သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

(၆) လျပည့္ခဲ့ၿပီး ေရွ႕ဆက္ဘာျဖစ္လာမလဲ


မႏၱေလးၿမိဳ႕မွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဓာတ္ပုံနဲ႔ အေခါင္းပုံလုပ္ၿပီး မီး႐ႈိ႕ဆႏၵျပတဲ့ျမင္ကြင္း။ (ဇူလုိင္ ၃၊ ၂၀၂၁)
(၆) လျပည့္ခဲ့ၿပီး ေရွ႕ဆက္ဘာျဖစ္လာမလဲ
please wait

No media source currently available

0:00 0:10:43 0:00
တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္းၿပီး (၆) လအၾကာ ျမန္မာစစ္ေကာင္စီက ျပည္သူအတြက္ ဘာေတြေဆာင္႐ြက္ခဲ့ၿပီးၿပီလဲ။ အိမ္ေစာင့္အစိုးရ ဖြဲ႔စည္းလိုက္ၿပီး ၂၀၂၃ ၾသဂုတ္လအထိ ဆက္လက္လုပ္ဆာင္အုံးမယ္ဆိုတဲ့ကိစၥရပ္ေတြရဲ ႔ အလားအလာေကာ ဘယ္လို ရွိေနပါသလဲ။ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာစစ္ေကာင္စီ အႀကီးအကဲကေတာ့ သူ႔ကိုယ္သူ ဝန္ႀကီးခ်ဳပ္ေၾကညာၿပီးေတာ့ အိမ္ေစာင့္အစိုးရ ဖြဲ႔စည္းလိုက္တယ္။ ၿပီးေတာ့ (၂) ႏွစ္ တာဝန္ယူဖို႔ လိုတယ္ဆိုကာ ဘာေတြလုပ္မယ္ဆိုတာကို စီမံကိန္းခ်ျပသြားပါတယ္။ သူတုိိ႔တာဝန္ယူခဲ့တာ (၆) လေတာ့ ျပည့္ခဲ့ၿပီးဆိုေတာ့ (၆) လ ေနာက္ (၃) ႀကိမ္ က်န္ေသးတယ္ဆိုိေတာ့ သူက ၂၀၂၃ ၾသဂုတ္လအထိ လုပ္မယ္ဆိုတဲ့ စီမံကိန္းေတြထက္ ၿပီးခဲ့တဲ့ (၆) လမွာ ဘာေတြေအာင္ျမင္ခဲ့ၿပီ၊ ေနာက္ (၆) လမွာ ဘာေတြဆက္လုပ္မယ္ဆိုၿပီးေတာ့မ်ား တြက္ခဲ့သလား။ ဘယ္လိုပံုစံနဲ႔ စီမံကိန္းေတြကို ခ်ခဲ့တယ္ဆိုတာကို စီမံကိန္းပိုင္းဆိုင္ရာကို နားလည္တယ္ ဆရာတို႔ေတြ စၿပီးေတာ့ အဲဒီအပိုင္းကို အက်ဥ္ရံုးေလး ေျပာျပေပးပါ။

ေျဖ ။ ။ သူ အာဏာသိမ္းၿပီးခါစမွာ ေၾကညာခဲ့တာကေတာ့ ေရွ ႔လုပ္ငန္းစဥ္ (၅) ရပ္။ ေရြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႔စည္းမယ္။ မဲစာရင္းေတြကို စစ္ေဆးမယ္။ ၿပီးေတာ့ ဥပေဒနဲ႔အညီ ဆက္လက္ေဆာင္ရြက္မယ္လို႔ သူက ပထမလုပ္ငန္းစဥ္အေနနဲ႔ ေျပာခဲ့တယ္။ ဒုတိယ၊ တတိယလုပ္ငန္းစဥ္ကေတာ့ ကိုဗစ္-19 နဲ႔ ပတ္သက္တယ္။ နံပါတ္ေလးကေတာ့ ၿငိမ္းခ်မ္းေရးဆိုင္ရာ သေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး၊ နံပါတ္ငါးကေတာ့ ေရြးေကာက္ပြဲဆိုေတာ့ အဲဒီအထဲမွာ သူလုပ္ခဲ့တယ္လုိ႔ ေျပာလို႔ရတဲ့ သူ႔ေထာင့္ကေနေပါ့ - ျပည္သူလူထုကေတာ့ သေဘာတူမွာ မဟုတ္ဘူး။ ဒါေပမဲ့ သူ႔ေထာင့္ကေနေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႔စည္းတယ္လို႔ ေျပာတယ္။ ဒါေပမဲ့ သူဖြဲ႔စည္းတဲ့ေနရာမွာကို တခ်ဳိ ႔အဖြဲ႔ဝင္ေတြ ႏႈတ္ထြက္သြားတာကို ေတြ႔ရတယ္။ အဲဒီေတာ့ မဲစာရင္းေတြ စစ္ေဆးတယ္ဆိုၿပီးေတာ့ ေၾကညာတယ္။

