သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗမာစစ္အုပ္စုနဲ႔ ကုလသမဂၢ


A general view of United Nations headquarters on Monday, Sept. 21, 2020. In 2020, which marks the 75th anniversary of the United Nations, the annual high-level meeting of world leaders around the U.N. General Assembly will be very different from years past because of the coronavi
ဗမာစစ္အုပ္စုနဲ႔ ကုလသမဂၢ
please wait

No media source currently available

0:00 0:05:16 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

အျပည္ျပည္ဆိုင္ရာက အေရးမယူတဲ့အတြက္ ဗမာစစ္အုပ္စုဟာ သူတုိ႔အာဏာတည္ၿမဲဖို႔သာ အာရံုစိုက္ေနတယ္လို႔ ျမန္မာ့ေရးရာ ကုလသမဂၢအထူးကိုယ္စားလွယ္ ‘မစ္,ဘားဂင္နာ’ က ၾသဂုတ္လ (၁၀) ရက္ေန႔က ေျပာသြားခဲ့ပါတယ္။ စစ္အုပ္စုက တရားလက္လြတ္ ထင္သလို လုပ္ေနတာကို ကုလသမဂၢကလည္း ဘာမွမတတ္ႏိုင္ဘူးဆိုတဲ့သေဘာ ေျပာလိုက္တာပါပဲ။ ကုလသမဂၢမွာ အာဏာအရိွဆံုးျဖစ္တဲ့ လံုၿခံဳေရးေကာင္စီကေတာင္ စစ္အာဏာသိမ္းတာကို မရွဳတ္ခ်ေသးပါဘူး။ မတ္လ (၁၀) ရက္ေန႔က ထုတ္ျပန္တဲ့ လံုၿခံဳေရးေကာင္စီ ေၾကညာခ်က္မွာ ဆႏၵျပသူေတြကို အၾကမ္းမဖက္ဖို႔သာ ေတာင္းဆိုႏိုင္ပါတယ္။

စစ္ေကာင္စီက အၾကမ္းဖက္ႏိွမ္နင္းတာကို ေဝဖန္ၿပီး စစ္အာဏာသိမ္းတာကို မရွဳတ္ခ်ႏိုင္ဘဲ ျဖစ္သြားရတဲ့ အေၾကာင္းရင္းကေတာ့ တရုတ္၊ ရုရွား၊ အိႏိၵယနဲ႔ ဗိယက္နမ္တို႔ရဲ ႔ ကန္႔ကြက္မႈေၾကာင့္ ျဖစ္သြားပါတယ္။ စစ္အာဏာသိမ္းမႈကို အေထြေထြညီလာခံနဲ႔ လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးတယ္၊ အေထြေထြအတြင္းေရးမွဴးခ်ဳပ္နဲ႔ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကလည္း ေဝဖန္ရွဳတ္ခ်ပါတယ္။ ဒါေပမဲ့ ဗမာစစ္အုပ္စုကို ေဝဖန္ၿပီး အေရးမယူႏိုင္တာဟာ ကုလသမဂၢရဲ ႔ ခ်ဳိးယြင္းခ်က္ပဲလို႔ Australian သုေတသီ Rebecca Barber က ဆိုပါတယ္။ မလုပ္မေန လုပ္ရမယ့္ကိစၥကို ကုလသမဂၢက ျပဌာန္းဖို႔လိုပါတယ္။

ဗမာစစ္အုပ္စုကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ၾကဥ္ဖယ္ၾကဖို႔ လံုၿခံဳေရးေကာင္စီမွာ ေဆာင္ရြက္ႏိုင္တဲ့အင္အား ရိွပါတယ္။ ဒါေပမဲ့ ဒီလိုမလုပ္ႏိုင္ေအာင္ တားျမစ္တဲ့ ဗီတုိအာဏာ တရုတ္နဲ႔ ရုရွားတို႔မွာ ရိွေနပါတယ္။ အေမရိကန္၊ ၿဗိတိိန္၊ ျပင္သစ္၊ ရုရွားနဲ႔ တရုတ္တုိ႔ဟာ လံုၿခံဳေရးေကာင္စီရဲ ႔ အၿမဲတမ္းအဖြဲ႔ဝင္ ဗီတိုအာဏာပိုင္ရွင္ေတြပါ။ ဗီတိုအာဏာကို ဖယ္ရွားခ်င္ရင္ ကုလသမဂၢ ပဋိညာဥ္စာခ်ဳပ္ကို ျပင္ရပါလိမ့္မယ္။ အၿမဲတမ္းအဖြဲ႔ဝင္ေတြ သေဘာတူမွ ပဋိညာဥ္စာခ်ဳပ္ကို ျပင္ႏုိင္မွာမုိ႔ ဗီတိုအာဏာဖယ္ရွားေရးဟာ မျဖစ္ႏိုင္တဲ့ကိစၥလို႔ ေျပာႏိုင္ပါတယ္။ အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ေနတဲ့ကိစၥမွာ ဗီတိုအာဏာ မသံုးဖို႔ ေတာင္းဆိုတဲ့ ၂၀၁၅ ေၾကညာခ်က္ကို (၁၀၃) ႏိုင္ငံက လက္မွတ္ထိုးထားပါတယ္။ ဒါေပမဲ့ တရုတ္နဲ႔ ရုရွားတုိ႔က လက္မွတ္မထိုးေသးတဲ့အတြက္ သက္ဝင္လႈပ္ရွားဖုိ႔အလားအလာ နည္းပါးေနပါတယ္။

ျမန္မာျပည္မွာ စစ္တပ္က ထင္သလို အႏိုင္က်င့္ေနတာကို ကုလသမဂၢက မဟန္႔တားႏိုင္လို႔ CDM အာဏာဖီဆန္ေရး ျပည္သူ႔လႈပ္ရွားမႈ ေပၚေပါက္လာရပံုကို International Peace Institute ရဲ ႔ ဇြန္လက ထုတ္ေဝခဲ့တဲ့ သုေတသီ Damian Lilly ရဲ ႔ စာတမ္းမွာ ေဖာ္ျပထားပါတယ္။ ျမန္မာျပည္က ျပႆနာေတြကို ကိုင္တြယ္ႏိုင္ေလာက္တဲ့စြမ္းအား ကုလသမဂၢမွာ မရိွဘူးလုိ႔ ေကာက္ခ်က္ခ်ထားပါတယ္။ ကုလသမဂၢရဲ ႔ အားနည္းခ်က္ေတြကို ၁၉၉၂ ကေန ဒီေန႔အထိ တာဝန္ယူခဲ့တဲ့ ျမန္မာျပည္ဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ (၆) ေယာက္ကလည္း သိၾကပါတယ္။ ေၾကညာခ်က္ေတြထုတ္၊ ဆံုးျဖတ္ခ်က္ေတြခ်ၿပီး ေဝဖန္တာေလာက္ကေတာ့ စစ္အုပ္စုအတြက္ ရိုးေနပါၿပီ။ မထိေရာက္ေတာ့ ဂရုမစိုက္ဘူးေပါ့။ ဒါေပမဲ့ ကုလသမဂၢအေနနဲ႔ လူ႔အခြင့္အေရးကို ေလးစားေအာင္လုပ္ဖို႔ တာဝန္ရိွပါတယ္။

ေဖေဖၚဝါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းစဥ္က အာဏာသိမ္းမႈ ပ်က္သုဥ္းရမယ္လို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္က အတိအလင္း ေျပာလိုက္ပါတယ္။ ဒါေပမဲ့ ေဒသဆိုင္ရာအဆင့္မွာေရာ၊ ႏိုင္ငံတကာအဆင့္မွာေရာ စစ္ေကာင္စီ ပ်က္သုဥ္းေအာင္ မလုပ္ႏုိင္ေသးတဲ့အတြက္ အသံသာရိွၿပီး အဆန္မရိွသလို ျဖစ္ေနပါတယ္။ အာဏာသိမ္းၿပီးကတည္းက ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အစည္းအေဝးထိုင္တာ (၅) ႀကိမ္ ရိွသြားပါၿပီ။ ေၾကညာခ်က္ (၃) ေစာင္ ထုတ္ျပန္ပါတယ္။ ကုလအထူးကိုယ္စားလွယ္ကလည္း စိုးရိမ္စရာ ျမန္မာ့အေျခအေနကို ရွင္းျပပါတယ္။ ဒါေပမဲ့ ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြကို လႊတ္ေပးၿပီး အာဏာသိမ္းမႈ နိဂံုးခ်ဳပ္ဖို႔ အတိအလင္း ေတာင္းဆိုတာမ်ဳိး မလုပ္ပါဘူး။ ၂၀၁၇ ရိုဟင္ဂ်ာျပႆနာမွာလည္း ႏွစ္လခြဲၾကာေတာ့မွ ေၾကညာခ်က္ထုတ္ႏုိင္ခဲ့ပါတယ္။

