ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္
အာဏာသိမ္းတပ္ရဲ ႔ တုိက္ခိုက္မႈကို တြန္းလွန္ဖို႔အတြက္ တျပည္လံုးမွာ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဖြဲ႔စည္းၿပီး လက္တံု႔ျပန္ၾကပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းရိွတဲ့ ျပည္နယ္ေတြမွာလည္း PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဖြဲ႔စည္းပါတယ္။ အာဏာသိမ္းတပ္ကို ဘံုရန္သူအျဖစ္ ပစ္မွတ္ထားတဲ့ လက္နက္ကိုင္အဖြဲ႔ေတြ ပူးေပါင္းလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ၾကပါတယ္။ ရွမ္းျပည္နယ္က PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ပူးေပါင္းၿပီး ရွမ္းျပည္ေသြးစည္း ညီညႊတ္ေရးတပ္ေပါင္းစုကို တည္ေထာင္လိုက္ေၾကာင္း စက္တင္ဘာ (၄) ရက္ေန႔က ေၾကညာပါတယ္။
စစ္အာဏာမသိမ္းမီ ဇန္နဝါရီလအေစာပိုင္းမွာ NLD ပါတီဟာ အမ်ဳိးသားညီညႊတ္ေရးအစိုးရဖြဲ႔ဖို႔ ရည္ရြယ္ၿပီး၊ တိုင္းရင္းသား (၄၈) ပါတီနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ေနတုန္းမွာ စစ္တပ္က အာဏာသိမ္းလိုက္တာ ျဖစ္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြမ်ားသလို စစ္တပ္ကလည္း တုိ္င္းရင္းသားအုပ္စုထဲမွာ အၿမဲတမ္းအကြဲအၿပဲ ျဖစ္ေနေအာင္ လုပ္ႏုိင္စြမ္းရိွတာ ေတြ႔ရပါတယ္။ လက္ရိွ CDM အုပ္စုေတြထဲမွာ အၿမဲတမ္းအကြဲအၿပဲ ျဖစ္ေနေအာင္ လုပ္ႏုိင္စြမ္းရိွတာ ေတြ႔ရပါတယ္။ လက္ရိွ CDM လႈပ္ရွားမႈ၊ ျပည္သူ႔ဆန္႔က်င္မႈနဲ႔ တပ္တြင္းပုန္ကန္မႈဟာ အရင္နဲ႔မတူ တမူျခားနားေပမယ့္ တိုင္းရင္းသားတပ္ဖြဲ႔ေတြထဲမွာေတာ့ အေျခအေန ေျပာင္းလဲတာမ်ဳိး သိပ္မရိွေသးသလို ျဖစ္ေနပါတယ္။
NCA ႏိုင္ငံလံုးဆိုင္ရာ အပစ္ရပ္သေဘာတူခ်က္ကို လက္မွတ္ထိုးထားတဲ့ တပ္ဖြဲ႔ (၁၀) ဖြဲ႔ထဲမွာလည္း သေဘာထားအမ်ဳိးမ်ဳိး ကြဲလြဲေနပံု ရပါတယ္။ NCA အဖြဲ႔ဝင္ေတြ ပံုမွန္က်င္းပတဲ့ အြန္လိုင္းေဆြးေႏြးပြဲေတြမွာ NUG အစိုးရကို ဝိုင္းရံပံ့ပိုးမယ္လို႔ ေၾကညာတာမ်ဳိးေတြ ရိွသလို၊ အာဏာသိမ္းေကာင္စီနဲ႔ ေတြ႔ဆံုေဆြးေႏြးေနတဲ့ အဖြဲ႔ေတြလည္း ရိွပါတယ္။ ဥပမာ DKBA ကရင္အဖြဲ႔နဲ႔ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔ဟာ ေနျပည္ေတာ္ကို သြားေရာက္ေဆြးေႏြးေပမယ့္ KNU ကရင္အဖြဲ႔နဲ႔ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔ဟာ ေနျပည္ေတာ္ကို သြားေရာက္ေဆြးေႏြးေပမယ့္ KNU ကရင္အဖြဲ႔ရဲ ႔ လက္ေအာက္ခံတပ္အခ်ဳိ ႔ဟာ NUG ကို ထိထိေရာက္ေရာက္ ကူညီေနပါတယ္။ NCA အပစ္ရပ္ (၁၀) ဖြဲ႔ထဲမွာ NUG အမ်ဳိးသားညီညႊတ္ေရးအစိုးရနဲ႔ ပထမဆံုး ပူးေပါင္းေဆာင္ရြက္တဲ့အဖြဲ႔ဟာ CNF ခ်င္းအမ်ဳိးသားတပ္ဦး ျဖစ္ပါတယ္။ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ SSA ေတာင္ပိုင္းတပ္ဖြဲ႔ကေတာ့ SSA ေျမာက္ပိုင္းတပ္ဖြဲ႔ကို တိုက္ဖုိ႔သာ စိတ္ဝင္စားပံုရပါတယ္။ တခ်ဳိ ႔ကလည္း အပစ္ရပ္စာခ်ဳပ္ ပ်က္ျပယ္သြားၿပီလို႔ ဆိုပါတယ္။
NCA အပစ္ရပ္စာခ်ဳပ္နဲ႔ ပတ္သက္ၿပီး အဖြဲ႔အမ်ဳိးမ်ဳိး အျမင္အမ်ဳိးမ်ဳိး ရိွၾကတာမို႔ အျငင္းပြားစရာ ျဖစ္ေနပါတယ္။ ကရင္နဲ႔ ရွမ္းျပည္နယ္မွာ အဖြဲ႔အစည္းနဲ႔ အဖြဲ႔ခြဲေတြအမ်ဳိးမ်ဳိး ေပၚေပါက္လာတာကိုၾကည့္ရင္ ဘံုရန္သူကို ရန္ဆိုင္ရာမွာ အခက္အခဲ အမ်ားႀကီးရိွတာကို ေတြ႔ရပါတယ္။ တပ္မေတာ္ဟာ တိုင္းရင္းသားစည္းလံုးညီညႊတ္မႈကို ၿဖိဳခြဲရာမွာ အခက္အခဲအမ်ားႀကီးရိွတာ ေတြ႔ရပါတယ္။ တပ္မေတာ္ဟာ တိုင္းရင္းသား စည္းလံုးညီညႊတ္မႈကို ၿဖိဳခြဲရာမွာ အေတြ႔အႀကံဳမ်ားတဲ့ အဖြဲ႔အစည္း ျဖစ္ပါတယ္။ KNU အဖြဲ႔ႀကီးထဲကေန အဖြဲ႔ေလးေတြ ခြဲထြက္ေအာင္လုပ္တဲ့ အစဥ္အလာ ရိွပါတယ္။ KNU က ခြဲထြက္တဲ့ DKBA ကရင္ဗုဒၶဘာသာတပ္ကို နယ္ျခားေစာင့္တပ္ BGF အျဖစ္ အသြင္းေျပာင္းႏိုင္တာ တပ္မေတာ္ပါ။ ေတာ္လွန္ေရးသက္တမ္းရင့္ေလေလ အဖြဲ႔ခြဲေတြ မ်ားေလေလ ျဖစ္လာပါတယ္။
ကရင္ျပည္နယ္မွာ တပ္မေတာ္လက္ေအာက္ခံ BGF တပ္ (၁၃) ခု ရိွတဲ့အနက္ (၁၂) ခုက DKBA တပ္ဖြဲ႔ေတြျဖစ္ေနၿပီး၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီမွာ ၾကာအင္ဆိပ္ႀကီး အေျခစိုက္တပ္ဖြဲ႔တခုသာ ရိွပါတယ္။ လိႈင္းဘြဲ႔၊ ဘားအံ့၊ ဖာပြန္၊ ျမဝတီနဲ႔ ေကာကရိတ္မွာ DKBA တျဖစ္လဲ့ နယ္ျခားေစာင့္တပ္ေတြ အေျခစိုက္ပါတယ္။ ရွမ္းျပည္နယ္မွာေတာ့ နယ္ျခားေစာင့္တပ္က (၅) တပ္သာရိွၿပီး၊ ျပည္သူ႔စစ္ (၄၂) ခုေက်ာ္ ရိွပါတယ္။ ကခ်င္ျပည္နယ္မွာ KIA က ခြဲထြက္တဲ့ NDA-K အဖြဲ႔ကို ဖြဲ႔စည္းထားတဲ့ နယ္ျခားေစာင့္တပ္ (၃) တပ္ ရိွပါတယ္။ ကယားျပည္နယ္မွာလည္း ကရင္နီတပ္မႀကီးကေန ခြဲထြက္တဲ့ နယ္ျခားေစာင့္တပ္ (၃) ခု ရိွပါတယ္။ အပစ္ရပ္တပ္ဖြဲ႔ႀကီးေတြကို နယ္ျခားေစာင့္တပ္အျဖစ္ အသြင္မေျပာင္းႏိုင္ေပမယ့္ အဖြဲ႔ခြဲေတြကို တပ္မေတာ္က လက္ေအာက္ခံဘဝေရာက္ေအာင္ လုပ္ႏုိင္တာ ေတြ႔ရပါတယ္။
ဗိုလ္ခ်ဳပ္ေနဝင္းႀကီးစိုးတဲ့ မဆလဆိုရွယ္လစ္ေခတ္ကလည္း တိုင္းရင္းသားလက္နက္ကိုင္ေတြ စုေဝးတဲ့ အသင္းအဖြဲ႔ေတြ ရိွပါတယ္။ ကခ်င္၊ ကရင္၊ ကယန္း၊ ကရင္နီ၊ လားဟူ၊ ပေလာင္၊ ပအို႔၊ ရွမ္း၊ ခ်င္း၊ မြန္နဲ႔ ဝ တိုင္းရင္းသား (၁၁) ဖြဲ႔ ပါဝင္တဲ့ ‘မဒတ’ အမ်ဳိးသားဒီမိုကေရစီတပ္ဦးကို ၁၉၇၅ မွာ တည္ေထာင္ပါတယ္။ ၁၉၈၈ အေရးေတာ္ပံုကို စစ္တပ္က ၿဖိဳခြဲၿပီး မၾကာမီမွာ ‘မဒတ’ နဲ႔ ေက်ာင္းသားအဖြဲ႔၊ ရဟန္းပ်ဳိမ်ားအဖြဲ႔၊ ျပည္ပေရာက္ ျမန္မာအဖြဲ႔စတဲ့ အဖြဲ႔အစည္းအမ်ဳိးမ်ဳိး စုေပါင္းၿပီး၊ DAB လို႔ေခၚတဲ့ ျမန္မာ့ဒီမိုကေရစီ မဟာမိတ္တပ္ေပါင္းစုကို ထိုင္း-ျမန္မာ နယ္စပ္မွာ တည္ေထာင္ပါတယ္။
ရည္ရြယ္ခ်က္ကေတာ့ နဝတစစ္အစိုးရကို ျဖဳတ္ခ်ဖို႔ပါပဲ။ ၁၉၈၉ ဒီဇင္ဘာလမွာ စစ္အစိုးရနဲ႔ အုိးစားကြဲသြားတဲ့ ဗိုလမွဴးႀကီးစိန္ျမ ဦးေဆာင္တဲ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ ေပၚထြက္လာပါေသးတယ္။ ၁၉၉၂ မွာ လက္နက္ကိုင္ေတြကို ႏိုင္ငံေရးပါတီ တည္ေထာင္ခြင့္နဲ႔ စီးပြားေရးလုပ္ခြင့္ေပးတာကို တိုင္းရင္းသားအဖြဲ႔ (၉) ဖြဲ႔က လက္ခံလိုက္တဲ့အခါ စစ္အစိုးရရဲ ႔ ႏိုင္ငံေရးကစားကြက္ထဲ ဝင္ကၾကတဲ့အျဖစ္ကို ေရာက္သြားပါတယ္။ ျပည္သူ႔ပါတီ NLD ကသာ စစ္အာဏာရွင္စနစ္ နိဂံုးခ်ဳပ္ေစမွာမို႔ ဒီလိုမျဖစ္ေအာင္ အာဏာသိမ္းတာပါပဲ။ ဒါေပမဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဟာ အာဏာသိမ္းတာကို ဘံုရန္သူအျဖစ္ သတ္မွတ္ၿပီး တစည္းတလံုးတည္း လႈပ္ရွားေရးမွာ မျပတ္မသား ျဖစ္ေနၾကပံု ရပါတယ္။
== Unicode ==
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
အာဏာသိမ်းတပ်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့အတွက် တပြည်လုံးမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး လက်တုံ့ပြန်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ ပြည်နယ်တွေမှာလည်း PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပါတယ်။ အာဏာသိမ်းတပ်ကို ဘုံရန်သူအဖြစ် ပစ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းလာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ရှမ်းပြည်နယ်က PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်း ညီညွှတ်ရေးတပ်ပေါင်းစုကို တည်ထောင်လိုက်ကြောင်း စက်တင်ဘာ (၄) ရက်နေ့က ကြေညာပါတယ်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအစောပိုင်းမှာ NLD ပါတီဟာ အမျိုးသားညီညွှတ်ရေးအစိုးရဖွဲ့ဖို့ ရည်ရွယ်ပြီး၊ တိုင်းရင်းသား (၄၈) ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတုန်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေများသလို စစ်တပ်ကလည်း တိုင်းရင်းသားအုပ်စုထဲမှာ အမြဲတမ်းအကွဲအပြဲ ဖြစ်နေအောင် လုပ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ လက်ရှိ CDM အုပ်စုတွေထဲမှာ အမြဲတမ်းအကွဲအပြဲ ဖြစ်နေအောင် လုပ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ လက်ရှိ CDM လှုပ်ရှားမှု၊ ပြည်သူ့ဆန့်ကျင်မှုနဲ့ တပ်တွင်းပုန်ကန်မှုဟာ အရင်နဲ့မတူ တမူခြားနားပေမယ့် တိုင်းရင်းသားတပ်ဖွဲ့တွေထဲမှာတော့ အခြေအနေ ပြောင်းလဲတာမျိုး သိပ်မရှိသေးသလို ဖြစ်နေပါတယ်။
NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူချက်ကို လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ (၁၀) ဖွဲ့ထဲမှာလည်း သဘောထားအမျိုးမျိုး ကွဲလွဲနေပုံ ရပါတယ်။ NCA အဖွဲ့ဝင်တွေ ပုံမှန်ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲတွေမှာ NUG အစိုးရကို ဝိုင်းရံပံ့ပိုးမယ်လို့ ကြေညာတာမျိုးတွေ ရှိသလို၊ အာဏာသိမ်းကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဥပမာ DKBA ကရင်အဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ဆွေးနွေးပေမယ့် KNU ကရင်အဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ဆွေးနွေးပေမယ့် KNU ကရင်အဖွဲ့ရဲ့ လက်အောက်ခံတပ်အချို့ဟာ NUG ကို ထိထိရောက်ရောက် ကူညီနေပါတယ်။ NCA အပစ်ရပ် (၁၀) ဖွဲ့ထဲမှာ NUG အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ဟာ CNF ချင်းအမျိုးသားတပ်ဦး ဖြစ်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ SSA မြောက်ပိုင်းတပ်ဖွဲ့ကို တိုက်ဖို့သာ စိတ်ဝင်စားပုံရပါတယ်။ တချို့ကလည်း အပစ်ရပ်စာချုပ် ပျက်ပြယ်သွားပြီလို့ ဆိုပါတယ်။
NCA အပစ်ရပ်စာချုပ်နဲ့ ပတ်သက်ပြီး အဖွဲ့အမျိုးမျိုး အမြင်အမျိုးမျိုး ရှိကြတာမို့ အငြင်းပွားစရာ ဖြစ်နေပါတယ်။ ကရင်နဲ့ ရှမ်းပြည်နယ်မှာ အဖွဲ့အစည်းနဲ့ အဖွဲ့ခွဲတွေအမျိုးမျိုး ပေါ်ပေါက်လာတာကိုကြည့်ရင် ဘုံရန်သူကို ရန်ဆိုင်ရာမှာ အခက်အခဲ အများကြီးရှိတာကို တွေ့ရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖြိုခွဲရာမှာ အခက်အခဲအများကြီးရှိတာ တွေ့ရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ဖြိုခွဲရာမှာ အတွေ့အကြုံများတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ KNU အဖွဲ့ကြီးထဲကနေ အဖွဲ့လေးတွေ ခွဲထွက်အောင်လုပ်တဲ့ အစဉ်အလာ ရှိပါတယ်။ KNU က ခွဲထွက်တဲ့ DKBA ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်းပြောင်းနိုင်တာ တပ်မတော်ပါ။ တော်လှန်ရေးသက်တမ်းရင့်လေလေ အဖွဲ့ခွဲတွေ များလေလေ ဖြစ်လာပါတယ်။
ကရင်ပြည်နယ်မှာ တပ်မတော်လက်အောက်ခံ BGF တပ် (၁၃) ခု ရှိတဲ့အနက် (၁၂) ခုက DKBA တပ်ဖွဲ့တွေဖြစ်နေပြီး၊ ကရင်ငြိမ်းချမ်းရေးကောင်စီမှာ ကြာအင်ဆိပ်ကြီး အခြေစိုက်တပ်ဖွဲ့တခုသာ ရှိပါတယ်။ လှိုင်းဘွဲ့၊ ဘားအံ့၊ ဖာပွန်၊ မြဝတီနဲ့ ကောကရိတ်မှာ DKBA တဖြစ်လဲ့ နယ်ခြားစောင့်တပ်တွေ အခြေစိုက်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ နယ်ခြားစောင့်တပ်က (၅) တပ်သာရှိပြီး၊ ပြည်သူ့စစ် (၄၂) ခုကျော် ရှိပါတယ်။ ကချင်ပြည်နယ်မှာ KIA က ခွဲထွက်တဲ့ NDA-K အဖွဲ့ကို ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ် (၃) တပ် ရှိပါတယ်။ ကယားပြည်နယ်မှာလည်း ကရင်နီတပ်မကြီးကနေ ခွဲထွက်တဲ့ နယ်ခြားစောင့်တပ် (၃) ခု ရှိပါတယ်။ အပစ်ရပ်တပ်ဖွဲ့ကြီးတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းနိုင်ပေမယ့် အဖွဲ့ခွဲတွေကို တပ်မတော်က လက်အောက်ခံဘဝရောက်အောင် လုပ်နိုင်တာ တွေ့ရပါတယ်။
ဗိုလ်ချုပ်နေဝင်းကြီးစိုးတဲ့ မဆလဆိုရှယ်လစ်ခေတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ စုဝေးတဲ့ အသင်းအဖွဲ့တွေ ရှိပါတယ်။ ကချင်၊ ကရင်၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ပလောင်၊ ပအို့၊ ရှမ်း၊ ချင်း၊ မွန်နဲ့ ဝ တိုင်းရင်းသား (၁၁) ဖွဲ့ ပါဝင်တဲ့ ‘မဒတ’ အမျိုးသားဒီမိုကရေစီတပ်ဦးကို ၁၉၇၅ မှာ တည်ထောင်ပါတယ်။ ၁၉၈၈ အရေးတော်ပုံကို စစ်တပ်က ဖြိုခွဲပြီး မကြာမီမှာ ‘မဒတ’ နဲ့ ကျောင်းသားအဖွဲ့၊ ရဟန်းပျိုများအဖွဲ့၊ ပြည်ပရောက် မြန်မာအဖွဲ့စတဲ့ အဖွဲ့အစည်းအမျိုးမျိုး စုပေါင်းပြီး၊ DAB လို့ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစုကို ထိုင်း-မြန်မာ နယ်စပ်မှာ တည်ထောင်ပါတယ်။
ရည်ရွယ်ချက်ကတော့ နဝတစစ်အစိုးရကို ဖြုတ်ချဖို့ပါပဲ။ ၁၉၈၉ ဒီဇင်ဘာလမှာ စစ်အစိုးရနဲ့ အိုးစားကွဲသွားတဲ့ ဗိုလမှူးကြီးစိန်မြ ဦးဆောင်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ် ပေါ်ထွက်လာပါသေးတယ်။ ၁၉၉၂ မှာ လက်နက်ကိုင်တွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ စီးပွားရေးလုပ်ခွင့်ပေးတာကို တိုင်းရင်းသားအဖွဲ့ (၉) ဖွဲ့က လက်ခံလိုက်တဲ့အခါ စစ်အစိုးရရဲ့ နိုင်ငံရေးကစားကွက်ထဲ ဝင်ကကြတဲ့အဖြစ်ကို ရောက်သွားပါတယ်။ ပြည်သူ့ပါတီ NLD ကသာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်စေမှာမို့ ဒီလိုမဖြစ်အောင် အာဏာသိမ်းတာပါပဲ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အာဏာသိမ်းတာကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တစည်းတလုံးတည်း လှုပ်ရှားရေးမှာ မပြတ်မသား ဖြစ်နေကြပုံ ရပါတယ်။