ဒါေပမဲ့ အင္မတန္အားနည္းပါတယ္။ ႏိုင္ငံတကာက လက္မခံႏိုင္ဘူး။ ႏိုင္ငံတကာ လက္မခံႏိုင္ဘူးဆိုတာက ဥပမာအားျဖင့္ မွတ္ပံုတင္နံပါတ္ ထပ္ေနတာေတြ၊ မွတ္ပံုတင္တူေနတာေတြ အစရိွသျဖင့္ ဒါေတြအေတာ္မ်ားမ်ားကို အခ်က္ေတာ္ေတာ္မ်ားမ်ားကို ေရြးေကာက္ပြဲေကာ္မရွင္က ေျပာပါတယ္။ ဒါေပမဲ့ သူမျပသႏိုင္တာက ဒီလူႏွစ္ေယာက္က ႏွစ္ခါမဲေပးတယ္ဆိုတာကို မျပသႏုိုင္ဘူး။ အဲဒီေတာ့ စာရင္းေတြမွားေနတာက ေဒၚေအာင္ဆန္းစုၾကည္ လက္ထက္မွာမွ မဟုတ္ဘူး၊ ဦးသိန္းစိန္အစိုးရလက္ထက္မွာလည္း ဒီစာရင္းအင္းေတြက မွားေနခဲ့တယ္ဆိုတာကို သမၼတရံုးဝန္ႀကီးေတြက ေျပာဆိုခဲ့တာေတြလည္း ရိွပါတယ္။

အဲဒီေတာ့ ဒါက ဘာေၾကာင့္မွားသလဲလို႔ ေျပာလို႔ရိွရင္ ၁၉၆၂ ခုႏွစ္ကတည္းက တပ္မေတာ္က အာဏာသိမ္းခဲ့တယ္။ အဲဒီအာဏာသိမ္းခဲ့တဲ့ အစိုးရအဆက္ဆက္လုပ္ခဲ့တဲ့ အမွားႀကီးျဖစ္တယ္။ NLD နဲ႔ ဘာမွမဆိုင္ပါဘူး။ ၿပီးေတာ့ အဲဒီအထဲမွာ အထူးသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးက မွတ္ပံုတင္ေတြ လာဘ္စားၿပီး ပြားထားတာေတြ အမ်ားႀကီးရိွပါတယ္။ အဲဒီေတာ့ ဒါကိုအေၾကာင္းျပၿပီးေတာ့ ေျပာဖို႔ဆိုတာက ေတာ္ေတာ္ခက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတုိင္းမွာ အထူးသျဖင့္ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ - အေမရိကန္ႏုိင္ငံမွာေတာင္ ဒီျပႆနာေတြ ရိွတယ္။ အဲဒီေတာ့ ဒါကိုအစခ်ီလာၿပီး အေၾကာင္းျပၿပီးေတာ့ သိမ္းဖို႔ႀကိဳးစားလာတာကလဲ တကယ္တမ္း မဲမသမာမႈထက္ ဒါကိုအေၾကာင္းျပလို႔ရတယ္ဆိုတဲ့ အႀကံေပးခ်က္နဲ႔ သိမ္းပံုရတယ္လို႔ ထင္တယ္။ အထူးသျဖင့္ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက ေခါင္းေဆာင္တခ်ဳိ ႔က အဲဒီလိုလြဲေနတာကို သူတို႔လည္းသိေနတယ္။

ေမး ။ ။ ဆိုေတာ့ သူတုိ႔ေရွ ႔ကို (၆) လ (၃) ႀကိမ္ ၾကာအံုးမယ္ - 3 Terms ဆက္အံုးမယ္ဆိုေတာ့ အဲဒီကိစၥေတြက ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ လုပ္လာႏိုင္ပါမလဲ။ ေစာေစာကေျပာသလို အခုထိေတာ့ ျပည္သူလူထုလည္း ဘယ္သူမွ မေထာက္ခံဘူး။ ႏိုင္ငံတကာလည္း ဘယ္သူမွ မေထာက္ခံဘူးဆိုေတာ့ အေရွ ႔ကိုေကာ သူလုပ္မယ့္ဆိုတဲ့ စီမံကိန္းေတြ အလားအလာ ဘယ္လိုေနမယ္ထင္သလဲ။

ေျဖ ။ ။ သူက ဒုတိယလုပ္ငန္းစဥ္အေနနဲ႔ေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းကို အရွိန္အဟုန္မျပတ္ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ သူက ေၾကညာခဲ့တယ္။ ဒါေပမဲ့ အရိွန္အဟုန္္က ေတာ္ေတာ္ပ်က္သြားတယ္။ အမွန္က ထိထိေရာက္ေရာက္ ဘာမွမေဆာင္ရြက္ဘူးလို႔ ေျပာလို႔ရတယ္။ ကာကြယ္ေရး အေနအထားမွာ။ ဥပမာ အိႏိၵယမွာ ျဖစ္ေနၿပီ၊ ထိုင္းမွာျဖစ္ေနၿပီ ဆိုလိုရိွရင္ ဒီႏိုင္ငံမွာ ႀကိဳတင္ၿပီး လုပ္စရာေတြ ရိွတယ္။ ေဆးရံုေတြမွာ မႏိုင္မနင္းျဖစ္တယ္ဆိုတာက ကာကြယ္ေရးလုပ္ငန္းေတြကို မလုပ္ႏိုင္လို႔။ အဲဒီကာကြယ္ေရးလုပ္ငန္းဆိုင္ရာကို လုပ္ငန္းစဥ္ (၅) ရပ္ဆိုၿပီး ထည့္ထားေပမယ့္ ဦးေဆာင္မႈမေပးႏိုင္ခဲ့ဘူးလို႔ ေျပာလို႔ရတယ္။ အဲဒီေတာ့ နံပါတ္သံုးက ကိုဗစ္စီးပြားေရးနဲ႔ႏႊယ္ၿပီး စီးပြားေရးလုပ္ငန္းေတြကို ျဖစ္ႏုိင္သမွ် အျမန္ဆံုး ျပန္လည္ၿပီးေတာ့ ေဆာင္ရြက္သြားမယ္လို႔ သူကေျပာခဲ့တယ္။ ဒါေပမဲ့ ဘဏ္ေတြကို မလုပ္ႏိုင္ခဲ့ဘူး။ မထိန္းသိမ္းႏိုင္ခဲ့ဘူး။ စီးပြားေရးလုပ္ငန္းေတြ အကုန္ပ်က္တယ္။ ႏိုင္ငံျခားလုပ္ငန္းေတြ ျပန္ထြက္သြားၾကတယ္။ အဲဒီေတာ့ ျပည္တြင္းစီးပြားေရးလုပ္ငန္းကလဲ ဘာမွကိုလုပ္လို႔မရဘူး။ ကာဆာဝါေဖာင္ေဒးရွင္းရဲ ႔ ေထာက္ပံ့မႈနဲ႔ က်ေနာ္တို႔ေလ့လာတယ္။ ေလ့လာခ်က္တခုမွာဆိုရင္ ဂၽြန္လမွာ ေမးခဲ့တာ။ ေနာက္လမွာ စီးပြားေရးလုပ္ငန္းေတြ ရိွေနအံုးမယ္လို႔ ယံုၾကည္တဲ့ ျပည္တြင္းစီးပြားေရးလုပ္ငန္း ၅၇% ပဲ ရိွတယ္။ အဲဒီေတာ့ ၄၃% က ေနာက္လဆုိရင္ ျပဳတ္ၿပီလို႔ ယံုၾကည္ေနၾကတယ္။

ေမး ။ ။ အဲဒီေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥၾကေတာ့ေကာ …

ေျဖ ။ ။ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥကို ၾကည့္မယ္ဆိုရင္လဲ တိုင္းရင္းသားေတြနဲ႔ စစ္ေတြျပန္ၿပီးေတာ့ ျဖစ္တယ္။ NCA သေဘာတူညီခ်က္အတိုင္း လုပ္ဖို႔ကိစၥေတြ ေတာ္ေတာ္ႀကီး ယံုၾကည္မႈေတြ ပ်က္ျပားသြားတယ္။ ေယဘုယ် (၆) လ သက္တမ္းအတြင္းမွာ သူလုပ္ေနတာေတြကို သံုးသပ္ရရင္ေတာ့ အေတာ့္ကို ဖရိုဖရဲနဲ႔ မႏုိင္မနင္း ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနတယ္။ ဒါေၾကာင့္မို႔လဲ တခ်ဳိ ႔သံုးသပ္တဲ့လူေတြက ျမန္မာႏိုင္ငံက က်ရွံဳးႏိုင္ငံတခု ျဖစ္သြားၿပီလားလို႔ ေမးခြန္းထုတ္ၾကတယ္။

ေမး ။ ။ တကယ္တမ္းလဲ အဲဒီလိုေမးခြန္းထုတ္စရာ ျဖစ္ေနတာေပါ့။ ေမးခြန္းထုတ္တဲ့လူေတြဘက္ကလဲ အေထာက္အထား ခိုင္ခိုင္မာမာ ရိွေနတယ္ဆုိေတာ့ အခုလိုလုပ္လိုက္တာဟာ သူတုိ႔ရဲ ႔ အာဏာတည္ၿမဲေရးအတြက္ အခ်ိန္ဆြဲဖို႔သက္သက္ဆိုတာထက္ အျခားဘာမ်ား တိုင္းျပည္အတြက္ ေကာင္းတဲ့ေမွ်ာ္လင့္ခ်က္ ထားႏိုင္မလဲဆိုတာကို က်ေနာ္တုိ႔ အျပဳသေဘာနဲ႔ ႀကံဖန္ေတြးမယ္ဆိုရင္ ဘာကိုေတြးၾကမလဲ။ ေတြးစရာ မရိွဘူးလား။

ေျဖ ။ ။ အျပဳသေဘာကေတာ့ စစ္အစိုးရဟာ ရန္သူ (၅) ပါးကို (၃) ပါးအျဖစ္နဲ႔ ေလွ်ာ့ခ်လိုက္ႏိုင္တယ္။ မင္း၊ ခိုးသူနဲ႔ မခ်စ္မႏွစ္သက္ေသာသူက တစ္ပါးတည္း ျဖစ္သြားေတာ့ (၃) ပါးပဲ က်န္ေတာ့တာေပါ့။ ဒါကေတာ့ အျပဳသေဘာ သံုးသပ္ရတာေပါ့။ က်န္တာကေတာ့ ေတာ္ေတာ္ႀကီးခက္ခဲတယ္။ ဒီအတိုင္း တုိင္းျပည္က ဆက္သြားလို႔ေတာ့ မရဘူးလို႔ ထင္တယ္။

ေမး ။ ။ ဒီမိုကေရစီအင္အားစုဘက္က ႀကိဳးပမ္းေနရတဲ့ ႀကိဳးပမ္းမႈကိုလည္း က်ေနာ္တုိ႔ ၾကည့္ရေအာင္ပါ။ အဲဒီဘက္က ဘယ္ေလာက္အထိ အလားအလာ ရိွပါသလဲ။ လူငယ္ေတြရဲ ႔ တက္ၾကြမႈ။ သူတုိ႔ေတြရဲ ႔ အနစ္နာခံမႈ။ သူတုိ႔ေတြရဲ ႔ အနာဂတ္ကို လံုးဝစြန္႔လႊတ္ၿပီးေတာ့ ဆံုးရွံဳးေနၿပီသား အနာဂတ္လည္း ရစရာမရိွေတာ့ဘူး အခုအေျခအေနမွာ အဲဒီမွာ စြန္႔စားၿပီးေတာ့ ေတာထဲမွာလဲ လက္နက္ကိုင္ သင္တန္းတက္ေနၾကတာေတြလဲ က်ေနာ္တို႔ ႏိုင္ငံတကာ documentary ေတြမွာလဲ အမ်ားအျပား ေတြ႔ရပါတယ္။ က်ေနာ္တုိ႔ကိုယ္တိုင္ မေရာက္ႏုိင္ေပမယ့္လဲဆိုေတာ့ အဲဒီဘက္ကေရာ အေျခအေန ဘယ္ေလာက္ရိွလာႏိုင္ပါသလဲ။ လူထုတရပ္လံုးကို NUG တို႔ ဘာတို႔က ခိုင္ခိုင္မာမာ စည္းရံုးႏုိင္ၾကတဲ့ အင္အားရိွပါရဲ ႔လား။ စုစည္းေခါင္းေဆာင္ေပးႏုိင္သလား။

ေျဖ ။ ။ NUG ကို ေထာက္ခံတာကေတာ့ မရိွဘူးဆိုတာေတာင္ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးကို ေထာက္ခံတဲ့ ပရိသတ္နဲ႔ေတာ့ တန္းတူရိွလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ …

ေမး ။ ။ NUG ကို ေထာက္ခံသူေတြက ႀကံ့ဖြံ႔ကို ေထာက္ခံလူေတြထက္ မ်ားမယ္လို႔ ယူဆပါတယ္။ မ်ားတယ္ဆိုသည္တိုင္ေအာင္ သူတုိ႔က ထိေရာက္တဲ့ေခါင္းေဆာင္မႈ၊ သူတုိ႔ရဲ ႔ အခန္းက႑ Leadership role က အားရစရာေကာင္းရဲ ႔လားဆိုတာကို က်ေနာ္က စမ္းစစ္ေစခ်င္တာပါ။

ေျဖ ။ ။ အာဏာဆုပ္ကိုင္မႈေထာင့္ကေန ေျပာရမယ္ဆိုရင္ အတိုက္အခံသေဘာ ျဖစ္သြားတာေပါ့။ ဒါေတာင္မွပဲ NUG လို႔ ေျပာတဲ့အခါမွာ အတိုက္အခံ အင္အားစုထဲမွာ အၾကမ္းမဖက္ လမ္းစဥ္ကို သြားခ်င္တဲ့လူနဲ႔ လက္နက္ကိုင္လမ္းစဥ္ကို သြားခ်င္တဲ့လူဆိုၿပီးေတာ့ ႏွစ္ပိုင္းခြဲရလိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ အမ်ားစုကေတာ့ အၾကမ္းမဖက္ လႈပ္ရွားမႈထဲမွာမ်ား ရိွမလားလို႔ေတာ့ မသိဘူး။ အဲဒီေတာ့ ဒီမိုကေရစီ လႈပ္ရွားမႈရဲ ႔ တုိက္ပြဲသေဘာအရ ေျပာရမယ္ဆိုလို႔ရိွရင္ေတာ့ က်ေနာ္တုိ႔ ေခါင္းေဆာင္မႈေတြထဲမွာ ပိုမိုက်ယ္ျပန္႔တဲ့ မဟာဗ်ဴဟာတရပ္ လိုမ်ားလိုမလား။ ဒီမိုကေရစီ လႈပ္ရွားမႈအတြက္ ေဆာင္ရြက္ေတာ့မယ္ဆိုရင္ ပိုမုိက်ယ္ျပန္႔တဲ့ မဟာဗ်ဴဟာတခု လိုမယ္။ အဲဒါက ဥပေဒတြင္းတိုက္ပြဲ။ ဥပေဒျပင္ပတုိက္ပြဲ။ ဥပေဒတြင္း စကားေျပာတဲ့အခါမွာ တခ်ဳိ ႔ကလဲ ဥပေဒမရိွေတာ့ဘူးလို႔ ေျပာၾကမွာပါ။ ဒါေပမဲ့ အခု ေဒၚေအာင္ဆန္းစုၾကည္ တရားရင္ဆုိင္ေနရသလိုပါပဲ။ အဲဒီေတာ့ ပိုမိုက်ယ္ျပန္႔တဲ့ မဟာဗ်ဴဟာတခု မရိွလို႔ရိွရင္ အခ်င္းခ်င္းကြဲၿပဲတဲ့ဆီကို ဦးတည္သြားႏိုင္တယ္လုိ႔ က်ေနာ္ကေတာ့ အဲဒီလို ထင္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးတခု ေမးခ်င္တာက က်ေနာ္တို႔နဲ႔ ဆရာတို႔ ေဆြးေႏြးသံုးသပ္ခ်က္ေတြ လုပ္တဲ့အခါမွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အားတက္စရာ ဘာမွမၾကားရဘူး။ စိတ္ပ်က္စရာေတြနဲ႔ပဲ အဆံုးသတ္သြားတယ္ ဘာညာေျပာၾကတယ္ဆုိေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့၊ ၾကားခ်င္တဲ့ အားတက္စရာစကားတခြန္း ႀကံၿပီးေတာ့ ေျပာပါလို႔ဆိုရင္ ဆရာ ဘာေျပာမလဲ။

ေျဖ ။ ။ အားတက္စရာဆိုတာက ျဖစ္ခ်င္တာရယ္၊ ျဖစ္သင့္တာရယ္၊ ျဖစ္ေနတာရယ္၊ ျဖစ္ႏိုင္တာရယ္ အဲဒီေလးခု ဆံုတဲ့အထဲကေန ဆြဲထုတ္ႏုိင္တဲ့ေပၚမွာ မူတည္ပါတယ္။ ျဖစ္ခ်င္တာက ျဖစ္ေနတာထက္ အဆသိပ္ႀကီးေနတယ္ဆိုရင္ အားတက္စရာကို ရွာေတြ႔ရမွာ မဟုတ္ပါဘူး။ အဲဒီေတာ့ က်ေနာ္တုိ႔ရဲ ႔ ျပႆနာက ျဖစ္ေနတာထဲကေန ျဖစ္ႏိုင္တာကို ေဖာ္ထုတ္တဲ့ေနရာမွာ အဲဒီျဖစ္ႏိုင္တာကို ဦးတည္ၿပီးေတာ့ ေဆာင္ရြက္တဲ့ေနရာမွာ ဦးေဆာင္မႈေပးႏိုင္မႈ၊ အဲဒီလိုသံုးသပ္ေဆြးေႏြးတာေတြ ရိွလာဖို႔၊ အဲဒီလိုေျပာဆိုမႈေတြ ရိွလာမွပဲ က်ေနာ္တို႔ အက်ဳိးရလဒ္ရႏုိင္တဲ့ လုပ္ငန္းစဥ္ႀကီးတခုကို ခ်မွတ္ၿပီး ေဆာင္ရြက္သြားႏုိင္မယ္လို႔ ထင္တယ္။ မဟုတ္လုိ႔ရိွရင္ ျဖစ္ခ်င္တာေတြၾကည့္ရင္ ဘာမွ အားတက္စရာ ေတြ႔ရမွာမဟုတ္ပါဘူး။


== Unicode ==

အာဏာသိမ်းပြီး (၆) လအကြာ မြန်မာစစ်ကောင်စီက ပြည်သူအတွက် ဘာတွေဆောင်ရွက်ခဲ့ပြီးပြီလဲ။ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ပြီး ၂၀၂၃ သြဂုတ်လအထိ ဆက်လက်လုပ်ဆာင်အုံးမယ်ဆိုတဲ့ကိစ္စရပ်တွေရဲ့ အလားအလာကော ဘယ်လို ရှိနေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာစစ်ကောင်စီ အကြီးအကဲကတော့ သူ့ကိုယ်သူ ဝန်ကြီးချုပ်ကြေညာပြီးတော့ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်တယ်။ ပြီးတော့ (၂) နှစ် တာဝန်ယူဖို့ လိုတယ်ဆိုကာ ဘာတွေလုပ်မယ်ဆိုတာကို စီမံကိန်းချပြသွားပါတယ်။ သူတို့တာဝန်ယူခဲ့တာ (၆) လတော့ ပြည့်ခဲ့ပြီးဆိုတော့ (၆) လ နောက် (၃) ကြိမ် ကျန်သေးတယ်ဆိုတော့ သူက ၂၀၂၃ သြဂုတ်လအထိ လုပ်မယ်ဆိုတဲ့ စီမံကိန်းတွေထက် ပြီးခဲ့တဲ့ (၆) လမှာ ဘာတွေအောင်မြင်ခဲ့ပြီ၊ နောက် (၆) လမှာ ဘာတွေဆက်လုပ်မယ်ဆိုပြီးတော့များ တွက်ခဲ့သလား။ ဘယ်လိုပုံစံနဲ့ စီမံကိန်းတွေကို ချခဲ့တယ်ဆိုတာကို စီမံကိန်းပိုင်းဆိုင်ရာကို နားလည်တယ် ဆရာတို့တွေ စပြီးတော့ အဲဒီအပိုင်းကို အကျဉ်ရုံးလေး ပြောပြပေးပါ။