စစ္ေရးစြက္ဖက္မႈမလုပ္ဘဲ ျပႆနာကိုင္တြယ္ႏိုင္တဲ့ နည္းလမ္းတခ်ဳိ ႔ကို Damain Lilly က တင္ျပထားပါတယ္။ Libya နဲ႔ Yemen အပစ္အခတ္ရပ္စဲမႈ ေစာင့္ၾကည့္ေရးကို ကုလသမဂၢက တာဝန္ယူထားသလို ျမန္မာ့ကိစၥမွာလည္း အရပ္သားကာကြယ္ေရးကို ေစာင့္ၾကည့္ဖို႔အတြက္ ကုလ-အာဆီယံ ပူးတြဲေကာ္မရွင္ကို ဖြဲ႔ႏုိင္တယ္လို႔ အႀကံျပဳထားပါတယ္။ ဒီကေနတဆင့္တက္ၿပီး ႏိုင္ငံေရးအရ အေျဖရွာဖို႔အတြက္ ကုလသမဂၢမစ္ရွင္အဖြဲ႔ ေစလႊတ္ဖို႔ အခ်ိန္သင့္ေနၿပီလို႔ ဆိုပါတယ္။

ျမန္မာ့အေရးကို ကုလသမဂၢမွာ ေဆြးေႏြးလာတာ အႏွစ္ (၃၀) ေလာက္ရိွၿပီျဖစ္ေပမယ့္ တပ္မေတာ္က အရပ္သားေတြကို အၾကမ္းဖက္အႏုိင္က်င့္တာကို မဟန္႔တားႏိုင္ေသးပါဘူး။ ကုလသမဂၢ၊ အာဆီယံနဲ႔ အျခားေဒသခံအဖြဲ႔ေတြ ပူးေပါင္းၿပီး စစ္အုပ္စုကို ဖိအားေပးဖို႔ လိုပါတယ္။ ဒီလိုမလုပ္ႏုိင္ရင္ေတာ့ CDM လႈပ္ရွားမႈ၊ အရပ္သားအသင္းအဖြဲ႔နဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြကို ကူညီအားေပးဖို႔သာ ရိွေတာ့ေၾကာင္း သုေတသီ Damian Lilly က သံုးသပ္ထားတာကို တင္ျပလိုက္ရပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အပြည်ပြည်ဆိုင်ရာက အရေးမယူတဲ့အတွက် ဗမာစစ်အုပ်စုဟာ သူတို့အာဏာတည်မြဲဖို့သာ အာရုံစိုက်နေတယ်လို့ မြန်မာ့ရေးရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ‘မစ်,ဘားဂင်နာ’ က သြဂုတ်လ (၁၀) ရက်နေ့က ပြောသွားခဲ့ပါတယ်။ စစ်အုပ်စုက တရားလက်လွတ် ထင်သလို လုပ်နေတာကို ကုလသမဂ္ဂကလည်း ဘာမှမတတ်နိုင်ဘူးဆိုတဲ့သဘော ပြောလိုက်တာပါပဲ။ ကုလသမဂ္ဂမှာ အာဏာအရှိဆုံးဖြစ်တဲ့ လုံခြုံရေးကောင်စီကတောင် စစ်အာဏာသိမ်းတာကို မရှုတ်ချသေးပါဘူး။ မတ်လ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ လုံခြုံရေးကောင်စီ ကြေညာချက်မှာ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့သာ တောင်းဆိုနိုင်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာကို ဝေဖန်ပြီး စစ်အာဏာသိမ်းတာကို မရှုတ်ချနိုင်ဘဲ ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗိယက်နမ်တို့ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းမှုကို အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတယ်၊ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း ဝေဖန်ရှုတ်ချပါတယ်။ ဒါပေမဲ့ ဗမာစစ်အုပ်စုကို ဝေဖန်ပြီး အရေးမယူနိုင်တာဟာ ကုလသမဂ္ဂရဲ့ ချိုးယွင်းချက်ပဲလို့ Australian သုတေသီ Rebecca Barber က ဆိုပါတယ်။ မလုပ်မနေ လုပ်ရမယ့်ကိစ္စကို ကုလသမဂ္ဂက ပြဌာန်းဖို့လိုပါတယ်။

ဗမာစစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြဉ်ဖယ်ကြဖို့ လုံခြုံရေးကောင်စီမှာ ဆောင်ရွက်နိုင်တဲ့အင်အား ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမလုပ်နိုင်အောင် တားမြစ်တဲ့ ဗီတိုအာဏာ တရုတ်နဲ့ ရုရှားတို့မှာ ရှိနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့ဟာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာပိုင်ရှင်တွေပါ။ ဗီတိုအာဏာကို ဖယ်ရှားချင်ရင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ပြင်ရပါလိမ့်မယ်။ အမြဲတမ်းအဖွဲ့ဝင်တွေ သဘောတူမှ ပဋိညာဉ်စာချုပ်ကို ပြင်နိုင်မှာမို့ ဗီတိုအာဏာဖယ်ရှားရေးဟာ မဖြစ်နိုင်တဲ့ကိစ္စလို့ ပြောနိုင်ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ကိစ္စမှာ ဗီတိုအာဏာ မသုံးဖို့ တောင်းဆိုတဲ့ ၂၀၁၅ ကြေညာချက်ကို (၁၀၃) နိုင်ငံက လက်မှတ်ထိုးထားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့က လက်မှတ်မထိုးသေးတဲ့အတွက် သက်ဝင်လှုပ်ရှားဖို့အလားအလာ နည်းပါးနေပါတယ်။

မြန်မာပြည်မှာ စစ်တပ်က ထင်သလို အနိုင်ကျင့်နေတာကို ကုလသမဂ္ဂက မဟန့်တားနိုင်လို့ CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ပေါ်ပေါက်လာရပုံကို International Peace Institute ရဲ့ ဇွန်လက ထုတ်ဝေခဲ့တဲ့ သုတေသီ Damian Lilly ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်က ပြဿနာတွေကို ကိုင်တွယ်နိုင်လောက်တဲ့စွမ်းအား ကုလသမဂ္ဂမှာ မရှိဘူးလို့ ကောက်ချက်ချထားပါတယ်။ ကုလသမဂ္ဂရဲ့ အားနည်းချက်တွေကို ၁၉၉၂ ကနေ ဒီနေ့အထိ တာဝန်ယူခဲ့တဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၆) ယောက်ကလည်း သိကြပါတယ်။ ကြေညာချက်တွေထုတ်၊ ဆုံးဖြတ်ချက်တွေချပြီး ဝေဖန်တာလောက်ကတော့ စစ်အုပ်စုအတွက် ရိုးနေပါပြီ။ မထိရောက်တော့ ဂရုမစိုက်ဘူးပေါ့။ ဒါပေမဲ့ ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေးကို လေးစားအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းစဉ်က အာဏာသိမ်းမှု ပျက်သုဉ်းရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အတိအလင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာအဆင့်မှာရော၊ နိုင်ငံတကာအဆင့်မှာရော စစ်ကောင်စီ ပျက်သုဉ်းအောင် မလုပ်နိုင်သေးတဲ့အတွက် အသံသာရှိပြီး အဆန်မရှိသလို ဖြစ်နေပါတယ်။ အာဏာသိမ်းပြီးကတည်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးထိုင်တာ (၅) ကြိမ် ရှိသွားပါပြီ။ ကြေညာချက် (၃) စောင် ထုတ်ပြန်ပါတယ်။ ကုလအထူးကိုယ်စားလှယ်ကလည်း စိုးရိမ်စရာ မြန်မာ့အခြေအနေကို ရှင်းပြပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးပြီး အာဏာသိမ်းမှု နိဂုံးချုပ်ဖို့ အတိအလင်း တောင်းဆိုတာမျိုး မလုပ်ပါဘူး။ ၂၀၁၇ ရိုဟင်ဂျာပြဿနာမှာလည်း နှစ်လခွဲကြာတော့မှ ကြေညာချက်ထုတ်နိုင်ခဲ့ပါတယ်။

စစ်ရေးစွက်ဖက်မှုမလုပ်ဘဲ ပြဿနာကိုင်တွယ်နိုင်တဲ့ နည်းလမ်းတချို့ကို Damain Lilly က တင်ပြထားပါတယ်။ Libya နဲ့ Yemen အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကို ကုလသမဂ္ဂက တာဝန်ယူထားသလို မြန်မာ့ကိစ္စမှာလည်း အရပ်သားကာကွယ်ရေးကို စောင့်ကြည့်ဖို့အတွက် ကုလ-အာဆီယံ ပူးတွဲကော်မရှင်ကို ဖွဲ့နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဒီကနေတဆင့်တက်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကုလသမဂ္ဂမစ်ရှင်အဖွဲ့ စေလွှတ်ဖို့ အချိန်သင့်နေပြီလို့ ဆိုပါတယ်။

မြန်မာ့အရေးကို ကုလသမဂ္ဂမှာ ဆွေးနွေးလာတာ အနှစ် (၃၀) လောက်ရှိပြီဖြစ်ပေမယ့် တပ်မတော်က အရပ်သားတွေကို အကြမ်းဖက်အနိုင်ကျင့်တာကို မဟန့်တားနိုင်သေးပါဘူး။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အခြားဒေသခံအဖွဲ့တွေ ပူးပေါင်းပြီး စစ်အုပ်စုကို ဖိအားပေးဖို့ လိုပါတယ်။ ဒီလိုမလုပ်နိုင်ရင်တော့ CDM လှုပ်ရှားမှု၊ အရပ်သားအသင်းအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို ကူညီအားပေးဖို့သာ ရှိတော့ကြောင်း သုတေသီ Damian Lilly က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG