သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကို ဖ်က္သိမ္းလိုက္ရင္ ဘာျဖစ္လာႏိုင္သလဲ


ေရြးေကာက္ပဲြရလဒ္ ေစာင့္ဆုိင္းေနသူမ်ား၊ ႏုိ၀င္ဘာ ၈၊ ၂၀၁၅
NLD ကို ဖ်က္သိမ္းလိုက္ရင္ ဘာျဖစ္လာႏိုင္သလဲ
please wait

No media source currently available

0:00 0:11:17 0:00
တိုက္႐ိုက္ လင့္ခ္

အာဏာသိမ္းစစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ဖ်က္သိမ္းသင့္-မသင့္ စဥ္းစားမယ္လို႔ ဆိုလာပါတယ္၊ ဒီလို လုပ္လာလိမ့္မယ္ဆိုတာကလဲ ႀကိဳတင္ခန႔္မွန္းလို႔ သိရွိႏိုင္ခဲ့တဲ့ ကိစၥလို႔ ဆိုရမွာပါ။ တကယ္ဖ်က္သိမ္းလာတဲ့အခါ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္း ဘယ္လို ျဖစ္သြားႏိုင္ပါသလဲ။ ျမန္မာ့အေရးသုံးသပ္တဲ့ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏို္င္ငံမွာ စစ္ေကာင္စီက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ပ္ကို ဖ်က္သိမ္းဖို႔ စဥ္းစားေနတယ္ဆိုတာကို သူတုိ႔စေျပာလာပါၿပီ။ တကယ္ေတာ့ ဖ်က္သိမ္းမယ္ဆိုရင္လဲ ႀကိဳတင္ၿပီးေတာ့ သိရိွႏိုင္တဲ့ကိစၥပါ။ အံ့ၾသစရာေတာ့ မဟုတ္ဘူးလို႔ ထင္ပါတယ္။ အစကတည္းက။ သို႔ေသာ္ သူတို႔ ႀကိဳၿပီးေတာ့ ေသြးတိုးစမ္းတဲ့သေဘာမ်ဳိး ေျပာလာေတာ့ တကယ္ပဲ ဖ်က္သိမ္းလိမ့္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ဖ်က္သိမ္းႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ႏိုင္ငံေရးလုပ္ေနတဲ့ တပ္မေတာ္အတြက္ အဓိကအဟန္႔အတား ျဖစ္ေနလို႔ပဲ။ ဖ်က္သိမ္းရင္ အခက္အခဲေတြ အမ်ားႀကီးႀကံဳရမယ္။ တပ္မေတာ္ထဲမွာ၊ ျပည္တြင္းမွာ၊ ႏုိင္ငံတကာမွာ အခက္အခဲေတြ ႀကံဳရမယ္။ ဒါေပမဲ့ အခုသြားေနတဲ့ ပံုစံကေတာ့ ဖ်က္သိမ္းမယ့္ပံုစံပါပဲ။ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရဲ ႔ အထူးကိုယ္စားလွယ္ ခရစ္တင္းကလည္း အဲဒီလို ဖ်က္သိမ္းမယ္ ထင္တယ္လို႔ အေစာႀကီးကတည္းက ေျပာထားၿပီးပါၿပီ။

ေမး ။ ။ ဒါေပမဲ့ အခက္အခဲေတြ ႀကံဳရမယ့္ေနရာမွာ ဆရာေျပာသလို ျပည္တြင္း၊ ျပည္ပ အမ်ားႀကီးကန္႔ကြက္ဆႏၵျပမႈေတြ ႀကံဳလာရလိမ့္မယ္။ တပ္တြင္းမွာေကာ ကန္႔ကြက္ဆန္႔က်င္မႈေတြ ျဖစ္လာႏိုင္ပါ့မလား။ အဲဒါကို ေမွ်ာ္လင့္ရင္ေတာ့ ေမွ်ာ္လင့္ခ်က္ထားလြန္ရာ မေရာက္ဘူးလား။

ေျဖ ။ ။ တပ္တြင္းမွာ မေက်နပ္တဲ့လူေတြ ရိွပါတယ္။ ဒါက ျပည္သူတရပ္လံုးကို ဆန္႔က်င္ၿပီး လုပ္ရတဲ့ကိစၥ ျဖစ္ပါတယ္။ က်ေနာ္တို႔ ၉၀၊ ၂၀၁၂၊ ၂၀၁၅ ေရြးေကာက္ပြဲ မဲေပးခဲ့ပံုေတြကို ၾကည့္လိုက္လို႔ရိွရင္ မဲေပးသူေတြရဲ ႔ ၆၀ ကေန ၇၀ ရာခိုင္ႏႈန္းအတြင္း NLD ကို မဲေပးခဲ့ၿပီး၊ ၂၃-၂၅ ရာခိုင္ႏႈန္းေလာက္က ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးကို မဲေပးခဲ့တယ္။ ၁၅ ရာခိုင္ႏႈန္းေလာက္ကေတာ့ တုိင္းရင္းသားပါတီေတြနဲ႔ အျခားပါတီေတြကို မဲေပးခဲ့တာ ေတြ႔ရပါတယ္။ အဲဒီေတာ့ ဒီမိုကေရစီ လိုလားၾကတဲ့ လက္ရိွမွာဆိုရင္လဲ ၆၀ နဲ႔ပဲ တြက္လို႔ရိွရင္ ၆၀ အေပါင္း ၁၅ = ၇၅ ရာခိုင္ႏႈန္းေလာက္၊ ေလးေယာက္မွာ သံုးေယာက္ေလာက္က တပ္မေတာ္စိုးမိုးတာကို မလိုလားပါဘူး။ ဒါကိုလဲ ေအာက္ေျခမွာ ေဆာင္ရြက္ေနၾကတဲ့ ဗိုလ္ခ်ဳပ္ေတြ၊ ဗိုလ္မွဴးေတြ၊ ဗိုလ္ႀကီးေတြ၊ တပ္မေတာ္သားေတြ အကုန္လံုးကလည္း သိၾကပါတယ္။ အဲဒီေတာ့ တပ္တြင္းမွာ ဒီအတိုင္း ဆက္သြားလို႔ တိုင္းျပည္က မေကာင္းႏုိင္ဘူးဆိုေတာ့ တိုင္းျပည္ကို ခ်စ္တဲ့လူေတြလည္း အမ်ားႀကီးရိွပါတယ္။ ပုန္ကန္မလား၊ မပုန္ကန္ဘူးလားဆိုတာ ေနာက္ကိစၥတခုပါ။

ေမး ။ ။ က်ေနာ္သိခ်င္တာက ဒီဆန္႔က်င္မႈေတြေၾကာင့္ အခု NLD ကို ဖ်က္သိမ္းမယ္ဆိုတဲ့ သူတုိ႔ရဲ ႔ ဦးတည္ခ်က္က ျပန္ၿပီးေတာ့ ရုတ္သိမ္းသြားႏိုင္တဲ့အထိေတာ့ ရိွလာႏိုင္ပါ့မလား။

ေျဖ ။ ။ ဒါကေတာ့ သူတုိ႔ဆံုးျဖတ္ရမွာေပါ့။ အရင္ဆံုး အုပ္ခ်ဳပ္ေရးေပါ့။ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊလက္ထက္ကေတာ့ NLD ကို မဖ်က္သိမ္းဘဲနဲ႔ အတူသြားဖို႔ ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္ခဲ့ၾကတယ္။ အခုဖ်က္သိမ္းမယ္ဆိုရင္ ပိုၿပီးဆိုးဝါးတဲ့ အက်ဳိးဆက္ေတြ ရလာႏိုင္တယ္။ အခုကို ျပည္တြင္းစစ္ရဲ ႔ အေနအထားက ပိုၿပီးေတာ့ ဆိုးဝါးလာတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရး အလားအလာ၊ အရမ္းနည္းသြားတယ္။ ႏုိ္င္ငံတကာဆက္ဆံေရး ထိုးၿပီးက်သြားတယ္။

ေမး ။ ။ တိုင္းျပည္အေျခအေနက အမ်ားႀကီးထိုးက်သြားတာ မွန္တယ္။ ဆိုေတာ့ NLD ကို ဖ်က္သိမ္းရင္ေကာ သူတို႔အာဏာတည္ၿမဲေရး၊ အာဏာခိုင္မာေရးအတြက္ေကာ ႀကီးမားတဲ့ အေထာက္အကူ ျဖစ္သြားႏိုင္တယ္လို႔ သူတို႔တြက္မ်ား တြက္ေနၾကသလား။

ေျဖ ။ ။ ျပည္သူလူထုေပၚမွာ အေျခခံတဲ့ အာဏာတည္ၿမဲေရးကေတာ့ သူမရေတာ့ဘူး။ သူက ေသနတ္နဲ႔ အၾကမ္းဖက္မႈေပၚမွာ အေျခခံတဲ့ အာဏာတည္ၿမဲေရးကိုပဲ သြားေနတယ္။ အဲဒီေတာ့ NLD ဖ်က္သိမ္းတယ္ဆိုတာကလဲ လူထုသေဘာထားနဲ႔ အုပ္ခ်ဳပ္တဲ့စနစ္ကို သြားတာမဟုတ္ဘူး။ ေသနတ္နဲ႔ အာဏာနဲ႔ အၾကမ္းဖက္မႈနဲ႔ အဲဒီေပၚမွာ အေျချပဳတဲ့ အုပ္ခ်ဳပ္ေရးကိုပဲ ဆက္သြားတာ။ အာဏာရွင္စနစ္ကိုပဲ ဆက္သြားတာ ျဖစ္တယ္။ ဒါ့အျပင္ သူက ဦးသိန္းစိန္လက္ထက္မွာ ဖြင့္ခဲ့တဲ့ အဖြင့္ကိုေတာင္ ေခ်ဖ်က္ပစ္လုိက္တယ္။ အဖြင့္ကိစၥေတြမွာ အဓိကအတိုက္အခံပါတီ တခုရိွဖို႔ ဒါကအေရးႀကီးပါတယ္။ အေယာင္ေဆာင္ ျပည္သူလူထုမေထာက္ခံတဲ့ အတိုက္အခံပါတီ မဟုတ္ပါဘူး။ အဲဒီေတာ့ NLD က Liberalization လို႔ ေျပာတဲ့ အဖြင့္ကိစၥကို ေဆာင္ရြက္ဖို႔အတြက္ကိုကလဲ ေတာ္ေတာ္အေရးႀကီးတဲ့ အခန္းက႑မွာ ရိွပါတယ္။ ဒါက ဘာကိုေခ်ဖ်က္တာလဲဆိုရင္ က်ေနာ္တို႔က ဒီမိုကေရစီကို သြားမယ္လို႔ တပ္မေတာ္ေခါင္းေဆာင္ေတြက ေျပာေနတဲ့အခ်က္ကို ျပန္လည္ေခ်ဖ်က္ပစ္တာပါ။

ေမး ။ ။ ေမးခ်င္တာက သူတို႔ ဒီလို NLD ကို ေခ်ဖ်က္လိုက္ေတာ့ သူတုိ႔ အဓိကေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ျပည္ခိုင္ၿဖိဳးပါတီကေရာ NLD ေနရာမွာ အစားထိုးၿပီးေတာ့ လူထုေထာက္ခံမႈကို ပိုၿပီးရလာႏိုင္မယ္လို႔ သူတုိ႔ တြက္ေနသလား။

ေျဖ ။ ။ NLD ေနရာမွာ အစားထိုးဖုိ႔ဆိုိတာ မျဖစ္ႏိုင္ဘူး။ ျပည္သူလူထုရဲ ႔ ႏွလံုးသားထဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီ ရိွၿပီသားျဖစ္တယ္။ ဘာနဲ႔မွ အစားထိုးလုိ႔ မရႏုိ္င္ဘူး။ ဒါေၾကာင့္မို႔ ဆရာ အခုနေျပာသလို သူတို႔အခ်င္းခ်င္းၾကားထဲမွာ ထင္ေယာင္မႈတခု ဖန္တီးဖို႔ေလာက္ပဲ ဒါကျဖစ္တယ္။ တကယ္တမ္းကလဲ မျဖစ္ဘူး။ သမုိင္းမွာလဲ ရိွခဲ့တယ္။ မဆလပါတီ ၿပီးသြားတယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ မဲရသလိုျငား ဒီေလာက္ပဲ၊ ဒီအတုိင္းပဲရတယ္။ ၂၀၁၂ ဒီအတိုင္းပဲရတယ္။ ၂၀၁၅ ဒီအတိုင္းပဲရတယ္။ ၂၀၂၀ ဒီအတိုင္းပဲရတယ္။ သမုိင္းႏွစ္ကာလအရွည္ႀကီးမွာ ျပသခဲ့ၿပီးၿပီ။ ဒါကိုမ်က္ကြယ္ျပဳတာက မိုက္မဲတာကလြဲၿပီး က်န္တာဘာမွမျဖစ္ႏိုင္ဘူး။

ေမး ။ ။ NLD ကို ဖ်က္သိမ္းတယ္ဆိုရင္ေတာ့ NLD ဆိုတဲ့ နာမည္ကေတာ့ ပ်က္သြားမွာေပါ့။ သို႔ေသာ္ NLD ကို ေထာက္ခံတဲ့အင္အားစု၊ ဒီမိုကေရစီအင္အားစုေတြရဲ ႔ ရပ္တည္မႈက ဘယ္လိုဆက္လက္ၿပီးေတာ့ ျဖစ္လာမလဲ။ အစားထိုးမယ့္ အင္အားစုတခုခု၊ အဖြဲ႔အစည္းတခုခု၊ Institute တခုခု ျပန္လည္ေပၚထြန္းလာႏိုင္မယ္လို႔ ခန္႔မွန္းႏုိင္ပါသလား။

ေျဖ ။ ။ Institute အသစ္တခုလည္း ျပန္လည္ေပၚလာစရာ မလိုဘူး။ NLD ဆိုတာ ျပည္သူေတြရဲ ႔ ရင္ထဲမွာ ရိွၿပီသားျဖစ္တယ္။ ဥပေဒအေၾကာင္းအရ၊ အာဏာအရ ဖ်က္သိမ္းလိုက္တဲ့အတြက္ေၾကာင့္ ေပ်ာက္သြားတာပဲ ရိွႏိုင္တယ္။ အခြင့္သာတာနဲ႔ အေျခအေနေပးတာနဲ႔ ျပန္ၿပီးေပၚလာမွာပဲ။ ဒါမွမဟုတ္ရင္ ပ်က္ခ်င္မွလဲ ပ်က္မယ္။ ေျမေအာက္လုပ္ငန္းေတြကို ေဆာင္ရြက္တာလဲ ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီေတာ့ ေယဘုယ်အားျဖင့္ေတာ့ မေပ်ာက္သြားဘူး။ ဒါေပမဲ့ လက္ေတြ႔လုပ္ငန္းေတြကို လုပ္တဲ့အခါမွာေတာ့ အခက္အခဲေတြ အမ်ားႀကီးရိွလာႏုိင္မယ္။ ဒါမ်ဳိး အေတြ႔အႀကံဳေတြကို အာဖရိကမွာ ANC က လက္နက္ကိုင္ေတာ္လွန္ေရး လုပ္မယ္ဆိုေတာ့ အဲဒီအခက္အခဲေတြကို ႀကိဳတင္ေမွ်ာ္မွန္းၿပီးေတာ့ Mandela’s Plan ဆိုၿပီးေတာ့ မန္ဒဲလ္လားစီမံကိန္းကို ခ်ခဲ့တယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကလည္း မိမိရဲ ႔ ပါတီဝင္ေတြ ဘယ္လိုခြဲျဖန္႔မလဲ။ အမ်ဳိးသားညီညႊတ္ေရးကို ဘယ္လိုဆက္ထိန္းမလဲ။ ဥပမာ အဲဒီစီမံကိန္း မရိွတဲ့အတြက္ေၾကာင့္မို႔ ေရြးေကာက္ပြဲဝင္မယ့္လိုင္းက က်ေနာ္တို႔ရဲ ႔ ရန္သူျဖစ္သြားတယ္။ အရပ္ဘက္အဖြဲ႔အစည္းေတြ ဥပေဒတြင္းမွာ တက္တက္ၾကြၾကြ ေဆာင္ရြက္မယ့္လူေတြကလဲ က်ေနာ္တို႔ရဲ ႔ ရန္သူျဖစ္သြားတယ္။ Implementing လုပ္မယ္ဆိုရင္ေတာ့ အဲဒါေတြက က်ေနာ္တို႔ရဲ ႔ ရန္သူမဟုတ္ဘူး၊ မဟာမိတ္ေတြ ျဖစ္တယ္။ ဘာေၾကာင့္လဲ တိုက္ပြဲပံုစံ ေဖာ္ေဆာင္တဲ့အတြက္ ေရြးေကာက္ပြဲလုပ္ရင္ ေရြးေကာက္ပြဲဝင္မယ့္ အဖြဲ႔ကို သက္သက္ခြဲထုတ္ထားတယ္။ ANC ကေန။ ဒီလို စီမံကိန္းေတြကို ေဆာင္ရြက္ႏုိင္မယ္ဆိုရင္ ဆရာေျပာသလို အားနည္းမသြားႏိုင္ဘူး။ အားနည္းသြားတာက အဲဒီလို စီမံကိန္း မရိွလို႔။ အဲဒါက အႀကီးမားဆံုးေသာ အတိုက္အခံေတြရဲ ႔ အားနည္းခ်က္ျဖစ္တယ္။

ေမး ။ ။ အဲဒီေတာ့ NLD ဟာ ေျမေအာက္ပံုစံ ျဖစ္သြားတယ္။ တနည္းအားျဖင့္ လက္နက္ကိုင္တဲ့ ပံုစံမ်ဳိးအထိ ျဖစ္သြားႏိုင္တယ္ဆုိရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔မူ အၾကမ္းမဖက္တဲ့နည္း ပ်က္သြားမလား။

ေျဖ ။ ။ လက္နက္ကိုင္တယ္လို႔ က်ေနာ္တို႔ ေျပာတဲ့ဟာက NLD ရဲ ႔ မူဝါဒ မဟုတ္ဘူး။ လက္နက္ကိုင္တာ NLD နဲ႔ ခြဲထြက္သြားတဲ့ အဖြဲ႔တဖြဲ႔လို႔ ေျပာလို႔ရတယ္။ NLD က အၾကမ္းမဖက္လမ္းစဥ္ကိုပဲ ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ဆြဲကိုင္မယ္လို႔ က်ေနာ္ကေတာ့ ဒီလိုပဲ ယံုၾကည္တယ္။ လက္နက္ကိုင္သြားတဲ့လူနဲ႔ ပဋိပကၡ ျဖစ္စရာမလုိဘူး။

ေမး ။ ။ ေျမေအာက္လႈပ္ရွားမႈပံုစံမ်ဳိး UG ပံုစံမ်ဳိး ျဖစ္သြားမယ္ဆိုတာ ဘာကိုေျပာတာလဲ။

ေျဖ ။ ။ ပါတီက တိတ္တဆိတ္ ဖြဲ႔စည္းထားတဲ့ ပါတီတခုပဲ ျဖစ္သြားလိမ့္မယ္။ ဒါေပမဲ့ အဲဒီလို ျဖစ္သြားတဲ့အတြက္ေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေရးကို သြားတယ္လုိ႔ အဓိပၸါယ္မထြက္ဘူး။

ေမး ။ ။ ဆိုေတာ့ အဲဒီလို တိတ္တဆိတ္ ဖြဲ႔စည္းထားတဲ့ ပါတီက တိုက္ပြဲကို ဘယ္လိုေဖာ္ေဆာင္မလဲ။ ေရြးေကာက္ပြဲလည္း ဝင္ခြင့္ရိွမွာ မဟုတ္ဘူး။

ေျဖ ။ ။ ဟုတ္တယ္။ ဒါေၾကာင့္မို႔ ေရြးေကာက္ပြဲကို ဝင္ခြင့္ရိွတဲ့ ပါတီတခုကို ခြဲၿပီးထူေထာင္တဲ့ မန္ဒဲလ္လားတို႔က။ NGOs ေတြမွာ မိမိတုိ႔ ပါတီဝင္မ်ားကို ခြဲျဖန္႔လိုက္တယ္။ အလုပ္သမားသမဂၢေတြ၊ လယ္သမားသမဂၢေတြ၊ သမဂၢေပါင္းစံုထဲမွာ NLD ပါတီဝင္ေတြ အမ်ားႀကီးခြဲျဖန္႔လိုက္မယ္။ ဆိုလိုတာက တုိက္ပြဲပံုစံက တခုတည္း မဟုတ္ေတာ့ဘူး။ ဥပေဒတြင္း တုိက္ပြဲပံုစံရိွမယ္။ ဥပေဒျပင္ပတိုက္ပြဲရိွမယ္။ လက္နက္ကိုင္တုိက္ပြဲရိွမယ္။ အဲဒီဟာ သံုးခုစလံုးသည္ မဟာမိတ္ေတြပဲ ျဖစ္တယ္။ အခုလို မဖြဲ႔ႏိုင္ဘူးဆိုရင္ အခ်င္းခ်င္းက ေရြးေကာက္ပြဲဝင္သြားတဲ့လူက ရန္သူျဖစ္လာတယ္။ လက္နက္ကိုင္တိုက္ပြဲ ဝင္သြားတဲ့လူကလဲ ရန္သူျဖစ္လာတယ္။ ကိုယ္နဲ႔လမ္းစဥ္မတူလို႔ဆိုၿပီ။ မဟုတ္ဘူး။ အဲဒီေတာ့ က်ေနာ္တို႔ လိုေနတာက မန္ဒဲလ္လားစီမံကိန္းလို အကုန္လံုးလႊမ္းၿခံဳထားတဲ့ စစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရးကို ဦးတည္တဲ့ စီမံကိန္းႀကီးတခုလံုး ျဖစ္တယ္။ အဲဒီအထဲမွာ ေရြးေကာက္ပြဲဝင္တာလဲ ပါေကာင္းပါႏိုင္မယ္။

ေမး ။ ။ က်ေနာ္တုိ႔ အခုေျပာေနၾကတာက ေရြးေကာက္ပြဲ တကယ္ျဖစ္လာမယ္ဆိုတဲ့ အေျခအေနကို ဦးတည္ၿပီးေတာ့ ေျပာေနၾကတာ။ သူတုိ႔က ေရြးေကာက္နည္းနဲ႔မဟုတ္ဘဲ၊ လူထုဆႏၵခံယူပြဲတို႔ ဘာတုိ႔ ေျပာေနတာကို နည္းနည္းၾကာေနရျပန္ၿပီ။ အဲဒါကေရာ ပိုၿပီးေတာ့ ထင္သလိုလုပ္လို႔ရတဲ့ အေျခအေနမ်ဳိး ဆိုႏိုင္မယ္ထင္တယ္။ Referendum လုပ္တယ္ဆိုတာက ေရြးေကာက္ပြဲထက္ မလိမ့္တပတ္ လုပ္ရတာ ပိုလြယ္ကူတဲ့ကိစၥလုိ႔ ျဖစ္ေနတာေပါ့။ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္က ျဖစ္ခဲ့တာေတြကိုၾကည့္ရင္။

ေျဖ ။ ။ သူကလဲ တရားမဝင္ေသာ အစိုးရတရပ္ ျဖစ္တဲ့အတြက္ေၾကာင့္ တရားဝင္မႈကို ရဖို႔အတြက္ကို ျပန္ရွာမွာပဲ။ ေယဘုယ်အားျဖင့္ေတာ့ လူထုေထာက္ခံတယ္၊ လူထုရဲ ႔မဲ အမ်ားစုရဖို႔။ အဲဒီလို ပံုစံရေအာင္ အနည္းဆံုး ဟန္ေဆာင္မႈသေဘာအရေလး ျဖစ္ေအာင္လဲ ေဆာင္ရြက္ၾကမွာပဲ။ ဒါဟာ တပါတီအာဏာရွင္အဆက္ဆက္မွာ ႀကိဳးစားခဲ့တာေတြပဲ။ အဲဒီလို နည္းလမ္းအေဟာင္းႀကီးေတြနဲ႔ ျပန္ၿပီးရဖို႔ သူႀကိဳးစားလိမ့္မယ္။ သို႔ေသာ္ ဒါက တုိင္းျပည္အတြက္ အေျဖျဖစ္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ျပႆနာ ေျဖရွင္းရာမေရာက္ဘူး။ ဘယ္လိုနည္းလမ္းနဲ႔ သြားမလဲဆိုတာကို ေတြ႔ဆံုေဆြးေႏြး၊ အေျဖရွာတဲ့နည္း အဲဒီအခါမွာလဲ ဘယ္အင္အားစုကိုမွ ခ်န္ထားလို႔မရဘူး။ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြ ရိွတယ္။ NLD နဲ႔ ဒီမိုကေရစီအင္အားစုေတြ ရိွတယ္။ တပ္မေတာ္ ရိွတယ္။ ဒီအေျခခံ အင္အားစု (၃) ခုက ျပန္ၿပီးေတာ့ တုိင္းျပည္အတြက္ ေအးေအးေဆးေဆး ျပန္ထုိင္ၿပီး စဥ္းစားဖို႔ေတာ့ လိုတယ္။

ေမး ။ ။ ဟုတ္ၿပီ .. က်ေနာ္က အဲဒါကို ေမးခ်င္တာ။ ေနာက္ဆံုးဘယ္လို ထြက္ေပါက္ရွာၾကမလဲဆိုတာ။

ေျဖ ။ ။ ဒါက ေရႊျပည္ေအးတရားေဟာတယ္လို႔ လူေတြက ေဝဖန္ေကာင္း ေဝဖန္လိမ့္မယ္။ ႏိုင္ငံေရးဆိုတာ ဒါပါပဲ။


==Unicode ==

အာဏာသိမ်းစစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းသင့်-မသင့် စဉ်းစားမယ်လို့ ဆိုလာပါတယ်၊ ဒီလို လုပ်လာလိမ့်မယ်ဆိုတာကလဲ ကြိုတင်ခန့်မှန်းလို့ သိရှိနိုင်ခဲ့တဲ့ ကိစ္စလို့ ဆိုရမှာပါ။ တကယ်ဖျက်သိမ်းလာတဲ့အခါ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဘယ်လို ဖြစ်သွားနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်တဲ့ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်ဆိုတာကို သူတို့စပြောလာပါပြီ။ တကယ်တော့ ဖျက်သိမ်းမယ်ဆိုရင်လဲ ကြိုတင်ပြီးတော့ သိရှိနိုင်တဲ့ကိစ္စပါ။ အံ့သြစရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အစကတည်းက။ သို့သော် သူတို့ ကြိုပြီးတော့ သွေးတိုးစမ်းတဲ့သဘောမျိုး ပြောလာတော့ တကယ်ပဲ ဖျက်သိမ်းလိမ့်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဖျက်သိမ်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးလုပ်နေတဲ့ တပ်မတော်အတွက် အဓိကအဟန့်အတား ဖြစ်နေလို့ပဲ။ ဖျက်သိမ်းရင် အခက်အခဲတွေ အများကြီးကြုံရမယ်။ တပ်မတော်ထဲမှာ၊ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ အခက်အခဲတွေ ကြုံရမယ်။ ဒါပေမဲ့ အခုသွားနေတဲ့ ပုံစံကတော့ ဖျက်သိမ်းမယ့်ပုံစံပါပဲ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ခရစ်တင်းကလည်း အဲဒီလို ဖျက်သိမ်းမယ် ထင်တယ်လို့ အစောကြီးကတည်းက ပြောထားပြီးပါပြီ။

မေး ။ ။ ဒါပေမဲ့ အခက်အခဲတွေ ကြုံရမယ့်နေရာမှာ ဆရာပြောသလို ပြည်တွင်း၊ ပြည်ပ အများကြီးကန့်ကွက်ဆန္ဒပြမှုတွေ ကြုံလာရလိမ့်မယ်။ တပ်တွင်းမှာကော ကန့်ကွက်ဆန့်ကျင်မှုတွေ ဖြစ်လာနိုင်ပါ့မလား။ အဲဒါကို မျှော်လင့်ရင်တော့ မျှော်လင့်ချက်ထားလွန်ရာ မရောက်ဘူးလား။

ဖြေ ။ ။ တပ်တွင်းမှာ မကျေနပ်တဲ့လူတွေ ရှိပါတယ်။ ဒါက ပြည်သူတရပ်လုံးကို ဆန့်ကျင်ပြီး လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ ၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲ မဲပေးခဲ့ပုံတွေကို ကြည့်လိုက်လို့ရှိရင် မဲပေးသူတွေရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအတွင်း NLD ကို မဲပေးခဲ့ပြီး၊ ၂၃-၂၅ ရာခိုင်နှုန်းလောက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးခဲ့တယ်။ ၁၅ ရာခိုင်နှုန်းလောက်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ အခြားပါတီတွေကို မဲပေးခဲ့တာ တွေ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီ လိုလားကြတဲ့ လက်ရှိမှာဆိုရင်လဲ ၆၀ နဲ့ပဲ တွက်လို့ရှိရင် ၆၀ အပေါင်း ၁၅ = ၇၅ ရာခိုင်နှုန်းလောက်၊ လေးယောက်မှာ သုံးယောက်လောက်က တပ်မတော်စိုးမိုးတာကို မလိုလားပါဘူး။ ဒါကိုလဲ အောက်ခြေမှာ ဆောင်ရွက်နေကြတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ၊ တပ်မတော်သားတွေ အကုန်လုံးကလည်း သိကြပါတယ်။ အဲဒီတော့ တပ်တွင်းမှာ ဒီအတိုင်း ဆက်သွားလို့ တိုင်းပြည်က မကောင်းနိုင်ဘူးဆိုတော့ တိုင်းပြည်ကို ချစ်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ ပုန်ကန်မလား၊ မပုန်ကန်ဘူးလားဆိုတာ နောက်ကိစ္စတခုပါ။

မေး ။ ။ ကျနော်သိချင်တာက ဒီဆန့်ကျင်မှုတွေကြောင့် အခု NLD ကို ဖျက်သိမ်းမယ်ဆိုတဲ့ သူတို့ရဲ့ ဦးတည်ချက်က ပြန်ပြီးတော့ ရုတ်သိမ်းသွားနိုင်တဲ့အထိတော့ ရှိလာနိုင်ပါ့မလား။

ဖြေ ။ ။ ဒါကတော့ သူတို့ဆုံးဖြတ်ရမှာပေါ့။ အရင်ဆုံး အုပ်ချုပ်ရေးပေါ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတော့ NLD ကို မဖျက်သိမ်းဘဲနဲ့ အတူသွားဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ကြတယ်။ အခုဖျက်သိမ်းမယ်ဆိုရင် ပိုပြီးဆိုးဝါးတဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်။ အခုကို ပြည်တွင်းစစ်ရဲ့ အနေအထားက ပိုပြီးတော့ ဆိုးဝါးလာတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ၊ အရမ်းနည်းသွားတယ်။ နိုင်ငံတကာဆက်ဆံရေး ထိုးပြီးကျသွားတယ်။

မေး ။ ။ တိုင်းပြည်အခြေအနေက အများကြီးထိုးကျသွားတာ မှန်တယ်။ ဆိုတော့ NLD ကို ဖျက်သိမ်းရင်ကော သူတို့အာဏာတည်မြဲရေး၊ အာဏာခိုင်မာရေးအတွက်ကော ကြီးမားတဲ့ အထောက်အကူ ဖြစ်သွားနိုင်တယ်လို့ သူတို့တွက်များ တွက်နေကြသလား။

ဖြေ ။ ။ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့ အာဏာတည်မြဲရေးကတော့ သူမရတော့ဘူး။ သူက သေနတ်နဲ့ အကြမ်းဖက်မှုပေါ်မှာ အခြေခံတဲ့ အာဏာတည်မြဲရေးကိုပဲ သွားနေတယ်။ အဲဒီတော့ NLD ဖျက်သိမ်းတယ်ဆိုတာကလဲ လူထုသဘောထားနဲ့ အုပ်ချုပ်တဲ့စနစ်ကို သွားတာမဟုတ်ဘူး။ သေနတ်နဲ့ အာဏာနဲ့ အကြမ်းဖက်မှုနဲ့ အဲဒီပေါ်မှာ အခြေပြုတဲ့ အုပ်ချုပ်ရေးကိုပဲ ဆက်သွားတာ။ အာဏာရှင်စနစ်ကိုပဲ ဆက်သွားတာ ဖြစ်တယ်။ ဒါ့အပြင် သူက ဦးသိန်းစိန်လက်ထက်မှာ ဖွင့်ခဲ့တဲ့ အဖွင့်ကိုတောင် ချေဖျက်ပစ်လိုက်တယ်။ အဖွင့်ကိစ္စတွေမှာ အဓိကအတိုက်အခံပါတီ တခုရှိဖို့ ဒါကအရေးကြီးပါတယ်။ အယောင်ဆောင် ပြည်သူလူထုမထောက်ခံတဲ့ အတိုက်အခံပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD က Liberalization လို့ ပြောတဲ့ အဖွင့်ကိစ္စကို ဆောင်ရွက်ဖို့အတွက်ကိုကလဲ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါက ဘာကိုချေဖျက်တာလဲဆိုရင် ကျနော်တို့က ဒီမိုကရေစီကို သွားမယ်လို့ တပ်မတော်ခေါင်းဆောင်တွေက ပြောနေတဲ့အချက်ကို ပြန်လည်ချေဖျက်ပစ်တာပါ။

မေး ။ ။ မေးချင်တာက သူတို့ ဒီလို NLD ကို ချေဖျက်လိုက်တော့ သူတို့ အဓိကကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီကရော NLD နေရာမှာ အစားထိုးပြီးတော့ လူထုထောက်ခံမှုကို ပိုပြီးရလာနိုင်မယ်လို့ သူတို့ တွက်နေသလား။

ဖြေ ။ ။ NLD နေရာမှာ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရှိပြီသားဖြစ်တယ်။ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။ ဒါကြောင့်မို့ ဆရာ အခုနပြောသလို သူတို့အချင်းချင်းကြားထဲမှာ ထင်ယောင်မှုတခု ဖန်တီးဖို့လောက်ပဲ ဒါကဖြစ်တယ်။ တကယ်တမ်းကလဲ မဖြစ်ဘူး။ သမိုင်းမှာလဲ ရှိခဲ့တယ်။ မဆလပါတီ ပြီးသွားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရသလိုငြား ဒီလောက်ပဲ၊ ဒီအတိုင်းပဲရတယ်။ ၂၀၁၂ ဒီအတိုင်းပဲရတယ်။ ၂၀၁၅ ဒီအတိုင်းပဲရတယ်။ ၂၀၂၀ ဒီအတိုင်းပဲရတယ်။ သမိုင်းနှစ်ကာလအရှည်ကြီးမှာ ပြသခဲ့ပြီးပြီ။ ဒါကိုမျက်ကွယ်ပြုတာက မိုက်မဲတာကလွဲပြီး ကျန်တာဘာမှမဖြစ်နိုင်ဘူး။

မေး ။ ။ NLD ကို ဖျက်သိမ်းတယ်ဆိုရင်တော့ NLD ဆိုတဲ့ နာမည်ကတော့ ပျက်သွားမှာပေါ့။ သို့သော် NLD ကို ထောက်ခံတဲ့အင်အားစု၊ ဒီမိုကရေစီအင်အားစုတွေရဲ့ ရပ်တည်မှုက ဘယ်လိုဆက်လက်ပြီးတော့ ဖြစ်လာမလဲ။ အစားထိုးမယ့် အင်အားစုတခုခု၊ အဖွဲ့အစည်းတခုခု၊ Institute တခုခု ပြန်လည်ပေါ်ထွန်းလာနိုင်မယ်လို့ ခန့်မှန်းနိုင်ပါသလား။

ဖြေ ။ ။ Institute အသစ်တခုလည်း ပြန်လည်ပေါ်လာစရာ မလိုဘူး။ NLD ဆိုတာ ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိပြီသားဖြစ်တယ်။ ဥပဒေအကြောင်းအရ၊ အာဏာအရ ဖျက်သိမ်းလိုက်တဲ့အတွက်ကြောင့် ပျောက်သွားတာပဲ ရှိနိုင်တယ်။ အခွင့်သာတာနဲ့ အခြေအနေပေးတာနဲ့ ပြန်ပြီးပေါ်လာမှာပဲ။ ဒါမှမဟုတ်ရင် ပျက်ချင်မှလဲ ပျက်မယ်။ မြေအောက်လုပ်ငန်းတွေကို ဆောင်ရွက်တာလဲ ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ ယေဘုယျအားဖြင့်တော့ မပျောက်သွားဘူး။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းတွေကို လုပ်တဲ့အခါမှာတော့ အခက်အခဲတွေ အများကြီးရှိလာနိုင်မယ်။ ဒါမျိုး အတွေ့အကြုံတွေကို အာဖရိကမှာ ANC က လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတော့ အဲဒီအခက်အခဲတွေကို ကြိုတင်မျှော်မှန်းပြီးတော့ Mandela’s Plan ဆိုပြီးတော့ မန်ဒဲလ်လားစီမံကိန်းကို ချခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မိမိရဲ့ ပါတီဝင်တွေ ဘယ်လိုခွဲဖြန့်မလဲ။ အမျိုးသားညီညွှတ်ရေးကို ဘယ်လိုဆက်ထိန်းမလဲ။ ဥပမာ အဲဒီစီမံကိန်း မရှိတဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲဝင်မယ့်လိုင်းက ကျနော်တို့ရဲ့ ရန်သူဖြစ်သွားတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ဥပဒေတွင်းမှာ တက်တက်ကြွကြွ ဆောင်ရွက်မယ့်လူတွေကလဲ ကျနော်တို့ရဲ့ ရန်သူဖြစ်သွားတယ်။ Implementing လုပ်မယ်ဆိုရင်တော့ အဲဒါတွေက ကျနော်တို့ရဲ့ ရန်သူမဟုတ်ဘူး၊ မဟာမိတ်တွေ ဖြစ်တယ်။ ဘာကြောင့်လဲ တိုက်ပွဲပုံစံ ဖော်ဆောင်တဲ့အတွက် ရွေးကောက်ပွဲလုပ်ရင် ရွေးကောက်ပွဲဝင်မယ့် အဖွဲ့ကို သက်သက်ခွဲထုတ်ထားတယ်။ ANC ကနေ။ ဒီလို စီမံကိန်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် ဆရာပြောသလို အားနည်းမသွားနိုင်ဘူး။ အားနည်းသွားတာက အဲဒီလို စီမံကိန်း မရှိလို့။ အဲဒါက အကြီးမားဆုံးသော အတိုက်အခံတွေရဲ့ အားနည်းချက်ဖြစ်တယ်။

မေး ။ ။ အဲဒီတော့ NLD ဟာ မြေအောက်ပုံစံ ဖြစ်သွားတယ်။ တနည်းအားဖြင့် လက်နက်ကိုင်တဲ့ ပုံစံမျိုးအထိ ဖြစ်သွားနိုင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မူ အကြမ်းမဖက်တဲ့နည်း ပျက်သွားမလား။

ဖြေ ။ ။ လက်နက်ကိုင်တယ်လို့ ကျနော်တို့ ပြောတဲ့ဟာက NLD ရဲ့ မူဝါဒ မဟုတ်ဘူး။ လက်နက်ကိုင်တာ NLD နဲ့ ခွဲထွက်သွားတဲ့ အဖွဲ့တဖွဲ့လို့ ပြောလို့ရတယ်။ NLD က အကြမ်းမဖက်လမ်းစဉ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ဆွဲကိုင်မယ်လို့ ကျနော်ကတော့ ဒီလိုပဲ ယုံကြည်တယ်။ လက်နက်ကိုင်သွားတဲ့လူနဲ့ ပဋိပက္ခ ဖြစ်စရာမလိုဘူး။

မေး ။ ။ မြေအောက်လှုပ်ရှားမှုပုံစံမျိုး UG ပုံစံမျိုး ဖြစ်သွားမယ်ဆိုတာ ဘာကိုပြောတာလဲ။

ဖြေ ။ ။ ပါတီက တိတ်တဆိတ် ဖွဲ့စည်းထားတဲ့ ပါတီတခုပဲ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်သွားတဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို သွားတယ်လို့ အဓိပ္ပါယ်မထွက်ဘူး။

မေး ။ ။ ဆိုတော့ အဲဒီလို တိတ်တဆိတ် ဖွဲ့စည်းထားတဲ့ ပါတီက တိုက်ပွဲကို ဘယ်လိုဖော်ဆောင်မလဲ။ ရွေးကောက်ပွဲလည်း ဝင်ခွင့်ရှိမှာ မဟုတ်ဘူး။

ဖြေ ။ ။ ဟုတ်တယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲကို ဝင်ခွင့်ရှိတဲ့ ပါတီတခုကို ခွဲပြီးထူထောင်တဲ့ မန်ဒဲလ်လားတို့က။ NGOs တွေမှာ မိမိတို့ ပါတီဝင်များကို ခွဲဖြန့်လိုက်တယ်။ အလုပ်သမားသမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေ၊ သမဂ္ဂပေါင်းစုံထဲမှာ NLD ပါတီဝင်တွေ အများကြီးခွဲဖြန့်လိုက်မယ်။ ဆိုလိုတာက တိုက်ပွဲပုံစံက တခုတည်း မဟုတ်တော့ဘူး။ ဥပဒေတွင်း တိုက်ပွဲပုံစံရှိမယ်။ ဥပဒေပြင်ပတိုက်ပွဲရှိမယ်။ လက်နက်ကိုင်တိုက်ပွဲရှိမယ်။ အဲဒီဟာ သုံးခုစလုံးသည် မဟာမိတ်တွေပဲ ဖြစ်တယ်။ အခုလို မဖွဲ့နိုင်ဘူးဆိုရင် အချင်းချင်းက ရွေးကောက်ပွဲဝင်သွားတဲ့လူက ရန်သူဖြစ်လာတယ်။ လက်နက်ကိုင်တိုက်ပွဲ ဝင်သွားတဲ့လူကလဲ ရန်သူဖြစ်လာတယ်။ ကိုယ်နဲ့လမ်းစဉ်မတူလို့ဆိုပြီ။ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ လိုနေတာက မန်ဒဲလ်လားစီမံကိန်းလို အကုန်လုံးလွှမ်းခြုံထားတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ဦးတည်တဲ့ စီမံကိန်းကြီးတခုလုံး ဖြစ်တယ်။ အဲဒီအထဲမှာ ရွေးကောက်ပွဲဝင်တာလဲ ပါကောင်းပါနိုင်မယ်။

မေး ။ ။ ကျနော်တို့ အခုပြောနေကြတာက ရွေးကောက်ပွဲ တကယ်ဖြစ်လာမယ်ဆိုတဲ့ အခြေအနေကို ဦးတည်ပြီးတော့ ပြောနေကြတာ။ သူတို့က ရွေးကောက်နည်းနဲ့မဟုတ်ဘဲ၊ လူထုဆန္ဒခံယူပွဲတို့ ဘာတို့ ပြောနေတာကို နည်းနည်းကြာနေရပြန်ပြီ။ အဲဒါကရော ပိုပြီးတော့ ထင်သလိုလုပ်လို့ရတဲ့ အခြေအနေမျိုး ဆိုနိုင်မယ်ထင်တယ်။ Referendum လုပ်တယ်ဆိုတာက ရွေးကောက်ပွဲထက် မလိမ့်တပတ် လုပ်ရတာ ပိုလွယ်ကူတဲ့ကိစ္စလို့ ဖြစ်နေတာပေါ့။ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တာတွေကိုကြည့်ရင်။

ဖြေ ။ ။ သူကလဲ တရားမဝင်သော အစိုးရတရပ် ဖြစ်တဲ့အတွက်ကြောင့် တရားဝင်မှုကို ရဖို့အတွက်ကို ပြန်ရှာမှာပဲ။ ယေဘုယျအားဖြင့်တော့ လူထုထောက်ခံတယ်၊ လူထုရဲ့မဲ အများစုရဖို့။ အဲဒီလို ပုံစံရအောင် အနည်းဆုံး ဟန်ဆောင်မှုသဘောအရလေး ဖြစ်အောင်လဲ ဆောင်ရွက်ကြမှာပဲ။ ဒါဟာ တပါတီအာဏာရှင်အဆက်ဆက်မှာ ကြိုးစားခဲ့တာတွေပဲ။ အဲဒီလို နည်းလမ်းအဟောင်းကြီးတွေနဲ့ ပြန်ပြီးရဖို့ သူကြိုးစားလိမ့်မယ်။ သို့သော် ဒါက တိုင်းပြည်အတွက် အဖြေဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြဿနာ ဖြေရှင်းရာမရောက်ဘူး။ ဘယ်လိုနည်းလမ်းနဲ့ သွားမလဲဆိုတာကို တွေ့ဆုံဆွေးနွေး၊ အဖြေရှာတဲ့နည်း အဲဒီအခါမှာလဲ ဘယ်အင်အားစုကိုမှ ချန်ထားလို့မရဘူး။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ရှိတယ်။ NLD နဲ့ ဒီမိုကရေစီအင်အားစုတွေ ရှိတယ်။ တပ်မတော် ရှိတယ်။ ဒီအခြေခံ အင်အားစု (၃) ခုက ပြန်ပြီးတော့ တိုင်းပြည်အတွက် အေးအေးဆေးဆေး ပြန်ထိုင်ပြီး စဉ်းစားဖို့တော့ လိုတယ်။

မေး ။ ။ ဟုတ်ပြီ .. ကျနော်က အဲဒါကို မေးချင်တာ။ နောက်ဆုံးဘယ်လို ထွက်ပေါက်ရှာကြမလဲဆိုတာ။

ဖြေ ။ ။ ဒါက ရွှေပြည်အေးတရားဟောတယ်လို့ လူတွေက ဝေဖန်ကောင်း ဝေဖန်လိမ့်မယ်။ နိုင်ငံရေးဆိုတာ ဒါပါပဲ။

XS
SM
MD
LG