သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ဒရယ္ ျပည္ေထာင္စု ေပၚထြန္းေရး အလားအလာ


Soldiers from the Kachin Independence Army (KIA) stand on a road as they provide security in Laiza, a border town of China and Myanmar, Kachin State, Myanmar, Monday, Oct. 28, 2013. From 1961 until 1994, the KIA fought a grueling and inconclusive war against the Burmese junta fo
ဖယ္ဒရယ္ ျပည္ေထာင္စု ေပၚထြန္းေရး အလားအလာ
please wait

No media source currently available

0:00 0:10:51 0:00
တိုက္႐ိုက္ လင့္ခ္

အခု ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ တိုက္ဖ်က္ေရးနဲ႔အတူ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိုပါ CRPH (ေခၚ) ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မီတီက ေႂကြးေၾကာ္ေနပါတယ္။ လက္ေတြ႔ျဖစ္လာႏိုင္ေျခ ဘယ္ေလာက္ရွိပါသလဲ၊ ျမန္မာ့ႏိုင္ငံေရး သုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ျမန္မာႏိုင္ငံမွာ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရး၊ ဖယ္ဒရယ္တပ္မေတာ္ ဖြဲ႔စည္းေရးဆိုတဲ့ CRPH ရဲ ႔ ေၾကြးေၾကာ္သံကို တိုင္းရင္းသားေတြ၊ အထူးသျဖင့္ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြက လိႈက္လိႈက္လွဲလွဲ ယံုၾကည္သက္ဝင္ၾကလိမ့္မယ္လိုိ႔ ယူဆပါလားခင္မ်ား။

ေျဖ ။ ။ က်ေနာ္တုိ႔ႏုိင္ငံမွာ အေရးႀကီးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ၊ တုိင္းရင္းသားႏုိင္ငံေရးပါတီေတြ အဲဒါကို စည္းရံုးဖို႔အတြက္ CRPH က အမ်ဳိးသားညီညႊတ္ေရးအစိုးရ ပံုသ႑ာန္ သြားမယ္လို႔ ေျပာထားတာလည္း ရိွတယ္။ အစိုးရတရပ္ဆိုတာ တပ္မရိွဘဲနဲ႔ သူ႔အာဏာဟာ မတည္ၿမဲႏိုင္ဘူး။ သူ႔အာဏာကို မထိန္းသိမ္းႏိုင္ဘူး။ အဲဒီလို အယူအဆေတြေအာက္မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြကို သူ႔ဘက္ပါေအာင္ စည္းရံုးလိုက္တဲ့ ေၾကြးေၾကာ္သံပဲလို႔ သံုးသပ္လို႔ရပါတယ္။

ေမး ။ ။ ဖယ္ဒရယ္တပ္မေတာ္ ဖြဲ႔စည္းေရး၊ အမ်ဳိးသားညီညႊတ္ေရးအစိုးရ ဖြဲ႔စည္းေရးဆိုတဲ့ေနရာမွာ ဖယ္ဒရယ္တပ္မေတာ္ ဖြဲ႔စည္းေရးဆုိတာထက္ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ေရးဆိုတဲ့ဟာက ႏိုင္ငံေရးအားျဖင့္ Political Unity ပိုၿပီးေတာ့ ရရိွေစမယ့္ကိစၥလို႔ဆိုရင္ မွားမလား။ ဖယ္ဒရယ္တပ္မေတာ္က တကယ္လက္ေတြ႔က်ၿပီး ထိေရာက္ႏိုင္တဲ့ကိစၥ ေလာေလာဆယ္ ျဖစ္လာႏိုင္ပါ့မလား။ အဲဒါလဲ ေမးစရာရိွမယ္ ထင္ပါတယ္။

ေျဖ ။ ။ လက္ေတြ႔မွာ အဲဒီဟာေတြက ေအာင္ျမင္လာႏိုင္မလား၊ မေအာင္ျမင္ႏိုင္ဘူးလား ဆုိတာကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြက အဓိက NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါဝင္တဲ့ CRPH နဲ႔ အခု ဦးေဆာင္ေနၾကတဲ့ ပုဂၢိဳလ္ေတြအေပၚမွာ ဘယ္ေလာက္ အယံုအၾကည္ရိွသလဲ။ ဒီဟာေတြကို သူတုိ႔ ဘယ္လို အေကာင္အထည္ ေဖာ္ႏုိင္ပါ့မလား ဆိုတဲ့ဟာေပၚမွာေတာ့ အမ်ားႀကီးတည္လိမ့္မယ္။ ေနာက္တခုက အဲဒီသက္ဆိုင္ရာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ ႔ တဖြဲ႔ခ်င္းရဲ ႔ အေျခအေနကလဲ အမ်ားႀကီး စကားေျပာလိမ့္မယ္ထင္တယ္။

ေမး ။ ။ ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ စတင္လာတဲ့ကာလအတြင္းမွာ ဦးသိန္းစိန္ ဦးေဆာင္တဲ့အစိုးရ။ ေနာက္ ဒုတိယ အမ်ဳိးသားဒီမိုကေရစီ ဦးေဆာင္တဲ့ အစိုးရဆုိၿပီးေတာ့ ဆယ္ႏွစ္ လြန္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒီ ဆယ္ႏွစ္တာအတြင္းမွာ ဖြဲ႔စည္းပံုကို ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းပံုမ်ဳိးျဖစ္ေအာင္ အဲဒါနဲ႔ နီးစပ္ေအာင္ ႀကိဳးပမ္းခဲ့ၾကတာဟာ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ မေအာင္ျမင္ခဲ့ပါဘူး။ ဆုိေတာ့ ဒီတႀကိမ္မွာေကာ ေအာင္ျမင္လာႏိုင္မယ့္ အလားအလာ ရိွပါသလား။

ေျဖ ။ ။ အခုအခါမွာေတာ့ သူတုိ႔က စဥ္းစားစရာရိွတာက ဒီလုိေျပာလိုက္တဲ့ CRPH က ေျပာလိုက္တဲ့ကိစၥဟာ အဓိကေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္တို႔ရဲ ႔ သေဘာထားပါရဲ ႔လား။ ဦးဝင္းျမင့္၊ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ ဒီပုဂၢိဳလ္ေတြက အခုအခ်ိန္မွာ အခ်ဳပ္အေႏွာင္းခံေနရေတာ့ လြတ္လြတ္လပ္လပ္ မရိွေတာ့၊ ေသခ်ာတယ္ သူတုိ႔သေဘာထားေတာ့ ပါမွာမဟုတ္ဘူး။ အဲဒီလိုဆိုရင္ ဒီေၾကညာခ်က္၊ ဒီထုတ္ျပန္ခ်က္ဟာ ဘယ္ေလာက္အာမခံခ်က္ ရိွမွာလဲ။ တကယ့္လို႔ ဒီေခါင္းေဆာင္ေတြ လြတ္လာလို႔ရိွရင္ ဒီထုတ္ျပန္ခ်က္၊ သေဘာထားက ေျပာင္းသြားႏိုင္သလားဆိုတာ တခ်က္ေပါ့။ ေနာက္တခ်က္က အခု ေၾကညာလိုက္တဲ့အခါမွာ ၂၀၀၈ အေျခခံဥပေဒကိုလည္း ဖ်က္သိမ္းလိုက္ပါၿပီဆိုၿပီး ေၾကညာလိုက္တာ ရိွတယ္။ အဲဒီလို ေၾကညာသြားလို႔ရိွရင္ အသစ္ေရးရေတာ့မယ္။ အသစ္ေရးရေတာ့မယ္ဆိုေတာ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြကလဲ ေရးထားတဲ့ ဖယ္ဒရယ္အေျခခံဥပေဒတခု ရိွတယ္။ အဲဒါႀကီးကိုလဲ ခ်က္ခ်င္းအတည္ျပဳဖို႔က မျဖစ္ႏုိင္ေသးတဲ့အခါၾကေတာ့ အဲဒီအေျခခံေပၚမွာ ဒါကိုေဆြးေႏြးမယ္ဆိုတဲ့ လမ္းဖြင့္ေပးထားတဲ့သေဘာေတာ့ ရိွတာေပါ့။

ေမး ။ ။ NLD ရဲ ႔ ေခါင္းေဆာင္ေတြရဲ ႔ သေဘာထား ပါရဲ ႔လား၊ ဘာညာကို စဥ္းစားစရာရိွမယ္လို႔ဆိုေတာ့ အဲဒီေခါင္းေဆာင္ပိုင္း အေျပာင္းအလဲကိုလဲ တခ်ဳိ ႔က ေမွ်ာ္မွန္းၿပီးေတာ့ ေျပာၾကတယ္။ အခုျဖစ္လာတဲ့ကိစၥမွာက လူငယ္ေတြ၊ မ်ဳိးဆက္သစ္လူငယ္ေတြက အမ်ားႀကီးတက္ၾကြတယ္။ ေရွ ႔တန္းကေန ပါဝင္ၾကတယ္ဆိုေတာ့ ဒီလူငယ္ေတြရဲ ႔ သေဘာထားကေရာ အဲဒီေခါင္းေဆာင္ေတြရဲ ႔ သေဘာထားနဲ႔ ထပ္တူထပ္မွ်က်ေတာ့မလား။ သူတုိ႔ေတြရဲ ႔ စိတ္ထဲမွာ ဖယ္ဒရယ္ျပည္ေထာင္စုဆိုတဲ့ သေဘာထား။ တုိင္းရင္းသားေတြအားလံုး တန္းတူျဖစ္ရမယ္။ လူတိုင္းလူတိုင္း တုိင္းရင္းသားမကဘူး၊ ဘာသာျခား၊ လူမ်ဳိးမျခား တန္းတူျဖစ္ရမယ္ဆိုတဲ့ အယူအဆ ပိုၿပီးေတာ့ရိွမယ့္ မ်ဳိးဆက္ေတြ ေပၚထြန္းလာၿပီ၊ ေခါင္းေဆာင္မႈလဲ အဲဒီမ်ဳိးဆက္ဘက္ကို ေျပာင္းသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ႏိုင္စရာအေၾကာင္း ရိွပါသလား။

ေျဖ ။ ။ အဲဒီလိုကေတာ့ ေမွ်ာ္လင့္ႏုိင္ပါတယ္။ အခုလို ျပႆနာ ႀကီးႀကီးမားမား ျဖစ္ေနတဲ့အခါၾကေတာ့ အထူးသျဖင့္ေတာ့ ၿမိဳ ႔ေနလူတန္းစား၊ ၿမိဳ ႔ေနဗမာ - လူမ်ဳိးအရေျပာမယ္ဆိုရင္ ဗမာအမ်ားစုက ဖယ္ဒရယ္ဆုိတာကို ပိုၿပီးေတာ့ စိတ္ဝင္စားလား။ ပိုၿပီးေတာ့ တိုင္းရင္းသားေတြရဲ ႔ ခံစားခ်က္ကို ပိုၿပီးေတာ့ သေဘာေပါက္လား။ ပိုၿပီးေတာ့ စာနာနားလည္လာတယ္လို႔ က်ေနာ္က အဲဒီလိုေတာ့ ယူဆပါတယ္။ ဒါေၾကာင့္မို႔ အရင္တုန္းက ဖယ္ဒရယ္ ဆိုတာကို သိပ္စိတ္မဝင္စားဘူး။ မလိုပါဘူးလို႔ ထင္ခဲ့တဲ့ လူငယ္ေတြကလဲ ဖယ္ဒရယ္ဆိုတာကို စိတ္ဝင္စားလာတယ္။ ဒို႔တုိင္းရင္းသားေတြအားလံုး စည္းလံုးညီညႊတ္မွ၊ တန္းတူအခြင့္အေရးရိွမွဆိုတဲ့ အျမင္အယူအဆေတြ အားေကာင္းလာတာေတာ့ အမွန္ပဲ။ သို႔ေသာ္လဲ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြအေနနဲ႔ၾကေတာ့ ဒီလူငယ္ေတြရဲ ႔ အျမင္ေတြ။ CRPH တို႔က ေျပာဆိုတင္ျပထားတဲ့ ကိစၥေတြက အာမခံခ်က္ရိွဖို႔ဆိုတာက သူတုိ႔လႈပ္ရွားေနတဲ့ အေရးေတာ္ပံုက ေအာင္ျမင္ဖို႔လိုတယ္။ ေအာင္ျမင္တယ္ဆိုရင္ေတာ့ သူတို႔နဲ႔ ဆက္ၿပီးေတာ့ စကားေျပာမယ္။ သူတုိ႔ေၾကညာထားတဲ့ ကတိကဝတ္ေတြနဲ႔အညီ ဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္မယ္ဆိုရင္ေတာ့ ဒါကေမွ်ာ္လင့္ခ်က္ ရိွတာေပါ့။

တကယ္လို႔ အဲဒီလိုမဟုတ္ဘဲနဲ႔ အေရးေတာ္ပံုက က်ရွံဳးသြားမယ္ဆိုိရင္ တိုင္းရင္းသားအဖြဲ႔အစည္းေတြ လိုခ်င္ေနတဲ့ ဖယ္ဒရယ္စနစ္ကလဲ တခါလမ္းလႊဲကို လိုက္သြားမိသလို - မဟာမိတ္ဖြဲ႔တာ မဟာမိတ္ပူးေပါင္းမႈပါ မွားသြားတယ္ဆိုတာလဲ ျဖစ္သြားႏိုင္တာေပါ့။ ဒါကိုလဲ စဥ္းစားၾကလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ CRPH ဦးေဆာင္တဲ့ အေရးေတာ္ပံု ေအာင္ျမင္ဖို႔ဆိုိတာလဲ တုိင္းရင္းသားေတြရဲ ႔ ယံုၾကည္မႈ၊ ပူးေပါင္းပါဝင္မႈကလဲ အဓိကေနရာက ရိွေနမယ္လို႔ ထင္ပါတယ္။ ႏွစ္ခုက အျပန္အလွန္ ျဖစ္ေနတယ္။ အဲဒီလို ညီညႊတ္မႈကိုေရာ ရႏိုင္မယ့္သေဘာ ေတြ႔ရပါသလား။

ေျဖ ။ ။ မွန္ပါတယ္။ အဲဒါေတာ့ ေသခ်ာတာေပါ့။ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းအသီးသီးက အခုန စိတ္ကူးထားသလို ဖယ္ဒရယ္တပ္မေတာ္ဆုိတဲ့ဟာမ်ဳိး ဖြဲ႔စည္းၿပီး ညီညီညႊတ္ညႊတ္နဲ႔ အဲဒီလို တိုက္ႏုိင္တယ္ဆိုရင္ေတာ့ ဒါက ေမွ်ာ္လင့္ထားတဲ့အတုိင္း ျဖစ္လာႏုိင္တာေပါ့။ သို႔ေသာ္လဲ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြမွာလဲ တဖြဲ႔နဲ႔တဖြဲ႔က သူတုိ႔ရဲ ႔ ပကတိအေျခအေနအရ အခု CRPH ရဲ ႔ ေတာ္လွန္ပုန္ကန္ေနတဲ့ေပၚမွာ ရပ္တည္ခ်က္က မတူဘူး ျဖစ္ေနတယ္။ ဥပမာ UWSA ဝအဖြဲ႔မ်ဳိးဆိုရင္ ဒီကိစၥက သူတုိ႔အခ်င္းခ်င္း အာဏာသိမ္းတဲ့ကိစၥ။ သူတုိ႔နဲ႔ ဘာမွမဆိုင္ဘူးဆိုၿပီး အဲဒီလို ေျဗာင္းေျပာတာမ်ဳိး ရိွသလို။ AA ဆိုရင္လဲ သူတုိ႔ရဲ ႔ Agenda သူတုိ႔တပ္မေတာ္ရဲ ႔ Agenda က သက္သက္ရိွတယ္။ ဒါေၾကာင့္မို႔ CDM တို႔ ဘာတို႔နဲ႔ လုပ္ဖို႔မလိုဘူးဆုိတဲ့ဟာမ်ဳိး။

ဆုိေတာ့ က်ေနာ္တို႔ ဒါနဲ႔ပတ္သက္လို႔ UWSA က ဗကပကို ပုန္္ကန္ခဲ့တုန္းက အေျခအေနတရပ္ကို နည္းနည္းေလး ေျပာျပခ်င္တယ္။ အဲဒီတုန္းက သူတုိ႔ပုန္ကန္ခဲ့တဲ့ ကိစၥထဲမွာ ဝတပ္မွဴးတပ္သားေတြရဲ ႔ ခံစားခ်က္ထဲမွာ ဘာအေရးႀကီးတဲ့အခ်က္ တခုပါသလဲဆိုရင္ “ငါတို႔ေနတဲ့ ဝျပည္နယ္၊ ဝေဒသက လြတ္ေျမာက္ေနၿပီပဲ။ ဘယ္ရန္သူ႔တပ္မွလဲ မရိွေတာ့ဘူး။ ငါတုိ႔က ဘာျဖစ္လို႔ တျပည္လံုး လြတ္ေျမာက္ေရးဆိုၿပီး ဆက္ၿပီးေတာ့ အေသခံေနဖို႔ လိုေသးသလား။” ဆိုတဲ့ဟာက သူတို႔မွာ အဲဒီကတည္းက အဲဒီအေျခခံစိတ္ဓါတ္ ရိွတယ္။

ေမး ။ ။ က်ေနာ္ တခုစဥ္းစားတာက တုိင္းရင္းသားေတြထဲမွာ ျပည္ေထာင္စုနဲ႔ ရင္းႏီွးမႈ အလွမ္းအေဝးဆံုး လူမ်ဳိးဟာ ‘ဝ’ လို႔ ဆိုခ်င္ပါတယ္။ ျမန္မာႏိုင္ငံ ေခတ္သစ္ႏုိင္ငံေရး တိုးတက္မႈမွာ ဝေတြ ပါဝင္ခဲ့တဲ့ အခန္းက႑က အင္မတန္နည္းပါးပါတယ္။ ဗကပေတြ အဲဒီမွာ ေျခကုပ္ယူခဲ့တဲ့ အခ်ိန္မွ ေပၚေပၚထင္ထင္ ေတြ႔လာရတာပါ။ ယုတ္စြအဆံုး ေျပာရရင္ ျပည္ေထာင္စုသားေတြလဲ ဝအေၾကာင္းကို သိပ္ေတာင္မသိၾကဘူးဆိုေတာ့ ဝေတြရဲ ႔ အခန္းက႑က စစ္အင္အားထက္လႊဲရင္ ႏုိင္ငံေရး Unity မွာ ဝေတြက ဒီေလာက္အေရးပါလို႔လား။

ေျဖ ။ ။ သူတုိ႔ဝနယ္ကေတာ့ ျမန္မာျပည္ႏိုင္ငံေရးနဲ႔ေတာ့ နည္းနည္းကင္းကြာတယ္။ ဒါေၾကာင့္မို႔ ဒီမွာျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြနဲ႔ ပတ္သက္လို႔လဲ ခံစားခ်က္ကေတာ့ တျခားတုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ေတာ့ မတူတာ အမွန္ပဲ။ သို႔ေသာ္လဲ ကေန႔အေျခအေနမွာ အင္အားအႀကီးဆံုး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္း ျဖစ္ေနတယ္။ ၁၉၈၉ ဗကပ ၿပိဳကြဲၿပီးကတည္းက တပ္မေတာ္နဲ႔ၾကားမွာ လက္နက္ကိုင္တိုက္ပြဲေတြ မျဖစ္ခဲ့တာကလဲ တပ္မေတာ္အတြက္လဲ သက္သာရာ ရေနတဲ့ အေနအထားတရပ္လို႔ ေျပာလို႔ရတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးအေနနဲ႔ ဒီမွာ သံုးသပ္ခ်င္တာက ဖယ္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရးကိစၥနဲ႔ ပတ္သက္တာကေတာ့ ေက်ာင္းသားေတြ ၈၈ ျဖစ္ၿပီးေတာ့ ေတာထဲကို ေရာက္လာတဲ့အခါမွာ ဒီလူငယ္ေတြဟာ ျပည္မထဲက ဖယ္ဒရယ္ဆိုတာကို ပထမဦးဆံုး နားလည္သေဘာေပါက္ၿပီးေတာ့ အမွန္တကယ္ ယံုၾကည္လာတာ ဒီလူငယ္ေတြက ပထမမ်ဳိးဆက္ ျဖစ္တယ္လို႔ ဗဒိုးမန္းရွာက ေျပာတယ္။ အခုျဖစ္လာတဲ့ အေရးေတာ္ပံုမွာ လူငယ္ေတြရဲ ႔ ေၾကြးေၾကာ္လာတဲ့ ကိစၥဟာ ဖယ္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရးဆိုတဲ့ ႏိုင္ငံေရးခံယူခ်က္ရဲ ႔ ဒုတိယလိႈင္းတံပိုးႀကီး တခုလို႔ေျပာရင္ မွားမလား။

ေျဖ ။ ။ မွန္ပါတယ္။ ဒီဟာကေတာ့ ႏုိင္ငံေရးအရ ေတာ့္ေတာ္ကို ခရီးေရာက္တဲ့ လႈပ္ရွားမႈတခုလို႔ ေျပာႏိုင္တယ္။ တုိင္းရင္းသားေတြရဲ ႔ အေရးကိစၥ။ တုိင္းရင္းသားေတြရဲ ႔ တိုက္ပြဲေတြၾကားမွာ ဖိႏိွပ္ပစ္သတ္ခံရတဲ့ ကိစၥ။ ဒုကၡသုကၡေရာက္ခဲ့တဲ့ ႏွစ္ေပါင္း (၇၀) ျပည္တြင္းစစ္ႀကီးရဲ ႔ ဒဏ္ကို ဗမာေတြအမ်ားစုေနတဲ့ ေဒသက လူငယ္ေတြက အခုဆို ေကာင္းေကာင္းနားလည္ခံစားလာႏုိင္တဲ့ ကာလလို႔ ေျပာလို႔ရတယ္။ ဒါနဲ႔ တဆက္တည္းပဲ ဘာေၾကာင့္ စစ္ပြဲေတြ ျဖစ္ေနသလဲဆိုတဲ့ ဖယ္ဒရယ္အခြင့္အေရး၊ ဖယ္ဒရယ္စနစ္ အုပ္ခ်ဳပ္ေရး မရလို႔ပဲဆိုၿပီး ပိုၿပီးေတာ့ သေဘာေပါက္လာတယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္။


==Unicode==

အခု မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့အတူ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ CRPH (ခေါ်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီက ကြွေးကြော်နေပါတယ်။ လက်တွေ့ဖြစ်လာနိုင်ခြေ ဘယ်လောက်ရှိပါသလဲ၊ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတဲ့ CRPH ရဲ့ ကြွေးကြော်သံကို တိုင်းရင်းသားတွေ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက လှိုက်လှိုက်လှဲလှဲ ယုံကြည်သက်ဝင်ကြလိမ့်မယ်လို့ ယူဆပါလားခင်များ။

ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာ အရေးကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အဲဒါကို စည်းရုံးဖို့အတွက် CRPH က အမျိုးသားညီညွှတ်ရေးအစိုးရ ပုံသဏ္ဍာန် သွားမယ်လို့ ပြောထားတာလည်း ရှိတယ်။ အစိုးရတရပ်ဆိုတာ တပ်မရှိဘဲနဲ့ သူ့အာဏာဟာ မတည်မြဲနိုင်ဘူး။ သူ့အာဏာကို မထိန်းသိမ်းနိုင်ဘူး။ အဲဒီလို အယူအဆတွေအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သူ့ဘက်ပါအောင် စည်းရုံးလိုက်တဲ့ ကြွေးကြော်သံပဲလို့ သုံးသပ်လို့ရပါတယ်။

မေး ။ ။ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေး၊ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းရေးဆိုတဲ့နေရာမှာ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတာထက် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ဟာက နိုင်ငံရေးအားဖြင့် Political Unity ပိုပြီးတော့ ရရှိစေမယ့်ကိစ္စလို့ဆိုရင် မှားမလား။ ဖယ်ဒရယ်တပ်မတော်က တကယ်လက်တွေ့ကျပြီး ထိရောက်နိုင်တဲ့ကိစ္စ လောလောဆယ် ဖြစ်လာနိုင်ပါ့မလား။ အဲဒါလဲ မေးစရာရှိမယ် ထင်ပါတယ်။

ဖြေ ။ ။ လက်တွေ့မှာ အဲဒီဟာတွေက အောင်မြင်လာနိုင်မလား၊ မအောင်မြင်နိုင်ဘူးလား ဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အဓိက NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ CRPH နဲ့ အခု ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဘယ်လောက် အယုံအကြည်ရှိသလဲ။ ဒီဟာတွေကို သူတို့ ဘယ်လို အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတဲ့ဟာပေါ်မှာတော့ အများကြီးတည်လိမ့်မယ်။ နောက်တခုက အဲဒီသက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တဖွဲ့ချင်းရဲ့ အခြေအနေကလဲ အများကြီး စကားပြောလိမ့်မယ်ထင်တယ်။

မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စတင်လာတဲ့ကာလအတွင်းမှာ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ။ နောက် ဒုတိယ အမျိုးသားဒီမိုကရေစီ ဦးဆောင်တဲ့ အစိုးရဆိုပြီးတော့ ဆယ်နှစ် လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ ဆယ်နှစ်တာအတွင်းမှာ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမျိုးဖြစ်အောင် အဲဒါနဲ့ နီးစပ်အောင် ကြိုးပမ်းခဲ့ကြတာဟာ အကြောင်းအမျိုးမျိုးနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဆိုတော့ ဒီတကြိမ်မှာကော အောင်မြင်လာနိုင်မယ့် အလားအလာ ရှိပါသလား။

ဖြေ ။ ။ အခုအခါမှာတော့ သူတို့က စဉ်းစားစရာရှိတာက ဒီလိုပြောလိုက်တဲ့ CRPH က ပြောလိုက်တဲ့ကိစ္စဟာ အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ရဲ့ သဘောထားပါရဲ့လား။ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ဒီပုဂ္ဂိုလ်တွေက အခုအချိန်မှာ အချုပ်အနှောင်းခံနေရတော့ လွတ်လွတ်လပ်လပ် မရှိတော့၊ သေချာတယ် သူတို့သဘောထားတော့ ပါမှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် ဒီကြေညာချက်၊ ဒီထုတ်ပြန်ချက်ဟာ ဘယ်လောက်အာမခံချက် ရှိမှာလဲ။ တကယ့်လို့ ဒီခေါင်းဆောင်တွေ လွတ်လာလို့ရှိရင် ဒီထုတ်ပြန်ချက်၊ သဘောထားက ပြောင်းသွားနိုင်သလားဆိုတာ တချက်ပေါ့။ နောက်တချက်က အခု ကြေညာလိုက်တဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပါပြီဆိုပြီး ကြေညာလိုက်တာ ရှိတယ်။ အဲဒီလို ကြေညာသွားလို့ရှိရင် အသစ်ရေးရတော့မယ်။ အသစ်ရေးရတော့မယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ ရေးထားတဲ့ ဖယ်ဒရယ်အခြေခံဥပဒေတခု ရှိတယ်။ အဲဒါကြီးကိုလဲ ချက်ချင်းအတည်ပြုဖို့က မဖြစ်နိုင်သေးတဲ့အခါကြတော့ အဲဒီအခြေခံပေါ်မှာ ဒါကိုဆွေးနွေးမယ်ဆိုတဲ့ လမ်းဖွင့်ပေးထားတဲ့သဘောတော့ ရှိတာပေါ့။

မေး ။ ။ NLD ရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထား ပါရဲ့လား၊ ဘာညာကို စဉ်းစားစရာရှိမယ်လို့ဆိုတော့ အဲဒီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလဲ တချို့က မျှော်မှန်းပြီးတော့ ပြောကြတယ်။ အခုဖြစ်လာတဲ့ကိစ္စမှာက လူငယ်တွေ၊ မျိုးဆက်သစ်လူငယ်တွေက အများကြီးတက်ကြွတယ်။ ရှေ့တန်းကနေ ပါဝင်ကြတယ်ဆိုတော့ ဒီလူငယ်တွေရဲ့ သဘောထားကရော အဲဒီခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှကျတော့မလား။ သူတို့တွေရဲ့ စိတ်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ သဘောထား။ တိုင်းရင်းသားတွေအားလုံး တန်းတူဖြစ်ရမယ်။ လူတိုင်းလူတိုင်း တိုင်းရင်းသားမကဘူး၊ ဘာသာခြား၊ လူမျိုးမခြား တန်းတူဖြစ်ရမယ်ဆိုတဲ့ အယူအဆ ပိုပြီးတော့ရှိမယ့် မျိုးဆက်တွေ ပေါ်ထွန်းလာပြီ၊ ခေါင်းဆောင်မှုလဲ အဲဒီမျိုးဆက်ဘက်ကို ပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်နိုင်စရာအကြောင်း ရှိပါသလား။

ဖြေ ။ ။ အဲဒီလိုကတော့ မျှော်လင့်နိုင်ပါတယ်။ အခုလို ပြဿနာ ကြီးကြီးမားမား ဖြစ်နေတဲ့အခါကြတော့ အထူးသဖြင့်တော့ မြို့နေလူတန်းစား၊ မြို့နေဗမာ - လူမျိုးအရပြောမယ်ဆိုရင် ဗမာအများစုက ဖယ်ဒရယ်ဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားလား။ ပိုပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ပိုပြီးတော့ သဘောပေါက်လား။ ပိုပြီးတော့ စာနာနားလည်လာတယ်လို့ ကျနော်က အဲဒီလိုတော့ ယူဆပါတယ်။ ဒါကြောင့်မို့ အရင်တုန်းက ဖယ်ဒရယ် ဆိုတာကို သိပ်စိတ်မဝင်စားဘူး။ မလိုပါဘူးလို့ ထင်ခဲ့တဲ့ လူငယ်တွေကလဲ ဖယ်ဒရယ်ဆိုတာကို စိတ်ဝင်စားလာတယ်။ ဒို့တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွှတ်မှ၊ တန်းတူအခွင့်အရေးရှိမှဆိုတဲ့ အမြင်အယူအဆတွေ အားကောင်းလာတာတော့ အမှန်ပဲ။ သို့သော်လဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ကြတော့ ဒီလူငယ်တွေရဲ့ အမြင်တွေ။ CRPH တို့က ပြောဆိုတင်ပြထားတဲ့ ကိစ္စတွေက အာမခံချက်ရှိဖို့ဆိုတာက သူတို့လှုပ်ရှားနေတဲ့ အရေးတော်ပုံက အောင်မြင်ဖို့လိုတယ်။ အောင်မြင်တယ်ဆိုရင်တော့ သူတို့နဲ့ ဆက်ပြီးတော့ စကားပြောမယ်။ သူတို့ကြေညာထားတဲ့ ကတိကဝတ်တွေနဲ့အညီ ဆက်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဒါကမျှော်လင့်ချက် ရှိတာပေါ့။

တကယ်လို့ အဲဒီလိုမဟုတ်ဘဲနဲ့ အရေးတော်ပုံက ကျရှုံးသွားမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ လိုချင်နေတဲ့ ဖယ်ဒရယ်စနစ်ကလဲ တခါလမ်းလွှဲကို လိုက်သွားမိသလို - မဟာမိတ်ဖွဲ့တာ မဟာမိတ်ပူးပေါင်းမှုပါ မှားသွားတယ်ဆိုတာလဲ ဖြစ်သွားနိုင်တာပေါ့။ ဒါကိုလဲ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ CRPH ဦးဆောင်တဲ့ အရေးတော်ပုံ အောင်မြင်ဖို့ဆိုတာလဲ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုကလဲ အဓိကနေရာက ရှိနေမယ်လို့ ထင်ပါတယ်။ နှစ်ခုက အပြန်အလှန် ဖြစ်နေတယ်။ အဲဒီလို ညီညွှတ်မှုကိုရော ရနိုင်မယ့်သဘော တွေ့ရပါသလား။

ဖြေ ။ ။ မှန်ပါတယ်။ အဲဒါတော့ သေချာတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက အခုန စိတ်ကူးထားသလို ဖယ်ဒရယ်တပ်မတော်ဆိုတဲ့ဟာမျိုး ဖွဲ့စည်းပြီး ညီညီညွှတ်ညွှတ်နဲ့ အဲဒီလို တိုက်နိုင်တယ်ဆိုရင်တော့ ဒါက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင်တာပေါ့။ သို့သော်လဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာလဲ တဖွဲ့နဲ့တဖွဲ့က သူတို့ရဲ့ ပကတိအခြေအနေအရ အခု CRPH ရဲ့ တော်လှန်ပုန်ကန်နေတဲ့ပေါ်မှာ ရပ်တည်ချက်က မတူဘူး ဖြစ်နေတယ်။ ဥပမာ UWSA ဝအဖွဲ့မျိုးဆိုရင် ဒီကိစ္စက သူတို့အချင်းချင်း အာဏာသိမ်းတဲ့ကိစ္စ။ သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုပြီး အဲဒီလို ဗြောင်းပြောတာမျိုး ရှိသလို။ AA ဆိုရင်လဲ သူတို့ရဲ့ Agenda သူတို့တပ်မတော်ရဲ့ Agenda က သက်သက်ရှိတယ်။ ဒါကြောင့်မို့ CDM တို့ ဘာတို့နဲ့ လုပ်ဖို့မလိုဘူးဆိုတဲ့ဟာမျိုး။

ဆိုတော့ ကျနော်တို့ ဒါနဲ့ပတ်သက်လို့ UWSA က ဗကပကို ပုန်ကန်ခဲ့တုန်းက အခြေအနေတရပ်ကို နည်းနည်းလေး ပြောပြချင်တယ်။ အဲဒီတုန်းက သူတို့ပုန်ကန်ခဲ့တဲ့ ကိစ္စထဲမှာ ဝတပ်မှူးတပ်သားတွေရဲ့ ခံစားချက်ထဲမှာ ဘာအရေးကြီးတဲ့အချက် တခုပါသလဲဆိုရင် “ငါတို့နေတဲ့ ဝပြည်နယ်၊ ဝဒေသက လွတ်မြောက်နေပြီပဲ။ ဘယ်ရန်သူ့တပ်မှလဲ မရှိတော့ဘူး။ ငါတို့က ဘာဖြစ်လို့ တပြည်လုံး လွတ်မြောက်ရေးဆိုပြီး ဆက်ပြီးတော့ အသေခံနေဖို့ လိုသေးသလား။” ဆိုတဲ့ဟာက သူတို့မှာ အဲဒီကတည်းက အဲဒီအခြေခံစိတ်ဓါတ် ရှိတယ်။

မေး ။ ။ ကျနော် တခုစဉ်းစားတာက တိုင်းရင်းသားတွေထဲမှာ ပြည်ထောင်စုနဲ့ ရင်းနှီးမှု အလှမ်းအဝေးဆုံး လူမျိုးဟာ ‘ဝ’ လို့ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ်နိုင်ငံရေး တိုးတက်မှုမှာ ဝတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက အင်မတန်နည်းပါးပါတယ်။ ဗကပတွေ အဲဒီမှာ ခြေကုပ်ယူခဲ့တဲ့ အချိန်မှ ပေါ်ပေါ်ထင်ထင် တွေ့လာရတာပါ။ ယုတ်စွအဆုံး ပြောရရင် ပြည်ထောင်စုသားတွေလဲ ဝအကြောင်းကို သိပ်တောင်မသိကြဘူးဆိုတော့ ဝတွေရဲ့ အခန်းကဏ္ဍက စစ်အင်အားထက်လွှဲရင် နိုင်ငံရေး Unity မှာ ဝတွေက ဒီလောက်အရေးပါလို့လား။

ဖြေ ။ ။ သူတို့ဝနယ်ကတော့ မြန်မာပြည်နိုင်ငံရေးနဲ့တော့ နည်းနည်းကင်းကွာတယ်။ ဒါကြောင့်မို့ ဒီမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လဲ ခံစားချက်ကတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တော့ မတူတာ အမှန်ပဲ။ သို့သော်လဲ ကနေ့အခြေအနေမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေတယ်။ ၁၉၈၉ ဗကပ ပြိုကွဲပြီးကတည်းက တပ်မတော်နဲ့ကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ခဲ့တာကလဲ တပ်မတော်အတွက်လဲ သက်သာရာ ရနေတဲ့ အနေအထားတရပ်လို့ ပြောလို့ရတယ်။

မေး ။ ။ ကျနော် နောက်ဆုံးအနေနဲ့ ဒီမှာ သုံးသပ်ချင်တာက ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စနဲ့ ပတ်သက်တာကတော့ ကျောင်းသားတွေ ၈၈ ဖြစ်ပြီးတော့ တောထဲကို ရောက်လာတဲ့အခါမှာ ဒီလူငယ်တွေဟာ ပြည်မထဲက ဖယ်ဒရယ်ဆိုတာကို ပထမဦးဆုံး နားလည်သဘောပေါက်ပြီးတော့ အမှန်တကယ် ယုံကြည်လာတာ ဒီလူငယ်တွေက ပထမမျိုးဆက် ဖြစ်တယ်လို့ ဗဒိုးမန်းရှာက ပြောတယ်။ အခုဖြစ်လာတဲ့ အရေးတော်ပုံမှာ လူငယ်တွေရဲ့ ကြွေးကြော်လာတဲ့ ကိစ္စဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးခံယူချက်ရဲ့ ဒုတိယလှိုင်းတံပိုးကြီး တခုလို့ပြောရင် မှားမလား။

ဖြေ ။ ။ မှန်ပါတယ်။ ဒီဟာကတော့ နိုင်ငံရေးအရ တော့်တော်ကို ခရီးရောက်တဲ့ လှုပ်ရှားမှုတခုလို့ ပြောနိုင်တယ်။ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ။ တိုင်းရင်းသားတွေရဲ့ တိုက်ပွဲတွေကြားမှာ ဖိနှိပ်ပစ်သတ်ခံရတဲ့ ကိစ္စ။ ဒုက္ခသုက္ခရောက်ခဲ့တဲ့ နှစ်ပေါင်း (၇၀) ပြည်တွင်းစစ်ကြီးရဲ့ ဒဏ်ကို ဗမာတွေအများစုနေတဲ့ ဒေသက လူငယ်တွေက အခုဆို ကောင်းကောင်းနားလည်ခံစားလာနိုင်တဲ့ ကာလလို့ ပြောလို့ရတယ်။ ဒါနဲ့ တဆက်တည်းပဲ ဘာကြောင့် စစ်ပွဲတွေ ဖြစ်နေသလဲဆိုတဲ့ ဖယ်ဒရယ်အခွင့်အရေး၊ ဖယ်ဒရယ်စနစ် အုပ်ချုပ်ရေး မရလို့ပဲဆိုပြီး ပိုပြီးတော့ သဘောပေါက်လာတယ်လို့ ကျနော်တို့ ယူဆပါတယ်။

XS
SM
MD
LG