သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ေအာက္ ၿငိမ္ဝပ္ပိျပားေရး အေျခအေန


Myanmar
တိုက္႐ိုက္ လင့္ခ္

စစ္ေကာင္စီ အာဏာသိမ္းယူၿပီး (၃) လ ေက်ာ္လာသည္႔တိုင္ေအာင္ ျမန္မာႏိုင္ငံမွာ ၿငိမ္၀ပ္ပိျပားေရးနဲ႔ တရားဥပေေဒစိုးမိုးေရး ပ်က္ျပားေနဆဲ၊ အုပ္ခ်ဳပ္ေရးယႏၱရား ယိုယြင္းေနဆဲျဖစ္ေပမယ့္၊ စစ္ေကာင္စီကေတာ႔ ႏွစ္ရွည္အုပ္ခ်ဳပ္သြားဖို႔႔ ျပင္ဆင္ေနတယ္လို႔ ျမန္မာႏိုင္ငံေရွ႕့ေနမ်ားကြန္ရက္ ဥကၠ႒ ဦးႀကီးျမင့္ က ေျပာပါတယ္၊ အေသးစိတ္ကို တရားလႊတ္ေတာ္ေရွ့ေနႀကီး ဦးႀကီးျမင္႔ နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အာဏာသိမ္းလာတာ (၃) လ ေက်ာ္လာခဲ့ပါၿပီ။ တိုင္းျပည္ရဲ ႔ ၿငိမ္းခ်မ္းမႈ၊ ၿငိမ္ဝပ္ပိျပားမႈ အေျခအေနက ပံုမွန္ေရာက္သြားၿပီလို႔ ေျပာလို႔မရပါဘူး။ ဒါေပမဲ့ တခ်ဳိ ႔ကလဲေျပာတယ္ ဆႏၵျပမႈေတြဟာ ရန္ကုန္ၿမိဳ ႔တို႔မွာ ဒီေလာက္ျပင္းျပင္းထန္ထန္ မရိွေတာ့ဘူးလို႔ ေျပာေနၾကပါတယ္။ ပထမဦးဆံုး ေယဘုယ်အေျခအေနကို သံုးသပ္ေပးပါ။

ေျဖ ။ ။ ဒီလိုရိွတယ္ ႏိွပ္ကြပ္မႈေတြ၊ ဖိႏိွပ္မႈေတြကေတာ့ အရမ္းျပင္းထန္တယ္။ က်ေနာ္တို႔ဆိုရင္ လမ္းသြားရင္ေတာင္ တယ္လီဖုန္းေတာင္ ယူမသြားရဲဘူး။ အထူးသျဖင့္ လူငယ္ေတြ။ တယ္လီဖုန္း ေတြ႔တာနဲ႔ အဲဒီတယ္လီဖုန္းကို ေပးဆိုၿပီးေတာ့ - အထူးသျဖင့္ taxi နဲ႔ ကိုယ္ပိုင္ကားစီးတဲ့လူေတြ၊ ဘတ္စ္ကားစီးတဲ့ လူေတြကိုေတာ့ လုပ္တာသိပ္မရိွဘူး။ အဲဒီလုိစစ္လိုက္လို႔ တယ္လီဖုန္း ဖြင့္ျပလို႔ သူတို႔မႀကိဳက္တာေတြ ပါသြားရင္ အဲဒီတယ္လီဖုန္းကို သိမ္းလိုက္တယ္။ နံပတ္ႏွစ္ကေတာ့ အေရးယူမယ္ေျပာတယ္။ နံပတ္သံုးကေတာ့ ပိုက္ဆံေတာင္းတယ္။ အဲဒီဟာေတြ ျဖစ္ေနတဲ့အခါမွာ လူေတြက ေတာ္ေတာ္သြားရလာရတာကအစ အဲဒီေလာက္ကို ဖိႏိွပ္တာ။ ညပိုင္းဆုိလဲ ဘာမွမေျပာဘဲနဲ႔ ဝင္လာတယ္။ သူတုိ႔ခန္႔ထားတဲ့ ရဝတနဲ႔ ဝင္လာတယ္။ ညဘက္လဲ မလံုၿခံဳဘူး။ အဲဒီလို ျဖစ္တဲ့အခါမွာ ေယဘုယ်အေျခအေနအရ ၿငိမ္သက္သလို ရိွေပမယ့္ လူထုကေတာ့ မေက်ဘူးေပါ့။ ရက္စက္လြန္အားႀကီးေတာ့။ တေန႔ကပဲ သာေကတမွာ သူတို႔ခန္႔ထားတဲ့ ရဝတအုပ္ခ်ဳပ္ေရးမွဴးကုိ လူ (၃) ေယာက္က ဝင္လာၿပီး ဓါးနဲ႔ထုိးသတ္သြားတယ္။ အဲဒီလိုဟာမ်ဳိးေတြက ရန္ကုန္မွာ မီးရိႈ ႔တာေတြ၊ ရိုက္တာေတြ အဲဒီလိုေတြ target က ေျပာင္းသြားၿပီ။

တဘက္မွာလဲ လူငယ္ေတြက လစ္ရင္လစ္သလို ဆႏၵျပပြဲေတြကေတာ့ ရိွေနတယ္။ ၿငိမ္သက္သြားၿပီဆုိတာေတာ့ လံုးဝမဟုတ္ဘူး။

ေမး ။ ။ အခုဖမ္းဆီးအေရးယူခံထားရတဲ့ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ရိွေနပါတယ္။ ကိန္းဂဏန္းကေတာ့ သူတုိ႔က ေလွ်ာ့ေျပာတယ္။ AAPP က ေျပာတာ မွားတယ္ေပါ့။ ဒါေပမဲ့ က်ေနာ္သိခ်င္တာက ဖမ္းဆီးခံထားရလူေတြကို ဘယ္လိုရံုးတင္မလဲ။ အရပ္ဘက္တရားရံုးလား။ စစ္ခံုရံုးလား။ က်ေနာ္ ပထမနားလည္ထားတာက ရန္ကုန္က ၿမိဳ ႔နယ္ (၆) ခုနဲ႔ မႏၱေလးက ၿမိဳ ႔နယ္ (၆) ခုကိုပဲ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့တယ္လို႔ ၾကားပါတယ္။ အခု တႏိုင္ငံလံုးကို သူတုိ႔ျပဳမႈလုပ္ေဆာင္ေနတာက စစ္အုပ္ခ်ဳပ္ေရးပံုစံမ်ဳိးမ်ား ျဖစ္ေနမလား။ အဲဒါကို ဥပေဒေၾကာင္းအရ ခြဲျခားျမင္မိပါသလဲ။

ေျဖ ။ ။ အဲဒါက သာမန္လူေတြအေနနဲ႔ေတာ့ ေတာ္ေတာ္ခက္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အခုက အားလံုးကို စစ္အုပ္ခ်ဳပ္ေရးပံုစံ လုပ္ေနတာ။ ရန္ကုန္မွာေတာ့ ၅၀၅ ေတြနဲ႔ လူသတ္မႈေတြကို ေထာင္ထဲမွာပဲစစ္တယ္။ တရားလိုကိုပဲ အက်ဥ္းနည္းနဲ႔ စစ္ၿပီးေတာ့ အျပစ္ဒဏ္ေပးတယ္။ အမွတ္တမဲ့ၾကည့္လိုက္ရင္ေတာ့ စစ္အုပ္ခ်ဳပ္ေရး ထုတ္ထားလို႔။ ဒါေပမဲ့ မာရွယ္ေလာ စစ္အုပ္ခ်ဳပ္ မထုတ္ထားတဲ့ဟာေတြလဲ အဲဒီလိုပဲ လုပ္တာပဲ။ ေထာင္ထဲမွာပဲ အက်ဥ္းနည္းနဲ႔စစ္တယ္ ခုခံေခ်ပခြင့္ေတြလည္း သိပ္မရၾကဘူး။ ဒီေန႔ပဲ Facebook မွာ တင္လိုက္ၿပီးၿပီ ဥပေဒအေထာက္အကူျပဳေရးအဖြဲ႔ ဥပေဒကို ျပင္ဆင္မႈျပဌာန္းၿပီးေတာ့ ဥပေဒအေထာက္အကူ ျပဳသူမ်ားအဖြဲ႔ကို ေပးအပ္ထားတဲ့ အာဏာေတြကို၊ လုပ္ပိုင္ခြင့္ေတြကို အားလံုးရုတ္သိမ္းလိုက္တယ္။ ေရွ ႔ေနေတြဟာ ဥပေဒအေထာက္အကူျပဳေရးအဖြဲ႔ရဲ ႔ ဥပေဒကိုကိုင္ၿပီးေတာ့ ဘာမွျပည္သူေတြကို ကူညီလို႔မရေလာက္ေအာင္ ပိတ္လိုက္တယ္။ အဲဒါက ဘာလဲဆိုေတာ့ ဒီ (၁) ႏွစ္အတြင္းမွာပဲ ေရြးေကာက္ပြဲ လုပ္ေပးၿပီးေတာ့ ႏုိင္တဲ့လူကို အာဏာအပ္ပါမယ္ဆိုတဲ့ ဥပေဒဟာ ဥပေဒေတြကို အေသးစိတ္ လိုက္ျပင္ေနၿပီးေတာ့ ျပည္သူကို ေပးထားတဲ့ အခြင့္အေရးေတြကို လိုက္ရုတ္သိမ္းေနတယ္။ အဲဒါကို ၾကည့္ျခင္းအားျဖင့္ သူတုိ႔က (၅) နွစ္အထက္ကို အနည္းဆံုး (၅) ႏွစ္အထက္ အုပ္ခ်ဳပ္ေတာ့မယ္ဆိုတာကို ျပင္ၿပီးေတာ့ လုပ္ေနၿပီဆိုတာကို အဲဒါကို က်ေနာ္တို႔က အတိအက် ေတြ႔ေနရၿပီ။

ေမး ။ ။ ပထမတခုက သူတုိ႔တက္လာခါစတုန္းကေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေျပာတာက (၁) ႏွစ္အတြင္းမွာ ေရြးေကာက္ပြဲ ျပန္ၿပီး လုပ္ေပးမယ္။ ႏိုင္တဲ့ပါတီကို အာဏာလႊဲမယ္ဆိုၿပီးေတာ့ လမ္းျပေျမပံု (၅) ခ်က္ဆိုၿပီးေတာ့ ေျပာပါတယ္။ ေနာက္မၾကာေသးခင္က သူတုိ႔ရဲ ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ (၂) ႏွစ္ဆိုၿပီးေတာ့ ျပန္ေျပာတာ ေတြ႔ရပါတယ္ဆိုေတာ့ အခု ဦးႀကီးျမင့္က (၅) ႏွစ္ေလာက္ ျဖစ္မယ္လို႔ ဘာေၾကာင့္ ခန္႔မွန္းပါလဲ။

ေျဖ ။ ။ သူတုိ႔လုပ္ကိုင္ေနတာက ဥပေဒကို လိုက္ၿပီးျပင္ေနတယ္။ ျပည္သူကို ေပးထားတဲ့ ဒီမိုကေရစီ အခြင့္အေရး ဥပေဒေတြကို လိုက္ၿပီးေတာ့ ရုတ္သိမ္းေနတယ္၊ ပယ္ဖ်က္ေနတယ္။ ဥပမာ ဧည့္စာရင္းေတြ တိုင္ခိုင္းတာေတြ၊ အိမ္ေတြကို ရွာေဖြပံုစံမျပဘဲနဲ႔ စစ္လုိ႔ရတယ့္ဟာမ်ဳိးေတြ၊ အဲဒီလို မတရားလုပ္တာကို တရားစြဲခြင့္ ရိွတယ္ဆိုတဲ့ ဥပေဒကို ရုတ္သိမ္းတာေတြ။ အဲဒါေတြကို ၾကည့္လိုက္ျခင္းအားျဖင့္ သူတုိ႔ဟာ NLD ပါတီကို ဖ်က္ပစ္မယ္။ အခုလဲ သူတုိ႔ေတာ္ေတာ္ေလး စုေဆာင္းထားၿပီ။ NLD ပါတီကို တစ္က မဲခိုးတယ္ဆိုတဲ့ ပုဒ္မ။ ေနာက္တခုက NLD ပါတီက အၾကမ္းဖက္ေတြနဲ႔ ဆက္သြယ္တယ္၊ လက္နက္ကိုင္တယ္ဆိုၿပီးေတာ့ အဲဒီလိုပုဒ္မေတြ ဆြဲၿပီးေတာ့ NLD ပါတီကို ဖ်က္ၿပီးေတာ့ က်န္တဲ့ သူတုိ႔နဲ႔ စိတ္တူကိုယ္တူ လုပ္ထားတဲ့ပါတီေတြ အႏိုင္ရေအာင္ လုပ္ၿပီးေတာ့ သူက သမၼတ လုပ္မွာပဲ။ ျမင္သာေနတာပဲ PR စနစ္ကိုလည္း က်င့္သံုးအံုးမွာ။ အဲဒီလိုသြားၿပီးေနာက္က သူပဲ သမၼတလုပ္ၿပီးေတာ့ ဆက္သြားအံုးမွာ။ ဒါေၾကာင့္မို႔ (၅) ႏွစ္ကို ရည္ရြယ္ၿပီး လုပ္ေဆာင္ေနတယ္လို႔ ေျပာခ်င္ျဖစ္ပါတယ္။ အေထာက္အထားနဲ႔ေတာ့ မဟုတ္ပါဘူး။

ေမး ။ ။ PR စနစ္ကို သြားမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ အဲဒီ PR စနစ္ကိုသြားရင္ တုိင္းရင္းသားတခ်ဳိ ႔က ပိုၿပီးႏွစ္သက္ၾကလိမ့္မယ္ဆိုတဲ့ ယူဆခ်က္လည္း ရိွပါတယ္။ တခ်ဳိ ႔ပါတီေတြ၊ တိုင္းရင္းသားပါတီေတြက ေဖာ္ထုတ္ၿပီးေတာ့ ေျပာခဲ့ၾကတာလဲ ရိွပါတယ္။ ဆိုေတာ့ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ လူအမ်ားစုက လက္မခံႏိုင္စရာအေၾကာင္း ရိွလာမလား။

ေျဖ ။ ။ NLD က တခဲနက္ တအားႏုိင္ထားတဲ့အခါမွာ လူေတြက ေျပာဆိုခြင့္ေတြကို က်န္တဲ့ပါတီေတြက ပိတ္သလို ျဖစ္သြားတဲ့အခါမွာ ဒီလို PR စနစ္မ်ား ေကာင္းမလားဆိုၿပီး ေဆြးေႏြးၾကတာပါ။ ဒါေပမဲ့ အခုစစ္အာဏာရွင္စနစ္က ဦးစီးၿပီးေတာ့ PR စနစ္ကို လုပ္မယ္ဆိုတာကေတာ့ က်ားေၾကာက္လို႔ ရွင္ႀကီးကိုး ရွင္ႀကီး က်ားထက္ဆိုး ျဖစ္မွာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္ကပဲ ဒီေရြးေကာက္ပြဲကို အႏိုင္ယူၿပီးေတာ့ သူတုိ႔က အုပ္ခ်ဳပ္မွာ။ ေနာက္တခုက တခ်ဳိ ႔ေနရာေတြမွာဆိုရင္ ေျခာက္လန္႔ၿပီးေတာ့ ေရြးေကာက္ပြဲေတြ မဝင္ရဲေအာင္ လုပ္တာေတြ။ ေနာက္တခါ လံုၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ ဖမ္းဆီးတာေတြ။ စစ္တပ္လိုလားတဲ့ ပါတီေတြပဲ ႏိုင္ၾကမွာပဲ။

ေမး ။ ။ CDM လုပ္ၾကတဲ့ ဝန္ထမ္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခ်င္ပါတယ္။ အဲဒီဝန္ထမ္းေတြကို အေရးယူတယ္၊ ဖမ္းတယ္ဆိုတာလဲ ၾကားမိပါတယ္။ တကယ္ေတာ့ CDM လုပ္ဖို႔ လံႈေဆာ္တဲ့ လူေတြကို ဖမ္းတယ္ဆိုတာကေတာ့ ဥပေဒနဲ႔ ညီညႊတ္ေကာင္း ညီညႊတ္မယ္လို႔ က်ေနာ္ စဥ္းစားမိပါတယ္။ ဒါေပမဲ့ CDM လုပ္တယ္လူေတြကို ဖမ္းတယ္လို႔လည္း ၾကားရပါတယ္။ အဲဒီကိစၥကို ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ တကယ့္ကို အႏုိင္က်င့္သလို ျဖစ္သြားၿပီ။ လူေတြကို ကိုယ့္ဘာသာကိုယ္ ဆႏၵျပၿပီးေတာ့ ေနတာဟာကို ကိုယ့္အိမ္ထဲကိုယ္ မေနရဲေတာ့ဘဲ၊ အားလံုးထြက္ေျပးေနရတယ္။ အဲဒီအထဲမွာ က်ေနာ္တို႔လည္းပါတယ္။ ထြက္ေျပးေနရတဲ့အခါၾကေတာ့ လူေတြကေတာ့ ဒါက မတရားဘူး၊ ခင္မ်ားေျပာသလိုပဲ လံႈေဆာ္တဲ့လူေတြကို ဖမ္းဆီးတယ္ဆုိတာ တမ်ဳိးေလ။ ဘာမွလဲ မလုပ္ဘဲနဲ႔ CDM လုပ္ၿပီးေတာ့ မသြားဘဲေနတာကို ၅၀၅ နဲ႔ ဖမ္းၿပီးေတာ့။ ေနာက္တခုက CDM လုပ္တဲ့လူေတြကို ျပန္ဝင္လို႔ရိွရင္ လက္ခံမယ္၊ ၅၀၅ ေတြလည္း ျဖဳတ္ေပးမယ္ဆိုၿပီးေတာ့ တဘက္ကလဲ တခ်ဳိ ႔ဌာနေတြက အဲဒီလိုေတြ လုပ္ေနတယ္။

ေမး ။ ။ အဲဒီလို CDM လုပ္ၿပီး ျပန္ဝင္တဲ့ ဝန္ထမ္းေတြကို ျပစ္ဒဏ္ေတြ ေလွ်ာ့ေပးမယ္ဆုိၿပီးေတာ့ ေျပာေနေတာ့၊ အခုအခါမွာ ဝန္ထမ္းေတြ ဘယ္ေလာက္အထိမ်ား အလုပ္ျပန္ဝင္ၿပီးေတာ့ သူတုိိ႔လုပ္ငန္းေတြ ေကာင္းေကာင္းလည္ပတ္ေနၿပီလို႔ ေျပာႏိုင္ပါသလဲ။

ေျဖ ။ ။ အဲဒါကလဲ အမ်ဳိးမ်ဳိးပဲ။ တကယ့္လက္ေတြ႔မွာ သူတုိ႔က ႏႈတ္ေျပာေလာက္ပဲ ျဖစ္ၿပီးေတာ့၊ အဲဒီလို ဝင္လုပ္ေနတဲ့ လူေတြလည္း ရိွတယ္။ လာေတာ့မွ ဆီဖမ္းၿပီးေတာ့ ၅၀၅ ဖြင့္တာေတြလည္း ရိွတယ္။ အဲဒါေၾကာင့္ အခု စစ္အစိုးရရဲ ႔ ေျပာဆိုခ်က္ေတြက တေနရာ တဗိုလ္တမင္း၊ တေနရာမွာ ဝန္ႀကီးဌာနက တမ်ဳိးနဲ႔ အဲဒီလိုေတြ လုပ္ေနတာေတြ ရိွတယ္။ အဲဒါက မူေသမဟုတ္ေသးဘူး။ အမ်ဳိးမ်ဳိး စမ္းသပ္ေနတာပဲ ရိွတယ္။

ေမး ။ ။ အဲဒီေတာ့ ရံုးဝန္ထမ္းေတြအျပင္ CDM လုပ္ေနတဲ့အထဲမွာ အေရးႀကီးဆံုးကေတာ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပညာေရးဝန္ထမ္းေတြလို႔ ထင္ပါတယ္။ ေနာက္ ဘဏ္ဝန္ထမ္းေတြ။ စီးပြားေရးလုပ္ငန္းေတြအတြက္။ အဲဒီ ပညာေရး၊ က်န္းမာေရးဘက္မွာ ဝန္ထမ္းေတြ အျပည့္အဝ အလုပ္ျပန္မဆင္းၾကေသးသမွ် ဒီအေျခအေနက ဘယ္လိုေနပါသလဲ။ အေတာ္ေလးကို က်ဆင္းဆုတ္ယုတ္သြားမယ့္ အေျခအေန ရိွလား။

ေျဖ ။ ။ အဲဒါကေတာ့ အေသအခ်ာေပါ့။ က်န္းမာေရးဘက္မွာဆိုလဲ အခု တရားဝင္ တရားစြဲထားတာ သူတုိိ႔ေၾကညာတာပင္ ဆရာဝန္ သုံုးရာေက်ာ္သြားၿပီ။ တရားဝင္ေၾကညာတာ၊ တျခားဟာေတြက တျပည္လံုးပဲ။ ေဆးရံုးအုပ္ေတြ၊ ေက်ာင္းအုပ္ေတြ၊ အဲဒီလို လူအႀကီးေတြကအစပါတာ။ အငယ္ေတြကေတာ့ အကုန္ေပါ့။ အဲဒါေတြေၾကာင့္မို႔ ဗမာျပည္က ၿငိမ္သြားၿပီိဆိုတာတို႔၊ ဒါကေတာ့ ေအးခ်မ္းပံုမွန္ ျဖစ္သြားၿပီဆုိတာ လံုးဝမဟုတ္ဘူး။ CDM ကေတာ့ ဆက္လက္အားေကာင္းေနဆဲပဲ။ ဆက္လက္တိုက္ပြဲဝင္ေနဆဲလို႔ က်ေနာ္တုိ႔ကေတာ့ မ်က္ျမင္ကိုယ္ေတြ႔ ေတြ႔ရပါတယ္။

ေမး ။ ။ ေနာက္ဆံုးအေနနဲ႔ ဦးႀကီးျမင့္ကေတာ့ သူတုိ႔က (၅) ႏွစ္ေလာက္ အာဏာယူလိမ့္မယ္လို႔ ခန္႔မွန္းတယ္။ အခုေလာေလာဆယ္မွာ အဲဒီအေျခအေနကို ထိန္းႏိုင္ၿပီလား။ သူတို႔မွာ (၅) ႏွစ္တာ ဆက္လက္အုပ္ခ်ဳပ္သြားႏုိင္တဲ့ အေျခအေနမ်ဳိး၊ တရားဥပေဒ စိုးမိုးေရး၊ ၿငိမ္ဝပ္ပိျပားမႈ၊ အုပ္ခ်ဳပ္ေရးယႏၱရားေတြ ပံုမွန္လည္ပတ္ေအာင္ လုပ္ႏိုိင္ၿပီလား။ လုပ္ႏုိင္မယ့္ အလားအလာေကာ ေတြ႔ရၿပီလား။ (၅) ႏွစ္လံုး ဒီလုိပဲ သြားေနမလား။ ဦးႀကီးျမင့္ ဘယ္လိုခန္႔မွန္းပါလဲ။

ေျဖ ။ ။ (၅) နွစ္မေျပာနဲ႔ (၅) လ ျဖစ္ဖုိ႔ေတာင္ ေတာ္ေတာ္ရုန္းကန္ေနရတယ္။ ၿပီးခဲ့တဲ့ အေတြ႔အႀကံဳေပါင္း ေျမာက္ျမားစြာရယ္၊ စစ္တပ္ရဲ ႔အက်င့္ရယ္။ ေခတ္ေပါင္းမ်ားစြာ ေခတ္အဆက္ဆက္ ကတိမတည္တာေတြကို ေပါင္းစပ္ၿပီးေတာ့ အနည္းဆံုး (၅) နွစ္အထက္ အုပ္္ခ်ဳပ္ဖို႔ ျပင္ဆင္ေနတယ္။ ဥပေဒေတြလည္း ျပင္ေနတယ္။ အဲဒီလို အတိအက် ေျပာပါတယ္။ ေျပာႏိုင္တယ္။


==Unicode==

စစ်ကောင်စီ အာဏာသိမ်းယူပြီး (၃) လ ကျော်လာသည့်တိုင်အောင် မြန်မာနိုင်ငံမှာ ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပေဒေစိုးမိုးရေး ပျက်ပြားနေဆဲ၊ အုပ်ချုပ်ရေးယန္တရား ယိုယွင်းနေဆဲဖြစ်ပေမယ့်၊ စစ်ကောင်စီကတော့ နှစ်ရှည်အုပ်ချုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့် က ပြောပါတယ်၊ အသေးစိတ်ကို တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလာတာ (၃) လ ကျော်လာခဲ့ပါပြီ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ ငြိမ်ဝပ်ပိပြားမှု အခြေအနေက ပုံမှန်ရောက်သွားပြီလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တချို့ကလဲပြောတယ် ဆန္ဒပြမှုတွေဟာ ရန်ကုန်မြို့တို့မှာ ဒီလောက်ပြင်းပြင်းထန်ထန် မရှိတော့ဘူးလို့ ပြောနေကြပါတယ်။ ပထမဦးဆုံး ယေဘုယျအခြေအနေကို သုံးသပ်ပေးပါ။

ဖြေ ။ ။ ဒီလိုရှိတယ် နှိပ်ကွပ်မှုတွေ၊ ဖိနှိပ်မှုတွေကတော့ အရမ်းပြင်းထန်တယ်။ ကျနော်တို့ဆိုရင် လမ်းသွားရင်တောင် တယ်လီဖုန်းတောင် ယူမသွားရဲဘူး။ အထူးသဖြင့် လူငယ်တွေ။ တယ်လီဖုန်း တွေ့တာနဲ့ အဲဒီတယ်လီဖုန်းကို ပေးဆိုပြီးတော့ - အထူးသဖြင့် taxi နဲ့ ကိုယ်ပိုင်ကားစီးတဲ့လူတွေ၊ ဘတ်စ်ကားစီးတဲ့ လူတွေကိုတော့ လုပ်တာသိပ်မရှိဘူး။ အဲဒီလိုစစ်လိုက်လို့ တယ်လီဖုန်း ဖွင့်ပြလို့ သူတို့မကြိုက်တာတွေ ပါသွားရင် အဲဒီတယ်လီဖုန်းကို သိမ်းလိုက်တယ်။ နံပတ်နှစ်ကတော့ အရေးယူမယ်ပြောတယ်။ နံပတ်သုံးကတော့ ပိုက်ဆံတောင်းတယ်။ အဲဒီဟာတွေ ဖြစ်နေတဲ့အခါမှာ လူတွေက တော်တော်သွားရလာရတာကအစ အဲဒီလောက်ကို ဖိနှိပ်တာ။ ညပိုင်းဆိုလဲ ဘာမှမပြောဘဲနဲ့ ဝင်လာတယ်။ သူတို့ခန့်ထားတဲ့ ရဝတနဲ့ ဝင်လာတယ်။ ညဘက်လဲ မလုံခြုံဘူး။ အဲဒီလို ဖြစ်တဲ့အခါမှာ ယေဘုယျအခြေအနေအရ ငြိမ်သက်သလို ရှိပေမယ့် လူထုကတော့ မကျေဘူးပေါ့။ ရက်စက်လွန်အားကြီးတော့။ တနေ့ကပဲ သာကေတမှာ သူတို့ခန့်ထားတဲ့ ရဝတအုပ်ချုပ်ရေးမှူးကို လူ (၃) ယောက်က ဝင်လာပြီး ဓါးနဲ့ထိုးသတ်သွားတယ်။ အဲဒီလိုဟာမျိုးတွေက ရန်ကုန်မှာ မီးရှို့တာတွေ၊ ရိုက်တာတွေ အဲဒီလိုတွေ target က ပြောင်းသွားပြီ။

တဘက်မှာလဲ လူငယ်တွေက လစ်ရင်လစ်သလို ဆန္ဒပြပွဲတွေကတော့ ရှိနေတယ်။ ငြိမ်သက်သွားပြီဆိုတာတော့ လုံးဝမဟုတ်ဘူး။

မေး ။ ။ အခုဖမ်းဆီးအရေးယူခံထားရတဲ့ လူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ကိန်းဂဏန်းကတော့ သူတို့က လျှော့ပြောတယ်။ AAPP က ပြောတာ မှားတယ်ပေါ့။ ဒါပေမဲ့ ကျနော်သိချင်တာက ဖမ်းဆီးခံထားရလူတွေကို ဘယ်လိုရုံးတင်မလဲ။ အရပ်ဘက်တရားရုံးလား။ စစ်ခုံရုံးလား။ ကျနော် ပထမနားလည်ထားတာက ရန်ကုန်က မြို့နယ် (၆) ခုနဲ့ မန္တလေးက မြို့နယ် (၆) ခုကိုပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တယ်လို့ ကြားပါတယ်။ အခု တနိုင်ငံလုံးကို သူတို့ပြုမှုလုပ်ဆောင်နေတာက စစ်အုပ်ချုပ်ရေးပုံစံမျိုးများ ဖြစ်နေမလား။ အဲဒါကို ဥပဒေကြောင်းအရ ခွဲခြားမြင်မိပါသလဲ။

ဖြေ ။ ။ အဲဒါက သာမန်လူတွေအနေနဲ့တော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက အားလုံးကို စစ်အုပ်ချုပ်ရေးပုံစံ လုပ်နေတာ။ ရန်ကုန်မှာတော့ ၅၀၅ တွေနဲ့ လူသတ်မှုတွေကို ထောင်ထဲမှာပဲစစ်တယ်။ တရားလိုကိုပဲ အကျဉ်းနည်းနဲ့ စစ်ပြီးတော့ အပြစ်ဒဏ်ပေးတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ စစ်အုပ်ချုပ်ရေး ထုတ်ထားလို့။ ဒါပေမဲ့ မာရှယ်လော စစ်အုပ်ချုပ် မထုတ်ထားတဲ့ဟာတွေလဲ အဲဒီလိုပဲ လုပ်တာပဲ။ ထောင်ထဲမှာပဲ အကျဉ်းနည်းနဲ့စစ်တယ် ခုခံချေပခွင့်တွေလည်း သိပ်မရကြဘူး။ ဒီနေ့ပဲ Facebook မှာ တင်လိုက်ပြီးပြီ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥပဒေကို ပြင်ဆင်မှုပြဌာန်းပြီးတော့ ဥပဒေအထောက်အကူ ပြုသူများအဖွဲ့ကို ပေးအပ်ထားတဲ့ အာဏာတွေကို၊ လုပ်ပိုင်ခွင့်တွေကို အားလုံးရုတ်သိမ်းလိုက်တယ်။ ရှေ့နေတွေဟာ ဥပဒေအထောက်အကူပြုရေးအဖွဲ့ရဲ့ ဥပဒေကိုကိုင်ပြီးတော့ ဘာမှပြည်သူတွေကို ကူညီလို့မရလောက်အောင် ပိတ်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ဒီ (၁) နှစ်အတွင်းမှာပဲ ရွေးကောက်ပွဲ လုပ်ပေးပြီးတော့ နိုင်တဲ့လူကို အာဏာအပ်ပါမယ်ဆိုတဲ့ ဥပဒေဟာ ဥပဒေတွေကို အသေးစိတ် လိုက်ပြင်နေပြီးတော့ ပြည်သူကို ပေးထားတဲ့ အခွင့်အရေးတွေကို လိုက်ရုတ်သိမ်းနေတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူတို့က (၅) နှစ်အထက်ကို အနည်းဆုံး (၅) နှစ်အထက် အုပ်ချုပ်တော့မယ်ဆိုတာကို ပြင်ပြီးတော့ လုပ်နေပြီဆိုတာကို အဲဒါကို ကျနော်တို့က အတိအကျ တွေ့နေရပြီ။

မေး ။ ။ ပထမတခုက သူတို့တက်လာခါစတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတာက (၁) နှစ်အတွင်းမှာ ရွေးကောက်ပွဲ ပြန်ပြီး လုပ်ပေးမယ်။ နိုင်တဲ့ပါတီကို အာဏာလွှဲမယ်ဆိုပြီးတော့ လမ်းပြမြေပုံ (၅) ချက်ဆိုပြီးတော့ ပြောပါတယ်။ နောက်မကြာသေးခင်က သူတို့ရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ (၂) နှစ်ဆိုပြီးတော့ ပြန်ပြောတာ တွေ့ရပါတယ်ဆိုတော့ အခု ဦးကြီးမြင့်က (၅) နှစ်လောက် ဖြစ်မယ်လို့ ဘာကြောင့် ခန့်မှန်းပါလဲ။

ဖြေ ။ ။ သူတို့လုပ်ကိုင်နေတာက ဥပဒေကို လိုက်ပြီးပြင်နေတယ်။ ပြည်သူကို ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေး ဥပဒေတွေကို လိုက်ပြီးတော့ ရုတ်သိမ်းနေတယ်၊ ပယ်ဖျက်နေတယ်။ ဥပမာ ဧည့်စာရင်းတွေ တိုင်ခိုင်းတာတွေ၊ အိမ်တွေကို ရှာဖွေပုံစံမပြဘဲနဲ့ စစ်လို့ရတယ့်ဟာမျိုးတွေ၊ အဲဒီလို မတရားလုပ်တာကို တရားစွဲခွင့် ရှိတယ်ဆိုတဲ့ ဥပဒေကို ရုတ်သိမ်းတာတွေ။ အဲဒါတွေကို ကြည့်လိုက်ခြင်းအားဖြင့် သူတို့ဟာ NLD ပါတီကို ဖျက်ပစ်မယ်။ အခုလဲ သူတို့တော်တော်လေး စုဆောင်းထားပြီ။ NLD ပါတီကို တစ်က မဲခိုးတယ်ဆိုတဲ့ ပုဒ်မ။ နောက်တခုက NLD ပါတီက အကြမ်းဖက်တွေနဲ့ ဆက်သွယ်တယ်၊ လက်နက်ကိုင်တယ်ဆိုပြီးတော့ အဲဒီလိုပုဒ်မတွေ ဆွဲပြီးတော့ NLD ပါတီကို ဖျက်ပြီးတော့ ကျန်တဲ့ သူတို့နဲ့ စိတ်တူကိုယ်တူ လုပ်ထားတဲ့ပါတီတွေ အနိုင်ရအောင် လုပ်ပြီးတော့ သူက သမ္မတ လုပ်မှာပဲ။ မြင်သာနေတာပဲ PR စနစ်ကိုလည်း ကျင့်သုံးအုံးမှာ။ အဲဒီလိုသွားပြီးနောက်က သူပဲ သမ္မတလုပ်ပြီးတော့ ဆက်သွားအုံးမှာ။ ဒါကြောင့်မို့ (၅) နှစ်ကို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောချင်ဖြစ်ပါတယ်။ အထောက်အထားနဲ့တော့ မဟုတ်ပါဘူး။

မေး ။ ။ PR စနစ်ကို သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲဒီ PR စနစ်ကိုသွားရင် တိုင်းရင်းသားတချို့က ပိုပြီးနှစ်သက်ကြလိမ့်မယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ တချို့ပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ဖော်ထုတ်ပြီးတော့ ပြောခဲ့ကြတာလဲ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လူအများစုက လက်မခံနိုင်စရာအကြောင်း ရှိလာမလား။

ဖြေ ။ ။ NLD က တခဲနက် တအားနိုင်ထားတဲ့အခါမှာ လူတွေက ပြောဆိုခွင့်တွေကို ကျန်တဲ့ပါတီတွေက ပိတ်သလို ဖြစ်သွားတဲ့အခါမှာ ဒီလို PR စနစ်များ ကောင်းမလားဆိုပြီး ဆွေးနွေးကြတာပါ။ ဒါပေမဲ့ အခုစစ်အာဏာရှင်စနစ်က ဦးစီးပြီးတော့ PR စနစ်ကို လုပ်မယ်ဆိုတာကတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကပဲ ဒီရွေးကောက်ပွဲကို အနိုင်ယူပြီးတော့ သူတို့က အုပ်ချုပ်မှာ။ နောက်တခုက တချို့နေရာတွေမှာဆိုရင် ခြောက်လန့်ပြီးတော့ ရွေးကောက်ပွဲတွေ မဝင်ရဲအောင် လုပ်တာတွေ။ နောက်တခါ လုံခြုံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ။ စစ်တပ်လိုလားတဲ့ ပါတီတွေပဲ နိုင်ကြမှာပဲ။

မေး ။ ။ CDM လုပ်ကြတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ အဲဒီဝန်ထမ်းတွေကို အရေးယူတယ်၊ ဖမ်းတယ်ဆိုတာလဲ ကြားမိပါတယ်။ တကယ်တော့ CDM လုပ်ဖို့ လှုံဆော်တဲ့ လူတွေကို ဖမ်းတယ်ဆိုတာကတော့ ဥပဒေနဲ့ ညီညွှတ်ကောင်း ညီညွှတ်မယ်လို့ ကျနော် စဉ်းစားမိပါတယ်။ ဒါပေမဲ့ CDM လုပ်တယ်လူတွေကို ဖမ်းတယ်လို့လည်း ကြားရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ တကယ့်ကို အနိုင်ကျင့်သလို ဖြစ်သွားပြီ။ လူတွေကို ကိုယ့်ဘာသာကိုယ် ဆန္ဒပြပြီးတော့ နေတာဟာကို ကိုယ့်အိမ်ထဲကိုယ် မနေရဲတော့ဘဲ၊ အားလုံးထွက်ပြေးနေရတယ်။ အဲဒီအထဲမှာ ကျနော်တို့လည်းပါတယ်။ ထွက်ပြေးနေရတဲ့အခါကြတော့ လူတွေကတော့ ဒါက မတရားဘူး၊ ခင်များပြောသလိုပဲ လှုံဆော်တဲ့လူတွေကို ဖမ်းဆီးတယ်ဆိုတာ တမျိုးလေ။ ဘာမှလဲ မလုပ်ဘဲနဲ့ CDM လုပ်ပြီးတော့ မသွားဘဲနေတာကို ၅၀၅ နဲ့ ဖမ်းပြီးတော့။ နောက်တခုက CDM လုပ်တဲ့လူတွေကို ပြန်ဝင်လို့ရှိရင် လက်ခံမယ်၊ ၅၀၅ တွေလည်း ဖြုတ်ပေးမယ်ဆိုပြီးတော့ တဘက်ကလဲ တချို့ဌာနတွေက အဲဒီလိုတွေ လုပ်နေတယ်။

မေး ။ ။ အဲဒီလို CDM လုပ်ပြီး ပြန်ဝင်တဲ့ ဝန်ထမ်းတွေကို ပြစ်ဒဏ်တွေ လျှော့ပေးမယ်ဆိုပြီးတော့ ပြောနေတော့၊ အခုအခါမှာ ဝန်ထမ်းတွေ ဘယ်လောက်အထိများ အလုပ်ပြန်ဝင်ပြီးတော့ သူတို့လုပ်ငန်းတွေ ကောင်းကောင်းလည်ပတ်နေပြီလို့ ပြောနိုင်ပါသလဲ။

ဖြေ ။ ။ အဲဒါကလဲ အမျိုးမျိုးပဲ။ တကယ့်လက်တွေ့မှာ သူတို့က နှုတ်ပြောလောက်ပဲ ဖြစ်ပြီးတော့၊ အဲဒီလို ဝင်လုပ်နေတဲ့ လူတွေလည်း ရှိတယ်။ လာတော့မှ ဆီဖမ်းပြီးတော့ ၅၀၅ ဖွင့်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် အခု စစ်အစိုးရရဲ့ ပြောဆိုချက်တွေက တနေရာ တဗိုလ်တမင်း၊ တနေရာမှာ ဝန်ကြီးဌာနက တမျိုးနဲ့ အဲဒီလိုတွေ လုပ်နေတာတွေ ရှိတယ်။ အဲဒါက မူသေမဟုတ်သေးဘူး။ အမျိုးမျိုး စမ်းသပ်နေတာပဲ ရှိတယ်။

မေး ။ ။ အဲဒီတော့ ရုံးဝန်ထမ်းတွေအပြင် CDM လုပ်နေတဲ့အထဲမှာ အရေးကြီးဆုံးကတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေလို့ ထင်ပါတယ်။ နောက် ဘဏ်ဝန်ထမ်းတွေ။ စီးပွားရေးလုပ်ငန်းတွေအတွက်။ အဲဒီ ပညာရေး၊ ကျန်းမာရေးဘက်မှာ ဝန်ထမ်းတွေ အပြည့်အဝ အလုပ်ပြန်မဆင်းကြသေးသမျှ ဒီအခြေအနေက ဘယ်လိုနေပါသလဲ။ အတော်လေးကို ကျဆင်းဆုတ်ယုတ်သွားမယ့် အခြေအနေ ရှိလား။

ဖြေ ။ ။ အဲဒါကတော့ အသေအချာပေါ့။ ကျန်းမာရေးဘက်မှာဆိုလဲ အခု တရားဝင် တရားစွဲထားတာ သူတို့ကြေညာတာပင် ဆရာဝန် သုံးရာကျော်သွားပြီ။ တရားဝင်ကြေညာတာ၊ တခြားဟာတွေက တပြည်လုံးပဲ။ ဆေးရုံးအုပ်တွေ၊ ကျောင်းအုပ်တွေ၊ အဲဒီလို လူအကြီးတွေကအစပါတာ။ အငယ်တွေကတော့ အကုန်ပေါ့။ အဲဒါတွေကြောင့်မို့ ဗမာပြည်က ငြိမ်သွားပြီဆိုတာတို့၊ ဒါကတော့ အေးချမ်းပုံမှန် ဖြစ်သွားပြီဆိုတာ လုံးဝမဟုတ်ဘူး။ CDM ကတော့ ဆက်လက်အားကောင်းနေဆဲပဲ။ ဆက်လက်တိုက်ပွဲဝင်နေဆဲလို့ ကျနော်တို့ကတော့ မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဦးကြီးမြင့်ကတော့ သူတို့က (၅) နှစ်လောက် အာဏာယူလိမ့်မယ်လို့ ခန့်မှန်းတယ်။ အခုလောလောဆယ်မှာ အဲဒီအခြေအနေကို ထိန်းနိုင်ပြီလား။ သူတို့မှာ (၅) နှစ်တာ ဆက်လက်အုပ်ချုပ်သွားနိုင်တဲ့ အခြေအနေမျိုး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားမှု၊ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်အောင် လုပ်နိုင်ပြီလား။ လုပ်နိုင်မယ့် အလားအလာကော တွေ့ရပြီလား။ (၅) နှစ်လုံး ဒီလိုပဲ သွားနေမလား။ ဦးကြီးမြင့် ဘယ်လိုခန့်မှန်းပါလဲ။

ဖြေ ။ ။ (၅) နှစ်မပြောနဲ့ (၅) လ ဖြစ်ဖို့တောင် တော်တော်ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့ အတွေ့အကြုံပေါင်း မြောက်မြားစွာရယ်၊ စစ်တပ်ရဲ့အကျင့်ရယ်။ ခေတ်ပေါင်းများစွာ ခေတ်အဆက်ဆက် ကတိမတည်တာတွေကို ပေါင်းစပ်ပြီးတော့ အနည်းဆုံး (၅) နှစ်အထက် အုပ်ချုပ်ဖို့ ပြင်ဆင်နေတယ်။ ဥပဒေတွေလည်း ပြင်နေတယ်။ အဲဒီလို အတိအကျ ပြောပါတယ်။ ပြောနိုင်တယ်။

XS
SM
MD
LG