ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္
ျမန္မာသံတမန္ေတြထဲမွာ စစ္အစိုးရကို မေက်နပ္လို႔ ကိုယ္တာဝန္က်တဲ့ တိုင္းျပည္မွာ ႏုိင္ငံေရးခိုလံႈၾကတဲ့ အစဥ္အလာ ရိွပါတယ္။ ၁၉၆၂ ေနာက္ပိုင္း မဆလ၊ နဝတ၊ နအဖ စတဲ့ စစ္အစိုးရေတြလက္ထက္မွာ ႏုိင္ငံေရးခိုလံႈၿပီး အမိႏိုင္ငံကို မျပန္သူေတြ ရိွလာပါတယ္။ ခိုလံႈခြင့္ရတဲ့ႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ အေျခခ်ေနထိုင္ၾကတာ မ်ားပါတယ္။ အတိုက္အခံလုပ္သူ အလြန္နည္းပါးၿပီး စစ္ၿပိဳင္အစိုးရ မရိွတာေၾကာင့္ စစ္အစိုးရေတြဟာ မတုန္မလႈပ္ ထင္သလို ဆက္လုပ္ၾကပါတယ္။ ဒါေပမဲ့ ဒီတႀကိမ္ ျဖဳတ္ခ်ခံရတဲ့ NLD အစိုးရကို သစၥာခံၾကတဲ့ သံအမတ္ေတြ ေပၚထြက္လာတဲ့အခါ စစ္အုပ္စုဟာ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ကုန္ပါတယ္။
ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းလို NLD အစိုးရကို သစၥာခံၿပီး စစ္အာဏာသိမ္းမႈကို ေဝဖန္ရႈတ္ခ်တာမ်ဳိး စစ္အုပ္စု တခါမွမႀကံဳဖူးေသးပါဘူး။ အဲဒါေၾကာင့္ လုပ္ႀကံမႈမ်ဳိး ေပၚေပါက္လာပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊရဲ ႔ေျမးျဖစ္သူ ေက်ာ္ေက်ာ္ႏိုင္ထြန္းရဲ ႔ မိတ္ေဆြေရာင္ရင္း ၿဖိဳးဟိန္းထြဋ္က ဘန္ေကာက္အေျခစိုက္ လက္နက္ပြဲစား ဦးေအးကိုနဲ႔ လက္တြဲၿပီး ဦးေက်ာ္မိုးထြန္းကို ဖယ္ရွားဖို႔ စီစဥ္ပံုကို ၾသဂုတ္လ (၂၇) ရက္ေန႔ထုတ္ RFA သတင္းလႊာမွာ အေသးစိတ္ေဖာ္ျပထားပါတယ္။
အေျခခံဥပေဒအရ ႏုိင္ငံေတာ္အတိုင္ပင္ခံရာထူးကို တီထြင္ေပးၿပီး ငါးၾကင္းဆီနဲ႔ ငါးၾကင္းေက်ာ္တတ္တဲ့ ေရွ ႔ေနဦးကိုနီကို လူသတတ္သမားငွားၿပီး သုတ္သင္ပစ္တာဟာ အထင္ရွားဆံုး ျဖစ္ပါတယ္။ အခုလည္း စစ္ေကာင္စီကို စိန္ေခၚေနတဲ့ ဦးေက်ာ္မိုးထြန္းကို အၾကမ္းဖက္ဖယ္ရွားဖို႔ ႀကံစည္ျပန္ပါတယ္။ ဦးေက်ာ္မုိးထြန္းကို အၾကမ္းဖက္ဖယ္ရွားဖို႔ ႀကံစည္တဲ့ နယူးေရာက္ၿမိဳ ႔ေန ျမန္မာႏွစ္ဦးကို အေမရိကန္ FBI က ဖမ္းဆီးႏိုင္တာဟာ ျပည္သူ႔ေအာင္ပြဲတခု ျဖစ္ပါတယ္။ ဦးေက်ာ္မုိးထြန္းရဲ ႔ရံုးကို ျမန္မာ့ဒီမိုကေရစီသမားေတြက ေန႔ေရာညပါ အလွည့္က်ေစာင့္ၾကပ္ေပးေနတဲ့အတြက္ လုပ္ႀကံသူ ၿဖိဳးဟိန္းထြဋ္နဲ႔ ႀကံရာပါတဦးကို ဖမ္းဆီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံမွာလည္း ဗမာစစ္အုပ္စုက လူသတ္သမားငွားၿပီး အၾကမ္းဖက္ေလ့ ရိွပါတယ္။ ၁၉၉၀ ေရြးေကာက္ပြဲအႏိုင္ရတဲ့ ျပည္သူ႔ကိုယ္စားလွယ္ေတြ ဖြဲ႔စည္းထားတဲ့ NCGUB ညႊန္႔ေပါင္းအစိုးရအဖြဲ႔ဝင္ႏွစ္ဦးကို စစ္အုပ္စုရဲ ႔ လူသတ္သမားက သတ္ျဖတ္ႏို္င္ခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ အကိုဝမ္းကို ေဒါက္တာစိန္ဝင္းေခါင္းေဆာင္တဲ့ NCGUB ညြန္႔ေပါင္းအစိုးရဝန္ႀကီးျဖစ္သူ ဦးဝင္းကိုဟာ ယူနန္ျပည္နယ္ ကူမင္ၿမိဳ ႔က ဟိုတယ္တခုမွာ တည္ခိုးေနစဥ္ ၁၉၉၃ မွာ အသတ္ခံလိုက္ရပါတယ္။ တႏွစ္ထဲမွာပဲ ဝန္ႀကီးအဖြဲ႔ဝင္ ဦးလွေဖလည္း ဘန္ေကာက္ၿမိဳ ႔မွာ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရပါတယ္။ ဘန္ေကာက္ၿမိဳ ႔ျမန္မာသံရံုးဟာ ေထာက္လွမ္းေရးဌာနခ်ဳပ္လို ျဖစ္ေနၿပီး၊ လူသတ္သမားငွားရတာ လြယ္ကူတဲ့အတြက္ ဗမာစစ္အုပ္စုရဲ ႔ အၾကမ္းဖက္မႈေတြ ေအာင္ျမင္တာ ျဖစ္ပံုရပါတယ္။ စစ္တပ္နဲ႔ နီးစပ္တဲ့ လက္နက္ကိုင္အဖြဲ႔ေတြကို စည္းရံုးသိမ္းသြင္းၿပီး လုပ္ႀကံသတ္ျဖတ္ခိုင္းတဲ့ အစဥ္အလာလည္း ရိွပါတယ္။ KNU အေထြေထြအတြင္းေရးမွဴး လုပ္ႀကံသတ္ျဖတ္ခံရမႈကိုၾကည့္ရင္ တပ္မေတာ္ထဲမွာလည္း လူသတ္သမား ငွားရမ္းၿပီး လုပ္ႀကံသတ္ျဖတ္ဖို႔ ဝန္မေလးသူေတြရိွေၾကာင္း သိႏိုင္ပါတယ္။
KNU ကရင္အမ်ဳိးသားအစည္းအရံုးရဲ ႔ အေထြေထြအတြင္းေရးမွဴး 'ဖဒိုမန္းရွာလာဖန္း' ဟာ လူခ်စ္လူခင္မ်ားၿပီး အေျမာ္အျမင္ရိွတဲ့ ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။ ဒီမိုကေရစီလႈပ္ရွားမႈမွာ အေရးပါတဲ့ေခါင္းေဆာင္အျဖစ္ ပါဝင္လႈပ္ရွားေနခဲ့သူပါ။ ဒါေၾကာင့္မို႔ တပ္မေတာ္နဲ႔ နီးစပ္တဲ့ DKBA နဲ႔ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီစတဲ့ ကရင္ဂိုဏ္းကြဲေတြက လုပ္ႀကံသတ္ျဖတ္တာလို႔ ေျပာဆိုၾကေၾကာင္း ၾသဂုတ္လ (၁၁) ရက္ေန႔ထုတ္ ဧရာဝတီစာေစာင္မွာ ေဖာ္ျပခဲ့ပါတယ္။ လက္ရိွစစ္ေကာင္စီမွာ ကာကြယ္ေရးဝန္ႀကီးလုပ္ေနတဲ့ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးလည္း ဒီလုပ္ႀကံမႈထဲမွာ ပါဝင္ႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။ ဖဒိုမန္းရွာလာဖန္းကို သတ္ျဖတ္တဲ့ ၂၀၀၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၄) ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးဟာ အေရွ ႔ပိုင္းတိုင္းမွဴးျဖစ္ၿပီး တပ္မေတာ္ကိုယ္စားလွယ္ျဖစ္ေၾကာင္း ဧရာဝတီမွာ ေဖာ္ျပထားပါတယ္။
နယူးေရာက္ၿမိဳ ႔က NLD အစိုးရရဲ ႔ ကုလသမဂၢကိုယ္စားလွယ္ကို ဖယ္ရွားႏိုင္ဖို႔ ႀကံစည္ေနခ်ိန္မွာ လန္ဒန္ၿမိဳ ႔ေတာ္အေျခစိုက္ NLD သံအမတ္ကိုလည္း အိမ္မွာမေနရဲေအာင္ စစ္ေကာင္စီကိုယ္စားလွယ္ေတြက ၿခိမ္းေျခာက္ေနတယ္လို႔ MAP - Myanmar Accountability Project ရဲ ႔ ညႊန္ၾကားေရးမွဴး Chris Gunness က ၾသဂုတ္လ (၁၆) ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။ Christopher Gunness ဟာ ၁၉၈၈ အေရးေတာ္ပံုအခ်ိန္ကစၿပီး ျမန္မာ့ဒီမိုကေရစီအေရးကို ကူညီအားေပးေနသူ ျဖစ္ပါတယ္။ ရာဇဝတ္မႈ က်ဴးလြန္တဲ့ စစ္အုပ္စုဝင္ေတြကို တဦးခ်င္း တရားစြဲႏိုင္ဖို႔ MAP က ရည္ရြယ္ပါတယ္။
ေလာေလာဆယ္ေတာ့ လန္ဒန္ျမန္မာသံအမတ္အမႈကို MAP က ကိုင္တြယ္ေနပါတယ္။ CDM မွာ ပါဝင္ေၾကာင္း ေၾကညာတဲ့ ျမန္မာသံအမတ္ ဦးေက်ာ္စြာမင္း ရံုးမတက္ႏိုင္ေအာင္ ရည္ရြယ္ၿပီး စစ္ေကာင္စီလက္ေအာက္ခံ စစ္သံမွဴးနဲ႔ ၾသဇာခံသံဝန္ထမ္းတခ်ဳိ ႔ဟာ သံရံုးကို သိမ္းပိုက္ထားလိုက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ သံအမတ္ေနတဲ့ ျမန္မာအစိုးရပိုင္အိမ္ယာကိုေတာ့ သိမ္းပိုက္လို႔ မရပါဘူး။ ဒါေၾကာင့္ ၾသဂုတ္လ (၁၄) ရက္ေန႔ကစၿပီး စစ္ေကာင္စီၾသဇာခံေတြ ဦးေက်ာ္စြာမင္းအိမ္နား ေျခခ်င္းလိမ္ၿပီး ေယာင္ေပေပလုပ္ျပေနတာကို အေရးယူဖို႔ Chris Gunness က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
==Unicode==
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
မြန်မာသံတမန်တွေထဲမှာ စစ်အစိုးရကို မကျေနပ်လို့ ကိုယ်တာဝန်ကျတဲ့ တိုင်းပြည်မှာ နိုင်ငံရေးခိုလှုံကြတဲ့ အစဉ်အလာ ရှိပါတယ်။ ၁၉၆၂ နောက်ပိုင်း မဆလ၊ နဝတ၊ နအဖ စတဲ့ စစ်အစိုးရတွေလက်ထက်မှာ နိုင်ငံရေးခိုလှုံပြီး အမိနိုင်ငံကို မပြန်သူတွေ ရှိလာပါတယ်။ ခိုလှုံခွင့်ရတဲ့နိုင်ငံမှာ ငြိမ်းချမ်းစွာ အခြေချနေထိုင်ကြတာ များပါတယ်။ အတိုက်အခံလုပ်သူ အလွန်နည်းပါးပြီး စစ်ပြိုင်အစိုးရ မရှိတာကြောင့် စစ်အစိုးရတွေဟာ မတုန်မလှုပ် ထင်သလို ဆက်လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီတကြိမ် ဖြုတ်ချခံရတဲ့ NLD အစိုးရကို သစ္စာခံကြတဲ့ သံအမတ်တွေ ပေါ်ထွက်လာတဲ့အခါ စစ်အုပ်စုဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ပါတယ်။
ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလို NLD အစိုးရကို သစ္စာခံပြီး စစ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချတာမျိုး စစ်အုပ်စု တခါမှမကြုံဖူးသေးပါဘူး။ အဲဒါကြောင့် လုပ်ကြံမှုမျိုး ပေါ်ပေါက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးဖြစ်သူ ကျော်ကျော်နိုင်ထွန်းရဲ့ မိတ်ဆွေရောင်ရင်း ဖြိုးဟိန်းထွဋ်က ဘန်ကောက်အခြေစိုက် လက်နက်ပွဲစား ဦးအေးကိုနဲ့ လက်တွဲပြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ စီစဉ်ပုံကို သြဂုတ်လ (၂၇) ရက်နေ့ထုတ် RFA သတင်းလွှာမှာ အသေးစိတ်ဖော်ပြထားပါတယ်။
အခြေခံဥပဒေအရ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို တီထွင်ပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တတ်တဲ့ ရှေ့နေဦးကိုနီကို လူသတတ်သမားငှားပြီး သုတ်သင်ပစ်တာဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ အခုလည်း စစ်ကောင်စီကို စိန်ခေါ်နေတဲ့ ဦးကျော်မိုးထွန်းကို အကြမ်းဖက်ဖယ်ရှားဖို့ ကြံစည်ပြန်ပါတယ်။ ဦးကျော်မိုးထွန်းကို အကြမ်းဖက်ဖယ်ရှားဖို့ ကြံစည်တဲ့ နယူးရောက်မြို့နေ မြန်မာနှစ်ဦးကို အမေရိကန် FBI က ဖမ်းဆီးနိုင်တာဟာ ပြည်သူ့အောင်ပွဲတခု ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းရဲ့ရုံးကို မြန်မာ့ဒီမိုကရေစီသမားတွေက နေ့ရောညပါ အလှည့်ကျစောင့်ကြပ်ပေးနေတဲ့အတွက် လုပ်ကြံသူ ဖြိုးဟိန်းထွဋ်နဲ့ ကြံရာပါတဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဗမာစစ်အုပ်စုက လူသတ်သမားငှားပြီး အကြမ်းဖက်လေ့ ရှိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ NCGUB ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်နှစ်ဦးကို စစ်အုပ်စုရဲ့ လူသတ်သမားက သတ်ဖြတ်နိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကို ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ NCGUB ညွန့်ပေါင်းအစိုးရဝန်ကြီးဖြစ်သူ ဦးဝင်းကိုဟာ ယူနန်ပြည်နယ် ကူမင်မြို့က ဟိုတယ်တခုမှာ တည်ခိုးနေစဉ် ၁၉၉၃ မှာ အသတ်ခံလိုက်ရပါတယ်။ တနှစ်ထဲမှာပဲ ဝန်ကြီးအဖွဲ့ဝင် ဦးလှဖေလည်း ဘန်ကောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဘန်ကောက်မြို့မြန်မာသံရုံးဟာ ထောက်လှမ်းရေးဌာနချုပ်လို ဖြစ်နေပြီး၊ လူသတ်သမားငှားရတာ လွယ်ကူတဲ့အတွက် ဗမာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အောင်မြင်တာ ဖြစ်ပုံရပါတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးသိမ်းသွင်းပြီး လုပ်ကြံသတ်ဖြတ်ခိုင်းတဲ့ အစဉ်အလာလည်း ရှိပါတယ်။ KNU အထွေထွေအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ရင် တပ်မတော်ထဲမှာလည်း လူသတ်သမား ငှားရမ်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးသူတွေရှိကြောင်း သိနိုင်ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး 'ဖဒိုမန်းရှာလာဖန်း' ဟာ လူချစ်လူခင်များပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားနေခဲ့သူပါ။ ဒါကြောင့်မို့ တပ်မတော်နဲ့ နီးစပ်တဲ့ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့ ကရင်ဂိုဏ်းကွဲတွေက လုပ်ကြံသတ်ဖြတ်တာလို့ ပြောဆိုကြကြောင်း သြဂုတ်လ (၁၁) ရက်နေ့ထုတ် ဧရာဝတီစာစောင်မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိစစ်ကောင်စီမှာ ကာကွယ်ရေးဝန်ကြီးလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးလည်း ဒီလုပ်ကြံမှုထဲမှာ ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖဒိုမန်းရှာလာဖန်းကို သတ်ဖြတ်တဲ့ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ အရှေ့ပိုင်းတိုင်းမှူးဖြစ်ပြီး တပ်မတော်ကိုယ်စားလှယ်ဖြစ်ကြောင်း ဧရာဝတီမှာ ဖော်ပြထားပါတယ်။
နယူးရောက်မြို့က NLD အစိုးရရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဖယ်ရှားနိုင်ဖို့ ကြံစည်နေချိန်မှာ လန်ဒန်မြို့တော်အခြေစိုက် NLD သံအမတ်ကိုလည်း အိမ်မှာမနေရဲအောင် စစ်ကောင်စီကိုယ်စားလှယ်တွေက ခြိမ်းခြောက်နေတယ်လို့ MAP - Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး Chris Gunness က သြဂုတ်လ (၁၆) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ Christopher Gunness ဟာ ၁၉၈၈ အရေးတော်ပုံအချိန်ကစပြီး မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးနေသူ ဖြစ်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်အုပ်စုဝင်တွေကို တဦးချင်း တရားစွဲနိုင်ဖို့ MAP က ရည်ရွယ်ပါတယ်။
လောလောဆယ်တော့ လန်ဒန်မြန်မာသံအမတ်အမှုကို MAP က ကိုင်တွယ်နေပါတယ်။ CDM မှာ ပါဝင်ကြောင်း ကြေညာတဲ့ မြန်မာသံအမတ် ဦးကျော်စွာမင်း ရုံးမတက်နိုင်အောင် ရည်ရွယ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သံမှူးနဲ့ သြဇာခံသံဝန်ထမ်းတချို့ဟာ သံရုံးကို သိမ်းပိုက်ထားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သံအမတ်နေတဲ့ မြန်မာအစိုးရပိုင်အိမ်ယာကိုတော့ သိမ်းပိုက်လို့ မရပါဘူး။ ဒါကြောင့် သြဂုတ်လ (၁၄) ရက်နေ့ကစပြီး စစ်ကောင်စီသြဇာခံတွေ ဦးကျော်စွာမင်းအိမ်နား ခြေချင်းလိမ်ပြီး ယောင်ပေပေလုပ်ပြနေတာကို အရေးယူဖို့ Chris Gunness က ကြေညာချက် ထုတ်ပြန်ထားပါတယ်။