သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံုးပြင့္ဆိုင္ ေအာကပ္စ္အဖြဲ႔နဲ႔ တရုတ္


AUKUS lettering over Australia, Great Britain and US flags (l-r), on texture, finished graphic
သံုးပြင့္ဆိုင္ ေအာကပ္စ္အဖြဲ႔နဲ႔ တရုတ္
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကိုဗစ္ေရာဂါပိုး စတင္ျပန္႔ပြားတာကို စံုစမ္းစစ္ေဆးဖို႔ Australia အစိုးရ ေတာင္းဆိုခ်ိန္ကစၿပီး တရုတ္နဲ႔ ဆက္ဆံေရး အဆင္မေျပ ျဖစ္လာတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒီအေတာအတြင္း လြန္ခဲ့တဲ့ ေမလက တရုတ္ပင္လယ္အေရွ ႔ပိုင္းမွာ အေမရိကန္၊ ဂ်ပန္ နဲ႔ ျပင္သစ္တို႔ က်င္းပခဲ့တဲ့ ေရတပ္စစ္ဆင္ေရးေလ့က်င့္ခန္းမွာ Australia ပါဝင္တာဟာ တရုတ္အတြက္ မေက်နပ္စရာ ျဖစ္လာပါတယ္။ စစ္အင္အား မျဖစ္စေလာက္သာရိွတဲ့ Australia ကို ဂရုစိုက္စရာ မလိုဘူးလို႔ တရုတ္ကြန္ျမဴနစ္ရဲ ႔ Global Times မွာ ေရးသားၾကပါတယ္။ Australia ၿဗိတိန္နဲ႔ အေမရိကန္ AUKUS မဟာမိတ္ဖြဲ႔တဲ့အခါ တရုတ္တံု႔ျပန္မႈ ျပင္းထန္လာပါတယ္။

စက္တင္ဘာ (၁၅) ရက္က က်င္းပတဲ့ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ စိတ္တူသေဘာတူေတြျဖစ္တဲ့ အေမရိကန္၊ ၿဗိတိန္နဲ႔ Australia ဟာ သူတို႔ ယံုၾကည္ခ်က္ကို ကာကြယ္ဖို႔နဲ႔ လံုၿခံဳေရး ဖြံ႔ၿဖိဳးေရး ျမွင့္တင္ဖို႔အတြက္ (၃) ႏိုင္ငံ ကာကြယ္ေရးမဟာမိတ္ AUKUS ကို တည္ေထာင္တယ္လို႔ ေဖာ္ျပပါတယ္။ တရုတ္အႏၱရာယ္ ႀကီးမားလာတာကို မေျပာေပမယ့္ တရုတ္ကို ဟန္႔တားဖို႔၊ စစ္တုရင္စကားနဲ႔ဆိုရင္ ေခြထားဖို႔၊ ရည္ရြယ္တာလို႔ ျမင္ၾကပါတယ္။ တရုတ္ရဲ ႔ ပိုးခါးပတ္လမ္းေၾကာင္းကို အေနာက္တိုင္းမွာ သကၤာမကင္း ျဖစ္ေနတာ ၾကာၿပီျဖစ္ေပမယ့္ ျမန္မာျပည္လို႔ ႏိုင္ငံေလးေတြကေတာ့ အခြင့္အလမ္းလို႔ ျမင္ၾကပါတယ္။

တရုတ္အစိုးရရဲ ႔ ပိုးခါးပတ္လမ္းေၾကာင္း စီမံကိန္္းဟာ အာရွပစီဖိတ္ေဒသႏိုင္ငံေတြရဲ ႔ ပူးေပါင္းေဆာင္ရြက္မႈကို ျမွင့္တင္ေပးေနတယ္လို႔ တပ္ခ်ဳပ္မင္းေအာင္လိႈင္က (၉) ႀကိမ္ေျမာက္ ေမာ္စကို ႏိုင္ငံတကာလံုၿခံဳေရးညီလာခံမွာ ဇြန္လ (၂၃) ရက္ေန႔က ေျပာပါတယ္။ အာရွပစိဖိတ္ေဒသမွာ အင္အားႀကီးႏိုင္ငံေတြ မဟာဗ်ဴဟာၿပိဳင္ဆိုင္လို႔ ေဒသတြင္း ပဋိပကၡေတြ ႀကီးထြားလာမယ္လုိ႔လည္း ခန္္႔မွန္းပါတယ္။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအေၾကာင္းျပၿပီး ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္ျခယ္လွယ္ လိုတာမ်ဳိးကိုလည္း အမ်ားႀကီးေတြ႔ရလိမ့္မယ္လို႔ ဆိုပါတယ္။ ႏိုင္ငံအခ်ဳိ ႔ဟာ သူတုိ႔နဲ႔မတူတဲ့ ႏိုင္ငံေရးစနစ္နဲ႔ အေတြးအေခၚေတြကို လႊမ္းမိုးဖို႔ နည္းလမ္းမ်ဳိးစံုနဲ႔ အစဥ္တစိုက္ ႀကိဳးပမ္းေနတယ္လို႔လည္း တပ္ခ်ဳပ္မင္းေအာင္လိႈင္က ေမာ္စကိုညီလာခံမွာ ေျပာသြားပါတယ္။ ျမန္မာ့အေရးမွာ မစြက္ဖက္ၾကဖို႔ကို သတိေပးတာ ျဖစ္ပါတယ္။

ျမန္မာ့ျပည္တြင္း-ျပည္ပေရးရာမွာ တရုတ္ဟာ အေရးႀကီးတဲ့အခန္းက႑က ပါဝင္ေနတာမို႔ တရုတ္အေျခအေန ဆိုးဝါးလာရင္ ျမန္မာျပည္မွာ ဂယက္ရိုက္လာမွာကို စစ္အစိုးရ စိုးရိမ္ေနပံု ရပါတယ္။ ျပည္ပက စြက္ဖက္လာမွာကို တပ္ခ်ဳပ္ႀကီး စိုးရိမ္ေနတာ ထင္ရွားပါတယ္။ ရိုးသားတဲ့ ဒီမိုကေရစီစနစ္ကို အေကာင္အထည္ေဖာ္ခ်င္လို႔ စစ္အာဏာသိမ္းရတယ္လို႔ ေျပာတာကိုေတာ့ ဒီမိုကေရစီ က်င့္သံုးသူေတြ လက္ခံႏိုင္စရာ မရိွပါဘူး။ ဒီမိုကေရစီႏို္င္ငံ (၃) ႏိုင္ငံရဲ ႔ ေအာကပ္စ္အဖြဲ႔ဟာ စစ္အာဏာရွင္အတြက္ ဘဝင္တုန္စရာ ျဖစ္ႏိုင္ပါတယ္။ အရင္ကတည္းက သတင္းဖလွယ္ဖို႔ ဖြဲ႔ထားတဲ့ Five Eyes အဖြဲ႔မွာ အဂၤလိပ္စကားေျပာတဲ့ ႏိုင္ငံေတြသာ ပါဝင္ပါတယ္။ ယံုၾကည္မႈကို အေျခခံရတဲ့ လုပ္ငန္းေတြမွာ ယဥ္ေက်းမႈ အေျခခံတူညီတာကို ဦးစားေပးတာ မ်ားပါတယ္။ သမိုင္းဟာ ႏိုင္ငံတကာဆက္ဆံေရးမွာ ေရာင္ျပန္ဟပ္ေနပါတယ္။

ဒီဇယ္သံုး ေရငုတ္သေဘၤာေတြ ျပင္သစ္ဆီက ဝယ္ယူဖို႔ အစီအစဥ္လုပ္ၿပီးေတာ့၊ ျပည္သစ္နဲ႔အတူ စစ္ေရးေလ့က်င့္ေရးေတြ လုပ္ၿပီးမွ ေအာကပ္စ္မဟာမိိတ္အဖြဲ႔မွာ ဝိုင္းပယ္ခံရတာကို ျပင္သစ္က မေက်မခ်မ္း ျဖစ္သြားပါတယ္။ ျပင္သစ္ကို မယံုသလို ျဖစ္သြားပါတယ္။ အေမရိကန္ရဲ ႔ အဏုျမဴစြမ္းအင္သံုး ေရငုတ္သေဘၤာနဲ႔ ေထာက္လွမ္းေရးပညာရဖုိ႔က Australia အတြက္ ပိုအေရးႀကီးပါတယ္။ အဏုျမဴစြမ္းအင္သံုး ေရငုတ္သေဘာၤေတြရလို႔ Australia ဟာ တရုတ္ထက္ပိုၿပီးေတာ့ အားေကာင္းလာမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ အေမရိကန္အဏုျမဴေရငုတ္သေဘၤာေတြ Australia မွာ ဆိုက္ကပ္ႏိုင္တာဟာ တရုတ္အတြက္ ရတတ္မေအးစရာ ျဖစ္လာႏိုင္ပါတယ္။ Australia သမဂၢျဖစ္တဲ့ သေဘၤာသားသမဂၢနဲ႔ လွ်ပ္စစ္အလုပ္သမားသမဂၢတို႔ကေတာ့ အဏုျမဴေရငုတ္သေဘၤာ စီမံကိန္းဟာ တိုင္းျပည္အတြက္ အက်ဳိးမရိွဘူးလို႔ သံုးသပ္ၾကပါတယ္။

အဂၤလိပ္-အေမရိကန္နဲ႔ တရုတ္ကြန္ျမဴတို႔ဟာ အေျခခံ အေတြးအေခၚ ကြဲျပားျခားနားၾကပါတယ္။ ၁၉၅၀ က ျဖစ္ပြားခဲ့တဲ့ ကိုရီးယားစစ္အတြင္း ေခ်ာင္းခ်ဳံ - Chong Chon တိုက္ပြဲမွာ အေမရိကန္တပ္ေတြ အေရးနိမ့္သြားၿပီး ေမာ္စီတုန္းရဲ ႔ ျပည္သူ႔စစ္တပ္ ေအာင္ပြဲခံတာကို အခုထက္ထိ တရုတ္က ဂုဏ္ယူေနပါတယ္။ ကိုရီးယားစစ္ပြဲ အႏွစ္ (၇၀) ျပည့္ေန႔မွာ ေခ်ာင္းခ်ဳံစိတ္ဓါတ္ ေမြးၾကဖို႔ တရုတ္သမၼတ ရီွက်င့္ဖိန္က ၾသဝါဒစကား ေျပာၾကားသြားပါတယ္။ အေမရိကန္နဲ႔ အဂၤလိပ္ကေတာ့ ပထမနဲ႔ ဒုတိယကမာၻစစ္မွာ ေအာင္ပြဲခံတာကိုသာ ဂုဏ္ယူၿပီး ကိုရီးယားစစ္ကိုေတာ့ ေမ့ပစ္လုိက္ၾကပါတယ္။

ေမာ္စီတုန္းေခတ္က တံခါးပိတ္ဝါဒ က်င့္သံုးခဲ့တဲ့ တရုတ္ႏုိင္ငံကို တံခါးဖြင့္ႏိုင္ေအာင္ အေမရိကန္က ကူညီခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ကုန္သြယ္ေရး အဆင္ေျပလို႔ တရုတ္ကြန္ျမဴနစ္ဟာ အရင္းရွင္ ျဖစ္လာတာပါ။ အေမရိကန္နဲ႔ စစ္ျဖစ္ရင္ တရုတ္ျပည္ အႀကီးအက်ယ္ ဒုကၡေရာက္သြားႏိုင္တာကို ေခ်ာင္းခ်ဳံစိတ္ဓါတ္ ရိွသူေတြ သိၾကပါတယ္။ တရုတ္ရဲ ႔ တပါတီအာဏာရွင္စနစ္ နဲ႔ အဂၤလိပ္၊ အေမရိကန္္ ဒီမိုကေရစီစနစ္တို႔ဟာ ကြဲျပားတာမို႔ ေစ့စပ္ေဆြးေႏြးညိွႏိႈင္းမႈကို ခက္ခဲေစပါတယ္။ မ်က္ေမွာက္ေခတ္သမိုင္းကို ေလ့လာရင္ ဒီမိုကေရစီႏုိင္ငံအခ်င္းခ်င္း စစ္မျဖစ္ၾကဘဲ အာဏာရွင္ႏုိင္ငံေတြနဲ႔သာ စစ္ျဖစ္တာ ေတြ႔ရပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကိုဗစ်ရောဂါပိုး စတင်ပြန့်ပွားတာကို စုံစမ်းစစ်ဆေးဖို့ Australia အစိုးရ တောင်းဆိုချိန်ကစပြီး တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီအတောအတွင်း လွန်ခဲ့တဲ့ မေလက တရုတ်ပင်လယ်အရှေ့ပိုင်းမှာ အမေရိကန်၊ ဂျပန် နဲ့ ပြင်သစ်တို့ ကျင်းပခဲ့တဲ့ ရေတပ်စစ်ဆင်ရေးလေ့ကျင့်ခန်းမှာ Australia ပါဝင်တာဟာ တရုတ်အတွက် မကျေနပ်စရာ ဖြစ်လာပါတယ်။ စစ်အင်အား မဖြစ်စလောက်သာရှိတဲ့ Australia ကို ဂရုစိုက်စရာ မလိုဘူးလို့ တရုတ်ကွန်မြူနစ်ရဲ့ Global Times မှာ ရေးသားကြပါတယ်။ Australia ဗြိတိန်နဲ့ အမေရိကန် AUKUS မဟာမိတ်ဖွဲ့တဲ့အခါ တရုတ်တုံ့ပြန်မှု ပြင်းထန်လာပါတယ်။

စက်တင်ဘာ (၁၅) ရက်က ကျင်းပတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ စိတ်တူသဘောတူတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ Australia ဟာ သူတို့ ယုံကြည်ချက်ကို ကာကွယ်ဖို့နဲ့ လုံခြုံရေး ဖွံ့ဖြိုးရေး မြှင့်တင်ဖို့အတွက် (၃) နိုင်ငံ ကာကွယ်ရေးမဟာမိတ် AUKUS ကို တည်ထောင်တယ်လို့ ဖော်ပြပါတယ်။ တရုတ်အန္တရာယ် ကြီးမားလာတာကို မပြောပေမယ့် တရုတ်ကို ဟန့်တားဖို့၊ စစ်တုရင်စကားနဲ့ဆိုရင် ခွေထားဖို့၊ ရည်ရွယ်တာလို့ မြင်ကြပါတယ်။ တရုတ်ရဲ့ ပိုးခါးပတ်လမ်းကြောင်းကို အနောက်တိုင်းမှာ သင်္ကာမကင်း ဖြစ်နေတာ ကြာပြီဖြစ်ပေမယ့် မြန်မာပြည်လို့ နိုင်ငံလေးတွေကတော့ အခွင့်အလမ်းလို့ မြင်ကြပါတယ်။

တရုတ်အစိုးရရဲ့ ပိုးခါးပတ်လမ်းကြောင်း စီမံကိန်းဟာ အာရှပစီဖိတ်ဒေသနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေတယ်လို့ တပ်ချုပ်မင်းအောင်လှိုင်က (၉) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံမှာ ဇွန်လ (၂၃) ရက်နေ့က ပြောပါတယ်။ အာရှပစိဖိတ်ဒေသမှာ အင်အားကြီးနိုင်ငံတွေ မဟာဗျူဟာပြိုင်ဆိုင်လို့ ဒေသတွင်း ပဋိပက္ခတွေ ကြီးထွားလာမယ်လို့လည်း ခန့််မှန်းပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြယ်လှယ် လိုတာမျိုးကိုလည်း အများကြီးတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံအချို့ဟာ သူတို့နဲ့မတူတဲ့ နိုင်ငံရေးစနစ်နဲ့ အတွေးအခေါ်တွေကို လွှမ်းမိုးဖို့ နည်းလမ်းမျိုးစုံနဲ့ အစဉ်တစိုက် ကြိုးပမ်းနေတယ်လို့လည်း တပ်ချုပ်မင်းအောင်လှိုင်က မော်စကိုညီလာခံမှာ ပြောသွားပါတယ်။ မြန်မာ့အရေးမှာ မစွက်ဖက်ကြဖို့ကို သတိပေးတာ ဖြစ်ပါတယ်။

မြန်မာ့ပြည်တွင်း-ပြည်ပရေးရာမှာ တရုတ်ဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေတာမို့ တရုတ်အခြေအနေ ဆိုးဝါးလာရင် မြန်မာပြည်မှာ ဂယက်ရိုက်လာမှာကို စစ်အစိုးရ စိုးရိမ်နေပုံ ရပါတယ်။ ပြည်ပက စွက်ဖက်လာမှာကို တပ်ချုပ်ကြီး စိုးရိမ်နေတာ ထင်ရှားပါတယ်။ ရိုးသားတဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ချင်လို့ စစ်အာဏာသိမ်းရတယ်လို့ ပြောတာကိုတော့ ဒီမိုကရေစီ ကျင့်သုံးသူတွေ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီမိုကရေစီနိုင်ငံ (၃) နိုင်ငံရဲ့ အောကပ်စ်အဖွဲ့ဟာ စစ်အာဏာရှင်အတွက် ဘဝင်တုန်စရာ ဖြစ်နိုင်ပါတယ်။ အရင်ကတည်းက သတင်းဖလှယ်ဖို့ ဖွဲ့ထားတဲ့ Five Eyes အဖွဲ့မှာ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေသာ ပါဝင်ပါတယ်။ ယုံကြည်မှုကို အခြေခံရတဲ့ လုပ်ငန်းတွေမှာ ယဉ်ကျေးမှု အခြေခံတူညီတာကို ဦးစားပေးတာ များပါတယ်။ သမိုင်းဟာ နိုင်ငံတကာဆက်ဆံရေးမှာ ရောင်ပြန်ဟပ်နေပါတယ်။

ဒီဇယ်သုံး ရေငုတ်သင်္ဘောတွေ ပြင်သစ်ဆီက ဝယ်ယူဖို့ အစီအစဉ်လုပ်ပြီးတော့၊ ပြည်သစ်နဲ့အတူ စစ်ရေးလေ့ကျင့်ရေးတွေ လုပ်ပြီးမှ အောကပ်စ်မဟာမိတ်အဖွဲ့မှာ ဝိုင်းပယ်ခံရတာကို ပြင်သစ်က မကျေမချမ်း ဖြစ်သွားပါတယ်။ ပြင်သစ်ကို မယုံသလို ဖြစ်သွားပါတယ်။ အမေရိကန်ရဲ့ အဏုမြူစွမ်းအင်သုံး ရေငုတ်သင်္ဘောနဲ့ ထောက်လှမ်းရေးပညာရဖို့က Australia အတွက် ပိုအရေးကြီးပါတယ်။ အဏုမြူစွမ်းအင်သုံး ရေငုတ်သဘောၤတွေရလို့ Australia ဟာ တရုတ်ထက်ပိုပြီးတော့ အားကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်အဏုမြူရေငုတ်သင်္ဘောတွေ Australia မှာ ဆိုက်ကပ်နိုင်တာဟာ တရုတ်အတွက် ရတတ်မအေးစရာ ဖြစ်လာနိုင်ပါတယ်။ Australia သမဂ္ဂဖြစ်တဲ့ သင်္ဘောသားသမဂ္ဂနဲ့ လျှပ်စစ်အလုပ်သမားသမဂ္ဂတို့ကတော့ အဏုမြူရေငုတ်သင်္ဘော စီမံကိန်းဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ သုံးသပ်ကြပါတယ်။

အင်္ဂလိပ်-အမေရိကန်နဲ့ တရုတ်ကွန်မြူတို့ဟာ အခြေခံ အတွေးအခေါ် ကွဲပြားခြားနားကြပါတယ်။ ၁၉၅၀ က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်အတွင်း ချောင်းချုံ - Chong Chon တိုက်ပွဲမှာ အမေရိကန်တပ်တွေ အရေးနိမ့်သွားပြီး မော်စီတုန်းရဲ့ ပြည်သူ့စစ်တပ် အောင်ပွဲခံတာကို အခုထက်ထိ တရုတ်က ဂုဏ်ယူနေပါတယ်။ ကိုရီးယားစစ်ပွဲ အနှစ် (၇၀) ပြည့်နေ့မှာ ချောင်းချုံစိတ်ဓါတ် မွေးကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖိန်က သြဝါဒစကား ပြောကြားသွားပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်ကတော့ ပထမနဲ့ ဒုတိယကမ္ဘာစစ်မှာ အောင်ပွဲခံတာကိုသာ ဂုဏ်ယူပြီး ကိုရီးယားစစ်ကိုတော့ မေ့ပစ်လိုက်ကြပါတယ်။

မော်စီတုန်းခေတ်က တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံကို တံခါးဖွင့်နိုင်အောင် အမေရိကန်က ကူညီခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေး အဆင်ပြေလို့ တရုတ်ကွန်မြူနစ်ဟာ အရင်းရှင် ဖြစ်လာတာပါ။ အမေရိကန်နဲ့ စစ်ဖြစ်ရင် တရုတ်ပြည် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တာကို ချောင်းချုံစိတ်ဓါတ် ရှိသူတွေ သိကြပါတယ်။ တရုတ်ရဲ့ တပါတီအာဏာရှင်စနစ် နဲ့ အင်္ဂလိပ်၊ အမေရိကန် ဒီမိုကရေစီစနစ်တို့ဟာ ကွဲပြားတာမို့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုကို ခက်ခဲစေပါတယ်။ မျက်မှောက်ခေတ်သမိုင်းကို လေ့လာရင် ဒီမိုကရေစီနိုင်ငံအချင်းချင်း စစ်မဖြစ်ကြဘဲ အာဏာရှင်နိုင်ငံတွေနဲ့သာ စစ်ဖြစ်တာ တွေ့ရပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG