သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာ ေျပလည္ေရး ႏိုင္ငံတကာ ဘာလုပ္ႏိုင္မွာလဲ


တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္းၿပီး (၈) လအၾကာ ျမန္မာႏိုင္ငံ အက်ပ္အတည္း ပိုဆိုက္လာတဲ့အခ်ိန္မွာ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ဖိအားတြန္းအားေတြဟာလဲ ပိုမ်ားလာေနပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာရဲ ႔အားေတြဟာ ျမန္မာႏိုင္ငံအေျခအေနအေပၚ ထိေရာက္တဲ့ အက်ိဳးဆက္ရွိလာႏိုင္ပါ့မလား။ ျပႆနာေျပလည္ေရးအတြက္ ဘယ္အတိုင္းအတာအထိ အေထာက္အပံ့ျဖစ္ႏိုင္မလဲဆိုတာကို ျမန္မာ့အေရးသုံးသပ္သူ ဦးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာတုိ႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ေမးခ်င္တာကေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြ၊ ျပည္သူေတြဒုကၡခံစားရတာလဲ (၈) လ ေက်ာ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအေျခအေနမွာ ႏုိုင္ငံတကာရဲ ႔ အခန္းက႑ ဘယ္ေလာက္အေရးႀကီးသလဲဆိုတာကို ေဆြးေႏြးခ်င္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီဟာကို မေျပာခင္မွာ အေျခအေနကို လႊမ္းၿခံဳသံုးသပ္ေပးပါအံုး။ ဘယ္ေလာက္အထိမ်ား ျဖစ္ေနၿပီလဲ။ တိုးတက္ေကာင္းမြန္မယ့္ အလားအလာ၊ တဘက္ဘက္က ရရိွေနၿပီလားဆိုတာကို ေျပာျပပါ။

ေျဖ ။ ။ က်ေနာ့္အျမင္ အခုအေျခအေနက ကိုဗစ္ကပ္ေဘး ဆိုက္ေရာက္တဲ့အခါၾကေတာ့ ကိုဗစ္ရဲ ႔ဒဏ္လည္း ခံရပါတယ္။ ေနာက္တခါၾကေတာ့ အာဏာသိမ္းမႈေနာက္ပိုင္းမွာ စီးပြားပ်က္ကပ္လိုဟာမ်ဳိး ျဖစ္လာေတာ့ က်ေနာ္တို႔ေအာက္ေျခလူတန္းစားနဲ႔ အလယ္အလတ္တန္းစားေတြလည္း ႀကံဳရတဲ့အေနအထား။ တဘက္မွာလဲ ပဋိပကၡက ပိုၿပီးေတာ့ ျပင္းထန္တဲ့အဆင့္တခုကို ေရာက္လာတယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ အခုနေျပာတဲ့ ကိုဗစ္၊ စီးပြားပ်က္ကပ္ေတြနဲ႔ ပဋိပကၡေတြကို ေပါင္းလိုက္တဲ့အခါၾကေတာ့ ပိုၿပီးေတာ့ ေတာ္ေတာ့္ကို ထိခိုက္နစ္နာတဲ့ အေနအထားရိွတယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီလိုျဖစ္ေနၾကတဲ့အခ်ိန္မွာ အေကာင္းဆံုး resolution တနည္းအားျဖင့္ အေကာင္းဆံုးထြက္ေပါက္က ဘာလဲ။ တဘက္ကိုတဘက္ အျပဳတ္တိုက္တဲ့နည္းနဲ႔ ထြက္ေပါက္ရႏုိင္သလား။ သို႔တည္းမဟုတ္ ေစ့စပ္ေျဖရွင္းနည္းလား။ ဘယ္နည္းပိုသင့္ေတာ္မလဲ။ ဘယ္နည္းျဖစ္ႏုိင္မလဲဆိုတာကို နည္းနည္းသံုးသပ္ပါအံုး။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ဒီလိုမ်ဳိးျပႆနာက ေျပလည္သြားမယ့္ အလားအလာေတာ့ ခ်က္ခ်င္းမျမင္ေသးဘူး။ တဘက္ကၾကေတာ့ က်ေနာ္တုိ႔ၾကားရတဲ့ သတင္းေတြအရဆိုရင္ အထူးသျဖင့္ စစ္ကိုင္းတိုင္း၊ မေကြးတုိင္းတုိ႔မွာ pacification လို႔ေခၚတဲ့ ၿငိမ္ဝပ္ပိျပားေရး ထိုးစစ္မ်ဳိးေတြကို လုပ္မယ္ဆိုတဲ့ သတင္းမ်ဳိးလည္း တဘက္က ၾကားရပါတယ္။ တဘက္မွာၾကေတာ့လဲ ဆႏၵျပတဲ့လူေတြနဲ႔ NUG ဘက္ကလဲ ငါတို႔ႏုိင္ေနတယ္ဆိုတဲ့ အျမင္ကလည္း ရိွေနပါေသးတယ္။ ဆိုေတာ့ အဲဒီအေနအထားမွာေတာ့ ႏွစ္ဘက္စလံုးက က်ေနာ္တို႔ေခၚတာကေတာ့ hugging scrimmage သူလည္းနာ ကိုယ္လည္းနာ အေျခအေနမ်ဳိး မေရာက္ေသးတဲ့အခါၾကေတာ့ ေတြ႔ဆံုေဆြးေႏြးေရး စကားဝိုင္းေပၚ ေရာက္လာဖို႔လည္း လမ္းမျမင္ေသးပါဘူး။

