သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖက္ဒရယ္အေရး ေဝးသထက္ေဝးေနသလား


ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁
ဖက္ဒရယ္အေရး ေဝးသထက္ေဝးေနသလား
please wait

No media source currently available

0:00 0:11:07 0:00
တိုက္႐ိုက္ လင့္ခ္

ဖယ္ဒရယ္ဒီမိုကေရစီစနစ္ ဖြဲ႔စည္းေရး ရည္မွန္းခ်က္နဲ႔ စတင္ထူေထာင္ ရပ္တည္လႈပ္ရွားလာခဲ့တဲ့ SNLD (ေခၚ) "ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္" ဟာ အခုအခါ ပါတီသက္တမ္း (၃၃) ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေပမဲ့ ေမွ်ာ္မွန္းခ်က္ပန္းတိုင္နဲ႔ ေဝးသထက္ေဝးေနေသးတယ္လို႔ ပါတီဥကၠ႒စိုင္းၫြန႔္လြင္ က ေျပာပါတယ္။ ဘယ္လို အခက္အခဲေတြေၾကာင့္လဲ၊ ဘယ္လို ေက်ာ္လႊားႏိုင္မလဲ ဆိုတာကို ဦးစိုင္းၫြန႔္လြင္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဟာ ႏွစ္ေပါင္း (၃၃) ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဂုဏ္ယူပါတယ္ - congratulations ပါ။ SNLD တည္ေထာင္ခဲ့တဲ့ ရည္ရြယ္ခ်က္ဟာ စစ္မွန္တဲ့ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးလို႔ က်ေနာ္ နားလည္ပါတယ္။ ဒီရည္ရြယ္ခ်က္နဲ႔ ႏွစ္ေပါင္း (၃၃) ႏွစ္ ႀကိဳးပမ္းလာခဲ့တာ ရည္မွန္းခ်က္ေပါက္ေျမာက္ဖို႔ ဘယ္ေလာက္မ်ား နီးကပ္လာခဲ့ၿပီလဲဆိုတာကို အၾကမ္းမ်ဥ္းသံုးသပ္ေပးလို႔ ရမလား။

ေျဖ ။ ။ ေက်းဇူးပါ ဦးေက်ာ္ဇံသာ။ ႏွစ္ေပါင္း (၃၃) ႏွစ္ေလာက္ ေထာင္က်တန္းက် ပင္ပန္းႀကီးစြာ လုပ္ခဲ့ၿပီးေတာ့ ဒီေန႔ဒီအခ်ိန္မွာေတာ့ ေမွ်ာ္မွန္းထားတဲ့ကိစၥေတြနဲ႔ ေဝးသထက္ေဝးေနတယ္လို႔ ေျပာရမွာပါ ဆရာ။

ေမး ။ ။ ဒီလိုစစ္မွန္တဲ့ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေပၚထြက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရည္မွန္းခ်က္ ေဝးေနရတာဟာ ဘာေၾကာင့္လဲ။ တိုင္းရင္းသားျပည္သူအခ်င္းခ်င္း စိတ္ဝမ္းကြဲသလား။ က်ေနာ့္ အေတြ႔အႀကံဳအရေတာ့ ေက်ာင္းေတြမွာ၊ ရပ္ကြက္ေတြမွာ အတူတူေနခဲ့ၾကတာ၊ ဘာမွ တေယာက္နဲ႔တေယာက္ စိတ္ဝမ္းကြဲၿပီး မင္းကရွမ္း၊ မင္းကရခိုင္၊ မင္းကဗမာပဲဆိုတာ ဘယ္ေတာ့မွ ခြဲျခားေျပာဆိုတာ မေတြ႔ရပါဘူးဆိုေတာ့ ျပည္သူလူထုၾကားမွာ စိတ္ဝမ္းကြဲမႈ မဟုတ္ဘဲနဲ႔၊ အထက္-ေအာက္ အာဏာပိုင္ေတြၾကားမွာမ်ား ကြဲေနတာမ်ားလား။ အဲဒီလို ခြဲျခားလို႔ရသလား။ အခု စိတ္ဝမ္းကြဲေနတဲ့သေဘာက ဘယ္လိုလဲဆိုတာကို နည္းနည္းေျပာျပပါလား။ ဘယ္လိုစဥ္းစားမိပါသလဲ။

ေျဖ ။ ။ အရင္တုန္းကေတာ့ ဖယ္ဒရယ္လို႔ ေျပာလုိ႔မရဘူး။ ဖယ္ဒရယ္ေပၚမွာ အယူအဆေတြကေတာ့ ေတာ္ေတာ္ေလးကြဲျပားပါတယ္။ ဖယ္ဒရယ္လို႔ ေျပာလိုက္တာနဲ႔ တိုင္းျပည္က ခြဲထြက္ၾကမယ္လို႔ ေျပာခဲ့ၾကတယ္။ ရွစ္ဆယ့္ရွစ္အေရးခင္း ေပၚၿပီးေနာက္ပိုင္းမွာေတာ့ ၉၀ ေနာက္ပိုင္း ၂၀၀၀ ပတ္ဝန္းက်င္ေလာက္ကစၿပီး အားလံုးက ဖယ္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရးနဲ႔ ပတ္သက္ၿပီးေတာ့ အားလံုးက တသေဘာထဲပါပဲ။ အစိုးရလုပ္တဲ့လူေတြကလည္း ဖယ္ဒရယ္ျပည္ေထာင္စု လုပ္ၾကမယ္လို႔ ေျပာတယ္။ အတိုက္အခံေတြကလည္း ဖယ္ဒရယ္ျပည္ေထာင္စုပဲ ေျပာပါတယ္။ တခါ မကြဲမျပားတဲ့ ကိစၥတခုကေတာ့ ဒီမိုကေရစီ ႏိုင္ငံေရးစနစ္ တည္ေထာင္မယ္ဆိုတာကိုလည္း အားလံုးက တသံထဲေျပာပါတယ္။ ဒီအသံေတြကို နားေထာင္မယ္ဆိုရင္ေတာ့ ဆရာေျပာသလို ကြဲျပားတာေတာ့ မရိွေလာက္ဘူး။ သို႔ေသာ္လဲပဲ ဘာမွကို ျဖစ္မလာဘူး။ အခုနေျပာသလိုပဲ တျဖည္းျဖည္းေဝးသြားခဲ့တယ္။

ေမး ။ ။ အဲဒါ ဘာေၾကာင့္လို႔ သံုးသပ္ရပါသလဲ။

ေျဖ ။ ။ လူေတြရဲ ႔ စဥ္းစားခ်က္လို႔ က်ေနာ္ ထင္ပါတယ္။ ဒီျပည္ေထာင္စုေပၚ ခံယူထားတာေတြ၊ ဒီမိုကေရစီေပၚ အာရံုထားတာထက္စာရင္ ကိုယ့္အဖြဲ႔အစည္း၊ ကိုယ့္ institution, ကိုယ့္အုပ္စုေတြက ေရွ ႔တန္းေရာက္ေနတယ္လို႔ ျမင္မိတယ္။ ျပည္ေထာင္စုကိစၥကို အရင္ဆံုး ေရွ ႔တန္းမွာ နံပတ္တစ္ထားၿပီး စဥ္းစားမယ္။ ဒီမိုကေရစီကိစၥကို စၿပီးေတာ့ အဓိကထားၿပီး စဥ္းစားမယ္ဆိုရင္ေတာ့ အဲဒီလိုေတာ့ ျဖစ္မယ္မထင္ဘူး။ ဒါေပမဲ့ အခုကေတာ့ အုပ္စုကိစၥေတြ၊ အဖြဲ႔အစည္း institution ကိစၥေတြ၊ ပုဂၢိဳလ္ေရး၊ သူတုိ႔ယံုၾကည္ကိုးကြယ္တဲ့ အားထားတဲ့ အားကိုးတဲ့ ပုဂၢိဳလ္ေရးေတြ အဲဒါေတြေၾကာင့္ ကြဲေနတယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အခု ေဖေဖၚဝါရီမွာ အာဏာသိမ္းခံရၿပီးတဲ့ေနာက္ ဒီမိုကေရစီ လိုလားတဲ့ ျပည္သူေတြ။ ေနာက္ၿပီးေတာ့ NUG တို႔၊ အျခားတိုင္းရင္းသားေတြဘက္ကလည္း စိတ္ဝမ္းကြဲျပားမႈေတြကို အတတ္ႏုိင္ဆံုး ေလွ်ာ့ခ်မယ္။ ဘာသာေရး၊ လူမႈေရး ကြဲျပားမႈေတြကိုလည္း သူတုိ႔ ဂရုမစိုက္ေတာ့ဘူး။ တေပါင္းတစည္းထဲ သေဘာထားၾကမယ္။ ေနာက္ၿပီးေတာ့ အာဏာပိုင္ေတြဘက္ကလည္း ဖယ္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ေရးဆိုတာကို တြင္တြင္က်ယ္က်ယ္ ေျပာလာတာကို ၾကားေနရပါတယ္။ ဆိုေတာ့ ဘယ္ေလာက္လက္ေတြ႔ ျဖစ္လာႏိုင္မလဲလို႔ က်ေနာ္ စဥ္းစားမိပါတယ္။

ေျဖ ။ ။ ႏွစ္ဘက္စလံုးက ေျပာေနတယ္ဆိုေပမယ့္ အဲဒီအေျခအေန ထူေထာင္ဖုိ႔ကေတာ့ လက္တေလာမွာ ေတာ္ေတာ္ေလးခက္တယ္။ တဘက္နဲ႔တဘက္က ညိွႏိႈင္းလုိ႔ မရႏိုင္ေလာက္တဲ့ အေျခအေန ျဖစ္ေနၾကတဲ့အခါၾကေတာ့ ဒီမိုကေရစီ ႏုိင္ငံေရးစနစ္ တည္ေထာင္ဖို႔ဆိုတာ ပိုၿပီးေတာ့ေတာင္ အခက္အခဲ ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ ေဒသအသီးသီးမွာလဲ ႏိုင္ငံေရးပဋိပကၡ မဟုတ္ေတာ့ဘဲနဲ႔ တိုက္ေရးခုိက္ေရး စစ္ေရးပဋိပကၡေတြ ျဖစ္လာတဲ့အခါၾကေတာ့ ပိုၿပီးေတာ့ အလွမ္းေဝးတယ္လို႔ က်ေနာ္က အဲဒီမွတ္ခ်က္ကို ေပးျခင္းျဖစ္ပါတယ္။

ေမး ။ ။ တိုက္ေရးခုိက္ေရးဆိုလို႔ က်ေနာ္ စဥ္းစားမိတယ္ - တကယ္ေတာ့ ဒီမိုကေရစီစနစ္နဲ႔ ၿငိမ္းခ်မ္းစြာ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ၾကရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒီလိုျဖစ္ဖို႔အတြက္ SNLD မေပၚေပါက္ခင္ လြန္ခဲ့တဲ့ (၃၃) ႏွစ္မကဘူး၊ လြတ္လပ္ေရးရၿပီးတဲ့ ေနာက္ပိုင္းမွာလဲ ႀကိဳးပမ္းခဲ့ၾကတာ ရိွေပမယ့္၊ ဒီလိုႀကိဳးပမ္းမႈ မေအာင္ျမင္လို႔ လက္နက္ကိုင္ ေတာ္လွန္ေရးေတြ ေပၚေပါက္လာရသလားဆိုတာ အခုအခါမွာ တျဖည္းျဖည္း လူေတြေတာင္ သေဘာေပါက္လာလိမ့္မယ္ ထင္ပါတယ္။ ဆိုေတာ့ အခုလက္နက္ကိုင္ ေတာ္လွန္ေရးကိုရပ္ၿပီးေတာ့ ဒီလိုၿငိမ္းခ်မ္းစြာနဲ႔ ေျဖရွင္းႏုိင္မယ့္ အေျခအေနေကာ ျဖစ္ႏုိင္ပါ့မလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ အရင္ဆံုးကေတာ့ လြတ္လပ္ေရးရဖို႔ေပါ့။ အခုေနာက္ပိုင္းမွာေတာ့ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ဖိုိ႔ဆိုတဲ့ လမ္းစဥ္ကို လိုက္သြားၾကတာပါ။ ဒီမိုကေရစီရရိွေရးအတြက္ လက္နက္ကိုင္ ေတာ္လွန္ခဲ့တာေတြ၊ လက္နက္ကိုင္ တိုက္ခိုက္ခဲ့တာေတြ မရိွခဲ့ပါဘူး။ အခုၾကေတာ့ အဲဒီအပိုင္းေတြ ေပၚလာတာ ေတြ႔ရတယ္လို႔ မွတ္ခ်က္ျပဳခ်င္တယ္။ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ေရးထက္စာလို႔ရိွရင္ ေလာေလာဆယ္ တိုက္တာခိုက္တာက စစ္အာဏာရွင္ တိုက္ဖ်က္ေရး စသည္ျဖင့္ ဒီမိုကေရစီ ေဖာ္ေဆာင္ေရးဘက္ကို ပိုၿပီေတာ့ ႏုိင္ငံေရးအရ ေဖာ္ေဆာင္တာ မဟုတ္ေတာ့ဘဲနဲ႔ ခုခံတုိက္ခိုက္တယ္လုိ႔ေတာ့ သူတို႔ေျပာၾကတာေပါ့။ အဲဒီလို ျဖစ္လာတာ ဝမ္းနည္းစရာေကာင္းတာေပါ့။

ေမး ။ ။ ဆိုေတာ့ စစ္ေကာင္စီဘက္ကေတာ့ အခု တုိင္းရင္းသားေတြကို ပိုၿပီးေတာ့ စည္းရံုးလာတာလို႔ ေျပာရင္ ရမယ္လို႔ ထင္ပါတယ္။ တုိင္းရင္းသားေတြကို ဖယ္ဒရယ္စနစ္ျဖစ္ေအာင္ ေပးပါမယ္လို႔ အခုေရြးေကာက္ပြဲမွာ အခ်ဳိးက်ကိုယ္စားျပဳတဲ့စနစ္ကို က်င့္သံုးမယ္လို႔ အမ်ဳိးမ်ဳိးေျပာေနပါတယ္။ ဆိုေတာ့ လက္ေတြ႔ေကာ ျဖစ္ႏိုင္ပါသလား။

ေျဖ ။ ။ စည္းရံုးတယ္ဆိုတာကေတာ့ ဟိုအရင္ကတည္းကပါပဲ။ အဲဒီလိုမ်ဳိး ျဖစ္တယ္လို႔ က်ေနာ္ ျမင္ပါတယ္။ သို႔ေသာ္လဲပဲ PR နဲ႔ ပတ္သက္ၿပီး ေျပာရရင္ေတာ့ PR မွာ ေရာေႏွာၿပီးေတာ့ လုပ္ဖို႔ပဲရတာ။ အားလံုး PR စနစ္ကို က်င့္သံုးဖို႔ဆိုတာ အရမ္းအခက္အခဲ ရိွတယ္။ လုပ္ခ်င္တယ္ဆိုရင္ေတာ့ရတယ္ အဲဒါ ဘာလဲဆိုရင္ေတာ့ ၂၀၀၈ အေျခခံဥပေဒကို ျပင္မွရမယ္။ PR စနစ္မွာ အားလံုးပါဝင္ခြင့္ ရလာမယ္ဆိုတာ ေကာင္းပါတယ္။ သို႔ေသာ္လဲ သူက ႏုိင္ငံေရးပါတီ မရိွတဲ့လူမ်ဳိးေတြ၊ ႏုိင္ငံေရးပါတီမရိွတဲ့ အုပ္စုေတြကေတာ့ PR လုပ္လဲ သူတုိ႔အတြက္ေတာ့ ဘာမွကိုယ္စားလွယ္ရမွာ မဟုတ္ပါဘူး။ PR စနစ္ရဲ ႔ အဓိကအခက္အခဲကေတာ့ ၂၀၀၈ အေျခခံဥပေဒကေန ျပဌာန္းထားတဲ့ (၂၅) ရာခိုင္ႏႈန္း - ေရြးေကာက္မခံရဘဲနဲ႔ လႊတ္ေတာ္ထဲကို ေရာက္ေနတဲ့ (၂၅) ရာခိုင္ႏႈန္း ရိွေနတဲ့ ျပႆနာပါ။ အဲဒီကိစၥ ရိွေနသေရြ ႔ကေတာ့ PR စနစ္က မွ်တတယ္လို႔ ဘယ္လိုမွ ေျပာလို႔မရႏိုင္ပါဘူး။ ေနာက္တခုက က်ေနာ္က PR စနစ္ထက္ အခုလက္ရိွ ေတာက္ေလာင္းေနတဲ့ ပဋိပကၡေတြကို ဘယ္လိုနည္းနဲ႔ ေျဖရွင္းၾကမလဲဆိုတာကို ပိုၿပီးေတာ့စိတ္ဝင္စားတယ္။ ဒါက က်ေနာ့္တေယာက္ထဲအျမင္နဲ႔ ေျပာဆိုတာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုသာ ပဋိပကၡေတြ ျဖစ္ေနမယ္ဆိုရင္ တရားမွ်တတဲ့ ေရြးေကာက္ပြဲက ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ပါဘူး။ ေရြးေကာက္ပြဲ ျဖစ္ျခင္းျဖစ္မယ္။ အတင္းအက်ပ္လုပ္တဲ့ ေရြးေကာက္ပြဲေတြ ျဖစ္မယ္။ ဒါေပမဲ့ လူေတြေသၾကမယ္၊ နာၾကမယ္၊ ရုတ္ရုတ္သဲသဲေတြ ျဖစ္ၾကမယ္။ အဲဒီထဲကမွ ရလာတဲ့ ေရြးေကာက္ပြဲဆိုရင္ေတာ့ ႏိုင္ငံတကာကလည္း အသိအမွတ္ျပဳမွာ မဟုတ္ပါဘူး။ ဆိုေတာ့ အခုျဖစ္ေနတဲ့ ပဋိပကၡေတြ။ တေယာက္နဲ႔တေယာက္ နာက်ည္းမႈေတြက လာမယ့္ (၁) ႏွစ္အတြင္းမွာ ေျပေပ်ာက္မႈဆိုတာ ေတာ္ေတာ္ေလးကို ႀကိဳးစားယူမွ ျဖစ္ႏိုင္မယ္လို႔ က်ေနာ္ေတာ့ အဲဒီလို ယူဆမိတယ္။ အဲဒါက က်ေနာ္တို႔အတြက္ စိတ္မခ်မ္းသာစရာ ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ကိုဗစ္ေရာဂါကလည္း မၿပီေသးဘူး။ အခုျဖစ္ေနတာေတြရဲ ႔ ေနာက္ဆက္တြဲ အက်ဳိးသက္ေရာက္မႈေတြက ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးေတြ စသျဖင့္က တျဖည္းျဖည္းနဲ႔ စိုးရိမ္ရတဲ့ အေနအထားမ်ဳိး ေရာက္လာေနတယ္။ ဒီဟာေတြကို က်ေနာ့္အေနနဲ႔ စိုးရိမ္တယ္။ တခ်ဳိ ႔ကလဲ အဲဒီလို စိုးရိမ္တာကိုပဲ သူရဲေဘာနည္းတယ္လို႔ စသျဖင့္ အယူအဆခ်င္း မတူတဲ့အခါၾကေတာ့ အျပစ္တင္ေဝဖန္တာေတြလည္း ရိွပါတယ္။ အားလံုးက တေယာက္နဲ႔တေယာက္ မတူၾကေတာ့ လက္ခံရမွာပဲ။ ေဝဖန္လို႔ရပါတယ္။

ေမး ။ ။ ေလာေလာဆယ္ တိုက္ေနခိုက္ေနတဲ့ကိစၥဟာ သိပ္ၿပီးေတာ့ အေရးႀကီးတယ္လို႔ ဆိုပါတယ္။ မွန္ပါတယ္။ က်ေနာ္လည္း လံုးဝသေဘာတူပါတယ္။ အဲဒီကိစၥ ေျပၿငိမ္းႏိုင္မယ့္ အလားအလာေကာ ျမင္ပါသလား။ ဒီကိစၥ ထြက္ေပါက္ရရိွေရး လမ္းစမ်ား ရိွပါသလား။

ေျဖ ။ ။ အရိုးသားဆံုး ေျပာရရင္ေတာ့ မရိွပါဘူး။ က်ေနာ္တို႔က ႏုိင္ငံေရးပါတီ ျဖစ္တဲ့အတြက္ လက္လွမ္မမီႏိုင္ပါဘူး။ အခုက ႏွစ္ဘက္စလံုးက ႏုိင္မွျဖစ္မယ္ဆိုတဲ့ အေနအထားမ်ဳိး ေရာက္ေနတယ္။ ႏွစ္ဘက္စလံုးက ႏိုင္မွျဖစ္မယ္ဆိုတဲ့ ကိစၥ ရိွလာတဲ့အခါၾကေတာ့ ပိုၿပီးေတာ့ ျပင္းထန္လာတယ္။ က်ေနာ္တို႔ ရွမ္းအခ်င္းခ်င္း တပ္ေတြ တိုက္ေနတာေတြ ရိွပါတယ္။ SSPP နဲ႔ RCSS တို႔ တုိက္ေနတာ ရိွပါတယ္။ ရိုးရိုးသားသား ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်ေနာ္တို႔က နွစ္ဘက္စလံုးကိုဝင္ၿပီးေတာ့ ေစ့စပ္ေဆာင္ရြက္ေနပါတယ္။ ကိုယ့္အခ်င္းခ်င္းကိစၥကိုေတာင္မွ က်ေနာ္တို႔ မစြမ္းႏိုင္ပါဘူး။ အခု တႏိုင္ငံလံုးျဖစ္ေနတဲ့ PDF ေတြ၊ SAC တပ္ေတြနဲ႔ ျဖစ္ေနတဲ့ ကိစၥကေတာ့ က်ေနာ္ထင္တယ္ က်ေနာ္တုိ႔ မလုပ္ႏုိင္ဘူးထင္တယ္။ သို႔ေသာ္လဲ နည္းလမ္းကေတာ့ ဒီေန႔အထိ မေတြ႔ေသးဘူးဆိုေပမယ့္ ဒီလိုနဲ႔ေလွ်ာ့လို႔ေတာ့ မရပါဘူး။ က်ေနာ္တို႔ စဥ္းစားရမွာပါပဲ။ သူတုိ႔ လက္ပန္းက်တဲ့အခ်ိန္ကို ေစာင့္မလား။ လက္ပန္းက်တဲ့အခ်ိန္ေရာက္ရင္လဲ ျပည္သူလူထုလည္း ဖြတ္ဖြတ္ညွက္ေၾကေနၿပီဆိုေတာ့ ေစာင့္လို႔မျဖစ္ျပန္ဘူး စသည္ျဖင့္ - ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔လည္း ေတာ္ေတာ္ေလးကို စိတ္ဆင္းရဲပါတယ္။ ဒီအေပၚမွာလဲ စိတ္ပူပန္မႈေတြမ်ားစြာ ရိွပါတယ္။

ေမး ။ ။ ေနာက္ဆံုးတစ္မိနစ္ က်န္ပါတယ္။ အဲဒါကေတာ့ ႏုိင္ငံတကာရဲ ႔ ၾကားဝင္ေစ့စပ္မႈက - အခု အာဆီယံကိုေတာ့ အားလံုးက ေနာက္ကေန တြန္းေပးေနၾကတယ္။

ေျဖ ။ ။ က်ေနာ္ နားလည္သေလာက္ကေတာ့ ႏိုင္ငံတကာကို SAC ဘက္က သိပ္ေတာ့ မႀကိဳက္လွဘူးလို႔ ထင္တယ္။ ဒါေပမဲ့ အခုဖတ္ေနရတဲ့ သတင္းေတြအရဆိုရင္ေတာ့ သူတုိ႔လဲပဲ ႏုိ္င္ငံတကာကို လက္လႊတ္လို႔ မရဘူးဆိုတာ သေဘာေပါက္တဲ့သေဘာ ရိွပါတယ္။ NUG ဘက္ကေတာ့ ႏို္င္ငံတကာဘက္ကို အားကိုးရတာေပါ့။ သို႔ေသာ္လဲပဲ အခုန က်ေနာ္ေျပာသလို ေတာ္ေတာ္မ်ားမ်ားကေတာ့ က်ေနာ္ထင္တယ္ စစ္ေရးတုိက္ေရး တိုက္ခိုက္ေရးပဋိပကၡေတြ ျဖစ္ေနတဲ့ ကိစၥကေတာ့ ႏိုင္ငံတကာရဲ ႔ အားနဲ႔ပဲ ရလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ ႏိုင္ငံတကာပဲ အားကိုးရမယ့္ အေနအထားမ်ဳိး ေရာက္ပါၿပီ။


== Unicode ==

ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းရေး ရည်မှန်းချက်နဲ့ စတင်ထူထောင် ရပ်တည်လှုပ်ရှားလာခဲ့တဲ့ SNLD (ခေါ်) "ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်" ဟာ အခုအခါ ပါတီသက်တမ်း (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပေမဲ့ မျှော်မှန်းချက်ပန်းတိုင်နဲ့ ဝေးသထက်ဝေးနေသေးတယ်လို့ ပါတီဥက္ကဋ္ဌစိုင်းညွန့်လွင် က ပြောပါတယ်။ ဘယ်လို အခက်အခဲတွေကြောင့်လဲ၊ ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတာကို ဦးစိုင်းညွန့်လွင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် - congratulations ပါ။ SNLD တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလို့ ကျနော် နားလည်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ နှစ်ပေါင်း (၃၃) နှစ် ကြိုးပမ်းလာခဲ့တာ ရည်မှန်းချက်ပေါက်မြောက်ဖို့ ဘယ်လောက်များ နီးကပ်လာခဲ့ပြီလဲဆိုတာကို အကြမ်းမျဉ်းသုံးသပ်ပေးလို့ ရမလား။

ဖြေ ။ ။ ကျေးဇူးပါ ဦးကျော်ဇံသာ။ နှစ်ပေါင်း (၃၃) နှစ်လောက် ထောင်ကျတန်းကျ ပင်ပန်းကြီးစွာ လုပ်ခဲ့ပြီးတော့ ဒီနေ့ဒီအချိန်မှာတော့ မျှော်မှန်းထားတဲ့ကိစ္စတွေနဲ့ ဝေးသထက်ဝေးနေတယ်လို့ ပြောရမှာပါ ဆရာ။

မေး ။ ။ ဒီလိုစစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွက်ရေးနဲ့ ပတ်သက်ပြီးတော့ ရည်မှန်းချက် ဝေးနေရတာဟာ ဘာကြောင့်လဲ။ တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲသလား။ ကျနော့် အတွေ့အကြုံအရတော့ ကျောင်းတွေမှာ၊ ရပ်ကွက်တွေမှာ အတူတူနေခဲ့ကြတာ၊ ဘာမှ တယောက်နဲ့တယောက် စိတ်ဝမ်းကွဲပြီး မင်းကရှမ်း၊ မင်းကရခိုင်၊ မင်းကဗမာပဲဆိုတာ ဘယ်တော့မှ ခွဲခြားပြောဆိုတာ မတွေ့ရပါဘူးဆိုတော့ ပြည်သူလူထုကြားမှာ စိတ်ဝမ်းကွဲမှု မဟုတ်ဘဲနဲ့၊ အထက်-အောက် အာဏာပိုင်တွေကြားမှာများ ကွဲနေတာများလား။ အဲဒီလို ခွဲခြားလို့ရသလား။ အခု စိတ်ဝမ်းကွဲနေတဲ့သဘောက ဘယ်လိုလဲဆိုတာကို နည်းနည်းပြောပြပါလား။ ဘယ်လိုစဉ်းစားမိပါသလဲ။

ဖြေ ။ ။ အရင်တုန်းကတော့ ဖယ်ဒရယ်လို့ ပြောလို့မရဘူး။ ဖယ်ဒရယ်ပေါ်မှာ အယူအဆတွေကတော့ တော်တော်လေးကွဲပြားပါတယ်။ ဖယ်ဒရယ်လို့ ပြောလိုက်တာနဲ့ တိုင်းပြည်က ခွဲထွက်ကြမယ်လို့ ပြောခဲ့ကြတယ်။ ရှစ်ဆယ့်ရှစ်အရေးခင်း ပေါ်ပြီးနောက်ပိုင်းမှာတော့ ၉၀ နောက်ပိုင်း ၂၀၀၀ ပတ်ဝန်းကျင်လောက်ကစပြီး အားလုံးက ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနဲ့ ပတ်သက်ပြီးတော့ အားလုံးက တသဘောထဲပါပဲ။ အစိုးရလုပ်တဲ့လူတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စု လုပ်ကြမယ်လို့ ပြောတယ်။ အတိုက်အခံတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စုပဲ ပြောပါတယ်။ တခါ မကွဲမပြားတဲ့ ကိစ္စတခုကတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ထောင်မယ်ဆိုတာကိုလည်း အားလုံးက တသံထဲပြောပါတယ်။ ဒီအသံတွေကို နားထောင်မယ်ဆိုရင်တော့ ဆရာပြောသလို ကွဲပြားတာတော့ မရှိလောက်ဘူး။ သို့သော်လဲပဲ ဘာမှကို ဖြစ်မလာဘူး။ အခုနပြောသလိုပဲ တဖြည်းဖြည်းဝေးသွားခဲ့တယ်။

မေး ။ ။ အဲဒါ ဘာကြောင့်လို့ သုံးသပ်ရပါသလဲ။

ဖြေ ။ ။ လူတွေရဲ့ စဉ်းစားချက်လို့ ကျနော် ထင်ပါတယ်။ ဒီပြည်ထောင်စုပေါ် ခံယူထားတာတွေ၊ ဒီမိုကရေစီပေါ် အာရုံထားတာထက်စာရင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် institution, ကိုယ့်အုပ်စုတွေက ရှေ့တန်းရောက်နေတယ်လို့ မြင်မိတယ်။ ပြည်ထောင်စုကိစ္စကို အရင်ဆုံး ရှေ့တန်းမှာ နံပတ်တစ်ထားပြီး စဉ်းစားမယ်။ ဒီမိုကရေစီကိစ္စကို စပြီးတော့ အဓိကထားပြီး စဉ်းစားမယ်ဆိုရင်တော့ အဲဒီလိုတော့ ဖြစ်မယ်မထင်ဘူး။ ဒါပေမဲ့ အခုကတော့ အုပ်စုကိစ္စတွေ၊ အဖွဲ့အစည်း institution ကိစ္စတွေ၊ ပုဂ္ဂိုလ်ရေး၊ သူတို့ယုံကြည်ကိုးကွယ်တဲ့ အားထားတဲ့ အားကိုးတဲ့ ပုဂ္ဂိုလ်ရေးတွေ အဲဒါတွေကြောင့် ကွဲနေတယ်လို့ ထင်ပါတယ်။

မေး ။ ။ အခု ဖေဖေါ်ဝါရီမှာ အာဏာသိမ်းခံရပြီးတဲ့နောက် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေ။ နောက်ပြီးတော့ NUG တို့၊ အခြားတိုင်းရင်းသားတွေဘက်ကလည်း စိတ်ဝမ်းကွဲပြားမှုတွေကို အတတ်နိုင်ဆုံး လျှော့ချမယ်။ ဘာသာရေး၊ လူမှုရေး ကွဲပြားမှုတွေကိုလည်း သူတို့ ဂရုမစိုက်တော့ဘူး။ တပေါင်းတစည်းထဲ သဘောထားကြမယ်။ နောက်ပြီးတော့ အာဏာပိုင်တွေဘက်ကလည်း ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးဆိုတာကို တွင်တွင်ကျယ်ကျယ် ပြောလာတာကို ကြားနေရပါတယ်။ ဆိုတော့ ဘယ်လောက်လက်တွေ့ ဖြစ်လာနိုင်မလဲလို့ ကျနော် စဉ်းစားမိပါတယ်။

ဖြေ ။ ။ နှစ်ဘက်စလုံးက ပြောနေတယ်ဆိုပေမယ့် အဲဒီအခြေအနေ ထူထောင်ဖို့ကတော့ လက်တလောမှာ တော်တော်လေးခက်တယ်။ တဘက်နဲ့တဘက်က ညှိနှိုင်းလို့ မရနိုင်လောက်တဲ့ အခြေအနေ ဖြစ်နေကြတဲ့အခါကြတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ထောင်ဖို့ဆိုတာ ပိုပြီးတော့တောင် အခက်အခဲ ဖြစ်နေတယ်။ နောက်ပြီးတော့ ဒေသအသီးသီးမှာလဲ နိုင်ငံရေးပဋိပက္ခ မဟုတ်တော့ဘဲနဲ့ တိုက်ရေးခိုက်ရေး စစ်ရေးပဋိပက္ခတွေ ဖြစ်လာတဲ့အခါကြတော့ ပိုပြီးတော့ အလှမ်းဝေးတယ်လို့ ကျနော်က အဲဒီမှတ်ချက်ကို ပေးခြင်းဖြစ်ပါတယ်။

မေး ။ ။ တိုက်ရေးခိုက်ရေးဆိုလို့ ကျနော် စဉ်းစားမိတယ် - တကယ်တော့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းစွာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ကြရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုဖြစ်ဖို့အတွက် SNLD မပေါ်ပေါက်ခင် လွန်ခဲ့တဲ့ (၃၃) နှစ်မကဘူး၊ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာလဲ ကြိုးပမ်းခဲ့ကြတာ ရှိပေမယ့်၊ ဒီလိုကြိုးပမ်းမှု မအောင်မြင်လို့ လက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ပေါက်လာရသလားဆိုတာ အခုအခါမှာ တဖြည်းဖြည်း လူတွေတောင် သဘောပေါက်လာလိမ့်မယ် ထင်ပါတယ်။ ဆိုတော့ အခုလက်နက်ကိုင် တော်လှန်ရေးကိုရပ်ပြီးတော့ ဒီလိုငြိမ်းချမ်းစွာနဲ့ ဖြေရှင်းနိုင်မယ့် အခြေအနေကော ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ အရင်ဆုံးကတော့ လွတ်လပ်ရေးရဖို့ပေါ့။ အခုနောက်ပိုင်းမှာတော့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ လမ်းစဉ်ကို လိုက်သွားကြတာပါ။ ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့တာတွေ၊ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာတွေ မရှိခဲ့ပါဘူး။ အခုကြတော့ အဲဒီအပိုင်းတွေ ပေါ်လာတာ တွေ့ရတယ်လို့ မှတ်ချက်ပြုချင်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးထက်စာလို့ရှိရင် လောလောဆယ် တိုက်တာခိုက်တာက စစ်အာဏာရှင် တိုက်ဖျက်ရေး စသည်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးဘက်ကို ပိုပြီတော့ နိုင်ငံရေးအရ ဖော်ဆောင်တာ မဟုတ်တော့ဘဲနဲ့ ခုခံတိုက်ခိုက်တယ်လို့တော့ သူတို့ပြောကြတာပေါ့။ အဲဒီလို ဖြစ်လာတာ ဝမ်းနည်းစရာကောင်းတာပေါ့။

မေး ။ ။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ အခု တိုင်းရင်းသားတွေကို ပိုပြီးတော့ စည်းရုံးလာတာလို့ ပြောရင် ရမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေကို ဖယ်ဒရယ်စနစ်ဖြစ်အောင် ပေးပါမယ်လို့ အခုရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုတဲ့စနစ်ကို ကျင့်သုံးမယ်လို့ အမျိုးမျိုးပြောနေပါတယ်။ ဆိုတော့ လက်တွေ့ကော ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ စည်းရုံးတယ်ဆိုတာကတော့ ဟိုအရင်ကတည်းကပါပဲ။ အဲဒီလိုမျိုး ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။ သို့သော်လဲပဲ PR နဲ့ ပတ်သက်ပြီး ပြောရရင်တော့ PR မှာ ရောနှောပြီးတော့ လုပ်ဖို့ပဲရတာ။ အားလုံး PR စနစ်ကို ကျင့်သုံးဖို့ဆိုတာ အရမ်းအခက်အခဲ ရှိတယ်။ လုပ်ချင်တယ်ဆိုရင်တော့ရတယ် အဲဒါ ဘာလဲဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်မှရမယ်။ PR စနစ်မှာ အားလုံးပါဝင်ခွင့် ရလာမယ်ဆိုတာ ကောင်းပါတယ်။ သို့သော်လဲ သူက နိုင်ငံရေးပါတီ မရှိတဲ့လူမျိုးတွေ၊ နိုင်ငံရေးပါတီမရှိတဲ့ အုပ်စုတွေကတော့ PR လုပ်လဲ သူတို့အတွက်တော့ ဘာမှကိုယ်စားလှယ်ရမှာ မဟုတ်ပါဘူး။ PR စနစ်ရဲ့ အဓိကအခက်အခဲကတော့ ၂၀၀၈ အခြေခံဥပဒေကနေ ပြဌာန်းထားတဲ့ (၂၅) ရာခိုင်နှုန်း - ရွေးကောက်မခံရဘဲနဲ့ လွှတ်တော်ထဲကို ရောက်နေတဲ့ (၂၅) ရာခိုင်နှုန်း ရှိနေတဲ့ ပြဿနာပါ။ အဲဒီကိစ္စ ရှိနေသရွေ့ကတော့ PR စနစ်က မျှတတယ်လို့ ဘယ်လိုမှ ပြောလို့မရနိုင်ပါဘူး။ နောက်တခုက ကျနော်က PR စနစ်ထက် အခုလက်ရှိ တောက်လောင်းနေတဲ့ ပဋိပက္ခတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းကြမလဲဆိုတာကို ပိုပြီးတော့စိတ်ဝင်စားတယ်။ ဒါက ကျနော့်တယောက်ထဲအမြင်နဲ့ ပြောဆိုတာပါ။

ဘာကြောင့်လဲဆိုတော့ ဒီလိုသာ ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲ ဖြစ်ခြင်းဖြစ်မယ်။ အတင်းအကျပ်လုပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ်။ ဒါပေမဲ့ လူတွေသေကြမယ်၊ နာကြမယ်၊ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကြမယ်။ အဲဒီထဲကမှ ရလာတဲ့ ရွေးကောက်ပွဲဆိုရင်တော့ နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဆိုတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ။ တယောက်နဲ့တယောက် နာကျည်းမှုတွေက လာမယ့် (၁) နှစ်အတွင်းမှာ ပြေပျောက်မှုဆိုတာ တော်တော်လေးကို ကြိုးစားယူမှ ဖြစ်နိုင်မယ်လို့ ကျနော်တော့ အဲဒီလို ယူဆမိတယ်။ အဲဒါက ကျနော်တို့အတွက် စိတ်မချမ်းသာစရာ ဖြစ်တယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါကလည်း မပြီသေးဘူး။ အခုဖြစ်နေတာတွေရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ စသဖြင့်က တဖြည်းဖြည်းနဲ့ စိုးရိမ်ရတဲ့ အနေအထားမျိုး ရောက်လာနေတယ်။ ဒီဟာတွေကို ကျနော့်အနေနဲ့ စိုးရိမ်တယ်။ တချို့ကလဲ အဲဒီလို စိုးရိမ်တာကိုပဲ သူရဲဘောနည်းတယ်လို့ စသဖြင့် အယူအဆချင်း မတူတဲ့အခါကြတော့ အပြစ်တင်ဝေဖန်တာတွေလည်း ရှိပါတယ်။ အားလုံးက တယောက်နဲ့တယောက် မတူကြတော့ လက်ခံရမှာပဲ။ ဝေဖန်လို့ရပါတယ်။

မေး ။ ။ လောလောဆယ် တိုက်နေခိုက်နေတဲ့ကိစ္စဟာ သိပ်ပြီးတော့ အရေးကြီးတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ ကျနော်လည်း လုံးဝသဘောတူပါတယ်။ အဲဒီကိစ္စ ပြေငြိမ်းနိုင်မယ့် အလားအလာကော မြင်ပါသလား။ ဒီကိစ္စ ထွက်ပေါက်ရရှိရေး လမ်းစများ ရှိပါသလား။

ဖြေ ။ ။ အရိုးသားဆုံး ပြောရရင်တော့ မရှိပါဘူး။ ကျနော်တို့က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် လက်လှမ်မမီနိုင်ပါဘူး။ အခုက နှစ်ဘက်စလုံးက နိုင်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ရောက်နေတယ်။ နှစ်ဘက်စလုံးက နိုင်မှဖြစ်မယ်ဆိုတဲ့ ကိစ္စ ရှိလာတဲ့အခါကြတော့ ပိုပြီးတော့ ပြင်းထန်လာတယ်။ ကျနော်တို့ ရှမ်းအချင်းချင်း တပ်တွေ တိုက်နေတာတွေ ရှိပါတယ်။ SSPP နဲ့ RCSS တို့ တိုက်နေတာ ရှိပါတယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က နှစ်ဘက်စလုံးကိုဝင်ပြီးတော့ စေ့စပ်ဆောင်ရွက်နေပါတယ်။ ကိုယ့်အချင်းချင်းကိစ္စကိုတောင်မှ ကျနော်တို့ မစွမ်းနိုင်ပါဘူး။ အခု တနိုင်ငံလုံးဖြစ်နေတဲ့ PDF တွေ၊ SAC တပ်တွေနဲ့ ဖြစ်နေတဲ့ ကိစ္စကတော့ ကျနော်ထင်တယ် ကျနော်တို့ မလုပ်နိုင်ဘူးထင်တယ်။ သို့သော်လဲ နည်းလမ်းကတော့ ဒီနေ့အထိ မတွေ့သေးဘူးဆိုပေမယ့် ဒီလိုနဲ့လျှော့လို့တော့ မရပါဘူး။ ကျနော်တို့ စဉ်းစားရမှာပါပဲ။ သူတို့ လက်ပန်းကျတဲ့အချိန်ကို စောင့်မလား။ လက်ပန်းကျတဲ့အချိန်ရောက်ရင်လဲ ပြည်သူလူထုလည်း ဖွတ်ဖွတ်ညှက်ကြေနေပြီဆိုတော့ စောင့်လို့မဖြစ်ပြန်ဘူး စသည်ဖြင့် - ပြောမယ်ဆိုရင်တော့ ကျနော်တို့လည်း တော်တော်လေးကို စိတ်ဆင်းရဲပါတယ်။ ဒီအပေါ်မှာလဲ စိတ်ပူပန်မှုတွေများစွာ ရှိပါတယ်။

မေး ။ ။ နောက်ဆုံးတစ်မိနစ် ကျန်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုက - အခု အာဆီယံကိုတော့ အားလုံးက နောက်ကနေ တွန်းပေးနေကြတယ်။

ဖြေ ။ ။ ကျနော် နားလည်သလောက်ကတော့ နိုင်ငံတကာကို SAC ဘက်က သိပ်တော့ မကြိုက်လှဘူးလို့ ထင်တယ်။ ဒါပေမဲ့ အခုဖတ်နေရတဲ့ သတင်းတွေအရဆိုရင်တော့ သူတို့လဲပဲ နိုင်ငံတကာကို လက်လွှတ်လို့ မရဘူးဆိုတာ သဘောပေါက်တဲ့သဘော ရှိပါတယ်။ NUG ဘက်ကတော့ နိုင်ငံတကာဘက်ကို အားကိုးရတာပေါ့။ သို့သော်လဲပဲ အခုန ကျနော်ပြောသလို တော်တော်များများကတော့ ကျနော်ထင်တယ် စစ်ရေးတိုက်ရေး တိုက်ခိုက်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ကိစ္စကတော့ နိုင်ငံတကာရဲ့ အားနဲ့ပဲ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ နိုင်ငံတကာပဲ အားကိုးရမယ့် အနေအထားမျိုး ရောက်ပါပြီ။

XS
SM
MD
LG