ဖြေ ။ ။ သူ အာဏာသိမ်းပြီးခါစမှာ ကြေညာခဲ့တာကတော့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်။ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းမယ်။ မဲစာရင်းတွေကို စစ်ဆေးမယ်။ ပြီးတော့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့ သူက ပထမလုပ်ငန်းစဉ်အနေနဲ့ ပြောခဲ့တယ်။ ဒုတိယ၊ တတိယလုပ်ငန်းစဉ်ကတော့ ကိုဗစ်-19 နဲ့ ပတ်သက်တယ်။ နံပါတ်လေးကတော့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး၊ နံပါတ်ငါးကတော့ ရွေးကောက်ပွဲဆိုတော့ အဲဒီအထဲမှာ သူလုပ်ခဲ့တယ်လို့ ပြောလို့ရတဲ့ သူ့ထောင့်ကနေပေါ့ - ပြည်သူလူထုကတော့ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ထောင့်ကနေတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူဖွဲ့စည်းတဲ့နေရာမှာကို တချို့အဖွဲ့ဝင်တွေ နှုတ်ထွက်သွားတာကို တွေ့ရတယ်။ အဲဒီတော့ မဲစာရင်းတွေ စစ်ဆေးတယ်ဆိုပြီးတော့ ကြေညာတယ်။

ဒါပေမဲ့ အင်မတန်အားနည်းပါတယ်။ နိုင်ငံတကာက လက်မခံနိုင်ဘူး။ နိုင်ငံတကာ လက်မခံနိုင်ဘူးဆိုတာက ဥပမာအားဖြင့် မှတ်ပုံတင်နံပါတ် ထပ်နေတာတွေ၊ မှတ်ပုံတင်တူနေတာတွေ အစရှိသဖြင့် ဒါတွေအတော်များများကို အချက်တော်တော်များများကို ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့ သူမပြသနိုင်တာက ဒီလူနှစ်ယောက်က နှစ်ခါမဲပေးတယ်ဆိုတာကို မပြသနိုင်ဘူး။ အဲဒီတော့ စာရင်းတွေမှားနေတာက ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာမှ မဟုတ်ဘူး၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဒီစာရင်းအင်းတွေက မှားနေခဲ့တယ်ဆိုတာကို သမ္မတရုံးဝန်ကြီးတွေက ပြောဆိုခဲ့တာတွေလည်း ရှိပါတယ်။

အဲဒီတော့ ဒါက ဘာကြောင့်မှားသလဲလို့ ပြောလို့ရှိရင် ၁၉၆၂ ခုနှစ်ကတည်းက တပ်မတော်က အာဏာသိမ်းခဲ့တယ်။ အဲဒီအာဏာသိမ်းခဲ့တဲ့ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ အမှားကြီးဖြစ်တယ်။ NLD နဲ့ ဘာမှမဆိုင်ပါဘူး။ ပြီးတော့ အဲဒီအထဲမှာ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်တွေ လာဘ်စားပြီး ပွားထားတာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒါကိုအကြောင်းပြပြီးတော့ ပြောဖို့ဆိုတာက တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ - အမေရိကန်နိုင်ငံမှာတောင် ဒီပြဿနာတွေ ရှိတယ်။ အဲဒီတော့ ဒါကိုအစချီလာပြီး အကြောင်းပြပြီးတော့ သိမ်းဖို့ကြိုးစားလာတာကလဲ တကယ်တမ်း မဲမသမာမှုထက် ဒါကိုအကြောင်းပြလို့ရတယ်ဆိုတဲ့ အကြံပေးချက်နဲ့ သိမ်းပုံရတယ်လို့ ထင်တယ်။ အထူးသဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တချို့က အဲဒီလိုလွဲနေတာကို သူတို့လည်းသိနေတယ်။

မေး ။ ။ ဆိုတော့ သူတို့ရှေ့ကို (၆) လ (၃) ကြိမ် ကြာအုံးမယ် - 3 Terms ဆက်အုံးမယ်ဆိုတော့ အဲဒီကိစ္စတွေက ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်လာနိုင်ပါမလဲ။ စောစောကပြောသလို အခုထိတော့ ပြည်သူလူထုလည်း ဘယ်သူမှ မထောက်ခံဘူး။ နိုင်ငံတကာလည်း ဘယ်သူမှ မထောက်ခံဘူးဆိုတော့ အရှေ့ကိုကော သူလုပ်မယ့်ဆိုတဲ့ စီမံကိန်းတွေ အလားအလာ ဘယ်လိုနေမယ်ထင်သလဲ။

ဖြေ ။ ။ သူက ဒုတိယလုပ်ငန်းစဉ်အနေနဲ့တော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူက ကြေညာခဲ့တယ်။ ဒါပေမဲ့ အရှိန်အဟုန်က တော်တော်ပျက်သွားတယ်။ အမှန်က ထိထိရောက်ရောက် ဘာမှမဆောင်ရွက်ဘူးလို့ ပြောလို့ရတယ်။ ကာကွယ်ရေး အနေအထားမှာ။ ဥပမာ အိန္ဒိယမှာ ဖြစ်နေပြီ၊ ထိုင်းမှာဖြစ်နေပြီ ဆိုလိုရှိရင် ဒီနိုင်ငံမှာ ကြိုတင်ပြီး လုပ်စရာတွေ ရှိတယ်။ ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တယ်ဆိုတာက ကာကွယ်ရေးလုပ်ငန်းတွေကို မလုပ်နိုင်လို့။ အဲဒီကာကွယ်ရေးလုပ်ငန်းဆိုင်ရာကို လုပ်ငန်းစဉ် (၅) ရပ်ဆိုပြီး ထည့်ထားပေမယ့် ဦးဆောင်မှုမပေးနိုင်ခဲ့ဘူးလို့ ပြောလို့ရတယ်။ အဲဒီတော့ နံပါတ်သုံးက ကိုဗစ်စီးပွားရေးနဲ့နွှယ်ပြီး စီးပွားရေးလုပ်ငန်းတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ သူကပြောခဲ့တယ်။ ဒါပေမဲ့ ဘဏ်တွေကို မလုပ်နိုင်ခဲ့ဘူး။ မထိန်းသိမ်းနိုင်ခဲ့ဘူး။ စီးပွားရေးလုပ်ငန်းတွေ အကုန်ပျက်တယ်။ နိုင်ငံခြားလုပ်ငန်းတွေ ပြန်ထွက်သွားကြတယ်။ အဲဒီတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းကလဲ ဘာမှကိုလုပ်လို့မရဘူး။ ကာဆာဝါဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ ကျနော်တို့လေ့လာတယ်။ လေ့လာချက်တခုမှာဆိုရင် ဂျွန်လမှာ မေးခဲ့တာ။ နောက်လမှာ စီးပွားရေးလုပ်ငန်းတွေ ရှိနေအုံးမယ်လို့ ယုံကြည်တဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၇% ပဲ ရှိတယ်။ အဲဒီတော့ ၄၃% က နောက်လဆိုရင် ပြုတ်ပြီလို့ ယုံကြည်နေကြတယ်။

မေး ။ ။ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကြတော့ကော …

ဖြေ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ကြည့်မယ်ဆိုရင်လဲ တိုင်းရင်းသားတွေနဲ့ စစ်တွေပြန်ပြီးတော့ ဖြစ်တယ်။ NCA သဘောတူညီချက်အတိုင်း လုပ်ဖို့ကိစ္စတွေ တော်တော်ကြီး ယုံကြည်မှုတွေ ပျက်ပြားသွားတယ်။ ယေဘုယျ (၆) လ သက်တမ်းအတွင်းမှာ သူလုပ်နေတာတွေကို သုံးသပ်ရရင်တော့ အတော့်ကို ဖရိုဖရဲနဲ့ မနိုင်မနင်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်။ ဒါကြောင့်မို့လဲ တချို့သုံးသပ်တဲ့လူတွေက မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတခု ဖြစ်သွားပြီလားလို့ မေးခွန်းထုတ်ကြတယ်။

မေး ။ ။ တကယ်တမ်းလဲ အဲဒီလိုမေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့။ မေးခွန်းထုတ်တဲ့လူတွေဘက်ကလဲ အထောက်အထား ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတော့ အခုလိုလုပ်လိုက်တာဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အချိန်ဆွဲဖို့သက်သက်ဆိုတာထက် အခြားဘာများ တိုင်းပြည်အတွက် ကောင်းတဲ့မျှော်လင့်ချက် ထားနိုင်မလဲဆိုတာကို ကျနော်တို့ အပြုသဘောနဲ့ ကြံဖန်တွေးမယ်ဆိုရင် ဘာကိုတွေးကြမလဲ။ တွေးစရာ မရှိဘူးလား။

ဖြေ ။ ။ အပြုသဘောကတော့ စစ်အစိုးရဟာ ရန်သူ (၅) ပါးကို (၃) ပါးအဖြစ်နဲ့ လျှော့ချလိုက်နိုင်တယ်။ မင်း၊ ခိုးသူနဲ့ မချစ်မနှစ်သက်သောသူက တစ်ပါးတည်း ဖြစ်သွားတော့ (၃) ပါးပဲ ကျန်တော့တာပေါ့။ ဒါကတော့ အပြုသဘော သုံးသပ်ရတာပေါ့။ ကျန်တာကတော့ တော်တော်ကြီးခက်ခဲတယ်။ ဒီအတိုင်း တိုင်းပြည်က ဆက်သွားလို့တော့ မရဘူးလို့ ထင်တယ်။

မေး ။ ။ ဒီမိုကရေစီအင်အားစုဘက်က ကြိုးပမ်းနေရတဲ့ ကြိုးပမ်းမှုကိုလည်း ကျနော်တို့ ကြည့်ရအောင်ပါ။ အဲဒီဘက်က ဘယ်လောက်အထိ အလားအလာ ရှိပါသလဲ။ လူငယ်တွေရဲ့ တက်ကြွမှု။ သူတို့တွေရဲ့ အနစ်နာခံမှု။ သူတို့တွေရဲ့ အနာဂတ်ကို လုံးဝစွန့်လွှတ်ပြီးတော့ ဆုံးရှုံးနေပြီသား အနာဂတ်လည်း ရစရာမရှိတော့ဘူး အခုအခြေအနေမှာ အဲဒီမှာ စွန့်စားပြီးတော့ တောထဲမှာလဲ လက်နက်ကိုင် သင်တန်းတက်နေကြတာတွေလဲ ကျနော်တို့ နိုင်ငံတကာ documentary တွေမှာလဲ အများအပြား တွေ့ရပါတယ်။ ကျနော်တို့ကိုယ်တိုင် မရောက်နိုင်ပေမယ့်လဲဆိုတော့ အဲဒီဘက်ကရော အခြေအနေ ဘယ်လောက်ရှိလာနိုင်ပါသလဲ။ လူထုတရပ်လုံးကို NUG တို့ ဘာတို့က ခိုင်ခိုင်မာမာ စည်းရုံးနိုင်ကြတဲ့ အင်အားရှိပါရဲ့လား။ စုစည်းခေါင်းဆောင်ပေးနိုင်သလား။

ဖြေ ။ ။ NUG ကို ထောက်ခံတာကတော့ မရှိဘူးဆိုတာတောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ထောက်ခံတဲ့ ပရိသတ်နဲ့တော့ တန်းတူရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ …

မေး ။ ။ NUG ကို ထောက်ခံသူတွေက ကြံ့ဖွံ့ကို ထောက်ခံလူတွေထက် များမယ်လို့ ယူဆပါတယ်။ များတယ်ဆိုသည်တိုင်အောင် သူတို့က ထိရောက်တဲ့ခေါင်းဆောင်မှု၊ သူတို့ရဲ့ အခန်းကဏ္ဍ Leadership role က အားရစရာကောင်းရဲ့လားဆိုတာကို ကျနော်က စမ်းစစ်စေချင်တာပါ။

ဖြေ ။ ။ အာဏာဆုပ်ကိုင်မှုထောင့်ကနေ ပြောရမယ်ဆိုရင် အတိုက်အခံသဘော ဖြစ်သွားတာပေါ့။ ဒါတောင်မှပဲ NUG လို့ ပြောတဲ့အခါမှာ အတိုက်အခံ အင်အားစုထဲမှာ အကြမ်းမဖက် လမ်းစဉ်ကို သွားချင်တဲ့လူနဲ့ လက်နက်ကိုင်လမ်းစဉ်ကို သွားချင်တဲ့လူဆိုပြီးတော့ နှစ်ပိုင်းခွဲရလိမ့်မယ်လို့ ကျနော် ထင်တယ်။ အများစုကတော့ အကြမ်းမဖက် လှုပ်ရှားမှုထဲမှာများ ရှိမလားလို့တော့ မသိဘူး။ အဲဒီတော့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ တိုက်ပွဲသဘောအရ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ခေါင်းဆောင်မှုတွေထဲမှာ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာတရပ် လိုများလိုမလား။ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဆောင်ရွက်တော့မယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာတခု လိုမယ်။ အဲဒါက ဥပဒေတွင်းတိုက်ပွဲ။ ဥပဒေပြင်ပတိုက်ပွဲ။ ဥပဒေတွင်း စကားပြောတဲ့အခါမှာ တချို့ကလဲ ဥပဒေမရှိတော့ဘူးလို့ ပြောကြမှာပါ။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသလိုပါပဲ။ အဲဒီတော့ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာတခု မရှိလို့ရှိရင် အချင်းချင်းကွဲပြဲတဲ့ဆီကို ဦးတည်သွားနိုင်တယ်လို့ ကျနော်ကတော့ အဲဒီလို ထင်ပါတယ်။

မေး ။ ။ နောက်ဆုံးတခု မေးချင်တာက ကျနော်တို့နဲ့ ဆရာတို့ ဆွေးနွေးသုံးသပ်ချက်တွေ လုပ်တဲ့အခါမှာ ပရိသတ်တော်တော်များများက အားတက်စရာ ဘာမှမကြားရဘူး။ စိတ်ပျက်စရာတွေနဲ့ပဲ အဆုံးသတ်သွားတယ် ဘာညာပြောကြတယ်ဆိုတော့ ပရိသတ်တွေ မျှော်လင့်နေတဲ့၊ ကြားချင်တဲ့ အားတက်စရာစကားတခွန်း ကြံပြီးတော့ ပြောပါလို့ဆိုရင် ဆရာ ဘာပြောမလဲ။

ဖြေ ။ ။ အားတက်စရာဆိုတာက ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နေတာရယ်၊ ဖြစ်နိုင်တာရယ် အဲဒီလေးခု ဆုံတဲ့အထဲကနေ ဆွဲထုတ်နိုင်တဲ့ပေါ်မှာ မူတည်ပါတယ်။ ဖြစ်ချင်တာက ဖြစ်နေတာထက် အဆသိပ်ကြီးနေတယ်ဆိုရင် အားတက်စရာကို ရှာတွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့ရဲ့ ပြဿနာက ဖြစ်နေတာထဲကနေ ဖြစ်နိုင်တာကို ဖော်ထုတ်တဲ့နေရာမှာ အဲဒီဖြစ်နိုင်တာကို ဦးတည်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ဦးဆောင်မှုပေးနိုင်မှု၊ အဲဒီလိုသုံးသပ်ဆွေးနွေးတာတွေ ရှိလာဖို့၊ အဲဒီလိုပြောဆိုမှုတွေ ရှိလာမှပဲ ကျနော်တို့ အကျိုးရလဒ်ရနိုင်တဲ့ လုပ်ငန်းစဉ်ကြီးတခုကို ချမှတ်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ ထင်တယ်။ မဟုတ်လို့ရှိရင် ဖြစ်ချင်တာတွေကြည့်ရင် ဘာမှ အားတက်စရာ တွေ့ရမှာမဟုတ်ပါဘူး။

XS
SM
MD
LG