ေမး ။ ။ ဆိုေတာ့ ဒီအေျခအေနေတြမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ ႔ ေထာက္ခံမႈ။ ဒီမိုကေရစီ လိုလားၾကတဲ့ဘက္ကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းက သူတုိ႔ဘက္ကို အေလးသာေနတယ္လို႔ ေျပာၾကပါတယ္။ သံုးသပ္သူတခ်ဳိ ႔လည္း ဒီအတိုင္းျမင္ၾကပါတယ္။ ဆိုေတာ့ ႏုိင္ငံတကာအသိုင္းအဝိုင္း အိမ္နီးခ်င္းႏုိင္ငံေတြအပါအဝင္၊ ကုလသမဂၢအပါအဝင္ ကမာၻ႔ႏုိင္ငံေတြသေဘာထားက စစ္အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးဘက္ကို ဘယ္ေလာက္အထိ အေလးသာႏုိင္တဲ့ အေနအထား ရိွပါလဲ။

ေျဖ ။ ။ က်ေနာ့္သံုးသပ္ခ်က္ကေတာ့ ႏုိင္ငံတကာက ဝင္ေရာက္စြက္ဖက္ၿပီးေတာ့ အကူအညီေပးတာမ်ဳိး။ ဆိုလုိတာကေတာ့ အခုလက္ရိွ NUG အပါအဝင္္ တပ္ေတြကို လက္နက္အကူအညီေပးလိုက္မယ္၊ ေငြေၾကးေထာက္ပံ့လိုက္မယ္ဆိုတဲ့ဟာမ်ဳိးကေတာ့ က်ေနာ္ထင္တယ္ ျဖစ္ဖို႔မလြယ္သေလာက္ပါပဲ။ အဲဒီေတာ့ အမ်ားစုကေတာ့ အေနာက္ႏုိင္ငံေတြအပါအဝင္၊ တရုတ္အပါအဝင္ သူတုိ႔က အာဆီယံကိုပဲ ေရွ ႔တန္းတင္ၿပီးေတာ့ လုပ္ေနၾကတာေပါ့။ အထူးသျဖင့္ေတာ့ ASEAN Centrality လို႔ေျပာတဲ့ အာဆီယံကေန ေရွ ႔ဝင္ၿပီးေတာ့ ေျဖရွင္းတဲ့လမ္းေၾကာင္းကိုပဲ ေနာက္ကေန အကုန္လံုးေထာက္ခံအားေပးတဲ့ သေဘာမ်ဳိးနဲ႔ သြားေနတာကိုလည္း ေတြ႔ရတယ္။ အဲဒီေတာ့ အာဆီယံဘက္က ေတာင္းဆိုခ်က္ေတြကလဲ အခုလက္ရိွ ေသြးထြက္သံယိုးျဖစ္ေနတဲ့ ကိစၥေတြကို ရပ္ဆိုင္းဖို႔မ်ဳိးေတြပါတယ္။ ေနာက္တခါ Humanitarian Interventio လို႔ေခၚတဲ့ လူသားခ်င္းစာနာတဲ့ အကူအညီေတြ ဝင္ေရာက္ေပးႏုိင္ဖို႔ဆိုတဲ့ အေနအထားေတြ။ ဒါေတြေဆြးေႏြးေနတာကို ေတြ႔ရပါတယ္။

ေမး ။ ။ ဒါေပမဲ့ အာဆီယံက အဓိကေျပာတာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာင္မွ အာဆီယံကို ေပးမေတြ႔နိုင္ဘူးလို႔ စစ္ေကာင္စီဘက္က ေျပာေနေတာ့ မခက္ဘူးလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ အခုအေျခအေနကေတာ့ ဒီအတိုင္းပဲ ေရွ ႔မတုိးသာ ေနာက္မဆုတ္သာ ျဖစ္ေနတဲ့ အေနအထားမ်ဳိး ျမင္ရတာေပါ့။ အဲဒီအေနအထားမွာေတာ့ က်ေနာ္တုိ႔ အခုျမင္ရသေလာက္ဆိုရင္ အာဆီယံထဲမွာကိုက တခ်ဳိ ႔ႏုိင္ငံေတြက ေတာ္ေတာ္ကို စိတ္ပ်က္လာတဲ့ အေနအထားမ်ဳိးေတြ ေတြ႔ရတယ္။ မေလးရွားက အခုေျပာလာတယ္။ အာဆီယံထိပ္သီးအစည္းအေဝးကို မဖိတ္ဖို႔ဆိုတဲ့ ေျပာတာေတြ ရိွလာတယ္ဆိုေတာ့ အာဆီယံႏုိင္ငံေတြထဲမွာလဲ ဒီလိုမ်ဳိး ေရွ ႔မတိုးႏိုင္တဲ့ အေျခအေနေတြကို စိတ္ပ်က္တဲ့ အေနအထား ရိွလာေနပါတယ္။

ေမး ။ ။ အခုန စစ္ေကာင္စီကို အသိအမွတ္မျပဳဘဲနဲ႔ NUG ကို အသိအမွတ္ျပဳမယ္ဆိုတဲ့ စကား။ အဲဒါလဲပဲ ဒီမိုကေရစီအင္အားစုဘက္က ေမွ်ာ္လင့္ခ်က္ႀကီးတခု ျဖစ္ပါတယ္။ အဓိက ကုလသမဂၢမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ NUG ကို ကိုယ္စားျပဳတဲ့ သံအမတ္ႀကီးကို အသိအမွတ္ျပဳၿပီးေတာ့၊ စစ္ေကာင္စီကို လံုးဝအသိအမွတ္မျပဳဘူးဆိုတဲ့အထိ ျဖစ္လာမလားလို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ေမွ်ာ္လင့္ခ်က္အတိုင္း ျဖစ္လာတယ္ဆိုပါအံုး။ အဲဒါကိုေကာ စစ္ေကာင္စီက ဘယ္ေလာက္ဂရုစိုက္မလဲ။ အဲဒီဟာနဲ႔ ေျပာျပႏုိင္မလား။ ဟိုတုန္းကဆိုရင္ အင္ဒိုနီးရွား၊ ကုလသမဂၢကေတာင္ ႏႈတ္ထြက္ခဲ့ဖူးတာပဲ။ ဆိုဟာတုိလက္ထက္တုန္းက။ အခုေကာ အဲဒီလို သူတုိ႔ကို အသိအမွတ္ျပဳေရး၊ မျပဳေရးကိစၥေတြမွာ NUG ဘက္က အေလးသာသြားရင္ေကာ စစ္ေကာင္စီက အဲဒါကို ဂရုစိုက္ပါ့မလား။ ထိေရာက္ပါ့မလား။ ထင္ပါသလား။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ သံတမန္ေရးလုပ္ငန္းေတြမွာေတာ့ အထူးသျဖင့္ေတာ့ Superpower လို႔ေခၚတဲ့ ႏိုင္ငံႀကီးေတြရဲ ႔ ဆႏၵ။ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားက အမ်ားႀကီးအေရးပါတဲ့ အေနအထား ရိွပါတယ္။ အထူးသျဖင့္ တရုတ္ႏုိင္ငံက က်ေနာ္တို႔နဲ႔ အိမ္နီးခ်င္းလည္းဟုတ္တယ္။ Superpower လည္း ဟုတ္တယ္။ အဲဒီေတာ့ ဒီႏုိင္ငံႀကီးေတြရဲ ႔ သေဘာထားကပဲ အခု UN ရဲ ႔ ဆံုးျဖတ္ခ်က္ေတြ၊ UN ရဲ ႔ သံေရးတမန္ေရး လုပ္ငန္းေတြမွာ အမ်ားႀကီးသက္ေရာက္တယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ေတာ့ ေမွ်ာ္လင့္ခ်က္ထားတာေပါ့။ NUG ကို အသိအမွတ္ျပဳလိုက္မယ္။ ဒီကေနဆက္ၿပီးေတာ့ တိုးသြားမယ္။ က်ေနာ္ထင္တယ္ လက္ေတြ႔အေနအထားမွာ အမ်ားႀကီးခက္လိမ့္မယ္ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အသိအမွတ္ျပဳႏိုင္တဲ့ အလားအလာေကာ ေတြ႔ပါရဲ ႔လား။ သူတုိ႔ကေကာ ဒီေလာက္အထိ စစ္ေကာင္စီကို လံုးဝျပစ္ျပစ္ခါခါ လုပ္ပါ့မလား။ အထူးသျဖင့္ တရုတ္လို ႏုိင္ငံမ်ဳိး။

ေျဖ ။ ။ က်ေနာ္ထင္တာကေတာ့ ႏိုင္ငံတခု အေျပာင္းအလဲ ျဖစ္ဖို႔ဆုိၿပီးေတာ့ က်န္တဲ့ႏုိ္င္ငံတခုက သူ႔ရဲ ႔ ရိွသမွ်အင္အားသံုးၿပီးတာ။ ေနာက္တခါ ကိုယ္တိုင္ကိုယ္က် ဝင္ေရာက္စြက္ဖက္တာတုိ႔က က်ေနာ္ထင္တယ္ ေတာ္ေတာ္ခက္လိမ့္မယ္လို႔ ထင္ပါတယ္။ ေနာက္တခါ အေနာက္ႏုိင္ငံေတြ အထူးသျဖင့္ US, EU ႏုိင္ငံေတြကို ျပန္ၾကည့္ရင္ အာဖရီဂန္စစ္ပြဲက ျပန္ဆုတ္လာတဲ့ေနာက္ပိုင္းမွာ Intervention လို႔ေခၚတဲ့ သူမ်ားႏုိုင္ငံတခုအတြင္းကို ဝင္ေရာက္စြက္ဖက္တဲ့ကိစၥက ေတာ္ေတာ္ေလး ေခတ္မစားေတာ့တဲ့ အယူအဆ ျဖစ္လာတယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီမိုကေရစီ လိုလားတဲ့ ျပည္သူေတြဘက္က အားတက္စရာ။ ဆုိၾကပါစို႔ သူတုိ႔ဘက္က ေမွ်ာ္လင့္ခ်က္။ တနည္းအားျဖင့္ ဒီျပႆနာေျပလည္ေရး။ တုိင္းျပည္ေအးခ်မ္းသာယာေရး ျပန္လည္ရရိွေရးအတြက္ အေကာင္းဆံုးနည္းလမ္းက ဘယ္လိုျဖစ္မယ္လို႔ ထင္ပါသလဲ။ ဘာလုပ္ၾကရမလဲ အဲဒီေတာ့။

ေျဖ ။ ။ က်ေနာ့္အေနနဲ႔ေတာ့ အားလံုးေမွ်ာ္လင့္ခ်က္အတိုင္း ျဖစ္လာလိမ့္မယ္လို႔ အဲဒီလိုမ်ဳိး မေျပာခ်င္ဘူး။ က်ေနာ္ျမင္တာကေတာ့ ေတြ႔ဆံုေဆြးေႏြးေရး စကားဝိုင္းကိုေတာ့ တခ်ိန္ခ်ိန္ေတာ့ ေရာက္ရမွာပဲ။ ဒါေပမဲ့ ဒီေတြ႔ဆံုေဆြးေႏြးေရး စကားဝိုင္းကို ေရာက္ဖို႔က ေတာ္ေတာ္လဲ အခ်ိန္ေတြျဖတ္သန္းရအံုးမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတြ႔ဆံုေဆြးေႏြးေရးဘက္ တင္းမာေနတာလဲ တကယ္ေတာ့ စစ္ေကာင္စီဘက္က တင္းမာေနတာလို႔ ေျပာရမွာေပါ့။ ေစာေစာကေျပာခဲ့သလို ေစ့စပ္ေဆြးေႏြးေပးမယ့္လူ negotiator လာမွာေတာင္မွ ဟိုဘက္နဲ႔ သြားမေတြ႔နဲ႔ သူတုိ႔နဲ႔ပဲ ေတြ႔ရမယ္ဆိုတာက တဘက္သတ္ႀကီး ျဖစ္ေနတယ္လို႔ ထင္တာပဲ။ အဲဒီေတာ့ ဒီစစ္ေကာင္စီကို convince ျဖစ္ေအာင္၊ သူတို႔ သေဘာထား တိမ္းညႊတ္လာေအာင္ ဘယ္လိုမ်ား လုပ္သင့္သလဲ။ အခုန ႏုိင္ငံတကာေကာ၊ ျပည္တြင္းဘက္က စုေပါင္းၿပီးေတာ့ ဘယ္လိုနည္းနဲ႔ ႀကံဆရင္ ေကာင္းမလဲ။ ကိုေအာင္သူၿငိမ္း စဥ္းစားမိတာ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ တြန္းအားေရာ၊ ဆြဲအားေရာ ရိွလိမ့္မယ္လို႔ ယူဆပါတယ္။ အဲဒီေတာ့ အာဆီယံရဲ ႔ အခုလိုမ်ဳိး ခပ္ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ဝင္ေရာက္တဲ့ကိစၥမ်ဳိးေတာင္ လက္မခံႏိုင္ဘူးဆိုရင္ သေဘာကေတာ့ အေနာက္ႏုိင္ငံေတြက ပိုျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္စို႔မႈေတြ လုပ္ဖို႔ဆိုတာ ကိုယ္ကိုယ္တိုင္ ဖိတ္ေခၚသလို ျဖစ္လာတဲ့ အေနအထားပါ။ ေနာက္တခုက အခုလက္ရိွ စစ္ေကာင္စီဘက္ကို ၾကည့္မယ္ဆိုရင္လဲ မဟာမိတ္ သိပ္နည္းတဲ့ အေနအထားမ်ဳိးလို႔ ယူဆလို႔ ရပါတယ္။ အထူးသျဖင့္ေတာ့ ရုရွားနဲ႔ တရုတ္ပဲ ရိွေနတဲ့သေဘာ ျဖစ္ေနတယ္။ ဆုိေတာ့ တရုတ္ႏုိ္င္ငံကို ျပန္ၾကည့္ရင္ေတာင္မွ အခုအေနအထားကို သံုးသပ္ရခက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရး အဓိကက်တဲ့ နယ္စပ္ကုန္သြယ္ေရးေတြဆိုရင္ ကိုဗစ္ေၾကာင့္လို႔ အေၾကာင္းျပတယ္။ နယ္စပ္ကုန္သြယ္ေရးေတြက လံုးဝပိတ္သေလာက္ အေနအထား ရိွေနတယ္။ တဘက္မွာလဲ က်ေနာ္တို႔ တုိင္းျပည္ထဲမွာ ရုန္းကန္ေနရတာက စီးပြားေရး အခက္အခဲကို ရုန္းကန္ေနရေတာ့ က်ေနာ္ထင္တယ္ ဒါကို ဘယ္ေလာက္အထိ တင္းခံမလဲ။ ဒါမွမဟုတ္ တုိင္းျပည္မ်က္နွာၾကည့္ၿပီးေတာ့ ဘယ္လိုလိုက္ေလ်ာၾကမလဲ။ ေတြ႔ဆံုေဆြးေႏြးၾကမလဲဆိုတာ ပိုအေရးႀကီးတယ္ ထင္ပါတယ္။

ေမး ။ ။ စီးပြားေရးလည္း တကယ္ငတ္တာက ျပည္သူ။ အုပ္ခ်ဳပ္တဲ့ လူတန္းစားက မငတ္ပါဘူး။ အဲဒါကတပိုင္း။ ေနာက္တခုက အာဆီယံကို ေရွ ႔တန္းတင္ၿပီးေတာ့ ႏုိင္ငံတကာက ကူညီပံ့ပိုးတဲ့ကိစၥမွာ Humanitarian Assistance ကိစၥ - လူသားခ်င္းစာနာမႈအေထာက္အပံ့ ေပးမယ္ဆိုတဲ့ကိစၥကိုလည္း ျပင္းျပင္းထန္ထန္ ေျပာလာၾကပါတယ္။ အဲဒီလုပ္ငန္းေကာ ဒီစစ္ေကာင္စီနဲ႔ NUG ဒီမိုကေရစီအင္အားစုေတြကို စိတ္ဝမ္းကြဲတုိက္ခိုက္ေနတဲ့ အခ်ိန္မွာ ဘယ္ေလာက္အထိ ထိေရာက္ႏုိင္မလဲ။ ႏုိင္ငံတကာရဲ ႔ စာနာမႈအကူအညီ။ အဲဒါလဲ သံသယ ရိွတယ္။ ဘယ္လိုသေဘာမ်ဳိး ရိွပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ အထူးသျဖင့္ေတာ့ က်ေနာ္တို႔တုိင္းျပည္တြင္းမွာ IDP ျပည္တြင္းဒုကၡသည္ အေရအတြက္က ေတာ္ေတာ္ႀကီးကို သိန္းဂဏန္းနဲ႔ခ်ီ တုိးတက္သြားတဲ့ အေနအထားမ်ဳိး ရိွပါတယ္။ ေနာက္တခါ က်ေနာ္တိို႔ ေတြ႔ေနရတဲ့သတင္းေတြဆိုရင္ - ဆုိပါစို႔ စပါးရိုတ္သိမ္းရေတာ့မယ္အခ်ိန္ ေရာက္လာၿပီ၊ ဒါေပမဲ့ လူေတြက စစ္ေရွာင္ေနရလို႔ မရုိတ္သိမ္းႏိုင္ေတာ့တဲ့ အေျခအေနမ်ဳိး။ ဆိုေတာ့ အဲဒီလို ဘက္ေပါင္းစံုအေျခအေနေၾကာင့္ဆိုိရင္ က်ေနာ္တုိိ႔ အငတ္ေဘးဆိုက္ေရာက္လာႏုိင္တဲ့ အေနအထားလည္း ရိွတယ္ဆိုေတာ့ က်ေနာ္ထင္တယ္ လူသားခ်င္းစာနာမႈအေနနဲ႔ ဝင္ေရာက္စြက္ဖက္တာ၊ အကူအညီေပးတာ ဒါမ်ဳိးကိုေတာ့ က်ေနာ္ထင္တယ္ ေရရွည္ျငင္းပယ္လို႔ မျဖစ္ႏုိ္င္ဘူးလို႔ က်ေနာ္ယူဆပါတယ္။ ဆုိေတာ့ အဲဒီလိုအကူအညီေပးတဲ့အခါမွာလဲ ဘက္ေပါင္းစံု အင္အားစုေတြ ညိွႏိႈင္းၿပီးေတာ့ လုပ္ရမယ္လုိ႔ ထင္ပါတယ္။

ေမး ။ ။ ေနာက္ဆံုး ျပည္သူေတြအားတက္စရာ ေျပာၾကစို႔ဆိုရင္ ဘာေျပာၾကမလဲ။

ေျဖ ။ ။ အခုအခ်ိန္အထိေတာ့ လက္ရိွ စစ္ေကာင္စီကို ေထာက္ခံမႈက ေတာ္ေတာ္နည္းတယ္ဆိုတဲ့ အေနအထားမ်ဳိး ေတြ႔ရပါတယ္။ အထူးသျဖင့္ေတာ့ အႏုပညာရွင္အသိုင္းအဝိုင္း။ က်ေနာ္တို႔ သတင္းစာဆရာေလာက စသျဖင့္ အဲဒီလိုေကာင္စီေတြ ဖြဲ႔တဲ့ေနရာမွာေတာင္ သူတုိ႔ ေသေသခ်ာခ်ာကို မလုပ္ႏုိင္ေသးတဲ့ အေနအထားေတြ ေတြ႔ရပါတယ္။ အဲဒီေတာ့ ျပည္သူလူထုက ဒီလိုပဲ ဆက္ၿပီးေတာ့ တင္းခံဆန္႔က်င္ေနတယ္ဆိုတာလဲ ဒါက အားတက္စရာ အေျခအေနတခုလို႔ ထင္ပါတယ္။


==Unicode==

အာဏာသိမ်းပြီး (၈) လအကြာ မြန်မာနိုင်ငံ အကျပ်အတည်း ပိုဆိုက်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွန်းအားတွေဟာလဲ ပိုများလာနေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့အားတွေဟာ မြန်မာနိုင်ငံအခြေအနေအပေါ် ထိရောက်တဲ့ အကျိုးဆက်ရှိလာနိုင်ပါ့မလား။ ပြဿနာပြေလည်ရေးအတွက် ဘယ်အတိုင်းအတာအထိ အထောက်အပံ့ဖြစ်နိုင်မလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့မေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ ပြည်သူတွေဒုက္ခခံစားရတာလဲ (၈) လ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဟာကို မပြောခင်မှာ အခြေအနေကို လွှမ်းခြုံသုံးသပ်ပေးပါအုံး။ ဘယ်လောက်အထိများ ဖြစ်နေပြီလဲ။ တိုးတက်ကောင်းမွန်မယ့် အလားအလာ၊ တဘက်ဘက်က ရရှိနေပြီလားဆိုတာကို ပြောပြပါ။

ဖြေ ။ ။ ကျနော့်အမြင် အခုအခြေအနေက ကိုဗစ်ကပ်ဘေး ဆိုက်ရောက်တဲ့အခါကြတော့ ကိုဗစ်ရဲ့ဒဏ်လည်း ခံရပါတယ်။ နောက်တခါကြတော့ အာဏာသိမ်းမှုနောက်ပိုင်းမှာ စီးပွားပျက်ကပ်လိုဟာမျိုး ဖြစ်လာတော့ ကျနော်တို့အောက်ခြေလူတန်းစားနဲ့ အလယ်အလတ်တန်းစားတွေလည်း ကြုံရတဲ့အနေအထား။ တဘက်မှာလဲ ပဋိပက္ခက ပိုပြီးတော့ ပြင်းထန်တဲ့အဆင့်တခုကို ရောက်လာတယ်လို့ ထင်ပါတယ်။ အဲဒီတော့ အခုနပြောတဲ့ ကိုဗစ်၊ စီးပွားပျက်ကပ်တွေနဲ့ ပဋိပက္ခတွေကို ပေါင်းလိုက်တဲ့အခါကြတော့ ပိုပြီးတော့ တော်တော့်ကို ထိခိုက်နစ်နာတဲ့ အနေအထားရှိတယ်လို့ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီလိုဖြစ်နေကြတဲ့အချိန်မှာ အကောင်းဆုံး resolution တနည်းအားဖြင့် အကောင်းဆုံးထွက်ပေါက်က ဘာလဲ။ တဘက်ကိုတဘက် အပြုတ်တိုက်တဲ့နည်းနဲ့ ထွက်ပေါက်ရနိုင်သလား။ သို့တည်းမဟုတ် စေ့စပ်ဖြေရှင်းနည်းလား။ ဘယ်နည်းပိုသင့်တော်မလဲ။ ဘယ်နည်းဖြစ်နိုင်မလဲဆိုတာကို နည်းနည်းသုံးသပ်ပါအုံး။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ဒီလိုမျိုးပြဿနာက ပြေလည်သွားမယ့် အလားအလာတော့ ချက်ချင်းမမြင်သေးဘူး။ တဘက်ကကြတော့ ကျနော်တို့ကြားရတဲ့ သတင်းတွေအရဆိုရင် အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ pacification လို့ခေါ်တဲ့ ငြိမ်ဝပ်ပိပြားရေး ထိုးစစ်မျိုးတွေကို လုပ်မယ်ဆိုတဲ့ သတင်းမျိုးလည်း တဘက်က ကြားရပါတယ်။ တဘက်မှာကြတော့လဲ ဆန္ဒပြတဲ့လူတွေနဲ့ NUG ဘက်ကလဲ ငါတို့နိုင်နေတယ်ဆိုတဲ့ အမြင်ကလည်း ရှိနေပါသေးတယ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ နှစ်ဘက်စလုံးက ကျနော်တို့ခေါ်တာကတော့ hugging scrimmage သူလည်းနာ ကိုယ်လည်းနာ အခြေအနေမျိုး မရောက်သေးတဲ့အခါကြတော့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ် ရောက်လာဖို့လည်း လမ်းမမြင်သေးပါဘူး။

မေး ။ ။ ဆိုတော့ ဒီအခြေအနေတွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှု။ ဒီမိုကရေစီ လိုလားကြတဲ့ဘက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ဘက်ကို အလေးသာနေတယ်လို့ ပြောကြပါတယ်။ သုံးသပ်သူတချို့လည်း ဒီအတိုင်းမြင်ကြပါတယ်။ ဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်း အိမ်နီးချင်းနိုင်ငံတွေအပါအဝင်၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေသဘောထားက စစ်အာဏာရှင် ချုပ်ငြိမ်းရေးဘက်ကို ဘယ်လောက်အထိ အလေးသာနိုင်တဲ့ အနေအထား ရှိပါလဲ။

ဖြေ ။ ။ ကျနော့်သုံးသပ်ချက်ကတော့ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ပြီးတော့ အကူအညီပေးတာမျိုး။ ဆိုလိုတာကတော့ အခုလက်ရှိ NUG အပါအဝင် တပ်တွေကို လက်နက်အကူအညီပေးလိုက်မယ်၊ ငွေကြေးထောက်ပံ့လိုက်မယ်ဆိုတဲ့ဟာမျိုးကတော့ ကျနော်ထင်တယ် ဖြစ်ဖို့မလွယ်သလောက်ပါပဲ။ အဲဒီတော့ အများစုကတော့ အနောက်နိုင်ငံတွေအပါအဝင်၊ တရုတ်အပါအဝင် သူတို့က အာဆီယံကိုပဲ ရှေ့တန်းတင်ပြီးတော့ လုပ်နေကြတာပေါ့။ အထူးသဖြင့်တော့ ASEAN Centrality လို့ပြောတဲ့ အာဆီယံကနေ ရှေ့ဝင်ပြီးတော့ ဖြေရှင်းတဲ့လမ်းကြောင်းကိုပဲ နောက်ကနေ အကုန်လုံးထောက်ခံအားပေးတဲ့ သဘောမျိုးနဲ့ သွားနေတာကိုလည်း တွေ့ရတယ်။ အဲဒီတော့ အာဆီယံဘက်က တောင်းဆိုချက်တွေကလဲ အခုလက်ရှိ သွေးထွက်သံယိုးဖြစ်နေတဲ့ ကိစ္စတွေကို ရပ်ဆိုင်းဖို့မျိုးတွေပါတယ်။ နောက်တခါ Humanitarian Interventio လို့ခေါ်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဝင်ရောက်ပေးနိုင်ဖို့ဆိုတဲ့ အနေအထားတွေ။ ဒါတွေဆွေးနွေးနေတာကို တွေ့ရပါတယ်။

မေး ။ ။ ဒါပေမဲ့ အာဆီယံက အဓိကပြောတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင်မှ အာဆီယံကို ပေးမတွေ့နိုင်ဘူးလို့ စစ်ကောင်စီဘက်က ပြောနေတော့ မခက်ဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ အခုအခြေအနေကတော့ ဒီအတိုင်းပဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အနေအထားမျိုး မြင်ရတာပေါ့။ အဲဒီအနေအထားမှာတော့ ကျနော်တို့ အခုမြင်ရသလောက်ဆိုရင် အာဆီယံထဲမှာကိုက တချို့နိုင်ငံတွေက တော်တော်ကို စိတ်ပျက်လာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ မလေးရှားက အခုပြောလာတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ဆိုတဲ့ ပြောတာတွေ ရှိလာတယ်ဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာလဲ ဒီလိုမျိုး ရှေ့မတိုးနိုင်တဲ့ အခြေအနေတွေကို စိတ်ပျက်တဲ့ အနေအထား ရှိလာနေပါတယ်။

မေး ။ ။ အခုန စစ်ကောင်စီကို အသိအမှတ်မပြုဘဲနဲ့ NUG ကို အသိအမှတ်ပြုမယ်ဆိုတဲ့ စကား။ အဲဒါလဲပဲ ဒီမိုကရေစီအင်အားစုဘက်က မျှော်လင့်ချက်ကြီးတခု ဖြစ်ပါတယ်။ အဓိက ကုလသမဂ္ဂမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ NUG ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးကို အသိအမှတ်ပြုပြီးတော့၊ စစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘူးဆိုတဲ့အထိ ဖြစ်လာမလားလို့ မျှော်လင့်နေကြပါတယ်။ မျှော်လင့်ချက်အတိုင်း ဖြစ်လာတယ်ဆိုပါအုံး။ အဲဒါကိုကော စစ်ကောင်စီက ဘယ်လောက်ဂရုစိုက်မလဲ။ အဲဒီဟာနဲ့ ပြောပြနိုင်မလား။ ဟိုတုန်းကဆိုရင် အင်ဒိုနီးရှား၊ ကုလသမဂ္ဂကတောင် နှုတ်ထွက်ခဲ့ဖူးတာပဲ။ ဆိုဟာတိုလက်ထက်တုန်းက။ အခုကော အဲဒီလို သူတို့ကို အသိအမှတ်ပြုရေး၊ မပြုရေးကိစ္စတွေမှာ NUG ဘက်က အလေးသာသွားရင်ကော စစ်ကောင်စီက အဲဒါကို ဂရုစိုက်ပါ့မလား။ ထိရောက်ပါ့မလား။ ထင်ပါသလား။

ဖြေ ။ ။ ကျနော်မြင်တာကတော့ သံတမန်ရေးလုပ်ငန်းတွေမှာတော့ အထူးသဖြင့်တော့ Superpower လို့ခေါ်တဲ့ နိုင်ငံကြီးတွေရဲ့ ဆန္ဒ။ သူတို့ရဲ့ အကျိုးစီးပွားက အများကြီးအရေးပါတဲ့ အနေအထား ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ကျနော်တို့နဲ့ အိမ်နီးချင်းလည်းဟုတ်တယ်။ Superpower လည်း ဟုတ်တယ်။ အဲဒီတော့ ဒီနိုင်ငံကြီးတွေရဲ့ သဘောထားကပဲ အခု UN ရဲ့ ဆုံးဖြတ်ချက်တွေ၊ UN ရဲ့ သံရေးတမန်ရေး လုပ်ငန်းတွေမှာ အများကြီးသက်ရောက်တယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျနော်တို့တော့ မျှော်လင့်ချက်ထားတာပေါ့။ NUG ကို အသိအမှတ်ပြုလိုက်မယ်။ ဒီကနေဆက်ပြီးတော့ တိုးသွားမယ်။ ကျနော်ထင်တယ် လက်တွေ့အနေအထားမှာ အများကြီးခက်လိမ့်မယ် ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ အသိအမှတ်ပြုနိုင်တဲ့ အလားအလာကော တွေ့ပါရဲ့လား။ သူတို့ကကော ဒီလောက်အထိ စစ်ကောင်စီကို လုံးဝပြစ်ပြစ်ခါခါ လုပ်ပါ့မလား။ အထူးသဖြင့် တရုတ်လို နိုင်ငံမျိုး။

ဖြေ ။ ။ ကျနော်ထင်တာကတော့ နိုင်ငံတခု အပြောင်းအလဲ ဖြစ်ဖို့ဆိုပြီးတော့ ကျန်တဲ့နိုင်ငံတခုက သူ့ရဲ့ ရှိသမျှအင်အားသုံးပြီးတာ။ နောက်တခါ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်တာတို့က ကျနော်ထင်တယ် တော်တော်ခက်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခါ အနောက်နိုင်ငံတွေ အထူးသဖြင့် US, EU နိုင်ငံတွေကို ပြန်ကြည့်ရင် အာဖရီဂန်စစ်ပွဲက ပြန်ဆုတ်လာတဲ့နောက်ပိုင်းမှာ Intervention လို့ခေါ်တဲ့ သူများနိုင်ငံတခုအတွင်းကို ဝင်ရောက်စွက်ဖက်တဲ့ကိစ္စက တော်တော်လေး ခေတ်မစားတော့တဲ့ အယူအဆ ဖြစ်လာတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေဘက်က အားတက်စရာ။ ဆိုကြပါစို့ သူတို့ဘက်က မျှော်လင့်ချက်။ တနည်းအားဖြင့် ဒီပြဿနာပြေလည်ရေး။ တိုင်းပြည်အေးချမ်းသာယာရေး ပြန်လည်ရရှိရေးအတွက် အကောင်းဆုံးနည်းလမ်းက ဘယ်လိုဖြစ်မယ်လို့ ထင်ပါသလဲ။ ဘာလုပ်ကြရမလဲ အဲဒီတော့။

ဖြေ ။ ။ ကျနော့်အနေနဲ့တော့ အားလုံးမျှော်လင့်ချက်အတိုင်း ဖြစ်လာလိမ့်မယ်လို့ အဲဒီလိုမျိုး မပြောချင်ဘူး။ ကျနော်မြင်တာကတော့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကိုတော့ တချိန်ချိန်တော့ ရောက်ရမှာပဲ။ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကို ရောက်ဖို့က တော်တော်လဲ အချိန်တွေဖြတ်သန်းရအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတွေ့ဆုံဆွေးနွေးရေးဘက် တင်းမာနေတာလဲ တကယ်တော့ စစ်ကောင်စီဘက်က တင်းမာနေတာလို့ ပြောရမှာပေါ့။ စောစောကပြောခဲ့သလို စေ့စပ်ဆွေးနွေးပေးမယ့်လူ negotiator လာမှာတောင်မှ ဟိုဘက်နဲ့ သွားမတွေ့နဲ့ သူတို့နဲ့ပဲ တွေ့ရမယ်ဆိုတာက တဘက်သတ်ကြီး ဖြစ်နေတယ်လို့ ထင်တာပဲ။ အဲဒီတော့ ဒီစစ်ကောင်စီကို convince ဖြစ်အောင်၊ သူတို့ သဘောထား တိမ်းညွှတ်လာအောင် ဘယ်လိုများ လုပ်သင့်သလဲ။ အခုန နိုင်ငံတကာကော၊ ပြည်တွင်းဘက်က စုပေါင်းပြီးတော့ ဘယ်လိုနည်းနဲ့ ကြံဆရင် ကောင်းမလဲ။ ကိုအောင်သူငြိမ်း စဉ်းစားမိတာ ရှိပါသလား။

ဖြေ ။ ။ ကျနော်မြင်တာကတော့ တွန်းအားရော၊ ဆွဲအားရော ရှိလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီတော့ အာဆီယံရဲ့ အခုလိုမျိုး ခပ်ပျော့ပျော့ပြောင်းပြောင်း ဝင်ရောက်တဲ့ကိစ္စမျိုးတောင် လက်မခံနိုင်ဘူးဆိုရင် သဘောကတော့ အနောက်နိုင်ငံတွေက ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်စို့မှုတွေ လုပ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင် ဖိတ်ခေါ်သလို ဖြစ်လာတဲ့ အနေအထားပါ။ နောက်တခုက အခုလက်ရှိ စစ်ကောင်စီဘက်ကို ကြည့်မယ်ဆိုရင်လဲ မဟာမိတ် သိပ်နည်းတဲ့ အနေအထားမျိုးလို့ ယူဆလို့ ရပါတယ်။ အထူးသဖြင့်တော့ ရုရှားနဲ့ တရုတ်ပဲ ရှိနေတဲ့သဘော ဖြစ်နေတယ်။ ဆိုတော့ တရုတ်နိုင်ငံကို ပြန်ကြည့်ရင်တောင်မှ အခုအနေအထားကို သုံးသပ်ရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးတွေဆိုရင် ကိုဗစ်ကြောင့်လို့ အကြောင်းပြတယ်။ နယ်စပ်ကုန်သွယ်ရေးတွေက လုံးဝပိတ်သလောက် အနေအထား ရှိနေတယ်။ တဘက်မှာလဲ ကျနော်တို့ တိုင်းပြည်ထဲမှာ ရုန်းကန်နေရတာက စီးပွားရေး အခက်အခဲကို ရုန်းကန်နေရတော့ ကျနော်ထင်တယ် ဒါကို ဘယ်လောက်အထိ တင်းခံမလဲ။ ဒါမှမဟုတ် တိုင်းပြည်မျက်နှာကြည့်ပြီးတော့ ဘယ်လိုလိုက်လျောကြမလဲ။ တွေ့ဆုံဆွေးနွေးကြမလဲဆိုတာ ပိုအရေးကြီးတယ် ထင်ပါတယ်။

မေး ။ ။ စီးပွားရေးလည်း တကယ်ငတ်တာက ပြည်သူ။ အုပ်ချုပ်တဲ့ လူတန်းစားက မငတ်ပါဘူး။ အဲဒါကတပိုင်း။ နောက်တခုက အာဆီယံကို ရှေ့တန်းတင်ပြီးတော့ နိုင်ငံတကာက ကူညီပံ့ပိုးတဲ့ကိစ္စမှာ Humanitarian Assistance ကိစ္စ - လူသားချင်းစာနာမှုအထောက်အပံ့ ပေးမယ်ဆိုတဲ့ကိစ္စကိုလည်း ပြင်းပြင်းထန်ထန် ပြောလာကြပါတယ်။ အဲဒီလုပ်ငန်းကော ဒီစစ်ကောင်စီနဲ့ NUG ဒီမိုကရေစီအင်အားစုတွေကို စိတ်ဝမ်းကွဲတိုက်ခိုက်နေတဲ့ အချိန်မှာ ဘယ်လောက်အထိ ထိရောက်နိုင်မလဲ။ နိုင်ငံတကာရဲ့ စာနာမှုအကူအညီ။ အဲဒါလဲ သံသယ ရှိတယ်။ ဘယ်လိုသဘောမျိုး ရှိပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့တိုင်းပြည်တွင်းမှာ IDP ပြည်တွင်းဒုက္ခသည် အရေအတွက်က တော်တော်ကြီးကို သိန်းဂဏန်းနဲ့ချီ တိုးတက်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ နောက်တခါ ကျနော်တို့ တွေ့နေရတဲ့သတင်းတွေဆိုရင် - ဆိုပါစို့ စပါးရိုတ်သိမ်းရတော့မယ်အချိန် ရောက်လာပြီ၊ ဒါပေမဲ့ လူတွေက စစ်ရှောင်နေရလို့ မရိုတ်သိမ်းနိုင်တော့တဲ့ အခြေအနေမျိုး။ ဆိုတော့ အဲဒီလို ဘက်ပေါင်းစုံအခြေအနေကြောင့်ဆိုရင် ကျနော်တို့ အငတ်ဘေးဆိုက်ရောက်လာနိုင်တဲ့ အနေအထားလည်း ရှိတယ်ဆိုတော့ ကျနော်ထင်တယ် လူသားချင်းစာနာမှုအနေနဲ့ ဝင်ရောက်စွက်ဖက်တာ၊ အကူအညီပေးတာ ဒါမျိုးကိုတော့ ကျနော်ထင်တယ် ရေရှည်ငြင်းပယ်လို့ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆပါတယ်။ ဆိုတော့ အဲဒီလိုအကူအညီပေးတဲ့အခါမှာလဲ ဘက်ပေါင်းစုံ အင်အားစုတွေ ညှိနှိုင်းပြီးတော့ လုပ်ရမယ်လို့ ထင်ပါတယ်။

မေး ။ ။ နောက်ဆုံး ပြည်သူတွေအားတက်စရာ ပြောကြစို့ဆိုရင် ဘာပြောကြမလဲ။

ဖြေ ။ ။ အခုအချိန်အထိတော့ လက်ရှိ စစ်ကောင်စီကို ထောက်ခံမှုက တော်တော်နည်းတယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ အထူးသဖြင့်တော့ အနုပညာရှင်အသိုင်းအဝိုင်း။ ကျနော်တို့ သတင်းစာဆရာလောက စသဖြင့် အဲဒီလိုကောင်စီတွေ ဖွဲ့တဲ့နေရာမှာတောင် သူတို့ သေသေချာချာကို မလုပ်နိုင်သေးတဲ့ အနေအထားတွေ တွေ့ရပါတယ်။ အဲဒီတော့ ပြည်သူလူထုက ဒီလိုပဲ ဆက်ပြီးတော့ တင်းခံဆန့်ကျင်နေတယ်ဆိုတာလဲ ဒါက အားတက်စရာ အခြေအနေတခုလို့ ထင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG