သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကို ဖ်က္သိမ္းလိုက္ရင္ ဘာျဖစ္လာႏိုင္သလဲ


Soldiers search the National League for Democracy (NLD) headquarters after the coup in Yangon, Myanmar, February 15, 2021. REUTERS/Stringer
NLD ကို ဖ်က္သိမ္းလိုက္ရင္ ဘာျဖစ္လာႏိုင္သလဲ
please wait

No media source currently available

0:00 0:11:17 0:00
တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္းစစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ဖ်က္သိမ္းသင့္-မသင့္ စဥ္းစားမယ္လို႔ ဆိုလာပါတယ္၊ ဒီလို လုပ္လာလိမ့္မယ္ဆိုတာကလဲ ႀကိဳတင္ခန႔္မွန္းလို႔ သိရွိႏိုင္ခဲ့တဲ့ ကိစၥလို႔ ဆိုရမွာပါ။ တကယ္ဖ်က္သိမ္းလာတဲ့အခါ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္း ဘယ္လို ျဖစ္သြားႏိုင္ပါသလဲ။ ျမန္မာ့အေရးသုံးသပ္တဲ့ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ဖ်က္သိမ္းဖို႔ စဥ္းစားေနတယ္ဆိုတာကို သူတုိ႔က စေျပာလာပါၿပီ။ တကယ္ေတာ့ ဖ်က္သိမ္းမယ္ဆိုလဲ ဒါက ႀကိဳတင္ၿပီးေတာ့ သိရိွႏိုင္တဲ့ကိစၥပါ။ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ စကတည္းက။ သို႔ေသာ္လဲပဲ အခု သူတို႔ႀကိဳၿပီးေတာ့ ေသြးတိုးစမ္းတဲ့သေဘာမ်ဳိး ေျပာလာတာကေတာ့ တကယ္ပဲ ဖ်က္သိမ္းလိမ့္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ဖ်က္သိမ္းႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ႏုိင္ငံေရးလုပ္ေနတဲ့ တပ္မေတာ္အတြက္ အဓိကအဟန္႔အတား ျဖစ္ေနလုိ႔ပဲ။ ဖ်က္သိမ္းရင္ အခက္အခဲေတြ အမ်ားႀကီးႀကံဳရမယ္။ တပ္မေတာ္ထဲမွာ၊ ျပည္တြင္းမွာ၊ ႏုိင္ငံတကာတုိ႔မွာ အခက္အခဲေတြ ႀကံဳရမယ္။ ဒါေပမဲ့ အခုသြားေနတဲ့ ပံုစံကေတာ့ ဖ်က္သိမ္းမယ္ပံုစံပါပဲ။ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရဲ ႔ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကလည္း NLD ကို ဖ်က္သိမ္းမယ္လို႔ အေစာႀကီးကတည္းက ေျပာထားၿပီးပါၿပီ။

ေမး ။ ။ ဒါေပမဲ့ အခက္အခဲေတြ ႀကံဳရမယ္ဆိုတဲ့ေနရာမွာ ဆရာေျပာသလို ျပည္တြင္းျပည္ပ အမ်ားႀကီးကန္႔ကြက္ ဆန္႔က်င္မႈေတြ ႀကံဳရလိမ့္မယ္။ တပ္တြင္းမွာေကာ ကန္႔ကြက္ဆန္႔က်င္မႈေတြ ျဖစ္လာႏုိင္ပါ့မလား။ အဲဒါကို ေမွ်ာ္လင့္တယ္ဆိုရင္ေတာ့ ေမွ်ာ္လင့္ခ်က္ထားရာ မေရာက္ဘူးလား။

ေျဖ ။ ။ တပ္တြင္းမွာ မေက်နပ္တဲ့လူေတြ ရိွပါတယ္။ ဒါက ျပည္သူတရပ္လံုးကို ဆန္႔က်င္ၿပီး လုပ္ရတဲ့ကိစၥ ျဖစ္ပါတယ္။ က်ေနာ္တို႔ ၉၀, ၂၀၁၂, ၂၀၁၅ ေရြးေကာက္ပြဲ မဲေပးခဲ့ပံုေတြကို ၾကည့္လို႔ရိွရင္ မဲေပးသူေတြရဲ ႔ ၆၀ ကေန၊ ၇၀ ရာခိုင္ႏႈန္းအတြင္း NLD ကို မဲေပးခဲ့ၿပီး ၂၀-၂၅ ရာခိုင္ႏႈန္းေလာက္က ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးကို မဲေပးခဲ့တယ္။ ၁၅ ရာခိုင္ႏႈန္းေလာက္ကေတာ့ တုိင္းရင္းသားပါတီေတြနဲ႔ တျခားပါတီေတြကို မဲေပးခဲ့တာကို ေတြ႔ရပါတယ္။ အဲဒီေတာ့ ဒီမိုကေရစီ လိုလားၾကတဲ့ လက္ရိွမွာဆိုရင္လဲ ၆၀ နဲ႔ပဲ တြက္လို႔ရိွရင္ ၆၀ ေပါင္း ၁၅ ဆိုရင္ ၇၅ ရာခိုင္ႏႈန္းေလာက္ ေလးေယာက္မွာ သံုးေယာက္ေလာက္က တပ္မေတာ္ စိုးမိုးတာကို မလိုလားပါဘူး။ ဒါကိုလဲ ေအာက္ေျခမွာ ေဆာင္ရြက္ေနၾကတဲ့ ဗိုလ္ခ်ဳပ္ေတြ၊ ဗိုလ္မွဴးေတြ၊ ဗိုလ္ႀကီးေတြ၊ တပ္မေတာ္သားေတြ အကုန္လံုးကလည္း သိၾကပါတယ္။ အဲဒီေတာ့ တပ္တြင္းမွာ ဒီအတိုင္းဆက္သြားလို႔ တိုင္းျပည္က မေကာင္းႏိုင္ဘူးဆိုတဲ့ တုိင္းျပည္ကို ခ်စ္တဲ့လူေတြလည္း အမ်ားႀကီးရိွပါတယ္။ ပုန္ကန္မလား၊ မပုန္ကန္ဘူးလားဆိုတာ ေနာက္ကိစၥတခုပါ။

ေမး ။ ။ က်ေနာ္ သိခ်င္တာက ဒီဆန္႔က်င္မႈေတြေၾကာင့္ အခု NLD ကို ဖ်က္သိမ္းမယ္ဆိုတဲ့ သူတုိ႔ရဲ ႔ ဦးတည္ခ်က္က ျပန္ၿပီးေတာ့ ရုတ္သိမ္းသြားႏုိင္တဲ့အထိေတာ့ ရိွႏိုင္ပါ့မလား။

ေျဖ ။ ။ ဒါက ဆံုးျဖတ္ရမွာေပါ့။ အရင္ဆံုး အုပ္ခ်ဳပ္ေရးေပါ့။ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊလက္ထက္ကေတာ့ NLD ကို မဖ်က္သိမ္းဘဲနဲ႔ အတူသြားဖို႔ ရည္ရြယ္ခ်က္နဲ႔ ေဆာက္ရြက္ခဲ့ၾကတယ္။ အခုဖ်က္သိမ္းမယ္္ဆိုရင္ ပိုၿပီးဆိုးဝါးတဲ့ အက်ဳိးဆက္ေတြ ရလာႏိုင္တယ္။ အခုကို ျပည္တြင္းစစ္ရဲ ႔ အေနအထားက ပိုၿပီးေတာ့ဆိုးသြားတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရး အလားအလာ အရမ္းနည္းသြားတယ္။ ႏုိင္ငံတကာဆက္ဆံေရး ထိုးၿပီးက်သြားတယ္။

ေမး ။ ။ တိုင္းျပည္အေျခအေနကေတာ့ အမ်ားႀကီးထိုးၿပီး က်သြားတာ မွန္တယ္။ NLD ကို ဖ်က္သိမ္းၿပီးရင္ေကာ သူတုိ႔က ဆက္လက္တည္ၿမဲေရး၊ အာဏာခိုင္မာေရးအတြက္ေကာ ႀကီးမားတဲ့ အေထာက္အကူ ျဖစ္သြားႏိုင္မယ္လို႔ သူတုိ႔တြက္မ်ား တြက္ေနၾကသလား။

ေျဖ ။ ။ ျပည္သူလူထုေပၚ အေျခခံတဲ့ အာဏာတည္ၿမဲေရးကေတာ့ သူတုိ႔ မရေတာ့ဘူး။ သူတို႔က ေသနတ္နဲ႔ အၾကမ္းဖက္မႈေပၚမွာ အေျခခံတဲ့ အာဏာတည္ၿမဲေရးကိုပဲ သြားေနရတယ္။ NLD ကို ဖ်က္သိမ္းတယ္ဆိုတာကလဲ။ လူထုသေဘာထားနဲ႔ အုပ္ခ်ဳပ္တဲ့စနစ္ကို သြားတာမဟုတ္ဘူး။ ေသနတ္နဲ႔ အာဏာနဲ႔ အၾကမ္းဖက္မႈနဲ႔ အဲဒီေပၚမွာ အေျချပဳတဲ့ အုပ္ခ်ဳပ္ေရးကိုပဲဆက္သြားတဲ့ အာဏာရွင္စနစ္ကိုပဲ ဆက္သြားတာ ျဖစ္ေနမယ္။ ဒါ့အျပင္ သူက ဦးသိန္းစိန္လက္ထက္မွာ ဖြင့္ခဲ့တဲ့အဖြင့္ကိုေတာင္ ေျခဖ်က္ပစ္လိုက္တယ္။ ဘာေၾကာင့္လဲ အဖြင့္ကိစၥေတြမွာ အဓိကအတိုက္အခံပါတီတခုရိွဖို႔ ဒါက အေရးႀကီးပါတယ္။ အေယာင္ေဆာင္ ျပည္သူလူထု မေထာက္ခံတဲ့ အတိုက္အခံပါတီ မဟုတ္ပါဘူး။ အဲဒီေတာ့ NLD ဟာ Liberalization လို႔ေျပာတဲ့ အဖြင့္ကိစၥကို ေဆာင္ရြက္ဖို႔အတြက္ကို ေတာ္ေတာ္အေရးႀကီးတဲ့ အခန္းက႑မွာရိွပါတယ္။ ဒါက ဘာကိုေျခဖ်က္တာလဲဆိုရင္ က်ေနာ္တို႔က ဒီမိုကေရစီကို သြားမယ္လို႔ တပ္မေတာ္ေခါင္းေဆာင္ေတြက ေျပာေနတဲ့အခ်က္ကို ျပန္လည္ေျခဖ်က္ပစ္တာပါ။

ေမး ။ ။ ဒီလို NLD ကို ေခ်ဖ်က္လိုက္ေတာ့ သူတို႔အဓိက ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ျပည္ခိုင္ၿဖိဳးပါတီက NLD ေနရာမွာ အစားထိုးၿပီးေတာ့ လူထုေထာက္ခံမႈကို ပိုၿပီးရလာႏိုင္တယ္လို႔ တြက္ေနသလား။

ေျဖ ။ ။ NLD ေနရာမွာ အစားထိုးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ျပည္သူလူထုရဲ ႔ ႏွလံုးသားထဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီ ရိွၿပီသား ျဖစ္တယ္။ ဘာနဲ႔မွ အစားထိုးလို႔ မရႏိုင္ဘူး။ ဒါေၾကာင့္မို႔ ဆရာ အခုနေျပာသလို သူတုိ႔အခ်င္းခ်င္းၾကားထဲမွာ ထင္ေယာင္မႈတခု ဖန္တီးဖို႔ေလာက္ပဲ ဒါကျဖစ္မယ္။ တကယ္တမ္းလဲ မျဖစ္ဘူး။ သမိုင္းမွာလည္း ရိွခဲ့တယ္။ မဆလပါတီ ၿပီသြားတယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ မဲရခဲ့တယ္ ဒီေလာက္ပဲ။ ၂၀၁၂ ဒီအတိုိင္းပဲ ရတယ္။ ၂၀၁၅ ဒီအတိုင္းပဲ ရတယ္။ ၂၀၂၀ ဒီအတိုင္းပဲ ရတယ္။ သမိုင္းႏွစ္ကာလအရွည္ႀကီးမွာ ျပသခဲ့ၿပီးၿပီ။ ဒါကို မ်က္ကြယ္ျပဳတာက မိုက္မဲတာကလြဲ ဘာမွမျဖစ္ႏိင္ဘူး။

ေမး ။ ။ NLD ကို ဖ်က္သိမ္းတယ္ဆိုရင္ေတာ့ NLD ဆိုတဲ့ နာမည္ကေတာ့ ပ်က္သြားမွာေပါ့။ သို႔ေသာ္ NLD ကို ေထာက္ခံတဲ့ အင္အားစု ဒီမိုကေရစီ လိုလားတဲ့ အင္အားစုေတြရဲ ႔ ရပ္တည္မႈက ဘယ္လိုဆက္လက္ၿပီးေတာ့ ျဖစ္လာမလဲ။ အစထိုးတဲ့ အင္အားစုတခုခု၊ အဖြဲ႔အစည္းတခုခု၊ Institute တခုခု ျပန္လည္ေပၚထြန္းလာႏိုင္မယ္လို႔ ခန္႔မွန္းႏိုင္ပါသလား။

ေျဖ ။ ။ Institute တခုအသစ္လဲ ေပၚလာစရာ မလုိဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ NLD ဆိုတာ ျပည္သူေတြရဲ ႔ ရင္ထဲမွာ ရိွၿပီသား ျဖစ္တဲ့အတြက္ေၾကာင့္ ဥပေဒအေၾကာင္းအရ အာဏာအရ ဖ်က္သိမ္းလိုက္တာေၾကာင့္ ေပ်ာက္သြားတာပဲ ရိွႏိုင္တယ္။ အခြင့္သာတာနဲ႔ အေျခအေနေပးတာနဲ႔ ျပန္ၿပီးေပၚလာမွာပဲ။ ဒါမွမဟုတ္ ပ်က္ခ်င္မွလဲ ပ်က္မယ္။ ေျမေအာက္လုပ္ငန္းေတြကို ေဆာင္ရြက္တာလဲ ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီေတာ့ ေယဘုယ်အားျဖင့္ေတာ့ ေပ်ာက္မသြားဘူး။ ဒါေပမဲ့ လက္ေတြ႔လုပ္ငန္းေတြကို လုပ္တဲ့အခါမွာေတာ့ အခက္အခဲေတြ အမ်ားႀကီး ရိွလာႏိုင္တယ္။ ဒါမ်ဳိး အေတြ႔အႀကံဳေတြကို အာဖရိကမွာ ANC က လက္နက္ကိုင္ေတာ္လွန္ေရး လုပ္မယ္ဆိုတဲ့အခါၾကေတာ့ အဲဒီအခက္အခဲေတြကို ႀကိဳတင္ေမွ်ာ္မွန္းၿပီးေတာ့ Mandela’s Plan ဆိုတဲ့ မန္ဒလ္လာစီမံကိန္္းကို ခ်ခဲ့တယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကလဲ မိမိရဲ ႔ ပါတီဝင္ေတြ ဘယ္လိုခြဲျဖန္႔မလဲ၊ အမ်ဳိးသားညီညႊတ္ေရးကို ဘယ္လိုထိန္းမလဲ။ ဥပမာအားျဖင့္ အဲဒီစီမံကိန္း မရိွတဲ့အတြက္ေၾကာင့္မို႔ ေရြးေကာက္ပြဲဝင္မယ့္လိုင္းက က်ေနာ္တို႔ရန္သူျဖစ္သြားတယ္။ အရပ္ဘက္အဖြဲ႔အစည္းေတြ ဥပေဒအတြင္းမွာ ဆက္လက္ေဆာင္ရြက္မယ့္လူေတြကလဲ က်ေနာ္တုိ႔ရဲ ႔ ရန္သူေတြ ျဖစ္သြားတယ္။ Implementing လုပ္မယ္ဆုိရင္ေတာ့ အဲဒါေတြက က်ေနာ္တို႔ရဲ ႔ ရန္သူေတြ မဟုတ္ဘူး၊ မဟာမိတ္ေတြ။ ဘာေၾကာင့္လဲ တုိက္ပြဲပံုစံကို ေဖာ္တဲ့အတြက္ေၾကာင့္ ေရြးေကာက္ပြဲ လုပ္ရင္ေတာ့ ေရြးေကာက္ပြဲလုပ္ရင္ေတာ့ ေရြးေကာက္ပြဲဝင္တဲ့အဖြဲ႔ကို သက္သက္ခြဲထုတ္ထားတယ္။ ANC ကေန။ ဒီလိုစီမံကိန္းေတြကို ေဆာင္ရြက္ႏိုိင္မယ္ဆိုရင္ ဆရာေျပာသလို အားနည္းမသြားႏိုင္ဘူး။ အားနည္းသြားတာက အဲဒီလို စီမံကိန္းမရိွလို႔။ အဲဒါက အႀကီးမားဆံုးေသာ အတိုက္အခံေတြရဲ ႔ အားနည္းခ်က္ ျဖစ္တယ္။

ေမး ။ ။ NLD ဟာ ေျမေအာက္လႈပ္ရွားမႈပံုစံ ျဖစ္သြားတယ္။ တနည္းအားျဖင့္ လက္နက္ကိုင္တဲ့ ပံုစံမ်ဳိးအထိ ျဖစ္သြားႏိုင္တယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔မူ အၾကမ္းမဖက္တဲ့နည္း

ေျဖ ။ ။ လက္နက္ကိုင္တယ္လို႔ က်ေနာ္တို႔ ေျပာတဲ့ဟာက NLD ရဲ ႔ မူဝါဒ မဟုတ္ဘူး။ လက္နက္ကိုင္တာ NLD ကေန ခြဲထြက္သြားတဲ့ အဖြဲ႔တဖြဲ႔လို႔ ေျပာလို႔ရတယ္။ NLD က အၾကမ္းမဖက္ လမ္းစဥ္ကိုပဲ ေဒၚေအာင္ဆန္းစုၾကည္ကပဲ ဆက္ဆြဲကိုင္မယ္လို႔ က်ေနာ္ကေတာ့ ဒီလိုပဲ ယံုၾကည္တယ္။ လက္နက္ကိုင္တဲ့လူနဲ႔ ပဋိပကၡ ျဖစ္စရာ မလိုဘူး။

ေမး ။ ။ ေျမေအာက္ပံုစံမ်ဳိး ျဖစ္သြားႏိုင္တယ္ဆိုတာ ဘာကိုေျပာတာလဲ။ UG ပံုစံမ်ဳိး ျဖစ္သြားႏိုင္တယ္ဆိုတာ။

ေျဖ ။ ။ NLD ပါတီက တိတ္တဆိတ္ ဖြဲ႔စည္းထားတဲ့ ပါတီတခုပဲ ျဖစ္သြားလိမ့္မယ္။ ဒါေပမဲ့ အဲဒီလိုျဖစ္သြားတဲ့ အတြက္ေၾကာင့္မို႔ လက္နက္ကိုင္ ေတာ္လွန္ေရးကို သြားတယ္လို႔ အဓိပၸါယ္မထြက္ဘူး။

ေမး ။ ။ ဆိုေတာ့ တိတ္တဆိတ္ ဖြဲ႔စည္းထားတဲ့ပါတီိက တိုက္ပြဲကို ဘယ္လိုေဖာ္ေဆာင္မလဲ။ ေရြးေကာက္ပြဲလဲ ဝင္ခြင့္ရိွမွာ မဟုတ္ဘူး။

ေျဖ ။ ။ ဒါေၾကာင့္မို႔ ေရြးေကာက္ပြဲ ဝင္ခြင့္ရိွတဲ့ ပါတီတခုကို ခြဲၿပီးထူေထာင္တယ္။ မန္ဒဲလ္လာတုိ႔က။ NLD စိတ္ထဲမွာ မိမိပါတီဝင္ေတြကို ခြဲျဖန္႔လိုက္တယ္။ အလုပ္သမားသမဂၢ၊ သမဂၢေပါင္းစံုထဲမွာ NLD ပါတီဝင္ေတြ အမ်ားႀကီးခြဲျဖန္႔လိုက္တယ္။ ဆိုလိုတာက တုိက္ပြဲပံုစံက တခုတည္း မဟုတ္ေတာ့ဘူး။ ဥပေဒတြင္း တုိက္ပြဲရိွမယ္။ ဥပေဒျပင္ပ တုိက္ပြဲရိွမယ္။ လက္နက္ကိုင္တိုက္ပြဲ ရိွမယ္။ အဲဒီဟာ (၃) ခုစလံုးသည္ မဟာမိတ္ေတြပဲ ျဖစ္တယ္။ အဲဒီလို မဖြဲ႔ႏုိင္ဘူးဆိုရင္ အခ်င္းခ်င္းက ေရြးေကာက္ပြဲ ဝင္သြားတဲ့လူက ရန္သူျဖစ္လာတယ္။ လက္နက္ကိုင္ ဝင္သြားတဲ့လူကလည္း ရန္သူ ျဖစ္လာတယ္။ ကိုယ္နဲ႔လမ္းစဥ္ မတူလို႔ဆိုၿပီ။ မဟုတ္ဘူး .. အဲဒီေတာ့ က်ေနာ္တို႔ လိုေနတာက မန္ဒဲလ္လာ စီမံကိန္းလို အကုန္လံုး လႊမ္းၿခံဳထားတဲ့ စီမံကိန္းႀကီး - စစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရးကို ဦးတည္တဲ့ စီမံကိန္းႀကီးတခုလံုး ျဖစ္တယ္။ အဲဒီထဲမွာ ေရြးေကာက္ပြဲဝင္တာကလဲ ပါေကာင္းပါႏိုင္တယ္။

ေမး ။ ။ က်ေနာ္တို႔ အခုေျပာေနၾကတာက ေရြးေကာက္ပြဲ တကယ္ျဖစ္လာမယ္ဆိုတဲ့ scenario ကို ေျပာေနၾကတာ။ အဲဒီေတာ့ ေရြးေကာက္ပြဲနည္း မဟုတ္ရင္၊ သူတုိ႔က လူထုဆႏၵခံယူပြဲတို႔လဲ ေျပာေနၾကတာလဲ နည္းနည္းၾကားေနရျပန္ၿပီ။ အဲဒီဟာက ပိုၿပီးေတာ့ ထင္သလုိ လုပ္လို႔ရတဲ့ အေျခအေနလို႔ ဆိုႏိုင္မယ္ထင္တယ္။ referendum လုပ္တယ္ဆိုတာ ေရြးေကာက္ပြဲထက္ မလိမ့္တပတ္ လုပ္ရတာ ပိုလြယ္ကူတဲ့ ကိစၥလို႔ ျဖစ္ေနတယ္။ ျမန္မာႏုိင္ငံမွာ recent history မၾကာေသးခင္က ျဖစ္ခဲ့တာေတြကို ျပန္ၾကည့္ရင္။

ေျဖ ။ ။ သူကလဲ တရားမဝင္တဲ့ အစိုးရတရပ္ ျဖစ္တဲ့အတြက္ တရားဝင္ ျဖစ္လာဖို႔အတြက္ လုပ္မွာပဲ။ ေယဘုယ်အားျဖင့္ေတာ့ လူထု ေထာက္ခံတဲ့၊ လူထုရဲ ႔ မဲ အမ်ားစုရတယ္။ အဲဒီလို ပံုစံရေအာင္ အနည္းေဆာင္ ဟန္ေဆာင္မႈ သေဘာတရေလး ျဖစ္ေအာင္လဲ ေဆာင္ရြက္ၾကမွာပဲ။ ဒါက တပါတီအာဏာရွင္ အဆက္ဆက္မွာ ႀကိဳးစားခဲ့တာေတြပဲ။ အဲဒီေတာ့ အဲဒီလို နည္းလမ္းေဟာင္းႀကီးေတြနဲ႔ ျပန္ၿပီးရဖို႔ ႀကိဳးစားလိမ့္မယ္။ သို႔ေသာ္ ဒါက တုိင္းျပည္အတြက္ အေျဖျဖစ္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ျပႆနာ ေျဖရွင္းရာ မေရာက္ဘူး။ ဘယ္လိုနည္းနဲ႔ သြားမလဲဆိုတာကို ေတြ႔ဆံုေဆြးေႏြး၊ အေျဖရွာတဲ့နည္း။ အဲဒီအခါမွာလဲ ဘယ္အင္အားစုကိုမွ က်ေနာ္တို႔က ခ်န္ထားလို႔ မရဘူး။ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြ ရိွမယ္။ ဒီမိုကေရစီအင္အားစုေတြ ရိွတယ္။ NLD နဲ႔ ဒီမိုကေရစီအင္အားစု တပ္မေတာ္ ရိွတယ္။ ဒီအေျခခံ (၃) ခုက ျပန္ၿပီးေတာ့ တုိင္းျပည္အတြက္ ေအးေအးေဆးေဆး ျပန္ထိုင္ၿပီး စဥ္းစားဖို႔ေတာ့ လိုတယ္။

ေမး ။ ။ က်ေနာ္ကလည္း အဲဒါကို ေမးခ်င္တာ။ ေနာက္ဆံုး ဘယ္လိုထြက္ေပါက္ ရွာၾကမလဲဆိုတာ။

ေျဖ ။ ။ ဒါက ေရႊျပည္ေအး တရားေဟာတယ္လို႔ေတာ့ လူေတြက ေဝဖန္ေကာင္း ေဝဖန္ၾကပါလိမ့္မယ္။ ႏုိင္ငံေရးဆိုတာ ဒါပါပဲ။


==Unicode==

အာဏာသိမ်းစစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းသင့်-မသင့် စဉ်းစားမယ်လို့ ဆိုလာပါတယ်၊ ဒီလို လုပ်လာလိမ့်မယ်ဆိုတာကလဲ ကြိုတင်ခန့်မှန်းလို့ သိရှိနိုင်ခဲ့တဲ့ ကိစ္စလို့ ဆိုရမှာပါ။ တကယ်ဖျက်သိမ်းလာတဲ့အခါ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဘယ်လို ဖြစ်သွားနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်တဲ့ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်ဆိုတာကို သူတို့က စပြောလာပါပြီ။ တကယ်တော့ ဖျက်သိမ်းမယ်ဆိုလဲ ဒါက ကြိုတင်ပြီးတော့ သိရှိနိုင်တဲ့ကိစ္စပါ။ အံ့သြစရာတော့ မဟုတ်ပါဘူး။ စကတည်းက။ သို့သော်လဲပဲ အခု သူတို့ကြိုပြီးတော့ သွေးတိုးစမ်းတဲ့သဘောမျိုး ပြောလာတာကတော့ တကယ်ပဲ ဖျက်သိမ်းလိမ့်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဖျက်သိမ်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးလုပ်နေတဲ့ တပ်မတော်အတွက် အဓိကအဟန့်အတား ဖြစ်နေလို့ပဲ။ ဖျက်သိမ်းရင် အခက်အခဲတွေ အများကြီးကြုံရမယ်။ တပ်မတော်ထဲမှာ၊ ပြည်တွင်းမှာ၊ နိုင်ငံတကာတို့မှာ အခက်အခဲတွေ ကြုံရမယ်။ ဒါပေမဲ့ အခုသွားနေတဲ့ ပုံစံကတော့ ဖျက်သိမ်းမယ်ပုံစံပါပဲ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း NLD ကို ဖျက်သိမ်းမယ်လို့ အစောကြီးကတည်းက ပြောထားပြီးပါပြီ။

မေး ။ ။ ဒါပေမဲ့ အခက်အခဲတွေ ကြုံရမယ်ဆိုတဲ့နေရာမှာ ဆရာပြောသလို ပြည်တွင်းပြည်ပ အများကြီးကန့်ကွက် ဆန့်ကျင်မှုတွေ ကြုံရလိမ့်မယ်။ တပ်တွင်းမှာကော ကန့်ကွက်ဆန့်ကျင်မှုတွေ ဖြစ်လာနိုင်ပါ့မလား။ အဲဒါကို မျှော်လင့်တယ်ဆိုရင်တော့ မျှော်လင့်ချက်ထားရာ မရောက်ဘူးလား။

ဖြေ ။ ။ တပ်တွင်းမှာ မကျေနပ်တဲ့လူတွေ ရှိပါတယ်။ ဒါက ပြည်သူတရပ်လုံးကို ဆန့်ကျင်ပြီး လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ ၉၀, ၂၀၁၂, ၂၀၁၅ ရွေးကောက်ပွဲ မဲပေးခဲ့ပုံတွေကို ကြည့်လို့ရှိရင် မဲပေးသူတွေရဲ့ ၆၀ ကနေ၊ ၇၀ ရာခိုင်နှုန်းအတွင်း NLD ကို မဲပေးခဲ့ပြီး ၂၀-၂၅ ရာခိုင်နှုန်းလောက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးခဲ့တယ်။ ၁၅ ရာခိုင်နှုန်းလောက်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ တခြားပါတီတွေကို မဲပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီ လိုလားကြတဲ့ လက်ရှိမှာဆိုရင်လဲ ၆၀ နဲ့ပဲ တွက်လို့ရှိရင် ၆၀ ပေါင်း ၁၅ ဆိုရင် ၇၅ ရာခိုင်နှုန်းလောက် လေးယောက်မှာ သုံးယောက်လောက်က တပ်မတော် စိုးမိုးတာကို မလိုလားပါဘူး။ ဒါကိုလဲ အောက်ခြေမှာ ဆောင်ရွက်နေကြတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ၊ တပ်မတော်သားတွေ အကုန်လုံးကလည်း သိကြပါတယ်။ အဲဒီတော့ တပ်တွင်းမှာ ဒီအတိုင်းဆက်သွားလို့ တိုင်းပြည်က မကောင်းနိုင်ဘူးဆိုတဲ့ တိုင်းပြည်ကို ချစ်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ ပုန်ကန်မလား၊ မပုန်ကန်ဘူးလားဆိုတာ နောက်ကိစ္စတခုပါ။

မေး ။ ။ ကျနော် သိချင်တာက ဒီဆန့်ကျင်မှုတွေကြောင့် အခု NLD ကို ဖျက်သိမ်းမယ်ဆိုတဲ့ သူတို့ရဲ့ ဦးတည်ချက်က ပြန်ပြီးတော့ ရုတ်သိမ်းသွားနိုင်တဲ့အထိတော့ ရှိနိုင်ပါ့မလား။

ဖြေ ။ ။ ဒါက ဆုံးဖြတ်ရမှာပေါ့။ အရင်ဆုံး အုပ်ချုပ်ရေးပေါ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတော့ NLD ကို မဖျက်သိမ်းဘဲနဲ့ အတူသွားဖို့ ရည်ရွယ်ချက်နဲ့ ဆောက်ရွက်ခဲ့ကြတယ်။ အခုဖျက်သိမ်းမယ်ဆိုရင် ပိုပြီးဆိုးဝါးတဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်။ အခုကို ပြည်တွင်းစစ်ရဲ့ အနေအထားက ပိုပြီးတော့ဆိုးသွားတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ အရမ်းနည်းသွားတယ်။ နိုင်ငံတကာဆက်ဆံရေး ထိုးပြီးကျသွားတယ်။

မေး ။ ။ တိုင်းပြည်အခြေအနေကတော့ အများကြီးထိုးပြီး ကျသွားတာ မှန်တယ်။ NLD ကို ဖျက်သိမ်းပြီးရင်ကော သူတို့က ဆက်လက်တည်မြဲရေး၊ အာဏာခိုင်မာရေးအတွက်ကော ကြီးမားတဲ့ အထောက်အကူ ဖြစ်သွားနိုင်မယ်လို့ သူတို့တွက်များ တွက်နေကြသလား။

ဖြေ ။ ။ ပြည်သူလူထုပေါ် အခြေခံတဲ့ အာဏာတည်မြဲရေးကတော့ သူတို့ မရတော့ဘူး။ သူတို့က သေနတ်နဲ့ အကြမ်းဖက်မှုပေါ်မှာ အခြေခံတဲ့ အာဏာတည်မြဲရေးကိုပဲ သွားနေရတယ်။ NLD ကို ဖျက်သိမ်းတယ်ဆိုတာကလဲ။ လူထုသဘောထားနဲ့ အုပ်ချုပ်တဲ့စနစ်ကို သွားတာမဟုတ်ဘူး။ သေနတ်နဲ့ အာဏာနဲ့ အကြမ်းဖက်မှုနဲ့ အဲဒီပေါ်မှာ အခြေပြုတဲ့ အုပ်ချုပ်ရေးကိုပဲဆက်သွားတဲ့ အာဏာရှင်စနစ်ကိုပဲ ဆက်သွားတာ ဖြစ်နေမယ်။ ဒါ့အပြင် သူက ဦးသိန်းစိန်လက်ထက်မှာ ဖွင့်ခဲ့တဲ့အဖွင့်ကိုတောင် ခြေဖျက်ပစ်လိုက်တယ်။ ဘာကြောင့်လဲ အဖွင့်ကိစ္စတွေမှာ အဓိကအတိုက်အခံပါတီတခုရှိဖို့ ဒါက အရေးကြီးပါတယ်။ အယောင်ဆောင် ပြည်သူလူထု မထောက်ခံတဲ့ အတိုက်အခံပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD ဟာ Liberalization လို့ပြောတဲ့ အဖွင့်ကိစ္စကို ဆောင်ရွက်ဖို့အတွက်ကို တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ဒါက ဘာကိုခြေဖျက်တာလဲဆိုရင် ကျနော်တို့က ဒီမိုကရေစီကို သွားမယ်လို့ တပ်မတော်ခေါင်းဆောင်တွေက ပြောနေတဲ့အချက်ကို ပြန်လည်ခြေဖျက်ပစ်တာပါ။

မေး ။ ။ ဒီလို NLD ကို ချေဖျက်လိုက်တော့ သူတို့အဓိက ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီက NLD နေရာမှာ အစားထိုးပြီးတော့ လူထုထောက်ခံမှုကို ပိုပြီးရလာနိုင်တယ်လို့ တွက်နေသလား။

ဖြေ ။ ။ NLD နေရာမှာ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရှိပြီသား ဖြစ်တယ်။ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။ ဒါကြောင့်မို့ ဆရာ အခုနပြောသလို သူတို့အချင်းချင်းကြားထဲမှာ ထင်ယောင်မှုတခု ဖန်တီးဖို့လောက်ပဲ ဒါကဖြစ်မယ်။ တကယ်တမ်းလဲ မဖြစ်ဘူး။ သမိုင်းမှာလည်း ရှိခဲ့တယ်။ မဆလပါတီ ပြီသွားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရခဲ့တယ် ဒီလောက်ပဲ။ ၂၀၁၂ ဒီအတိုင်းပဲ ရတယ်။ ၂၀၁၅ ဒီအတိုင်းပဲ ရတယ်။ ၂၀၂၀ ဒီအတိုင်းပဲ ရတယ်။ သမိုင်းနှစ်ကာလအရှည်ကြီးမှာ ပြသခဲ့ပြီးပြီ။ ဒါကို မျက်ကွယ်ပြုတာက မိုက်မဲတာကလွဲ ဘာမှမဖြစ်နိင်ဘူး။

မေး ။ ။ NLD ကို ဖျက်သိမ်းတယ်ဆိုရင်တော့ NLD ဆိုတဲ့ နာမည်ကတော့ ပျက်သွားမှာပေါ့။ သို့သော် NLD ကို ထောက်ခံတဲ့ အင်အားစု ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေရဲ့ ရပ်တည်မှုက ဘယ်လိုဆက်လက်ပြီးတော့ ဖြစ်လာမလဲ။ အစထိုးတဲ့ အင်အားစုတခုခု၊ အဖွဲ့အစည်းတခုခု၊ Institute တခုခု ပြန်လည်ပေါ်ထွန်းလာနိုင်မယ်လို့ ခန့်မှန်းနိုင်ပါသလား။

ဖြေ ။ ။ Institute တခုအသစ်လဲ ပေါ်လာစရာ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဆိုတာ ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိပြီသား ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအကြောင်းအရ အာဏာအရ ဖျက်သိမ်းလိုက်တာကြောင့် ပျောက်သွားတာပဲ ရှိနိုင်တယ်။ အခွင့်သာတာနဲ့ အခြေအနေပေးတာနဲ့ ပြန်ပြီးပေါ်လာမှာပဲ။ ဒါမှမဟုတ် ပျက်ချင်မှလဲ ပျက်မယ်။ မြေအောက်လုပ်ငန်းတွေကို ဆောင်ရွက်တာလဲ ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ ယေဘုယျအားဖြင့်တော့ ပျောက်မသွားဘူး။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းတွေကို လုပ်တဲ့အခါမှာတော့ အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်။ ဒါမျိုး အတွေ့အကြုံတွေကို အာဖရိကမှာ ANC က လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတဲ့အခါကြတော့ အဲဒီအခက်အခဲတွေကို ကြိုတင်မျှော်မှန်းပြီးတော့ Mandela’s Plan ဆိုတဲ့ မန်ဒလ်လာစီမံကိန်းကို ချခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ မိမိရဲ့ ပါတီဝင်တွေ ဘယ်လိုခွဲဖြန့်မလဲ၊ အမျိုးသားညီညွှတ်ရေးကို ဘယ်လိုထိန်းမလဲ။ ဥပမာအားဖြင့် အဲဒီစီမံကိန်း မရှိတဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲဝင်မယ့်လိုင်းက ကျနော်တို့ရန်သူဖြစ်သွားတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ဥပဒေအတွင်းမှာ ဆက်လက်ဆောင်ရွက်မယ့်လူတွေကလဲ ကျနော်တို့ရဲ့ ရန်သူတွေ ဖြစ်သွားတယ်။ Implementing လုပ်မယ်ဆိုရင်တော့ အဲဒါတွေက ကျနော်တို့ရဲ့ ရန်သူတွေ မဟုတ်ဘူး၊ မဟာမိတ်တွေ။ ဘာကြောင့်လဲ တိုက်ပွဲပုံစံကို ဖော်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ လုပ်ရင်တော့ ရွေးကောက်ပွဲလုပ်ရင်တော့ ရွေးကောက်ပွဲဝင်တဲ့အဖွဲ့ကို သက်သက်ခွဲထုတ်ထားတယ်။ ANC ကနေ။ ဒီလိုစီမံကိန်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် ဆရာပြောသလို အားနည်းမသွားနိုင်ဘူး။ အားနည်းသွားတာက အဲဒီလို စီမံကိန်းမရှိလို့။ အဲဒါက အကြီးမားဆုံးသော အတိုက်အခံတွေရဲ့ အားနည်းချက် ဖြစ်တယ်။

မေး ။ ။ NLD ဟာ မြေအောက်လှုပ်ရှားမှုပုံစံ ဖြစ်သွားတယ်။ တနည်းအားဖြင့် လက်နက်ကိုင်တဲ့ ပုံစံမျိုးအထိ ဖြစ်သွားနိုင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မူ အကြမ်းမဖက်တဲ့နည်း

ဖြေ ။ ။ လက်နက်ကိုင်တယ်လို့ ကျနော်တို့ ပြောတဲ့ဟာက NLD ရဲ့ မူဝါဒ မဟုတ်ဘူး။ လက်နက်ကိုင်တာ NLD ကနေ ခွဲထွက်သွားတဲ့ အဖွဲ့တဖွဲ့လို့ ပြောလို့ရတယ်။ NLD က အကြမ်းမဖက် လမ်းစဉ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆက်ဆွဲကိုင်မယ်လို့ ကျနော်ကတော့ ဒီလိုပဲ ယုံကြည်တယ်။ လက်နက်ကိုင်တဲ့လူနဲ့ ပဋိပက္ခ ဖြစ်စရာ မလိုဘူး။

မေး ။ ။ မြေအောက်ပုံစံမျိုး ဖြစ်သွားနိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ။ UG ပုံစံမျိုး ဖြစ်သွားနိုင်တယ်ဆိုတာ။

ဖြေ ။ ။ NLD ပါတီက တိတ်တဆိတ် ဖွဲ့စည်းထားတဲ့ ပါတီတခုပဲ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်သွားတဲ့ အတွက်ကြောင့်မို့ လက်နက်ကိုင် တော်လှန်ရေးကို သွားတယ်လို့ အဓိပ္ပါယ်မထွက်ဘူး။

မေး ။ ။ ဆိုတော့ တိတ်တဆိတ် ဖွဲ့စည်းထားတဲ့ပါတီက တိုက်ပွဲကို ဘယ်လိုဖော်ဆောင်မလဲ။ ရွေးကောက်ပွဲလဲ ဝင်ခွင့်ရှိမှာ မဟုတ်ဘူး။

ဖြေ ။ ။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ဝင်ခွင့်ရှိတဲ့ ပါတီတခုကို ခွဲပြီးထူထောင်တယ်။ မန်ဒဲလ်လာတို့က။ NLD စိတ်ထဲမှာ မိမိပါတီဝင်တွေကို ခွဲဖြန့်လိုက်တယ်။ အလုပ်သမားသမဂ္ဂ၊ သမဂ္ဂပေါင်းစုံထဲမှာ NLD ပါတီဝင်တွေ အများကြီးခွဲဖြန့်လိုက်တယ်။ ဆိုလိုတာက တိုက်ပွဲပုံစံက တခုတည်း မဟုတ်တော့ဘူး။ ဥပဒေတွင်း တိုက်ပွဲရှိမယ်။ ဥပဒေပြင်ပ တိုက်ပွဲရှိမယ်။ လက်နက်ကိုင်တိုက်ပွဲ ရှိမယ်။ အဲဒီဟာ (၃) ခုစလုံးသည် မဟာမိတ်တွေပဲ ဖြစ်တယ်။ အဲဒီလို မဖွဲ့နိုင်ဘူးဆိုရင် အချင်းချင်းက ရွေးကောက်ပွဲ ဝင်သွားတဲ့လူက ရန်သူဖြစ်လာတယ်။ လက်နက်ကိုင် ဝင်သွားတဲ့လူကလည်း ရန်သူ ဖြစ်လာတယ်။ ကိုယ်နဲ့လမ်းစဉ် မတူလို့ဆိုပြီ။ မဟုတ်ဘူး .. အဲဒီတော့ ကျနော်တို့ လိုနေတာက မန်ဒဲလ်လာ စီမံကိန်းလို အကုန်လုံး လွှမ်းခြုံထားတဲ့ စီမံကိန်းကြီး - စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ဦးတည်တဲ့ စီမံကိန်းကြီးတခုလုံး ဖြစ်တယ်။ အဲဒီထဲမှာ ရွေးကောက်ပွဲဝင်တာကလဲ ပါကောင်းပါနိုင်တယ်။

မေး ။ ။ ကျနော်တို့ အခုပြောနေကြတာက ရွေးကောက်ပွဲ တကယ်ဖြစ်လာမယ်ဆိုတဲ့ scenario ကို ပြောနေကြတာ။ အဲဒီတော့ ရွေးကောက်ပွဲနည်း မဟုတ်ရင်၊ သူတို့က လူထုဆန္ဒခံယူပွဲတို့လဲ ပြောနေကြတာလဲ နည်းနည်းကြားနေရပြန်ပြီ။ အဲဒီဟာက ပိုပြီးတော့ ထင်သလို လုပ်လို့ရတဲ့ အခြေအနေလို့ ဆိုနိုင်မယ်ထင်တယ်။ referendum လုပ်တယ်ဆိုတာ ရွေးကောက်ပွဲထက် မလိမ့်တပတ် လုပ်ရတာ ပိုလွယ်ကူတဲ့ ကိစ္စလို့ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ recent history မကြာသေးခင်က ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင်။

ဖြေ ။ ။ သူကလဲ တရားမဝင်တဲ့ အစိုးရတရပ် ဖြစ်တဲ့အတွက် တရားဝင် ဖြစ်လာဖို့အတွက် လုပ်မှာပဲ။ ယေဘုယျအားဖြင့်တော့ လူထု ထောက်ခံတဲ့၊ လူထုရဲ့ မဲ အများစုရတယ်။ အဲဒီလို ပုံစံရအောင် အနည်းဆောင် ဟန်ဆောင်မှု သဘောတရလေး ဖြစ်အောင်လဲ ဆောင်ရွက်ကြမှာပဲ။ ဒါက တပါတီအာဏာရှင် အဆက်ဆက်မှာ ကြိုးစားခဲ့တာတွေပဲ။ အဲဒီတော့ အဲဒီလို နည်းလမ်းဟောင်းကြီးတွေနဲ့ ပြန်ပြီးရဖို့ ကြိုးစားလိမ့်မယ်။ သို့သော် ဒါက တိုင်းပြည်အတွက် အဖြေဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြဿနာ ဖြေရှင်းရာ မရောက်ဘူး။ ဘယ်လိုနည်းနဲ့ သွားမလဲဆိုတာကို တွေ့ဆုံဆွေးနွေး၊ အဖြေရှာတဲ့နည်း။ အဲဒီအခါမှာလဲ ဘယ်အင်အားစုကိုမှ ကျနော်တို့က ချန်ထားလို့ မရဘူး။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ရှိမယ်။ ဒီမိုကရေစီအင်အားစုတွေ ရှိတယ်။ NLD နဲ့ ဒီမိုကရေစီအင်အားစု တပ်မတော် ရှိတယ်။ ဒီအခြေခံ (၃) ခုက ပြန်ပြီးတော့ တိုင်းပြည်အတွက် အေးအေးဆေးဆေး ပြန်ထိုင်ပြီး စဉ်းစားဖို့တော့ လိုတယ်။

မေး ။ ။ ကျနော်ကလည်း အဲဒါကို မေးချင်တာ။ နောက်ဆုံး ဘယ်လိုထွက်ပေါက် ရှာကြမလဲဆိုတာ။

ဖြေ ။ ။ ဒါက ရွှေပြည်အေး တရားဟောတယ်လို့တော့ လူတွေက ဝေဖန်ကောင်း ဝေဖန်ကြပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ ဒါပါပဲ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG