သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါနဲ႔ အစိုးရပါဝင္မႈ


COVID-19 တိုက္ဖ်က္ေရးအတြက္ ကုလသမဂၢက ကူညီပံ့ပိုးေပးတဲ့ ေရာဂါစမ္းသပ္ကိရိယာမ်ား။ (ဓာတ္ပံု - United Nations Myanmar)
ကိုဗစ္ေရာဂါနဲ႔ အစိုးရပါဝင္မႈ
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကိုဗစ္ေရာဂါေၾကာင့္ လူမႈစီးပြားေရးအေဆာက္အအံု ယိုယြင္းပ်က္စီးလာတာကို ကိုင္တြယ္ရာမွာ အစိုးရပါဝင္တဲ့ အခန္းက႑ဟာ အလြန္အေရးႀကီးေၾကာင္း အေမရိကန္၊ ကေနဒါ၊ အေနာက္ဥေရာပါ၊ ဂ်ပန္၊ နယူးဇီးလန္ နဲ႔ ၾသစေတးလ်တို႔ ပါဝင္တဲ့ OECD အဖြဲ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ က််န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ အလုပ္အကိုင္ စတာေတြ မပ်က္စီးေအာင္ ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ႏိုင္ငံေရးေခါင္းေဆာင္မႈ ေကာင္းမြန္ဖို႔ လိုပါတယ္။ ဒါမွသာ တုိင္းသူျပည္သားမ်ားက အစိုးရကို ယံုၾကည္လာမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာ ႏိုင္ငံေရးေခါင္းေဆာင္မႈ ကင္းမဲ့မႈမ်ားပါတယ္။

ကိုဗစ္ေရာဂါနဲ႔ ပတ္သက္တဲ့ ေဆးပညာရွင္၊ အတတ္ပညာရွင္နဲ႔ ကၽြမ္းက်င္သူေတြကို ေရွ ႔တန္းတင္ၿပီး သူတို႔အႀကံဥာဏ္ကို ႏုိင္ငံေခါင္းေဆာင္ေတြ နားေထာင္ၾကပါတယ္။ ပညာရွင္ေတြပါဝင္တဲ့ ေကာ္မတီေတြဟာ အစိုးရေခါင္းေဆာင္ပိုင္းနဲ႔ တုိက္ရိုက္ဆက္ဆံၿပီး အလုပ္လုပ္ၾကပါတယ္။ ခတြခ်ေပးတဲ့ အစီအစဥ္ကို အစိုးရက အေကာင္အထည္ေဖာ္ပါတယ္။ ၿဗိတိန္မွာဆိုရင္ သိပၸံအႀကံေပးအဖြဲ႔နဲ႔ အစိုးရအဖြဲ႔ဟာ အၿမဲတမ္းပူးေပါင္းေဆာင္ရြက္ပါတယ္။ ကိုဗစ္ေရာဂါ အခ်က္အလက္ေတြကို အစိုးရအဖြဲ႔နဲ႔ ေဆြးေႏြးၿပီး လက္ေတြ႔လုပ္ကိုင္ဖို႔ ဆံုးျဖတ္ၾကပါတယ္။

ျမန္မာျပည္မွာ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈကို ၂၀၂၀ မတ္လ (၂၄) ရက္ေန႔မွာ ပထမဦးဆံုးအႀကိမ္ သိရိွရပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေရာဂါကာကြယ္ေရး၊ စစ္ေဆးေရးနဲ႔ ကုသေရး စတာေတြကို ျပင္ဆင္လာခဲ့ပါတယ္။ ကိုဗစ္ ပထမနဲ႔ ဒုတိယလိႈင္းကို ရင္ဆိုင္ရတဲ့ NLD အစိုးရဟာ ေဆးပညာရွင္ေတြနဲ႔ လက္တြဲၿပီး ေရာဂါကာကြယ္ေရးလုပ္ငန္းကို လုပ္ကိုင္ပါတယ္။ ကိုဗစ္တုိက္ဖ်က္ေရးဌာနေတြနဲ႔ ရိကၡာေထာက္ပံ့တဲ့ အလွဴရွင္ေတြ အမ်ားအျပား ေပၚထြက္လာပါတယ္။ ေဆးရံုက ဆရာဝန္နဲ႔ သူနာျပဳေတြဟာ မိမိတို႔သေဘာအေလ်ာက္ အိမ္မျပန္ဘဲ အလုပ္လုပ္ၾကပါတယ္။ ျပည္သူ႔က်န္းမာေရးကို အစြမ္းကုန္ ေစာင့္ေရွာက္မယ္လို႔ အစိုးရေခါင္းေဆာင္ ေဒၚစုက ကတိေပးပါတယ္။ ျပည္သူက ေရြးေကာက္တင္ေျမွာက္ထားတဲ့ ျပည္သူအစိုးရပီသစြာ ျပည္သူ႔အက်ဳိးသယ္ပိုးေနတာကို ျပည္သူက ယံုၾကည္ပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ NLD အစိုးရရဲ ႔ ကိုဗစ္ကာကြယ္ေရး အစီအစဥ္ေတြ ရပ္ဆိုင္းသြားရပါတယ္။

လူဦးေရ (၁၅) သန္းအတြက္ အိႏိၵယထုတ္ ကိုဗစ္ကာကြယ္ေဆး အလံုးေရ သန္း (၃၀) ကို NLD အစိုးရ ဝယ္ယူထားတဲ့အနက္ လက္ခံရရိွတဲ့ေဆးေတြကိ ဇန္နဝါရီလ (၂၇) ရက္ေန႔ကစၿပီး ထိုးေပးပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ ကာကြယ္ေဆးထိုးေရးအစီအစဥ္ ကေသာင္းကနင္း ျဖစ္ကုန္ပါတယ္။ ဇူလိုင္လကရတဲ့ တရုတ္ေဆး (၃) သန္းနဲ႔ ၾသဂုတ္လ (၈) ရက္ေန႔ကရတဲ့ (၁) သန္းတုိ႔ကို တိုင္းနဲ႔ျပည္နယ္ေတြမွာ ထိုးေပးေနေၾကာင္း သိရပါတယ္။ သက္ႀကီးရြယ္အိုေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ အစိုးရဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြကို ဦးစားေပးအျဖစ္ သတ္မွတ္ၿပီး ေဆးထုိးေပးေနတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ကုမၸဏီအခ်ဳိ ႔ဟာ မိမိတို႔ဘာသာအစီအစဥ္လုပ္ၿပီး အမႈထမ္းေတြကို ကာကြယ္ေဆး ထိုးေပးေၾကာင္း သိရပါတယ္။

စစ္အာဏာမသိမ္းမီကတည္းက အေမရိကန္က ကိုဗစ္ကာကြယ္ေရး ရန္ပံုေငြ ေဒၚလာသန္း (၂၀) ေက်ာ္ ေထာက္ပံ့ေပးထားပါတယ္။ စစ္အာဏာသိမ္းတဲ့အခါ NLD အရပ္သားအစိုးရကိုေပးတဲ့ ေဒၚလာသန္း (၄၀) ေက်ာ္ကို အျခားအဖြဲ႔အစည္းေတြကတဆင့္ သံုးစြဲဖို႔ လႊဲေျပာင္းေပးလိုက္ပါတယ္။ အခုလည္း ေဒၚလာသန္း (၅၀) ေက်ာ္တန္တဲ့ ကူညီေထာက္ပံ့မႈေတြကို ျပည္သူေတြဆီေရာက္ေအာင္ ၾကားခံအဖြဲ႔ေတြကတဆင့္ မွ်ေဝသြားမယ္လို႔ ဆိုပါတယ္။ ရုရွားကေတာ့ စစ္ေကာင္စီကို တိုက္ရိုက္ေထာက္ပံ့ပါတယ္။ ကိုဗစ္ထိုးေဆးအလံုး (၇) သန္း စစ္ေကာင္စီေတာင္းတာကို (၂) သန္းေပးဖို႔ ရုရွားက ကတိျပဳပါတယ္။ တရုတ္ကိုဗစ္ေဆးလံုးေရ (၃) သန္းခြဲ ရရိွတဲ့အနက္ (၁) သန္းကို စစ္ေကာင္စီက ဝယ္ယူေၾကာင္း ဇူလိုင္ (၂၄) ရက္ထုတ္ ဆင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီကိုလည္း ေဒၚလာ (၆) သန္း ေထာက္ပံ့ပါတယ္။

ခြင့္ျပဳခ်က္မရဘဲ ကိုဗစ္ကာကြယ္ေဆး ထုိးေပးရင္ အေရးယူမယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ေျပာတာကို ၾသဂုတ္လ (၁၂) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ကိုဗစ္ကာကြယ္ေရးမွာ တရုတ္ကုန္သည္ႀကီးမ်ားအသင္းက တရုတ္ေဆးတင္သြင္းခြင့္နဲ႔ ျဖန္႔ျဖူးခြင့္ကို ရရိွထားၿပီး၊ SML ေဆးဝါးကုမၸဏီကေတာ့ အိႏိၵယေဆး တင္သြင္းခြင့္နဲ႔ ျဖန္႔ျဖဴးခြင့္ေတြ ရထားၾကပါတယ္။ တရုတ္ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးရင္ က်ပ္ငါးေသာင္း ကုန္က်မယ္လို႔ တရုတ္ကုန္သည္မ်ားအသင္းက ေၾကညာထားတာကိုလည္း ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။

အာဆီယံရဲ ႔ ကိုဗစ္ရန္ပံုေငြထဲက ရသမွ်ေတာင္းယူဖို႔ကိုလည္း တပ္ခ်ဳပ္မင္းေအာင္လိႈင္က ညႊန္ၾကားထားပါတယ္။ ဒါေပမဲ့ အာဏာမသိမ္းမီမွာ IMF ႏိုင္ငံတကာေငြေၾကးအဖြဲ႔က လွဴထားတဲ့ ကိုဗစ္အလွဴေငြ ေဒၚလာသန္း (၃၅၀) ကေတာ့ စာရင္းေပ်ာက္ေနတယ္လို႔ ကုလသမဂၢဝန္ထမ္း Tom Andrews က ေထာက္ျပပါတယ္။ အာဏာသိမ္းတပ္နဲ႔ ကင္းေဝးတဲ့ 'ဝ' ေဒသမွာေတာ့ ေမလမွာတႀကိမ္၊ ဇြန္လမွာတႀကိမ္ ေဒသခံျပည္သူအားလံုးကို တရုတ္အစိုးရ အကူအညီနဲ႔ ကိုဗစ္ကာကြယ္ေဆး (၂) ႀကိမ္ ထိုးေပးႏုိင္ပါတယ္။ ျမန္မာျပည္တျပည္လံုးကို ၿခံဳၾကည့္ရင္ေတာ့ ဇန္နဝါရီလကေန ဇြန္လအထိ (၆) လအတြင္းမွာ လူဦးေရရဲ ႔ (၃) ရာခိုင္ႏႈန္းေက်ာ္ကိုသာ ကိုဗစ္ကာကြယ္ေဆး ထိုးေပးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကိုဗစ်ရောဂါကြောင့် လူမှုစီးပွားရေးအဆောက်အအုံ ယိုယွင်းပျက်စီးလာတာကို ကိုင်တွယ်ရာမှာ အစိုးရပါဝင်တဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးကြောင်း အမေရိကန်၊ ကနေဒါ၊ အနောက်ဥရောပါ၊ ဂျပန်၊ နယူးဇီးလန် နဲ့ သြစတေးလျတို့ ပါဝင်တဲ့ OECD အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် စတာတွေ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်မှု ကောင်းမွန်ဖို့ လိုပါတယ်။ ဒါမှသာ တိုင်းသူပြည်သားများက အစိုးရကို ယုံကြည်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ နိုင်ငံရေးခေါင်းဆောင်မှု ကင်းမဲ့မှုများပါတယ်။

ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူတွေကို ရှေ့တန်းတင်ပြီး သူတို့အကြံဉာဏ်ကို နိုင်ငံခေါင်းဆောင်တွေ နားထောင်ကြပါတယ်။ ပညာရှင်တွေပါဝင်တဲ့ ကော်မတီတွေဟာ အစိုးရခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက်ဆက်ဆံပြီး အလုပ်လုပ်ကြပါတယ်။ သိပ္ပံကော်မတီတွေချပေးတဲ့ အစီအစဉ်ကို အစိုးရက အကောင်အထည်ဖော်ပါတယ်။ ဗြိတိန်မှာဆိုရင် သိပ္ပံအကြံပေးအဖွဲ့နဲ့ အစိုးရအဖွဲ့ဟာ အမြဲတမ်းပူးပေါင်းဆောင်ရွက်ပါတယ်။ ကိုဗစ်ရောဂါ အချက်အလက်တွေကို အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီး လက်တွေ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ကြပါတယ်။

မြန်မာပြည်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို ၂၀၂၀ မတ်လ (၂၄) ရက်နေ့မှာ ပထမဦးဆုံးအကြိမ် သိရှိရပါတယ်။ အဲဒီအချိန်ကစပြီး ရောဂါကာကွယ်ရေး၊ စစ်ဆေးရေးနဲ့ ကုသရေး စတာတွေကို ပြင်ဆင်လာခဲ့ပါတယ်။ ကိုဗစ် ပထမနဲ့ ဒုတိယလှိုင်းကို ရင်ဆိုင်ရတဲ့ NLD အစိုးရဟာ ဆေးပညာရှင်တွေနဲ့ လက်တွဲပြီး ရောဂါကာကွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးဌာနတွေနဲ့ ရိက္ခာထောက်ပံ့တဲ့ အလှူရှင်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေဟာ မိမိတို့သဘောအလျောက် အိမ်မပြန်ဘဲ အလုပ်လုပ်ကြပါတယ်။ ပြည်သူ့ကျန်းမာရေးကို အစွမ်းကုန် စောင့်ရှောက်မယ်လို့ အစိုးရခေါင်းဆောင် ဒေါ်စုက ကတိပေးပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူအစိုးရပီသစွာ ပြည်သူ့အကျိုးသယ်ပိုးနေတာကို ပြည်သူက ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် NLD အစိုးရရဲ့ ကိုဗစ်ကာကွယ်ရေး အစီအစဉ်တွေ ရပ်ဆိုင်းသွားရပါတယ်။

လူဦးရေ (၁၅) သန်းအတွက် အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း (၃၀) ကို NLD အစိုးရ ဝယ်ယူထားတဲ့အနက် လက်ခံရရှိတဲ့ဆေးတွေကိ ဇန်နဝါရီလ (၂၇) ရက်နေ့ကစပြီး ထိုးပေးပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ကာကွယ်ဆေးထိုးရေးအစီအစဉ် ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။ ဇူလိုင်လကရတဲ့ တရုတ်ဆေး (၃) သန်းနဲ့ သြဂုတ်လ (၈) ရက်နေ့ကရတဲ့ (၁) သန်းတို့ကို တိုင်းနဲ့ပြည်နယ်တွေမှာ ထိုးပေးနေကြောင်း သိရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆေးထိုးပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအချို့ဟာ မိမိတို့ဘာသာအစီအစဉ်လုပ်ပြီး အမှုထမ်းတွေကို ကာကွယ်ဆေး ထိုးပေးကြောင်း သိရပါတယ်။

စစ်အာဏာမသိမ်းမီကတည်းက အမေရိကန်က ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေ ဒေါ်လာသန်း (၂၀) ကျော် ထောက်ပံ့ပေးထားပါတယ်။ စစ်အာဏာသိမ်းတဲ့အခါ NLD အရပ်သားအစိုးရကိုပေးတဲ့ ဒေါ်လာသန်း (၄၀) ကျော်ကို အခြားအဖွဲ့အစည်းတွေကတဆင့် သုံးစွဲဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။ အခုလည်း ဒေါ်လာသန်း (၅၀) ကျော်တန်တဲ့ ကူညီထောက်ပံ့မှုတွေကို ပြည်သူတွေဆီရောက်အောင် ကြားခံအဖွဲ့တွေကတဆင့် မျှဝေသွားမယ်လို့ ဆိုပါတယ်။ ရုရှားကတော့ စစ်ကောင်စီကို တိုက်ရိုက်ထောက်ပံ့ပါတယ်။ ကိုဗစ်ထိုးဆေးအလုံး (၇) သန်း စစ်ကောင်စီတောင်းတာကို (၂) သန်းပေးဖို့ ရုရှားက ကတိပြုပါတယ်။ တရုတ်ကိုဗစ်ဆေးလုံးရေ (၃) သန်းခွဲ ရရှိတဲ့အနက် (၁) သန်းကို စစ်ကောင်စီက ဝယ်ယူကြောင်း ဇူလိုင် (၂၄) ရက်ထုတ် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီကိုလည်း ဒေါ်လာ (၆) သန်း ထောက်ပံ့ပါတယ်။

ခွင့်ပြုချက်မရဘဲ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရင် အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ပြောတာကို သြဂုတ်လ (၁၂) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ လောလောဆယ်တော့ ကိုဗစ်ကာကွယ်ရေးမှာ တရုတ်ကုန်သည်ကြီးများအသင်းက တရုတ်ဆေးတင်သွင်းခွင့်နဲ့ ဖြန့်ဖြူးခွင့်ကို ရရှိထားပြီး၊ SML ဆေးဝါးကုမ္ပဏီကတော့ အိန္ဒိယဆေး တင်သွင်းခွင့်နဲ့ ဖြန့်ဖြူးခွင့်တွေ ရထားကြပါတယ်။ တရုတ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရင် ကျပ်ငါးသောင်း ကုန်ကျမယ်လို့ တရုတ်ကုန်သည်များအသင်းက ကြေညာထားတာကိုလည်း ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံရဲ့ ကိုဗစ်ရန်ပုံငွေထဲက ရသမျှတောင်းယူဖို့ကိုလည်း တပ်ချုပ်မင်းအောင်လှိုင်က ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းမီမှာ IMF နိုင်ငံတကာငွေကြေးအဖွဲ့က လှူထားတဲ့ ကိုဗစ်အလှူငွေ ဒေါ်လာသန်း (၃၅၀) ကတော့ စာရင်းပျောက်နေတယ်လို့ ကုလသမဂ္ဂဝန်ထမ်း Tom Andrews က ထောက်ပြပါတယ်။ အာဏာသိမ်းတပ်နဲ့ ကင်းဝေးတဲ့ 'ဝ' ဒေသမှာတော့ မေလမှာတကြိမ်၊ ဇွန်လမှာတကြိမ် ဒေသခံပြည်သူအားလုံးကို တရုတ်အစိုးရ အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ မြန်မာပြည်တပြည်လုံးကို ခြုံကြည့်ရင်တော့ ဇန်နဝါရီလကနေ ဇွန်လအထိ (၆) လအတွင်းမှာ လူဦးရေရဲ့ (၃) ရာခိုင်နှုန်းကျော်ကိုသာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

XS
SM
MD
LG