သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဆံုးႏိုင္ေသးတဲ့ မူးယစ္ေဆး


Bags of methamphetamine pills, many seized from Burmese drug mules
မဆံုးႏိုင္ေသးတဲ့ မူးယစ္ေဆး
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

မူးယစ္ေဆး ဖမ္းဆီးရမိတဲ့သတင္းေတြ အရင္က မၾကာခဏ ေတြ႔ရပါတယ္။ ၂၀၁၉ မွာ ရာဘေဆးျပားတန္ခ်ိန္ (၁၄၀)၊ ၂၀၂၀ မွာ တန္ခ်ိန္ (၁၇၀) ဖမ္းဆီးရမိတာကို သတင္းထူးအျဖစ္ ေဖာ္ျပၾကပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ မူးယစ္ေဆးသတင္း နည္းပါးလာပါတယ္။ ဒါေၾကာင့္ အရင္က ဖမ္းဆီးထားတဲ့ မူးယစ္ေဆးေတြကို ဇြန္လ (၂၆) ရက္ေန႔က မီးရိွဳ ႔ျပပါတယ္။ ဒီႏွစ္ဆန္းပိုင္းက ကုလသမဂၢ မူးယစ္ေဆးနဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရးဌာနက အစီရင္ခံစာ ႏွစ္ေစာင္ ထုတ္ေဝထားပါတယ္။ ဘိန္းစစ္တမ္း Opium Survey နဲ႔ ဓာတုေဆးဝါး Synthetic Drugs စစ္တမ္း ျဖစ္ပါတယ္။

ဘိန္းစစ္တမ္းက စာမ်က္နွာ (၅၀) ေက်ာ္ရိွၿပီး ဓါတုေဆးဝါးစစ္တမ္းက တရာေက်ာ္ရိွတာကိုၾကည့္ရင္ ဓာတုေဆးဝါးက ဘိန္းစိမ္း၊ ဘိန္းျဖဴထက္ ပိုၿပီးေရာင္းေကာင္းေနတာ ထင္ရွားပါတယ္။ ဒီႏွစ္ထုတ္တဲ့ ဘိန္းစစ္တမ္းဟာ (၁၈) ႀကိမ္ေျမာက္ ျဖစ္ပါတယ္။ ၂၀၂၀ မွာ ဘိန္းစိုက္ေျမ ဧက (၇၂၈၆၅) သာ ရိွတာမို႔ ၂၀၁၉ ထက္စာရင္ ဧက (၈၈၉၂) နည္းသြားပါတယ္။ ရွမ္းျပည္နယ္မွာ အမ်ားဆံုးစိုက္ပ်ဳိးၿပီး တန္ခ်ိန္ (၄၀၅) ထုတ္လုပ္ႏုိင္ပါတယ္။ ဘိန္းစိုက္သူေတြဟာ ေဒၚလာသန္း (၆၀) နဲ႔ (၁၀၀) အၾကားဝင္ေငြ ရိွၾကမယ္လို႔ ခန္႔မွန္းပါတယ္။ စိုက္ပ်ဳိးက႑ရဲ ႔ ၀ ဒႆမ ၄ ရာခိုင္ႏႈန္းဟာ ဘိန္းခင္း ျဖစ္ပါတယ္။

ဘိန္းစိုက္ခင္း နည္းပါးသြားေပမယ့္ ဓါတုေဆးဝါး ထုတ္လုပ္မႈ တိုးပြားလာပါတယ္။ အလုပ္သမား အနည္းငယ္သံုးၿပီး ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ ထုတ္လုပ္ႏိုင္တဲ့ ဓါတုေဆးဝါးကို လူဆိုးဂိုဏ္းေတြ အဓိကထားပါတယ္။ ရွမ္းျပည္နယ္ကထြက္တဲ့ ဓါတုေဆးဝါးကို အိမ္နီးခ်င္းႏိုင္ငံေတြကတဆင့္ ျဖန္႔ေဝတာမို႔ လူသံုးမ်ားပါတယ္။ လူသိအမ်ားဆံုးက ‘မက္သမ္းဖက္တမင္’ ေဆးျပား Methamphetamine ျဖစ္ၿပီး၊ မႏွစ္က ေရွ ႔ေတာင္အာရွေဒသမွာ တန္ခ်ိန္ (၁၇၀) ဖမ္းဆီးရမိပါတယ္။ လာအုိနဲ႔ ထိုင္းကတဆင့္ ျဖန္႔ျဖဴးတာ ျဖစ္ပါတယ္။ ကိုဗစ္ (၁၉) ေရာဂါေၾကာင့္ ကူးသန္းသြားလာမႈ ခဏတံု႔ေႏွးသြားတာမ်ဳိး ရိွေပမယ့္၊ မူးယစ္ေဆး ေရာင္းဝယ္မႈကေတာ့ အရိွန္မေသပါဘူး။ မက္သမ္းဖက္တမင္း ထုတ္လုပ္ရာမွာ အဓိကက်တဲ့ အဲဖက္ဒရင္း ကို ဖမ္းဆီးတာမ်ဳိး အလြန္နည္းပါးပါတယ္။ ဒါေပမဲ့ အဲဖက္ဒရင္း ကို မသံုးဘဲ အျခားဓါတုပစၥည္းမ်ားကိုသံုးၿပီး မက္သမ္းဖက္တမင္ ထုတ္လုပ္တာမ်ဳိးလည္း ရိွပါတယ္။

ဒုတိယအမ်ားဆံုးသံုးတဲ့ ဓါတုေဆးဝါးဟာ အိပ္စတာစီ Ecstasy ျဖစ္ၿပီး၊ ဘရူးႏိုင္းနဲ႔ မေလးရွားမွာ အသံုးမ်ားပါတယ္။ အခုေတာ့ ကေမာၻဒီးယားနဲ႔ အျခားႏုိင္ငံေတြကို ျပန္႔ႏွံ႔ေနပံုရပါတယ္။ ျမန္မာနဲ႔ အင္ဒိုနီးရွားမွာ အိပ္စတာစီေဆးျပား ဖမ္းဆီးရမိတဲ့ သတင္းေတြ ရွားပါးပါတယ္။ မႏွစ္က အာဆီယံေဒသမွာ ဖမ္းဆီးရမိတဲ့ အိပ္စတာစီေဆးျပား (၉) သန္းမွာ အမ်ားစုဟာ မေလးရွားနဲ႔ ကေမာၻဒီးယားက ျဖစ္ပါတယ္။ ခက္တမင္း၊ ကာဖင္း၊ အမ္းဖက္တမင္း စတဲ့ ဓါတုေဆးဝါးေတြလည္း ရိွပါေသးတယ္။ တကယ္ေတာ့ အာရွနဲ႔ အေရွ ႔ေတာင္အာရွေဒသမွာ စိတ္ၾကြေဆး (၄၈၅) မ်ဳိး ရိွတယ္လို႔ ကုလသမဂၢ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒီအထဲမွာ ‘ကားနဗစ္’ ပါတဲ့ စိတ္ၾကြေဆးကို အမ်ားဆံုးသံုးတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ေရာဂါ ျဖစ္ပြားေနေပမယ့္ အာဆီယံေဒသမွာ ဓါတုေဆးဝါး အေရာင္းအဝယ္သြက္ေနတယ္လို႔ ကုလသမဂၢ အစီရင္ခံစာက ဆုိပါတယ္။ အထူးသျဖင့္ ေစ်းမႀကီးတဲ့ မက္သမ္းဖက္တမင္း ဟာ ဝယ္လိုအား ေကာင္းေနတာကို ေတြ႔ရပါတယ္။ လြန္ခဲ့တဲ့နွစ္က အမ်ားအျပား ဖမ္းဆီးခဲ့တဲ့ မက္သမ္းဖက္တမင္းဟာ ဆက္ၿပီးေစ်းက်ေနတဲ့အတြက္ ေရာင္းလိုအားေကာင္းေနတယ္လို႔ ေျပာႏိုင္ပါတယ္။ ရွမ္းျပည္နယ္မွာ မက္သမ္းဖက္တမင္း တန္ခ်ိန္ (၅၀) မႏွစ္က ဖမ္းဆီးႏိုင္ခဲ့ၿပီး လာအုိနဲ႔ ထိုင္းႏိုင္ငံမွာလည္း အမ်ားအျပား ဖမ္းဆီးႏိုင္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ အေစာပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရက (၂) လေလာက္ စစ္ေဆးတဲ့အခါမွာ ဖက္သမ္းဖက္တမင္ ေဆးျပား (၁၇) တန္နဲ႔ အျခားဓါတုေဆးဝါးပစၥည္း (၃၆) တန္ကို ဖမ္းဆီးႏိုင္ခဲ့တာကိုၾကည့္ရင္ စက္ရံုေဆာက္ၿပီး မူးယစ္ေဆးဝါး ထုတ္လုပ္ေနသလို ျဖစ္ေနပါတယ္။

မက္သမ္းဖက္တမင္ကို ရွမ္းျပည္နယ္မွာ အဓိကထုတ္လုပ္ေနေပမယ့္ အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း ထုတ္လုပ္လာတာေတြ ေတြ႔ရပါတယ္။ ကေမာၻဒီးယားမွာ မႏွစ္က မက္သမ္းဖက္တမင္ လွ်ဳိ ႔ဝွက္အလုပ္ရံု (၆) ခုနဲ႔ ေဆးျပား (၂) တန္ေလာက္ ဖမ္းဆီးရပါတယ္။ ရွမ္းျပည္နယ္ မူးယစ္ေမွာင္ခိုေတြဟာ လက္ဖက္ထုပ္ထဲ မက္သမ္းဖက္တမင္း ထည့္ၿပီး ေရာင္းတာမ်ဳိးလည္း လုပ္တတ္ပါတယ္။ က်င္ရွန္း၊ ပင္းေဝ့၊ ဂူအာယင္ စတဲ့ လက္ဖက္ထုပ္ေတြမွာ မူးယစ္ေဆး ထည့္ေလ့ရိွပါတယ္။ ထိုင္း၊ မေလးရွားနဲ႔ ဖိလစ္ပိုင္မွာ မူးယစ္ေဆးလက္ဖက္ေတြကို အမ်ားဆံုး ဖမ္းဆီးရမိပါတယ္။

ျမန္မာျပည္မွာ မက္သမ္းဖက္တမင္ ေဆးျပားကို လူႀကိဳက္မ်ားတဲ့အတြက္ ထုတ္လုပ္မႈေရာ ဖမ္းဆီးမႈေရာ တိုးပြားေနပါတယ္။ အဖမ္းအဆီးလည္း ၂၀၂၀ မွာ တိုးပြားလာပါတယ္။ လြန္ခဲ့တဲ့ (၆) ႏွစ္အတြင္းမွာ ဓါတုေဆးဝါး စားသံုးမႈ တျဖည္းျဖည္းမ်ားလာတာ ေတြ႔ရပါတယ္။ ဒါေပမဲ့ ဘိန္းစားမႈကေတာ့ က်ဆင္းလာတယ္လို႔ ဆိုပါတယ္။ ဘိန္းစိုက္ခင္း (၁၀) ရာခိုင္ႏႈန္း ေလွ်ာ့နည္းသြားတာနဲ႔ စားသံုးမႈ က်ဆင္းသြားတာ ဆက္စပ္မႈ ရိွႏိုင္ပါတယ္။ ဓါတုေဆးဝါးေတြက ဘိန္းျဖဴထက္ ေစ်းသက္သာတာဟာလည္း ေရာင္းအားေကာင္းရတဲ့ အေၾကာင္းရင္းတခု ျဖစ္ႏိုင္ပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မူးယစ်ဆေး ဖမ်းဆီးရမိတဲ့သတင်းတွေ အရင်က မကြာခဏ တွေ့ရပါတယ်။ ၂၀၁၉ မှာ ရာဘဆေးပြားတန်ချိန် (၁၄၀)၊ ၂၀၂၀ မှာ တန်ချိန် (၁၇၀) ဖမ်းဆီးရမိတာကို သတင်းထူးအဖြစ် ဖော်ပြကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးသတင်း နည်းပါးလာပါတယ်။ ဒါကြောင့် အရင်က ဖမ်းဆီးထားတဲ့ မူးယစ်ဆေးတွေကို ဇွန်လ (၂၆) ရက်နေ့က မီးရှို့ပြပါတယ်။ ဒီနှစ်ဆန်းပိုင်းက ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက အစီရင်ခံစာ နှစ်စောင် ထုတ်ဝေထားပါတယ်။ ဘိန်းစစ်တမ်း Opium Survey နဲ့ ဓာတုဆေးဝါး Synthetic Drugs စစ်တမ်း ဖြစ်ပါတယ်။

ဘိန်းစစ်တမ်းက စာမျက်နှာ (၅၀) ကျော်ရှိပြီး ဓါတုဆေးဝါးစစ်တမ်းက တရာကျော်ရှိတာကိုကြည့်ရင် ဓာတုဆေးဝါးက ဘိန်းစိမ်း၊ ဘိန်းဖြူထက် ပိုပြီးရောင်းကောင်းနေတာ ထင်ရှားပါတယ်။ ဒီနှစ်ထုတ်တဲ့ ဘိန်းစစ်တမ်းဟာ (၁၈) ကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၂၀ မှာ ဘိန်းစိုက်မြေ ဧက (၇၂၈၆၅) သာ ရှိတာမို့ ၂၀၁၉ ထက်စာရင် ဧက (၈၈၉၂) နည်းသွားပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး တန်ချိန် (၄၀၅) ထုတ်လုပ်နိုင်ပါတယ်။ ဘိန်းစိုက်သူတွေဟာ ဒေါ်လာသန်း (၆၀) နဲ့ (၁၀၀) အကြားဝင်ငွေ ရှိကြမယ်လို့ ခန့်မှန်းပါတယ်။ စိုက်ပျိုးကဏ္ဍရဲ့ ၀ ဒဿမ ၄ ရာခိုင်နှုန်းဟာ ဘိန်းခင်း ဖြစ်ပါတယ်။

ဘိန်းစိုက်ခင်း နည်းပါးသွားပေမယ့် ဓါတုဆေးဝါး ထုတ်လုပ်မှု တိုးပွားလာပါတယ်။ အလုပ်သမား အနည်းငယ်သုံးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထုတ်လုပ်နိုင်တဲ့ ဓါတုဆေးဝါးကို လူဆိုးဂိုဏ်းတွေ အဓိကထားပါတယ်။ ရှမ်းပြည်နယ်ကထွက်တဲ့ ဓါတုဆေးဝါးကို အိမ်နီးချင်းနိုင်ငံတွေကတဆင့် ဖြန့်ဝေတာမို့ လူသုံးများပါတယ်။ လူသိအများဆုံးက ‘မက်သမ်းဖက်တမင်’ ဆေးပြား Methamphetamine ဖြစ်ပြီး၊ မနှစ်က ရှေ့တောင်အာရှဒေသမှာ တန်ချိန် (၁၇၀) ဖမ်းဆီးရမိပါတယ်။ လာအိုနဲ့ ထိုင်းကတဆင့် ဖြန့်ဖြူးတာ ဖြစ်ပါတယ်။ ကိုဗစ် (၁၉) ရောဂါကြောင့် ကူးသန်းသွားလာမှု ခဏတုံ့နှေးသွားတာမျိုး ရှိပေမယ့်၊ မူးယစ်ဆေး ရောင်းဝယ်မှုကတော့ အရှိန်မသေပါဘူး။ မက်သမ်းဖက်တမင်း ထုတ်လုပ်ရာမှာ အဓိကကျတဲ့ အဲဖက်ဒရင်း ကို ဖမ်းဆီးတာမျိုး အလွန်နည်းပါးပါတယ်။ ဒါပေမဲ့ အဲဖက်ဒရင်း ကို မသုံးဘဲ အခြားဓါတုပစ္စည်းများကိုသုံးပြီး မက်သမ်းဖက်တမင် ထုတ်လုပ်တာမျိုးလည်း ရှိပါတယ်။

ဒုတိယအများဆုံးသုံးတဲ့ ဓါတုဆေးဝါးဟာ အိပ်စတာစီ Ecstasy ဖြစ်ပြီး၊ ဘရူးနိုင်းနဲ့ မလေးရှားမှာ အသုံးများပါတယ်။ အခုတော့ ကမ္ဘောဒီးယားနဲ့ အခြားနိုင်ငံတွေကို ပြန့်နှံ့နေပုံရပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားမှာ အိပ်စတာစီဆေးပြား ဖမ်းဆီးရမိတဲ့ သတင်းတွေ ရှားပါးပါတယ်။ မနှစ်က အာဆီယံဒေသမှာ ဖမ်းဆီးရမိတဲ့ အိပ်စတာစီဆေးပြား (၉) သန်းမှာ အများစုဟာ မလေးရှားနဲ့ ကမ္ဘောဒီးယားက ဖြစ်ပါတယ်။ ခက်တမင်း၊ ကာဖင်း၊ အမ်းဖက်တမင်း စတဲ့ ဓါတုဆေးဝါးတွေလည်း ရှိပါသေးတယ်။ တကယ်တော့ အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေး (၄၈၅) မျိုး ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ ‘ကားနဗစ်’ ပါတဲ့ စိတ်ကြွဆေးကို အများဆုံးသုံးတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေပေမယ့် အာဆီယံဒေသမှာ ဓါတုဆေးဝါး အရောင်းအဝယ်သွက်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ အထူးသဖြင့် ဈေးမကြီးတဲ့ မက်သမ်းဖက်တမင်း ဟာ ဝယ်လိုအား ကောင်းနေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်က အများအပြား ဖမ်းဆီးခဲ့တဲ့ မက်သမ်းဖက်တမင်းဟာ ဆက်ပြီးဈေးကျနေတဲ့အတွက် ရောင်းလိုအားကောင်းနေတယ်လို့ ပြောနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာ မက်သမ်းဖက်တမင်း တန်ချိန် (၅၀) မနှစ်က ဖမ်းဆီးနိုင်ခဲ့ပြီး လာအိုနဲ့ ထိုင်းနိုင်ငံမှာလည်း အများအပြား ဖမ်းဆီးနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ် အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရက (၂) လလောက် စစ်ဆေးတဲ့အခါမှာ ဖက်သမ်းဖက်တမင် ဆေးပြား (၁၇) တန်နဲ့ အခြားဓါတုဆေးဝါးပစ္စည်း (၃၆) တန်ကို ဖမ်းဆီးနိုင်ခဲ့တာကိုကြည့်ရင် စက်ရုံဆောက်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နေသလို ဖြစ်နေပါတယ်။

မက်သမ်းဖက်တမင်ကို ရှမ်းပြည်နယ်မှာ အဓိကထုတ်လုပ်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာလည်း ထုတ်လုပ်လာတာတွေ တွေ့ရပါတယ်။ ကမ္ဘောဒီးယားမှာ မနှစ်က မက်သမ်းဖက်တမင် လျှို့ဝှက်အလုပ်ရုံ (၆) ခုနဲ့ ဆေးပြား (၂) တန်လောက် ဖမ်းဆီးရပါတယ်။ ရှမ်းပြည်နယ် မူးယစ်မှောင်ခိုတွေဟာ လက်ဖက်ထုပ်ထဲ မက်သမ်းဖက်တမင်း ထည့်ပြီး ရောင်းတာမျိုးလည်း လုပ်တတ်ပါတယ်။ ကျင်ရှန်း၊ ပင်းဝေ့၊ ဂူအာယင် စတဲ့ လက်ဖက်ထုပ်တွေမှာ မူးယစ်ဆေး ထည့်လေ့ရှိပါတယ်။ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်မှာ မူးယစ်ဆေးလက်ဖက်တွေကို အများဆုံး ဖမ်းဆီးရမိပါတယ်။

မြန်မာပြည်မှာ မက်သမ်းဖက်တမင် ဆေးပြားကို လူကြိုက်များတဲ့အတွက် ထုတ်လုပ်မှုရော ဖမ်းဆီးမှုရော တိုးပွားနေပါတယ်။ အဖမ်းအဆီးလည်း ၂၀၂၀ မှာ တိုးပွားလာပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်အတွင်းမှာ ဓါတုဆေးဝါး စားသုံးမှု တဖြည်းဖြည်းများလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘိန်းစားမှုကတော့ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ဘိန်းစိုက်ခင်း (၁၀) ရာခိုင်နှုန်း လျှော့နည်းသွားတာနဲ့ စားသုံးမှု ကျဆင်းသွားတာ ဆက်စပ်မှု ရှိနိုင်ပါတယ်။ ဓါတုဆေးဝါးတွေက ဘိန်းဖြူထက် ဈေးသက်သာတာဟာလည်း ရောင်းအားကောင်းရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်ပါတယ်။

XS
SM
MD
LG