သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူ႔တပ္ နဲ႔ အာဏာသိမ္းတပ္


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)
ျပည္သူ႔တပ္ နဲ႔ အာဏာသိမ္းတပ္
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္မွာ လက္နက္ကိုင္အဖြဲ႔အမ်ဳိးမ်ဳိး ရိွတဲ့အနက္ ေနာက္ဆံုးေပၚအဖြဲ႔ဟာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈ ကန္႔ကြက္တာကို စစ္တပ္က တိုက္ခိုက္ေနလို႔ ျပည္သူကို ကာကြယ္ဖို႔ ေပၚထြက္လာတာ ျဖစ္တဲ့အတြက္ ေထာက္ခံမႈအမ်ားဆံုးရတဲ့အဖြဲ႔လို႔ ေျပာႏိုင္ပါတယ္။ လြန္ခဲ့တဲ့ ဇူလိုင္လ (၇) ရက္ေန႔က CNN သတင္းေထာက္ ခ်င္းျပည္နယ္ အိႏိၵယနယ္စပ္က Victoria စခန္းကို သြားေရာက္ေလ့လာခဲ့ပါတယ္။ စစ္သည္ (၄၀၀၀) ေက်ာ္ သင္တန္းၿပီးၿပီလို႔ သင္တန္းေပးေနတဲ့ ခ်င္းအမ်ဳိးသားတပ္ဦးက ဆိုပါတယ္။ ၿမိဳ ႔နယ္တုိင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ရိွပါတယ္။

KIA ကခ်င္လြတ္ေျမာက္ေရးတပ္ကလည္း ကသာ၊ ေကာလင္း၊ ထီးခ်ဳိင့္စတဲ့ စစ္ကိုင္းတိုင္းၿမိဳ ႔နယ္ေတြမွာ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ ပူးတြဲၿပီး အာဏာသိမ္းတပ္ေတြကို တိုက္ခိုက္ေနေၾကာင္း ဇူလိုင္ (၉) ရက္ေန႔ထုတ္ Myanmar Now စာေစာင္မွာ ေဖာ္ျပထားပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေတြၾကား ေသြးခြဲႏုိ္င္ဖို႔အတြက္ အာဏာသိမ္းတပ္က နည္းမ်ဳိးစံုနဲ႔ ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။ ျပည္သူ႔ဖယ္ဒရယ္တပ္မေတာ္ ေပၚထြက္လာမွာကို စိုးရိမ္ေနပံုရပါတယ္။

အမ်ဳိးသားညီညႊတ္ေရးအစိုးရလက္ေအာက္ခံ ျပည္သူ႔ကာကြယ္ေရးတပ္ရဲ ႔ ထူးျခားခ်က္တခုက စစ္ဘက္ဆိုင္ရာက်င့္ဝတ္ကို အရင္ဆံုးျပဌာန္းတာ ျဖစ္ပါတယ္။ ထိေတြ႔တိုက္ခိုက္မႈဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းနဲ႔ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ စစ္ဥပေဒကို ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဝပါတယ္။ စစ္ဆင္ေရးလုပ္တဲ့အခါမွာ အရပ္သားပိုင္ဥစၥာပစၥည္း ထိခိုက္ပ်က္ဆီးမႈမရိွေအာင္လုပ္ဖို႔၊ ဘာသာေရးနဲ႔ ယဥ္ေက်းမႈ အေဆာက္အအံုေတြကို ေလးစားဖို႔ ညႊန္ၾကားထားပါတယ္။ စစ္အာဏာရွင္စနစ္ရဲ ႔ ေဒါက္တိုင္ေတြကို ပစ္မွတ္ထားေပမယ့္ လက္နက္ခ်အညံ့ခံလာတဲ့ တပ္သားေတြကို ဂ်ီနီဗာစာခ်ဳပ္ပါ ျပဌာန္းခ်က္အရ လူ႔ဂုဏ္သိကၡာနဲ႔အညီ ေကာင္းမြန္စြာဆက္ဆံရမယ္လို႔ ဆုိပါတယ္။ လက္နက္ခ်အညံ့ခံသူရဲ ႔ မိသားစုကို အသိေပးဖို႔လည္း အတတ္ႏုိင္ဆံုး ႀကိဳးစားရမယ္လို႔ ေဖာ္ျပထားပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ရဲ ႔ အဓိဌာန္ျပဳခ်က္ေတြထဲမွာ ဖယ္ဒရယ္ႏုိင္ငံအတြက္ အသက္စြန္႔ဖို႔လည္း ပါဝင္ပါတယ္။

အာဏာသိမ္းတပ္ကေတာ့ ျပည္သူ႔ကာကြယ္ေစာင့္ေရွာက္ေရးမွာ အေတာ္ႀကီးအားနည္းတယ္လုိ႔ ျပည္သူ႔ဘက္ကို ကူးေျပာင္းလာတဲ့ ကေလာ ခလရ (၇) က ဗိုလ္မွဴးညႊန္႔ႏိုင္က ဆိုပါတယ္။ ဘာသာေရးအေဆာက္အအံုကို မပစ္ခတ္ဖို႔နဲ႔ စာသင္ေက်ာင္းမွာ တပ္မစြဲဖို႔ သိတဲ့လူ သိပ္နည္းတယ္လို႔ ဆုိပါတယ္။ ျပည္တြင္းစစ္ကို ေရရွည္ဆင္ႏႊဲလာတဲ့ အာဏာသိမ္းတပ္ဟာ ျမင္ျမင္သမွ်လူကို ရန္သူလို႔ သတ္မွတ္တယ္လို႔ ဆိုပါတယ္။ အထက္ျမန္မာျပည္ကို အဂၤလိပ္ကိုလိုနီအစိုးရ သိမ္းပိုက္ခ်ိန္ကစၿပီး ေဒသခံျပည္သူကို ရန္သူလို႔ သေဘာထားတဲ့ဓေလ့ စတင္ေပၚေပါက္လာပါတယ္။ ျပည္သူ႔ဆန္႔က်င္မႈကို ရင္ဆိုင္ရတဲ့ ကိုလိုနီတပ္ရဲ ႔ အဓိကရန္သူဟာ ျပည္သူ ျဖစ္္လာပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုကို တိုက္ခိုက္တဲ့ေနရာမွာ အဂၤလိပ္ကိုလိုနီတပ္နဲ႔ အာဏာသိမ္းတပ္ဟာ အသြင္တူၾကပါတယ္။

ျပည္သူ႔ဆႏၵေလးစားတဲ့ အစဥ္အလာ အာဏာသိမ္းတပ္မွာ မရိွပါဘူး။ ဒါေၾကာင့္လဲ ၁၉၅၈ ကစၿပီး ေရြးေကာက္တင္ေျမွာက္တဲ့ ျပည္သူ႔ကိုယ္စားလွယ္ အစိုးရေတြကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းလာခဲ့တာ ျဖစ္ပါတယ္။ “ဘဝရပ္တည္ေရးနဲ႔ ကိုယ္က်ဳိးစီးပြားကို အဓိကထားတဲ့ ျပည္သူလူထုဟာ သူမ်ားႀကိဳးဆြဲရာ ပါသြားတတ္တယ္လို႔” စိတ္ဓါတ္စစ္ဆင္ေရးဌာနရဲ ႔ ၁၉၅၈ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အဲဒီအခ်ိန္ကစၿပိး ျပည္သူလူထုကို စစ္တပ္က ၾသဇာေပးလာတာပါပဲ။ တျပည္လံုးအံုၾကြ ကန္႔ကြက္ဆႏၵျပတဲ့ ၁၉၈၈ မွာ အာဏာသိမ္းတပ္ ျပန္ေပၚလာပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးကစၿပီး အရာရိွ၊ အရာခံ၊ အၾကပ္တပ္သားေတြ ကိုယ္က်ဳိးရွာၾကပါတယ္။ စစ္တပ္တိုးခ်ဲ ႔တာေၾကာင့္ လူဆိုး၊ ဂ်ပိုးနဲ႔ ရာဇဝတ္မႈ က်ဴးလြန္ထားသူေတြ တပ္ထဲေရာက္လာတာမို႔ စိတ္ဓါတ္ေရးရာမွာ အလြန္နိမ့္က်သြားပါတယ္။

အာဏာသိမ္းတပ္ဟာ စစ္ေရး၊ စီးပြားေရး၊ ဘာသာေရး စတာေတြမွာ ဝင္ေရာက္ေမႊေနွာက္ၿပီး တုိင္းျပည္ကို ႀကိဳးကိုင္ႏုိင္ဖို႔ အၿမဲတမ္းလံုးပမ္းေနပါတယ္။ စစ္သမိုင္းျပတိုက္မွာ စစ္မႈေရးရာအျပင္ စကၠဴစက္၊ မဆလာစက္၊ ငါးေမြးျမဴးေရး၊ ေစတီပုထိုး၊ မီးရထားလမ္း၊ ေလဆိပ္၊ ေဂါက္ကြင္း၊ အိမ္ယာ စတာေတြပါ သဗၺရနံေပါင္း ျပထားတာကိုၾကည့္ရင္ စစ္တပ္စြက္ဖက္ေနတဲ့ နယ္ပယ္ကို ခန္္႔မွန္းႏုိင္ပါတယ္။ စစ္တပ္ေျပာသမွ် တျပည္လံုးက ယံုရမယ့္ပံုစံကုိ တီထြင္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေခတ္လူငယ္ေတြဟာ အာဏာသိမ္းတပ္ကို လံုးဝအယံုအၾကည္ မရိွၾကေတာ့ပါဘူး။

စစ္အာဏာသိမ္းမႈကို လက္မခံႏိုင္လို႔ ေဖေဖၚဝါရီလ (၁၂) ရက္ေန႔မွာ တပ္ကထြက္လိုက္တဲ့ ရာထူးအျမင့္ဆံုးအရာရိွဟာ ကေလာအေျခစိုက္ ခလရ (၇) က ဗိုလ္မွဴးညႊန္႔ႏိုင္ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းတာဟာ တိုင္းျပည္ကို စစ္တပ္က အေမွာင္ထဲ ဆြဲေခၚတဲ့လုပ္ရပ္ ျဖစ္တယ္လို႔ သူက ျမင္ပါတယ္။ ႏိုင္ငံေရးဝင္ရွဳပ္တဲ့ တပ္မေတာ္ရဲ ႔ လုပ္ထံုးလုပ္နည္းကို မႀကိဳက္သူေတြ တပ္ထဲမွာ အမ်ားႀကီးရိွတယ္လို႔ ဆိုပါတယ္။ အာဏာသိမ္းတပ္ကေန ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ဘက္ကို ကူးေျပာင္းလာသူ တျဖည္းျဖည္းမ်ားျပားလာတာဟာ ျပည္သူ႔ေတာ္လွန္ေရးအတြက္ တတပ္တအား ျဖစ္ပါတယ္။

== Unicode ==

မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့အမျိုးမျိုး ရှိတဲ့အနက် နောက်ဆုံးပေါ်အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ကန့်ကွက်တာကို စစ်တပ်က တိုက်ခိုက်နေလို့ ပြည်သူကို ကာကွယ်ဖို့ ပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် ထောက်ခံမှုအများဆုံးရတဲ့အဖွဲ့လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့က CNN သတင်းထောက် ချင်းပြည်နယ် အိန္ဒိယနယ်စပ်က Victoria စခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ စစ်သည် (၄၀၀၀) ကျော် သင်တန်းပြီးပြီလို့ သင်တန်းပေးနေတဲ့ ချင်းအမျိုးသားတပ်ဦးက ဆိုပါတယ်။ မြို့နယ်တိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်ကလည်း ကသာ၊ ကောလင်း၊ ထီးချိုင့်စတဲ့ စစ်ကိုင်းတိုင်းမြို့နယ်တွေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲပြီး အာဏာသိမ်းတပ်တွေကို တိုက်ခိုက်နေကြောင်း ဇူလိုင် (၉) ရက်နေ့ထုတ် Myanmar Now စာစောင်မှာ ဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား သွေးခွဲနိုင်ဖို့အတွက် အာဏာသိမ်းတပ်က နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ပြည်သူ့ဖယ်ဒရယ်တပ်မတော် ပေါ်ထွက်လာမှာကို စိုးရိမ်နေပုံရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထူးခြားချက်တခုက စစ်ဘက်ဆိုင်ရာကျင့်ဝတ်ကို အရင်ဆုံးပြဌာန်းတာ ဖြစ်ပါတယ်။ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စစ်ဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေပါတယ်။ စစ်ဆင်ရေးလုပ်တဲ့အခါမှာ အရပ်သားပိုင်ဥစ္စာပစ္စည်း ထိခိုက်ပျက်ဆီးမှုမရှိအောင်လုပ်ဖို့၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကို လေးစားဖို့ ညွှန်ကြားထားပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထားပေမယ့် လက်နက်ချအညံ့ခံလာတဲ့ တပ်သားတွေကို ဂျီနီဗာစာချုပ်ပါ ပြဌာန်းချက်အရ လူ့ဂုဏ်သိက္ခာနဲ့အညီ ကောင်းမွန်စွာဆက်ဆံရမယ်လို့ ဆိုပါတယ်။ လက်နက်ချအညံ့ခံသူရဲ့ မိသားစုကို အသိပေးဖို့လည်း အတတ်နိုင်ဆုံး ကြိုးစားရမယ်လို့ ဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အဓိဌာန်ပြုချက်တွေထဲမှာ ဖယ်ဒရယ်နိုင်ငံအတွက် အသက်စွန့်ဖို့လည်း ပါဝင်ပါတယ်။

အာဏာသိမ်းတပ်ကတော့ ပြည်သူ့ကာကွယ်စောင့်ရှောက်ရေးမှာ အတော်ကြီးအားနည်းတယ်လို့ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ ကလော ခလရ (၇) က ဗိုလ်မှူးညွှန့်နိုင်က ဆိုပါတယ်။ ဘာသာရေးအဆောက်အအုံကို မပစ်ခတ်ဖို့နဲ့ စာသင်ကျောင်းမှာ တပ်မစွဲဖို့ သိတဲ့လူ သိပ်နည်းတယ်လို့ ဆိုပါတယ်။ ပြည်တွင်းစစ်ကို ရေရှည်ဆင်နွှဲလာတဲ့ အာဏာသိမ်းတပ်ဟာ မြင်မြင်သမျှလူကို ရန်သူလို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည်ကို အင်္ဂလိပ်ကိုလိုနီအစိုးရ သိမ်းပိုက်ချိန်ကစပြီး ဒေသခံပြည်သူကို ရန်သူလို့ သဘောထားတဲ့ဓလေ့ စတင်ပေါ်ပေါက်လာပါတယ်။ ပြည်သူ့ဆန့်ကျင်မှုကို ရင်ဆိုင်ရတဲ့ ကိုလိုနီတပ်ရဲ့ အဓိကရန်သူဟာ ပြည်သူ ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်သူလူထုကို တိုက်ခိုက်တဲ့နေရာမှာ အင်္ဂလိပ်ကိုလိုနီတပ်နဲ့ အာဏာသိမ်းတပ်ဟာ အသွင်တူကြပါတယ်။

ပြည်သူ့ဆန္ဒလေးစားတဲ့ အစဉ်အလာ အာဏာသိမ်းတပ်မှာ မရှိပါဘူး။ ဒါကြောင့်လဲ ၁၉၅၈ ကစပြီး ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အစိုးရတွေကို ဖြုတ်ချပြီး အာဏာသိမ်းလာခဲ့တာ ဖြစ်ပါတယ်။ “ဘဝရပ်တည်ရေးနဲ့ ကိုယ်ကျိုးစီးပွားကို အဓိကထားတဲ့ ပြည်သူလူထုဟာ သူများကြိုးဆွဲရာ ပါသွားတတ်တယ်လို့” စိတ်ဓါတ်စစ်ဆင်ရေးဌာနရဲ့ ၁၉၅၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်ကစပြိး ပြည်သူလူထုကို စစ်တပ်က သြဇာပေးလာတာပါပဲ။ တပြည်လုံးအုံကြွ ကန့်ကွက်ဆန္ဒပြတဲ့ ၁၉၈၈ မှာ အာဏာသိမ်းတပ် ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးကစပြီး အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေ ကိုယ်ကျိုးရှာကြပါတယ်။ စစ်တပ်တိုးချဲ့တာကြောင့် လူဆိုး၊ ဂျပိုးနဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ တပ်ထဲရောက်လာတာမို့ စိတ်ဓါတ်ရေးရာမှာ အလွန်နိမ့်ကျသွားပါတယ်။

အာဏာသိမ်းတပ်ဟာ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေး စတာတွေမှာ ဝင်ရောက်မွှေနှောက်ပြီး တိုင်းပြည်ကို ကြိုးကိုင်နိုင်ဖို့ အမြဲတမ်းလုံးပမ်းနေပါတယ်။ စစ်သမိုင်းပြတိုက်မှာ စစ်မှုရေးရာအပြင် စက္ကူစက်၊ မဆလာစက်၊ ငါးမွေးမြူးရေး၊ စေတီပုထိုး၊ မီးရထားလမ်း၊ လေဆိပ်၊ ဂေါက်ကွင်း၊ အိမ်ယာ စတာတွေပါ သဗ္ဗရနံပေါင်း ပြထားတာကိုကြည့်ရင် စစ်တပ်စွက်ဖက်နေတဲ့ နယ်ပယ်ကို ခန့််မှန်းနိုင်ပါတယ်။ စစ်တပ်ပြောသမျှ တပြည်လုံးက ယုံရမယ့်ပုံစံကို တီထွင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေတ်လူငယ်တွေဟာ အာဏာသိမ်းတပ်ကို လုံးဝအယုံအကြည် မရှိကြတော့ပါဘူး။

စစ်အာဏာသိမ်းမှုကို လက်မခံနိုင်လို့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ တပ်ကထွက်လိုက်တဲ့ ရာထူးအမြင့်ဆုံးအရာရှိဟာ ကလောအခြေစိုက် ခလရ (၇) က ဗိုလ်မှူးညွှန့်နိုင် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတာဟာ တိုင်းပြည်ကို စစ်တပ်က အမှောင်ထဲ ဆွဲခေါ်တဲ့လုပ်ရပ် ဖြစ်တယ်လို့ သူက မြင်ပါတယ်။ နိုင်ငံရေးဝင်ရှုပ်တဲ့ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းကို မကြိုက်သူတွေ တပ်ထဲမှာ အများကြီးရှိတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းတပ်ကနေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်ကို ကူးပြောင်းလာသူ တဖြည်းဖြည်းများပြားလာတာဟာ ပြည်သူ့တော်လှန်ရေးအတွက် တတပ်တအား ဖြစ်ပါတယ်။

XS
SM
MD
LG