton College, MN
ႏိုင္ငံတကာဖိအား ဘယ္ေလာက္ အေရးပါသလဲ
please wait

No media source currently available

0:00 0:11:04 0:00
တိုက္႐ိုက္ လင့္ခ္

လက္ရွိ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းကို ေက်ာ္လႊားလြန္ေျမာက္ၿပီး၊ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္တက္လွမ္းႏိုင္ေရးမွာ ႏိုင္ငံတကာရဲ႕အခန္းက႑ကို ပစ္ပယ္ထားလို႔ မရပါဘူး။ ျပည္တြင္းလႈပ္ရွားမႈနဲ႔ အတူယွဥ္တြဲပါဝင္ဖို႔ လိုအပ္တယ္လို႔ အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္ Carlton ေကာလိပ္က ႏိုင္ငံေရးသိပၸံနဲ႔ ႏိုင္ငံသကာဆက္ဆံေရး ပါေမာကၡ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။ အေသးစိတ္ကို ေဒါက္တာထြန္းျမင့္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ ႏိုင္ငံေရး ထိပ္တိုက္ရင္ဆိုင္မႈ ေျပာင္းလဲေက်ာ္လႊာႏိုင္မႈဆိုၿပီးေတာ့ ေဒသအသီးသီးမွာ လက္နက္ကိုင္ပုန္ကန္မႈေတြ ျဖစ္ေနပါတယ္။ တဘက္ကလဲ ႏိုင္ငံတကာဖိအားကလည္း ရိွေနပါတယ္ဆိုေတာ့၊ တခ်ဳိ ႔ကလဲ ႏိုင္ငံတကာဖိအားကို အားမရၾကဘူး။ ႏိုင္ငံတကာဖိအားက ဘာမွမထိေရာက္ႏိုင္ေတာ့ဘူးလို႔ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကပါတယ္။ ႏိုင္ငံတကာဆက္ဆံေရး ပါေမာကၡတေယာက္အေနနဲ႔ ႏိုင္ငံတကာရဲ ႔ ဖိအားဟာ တကယ္ပဲ အသံုးမက်တဲ့အဆင့္ကို ေရာက္သြားၿပီလားဆုိတာကို ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ စၿပီးသံုးသပ္ေပးပါ။

ေျဖ ။ ။ မေရာက္ပါဘူး။ အသံုးမက်တဲ့ အေျခအေနကို မေရာက္ပါဘူး။ ေနာက္တခုက ႏိုင္ငံတကာရဲ ႔ဖိအားကို က်ေနာ္တို႔ ၾကည့္မယ္ဆိုရင္ ဘယ္လိုဖိအားမ်ဳိးကို က်ေနာ္တုိ႔က အေျခခံၿပီးေတာ့ ေျပာၾကသလဲဆိုတဲ့ေပၚ အေျခခံၿပီးေတာ့ မူတည္ပါလိမ့္မယ္။ အဲဒီေတာ့ လံုၿခံဳေရးေကာင္စီကေန ဦးေဆာင္ၿပီးေတာ့ စစ္ေကာင္စီကို လက္နက္ေရာင္းခ်ဖို႔ရာအတြက္ ခ်က္ခ်င္းပိတ္လိုက္တယ္။ Global Arms Embargo လို႔ေခၚတဲ့ဟာကို လုပ္တယ္ဆိုလို႔ရိွရင္ သိပ္ထိေရာက္မွာေပါ့။ အဲဒါက အခုထိ စကားဝိုင္းမွာ ေျပာႏိုင္တဲ့အဆင့္အထိ မေရာက္ေသးတဲ့ အေနအထားမ်ဳိး ရိွတယ္။ ေနာက္တခုက အဲဒါနဲ႔ တၿပိဳင္နက္ထဲပဲ စစ္ေကာင္စီရဲ ႔ ေခါင္းေဆာင္ေတြ၊ မိသားစုဝင္ေတြ။ ေနာက္ၿပီးေတာ့ သူတုိ႔နဲ႔ ပတ္သက္ေနတဲ့ စီးပြားေရးအားလံုးကို targeted sanction တိက်ၿပီးေတာ့ အခ်က္အလက္ကို မူတည္ၿပီးေတာ့လုပ္မယ့္ စီးပြားေရးပိတ္စို႔မႈမ်ဳိးပါ တခါတည္းလိုက္တယ္ဆိုရင္ ထိေရာက္မႈက ခ်က္ခ်င္းေရာက္ႏိုင္ပါတယ္။ အဲဒီအတြက္ကို ႏိုင္ငံတကာမွာ စီးပြားေရးပိတ္စို႔မႈေတြကို လုပ္ေနတာေတြ ေတြ႔ရတယ္။ သူ႔အဆင့္လိုက္အဆင့္လိုက္ေပါ့။ ဒါေပမဲ့ မျပည့္စံုေသးဘူး။ ေနာက္တခုက ျမန္မာစစ္တပ္ကို ရုရွားက လက္နက္ေရာင္းေနတာ ရိွတယ္။ တရုတ္က ေရာင္းေနတာ ရိွတယ္။ အစၥေရးလ္က၊ အိႏိၵယ ေရာင္းေနတာ ရိွတယ္။ အဲဒါေတြအားလံုး ရပ္တန္႔ကရပ္ရမယ္ဆိုတဲ့ sanction ကို ကုလသမဂၢက ဦးေဆာင္ၿပီးေတာ့လုပ္တဲ့ Arm Embargo လာတယ္ဆိုရင္ေတာ့ သိပ္ထိေရာက္တဲ့ International Pressure လို႔ က်ေနာ္တုိ႔ သံုးသပ္လို႔ ရပါတယ္။

ေမး ။ ။ ဒါေပမဲ့ အထူးသျဖင့္ေတာ့ တရုတ္၊ ရုရွားတို႔ အဲဒီ့ႏွစ္ႏုိင္ငံကို ဖိအားေပးလို႔ ရပါ့မလား။ ႏုိင္ငံတကာက အဲဒီႏွစ္ႏုိင္ငံကို လက္နက္မေရာင္းနဲ႔ ဆိုတဲ့သေဘာမ်ဳိး ေျပာဖို႔ဆိုတာ ျဖစ္ႏုိင္ပါ့မလား။ အထူးသျဖင့္ ရုရွားဆိုရင္ အေနာက္ႏုိင္ငံေတြနဲ႔ ျမန္မာႏုိင္ငံ ဆက္ဆံေရးမေျပလည္မႈ ျဖစ္ေနတဲ့အခ်ိန္မွာ သူတုိ႔အတြက္ အခြင့္ေကာင္းလို႔ ယူဆၿပီးေတာ့ ပိုၿပီးေတာ့ လက္နက္ေရာင္းတာကို အရိွန္ျမွင့္လာတယ္လို႔ သံုးသပ္စရာ ျဖစ္ေနတာပါ။ အဲဒါေကာ ျဖစ္ႏုိင္ပါ့မလား။

ေျဖ ။ ။ ျဗဳန္းကနဲ ျဖစ္ႏုိင္ဖုိ႔ကေတာ့ မလြယ္ပါဘူး။ ဒါေပမဲ့ မင္းေအာင္လိႈင္ရဲ ႔ စစ္ေကာင္စီက ေဖေဖၚဝါရီလ (၁) ရက္ေန႔ အာဏာသိမ္းၿပီးကတည္းက ျပည္သူလူထုရဲ ႔ အသက္အိုးအိမ္စည္စိမ္ကို သတ္ျဖတ္ေနတာေတြ၊ ဖ်က္ဆီးေနတာေတြ၊ ေနာက္တခုက လူ႔အခြင့္အေရးဆိုင္ရာကိစၥေတြ ခ်ဳိးေဖာက္ေနတာေတြ၊ ေနာက္ crimes, humanities လူသားေတြရဲ ႔သိကၡာကို ေစာ္ကားတဲ့ အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ လုပ္ေနတာေတြ၊ ေနာက္ၿပီးေတာ့ war crimes စစ္ေရးရာဇဝတ္မႈေတြ ခ်ဳိးေဖာက္မႈေတြ လုပ္ေနတာေတြကို အခ်က္အလက္အရ သက္ဆိုင္ရာ ေတာ္လွန္ေရးေခါင္းေဆာင္ေတြက ႏုိင္ငံတကာေခါင္းေဆာင္ေတြ၊ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ မ်က္ျမင္ထင္ရွား ျဖစ္လာေအာင္ လုပ္တယ္ဆိုလို႔ရိွရင္ reports ေတြ တင္ၿပီးေတာ့၊ ေရးၿပီးေတာ့ လုပ္တယ္ဆိုလို႔ရိွရင္ ဒါေတြက UN Security Council အဆင့္အထိ ေဆြးေႏြးလာရမယ့္အခ်က္မ်ဳိး ျဖစ္လာမယ္။ အဲဒီေတာ့ ဒီေမးခြန္းနဲ႔ အေျဖကို ခ်ိန္ဆၿပီးေတာ့ ေျပာရမယ္ဆိုလို႔ရိွရင္ အျပည္ျပည္ဆိုင္ရာအဖြဲ႔အစည္းေတြ၊ အထူးသျဖင့္ ကုလသမဂၢလို အဖြဲ႔အစည္းေတြရဲ ႔ လုပ္ႏုိင္စြမ္းရိွတဲ့ လုပ္ငန္းနဲ႔လုပ္ရပ္ေတြကို က်ေနာ္တို႔အေနနဲ႔ ခ်ိန္ဆၿပီးေတာ့ က်ေနာ္တို႔ သံုးသပ္ရမွာ ျဖစ္ပါတယ္။ ဥပမာ ဆူဒန္ႏုိင္ငံ ဒါေဖာကိစၥ။ ေနာက္တခါ ကေမာၻဒီးယား Genocide ျဖစ္တာေတြ အေျခခံၿပီးေတာ့ ေျပာလို႔ရတယ္။ Kosovo မွာ ျဖစ္တာေတြကိုၾကည့္ၿပီးေတာ့လည္း ေျပာႏုိင္တယ္။ အဲဒါေတြကို ၾကည့္မယ္ဆိုရင္ အခ်ိန္မနည္းဘူး ယူခဲ့ရပါတယ္။ ဒီလိုမ်ဳိး ေနာက္ဆံုးအထိ ျဖစ္လာေအာင္။ အဲဒီေတာ့ လက္ရိွေတာ္လွန္ေရးဆိုင္ရာ အဖြဲ႔အစည္းေပါင္းစံုအေနနဲ႔ သူတုိ႔လုပ္ႏုိင္တာ၊ လုပ္သင့္တာေတြအားလံုးကို လုပ္ေနတာ ေတြ႔ရတယ္။ အထူးသျဖင့္ NUG လူ႔အခြင့္အေရးဝန္ႀကီး၊ တရားေရးရာဝန္ႀကီးတို႔ရဲ ႔ ဌာနဆုိင္ရာေတြ လုပ္ေနတာေတြကို ေတြ႔ရတယ္။ အဲဒါေတြက ၿမိဳင္ဆိုင္ၿပီးေတာ့ ႏုိင္ငံတကာသိလာေအာင္၊ ရွင္းေအာင္ေျပာျပႏုိင္တယ္ဆိုရင္ ထိေရာက္လာမယ္။

ေမး ။ ။ အဲဒီေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ ျမန္မာႏိုင္ငံကိစၥကို အေရးတယူလုပ္ခ်င္တဲ့ ႏိုင္ငံေတြအမ်ားႀကီး ရိွေပအံုးေပါ့ လံုၿခံဳေရးေကာင္စီမွာၾကေတာ့ တရုတ္၊ ရုရွားတို႔က ဗီတုိအာဏာ ပိုင္ထားတယ္ဆိုေတာ့ ဒီကိစၥက ဘယ္ေလာက္အဟန္႔အတား ျဖစ္ေစႏုိင္မယ္ဆိုတာကိုလည္း ေျပာပါအံုး။

ေျဖ ။ ။ တရုတ္ႏုိင္ငံ၊ ရုရွားႏုိင္ငံတုိ႔ဆိုတာက ဘယ္အေပၚမွာ မူတည္ၿပီးေတာ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ဗီတိုအာဏာ (Veto Power) ကို သံုးေလ့ရိွသလဲဆိုရင္ ကုလသမဂၢ ပဋိညာဥ္ရဲ ႔ အခန္း (၁) Article (၂), Clause (7) ကို ၾကည့္ၿပီးေတာ့ ဆံုးျဖတ္ေလ့ ရိွတယ္။ အဲဒါဘာလဲဆိုေတာ့ ႏိုင္ငံတႏိုင္ငံရဲ ႔ အခ်ဳပ္အျခာအာဏာကို ဝင္ေရာက္စြက္ဖက္တဲ့ ပံုစံမ်ဳိး ဘယ္နည္းနဲ႔မွ မလုပ္ရဘူး - Non-interference. သို႔ေသာ္ အဲဒီႏုိင္ငံရဲ ႔ အစိုးရတရပ္သည္္လည္းေကာင္း၊ အဲဒီနုိင္ငံရဲ ႔ အစိုးရလို႔ေခၚတဲ့ အဖြဲ႔အစည္းတခုသည္လည္းေကာင္း ႏုိင္ငံတကာရဲ ႔ ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြကို တုိက္ရိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္ၿပီးေသာ္လည္းေကာင္း ထိခိုက္လာႏုိင္စရာ ရိွလာတယ္ဆိုရင္ တိုက္ရိုက္ဝင္ေရာက္ၿပီးေတာ့ လုပ္ေဆာင္ႏုိင္တယ္ဆိုတာကို ျပဌာန္းထားတယ္။ အဲဒီေတာ့ တရုတ္နဲ႔ ရုရွားကို အဲဒီလို ျမန္မာႏုိင္ငံမွာ ျဖစ္ေနတယ္ဆိုတာကို သိသာေအာင္က ASEAN ကိုယ္တုိင္က အသိအမွတ္ ျပဳထားတယ္။ ျမန္မာႏိုင္ငံရဲ ႔ အေရးဟာ အာဆီယံရဲ ႔အေရး ျဖစ္တယ္ဆိုတာကို အခ်က္ႀကီး (၅) ခ်က္နဲ႔ မတ္လကတည္းက ထုတ္ထားတာ ရိွတယ္။ အဲဒီေတာ့ ဒါေတြကို ၿခံဳၾကည့္မယ္ဆိုရင္ တျဖည္းျဖည္းနဲ႔ တရုတ္နဲ႔ ရုရွားက သူတုိ႔လုပ္ခ်င္တိုင္း လုပ္လို႔မရႏုိင္ဘူးဆိုတာကို က်ေနာ္တုိ႔ သေဘာေပါက္ရမယ္။

ေမး ။ ။ အဲဒီအဆင့္အထိ မေရာက္ႏိုင္ခင္မွာ အာဆီယံကို ဦးတည္ၿပီးေတာ့ သူတုိ႔ရဲ ႔ consensus ဆံုးျဖတ္ထားတဲ့ မူ (၅) ခ်က္အတိုိင္း လိုက္နာဖုိ႔၊ ျမန္မာႏုိင္ငံမွာ အတိုက္အခံေတြနဲ႔ စစ္ေကာင္စီက ေဆြးေႏြးဖို႔ စသည္ျဖင့္၊ ေနာက္ၿပီးေတာ့ အာဆီယံက ကိုယ္စားလွယ္လာရင္ ထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုခြင့္ေပးဖို႔ စတဲ့ အဲဒီလိုင္းကိုလည္း တရုတ္၊ ရုရွားတို႔က တြန္းေပးေနၾကတာ ေတြ႔ရပါတယ္။ ထိပ္တန္းထားၿပီးေတာ့။ အထူးသျဖင့္ တရုတ္က ဒါကိုပဲ ဦးစားေပးၿပီးေတာ့ ေျပာေနၾကတာ ရိွပါတယ္ဆိုေတာ့ ေစာေစာက ေဒါက္တာထြန္းျမင့္ေျပာတဲ့အဆင့္အထိ ကုလသမဂၢ ျပဌာန္းခ်က္အတုိင္း အကုန္လံုး ဒီလိုအေရးမယူႏုိင္ေသးတဲ့အခ်ိန္မွာ အာဆီယံကို ဦးတည္ၿပီးေတာ့ ျပန္လည္သင့္ျမတ္ေရး ေဆြးေႏြးဖို႔ ေျပာေနတဲ့ကိစၥက ဘယ္ေလာက္အလားအလာ ရိွႏိုင္ပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ သူတို႔အေၾကာဆန္႔သေလာက္ပါပဲ။ ႏိုင္ငံေရးအျပင္ေျပ ဆြဲဆန္႔သေလာက္ပါပဲလို႔ က်ေနာ္တုိ႔ ၾကည့္ရမွာ ျဖစ္တယ္။ ဘာလို႔လဲဆိုရင္ တရုတ္နဲ႔ ရုရွားတို႔က အဲဒီလိုမ်ဳိး အာဆီယံရဲ ႔ (၅) ခ်က္ကို သေဘာတူတယ္ဆိုတာက ရွင္းရွင္းေျပာရရင္ စစ္ေကာင္စီအတြက္ သတင္းမေကာင္းပါဘူး။ ဘာေၾကာင့္ ေျပာရသလဲဆိုရင္ အာဆီယံ (၅) ခ်က္ထဲမွာ ရွင္းရွင္းလင္းလင္း ေျပာထားတာေတြ ရိွပါတယ္။ အခ်က္လိုက္ ေျပာထားတာေတြ ရိွတယ္။ အဲဒီအခ်က္ေတြကို မင္းေအာင္လိႈင္ကိုယ္တိုင္ ခ်ဳိးေဖာက္ေနတဲ့အတြက္ အာဆီယံထိပ္သီးအစည္းအေဝး ASEAN Summit ကိုလည္း တက္ခြင့္မေပးဘူး။ အခု အာဆီယံနဲ႔ တရုတ္ လုပ္တဲ့ အစည္းအေဝးကိုလည္း အာဆီယံက ရွင္းရွင္းလင္းလင္း ေျပာထားတယ္။ သူတို႔ လက္မခံႏုိင္ဘူးဆိုတာ။ အဲဒီေတာ့ တရုတ္က ျမန္မာစစ္ေကာင္စီဘက္ကို နည္းနည္းျပန္ၿပီးေတာ့ ယိုင္းလာတဲ့ပံုစံ ရိွတယ္။ အဲဒါကို ၿခံဳေျပာရရင္ ဒါကေတာ့ အျပည္ျပည္ဆိုင္ရာ ဗ်ဴရိုကေရစီေတြရဲ ႔ လုပ္ငန္းစဥ္ေတြ လုပ္တဲ့အခါမွာ ဒါမ်ဳိးစကားေတြက ေတြ႔ႀကံဳရတယ္။ ဒါမ်ဳိးထုတ္ျပန္ခ်က္ေတြကို ေတြ႔ႀကံဳရတယ္ဆိုတဲ့ လမ္းေတြပါ။ ဒီလမ္းေတြကိုၾကည့္ၿပီး က်ေနာ္တို႔အေနနဲ႔ အားငယ္စရာလည္း မလိုဘူး။ တအားႀကီးအားတက္စရာလဲ မလိုဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ႏုိင္ငံတကာရဲ ႔ လုပ္မယ္မလုပ္ဘူးဆိုတာက ျပည္တြင္းမွာရိွတဲ့ အရိွန္အဟုန္က ဘယ္ေလာက္အထိ ရိွသလဲဆိုတာေပၚ မူတည္ၿပီးေတာ့၊ ျပည္တြင္းက ေရခ်ိန္ကို ၾကည့္ၿပီးေတာ့ ဆံုးျဖတ္တာ၊ လုပ္ၾကတာ ျဖစ္တယ္။ စကားေျပာၾကတာ ျဖစ္တယ္။ သို႔ေသာ္ တခုေတာ့ရိွတယ္ - စစ္ေရးအရ ဝင္ေရာက္ရမယ့္ အေျခအေနကို ေရာက္လာၿပီဆိုရင္ေတာ့ Chapter (7) Intervention အဆင့္အထိ ေရာက္လာၿပီဆိုရင္ေတာ့ အဖြဲ႔တဖြဲ႔ကေသာ္လည္းေကာင္း - ဥပမာ NATO လို အဖြဲ႔မ်ဳိး၊ ဒါမွမဟုတ္ ႏုိင္ငံတႏုိင္ငံ - ဥပမာ US လိုမ်ဳိး ဝင္ၿပီးေတာ့ လုပ္ၾကမယ့္လုပ္ငန္းေတြ ရိွပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္မွာေတာ့ အေမရိကန္ႏုိင္ငံရဲ ႔ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ရပ္တည္ခ်က္၊ ျမန္မာျပည္သူ ေတာ္ေတာ္မ်ားမ်ားက အားမရၾကပါဘူး။ ဒီအခ်ိန္မွာ မၾကာေသးခင္က Bill Richardson လာၿပီးေတာ့ သူတို႔ရဲ ႔ ႏိုင္ငံသား သတင္းသမားကို ေခၚထုတ္သြားတယ္။ ျမန္မာႏုိင္ငံ ျပန္လည္သင့္ျမတ္ေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွတစြန္းတစ မေျပာတဲ့အတြက္ေၾကာင့္ ဒါဟာ ျမန္မာႏိုင္ငံအတြက္ သူ႔ခရီးစဥ္က အက်ဳိးမရိွတဲ့အျပင္၊ စစ္ေကာင္စီကို အသိအမွတ္ျပဳခ်င္တဲ့သေဘာသာ ပိုၿပီးဆန္တယ္လို႔ ဘဝင္မက် ျဖစ္ၾကပါတယ္။ ဒီကိစၥကို ေဒါက္တာထြန္းျမင့္ ဘယ္လိုသံုးသပ္လိုပါသလဲ။

ေျဖ ။ ။ သူ႔ခရီးစဥ္က အေမရိကန္အစိုးရရဲ ႔ ေပၚလစီကို ကိုယ္စားျပဳတဲ့ လုပ္ငန္းကို သြားလုပ္တာ မဟုတ္ပါဘူး။ သူ႔ရဲ ႔ ပုဂၢလိက၊ သူ႔ Center – Former Diplomat တေယာက္အေနနဲ႔ လုပ္ျခင္းျဖစ္တယ္ဆိုတာက သူက ရွင္းထားတယ္။ ႏုိင္ငံတိုင္းက သူတုိ႔ရဲ ႔ interest စိတ္ဝင္စားမႈ၊ သူတုိ႔ လုပ္ႏုိင္တဲ့၊ လုပ္ရမယ့္ကိစၥကို အရင္ဆံုးဦးစားေပး လုပ္မွာပဲ။ အဲဒီလို လုပ္တာကိုက က်ေနာ္တို႔ ေတာ္လွန္ေရး လုပ္ေနၾကတဲ့ ျပည္သူလူထုအတြက္ ေကာင္းတဲ့သေဘာေဆာင္တယ္။ သူတို႔အေနနဲ႔ ၿငိမ္မေနဘူး။ လုပ္စရာရိွတာကို လုပ္ေနမယ္ဆိုတဲ့ သေဘာတရားပဲ။ သို႔ေသာ္လဲပဲ အခုန က်ေနာ္ျမွင့္ၿပီးေတာ့ အေမရိကန္ႏုိင္ငံႀကီးက ခ်က္ခ်င္းပဲ ျမန္မာစစ္ေကာင္စီကို ဝင္ရွင္းတဲ့ပံုစံမ်ဳိးကို ခ်က္ခ်င္းႀကီး ေမွ်ာ္လင့္လို႔ မရဘူး။ ဒီမိုကေရစီအင္အားေတြကို အားေပးတဲ့သေဘာမ်ဳိး သက္ေရာက္တယ္လို႔ပဲ သံုးသပ္ၾကည့္လို႔ ရပါတယ္။

ေမး ။ ။ အလားတူစြာပဲ မစၥတာဆာဆာကာဝါရဲ ႔ ခရီးစဥ္ကိုလည္း သံုးသပ္ေပးပါအံုး။

ေျဖ ။ ။ ၾကည့္ရတာကေတာ့ Second Track Diplomacy အဖြဲ႔ေတြအေနနဲ႔ - ဥပမာ Richardson ထြက္တဲ့ ခရီးက Noeleen Heyzer ကို ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္က ခန္႔ၿပီးေတာ့ တပတ္ႏွစ္ပတ္အတြင္းမွာ Richardson ထြက္သြားတယ္ဆိုေတာ့ သူတို႔ Diplomats ေတြ အခ်င္းခ်င္း၊ ေနာ္လင္းေဟဇာတို႔ ရစ္ခ်က္ဆင္တို႔ သိလိမ့္မယ္။ သူတို႔ ကုလသမဂၢမွာအတူတူ လုပ္ခဲ့ဖူးတဲ့လူေတြ ျဖစ္တယ္။ ေနာက္တခုက ဂ်ပန္မွာ ရိွေနတဲ့ ဆာဆာကာဝါတုိ႔ရဲ ႔ Diplomatic Connection ကို အတိအက် မသိတဲ့အတြက္ မွန္းဆၿပီးေတာ့ပဲ သံုးသပ္ျပရမယ့္ အေနအထားမ်ဳိး ျဖစ္တယ္။ မွန္းရမွာ ဘယ္လိုလဲဆိုေတာ့ ေနာ္လင္းေဟဇာကို ခန္႔ၿပီးေတာ့၊ ရစ္ခ်က္ဆင္ သြားၿပီးေတာ့ ဆာဆာကာဝါ ေရာက္တယ္။ ေနာက္ ထုိင္း ဒုတိယဝန္ႀကီးသြားတယ္။ ထိုင္းဝန္ႀကီးသြားၿပီးေတာ့ တရုတ္ကလည္း စစ္ေကာင္စီဘက္ကို ဦးတည္ၿပီးေတာ့ အလုပ္လုပ္ဖို႔အတြက္ Agenda တင္လာတဲ့ပံုစံမ်ဳိး ျဖစ္တယ္။ အဲဒီေတာ့ အဲဒီလိုမ်ဳိး ၾကည့္တယ္ဆိုလို႔ရိွရင္ မစၥတာဆာဆာကာဝါ၊ ရစ္ခ်က္ဆင္၊ ေနာ္လင္းေဟဇာတုိ႔ရဲ ႔ Track က Track 2 Diplomacy မ်ဳိး အဆင့္ေလာက္ ရိွတယ္လို႔ က်ေနာ္တို႔ ေျပာလို႔ရတာေပါ့။ အဲဒီေတာ့ သူတို႔လုပ္စရာရိွတာကို လုပ္ေနတယ္ဆိုတာကိုလည္း ျမန္မာႏုိင္ငံရဲ ႔ ျပႆနာဟာ မေအးဘူး၊ ႏိုင္ငံတကာရဲ ႔ ျပႆနာတခု ျဖစ္ေနတယ္ဆိုတာကို သူတုိ႔ကိုယ္တုိင္ကေန လက္ခံၿပီးေတာ့ လုပ္ေနတယ္လို႔ က်ေနာ္တို႔ ျမင္ရမွာျဖစ္တယ္။

ေမး ။ ။ အခု ေဒါက္တာထြန္းျမင့္ သံုးသပ္လာတာေတြ အကုန္လံုးကို ၿခံဳၾကည့္ရင္ ႏုိင္ငံတကာရဲ ႔ ဖိအားဟာ လံုးဝအသံုးမက်ဘူးလို႔ဆိုၿပီးေတာ့ ပစ္ပယ္ထားစရာ အေၾကာင္းမရိွဘူး။ ဒါဟာလဲ ထိေရာက္ႏုိင္ျခင္း ျဖစ္တယ္လုိ႔ ေျပာျခင္းျဖစ္ပါတယ္။ ဆိုေတာ့ တခ်ိန္တည္းမွာပဲ ျပည္တြင္းမွာလည္း ရရာလက္နက္ ကိုင္စြဲၿပီးေတာ့ တိုက္ခိုက္ေနၾကတဲ့ အင္အားစုေတြလည္း ရိွပါတယ္ဆိုေတာ့ သူတုိ႔ရဲ ႔ အေနအထားကိုေကာ ဘယ္လုိသံုးသပ္လုိပါသလဲ။ ဒီဟာက သိပ္ၿပီးေတာ့ ထိေရာက္ႏုိင္သလား။ ႏုိင္ငံတကာနဲ႔ Side-by-Side တြဲၿပီး သြားရမလား။ သို႔တည္းမဟုတ္ ႏုိင္ငံတကာကို ပစ္ပယ္ၿပီးေတာ့ လက္နက္ကိုင္ ေတာ္လွန္ေရးနဲ႔ပဲ လႊမ္းၿခံဳႏို္င္ၾကမယ္ဆိုတဲ့ သံုးသပ္မႈ၊ ယူဆမႈကို ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ Side-by-Side သြားရမွာ ျဖစ္ပါတယ္။ ျပည္တြင္းက အရိွန္ျမွင့္မွသာလွ်င္ ျပည္ပကေန အေရးထားလာမွာ ျဖစ္တယ္။ ျပည္တြင္းမွာ အခုျဖစ္ေနတဲ့ Defensive War လို႔ပဲေျပာေျပာ၊ Guerrilla စစ္လို႔ပဲေျပာေျပာ အဲဒါေတြက အခရာက်ပါတယ္။

== Unicode==

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားလွန်မြောက်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တက်လှမ်းနိုင်ရေးမှာ နိုင်ငံတကာရဲ့အခန်းကဏ္ဍကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်တွင်းလှုပ်ရှားမှုနဲ့ အတူယှဉ်တွဲပါဝင်ဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Carlton ကောလိပ်က နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံသကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။ အသေးစိတ်ကို ဒေါက်တာထွန်းမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု ပြောင်းလဲကျော်လွှာနိုင်မှုဆိုပြီးတော့ ဒေသအသီးသီးမှာ လက်နက်ကိုင်ပုန်ကန်မှုတွေ ဖြစ်နေပါတယ်။ တဘက်ကလဲ နိုင်ငံတကာဖိအားကလည်း ရှိနေပါတယ်ဆိုတော့၊ တချို့ကလဲ နိုင်ငံတကာဖိအားကို အားမရကြဘူး။ နိုင်ငံတကာဖိအားက ဘာမှမထိရောက်နိုင်တော့ဘူးလို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတယောက်အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားဟာ တကယ်ပဲ အသုံးမကျတဲ့အဆင့်ကို ရောက်သွားပြီလားဆိုတာကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စပြီးသုံးသပ်ပေးပါ။

ဖြေ ။ ။ မရောက်ပါဘူး။ အသုံးမကျတဲ့ အခြေအနေကို မရောက်ပါဘူး။ နောက်တခုက နိုင်ငံတကာရဲ့ဖိအားကို ကျနော်တို့ ကြည့်မယ်ဆိုရင် ဘယ်လိုဖိအားမျိုးကို ကျနော်တို့က အခြေခံပြီးတော့ ပြောကြသလဲဆိုတဲ့ပေါ် အခြေခံပြီးတော့ မူတည်ပါလိမ့်မယ်။ အဲဒီတော့ လုံခြုံရေးကောင်စီကနေ ဦးဆောင်ပြီးတော့ စစ်ကောင်စီကို လက်နက်ရောင်းချဖို့ရာအတွက် ချက်ချင်းပိတ်လိုက်တယ်။ Global Arms Embargo လို့ခေါ်တဲ့ဟာကို လုပ်တယ်ဆိုလို့ရှိရင် သိပ်ထိရောက်မှာပေါ့။ အဲဒါက အခုထိ စကားဝိုင်းမှာ ပြောနိုင်တဲ့အဆင့်အထိ မရောက်သေးတဲ့ အနေအထားမျိုး ရှိတယ်။ နောက်တခုက အဲဒါနဲ့ တပြိုင်နက်ထဲပဲ စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ။ နောက်ပြီးတော့ သူတို့နဲ့ ပတ်သက်နေတဲ့ စီးပွားရေးအားလုံးကို targeted sanction တိကျပြီးတော့ အချက်အလက်ကို မူတည်ပြီးတော့လုပ်မယ့် စီးပွားရေးပိတ်စို့မှုမျိုးပါ တခါတည်းလိုက်တယ်ဆိုရင် ထိရောက်မှုက ချက်ချင်းရောက်နိုင်ပါတယ်။ အဲဒီအတွက်ကို နိုင်ငံတကာမှာ စီးပွားရေးပိတ်စို့မှုတွေကို လုပ်နေတာတွေ တွေ့ရတယ်။ သူ့အဆင့်လိုက်အဆင့်လိုက်ပေါ့။ ဒါပေမဲ့ မပြည့်စုံသေးဘူး။ နောက်တခုက မြန်မာစစ်တပ်ကို ရုရှားက လက်နက်ရောင်းနေတာ ရှိတယ်။ တရုတ်က ရောင်းနေတာ ရှိတယ်။ အစ္စရေးလ်က၊ အိန္ဒိယ ရောင်းနေတာ ရှိတယ်။ အဲဒါတွေအားလုံး ရပ်တန့်ကရပ်ရမယ်ဆိုတဲ့ sanction ကို ကုလသမဂ္ဂက ဦးဆောင်ပြီးတော့လုပ်တဲ့ Arm Embargo လာတယ်ဆိုရင်တော့ သိပ်ထိရောက်တဲ့ International Pressure လို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။

မေး ။ ။ ဒါပေမဲ့ အထူးသဖြင့်တော့ တရုတ်၊ ရုရှားတို့ အဲဒီ့နှစ်နိုင်ငံကို ဖိအားပေးလို့ ရပါ့မလား။ နိုင်ငံတကာက အဲဒီနှစ်နိုင်ငံကို လက်နက်မရောင်းနဲ့ ဆိုတဲ့သဘောမျိုး ပြောဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ အထူးသဖြင့် ရုရှားဆိုရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမပြေလည်မှု ဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် အခွင့်ကောင်းလို့ ယူဆပြီးတော့ ပိုပြီးတော့ လက်နက်ရောင်းတာကို အရှိန်မြှင့်လာတယ်လို့ သုံးသပ်စရာ ဖြစ်နေတာပါ။ အဲဒါကော ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ဗြုန်းကနဲ ဖြစ်နိုင်ဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးကတည်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်ကို သတ်ဖြတ်နေတာတွေ၊ ဖျက်ဆီးနေတာတွေ၊ နောက်တခုက လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ချိုးဖောက်နေတာတွေ၊ နောက် crimes, humanities လူသားတွေရဲ့သိက္ခာကို စော်ကားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတာတွေ၊ နောက်ပြီးတော့ war crimes စစ်ရေးရာဇဝတ်မှုတွေ ချိုးဖောက်မှုတွေ လုပ်နေတာတွေကို အချက်အလက်အရ သက်ဆိုင်ရာ တော်လှန်ရေးခေါင်းဆောင်တွေက နိုင်ငံတကာခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ မျက်မြင်ထင်ရှား ဖြစ်လာအောင် လုပ်တယ်ဆိုလို့ရှိရင် reports တွေ တင်ပြီးတော့၊ ရေးပြီးတော့ လုပ်တယ်ဆိုလို့ရှိရင် ဒါတွေက UN Security Council အဆင့်အထိ ဆွေးနွေးလာရမယ့်အချက်မျိုး ဖြစ်လာမယ်။ အဲဒီတော့ ဒီမေးခွန်းနဲ့ အဖြေကို ချိန်ဆပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အထူးသဖြင့် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းရှိတဲ့ လုပ်ငန်းနဲ့လုပ်ရပ်တွေကို ကျနော်တို့အနေနဲ့ ချိန်ဆပြီးတော့ ကျနော်တို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဆူဒန်နိုင်ငံ ဒါဖောကိစ္စ။ နောက်တခါ ကမ္ဘောဒီးယား Genocide ဖြစ်တာတွေ အခြေခံပြီးတော့ ပြောလို့ရတယ်။ Kosovo မှာ ဖြစ်တာတွေကိုကြည့်ပြီးတော့လည်း ပြောနိုင်တယ်။ အဲဒါတွေကို ကြည့်မယ်ဆိုရင် အချိန်မနည်းဘူး ယူခဲ့ရပါတယ်။ ဒီလိုမျိုး နောက်ဆုံးအထိ ဖြစ်လာအောင်။ အဲဒီတော့ လက်ရှိတော်လှန်ရေးဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံအနေနဲ့ သူတို့လုပ်နိုင်တာ၊ လုပ်သင့်တာတွေအားလုံးကို လုပ်နေတာ တွေ့ရတယ်။ အထူးသဖြင့် NUG လူ့အခွင့်အရေးဝန်ကြီး၊ တရားရေးရာဝန်ကြီးတို့ရဲ့ ဌာနဆိုင်ရာတွေ လုပ်နေတာတွေကို တွေ့ရတယ်။ အဲဒါတွေက မြိုင်ဆိုင်ပြီးတော့ နိုင်ငံတကာသိလာအောင်၊ ရှင်းအောင်ပြောပြနိုင်တယ်ဆိုရင် ထိရောက်လာမယ်။

မေး ။ ။ အဲဒီတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံကိစ္စကို အရေးတယူလုပ်ချင်တဲ့ နိုင်ငံတွေအများကြီး ရှိပေအုံးပေါ့ လုံခြုံရေးကောင်စီမှာကြတော့ တရုတ်၊ ရုရှားတို့က ဗီတိုအာဏာ ပိုင်ထားတယ်ဆိုတော့ ဒီကိစ္စက ဘယ်လောက်အဟန့်အတား ဖြစ်စေနိုင်မယ်ဆိုတာကိုလည်း ပြောပါအုံး။

ဖြေ ။ ။ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ဆိုတာက ဘယ်အပေါ်မှာ မူတည်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ (Veto Power) ကို သုံးလေ့ရှိသလဲဆိုရင် ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ အခန်း (၁) Article (၂), Clause (7) ကို ကြည့်ပြီးတော့ ဆုံးဖြတ်လေ့ ရှိတယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုး ဘယ်နည်းနဲ့မှ မလုပ်ရဘူး - Non-interference. သို့သော် အဲဒီနိုင်ငံရဲ့ အစိုးရတရပ်သည်လည်းကောင်း၊ အဲဒီနိုင်ငံရဲ့ အစိုးရလို့ခေါ်တဲ့ အဖွဲ့အစည်းတခုသည်လည်းကောင်း နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ထိခိုက်လာနိုင်စရာ ရှိလာတယ်ဆိုရင် တိုက်ရိုက်ဝင်ရောက်ပြီးတော့ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြဌာန်းထားတယ်။ အဲဒီတော့ တရုတ်နဲ့ ရုရှားကို အဲဒီလို မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာကို သိသာအောင်က ASEAN ကိုယ်တိုင်က အသိအမှတ် ပြုထားတယ်။ မြန်မာနိုင်ငံရဲ့ အရေးဟာ အာဆီယံရဲ့အရေး ဖြစ်တယ်ဆိုတာကို အချက်ကြီး (၅) ချက်နဲ့ မတ်လကတည်းက ထုတ်ထားတာ ရှိတယ်။ အဲဒီတော့ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ တရုတ်နဲ့ ရုရှားက သူတို့လုပ်ချင်တိုင်း လုပ်လို့မရနိုင်ဘူးဆိုတာကို ကျနော်တို့ သဘောပေါက်ရမယ်။

မေး ။ ။ အဲဒီအဆင့်အထိ မရောက်နိုင်ခင်မှာ အာဆီယံကို ဦးတည်ပြီးတော့ သူတို့ရဲ့ consensus ဆုံးဖြတ်ထားတဲ့ မူ (၅) ချက်အတိုင်း လိုက်နာဖို့၊ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ စစ်ကောင်စီက ဆွေးနွေးဖို့ စသည်ဖြင့်၊ နောက်ပြီးတော့ အာဆီယံက ကိုယ်စားလှယ်လာရင် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့ အဲဒီလိုင်းကိုလည်း တရုတ်၊ ရုရှားတို့က တွန်းပေးနေကြတာ တွေ့ရပါတယ်။ ထိပ်တန်းထားပြီးတော့။ အထူးသဖြင့် တရုတ်က ဒါကိုပဲ ဦးစားပေးပြီးတော့ ပြောနေကြတာ ရှိပါတယ်ဆိုတော့ စောစောက ဒေါက်တာထွန်းမြင့်ပြောတဲ့အဆင့်အထိ ကုလသမဂ္ဂ ပြဌာန်းချက်အတိုင်း အကုန်လုံး ဒီလိုအရေးမယူနိုင်သေးတဲ့အချိန်မှာ အာဆီယံကို ဦးတည်ပြီးတော့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့ ပြောနေတဲ့ကိစ္စက ဘယ်လောက်အလားအလာ ရှိနိုင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ သူတို့အကြောဆန့်သလောက်ပါပဲ။ နိုင်ငံရေးအပြင်ပြေ ဆွဲဆန့်သလောက်ပါပဲလို့ ကျနော်တို့ ကြည့်ရမှာ ဖြစ်တယ်။ ဘာလို့လဲဆိုရင် တရုတ်နဲ့ ရုရှားတို့က အဲဒီလိုမျိုး အာဆီယံရဲ့ (၅) ချက်ကို သဘောတူတယ်ဆိုတာက ရှင်းရှင်းပြောရရင် စစ်ကောင်စီအတွက် သတင်းမကောင်းပါဘူး။ ဘာကြောင့် ပြောရသလဲဆိုရင် အာဆီယံ (၅) ချက်ထဲမှာ ရှင်းရှင်းလင်းလင်း ပြောထားတာတွေ ရှိပါတယ်။ အချက်လိုက် ပြောထားတာတွေ ရှိတယ်။ အဲဒီအချက်တွေကို မင်းအောင်လှိုင်ကိုယ်တိုင် ချိုးဖောက်နေတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေး ASEAN Summit ကိုလည်း တက်ခွင့်မပေးဘူး။ အခု အာဆီယံနဲ့ တရုတ် လုပ်တဲ့ အစည်းအဝေးကိုလည်း အာဆီယံက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ သူတို့ လက်မခံနိုင်ဘူးဆိုတာ။ အဲဒီတော့ တရုတ်က မြန်မာစစ်ကောင်စီဘက်ကို နည်းနည်းပြန်ပြီးတော့ ယိုင်းလာတဲ့ပုံစံ ရှိတယ်။ အဲဒါကို ခြုံပြောရရင် ဒါကတော့ အပြည်ပြည်ဆိုင်ရာ ဗျူရိုကရေစီတွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ ဒါမျိုးစကားတွေက တွေ့ကြုံရတယ်။ ဒါမျိုးထုတ်ပြန်ချက်တွေကို တွေ့ကြုံရတယ်ဆိုတဲ့ လမ်းတွေပါ။ ဒီလမ်းတွေကိုကြည့်ပြီး ကျနော်တို့အနေနဲ့ အားငယ်စရာလည်း မလိုဘူး။ တအားကြီးအားတက်စရာလဲ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်မယ်မလုပ်ဘူးဆိုတာက ပြည်တွင်းမှာရှိတဲ့ အရှိန်အဟုန်က ဘယ်လောက်အထိ ရှိသလဲဆိုတာပေါ် မူတည်ပြီးတော့၊ ပြည်တွင်းက ရေချိန်ကို ကြည့်ပြီးတော့ ဆုံးဖြတ်တာ၊ လုပ်ကြတာ ဖြစ်တယ်။ စကားပြောကြတာ ဖြစ်တယ်။ သို့သော် တခုတော့ရှိတယ် - စစ်ရေးအရ ဝင်ရောက်ရမယ့် အခြေအနေကို ရောက်လာပြီဆိုရင်တော့ Chapter (7) Intervention အဆင့်အထိ ရောက်လာပြီဆိုရင်တော့ အဖွဲ့တဖွဲ့ကသော်လည်းကောင်း - ဥပမာ NATO လို အဖွဲ့မျိုး၊ ဒါမှမဟုတ် နိုင်ငံတနိုင်ငံ - ဥပမာ US လိုမျိုး ဝင်ပြီးတော့ လုပ်ကြမယ့်လုပ်ငန်းတွေ ရှိပါတယ်။

မေး ။ ။ အခုလောလောဆယ်မှာတော့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်၊ မြန်မာပြည်သူ တော်တော်များများက အားမရကြပါဘူး။ ဒီအချိန်မှာ မကြာသေးခင်က Bill Richardson လာပြီးတော့ သူတို့ရဲ့ နိုင်ငံသား သတင်းသမားကို ခေါ်ထုတ်သွားတယ်။ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတစွန်းတစ မပြောတဲ့အတွက်ကြောင့် ဒါဟာ မြန်မာနိုင်ငံအတွက် သူ့ခရီးစဉ်က အကျိုးမရှိတဲ့အပြင်၊ စစ်ကောင်စီကို အသိအမှတ်ပြုချင်တဲ့သဘောသာ ပိုပြီးဆန်တယ်လို့ ဘဝင်မကျ ဖြစ်ကြပါတယ်။ ဒီကိစ္စကို ဒေါက်တာထွန်းမြင့် ဘယ်လိုသုံးသပ်လိုပါသလဲ။

ဖြေ ။ ။ သူ့ခရီးစဉ်က အမေရိကန်အစိုးရရဲ့ ပေါ်လစီကို ကိုယ်စားပြုတဲ့ လုပ်ငန်းကို သွားလုပ်တာ မဟုတ်ပါဘူး။ သူ့ရဲ့ ပုဂ္ဂလိက၊ သူ့ Center – Former Diplomat တယောက်အနေနဲ့ လုပ်ခြင်းဖြစ်တယ်ဆိုတာက သူက ရှင်းထားတယ်။ နိုင်ငံတိုင်းက သူတို့ရဲ့ interest စိတ်ဝင်စားမှု၊ သူတို့ လုပ်နိုင်တဲ့၊ လုပ်ရမယ့်ကိစ္စကို အရင်ဆုံးဦးစားပေး လုပ်မှာပဲ။ အဲဒီလို လုပ်တာကိုက ကျနော်တို့ တော်လှန်ရေး လုပ်နေကြတဲ့ ပြည်သူလူထုအတွက် ကောင်းတဲ့သဘောဆောင်တယ်။ သူတို့အနေနဲ့ ငြိမ်မနေဘူး။ လုပ်စရာရှိတာကို လုပ်နေမယ်ဆိုတဲ့ သဘောတရားပဲ။ သို့သော်လဲပဲ အခုန ကျနော်မြှင့်ပြီးတော့ အမေရိကန်နိုင်ငံကြီးက ချက်ချင်းပဲ မြန်မာစစ်ကောင်စီကို ဝင်ရှင်းတဲ့ပုံစံမျိုးကို ချက်ချင်းကြီး မျှော်လင့်လို့ မရဘူး။ ဒီမိုကရေစီအင်အားတွေကို အားပေးတဲ့သဘောမျိုး သက်ရောက်တယ်လို့ပဲ သုံးသပ်ကြည့်လို့ ရပါတယ်။

မေး ။ ။ အလားတူစွာပဲ မစ္စတာဆာဆာကာဝါရဲ့ ခရီးစဉ်ကိုလည်း သုံးသပ်ပေးပါအုံး။

ဖြေ ။ ။ ကြည့်ရတာကတော့ Second Track Diplomacy အဖွဲ့တွေအနေနဲ့ - ဥပမာ Richardson ထွက်တဲ့ ခရီးက Noeleen Heyzer ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ခန့်ပြီးတော့ တပတ်နှစ်ပတ်အတွင်းမှာ Richardson ထွက်သွားတယ်ဆိုတော့ သူတို့ Diplomats တွေ အချင်းချင်း၊ နော်လင်းဟေဇာတို့ ရစ်ချက်ဆင်တို့ သိလိမ့်မယ်။ သူတို့ ကုလသမဂ္ဂမှာအတူတူ လုပ်ခဲ့ဖူးတဲ့လူတွေ ဖြစ်တယ်။ နောက်တခုက ဂျပန်မှာ ရှိနေတဲ့ ဆာဆာကာဝါတို့ရဲ့ Diplomatic Connection ကို အတိအကျ မသိတဲ့အတွက် မှန်းဆပြီးတော့ပဲ သုံးသပ်ပြရမယ့် အနေအထားမျိုး ဖြစ်တယ်။ မှန်းရမှာ ဘယ်လိုလဲဆိုတော့ နော်လင်းဟေဇာကို ခန့်ပြီးတော့၊ ရစ်ချက်ဆင် သွားပြီးတော့ ဆာဆာကာဝါ ရောက်တယ်။ နောက် ထိုင်း ဒုတိယဝန်ကြီးသွားတယ်။ ထိုင်းဝန်ကြီးသွားပြီးတော့ တရုတ်ကလည်း စစ်ကောင်စီဘက်ကို ဦးတည်ပြီးတော့ အလုပ်လုပ်ဖို့အတွက် Agenda တင်လာတဲ့ပုံစံမျိုး ဖြစ်တယ်။ အဲဒီတော့ အဲဒီလိုမျိုး ကြည့်တယ်ဆိုလို့ရှိရင် မစ္စတာဆာဆာကာဝါ၊ ရစ်ချက်ဆင်၊ နော်လင်းဟေဇာတို့ရဲ့ Track က Track 2 Diplomacy မျိုး အဆင့်လောက် ရှိတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ အဲဒီတော့ သူတို့လုပ်စရာရှိတာကို လုပ်နေတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မအေးဘူး၊ နိုင်ငံတကာရဲ့ ပြဿနာတခု ဖြစ်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင်ကနေ လက်ခံပြီးတော့ လုပ်နေတယ်လို့ ကျနော်တို့ မြင်ရမှာဖြစ်တယ်။

မေး ။ ။ အခု ဒေါက်တာထွန်းမြင့် သုံးသပ်လာတာတွေ အကုန်လုံးကို ခြုံကြည့်ရင် နိုင်ငံတကာရဲ့ ဖိအားဟာ လုံးဝအသုံးမကျဘူးလို့ဆိုပြီးတော့ ပစ်ပယ်ထားစရာ အကြောင်းမရှိဘူး။ ဒါဟာလဲ ထိရောက်နိုင်ခြင်း ဖြစ်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဆိုတော့ တချိန်တည်းမှာပဲ ပြည်တွင်းမှာလည်း ရရာလက်နက် ကိုင်စွဲပြီးတော့ တိုက်ခိုက်နေကြတဲ့ အင်အားစုတွေလည်း ရှိပါတယ်ဆိုတော့ သူတို့ရဲ့ အနေအထားကိုကော ဘယ်လိုသုံးသပ်လိုပါသလဲ။ ဒီဟာက သိပ်ပြီးတော့ ထိရောက်နိုင်သလား။ နိုင်ငံတကာနဲ့ Side-by-Side တွဲပြီး သွားရမလား။ သို့တည်းမဟုတ် နိုင်ငံတကာကို ပစ်ပယ်ပြီးတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ပဲ လွှမ်းခြုံနိုင်ကြမယ်ဆိုတဲ့ သုံးသပ်မှု၊ ယူဆမှုကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ Side-by-Side သွားရမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အရှိန်မြှင့်မှသာလျှင် ပြည်ပကနေ အရေးထားလာမှာ ဖြစ်တယ်။ ပြည်တွင်းမှာ အခုဖြစ်နေတဲ့ Defensive War လို့ပဲပြောပြော၊ Guerrilla စစ်လို့ပဲပြောပြော အဲဒါတွေက အခရာကျပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG