သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ႏိုင္ငံ တည္ေထာင္ေရး


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနား (ဓါတ္ပံု- AA Info Desk)
ရခိုင္ႏိုင္ငံ တည္ေထာင္ေရး
please wait

No media source currently available

0:00 0:05:44 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ရခိုင္ျပည္သူတရပ္လံုး အဖိႏိွပ္ခံဘဝ လြတ္ေျမာက္ေရး၊ ဆံုးရွံဳးသြားတဲ့ အခ်ဳပ္အခ်ာအာဏာ ျပန္လည္ရရိွေရးနဲ႔ ႏိုင္ငံတည္ေထာင္ေရးအတြက္ ရခိုင့္တပ္ေတာ္ကို ဖြဲ႔စည္းရတယ္လို႔ လြန္ခဲ့တဲ့ႏွစ္ ဧၿပီလ (၁၀) ရက္ေန႔က (၁၁) ႀကိမ္ေျမာက္ ရခိုင့္တပ္ေတာ္ေန႔မွာ တပ္မွဴးခ်ဳပ္ ထြန္းျမတ္ႏိုင္က ေျပာပါတယ္။ ၁၈ ရာစုေႏွာင္းပိုင္း (၁၇၈၅) မွာ ဗမာမင္းကို စစ္ရွံဳးလို႔ ႏွစ္ေပါင္းနွစ္ရာေက်ာ္ (၂၃၇ ႏွစ္) ရခိုင္ႏုိင္ငံ ကြယ္ေပ်ာက္သြားရပါတယ္။ ျမန္မာျပည္ လြတ္လပ္ေတာ့ အႏွစ္ (၇၀) ေက်ာ္ ဗဟိုအစိုးရ လက္ေအာက္မွာ ေနခဲ့ေပမယ့္ တိုးတက္မႈ ဆိတ္သုဥ္းၿပီး အဆင္းရဲဆံုးေဒသ ျဖစ္ေနတယ္လို႔ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ဆိုပါတယ္။

ဒီလုိဘဝမ်ဳိးကေန လြတ္ေျမာက္ေအာင္ လက္နက္ကိုင္ေတာ္လွန္ေရး ဆင္ႏႊဲေနရတာလို႔ ဆိုပါတယ္။ လက္နက္ပစၥည္းမွာ စစ္ေကာင္စီတပ္ကသာေပမယ့္၊ ရခိုင္တပ္ေတာ္ဘက္က စိတ္ဓါတ္သာလြန္မႈ၊ ယံုၾကည္မႈ၊ သတိၱေကာင္းမြန္မႈနဲ႔ ႀကိဳးစားအားထုတ္မႈမွာ အားေကာင္းတယ္လို႔ ၂၀၁၉ ဧၿပီလက ဧရာဝတီစာေစာင္နဲ႔ ေတြ႔ဆံုစဥ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ေျပာပါတယ္။ ရခိုင္စစ္သည္အင္အားကို အုပ္ခ်ဳပ္ကြပ္ကဲတဲ့ စစ္စခန္းေတြ အမ်ားႀကီးရိွတဲ့အတြက္ စစ္ဆင္ေရးကို စနစ္တက် အေကာင္အထည္ေဖာ္ႏိုင္တာလို႔လည္း ဆုိပါတယ္။ အခက္အခဲၾကားက စစ္အေျခခံေတြကို လ်ွဳိ ႔ဝွက္တည္ေဆာက္ႏုိင္ပါတယ္။

KIA ကခ်င္လြတ္ေျမာက္ေရးတပ္ အကူအညီနဲ႔ AA ရခိုင္တပ္ကို ၂၀၀၉ ဧၿပီလမွာ တည္ေထာင္ခဲ့ပါတယ္။ ကခ်င္ျပည္နယ္မွာ တိုက္ပြဲအေတြ႔အႀကံဳေတြ ရယူခဲ့ၿပီး ၂၀၁၄ ေရာက္မွ ရခိုင္ျပည္နယ္ကို ဆင္းလာႏိုင္တယ္လို႔ သိရပါတယ္။ (၂) ႏွစ္ေလာက္ အျပင္းအထန္ တိုက္ပြဲေတြ ဆင္ႏႊဲၿပီးတဲ့ေနာက္ ၂၀၂၀ ႏုိဝင္ဘာလဆန္းပိုင္းကစၿပီး တပ္မေတာ္နဲ႔ AA ရခိုင့္တပ္ေတာ္တို႔ နားလည္မႈယူၿပီး အပစ္အခတ္ ရပ္စဲထားပါတယ္။ ရခိုင္စစ္ဆင္ေရး အစပိုင္းမွာ အင္အား (၁၀၀၀) ေက်ာ္သာရိွတဲ့ AA တပ္ဟာ အခုဆုိရင္ အင္အား (၁) ေသာင္းေက်ာ္အထိ တိုးပြားေနေၾကာင္း သိရပါတယ္။ အခုေတာ့ AA ရခိုင္တပ္ရဲ ႔ ၾသဇာအာဏာ သက္ေရာက္မႈ က်ယ္ျပန္႔လာတဲ့အတြက္ ျပည္သူ႔အုပ္ခ်ဳပ္ေရးယႏၱရားကို တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ေျပာပါတယ္။ ႏိုင္ငံေရးပါတီေတြ စိတ္ကုန္လာတဲ့ ရခိုင္လူထုဟာ AA ရခိုင္တပ္ေတာ္ကို ယံုၾကည္လာပံု ရပါတယ္။ တခ်ိန္တည္းမွာပဲ စစ္ေကာင္စီကလည္း စစ္အင္အား ထပ္ျဖည့္ေနပါတယ္။

ရာဇဝတ္မႈ၊ မတရားလုပ္မႈ၊ အၾကမ္းဖက္မႈ၊ ေျမယာအမႈအပါအဝင္ တိုင္းၾကားတဲ့အမႈ (၁၄၀၀) မွာ (၅၅၀) ေက်ာ္ကို ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႔က ေျဖရွင္းေပးႏိုင္ေၾကာင္း ၾသဂုတ္လ (၂၄) ရက္ေန႔ထုတ္ Frontier Myanmar စာေစာင္မွာ ေဖာ္ျပပါတယ္။ ရခိုင္အမ်ဳိးသားအဖြဲ႔ခ်ဳပ္နဲ႔ AA တပ္ေတာ္တို႔ရဲ ႔ ညႊန္ၾကားခ်က္ေတြကို ရခိုင္လူဦးေရ (၇၅) ရာခိုင္ႏႈန္္းက လိုက္နာတယ္လို႔ ဒုစစ္ဦးစီးခ်ဳပ္ညိဳထြန္းေအာင္ ေျပာတာကိုလည္း Frontier က သတင္းေပးပို႔ပါတယ္။ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးယႏၱရား မေရာက္ရိွႏိုင္တဲ့ ေဒသေတြမွာ တရားမွ်တေရးအတြက္ AA တပ္ေတာ္က ေဆာင္ရြက္ေနတာကို အရပ္ဘက္ေခါင္းေဆာင္ပိုင္းက ႀကိဳဆိုၾကပါတယ္။ တရားဥပေဒ စိုးမိုးေရးဟာ အေျခခံလိုအပ္ခ်က္တခု ျဖစ္ပါတယ္။

ရခိုင္အမ်ဳိးသားအဖြဲ႔ခ်ဳပ္နဲ႔ AA တပ္ေတာ္တို႔ရဲ ႔ အုပ္ခ်ဳပ္ေရးယႏၱရားဟာ စစ္ေကာင္စီရဲ ႔ဌာနေတြထက္ပိုၿပီး အလုပ္ျဖစ္ေနတယ္လို႔ ရခိုင္အမ်ဳိးသားပါတီ ေခါင္းေဆာင္ေဟာင္း ဦးေဖသန္္း ေျပာတာကိုလည္း ေဖာ္ျပၾကပါတယ္။ AA တပ္ေတာ္ရဲ ႔ ၾသဇာလႊမ္းမိုးမႈကို ကိုယ္တုိင္ေတြ႔ခဲ့ရတယ္လို႔ ရခိုင့္ဦးေဆာင္ပါတီေခါင္းေဆာင္ ေဒါက္တာေအးေမာင္ သံုးသပ္တာကိုလည္း ၾသဂုတ္လ (၁၁) ရက္ေန႔ထုတ္ Myanmar Now သတင္းမွာ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ AA တပ္ဖြဲ႔ေတြဟာ ယွဥ္တြဲတည္ရိွေနတယ္လို႔ ေဒါက္တာေအးေမာင္က ဆိုပါတယ္။ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ ႔နယ္မွာ စစ္ေကာင္စီတပ္ခရီးသြားတဲ့အခါ AA တပ္ကို အရင္ဆံုး အေၾကာင္းၾကားရတယ္ဆိုတာဟာ ‘ဝ’ျပည္နယ္မွာ က်င့္သံုးတဲ့ ပံုစံမ်ဳိး ျဖစ္ေနပါတယ္။

AA ရဲ ႔ လူမႈေရးနဲ႔ တရားေရးရာ ေဆာင္ရြက္ခ်က္ေတြကို ဘူးသီးေတာင္ၿမိဳ ႔နယ္ မြတ္စလင္ေက်းရြာ အမ်ားအျပားက ယံုၾကည္အားကိုးလာတယ္လို႔လည္း Myanmar Now စာေစာင္မွာ ေဖာ္ျပပါတယ္။ ရခုိင္ျပည္မွာ လူဦးေရ ဒုတိယအမ်ားဆံုးျဖစ္တဲ့ မြတ္စလင္အသိုင္းအဝိုင္းကို အုပ္ခ်ဳပ္ေရးက႑မွာ ပါဝင္လာဖုိ႔ ႀကိဳးပမ္းေနတယ္လို႔လည္း ၾသဂုတ္လ (၁၅) ရက္ေန႔က ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ေျပာပါတယ္။ ပထမဆံုးအႀကိမ္အျဖစ္ ရခိုင့္ျပႆနာကို ရခိုင္က ေျဖရွင္းမယ့္ အစီအစဥ္ကို ရခိုင္ႏုိင္ငံေရးပါတီေတြကလည္း ေထာက္ခံႀကိဳဆိုပံု ရပါတယ္။ ဒါေပမဲ့ AA တပ္ေတာ္ရဲ ႔ ေဆာင္ရြက္ခ်က္ေတြကို စစ္ေကာင္စီတပ္က ဘယ္အတိုင္းအတာအထိ လက္ခံမယ္ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ႏုိင္ငံတည္ေထာင္တဲ့ေနရာမွာ ‘အစၥေရး’ ဟာ စံနမႈနာတင္ဖို႔ ေကာင္းပါတယ္။ ႏွစ္ရာစုမွာ ေရာမအင္ပါရာေအာက္ က်ေရာက္သြားခဲ့တဲ့ အစၥေရးနယ္ေျမဟာ အႏွစ္ငါးရာၾကာတဲ့အခါ ခုႏွစ္ရာစုမွာ အာရပ္မြတ္စလင္ အင္ပါရာလက္ေအာက္ ေရာက္သြားခဲ့ပါတယ္။ ေနာက္ထပ္အႏွစ္ (၁၀၀၀) ေက်ာ္ၾကာေတာ့ ၁၉၁၈ မွာ ၿဗိတိသွ်လက္ေအာက္ ေရာက္သြားခဲ့ၿပီး ၁၉၄၈ ေရာက္မွာ အစၥေရးႏုိင္ငံကို တည္ေထာင္ႏိုင္ပါတယ္။ ႏုိင္ငံတည္ေထာင္ဖို႔ (၂၂) ႏိုင္ငံက ဂ်ဴးကိုယ္စားလွယ္ (၂၀၄) ဦးက ဆံုးျဖတ္ၿပီး (၅၁) ႏွစ္အၾကာမွာ ႏွစ္္ေပါင္း (၂၀၀၀) နီးပါး ေပ်ာက္ဆံုးသြားခဲ့တဲ့ အစၥေရးႏုိင္ငံကို ရန္သူပတ္လည္ဝိုင္းေနတဲ့ၾကားက ျပန္လည္တည္ေထာင္ႏိုင္တာ ျဖစ္ပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ရခိုင်ပြည်သူတရပ်လုံး အဖိနှိပ်ခံဘဝ လွတ်မြောက်ရေး၊ ဆုံးရှုံးသွားတဲ့ အချုပ်အချာအာဏာ ပြန်လည်ရရှိရေးနဲ့ နိုင်ငံတည်ထောင်ရေးအတွက် ရခိုင့်တပ်တော်ကို ဖွဲ့စည်းရတယ်လို့ လွန်ခဲ့တဲ့နှစ် ဧပြီလ (၁၀) ရက်နေ့က (၁၁) ကြိမ်မြောက် ရခိုင့်တပ်တော်နေ့မှာ တပ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။ ၁၈ ရာစုနှောင်းပိုင်း (၁၇၈၅) မှာ ဗမာမင်းကို စစ်ရှုံးလို့ နှစ်ပေါင်းနှစ်ရာကျော် (၂၃၇ နှစ်) ရခိုင်နိုင်ငံ ကွယ်ပျောက်သွားရပါတယ်။ မြန်မာပြည် လွတ်လပ်တော့ အနှစ် (၇၀) ကျော် ဗဟိုအစိုးရ လက်အောက်မှာ နေခဲ့ပေမယ့် တိုးတက်မှု ဆိတ်သုဉ်းပြီး အဆင်းရဲဆုံးဒေသ ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

ဒီလိုဘဝမျိုးကနေ လွတ်မြောက်အောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရတာလို့ ဆိုပါတယ်။ လက်နက်ပစ္စည်းမှာ စစ်ကောင်စီတပ်ကသာပေမယ့်၊ ရခိုင်တပ်တော်ဘက်က စိတ်ဓါတ်သာလွန်မှု၊ ယုံကြည်မှု၊ သတ္တိကောင်းမွန်မှုနဲ့ ကြိုးစားအားထုတ်မှုမှာ အားကောင်းတယ်လို့ ၂၀၁၉ ဧပြီလက ဧရာဝတီစာစောင်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ရခိုင်စစ်သည်အင်အားကို အုပ်ချုပ်ကွပ်ကဲတဲ့ စစ်စခန်းတွေ အများကြီးရှိတဲ့အတွက် စစ်ဆင်ရေးကို စနစ်တကျ အကောင်အထည်ဖော်နိုင်တာလို့လည်း ဆိုပါတယ်။ အခက်အခဲကြားက စစ်အခြေခံတွေကို လျှို့ဝှက်တည်ဆောက်နိုင်ပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ် အကူအညီနဲ့ AA ရခိုင်တပ်ကို ၂၀၀၉ ဧပြီလမှာ တည်ထောင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲအတွေ့အကြုံတွေ ရယူခဲ့ပြီး ၂၀၁၄ ရောက်မှ ရခိုင်ပြည်နယ်ကို ဆင်းလာနိုင်တယ်လို့ သိရပါတယ်။ (၂) နှစ်လောက် အပြင်းအထန် တိုက်ပွဲတွေ ဆင်နွှဲပြီးတဲ့နောက် ၂၀၂၀ နိုဝင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ နားလည်မှုယူပြီး အပစ်အခတ် ရပ်စဲထားပါတယ်။ ရခိုင်စစ်ဆင်ရေး အစပိုင်းမှာ အင်အား (၁၀၀၀) ကျော်သာရှိတဲ့ AA တပ်ဟာ အခုဆိုရင် အင်အား (၁) သောင်းကျော်အထိ တိုးပွားနေကြောင်း သိရပါတယ်။ အခုတော့ AA ရခိုင်တပ်ရဲ့ သြဇာအာဏာ သက်ရောက်မှု ကျယ်ပြန့်လာတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ နိုင်ငံရေးပါတီတွေ စိတ်ကုန်လာတဲ့ ရခိုင်လူထုဟာ AA ရခိုင်တပ်တော်ကို ယုံကြည်လာပုံ ရပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကလည်း စစ်အင်အား ထပ်ဖြည့်နေပါတယ်။

ရာဇဝတ်မှု၊ မတရားလုပ်မှု၊ အကြမ်းဖက်မှု၊ မြေယာအမှုအပါအဝင် တိုင်းကြားတဲ့အမှု (၁၄၀၀) မှာ (၅၅၀) ကျော်ကို ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ဖြေရှင်းပေးနိုင်ကြောင်း သြဂုတ်လ (၂၄) ရက်နေ့ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။ ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ AA တပ်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို ရခိုင်လူဦးရေ (၇၅) ရာခိုင်နှုန်းက လိုက်နာတယ်လို့ ဒုစစ်ဦးစီးချုပ်ညိုထွန်းအောင် ပြောတာကိုလည်း Frontier က သတင်းပေးပို့ပါတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မရောက်ရှိနိုင်တဲ့ ဒေသတွေမှာ တရားမျှတရေးအတွက် AA တပ်တော်က ဆောင်ရွက်နေတာကို အရပ်ဘက်ခေါင်းဆောင်ပိုင်းက ကြိုဆိုကြပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ အခြေခံလိုအပ်ချက်တခု ဖြစ်ပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ AA တပ်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ စစ်ကောင်စီရဲ့ဌာနတွေထက်ပိုပြီး အလုပ်ဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ဟောင်း ဦးဖေသန်း ပြောတာကိုလည်း ဖော်ပြကြပါတယ်။ AA တပ်တော်ရဲ့ သြဇာလွှမ်းမိုးမှုကို ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် သုံးသပ်တာကိုလည်း သြဂုတ်လ (၁၁) ရက်နေ့ထုတ် Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်ဖွဲ့တွေဟာ ယှဉ်တွဲတည်ရှိနေတယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်ခရီးသွားတဲ့အခါ AA တပ်ကို အရင်ဆုံး အကြောင်းကြားရတယ်ဆိုတာဟာ ‘ဝ’ပြည်နယ်မှာ ကျင့်သုံးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

AA ရဲ့ လူမှုရေးနဲ့ တရားရေးရာ ဆောင်ရွက်ချက်တွေကို ဘူးသီးတောင်မြို့နယ် မွတ်စလင်ကျေးရွာ အများအပြားက ယုံကြည်အားကိုးလာတယ်လို့လည်း Myanmar Now စာစောင်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်မှာ လူဦးရေ ဒုတိယအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေတယ်လို့လည်း သြဂုတ်လ (၁၅) ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ရခိုင့်ပြဿနာကို ရခိုင်က ဖြေရှင်းမယ့် အစီအစဉ်ကို ရခိုင်နိုင်ငံရေးပါတီတွေကလည်း ထောက်ခံကြိုဆိုပုံ ရပါတယ်။ ဒါပေမဲ့ AA တပ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို စစ်ကောင်စီတပ်က ဘယ်အတိုင်းအတာအထိ လက်ခံမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတည်ထောင်တဲ့နေရာမှာ ‘အစ္စရေး’ ဟာ စံနမှုနာတင်ဖို့ ကောင်းပါတယ်။ နှစ်ရာစုမှာ ရောမအင်ပါရာအောက် ကျရောက်သွားခဲ့တဲ့ အစ္စရေးနယ်မြေဟာ အနှစ်ငါးရာကြာတဲ့အခါ ခုနှစ်ရာစုမှာ အာရပ်မွတ်စလင် အင်ပါရာလက်အောက် ရောက်သွားခဲ့ပါတယ်။ နောက်ထပ်အနှစ် (၁၀၀၀) ကျော်ကြာတော့ ၁၉၁၈ မှာ ဗြိတိသျှလက်အောက် ရောက်သွားခဲ့ပြီး ၁၉၄၈ ရောက်မှာ အစ္စရေးနိုင်ငံကို တည်ထောင်နိုင်ပါတယ်။ နိုင်ငံတည်ထောင်ဖို့ (၂၂) နိုင်ငံက ဂျူးကိုယ်စားလှယ် (၂၀၄) ဦးက ဆုံးဖြတ်ပြီး (၅၁) နှစ်အကြာမှာ နှစ်ပေါင်း (၂၀၀၀) နီးပါး ပျောက်ဆုံးသွားခဲ့တဲ့ အစ္စရေးနိုင်ငံကို ရန်သူပတ်လည်ဝိုင်းနေတဲ့ကြားက ပြန်လည်တည်ထောင်နိုင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG