သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ရွိ အက်ပ္အတည္ ေက်ာ္လႊားေရး ႏွင့္ တိုင္းရင္းသားတို႔အခန္းက႑


Armed Myanmar riot policemen and soldiers reach a makeshift barricade made by anti coup protesters in Mandalay, Myanmar, Tuesday, March 23, 2021. Myanmar’s military junta on Tuesday took the offensive to justify last month's coup and subsequent actions against those opposed to it
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီကို တြန္းလွန္ဖယ္ရွားဖို႔ ႐ုန္းကန္ေနတဲ့လႈပ္ရွားမႈမွာ တိုင္းရင္းသားေတြရဲ႕ ပူးေပါင္းပါဝင္မႈက ဘယ္လို အေျခအေနရွိေနပါသလဲ၊ သူတို႔ရဲ႕ပူးေပါင္းပါဝင္မႈက ဘယ္ေလာက္ အေရးပါၿပီး ဘာျဖစ္လာႏိုင္ပါသလဲ၊ ျမန္မာႏိုင္ငံ တိုင္းရင္းသားႏိုင္ငံေရးရာ ကြၽမ္းက်င္သူ ဦးေမာင္ေမာင္စိုးနဲ႔ ဦးေက်ာ္ဇံသာတိုိ႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပထမဦးဆံုးေမးခ်င္တာက အခုျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ စစ္အာဏာရွင္စနစ္ ဆန္႔က်င္အံုၾကြမႈထဲမွာ တိုင္းရင္းသားေတြရဲ ႔ ပါဝင္မႈနဲ႔ ပတ္သက္ပါတယ္။ တုိင္းရင္းသားဆိုတဲ့ေနရာမွာ တုိင္းရင္းသားလူမ်ဳိးစုေတြနဲ႔ EAO လို႔ေခၚတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြေပါ့။ သူတုိ႔ရဲ ႔ ပါဝင္မႈက ျပည္မနဲ႔ တေျပညီျဖစ္ေနၿပီလား။ သူတုိ႔ တခုနဲ႔တခုၾကားမွာ တေျပညီသေဘာထား ရိွၾကပါသလား။ လူထုေတြရဲ ႔ ဒီမိုကေရစီ ေတာင္းဆိုတဲ့ အံုၾကြမႈနဲ႔ ပတ္သက္တဲ့ သူတုိ႔ရဲ ႔သေဘာထား၊ သူတုိ႔ရဲ ႔ ပါဝင္ပတ္သက္မႈကို ဘယ္လိုသံုးသပ္ႏိုင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ (၁၀) စုႏွစ္တဲ့ ဆိုင္တယ္။ ၿပီးခဲ့တဲ့ (၁၀) စုႏွစ္ကာလမွာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္မွာ လႊမ္းေနတဲ့ကိစၥက ၿငိမ္းခ်မ္းေရးကိစၥ ျဖစ္တယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ။ ေရြးေကာက္ပြဲနဲ႔ တက္လာတဲ့ အရပ္သားအစိုးရရယ္၊ တပ္ရယ္၊ EAO တို႔ေပါင္စံုတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ လႊမ္းေနတဲ့ကာလ ျဖစ္တယ္။ ၂၀၂၁ ေဖေဖၚဝါရီလ (၁) ရက္ေန႔ ေနာက္ပိုင္းမွာ ျဖစ္လာတဲ့ အေျပာင္းအလဲက ေတာ္ေတာ္မ်ားမ်ား ေမွ်ာ္လင့္မထားတဲ့ အေျပာင္းအလဲ ျဖစ္တဲ့အခါၾကေတာ့ ဒီအေျပာင္းအလဲကို ဘယ္လိုကိုင္တြယ္မလဲဆိုတဲ့ေနရာမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြအဖို႔ နည္းနည္းေတာ္ေတာ္ေလး စဥ္းစားသြားရတဲ့ ျပႆနာ ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကေနၿပီးေတာ့ လက္နက္ကိုင္ တိုက္ပြဲဘက္ကို ျပန္သြားရတဲ့အေနအထား ျဖစ္တယ္။ ေနာက္တခုက တုိင္းရင္းသားလက္နက္ကိုင္ေတြက တဘက္ကေျပာမယ္ဆိုရင္ေတာ့ တဘက္မွာ လက္နက္ကိုင္တပ္ေတြရိွတယ္။ အစိုးရနဲ႔ လက္နက္ကိုင္တိုက္ေနတာတဖြဲ႔၊ တဘက္ကလဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္သြားေနတာ တဖြဲ႔။ တဘက္ကလဲ သူ႔ေဒသ၊ သူ႔တပ္ကို တည္ေဆာက္ေနတာဆိုေတာ့ သူတို႔ရဲ ႔ လက္နက္ကိုင္တိုက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ ျပင္ဆင္အခ်ိန္ယူရတာေတြက အခ်ိန္ရိွေတာ့ ေဖေဖၚဝါရီ (၁) ရက္ေန႔ေနာက္ပိုင္း ျဖစ္လာတဲ့ လူထုဆႏၵျပမႈေတြကေန လက္နက္ကိုင္ပုန္ကန္မႈေတြ ကူးလာတဲ့အခ်ိန္မွာ အားလံုးက timing တခုတည္း ျဖစ္မလာတာကို ေတြ႔ရပါတယ္။

