သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သုံးလအၾကာ ႏွစ္ဘက္ အလားအလာ


ရန္ကုန္ၿမိဳ႕တြင္ အမ်ဳိးသားညီၫြတ္ေရးအစိုးရကို ေထာက္ခံဆႏၵျပသူမ်ား။ ဧၿပီ ၂၇၊ ၂၀၂၁
သုံးလအၾကာ ႏွစ္ဘက္ အလားအလာ
please wait

No media source currently available

0:00 0:11:04 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ သက္တမ္း သုံးလ ေက်ာ္လြန္လာခဲ့ၿပီ ျဖစ္ေပမယ့္ စစ္ေကာင္စီဟာ တိုင္းျပည္ကို အျပည့္အဝ ထိန္းသိမ္းႏိုင္ျခင္း မရွိသလို၊ အုပ္ခ်ဳပ္ရးယႏၲရားလဲ ပုံမွန္ျဖစ္ဖို႔ အခက္အခဲရွိေနဆဲ ျဖစ္ပါတယ္။ အလားတူစြာပဲ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တဲ့ဘက္ကေကာ အလားအလာ ဘယ္လိုရွိေနပါသလဲ။ ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဦးရဲထြန္း .. က်ေနာ္ ဒီေန႔ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏုိ္င္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာ (၃) လခြဲ ရိွလာခဲ့ၿပီ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီအေျခအေနကို ၾကည့္မယ္ဆိုရင္ စစ္တပ္ဟာ သူတုိ႔ေၾကညာထားတဲ့အတုိင္း၊ သူတုိ႔လုပ္ခ်င္တာေတြကို ဆက္လက္ၿပီးေတာ့ လုပ္ႏိုင္သြားမယ့္ အခင္းအက်င္းမ်ဳိး၊ တိုင္းျပည္ရဲ ႔ တည္ၿငိမ္မႈအပါအဝင္၊ အေျခအေန အစစအရာရာ ျဖစ္လာဖို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ထိန္းသိမ္းႏိုင္မယ့္ အလားအလာ ေတြ႔ေနရၿပီလို႔ ဆိုႏိုင္မလား။

ေျဖ ။ ။ အခုေနာက္ဆံုး က်င္းပသြားတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း တရားဝင္ေျပာၾကားခ်က္အရ ဆိုရင္ေတာ့ သူတို႔အေနနဲ႔ တည္ၿငိမ္ေအးခ်မ္းၿပီး ပိုင္ပိုင္ႏုိင္ႏိုင္ အုပ္ခ်ဳပ္လို႔ရၿပီဆိုတဲ့ အေျခအေနမ်ဳိိးမွာ ASEAN ကေန ကိုယ္စားလွယ္လႊတ္ၿပီး လာမယ္ဆိုလို႔ရိွရင္ လက္ခံဖို႔ အဲဒီလိုအေျခအေန ေရာက္လို႔ရိွရင္ လက္ခံပါမယ္လို႔ ကတိေပးထားတာ ရိွတယ္။ အဲဒီေမးခြန္းကို ေျဖရင္းနဲ႔ သူေျပာသြားခ်က္အရဆိုရင္ေတာ့ အခုအခ်ိန္မွာ တည္ၿငိမ္ေအးခ်မ္းမႈ မရိွေသးဘူးဆိုတဲ့သေဘာ သူေျဖသြားပါတယ္။

ေမး ။ ။ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့ CRPH တို႔ကလည္း အခုဆိုရင္ National Unity Government (NUG) ဖြဲ႔စည္းလိုက္တာ (၁) လ ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ သူတုိ႔ဘက္ကလဲ ႏိုင္ငံေရးအားျဖင့္၊ အုပ္ခ်ဳပ္ေရးအားျဖင့္ ေျခလွမ္းေတြ တလွမ္းၿပီးတလွမ္း တိုးလွမ္းလာတာကို ေတြ႔ရပါတယ္။ သူတုိ႔ကေရာ သူတုိ႔ရဲ ႔ ရည္မွန္းခ်က္ကို ေရာက္ရိွဖို႔အတြက္ အလားအလာကို ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ လုပ္စရာရိွတာေတြေတာ့ လုပ္ေနတယ္ေပါ့။ အစိုးရဖြဲ႔တယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ ဖြဲ႔စည္းတာေတြ လုပ္တယ္။ ေၾကညာတယ္။ ဒါေပမဲ့ အခုၿမိဳ ႔တခ်ဳိ ႔မွာ ျပည္သူလူထုတခ်ဳိ ႔က ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လက္နက္စြဲကိုင္ၿပီးေတာ့ ေတာ္လွန္ဆြဲကိုင္ ေတာ္လွန္တိုက္ခိုက္ေနၾကတဲ့ကိစၥမွာေတာ့ ဗဟိုကေန စနစ္တက် ဦးေဆာင္ဦးရြက္ျပဳၿပီးေတာ့ တိုက္ပြဲဝင္ေနၾကတယ္ဆိုတဲ့ အေနအထားမ်ဳိးေတာ့ မရိွေသးဘူး။ က်ေနာ္တုိ႔ ကိုယ့္အသိနဲ႔ကိုယ္ လက္နက္ဆြဲကိုင္ၿပီးေတာ့ တိုက္ပြဲဝင္ေနတဲ့ အေနအထားေလာက္ပဲ ရိွတယ္။ ဒီဟာေတြကလဲ စနစ္တက် ေရရွည္တိုက္ပြဲဝင္လာခဲ့တဲ့ တပ္မေတာ္တရပ္ကို အႏိုင္တိုက္ႏိုင္ဖို႔က ျဖစ္ႏိုင္ပါ့မလားဆိုတာကလဲ ေမးစရာ ျဖစ္ေနတယ္။ ဆိုေတာ့ ေနာက္တခ်က္က NUG အေနနဲ႔ သူတုိ႔ဖြဲ႔စည္းၿပီးတဲ့ေနာက္ပိုင္းမွာ ဒီေန႔အထိေတာ့ NUG အသိအမွတ္ျပဳတဲ့ အစိုးရက မေပၚေသးဘူး။ ေနာက္တခါ ႏိုင္ငံျခားအကူအညီေပးပါ့မယ္ဆိုတဲ့ ေပၚေပၚတင္တင္ ကတိကဝတ္ျပဳတဲ့ ႏိုင္ငံေတြ၊ အဖြဲ႔အစည္းေတြလည္း မၾကားရေသးဘူး။ ဆိုေတာ့ NUG ဘက္ကေန ေျပာမယ္ဆိုရင္ သူတို႔ဖြဲ႔စည္းလိုက္ၿပီး ေနာက္ပိုင္းမွာ အားတက္စရာေကာင္းတဲ့ ေျခလွမ္းမ်ဳိး အဆင့္မ်ဳိးကို မေတြ႔ရေသးဘူးလို႔ အဲဒီလိုသံုးသပ္လို႔ ရမယ္ထင္ပါတယ္။

ေမး ။ ။ ျပည္သူလူထုရဲ ႔ ေထာက္ခံမႈကေတာ့ က်ေနာ္တုိိ႔ ေလ့လာရသေလာက္ NUG ဘက္မွာ အမ်ားႀကီးရိွတယ္ဆိုတာကို ေတြ႔ရပါတယ္။ ဒီဟာကိုၾကေတာ့ စစ္တပ္က သူတုိ႔ဘက္ကို ပါလာေအာက္ ဆြဲေဆာင္ႏိုင္မယ့္နည္းလမ္းမ်ား ရိွမယ္ထင္ပါသလား။

ေျဖ ။ ။ နစကအေနနဲ႔ေတာ့ ျပည္သူလူထုက ၿငိ္မ္ဝပ္ပိျပားၿပီးေတာ့ သူတုိ႔အုပ္ခ်ဳပ္မႈေအာက္ကို ေရာက္ဖို႔က အာဏာစက္ကိုပဲ အသံုးျပဳရတဲ့ အေနအထားပဲ ျဖစ္ေနတယ္။ အခုအေနအထားကေတာ့ ႏိုင္ငံေရးအရ စည္းရံုးသိမ္းသြင္းတဲ့အခါမွာေတာ့ ေျပာသမွ်ကို ျပည္သူလူထု အမ်ားစုက မယံုၾကဘူး၊ လက္မခံၾကဘူးဆိုတဲ့ အေနအထားမ်ဳိး ေတြ႔ေနရတယ္။ ဥပမာအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္တဲ့ Corruption ကိစၥမ်ဳိးေတြကို က်ေနာ္တို႔ လူထုထဲမွာ စကားေျပာဆုိၾကည့္တယ္။ Social Media ေတြေပၚမွာ ၾကည့္တဲ့အခါၾကေတာ့ ဒါကိုလက္ခံ ယံုၾကည္တဲ့လူက ေတာ္ေတာ္နည္းတယ္။ ဘဏ္ေတြမွာ ေငြေတြစုၿပံဳထုတ္ေနတယ္ ဆိုတာကလဲ တခ်ဳိ ႔လဲ လိုအပ္လို႔ ထုတ္တာရိွသလို၊ အမ်ားစုကေတာ့ ယံုၾကည္မႈ မရိွတာေၾကာင့္လို႔ စိုးရိမ္စိတ္နဲ႔ ဝိုင္းထုတ္ၾကတယ္ဆိုတဲ့ အေနအထားကို ေတြ႔ရတယ္။ ဒါေၾကာင့္မို႔ နစက က ႏုိင္ငံေရးအရ စည္းရံုးေဟာေျပာတာ၊ ဝါဒျဖန္႔တာထက္ ဥပေဒနဲ႔က်ပ္တဲ့လမ္းကိုပဲ သံုးတာကိုပဲ ေတြ႔ရပါတယ္။ ဥပမာ CDM လုပ္တဲ့ ဆရာ၊ ဆရာမေတြအပါအဝင္ ဝန္ထမ္းေတြကို အလုပ္ျဖဳတ္ပစ္တာမ်ဳိး။

ေမး ။ ။ တကယ္ေတာ့ အဲဒါမ်ဳိးေတြ လုပ္လာေလေလ၊ ျပည္သူလူထု ေထာက္ခံမႈနဲ႔ ပိုၿပီးအလွမ္းေဝးသြားေလေလ ျဖစ္ၿပီးေတာ့ အုပ္ခ်ဳပ္လို႔မရတဲ့အထိ ကေမာက္ကမ ျဖစ္သြားႏုိင္တယ္။ တခ်ဳိ ႔က Failed State ဘာညာတြက္ၾကတယ္။ အဲဒီ Failed State အသံုးအႏႈန္းေတာင္ မသံုးပါနဲ႔ေတာ့ ဒါေပမဲ့ အဲဒီလို အုပ္ခ်ဳပ္လို႔ ရႏိုင္တဲ့အေျခအေနထိ ေရာက္ဖို႔ေတာင္ ခဲယဥ္းေနတယ္ဆိုရင္ေကာ။

ေျဖ ။ ။ တစ္ခုေတာ့ရိွတယ္။ က်ေနာ္တို႔ ႏုိင္ငံေရးမွာေတာ့ လက္နက္ကိုင္ ေတာ္လွန္ေရးနဲ႔ အာဏာရလာတဲ့ ေတာ္လွန္ေရးအစိုးရ၊ ကြန္ျမဴနစ္အစိုးရေတြ မ်ားပါတယ္။ အဲဒီလို အစိုးရပဲျဖစ္ေစ၊ ျပည္သူလူထုရဲ ႔ ေထာက္ခံမဲနဲ႔ မဲဆႏၵေတြနဲ႔ အာဏာရလာတဲ့ အစိုးရေတြျဖစ္ေစ။ သူတုိ႔ရဲ ႔အာဏာေဒါက္တိုင္က အဓိကအားျဖင့္ေတာ့ စစ္တပ္၊ ရဲတပ္ဖြဲ႔၊ တရားရံုး၊ အက်ဥ္းေထာင္တို႔အျပင္ သူတုိ႔ကို ေငြရွာေပးတဲ့ အစိုးရေတြကို ေငြရွာေပးတဲ့ ဌာနေတြက အဓိက အေရးႀကီးတဲ့ဌာနေတြ ျဖစ္တယ္။ ဒီဌာနေတြက CDM မွာ မပါသမွ်ေတာ့ သူတုိ႔အေနနဲ႔ သိပ္ပူစရာ မလိုေသးဘူးလို႔ ေျပာမယ္ဆိုရင္ ေျပာလို႔ရတာေပါ့။ အခု CDM လုပ္ေနၾကတာေတြကေတာ့ တကယ္အားျဖင့္ေတာ့ ျပည္သူဝန္ေဆာင္မႈ လုပ္ငန္းဌာနေတြ။ ဥပမာ ပညာေရး - ျပည္သူလူထုကို ပညာသင္ၾကားေပးေနတဲ့ ဆရာ၊ ဆရာမေတြ၊ ျပည္သူလူထုကို ေဆးကုေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ။ အဲဒါေတြကေတာ့ အမ်ားစုက CDM မွာ အမ်ားစု ျဖစ္ေနၾကတာေပါ့။ ဆိုေတာ့ အဓိကေဒါက္တုိင္ ဌာနႀကီးေတြကို မကူးစက္သေရြ ႔ေတာ့ သိပ္ၿပီးေတာ့ ျပႆနာ မရိွေသးဘူးလို႔ အဲဒီလို အစိုးရဘက္က ေျပာမယ္ဆိုရင္ ေျပာႏုိင္ပါတယ္။

ေမး ။ ။ ေနာက္တခုသိခ်င္တာ အေရးႀကီးတဲ့ကိစၥ - တုိင္းရင္းသားေတြရဲ ႔ ပါဝင္မႈ ျဖစ္ပါတယ္။ တိုင္းရင္းသားေတြ ပါဝင္လာေအာင္ တပ္ဘက္ကလဲ စည္းရံုးတယ္။ သူတို႔က ဖယ္ဒရယ္ျပည္ေထာင္စု လုပ္ေပးမယ္။ အခုဆိုရင္ PR စနစ္ကို က်င့္သံုးမယ္ဆိုၿပီးေတာ့ စတင္ၿပီးေတာ့ ေျပာလာတယ္။ အဲဒီအတြက္ ျပင္ဆင္ေနၿပီဆိုတဲ့ သေဘာမ်ဳိးကို ေတြ႔ရပါတယ္။ တခ်ိန္တည္းမွာပဲ NUG ဘက္မွာလဲ တိုင္းရင္းသားေတြက ပါဝင္ၾကတယ္။ တခ်ဳိ ႔ဆိုရင္ လက္နက္ကိုင္ၿပီးေတာ့ ဒီစစ္အစိုးရကို ေတာ္လွန္ေနၾကတယ္။ စစ္ဆင္ေရးေတြကို အရိွန္ျမွင့္ၿပီးေတာ့ လုပ္ေနၾကတာကို ေတြ႔ရပါတယ္။ တိုင္းရင္းသားေတြ ပါဝင္ပူးေပါင္းမႈက ဘယ္ဘက္မွာ ပိုၿပီးေတာ့ အားသာေနပါသလဲ။

ေျဖ ။ ။ တိုင္းရင္းသားေတြဘက္မွာေတာ့ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ျဖတ္သန္းမႈေတြအရဆိုရင္ေတာ့ ဇေဝဇဝါဆိုတဲ့ အေနအထားလို႔ေျပာရင္ အမွန္ဆံုးလိုပဲ ေျပာရမွာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ တပ္မေတာ္အစိုးရ ေရးဆြဲခဲ့တဲ့ ၂၀၀၈ အေျခခံဥပေဒကလဲ ဖယ္ဒရယ္စနစ္ကို တကယ္ကို ပီပီျပင္ျပင္ အာမခံတဲ့ စနစ္မဟုတ္ဘူး။ NLD အစိုးရ (၅) ႏွစ္ အုပ္ခ်ဳပ္ခြင့္ရတဲ့ အခ်ိန္မွာလဲ ဖယ္ဒရယ္စနစ္ကို ပိုၿပီးေတာ့ အားေပးတဲ့၊ လုပ္လုိ႔ရႏိုင္တဲ့ ကိစၥေတြကို မလုပ္ေဆာင္ခဲ့ဘူး။ အဲဒီလို ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဖယ္ဒရယ္စနစ္ကို တကယ္သြားမယ္ဆိုတဲ့ ကတိစကားအေပၚမွာေတာ့ နည္းနည္းသံသယ ျဖစ္ေနၾကတယ္လို႔ က်ေနာ္ထင္တယ္။ အခု PR စနစ္ဆိုတာကလဲ တကယ္ၾကေတာ့ ၂၀၁၀ - ၂၀၁၅ ပထမအႀကိမ္ လႊတ္ေတာ္ကာလအတြင္းက PR စနစ္နဲ႔ ပတ္သက္ၿပီးေတာ့ NDF တင္တဲ့အခ်ိန္မွာ ဆန္႔က်င္တဲ့ပါတီေတြက တိုင္းရင္းသားပါတီေတြ ျဖစ္ေနတယ္။ အဲဒီတုန္းက က်ေနာ္ကိုယ္တိုင္ ပါဝင္ခြင့္ခဲ့တဲ့ က်ားျဖဴပါတီ (SNDP) ဆိုရင္ သပိတ္ေတာင္ ေမွာက္ခဲ့ဖူးတယ္။ ဒီစနစ္ကို မက်င့္သံုးဖို႔။ ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲလို႔ ျပန္သံုးသပ္ၾကည့္လိုက္တဲ့အခါၾကေတာ့ က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ တုိင္းရင္းသားေတြ ျဖန္႔က်က္ၿပီးေနမႈက လူမ်ဳိးႀကီးဗမာနဲ႔ ေရာၿပီးေတာ့ေနတာက နည္းၿပီးေတာ့ သူတုိ႔ဘာသာသူတို႔ သီးျခားသီးျခား ၿမိဳ ႔နယ္ေလးေတြမွာ လူမ်ားစုအျဖစ္နဲ႔ ရိွၾကတာ။ ဒါေၾကာင့္မို႔ အဲဒီၿမိဳ ႔နယ္ရဲ ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ကို ေရြးတဲ့အခါမွာ သူတုိ႔လူမ်ဳိးပါတီ ကိုယ္စားျပဳတဲ့လူက ေသခ်ာေပါက္ရဖို႔ အခြင့္အေရး ရိွတယ္။ ဒါေၾကာင့္မို႔ သူတုိ႔က အဲဒီ PR စနစ္ကို က်င့္သံုးမယ္ဆိုရင္ တျခားပါတီေတြကို မွ်ေပးရမယ့္ အေနအထား ျဖစ္တယ္။ ဒါေၾကာင့္မို႔ သူတုိ႔က PR စနစ္ကို ဆန္႔က်င္ခဲ့တာ။ ဒါေပမဲ့ အဲဒီတိုင္းရင္းသားပါတီက တစ္ပါတီပဲ မဟုတ္ဘဲ၊ ႏွစ္ပါတီသံုးပါတီ ျဖစ္လာၾကတဲ့အခါၾကေတာ့ မဲေတြက ၂၀၁၅ ေရြးေကာက္ပြဲမွာ ကြဲကုန္တယ္။ တခ်ဳိ ႔ေနရာေတြမွာဆုိရင္ ဥပမာ က်ားျဖဴပါတီဆိုရင္ ၂၀၁၅ ေရြးေကာက္ပြဲမွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္မွာ တစ္ေနရာမွ မႏုိင္ေတာ့ဘူး။ သို႔ေသာ္ သူတုိ႔ကို ေထာက္ခံတဲ့ မဲေတြေတာ့ ရိွတယ္။ ဒီေန႔အခ်ိန္ အေျခအေနမ်ဳိးမွာေတာ့ PR စနစ္ကို စိတ္ဝင္စားသလား၊ PR စနစ္ကို ေထာက္ခံသလားေမးရင္ သူတုိ႔အေျဖက တမ်ဳိးျဖစ္လိမ့္မယ္။

ေမး ။ ။ PR စနစ္ကို အေၾကာင္းျပၿပီးေတာ့ စည္းရံုးလို႔ကေတာ့ တုိင္းရင္းသားေတြ အကုန္လံုး ပါမလာႏိုင္ဘူးဆိုတဲ့ သေဘာေပါ့။ အဲဒီေတာ့ NUG က အခု အမ်ဳိးသားညီညႊတ္ေရးအစိုးရ ဖြဲ႔တယ္ဆိုေတာ့ တိုင္းရင္းသားပါတီေတြကို ထည့္ၿပီးေတာ့ ဖိတ္ေခၚပါတယ္။ အခု NUG ရဲ ႔ တိုင္းရင္းသားေတြအေပၚ ထားရိွတဲ့သေဘာထားသည္၊ NLD ရဲ ႔ သေဘာထားနဲ႔ ေျပာင္းလဲခဲ့ၿပီ၊ တိုင္းရင္းသားေတြ လက္ခံႏိုင္တဲ့ အေနအထားကို ေရာက္သြားၿပီလို႔ ဆိုႏိုင္သလား။ ဒီတခါ ဘယ္ေလာက္အထိ ခိုင္ခုိင္မာမာ စိတ္ခ်ရၿပီလဲ။

ေျဖ ။ ။ NUG က နဂို NLD ရဲ ႔ တိုင္းရင္းသားလူမ်ဳိးစုေတြနဲ႔ ပတ္သက္တဲ့ သေဘာထားေတြအေပၚမွာ ေျပာင္းသြားတယ္ဆိုတာကေတာ့ ရွင္းတယ္။ ေျပာင္းသြားၿပီးတဲ့အခါၾကေတာ့ တခ်ဳိ ႔လဲ ျပန္ေတာင္းပန္တဲ့ကိစၥေတြကို ဖတ္ရတာေပါ့။ တခ်က္က CRPH နဲ႔ NUG ရဲ ႔ ထုတ္ျပန္တဲ့ သေဘာထားေတြကို NLD ေခါင္းေဆာင္ေတြ။ အဓိကေခါင္းေဆာင္ေတြ၊ အခု အဖမ္းခံထားရတဲ့ ေခါင္းေဆာင္ေတြက သေဘာတူရဲ ႔လားဆိုတာက တကယ့္အေရးႀကီးတဲ့ ျပႆနာ ျဖစ္ေနတယ္။ တကယ္လို႔ သေဘာတူတယ္၊ သူတုိ႔က ဒါကို ေထာက္ခံပါတယ္ဆိုလို႔ရိွရင္ ဘာနဲ႔ျပန္သြားၿငိ ႔ႏိုင္သလဲဆိုရင္ နစက က ေၾကညာထားတဲ့ လာမယ့္ေရြးေကာက္ပြဲမွာ ႏုိင္ငံေရးပါတီက ဖ်က္သိမ္းခံရဖို႔မ်ားတယ္။ တိုင္းရင္းသားပါတီေတြကို ဖိတ္ေခၚတဲ့အခါမွာ တိုင္းရင္းသားပါတီေတြက NUG မွာ ပါဖို႔မပါဖို႔ စဥ္းစားတဲ့အခါမွာ NUG က ႏိုင္မွာလား၊ နစက က ႏုိင္မွာလား ဆိုတဲ့အခ်က္က အေရးႀကီးဆံုးျပႆနာ။ အဲဒီေတာ့ NUG က မႏုိင္ဘူး - ဒီ (၁) ႏွစ္ (၂) ႏွစ္အတြင္းမွာ မႏုိင္ဘူးဆိုရင္ ေနာက္လာမယ့္ ကတိေပးထားတဲ့ ေရြးေကာက္ပြဲမွာ ပါရဖို႔က မေသခ်ာဘူး။ ဖ်က္သိမ္းခံရဖို႔က ေသခ်ာတယ္။ အဲဒီလို ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒီျပႆနာက အခုနေျပာတဲ့ NUG က ကမ္းလွမ္းေပမယ့္ တိုင္းရင္းသားႏုိင္ငံေရးပါတီေတြက မပါဝင္ရတဲ့ အဓိကအေၾကာင္းရင္းလို႔ က်ေနာ္ကေတာ့ အဲဒီလို ယူဆပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု သက်တမ်း သုံးလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပေမယ့် စစ်ကောင်စီဟာ တိုင်းပြည်ကို အပြည့်အဝ ထိန်းသိမ်းနိုင်ခြင်း မရှိသလို၊ အုပ်ချုပ်ရးယန္တရားလဲ ပုံမှန်ဖြစ်ဖို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ အလားတူစွာပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ဘက်ကကော အလားအလာ ဘယ်လိုရှိနေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဦးရဲထွန်း .. ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ (၃) လခွဲ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ သူတို့ကြေညာထားတဲ့အတိုင်း၊ သူတို့လုပ်ချင်တာတွေကို ဆက်လက်ပြီးတော့ လုပ်နိုင်သွားမယ့် အခင်းအကျင်းမျိုး၊ တိုင်းပြည်ရဲ့ တည်ငြိမ်မှုအပါအဝင်၊ အခြေအနေ အစစအရာရာ ဖြစ်လာဖို့ ငြိမ်းငြိမ်းချမ်းချမ်း ထိန်းသိမ်းနိုင်မယ့် အလားအလာ တွေ့နေရပြီလို့ ဆိုနိုင်မလား။

ဖြေ ။ ။ အခုနောက်ဆုံး ကျင်းပသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း တရားဝင်ပြောကြားချက်အရ ဆိုရင်တော့ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းပြီး ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လို့ရပြီဆိုတဲ့ အခြေအနေမျိုးမှာ ASEAN ကနေ ကိုယ်စားလှယ်လွှတ်ပြီး လာမယ်ဆိုလို့ရှိရင် လက်ခံဖို့ အဲဒီလိုအခြေအနေ ရောက်လို့ရှိရင် လက်ခံပါမယ်လို့ ကတိပေးထားတာ ရှိတယ်။ အဲဒီမေးခွန်းကို ဖြေရင်းနဲ့ သူပြောသွားချက်အရဆိုရင်တော့ အခုအချိန်မှာ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူးဆိုတဲ့သဘော သူဖြေသွားပါတယ်။

မေး ။ ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ CRPH တို့ကလည်း အခုဆိုရင် National Unity Government (NUG) ဖွဲ့စည်းလိုက်တာ (၁) လ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဘက်ကလဲ နိုင်ငံရေးအားဖြင့်၊ အုပ်ချုပ်ရေးအားဖြင့် ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း တိုးလှမ်းလာတာကို တွေ့ရပါတယ်။ သူတို့ကရော သူတို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် အလားအလာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ လုပ်စရာရှိတာတွေတော့ လုပ်နေတယ်ပေါ့။ အစိုးရဖွဲ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတာတွေ လုပ်တယ်။ ကြေညာတယ်။ ဒါပေမဲ့ အခုမြို့တချို့မှာ ပြည်သူလူထုတချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် လက်နက်စွဲကိုင်ပြီးတော့ တော်လှန်ဆွဲကိုင် တော်လှန်တိုက်ခိုက်နေကြတဲ့ကိစ္စမှာတော့ ဗဟိုကနေ စနစ်တကျ ဦးဆောင်ဦးရွက်ပြုပြီးတော့ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အနေအထားမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ ကိုယ့်အသိနဲ့ကိုယ် လက်နက်ဆွဲကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ အနေအထားလောက်ပဲ ရှိတယ်။ ဒီဟာတွေကလဲ စနစ်တကျ ရေရှည်တိုက်ပွဲဝင်လာခဲ့တဲ့ တပ်မတော်တရပ်ကို အနိုင်တိုက်နိုင်ဖို့က ဖြစ်နိုင်ပါ့မလားဆိုတာကလဲ မေးစရာ ဖြစ်နေတယ်။ ဆိုတော့ နောက်တချက်က NUG အနေနဲ့ သူတို့ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အထိတော့ NUG အသိအမှတ်ပြုတဲ့ အစိုးရက မပေါ်သေးဘူး။ နောက်တခါ နိုင်ငံခြားအကူအညီပေးပါ့မယ်ဆိုတဲ့ ပေါ်ပေါ်တင်တင် ကတိကဝတ်ပြုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေလည်း မကြားရသေးဘူး။ ဆိုတော့ NUG ဘက်ကနေ ပြောမယ်ဆိုရင် သူတို့ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းမှာ အားတက်စရာကောင်းတဲ့ ခြေလှမ်းမျိုး အဆင့်မျိုးကို မတွေ့ရသေးဘူးလို့ အဲဒီလိုသုံးသပ်လို့ ရမယ်ထင်ပါတယ်။

မေး ။ ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ ကျနော်တို့ လေ့လာရသလောက် NUG ဘက်မှာ အများကြီးရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီဟာကိုကြတော့ စစ်တပ်က သူတို့ဘက်ကို ပါလာအောက် ဆွဲဆောင်နိုင်မယ့်နည်းလမ်းများ ရှိမယ်ထင်ပါသလား။

ဖြေ ။ ။ နစကအနေနဲ့တော့ ပြည်သူလူထုက ငြိမ်ဝပ်ပိပြားပြီးတော့ သူတို့အုပ်ချုပ်မှုအောက်ကို ရောက်ဖို့က အာဏာစက်ကိုပဲ အသုံးပြုရတဲ့ အနေအထားပဲ ဖြစ်နေတယ်။ အခုအနေအထားကတော့ နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းတဲ့အခါမှာတော့ ပြောသမျှကို ပြည်သူလူထု အများစုက မယုံကြဘူး၊ လက်မခံကြဘူးဆိုတဲ့ အနေအထားမျိုး တွေ့နေရတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ Corruption ကိစ္စမျိုးတွေကို ကျနော်တို့ လူထုထဲမှာ စကားပြောဆိုကြည့်တယ်။ Social Media တွေပေါ်မှာ ကြည့်တဲ့အခါကြတော့ ဒါကိုလက်ခံ ယုံကြည်တဲ့လူက တော်တော်နည်းတယ်။ ဘဏ်တွေမှာ ငွေတွေစုပြုံထုတ်နေတယ် ဆိုတာကလဲ တချို့လဲ လိုအပ်လို့ ထုတ်တာရှိသလို၊ အများစုကတော့ ယုံကြည်မှု မရှိတာကြောင့်လို့ စိုးရိမ်စိတ်နဲ့ ဝိုင်းထုတ်ကြတယ်ဆိုတဲ့ အနေအထားကို တွေ့ရတယ်။ ဒါကြောင့်မို့ နစက က နိုင်ငံရေးအရ စည်းရုံးဟောပြောတာ၊ ဝါဒဖြန့်တာထက် ဥပဒေနဲ့ကျပ်တဲ့လမ်းကိုပဲ သုံးတာကိုပဲ တွေ့ရပါတယ်။ ဥပမာ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တာမျိုး။

မေး ။ ။ တကယ်တော့ အဲဒါမျိုးတွေ လုပ်လာလေလေ၊ ပြည်သူလူထု ထောက်ခံမှုနဲ့ ပိုပြီးအလှမ်းဝေးသွားလေလေ ဖြစ်ပြီးတော့ အုပ်ချုပ်လို့မရတဲ့အထိ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ တချို့က Failed State ဘာညာတွက်ကြတယ်။ အဲဒီ Failed State အသုံးအနှုန်းတောင် မသုံးပါနဲ့တော့ ဒါပေမဲ့ အဲဒီလို အုပ်ချုပ်လို့ ရနိုင်တဲ့အခြေအနေထိ ရောက်ဖို့တောင် ခဲယဉ်းနေတယ်ဆိုရင်ကော။

ဖြေ ။ ။ တစ်ခုတော့ရှိတယ်။ ကျနော်တို့ နိုင်ငံရေးမှာတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ အာဏာရလာတဲ့ တော်လှန်ရေးအစိုးရ၊ ကွန်မြူနစ်အစိုးရတွေ များပါတယ်။ အဲဒီလို အစိုးရပဲဖြစ်စေ၊ ပြည်သူလူထုရဲ့ ထောက်ခံမဲနဲ့ မဲဆန္ဒတွေနဲ့ အာဏာရလာတဲ့ အစိုးရတွေဖြစ်စေ။ သူတို့ရဲ့အာဏာဒေါက်တိုင်က အဓိကအားဖြင့်တော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ တရားရုံး၊ အကျဉ်းထောင်တို့အပြင် သူတို့ကို ငွေရှာပေးတဲ့ အစိုးရတွေကို ငွေရှာပေးတဲ့ ဌာနတွေက အဓိက အရေးကြီးတဲ့ဌာနတွေ ဖြစ်တယ်။ ဒီဌာနတွေက CDM မှာ မပါသမျှတော့ သူတို့အနေနဲ့ သိပ်ပူစရာ မလိုသေးဘူးလို့ ပြောမယ်ဆိုရင် ပြောလို့ရတာပေါ့။ အခု CDM လုပ်နေကြတာတွေကတော့ တကယ်အားဖြင့်တော့ ပြည်သူဝန်ဆောင်မှု လုပ်ငန်းဌာနတွေ။ ဥပမာ ပညာရေး - ပြည်သူလူထုကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ၊ ပြည်သူလူထုကို ဆေးကုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ။ အဲဒါတွေကတော့ အများစုက CDM မှာ အများစု ဖြစ်နေကြတာပေါ့။ ဆိုတော့ အဓိကဒေါက်တိုင် ဌာနကြီးတွေကို မကူးစက်သရွေ့တော့ သိပ်ပြီးတော့ ပြဿနာ မရှိသေးဘူးလို့ အဲဒီလို အစိုးရဘက်က ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

မေး ။ ။ နောက်တခုသိချင်တာ အရေးကြီးတဲ့ကိစ္စ - တိုင်းရင်းသားတွေရဲ့ ပါဝင်မှု ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ပါဝင်လာအောင် တပ်ဘက်ကလဲ စည်းရုံးတယ်။ သူတို့က ဖယ်ဒရယ်ပြည်ထောင်စု လုပ်ပေးမယ်။ အခုဆိုရင် PR စနစ်ကို ကျင့်သုံးမယ်ဆိုပြီးတော့ စတင်ပြီးတော့ ပြောလာတယ်။ အဲဒီအတွက် ပြင်ဆင်နေပြီဆိုတဲ့ သဘောမျိုးကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ NUG ဘက်မှာလဲ တိုင်းရင်းသားတွေက ပါဝင်ကြတယ်။ တချို့ဆိုရင် လက်နက်ကိုင်ပြီးတော့ ဒီစစ်အစိုးရကို တော်လှန်နေကြတယ်။ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ပြီးတော့ လုပ်နေကြတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေ ပါဝင်ပူးပေါင်းမှုက ဘယ်ဘက်မှာ ပိုပြီးတော့ အားသာနေပါသလဲ။

ဖြေ ။ ။ တိုင်းရင်းသားတွေဘက်မှာတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖြတ်သန်းမှုတွေအရဆိုရင်တော့ ဇဝေဇဝါဆိုတဲ့ အနေအထားလို့ပြောရင် အမှန်ဆုံးလိုပဲ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကလဲ ဖယ်ဒရယ်စနစ်ကို တကယ်ကို ပီပီပြင်ပြင် အာမခံတဲ့ စနစ်မဟုတ်ဘူး။ NLD အစိုးရ (၅) နှစ် အုပ်ချုပ်ခွင့်ရတဲ့ အချိန်မှာလဲ ဖယ်ဒရယ်စနစ်ကို ပိုပြီးတော့ အားပေးတဲ့၊ လုပ်လို့ရနိုင်တဲ့ ကိစ္စတွေကို မလုပ်ဆောင်ခဲ့ဘူး။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ ဖယ်ဒရယ်စနစ်ကို တကယ်သွားမယ်ဆိုတဲ့ ကတိစကားအပေါ်မှာတော့ နည်းနည်းသံသယ ဖြစ်နေကြတယ်လို့ ကျနော်ထင်တယ်။ အခု PR စနစ်ဆိုတာကလဲ တကယ်ကြတော့ ၂၀၁၀ - ၂၀၁၅ ပထမအကြိမ် လွှတ်တော်ကာလအတွင်းက PR စနစ်နဲ့ ပတ်သက်ပြီးတော့ NDF တင်တဲ့အချိန်မှာ ဆန့်ကျင်တဲ့ပါတီတွေက တိုင်းရင်းသားပါတီတွေ ဖြစ်နေတယ်။ အဲဒီတုန်းက ကျနော်ကိုယ်တိုင် ပါဝင်ခွင့်ခဲ့တဲ့ ကျားဖြူပါတီ (SNDP) ဆိုရင် သပိတ်တောင် မှောက်ခဲ့ဖူးတယ်။ ဒီစနစ်ကို မကျင့်သုံးဖို့။ ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့ ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါကြတော့ ကျနော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေ ဖြန့်ကျက်ပြီးနေမှုက လူမျိုးကြီးဗမာနဲ့ ရောပြီးတော့နေတာက နည်းပြီးတော့ သူတို့ဘာသာသူတို့ သီးခြားသီးခြား မြို့နယ်လေးတွေမှာ လူများစုအဖြစ်နဲ့ ရှိကြတာ။ ဒါကြောင့်မို့ အဲဒီမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရွေးတဲ့အခါမှာ သူတို့လူမျိုးပါတီ ကိုယ်စားပြုတဲ့လူက သေချာပေါက်ရဖို့ အခွင့်အရေး ရှိတယ်။ ဒါကြောင့်မို့ သူတို့က အဲဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် တခြားပါတီတွေကို မျှပေးရမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က PR စနစ်ကို ဆန့်ကျင်ခဲ့တာ။ ဒါပေမဲ့ အဲဒီတိုင်းရင်းသားပါတီက တစ်ပါတီပဲ မဟုတ်ဘဲ၊ နှစ်ပါတီသုံးပါတီ ဖြစ်လာကြတဲ့အခါကြတော့ မဲတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ ကွဲကုန်တယ်။ တချို့နေရာတွေမှာဆိုရင် ဥပမာ ကျားဖြူပါတီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ တစ်နေရာမှ မနိုင်တော့ဘူး။ သို့သော် သူတို့ကို ထောက်ခံတဲ့ မဲတွေတော့ ရှိတယ်။ ဒီနေ့အချိန် အခြေအနေမျိုးမှာတော့ PR စနစ်ကို စိတ်ဝင်စားသလား၊ PR စနစ်ကို ထောက်ခံသလားမေးရင် သူတို့အဖြေက တမျိုးဖြစ်လိမ့်မယ်။

မေး ။ ။ PR စနစ်ကို အကြောင်းပြပြီးတော့ စည်းရုံးလို့ကတော့ တိုင်းရင်းသားတွေ အကုန်လုံး ပါမလာနိုင်ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီတော့ NUG က အခု အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့တယ်ဆိုတော့ တိုင်းရင်းသားပါတီတွေကို ထည့်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ အခု NUG ရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့သဘောထားသည်၊ NLD ရဲ့ သဘောထားနဲ့ ပြောင်းလဲခဲ့ပြီ၊ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ အနေအထားကို ရောက်သွားပြီလို့ ဆိုနိုင်သလား။ ဒီတခါ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ စိတ်ချရပြီလဲ။

ဖြေ ။ ။ NUG က နဂို NLD ရဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေအပေါ်မှာ ပြောင်းသွားတယ်ဆိုတာကတော့ ရှင်းတယ်။ ပြောင်းသွားပြီးတဲ့အခါကြတော့ တချို့လဲ ပြန်တောင်းပန်တဲ့ကိစ္စတွေကို ဖတ်ရတာပေါ့။ တချက်က CRPH နဲ့ NUG ရဲ့ ထုတ်ပြန်တဲ့ သဘောထားတွေကို NLD ခေါင်းဆောင်တွေ။ အဓိကခေါင်းဆောင်တွေ၊ အခု အဖမ်းခံထားရတဲ့ ခေါင်းဆောင်တွေက သဘောတူရဲ့လားဆိုတာက တကယ့်အရေးကြီးတဲ့ ပြဿနာ ဖြစ်နေတယ်။ တကယ်လို့ သဘောတူတယ်၊ သူတို့က ဒါကို ထောက်ခံပါတယ်ဆိုလို့ရှိရင် ဘာနဲ့ပြန်သွားငြိ့နိုင်သလဲဆိုရင် နစက က ကြေညာထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီက ဖျက်သိမ်းခံရဖို့များတယ်။ တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေက NUG မှာ ပါဖို့မပါဖို့ စဉ်းစားတဲ့အခါမှာ NUG က နိုင်မှာလား၊ နစက က နိုင်မှာလား ဆိုတဲ့အချက်က အရေးကြီးဆုံးပြဿနာ။ အဲဒီတော့ NUG က မနိုင်ဘူး - ဒီ (၁) နှစ် (၂) နှစ်အတွင်းမှာ မနိုင်ဘူးဆိုရင် နောက်လာမယ့် ကတိပေးထားတဲ့ ရွေးကောက်ပွဲမှာ ပါရဖို့က မသေချာဘူး။ ဖျက်သိမ်းခံရဖို့က သေချာတယ်။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပြဿနာက အခုနပြောတဲ့ NUG က ကမ်းလှမ်းပေမယ့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက မပါဝင်ရတဲ့ အဓိကအကြောင်းရင်းလို့ ကျနော်ကတော့ အဲဒီလို ယူဆပါတယ်။

XS
SM
MD
LG