ဒါေပမဲ့ တုိင္းရင္းသားလက္နက္ကိုင္ေတြအဖို႔ကေတာ့ ဒီႏုိ္င္ငံေရးအက်ပ္အတည္းမွာ သူတုိိ႔တိုင္းရင္းသားအဖြဲ႔အစည္းေတြ၊ တုိင္းရင္းသားေဒသ အခြင့္အလမ္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရႏိုင္သေလာက္ ယူႏိုင္ဖုိ႔ ႀကိဳးစားေနတယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ က်ေနာ္ အဲဒါကိုဆက္ေမးခ်င္တာပါ။ ဒီအေျခအေနမွာ တုိင္းရင္းသားေတြက သူတုိ႔အတြက္ အခြင့္ေကာင္းတရပ္ပဲ၊ အခြင့္အခါသင့္တဲ့ကာလတခုလို႔ သူတုိ႔ ေစာင့္ၾကည့္ေနၾကလား။ အဲဒီလိုဆိုရင္ သူတို႔အတြက္ ဘယ္ေလာက္အထိ အခြင့္အခါေကာင္း ေပၚထြန္းလာသလဲ ဒီအေျခအေနက။

ေျဖ ။ ။ သူတုိ႔အတြက္ အခြင့္အခါေကာင္းကေတာ့ သူတုိ႔အေနနဲ႔ လက္နက္ကိုင္တပ္ဖြဲ႔ေတြ အင္အားႀကီးလာတာ။ သူတုိ႔ထိန္းခ်ဳပ္ႏိုင္တဲ့ေဒသေတြ ပိုၿပီးေတာ့ က်ယ္ျပန္႔လာတာ။ ဒီအေနအထားေပၚကေန သူတို႔ရဲ ႔ ျပည္နယ္နဲ႔ပတ္သက္တာ၊ တုိင္းရင္းသားလူမ်ဳိးေတြနဲ႔ ပတ္သက္တဲ့ အခြင့္အေရးေတြကို ပိုၿပီးေတာ့ အားေကာင္းေစႏိုင္တဲ့ အခြင့္အလမ္းမ်ဳိးကို ဖန္တီးႏိုင္ဖို႔ ႀကိဳးစားေနၾကတာပဲ။

ေမး ။ ။ ဆိုေတာ့ စစ္ေကာင္စီဘက္ကလဲ တခ်ဳိ ႔ေဒသေတြမွာ ဘာမွမတတ္ႏိုင္လို႔ လက္ပိုက္ၾကည့္ေနရတာလား။ သို႔တည္းမဟုတ္ ဒီအေျခအေနကို လက္ခံလာလိမ့္မယ္လို႔ အဆင္သျဖင့္ လက္ခံသြားႏိုင္မယ့္ အေျခအေနကို ေမွ်ာ္လင့္ႏိုင္သလား။

ေျဖ ။ ။ တိုင္းရင္းသားလက္နက္ကိုင္ေတြမွာေတာ့ မတူူတဲ့ျပႆနာေတြ ရိွတယ္။ ဥပမာ ဝ၊ မိုင္းလားတို႔ ေဒသေတြက ဒီေန႔အေျခအေနမွာ ဘာမွမပါဝင္၊ လႈပ္လဲမလႈပ္ဘူး။ မလႈပ္ဘူးဆိုတာက သူတို႔က နဝတ၊ နအဖေခတ္၊ ဦးသိန္းစိန္ေခတ္၊ အခု နစကအာဏာယူတဲ့ေခတ္ေကာ သူတုိ႔ေဒသ၊ သူတို႔အုပ္ခ်ဳပ္ေနတာ သူကို မထိပါးရင္ သူကေတာ့မပါဘူး။ ဒါေပမဲ့ က်န္တဲ့တိုင္းရင္းသား လက္နက္ကိုင္ေတြအဖို႔ကေတာ့ သူ႔နယ္ေျမ၊ သူ႔အေနအထားနဲ႔ စဥ္းစားၾကတာ။ ဒါကတခု။ ဒုတိယတခုကေတာ့ အဲဒီျပည္နယ္ေတြမွာရိွတဲ့ ျပည္သူေတြရဲ ႔ လႈပ္ရွားမႈ။ ဥပမာ ကယား၊ ခ်င္းတုိ႔ ျပင္းျပင္းထန္ထန္ လႈပ္ရွားၾကတယ္။ လူထုဆႏၵျပပြဲေတြကေန လက္နက္ကိုင္တုိက္္ပြဲေတြဆီ ေရာက္လာတယ္။ ေနာက္ KNU ဆိုရင္လဲ ကရင္ျပည္နယ္မွာဆိုလဲ အလားတူပဲ။ ဒီျပည္နယ္သံုးခုက ေတာ္ေတာ္ေလး ထူးျခားတယ္။

ကရင္ျပည္နယ္ကေတာ့ KNU ရိွၿပီသားဆိုေတာ့ သိပ္မထူးျခားဘူးဆိုေပမယ့္၊ ကယားနဲ႔ ခ်င္းကေတာ့ အေတာ္ေလး ထူးျခားတယ္။ ဘာျဖစ္လိုိ႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းဆုိရင္ေတာ့ လက္နက္ကိုင္တုိက္ပြဲ မရိွသေလာက္နည္းပါးခဲ့တဲ့ အေျခအေနကေန လက္နက္ကိုင္တိုက္ပြဲ ျဖစ္လာခဲ့ေတာ့ ထူးျခားျဖစ္စဥ္လုိ႔ ေျပာရပါမယ္။ ေနာက္ ကခ်င္ျပည္နယ္ကေတာ့ တုိက္ပြဲေတြ ရပ္တန္႔ထားတာ (၃) ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္မွာ အခုလူထုလႈပ္ရွားမႈနဲ႔အတူ တုိက္ပြဲေတြ ျပန္ျဖစ္လာတာေပါ့။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြကေတာ့ တဖြဲ႔ခ်င္းအေနနဲ႔ေတာ့ သူ႔အေနအထားနဲ႔သူ ႀကိဳးစားမွာပဲ။ တဘက္ကလဲ နစကေကာင္စီကေတာ့ တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အပစ္ရပ္ေရးနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အခြင့္အလမ္းထူေပးေရးဖုိ႔ေတာ့ အဆင္သင့္ရိွေနမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ စစ္ေကာင္စီအေနနဲ႔ တုိင္းရင္းသားေတြ လိုခ်င္တဲ့ အခြင့္အလမ္းတခ်ဳိ ႔ကိုေပးဖို႔ အဆင္သင့္ရိွေနတယ္လို႔ ယူဆႏုိင္တယ္ေပါ့။

ေျဖ ။ ။ ေလာေလာဆယ္အေနနဲ႔ စစ္ေကာင္စီအေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ေတာ့ နည္းမ်ဳိးစံုနဲ႔ ႀကိဳးစားေနတယ္လို႔ က်ေနာ္တုိ႔ ၾကားသိရတယ္။ ဥပမာ ရခိုင္မွာ AA နဲ႔ တိုက္ပြဲရပ္တန္႔ထားတာကအစ တခ်ဳိ ႔တရားဝင္ အခြင့္အလမ္းမဟုတ္ေတာင္၊ AA ရဲ ႔ လုပ္ပိုင္ခြင့္ ေတာ္ေတာ္မ်ားမ်ား ရေနတယ္ဆိုတဲ့သတင္း အားလံုးသိေနၾကတယ္။ ဒါမ်ဳိးဖြင့္ေပးထားတာ ရိွပါတယ္။ ဒါကလဲ ျပည္မမွာ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း ရိွတယ္။ ဘာပဲျဖစ္ျဖစ္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြအတြက္ အခြင့္လမ္းသာတဲ့ အခ်ိန္ကာလလို႔ေတာ့ ေျပာရပါမယ္။

ေမး ။ ။ တဘက္မွာၾကည့္မယ္ဆိုရင္ NUG နဲ႔ CRPH တုိ႔ကလည္း တုိင္းရင္းသားေတြကို ဆြဲေဆာင္စည္းရံုးတဲ့ လုပ္ရပ္ေတြ လုပ္လာတာကို ေတြ႔ရပါတယ္။ အဲဒါေကာ တုိင္းရင္းသားေတြအတြက္ ဘယ္ေလာက္အထိ လက္ခံႏိုင္ပါသလဲ။ သူတုိိ႔ေတြက ဒါေတြကို တံု႔ျပန္ၿပီးေတာ့ NUG နဲ႔ CRPH တို႔ဘက္ကို ပိုမိုပူးေပါင္းပါဝင္လာၾကတယ္လို႔ သံုးသပ္ႏိုင္ပါသလား။

ေျဖ ။ ။ ေလာေလာဆယ္ NUG နဲ႔ PDF တို႔ကေတာ့ NUG အေနနဲ႔ စဖြဲ႔ခါစ အခ်ိန္ကာလမွာ သူတုိ႔ဘယ္ေလာက္လုပ္ႏိုင္မလဲဆိုတာကို က်ေနာ္တုိ႔ ေျပာရခက္ပါတယ္။ အရင္တုန္းက ေဒါက္တာစိန္ဝင္းအစိုးရလိုမ်ဳိး ျဖစ္သြားမလား။ သို႔မဟုတ္ တကယ္ပဲ လုပ္ႏိုင္ကိုင္ႏုိင္မလားဆိုတာကို သူတို႔ရဲ ႔ လုပ္ႏိုင္စြမ္းကို ေစာင့္ၾကည့္ရပါလိမ့္မယ္။ သူတို႔ တုိင္းရင္းသားေတြနဲ႔ ဆက္ဆံမႈဆိုတာက သူတုိ႔အမ်ားႀကီး ႀကိဳးစားရပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ (၅) နွစ္ကာလအတြင္းမွာ NLD အစိုးရအေနနဲ႔ တုိင္းရင္းသားေတြ၊ တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံေရးမွာ ဒီေလာက္ႀကီးအေကာင္းႀကီး မဟုတ္ဘူး။ အဲဒါကို ေျပာင္းျပန္လွန္ၿပီး သူတို႔ အမ်ားႀကီးႀကိဳးစားရပါလိမ့္မယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ လိုလားတဲ့အင္အားစုေတြက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနၾကတဲ့ တုိက္ပြဲ။ ဒီမိုကေရစီတုိက္ပြဲလို႔ပဲ ဆုိၾကပါစို႔။ ဒီတိုက္ပြဲအားလံုးကို လႊမ္းၿခံဳၾကည့္မယ္ဆိုရင္ လက္နက္ကိုင္အင္အားစုေတြရဲ ႔ အခန္းက႑နဲ႔ ျပည္သူလူထုရဲ ႔ အခန္းက႑ ဘယ္ဘက္ကပိုၿပီး အားသာတယ္လို႔ ေျပာလို႔ရမလဲ။

ေျဖ ။ ။ ေလာေလာဆယ္ကေတာ့ လက္နက္ကိုင္တိုက္မယ္ဆိုတဲ့ အယူအဆကေတာ့ လႊမ္းေနတယ္။ က်ေနာ္တုိ႔ ျမန္မာျပည္မွာ ၂၀၁၁ ကေန ၂၀၂၀ အထိ ဆယ္စုႏွစ္အတြင္းမွာ အမ်ဳိးသားရင္ၾကာေစ့ေရးတို႔၊ ဥပေဒတြင္းဝင္ ေရြးေကာက္ပြဲဝင္ေရးတို႔က အေတာ္လႊမ္းတဲ့ အယူအဆ ျဖစ္ပါတယ္။ အားလံုးက ဒီလမ္းေၾကာင္းကိုပဲ ယံုၾကည္ၾကတယ္။ အဲဒီတုန္းကသာ တပ္မေတာ္ကို လက္နက္ကိုင္ တိုက္ရမွျဖစ္မယ္လို႔ သြားေျပာရင္ ေျပာတဲ့လူက ရူးေနတယ္လို႔ ထင္ခံရမွာ။ ဒါေပမဲ့ အခုကာလၾကေတာ့ ေျပာင္းျပန္ျပန္ျဖစ္သြားတယ္။ အားလံုးက လက္နက္ကိုင္တိုက္မွ ျဖစ္မယ္္ဆိုတဲ့ အယူအဆျဖစ္တယ္။ အဲဒီမွာ က်ေနာ္တုိ႔က ေစ့စပ္ေရးတို႔၊ အမ်ဳိးသားရင္ၾကားေစ့ေရးတို႔ ေျပာတယ္ဆိုရင္ေတာ့ ဒါကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ၾကတဲ့ကာလ ျဖစ္ေနတယ္။ ဆုိေတာ့ ေလထုေျပာင္းသြားတဲ့ အေျခအေနျဖစ္ေတာ့ လက္နက္ကိုင္ၿပီးေတာ့ တိုက္မယ္ဆိုတဲ့ ေလထုကေတာ့ လႊမ္းေနတယ္။ လႊမ္းေနတဲ့အခါမွာၾကေတာ့ အခုနၿမိဳ ႔ေပၚက လူထုအေနနဲ႔ေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြ မပီမျပင္ မေပၚေသးတဲ့အခ်ိန္။ လက္နက္ကိုင္တိုက္တဲ့ကာလမွာေတာ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြက လုပ္ကိုင္မႈကို ပိုျမင္လာပါလိမ့္မယ္။

ေမး ။ ။ တခုေျပာစရာရိွတာက ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ အခန္းက႑။ ေဒၚေအာင္ဆန္းစုၾကည္က ေခါင္းေဆာင္တေယာက္အေနနဲ႔ အၾကမ္းဖက္လက္နက္ကိုင္တဲ့ နည္းလမ္းကို တခါမွ အားမေပးခဲ့ပါဘူး။ အခုျပည္သူေတြ ဆန္႔က်င္အံုၾကြေနတာလဲ အစကေတာ့ အႏုနည္းလမ္းစဥ္ Non-violence, Non-cooperation ဆိုတဲ့ သေဘာနဲ႔ စၿပီးလႈပ္ရွားခဲ့ၾကတာ ျဖစ္ပါတယ္။ ဆိုေတာ့ အခုအခါမွာ လက္နက္ကိုင္ဘက္ကို ဦးတည္လာေတာ့ အဲဒီလမ္းေၾကာင္းက ေသြဖီသြားၿပီလို႔ ေျပာၾကမလား။

ေျဖ ။ ။ ေလာေလာဆယ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အစိုးရရဲ ႔ သေဘာထားနဲ႔ လက္ရိွ NUG ရဲ ႔ သေဘာထားကေတာ ကြဲျပားတာေတြ ေတာ္ေတာ္မ်ားမ်ား ျဖစ္သြားၿပီ။ ဆိုပါေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးကို ေဒၚေအာင္ဆန္းစုၾကည္ ဆန္႔က်င္တယ္ဆိုတဲ့ အခ်က္အလက္ေတြက အမ်ားႀကီးရိွပါတယ္။ သူ႔ရဲ ႔ ေျပာဆိုခ်က္ေတြ အမ်ားႀကီးရိွတယ္။ အခုကေတာ့ PDF ဖြဲ႔မယ္ဆိုၿပီးေတာ့ NUG ကေတာ့ ျဖစ္သြားၿပီ။ အဲဒီေတာ့ လမ္းေၾကာင္းအရေတာ့ ေျပာင္ျပန္ျဖစ္သြားၿပီ။ အဲဒါတင္မကဘူး ရခိုင္-မူစလင္ကိစၥမွာလဲ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္က ေျပာခဲ့တာနဲ႔ အခုေျပာေနတာနဲ႔ ေျပာင္ျပန္ျဖစ္သြားၿပီ။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ေလာေလာဆယ္မွာ အက်ဥ္းက်ခံေနရတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ သူျပန္ထြက္လာရင္ ဘာျဖစ္မလဲဆိုတဲ့ ေမးခြန္းကေတာ့ ေတာ္ေတာ္မ်ားမ်ား ထုတ္ၾကတယ္။ ေတာ္ေတာ္မ်ားမ်ား ထုတ္ၾကတဲ့အခါၾကေတာ့ ဒီဥစၥာက ေစာင့္ၾကည့္ရမယ့္ ျပႆနာ ျဖစ္တယ္လို႔ ေလာေလာဆယ္ ေျပာရလိမ့္မယ္။ ႀကိဳေျပာဖို႔ေတာ့ ခက္ပါတယ္။

ေမး ။ ။ အလားတူ ႀကိဳတင္ၿပီးေတာ့ ခက္တဲ့ေမးခြန္းတခုကိုပဲ ေနာက္ဆံုးအေနနဲ႔ ေမးပါရေစ။ အခုျဖစ္ေနတဲ့ ျပည္သူလူထုရဲ ႔ ဒီမိုကေရစီ ေတာင္းဆိုေနတဲ့ ဒီမိုကေရစီတုိက္ပြဲ အံုၾကြမႈႀကီးက မၾကာမီအခ်ိန္ကာလအတြင္းမွာ ပြဲျပတ္သြားႏိုင္သလား။ သို႔တည္းမဟုတ္ ေရရွည္တုိက္ပြဲတရပ္ ျဖစ္သြားႏိုင္သလားဆိုတာ ေရွ ႔အလားအလာကို ခန္႔မွန္းေျပာေပးပါ။

ေျဖ ။ ။ ေလာေလာဆယ္ အေျခအေနမွာေတာ့ အခုန က်ေနာ္ေျပာသလို ၿပီးခဲ့တဲ့ ဆယ္စုႏွစ္နဲ႔ မတူေတာ့ဘဲနဲ႔ လူေတြက လက္နက္ကိုင္တိုက္မွာ ျဖစ္ေတာ့မယ္ဆိုတဲ့ ၾသဇာလႊမ္းေနတယ္။ ေစ့စပ္ေဆြးေႏြးဖို႔ ေျပာတယ္ဆိုရင္ သစၥာေဖာက္ဒလန္လို႔ စြပ္စြဲေနတဲ့ ေလထုက လႊမ္းေနတဲ့အခါ ျဖစ္ေနေတာ့ လက္နက္ကိုင္ ပုန္ကန္မႈေတြ၊ တိုက္ခိုက္မႈေတြ၊ ၿမိဳ ႔တြင္းတိုက္ခိုက္မႈေတြ၊ ေက်းလက္တိုက္ခိုိက္မႈေတြ၊ တိုင္းရင္းသားေဒသ တုိက္ခိုက္မႈေတြကေတာ့ အရိွန္အဟုန္ ျမင့္ေနမွာပဲ။ ဒီဟာက က်ေနာ္ထင္တယ္ - (၂) ႏွစ္ (၃) ႏွစ္ေလာက္ ဒီအက်ပ္အတည္းကို က်ေနာ္တို႔ ျဖတ္ရလိမ့္မယ္လို႔ ထင္ပါတယ္။ လက္နက္ကိုင္တိုက္တဲ့အခါမွာ အယူအဆႏွစ္မ်ဳိးေတာ့ ရိွတယ္။ တခုက လက္နက္ကိုင္ၿပီးေတာ့ အၿပီးတိုင္ ကိုယ့္အယူအဆကို တည္ေဆာက္တာ - တဘက္ကို ေခ်မႈန္းၿပီ။ ေနာက္တခုကေတာ့ လက္နက္ကိုင္တိုက္ၿပီး အင္အားတည္ေဆာက္ၿပီးေတာ့ အင္အား balance မွ်ေခ်ရိွတဲ့အခ်ိန္မွာ စကားေျပာၿပီး ကိုယ့္အခြင့္အေရးကိုယူမယ္ဆုိတဲ့ စိတ္ကူးစိတ္သန္းမ်ဳိးေတြလည္း ေတြ႔ရပါတယ္။ ဘာပဲျဖစ္ျဖစ္ ျမန္မာျပည္အေျခအေနနဲ႔ ေျပာမယ္ဆိုရင္ လာမယ့္ (၃) ႏွစ္ကာလေလာက္အတြင္းေတာ့ လက္နက္ကိုင္ပဋိပကၡကို ေရွာင္ဖို႔ေတာ့ ေတာ္ေတာ္ေလးခက္လိမ့္မယ္ ထင္ပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ဖယ်ရှားဖို့ ရုန်းကန်နေတဲ့လှုပ်ရှားမှုမှာ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လို အခြေအနေရှိနေပါသလဲ၊ သူတို့ရဲ့ပူးပေါင်းပါဝင်မှုက ဘယ်လောက် အရေးပါပြီး ဘာဖြစ်လာနိုင်ပါသလဲ၊ မြန်မာနိုင်ငံ တိုင်းရင်းသားနိုင်ငံရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံးမေးချင်တာက အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်အုံကြွမှုထဲမှာ တိုင်းရင်းသားတွေရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပါတယ်။ တိုင်းရင်းသားဆိုတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ EAO လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ သူတို့ရဲ့ ပါဝင်မှုက ပြည်မနဲ့ တပြေညီဖြစ်နေပြီလား။ သူတို့ တခုနဲ့တခုကြားမှာ တပြေညီသဘောထား ရှိကြပါသလား။ လူထုတွေရဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ အုံကြွမှုနဲ့ ပတ်သက်တဲ့ သူတို့ရဲ့သဘောထား၊ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ဘယ်လိုသုံးသပ်နိုင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ (၁၀) စုနှစ်တဲ့ ဆိုင်တယ်။ ပြီးခဲ့တဲ့ (၁၀) စုနှစ်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာ လွှမ်းနေတဲ့ကိစ္စက ငြိမ်းချမ်းရေးကိစ္စ ဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သားအစိုးရရယ်၊ တပ်ရယ်၊ EAO တို့ပေါင်စုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လွှမ်းနေတဲ့ကာလ ဖြစ်တယ်။ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အပြောင်းအလဲက တော်တော်များများ မျှော်လင့်မထားတဲ့ အပြောင်းအလဲ ဖြစ်တဲ့အခါကြတော့ ဒီအပြောင်းအလဲကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ နည်းနည်းတော်တော်လေး စဉ်းစားသွားရတဲ့ ပြဿနာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေပြီးတော့ လက်နက်ကိုင် တိုက်ပွဲဘက်ကို ပြန်သွားရတဲ့အနေအထား ဖြစ်တယ်။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်တွေက တဘက်ကပြောမယ်ဆိုရင်တော့ တဘက်မှာ လက်နက်ကိုင်တပ်တွေရှိတယ်။ အစိုးရနဲ့ လက်နက်ကိုင်တိုက်နေတာတဖွဲ့၊ တဘက်ကလဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သွားနေတာ တဖွဲ့။ တဘက်ကလဲ သူ့ဒေသ၊ သူ့တပ်ကို တည်ဆောက်နေတာဆိုတော့ သူတို့ရဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်အချိန်ယူရတာတွေက အချိန်ရှိတော့ ဖေဖေါ်ဝါရီ (၁) ရက်နေ့နောက်ပိုင်း ဖြစ်လာတဲ့ လူထုဆန္ဒပြမှုတွေကနေ လက်နက်ကိုင်ပုန်ကန်မှုတွေ ကူးလာတဲ့အချိန်မှာ အားလုံးက timing တခုတည်း ဖြစ်မလာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ကတော့ ဒီနိုင်ငံရေးအကျပ်အတည်းမှာ သူတို့တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားဒေသ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရနိုင်သလောက် ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။

မေး ။ ။ ကျနော် အဲဒါကိုဆက်မေးချင်တာပါ။ ဒီအခြေအနေမှာ တိုင်းရင်းသားတွေက သူတို့အတွက် အခွင့်ကောင်းတရပ်ပဲ၊ အခွင့်အခါသင့်တဲ့ကာလတခုလို့ သူတို့ စောင့်ကြည့်နေကြလား။ အဲဒီလိုဆိုရင် သူတို့အတွက် ဘယ်လောက်အထိ အခွင့်အခါကောင်း ပေါ်ထွန်းလာသလဲ ဒီအခြေအနေက။

ဖြေ ။ ။ သူတို့အတွက် အခွင့်အခါကောင်းကတော့ သူတို့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အင်အားကြီးလာတာ။ သူတို့ထိန်းချုပ်နိုင်တဲ့ဒေသတွေ ပိုပြီးတော့ ကျယ်ပြန့်လာတာ။ ဒီအနေအထားပေါ်ကနေ သူတို့ရဲ့ ပြည်နယ်နဲ့ပတ်သက်တာ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ပိုပြီးတော့ အားကောင်းစေနိုင်တဲ့ အခွင့်အလမ်းမျိုးကို ဖန်တီးနိုင်ဖို့ ကြိုးစားနေကြတာပဲ။

မေး ။ ။ ဆိုတော့ စစ်ကောင်စီဘက်ကလဲ တချို့ဒေသတွေမှာ ဘာမှမတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတာလား။ သို့တည်းမဟုတ် ဒီအခြေအနေကို လက်ခံလာလိမ့်မယ်လို့ အဆင်သဖြင့် လက်ခံသွားနိုင်မယ့် အခြေအနေကို မျှော်လင့်နိုင်သလား။

ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေမှာတော့ မတူူတဲ့ပြဿနာတွေ ရှိတယ်။ ဥပမာ ဝ၊ မိုင်းလားတို့ ဒေသတွေက ဒီနေ့အခြေအနေမှာ ဘာမှမပါဝင်၊ လှုပ်လဲမလှုပ်ဘူး။ မလှုပ်ဘူးဆိုတာက သူတို့က နဝတ၊ နအဖခေတ်၊ ဦးသိန်းစိန်ခေတ်၊ အခု နစကအာဏာယူတဲ့ခေတ်ကော သူတို့ဒေသ၊ သူတို့အုပ်ချုပ်နေတာ သူကို မထိပါးရင် သူကတော့မပါဘူး။ ဒါပေမဲ့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေအဖို့ကတော့ သူ့နယ်မြေ၊ သူ့အနေအထားနဲ့ စဉ်းစားကြတာ။ ဒါကတခု။ ဒုတိယတခုကတော့ အဲဒီပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှု။ ဥပမာ ကယား၊ ချင်းတို့ ပြင်းပြင်းထန်ထန် လှုပ်ရှားကြတယ်။ လူထုဆန္ဒပြပွဲတွေကနေ လက်နက်ကိုင်တိုက်ပွဲတွေဆီ ရောက်လာတယ်။ နောက် KNU ဆိုရင်လဲ ကရင်ပြည်နယ်မှာဆိုလဲ အလားတူပဲ။ ဒီပြည်နယ်သုံးခုက တော်တော်လေး ထူးခြားတယ်။

ကရင်ပြည်နယ်ကတော့ KNU ရှိပြီသားဆိုတော့ သိပ်မထူးခြားဘူးဆိုပေမယ့်၊ ကယားနဲ့ ချင်းကတော့ အတော်လေး ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းဆိုရင်တော့ လက်နက်ကိုင်တိုက်ပွဲ မရှိသလောက်နည်းပါးခဲ့တဲ့ အခြေအနေကနေ လက်နက်ကိုင်တိုက်ပွဲ ဖြစ်လာခဲ့တော့ ထူးခြားဖြစ်စဉ်လို့ ပြောရပါမယ်။ နောက် ကချင်ပြည်နယ်ကတော့ တိုက်ပွဲတွေ ရပ်တန့်ထားတာ (၃) နှစ်ကျော်ကြာတဲ့အချိန်မှာ အခုလူထုလှုပ်ရှားမှုနဲ့အတူ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ တဖွဲ့ချင်းအနေနဲ့တော့ သူ့အနေအထားနဲ့သူ ကြိုးစားမှာပဲ။ တဘက်ကလဲ နစကကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းထူပေးရေးဖို့တော့ အဆင်သင့်ရှိနေမယ်လို့ ထင်ပါတယ်။

မေး ။ ။ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ အခွင့်အလမ်းတချို့ကိုပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ယူဆနိုင်တယ်ပေါ့။

ဖြေ ။ ။ လောလောဆယ်အနေနဲ့ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ဥပမာ ရခိုင်မှာ AA နဲ့ တိုက်ပွဲရပ်တန့်ထားတာကအစ တချို့တရားဝင် အခွင့်အလမ်းမဟုတ်တောင်၊ AA ရဲ့ လုပ်ပိုင်ခွင့် တော်တော်များများ ရနေတယ်ဆိုတဲ့သတင်း အားလုံးသိနေကြတယ်။ ဒါမျိုးဖွင့်ပေးထားတာ ရှိပါတယ်။ ဒါကလဲ ပြည်မမှာ ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အခွင့်လမ်းသာတဲ့ အချိန်ကာလလို့တော့ ပြောရပါမယ်။

မေး ။ ။ တဘက်မှာကြည့်မယ်ဆိုရင် NUG နဲ့ CRPH တို့ကလည်း တိုင်းရင်းသားတွေကို ဆွဲဆောင်စည်းရုံးတဲ့ လုပ်ရပ်တွေ လုပ်လာတာကို တွေ့ရပါတယ်။ အဲဒါကော တိုင်းရင်းသားတွေအတွက် ဘယ်လောက်အထိ လက်ခံနိုင်ပါသလဲ။ သူတို့တွေက ဒါတွေကို တုံ့ပြန်ပြီးတော့ NUG နဲ့ CRPH တို့ဘက်ကို ပိုမိုပူးပေါင်းပါဝင်လာကြတယ်လို့ သုံးသပ်နိုင်ပါသလား။

ဖြေ ။ ။ လောလောဆယ် NUG နဲ့ PDF တို့ကတော့ NUG အနေနဲ့ စဖွဲ့ခါစ အချိန်ကာလမှာ သူတို့ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို ကျနော်တို့ ပြောရခက်ပါတယ်။ အရင်တုန်းက ဒေါက်တာစိန်ဝင်းအစိုးရလိုမျိုး ဖြစ်သွားမလား။ သို့မဟုတ် တကယ်ပဲ လုပ်နိုင်ကိုင်နိုင်မလားဆိုတာကို သူတို့ရဲ့ လုပ်နိုင်စွမ်းကို စောင့်ကြည့်ရပါလိမ့်မယ်။ သူတို့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံမှုဆိုတာက သူတို့အများကြီး ကြိုးစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ (၅) နှစ်ကာလအတွင်းမှာ NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးမှာ ဒီလောက်ကြီးအကောင်းကြီး မဟုတ်ဘူး။ အဲဒါကို ပြောင်းပြန်လှန်ပြီး သူတို့ အများကြီးကြိုးစားရပါလိမ့်မယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တိုက်ပွဲ။ ဒီမိုကရေစီတိုက်ပွဲလို့ပဲ ဆိုကြပါစို့။ ဒီတိုက်ပွဲအားလုံးကို လွှမ်းခြုံကြည့်မယ်ဆိုရင် လက်နက်ကိုင်အင်အားစုတွေရဲ့ အခန်းကဏ္ဍနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ဘယ်ဘက်ကပိုပြီး အားသာတယ်လို့ ပြောလို့ရမလဲ။

ဖြေ ။ ။ လောလောဆယ်ကတော့ လက်နက်ကိုင်တိုက်မယ်ဆိုတဲ့ အယူအဆကတော့ လွှမ်းနေတယ်။ ကျနော်တို့ မြန်မာပြည်မှာ ၂၀၁၁ ကနေ ၂၀၂၀ အထိ ဆယ်စုနှစ်အတွင်းမှာ အမျိုးသားရင်ကြာစေ့ရေးတို့၊ ဥပဒေတွင်းဝင် ရွေးကောက်ပွဲဝင်ရေးတို့က အတော်လွှမ်းတဲ့ အယူအဆ ဖြစ်ပါတယ်။ အားလုံးက ဒီလမ်းကြောင်းကိုပဲ ယုံကြည်ကြတယ်။ အဲဒီတုန်းကသာ တပ်မတော်ကို လက်နက်ကိုင် တိုက်ရမှဖြစ်မယ်လို့ သွားပြောရင် ပြောတဲ့လူက ရူးနေတယ်လို့ ထင်ခံရမှာ။ ဒါပေမဲ့ အခုကာလကြတော့ ပြောင်းပြန်ပြန်ဖြစ်သွားတယ်။ အားလုံးက လက်နက်ကိုင်တိုက်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆဖြစ်တယ်။ အဲဒီမှာ ကျနော်တို့က စေ့စပ်ရေးတို့၊ အမျိုးသားရင်ကြားစေ့ရေးတို့ ပြောတယ်ဆိုရင်တော့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချကြတဲ့ကာလ ဖြစ်နေတယ်။ ဆိုတော့ လေထုပြောင်းသွားတဲ့ အခြေအနေဖြစ်တော့ လက်နက်ကိုင်ပြီးတော့ တိုက်မယ်ဆိုတဲ့ လေထုကတော့ လွှမ်းနေတယ်။ လွှမ်းနေတဲ့အခါမှာကြတော့ အခုနမြို့ပေါ်က လူထုအနေနဲ့တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ မပီမပြင် မပေါ်သေးတဲ့အချိန်။ လက်နက်ကိုင်တိုက်တဲ့ကာလမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်ကိုင်မှုကို ပိုမြင်လာပါလိမ့်မယ်။

မေး ။ ။ တခုပြောစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်အနေနဲ့ အကြမ်းဖက်လက်နက်ကိုင်တဲ့ နည်းလမ်းကို တခါမှ အားမပေးခဲ့ပါဘူး။ အခုပြည်သူတွေ ဆန့်ကျင်အုံကြွနေတာလဲ အစကတော့ အနုနည်းလမ်းစဉ် Non-violence, Non-cooperation ဆိုတဲ့ သဘောနဲ့ စပြီးလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုတော့ အခုအခါမှာ လက်နက်ကိုင်ဘက်ကို ဦးတည်လာတော့ အဲဒီလမ်းကြောင်းက သွေဖီသွားပြီလို့ ပြောကြမလား။

ဖြေ ။ ။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရရဲ့ သဘောထားနဲ့ လက်ရှိ NUG ရဲ့ သဘောထားကတော ကွဲပြားတာတွေ တော်တော်များများ ဖြစ်သွားပြီ။ ဆိုပါတော့ လက်နက်ကိုင်တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်တယ်ဆိုတဲ့ အချက်အလက်တွေက အများကြီးရှိပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေ အများကြီးရှိတယ်။ အခုကတော့ PDF ဖွဲ့မယ်ဆိုပြီးတော့ NUG ကတော့ ဖြစ်သွားပြီ။ အဲဒီတော့ လမ်းကြောင်းအရတော့ ပြောင်ပြန်ဖြစ်သွားပြီ။ အဲဒါတင်မကဘူး ရခိုင်-မူစလင်ကိစ္စမှာလဲ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ပြောခဲ့တာနဲ့ အခုပြောနေတာနဲ့ ပြောင်ပြန်ဖြစ်သွားပြီ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ်မှာ အကျဉ်းကျခံနေရတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့ သူပြန်ထွက်လာရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကတော့ တော်တော်များများ ထုတ်ကြတယ်။ တော်တော်များများ ထုတ်ကြတဲ့အခါကြတော့ ဒီဥစ္စာက စောင့်ကြည့်ရမယ့် ပြဿနာ ဖြစ်တယ်လို့ လောလောဆယ် ပြောရလိမ့်မယ်။ ကြိုပြောဖို့တော့ ခက်ပါတယ်။

မေး ။ ။ အလားတူ ကြိုတင်ပြီးတော့ ခက်တဲ့မေးခွန်းတခုကိုပဲ နောက်ဆုံးအနေနဲ့ မေးပါရစေ။ အခုဖြစ်နေတဲ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုနေတဲ့ ဒီမိုကရေစီတိုက်ပွဲ အုံကြွမှုကြီးက မကြာမီအချိန်ကာလအတွင်းမှာ ပွဲပြတ်သွားနိုင်သလား။ သို့တည်းမဟုတ် ရေရှည်တိုက်ပွဲတရပ် ဖြစ်သွားနိုင်သလားဆိုတာ ရှေ့အလားအလာကို ခန့်မှန်းပြောပေးပါ။

ဖြေ ။ ။ လောလောဆယ် အခြေအနေမှာတော့ အခုန ကျနော်ပြောသလို ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့ မတူတော့ဘဲနဲ့ လူတွေက လက်နက်ကိုင်တိုက်မှာ ဖြစ်တော့မယ်ဆိုတဲ့ သြဇာလွှမ်းနေတယ်။ စေ့စပ်ဆွေးနွေးဖို့ ပြောတယ်ဆိုရင် သစ္စာဖောက်ဒလန်လို့ စွပ်စွဲနေတဲ့ လေထုက လွှမ်းနေတဲ့အခါ ဖြစ်နေတော့ လက်နက်ကိုင် ပုန်ကန်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ မြို့တွင်းတိုက်ခိုက်မှုတွေ၊ ကျေးလက်တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသားဒေသ တိုက်ခိုက်မှုတွေကတော့ အရှိန်အဟုန် မြင့်နေမှာပဲ။ ဒီဟာက ကျနော်ထင်တယ် - (၂) နှစ် (၃) နှစ်လောက် ဒီအကျပ်အတည်းကို ကျနော်တို့ ဖြတ်ရလိမ့်မယ်လို့ ထင်ပါတယ်။ လက်နက်ကိုင်တိုက်တဲ့အခါမှာ အယူအဆနှစ်မျိုးတော့ ရှိတယ်။ တခုက လက်နက်ကိုင်ပြီးတော့ အပြီးတိုင် ကိုယ့်အယူအဆကို တည်ဆောက်တာ - တဘက်ကို ချေမှုန်းပြီ။ နောက်တခုကတော့ လက်နက်ကိုင်တိုက်ပြီး အင်အားတည်ဆောက်ပြီးတော့ အင်အား balance မျှချေရှိတဲ့အချိန်မှာ စကားပြောပြီး ကိုယ့်အခွင့်အရေးကိုယူမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းမျိုးတွေလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အခြေအနေနဲ့ ပြောမယ်ဆိုရင် လာမယ့် (၃) နှစ်ကာလလောက်အတွင်းတော့ လက်နက်ကိုင်ပဋိပက္ခကို ရှောင်ဖို့တော့ တော်တော်လေးခက်လိမ့်မယ် ထင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG