သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့မီဒီယာ အက်ပ္အတည္း


ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ DVB သတင္းေထာက္ ၃ဦး ဖမ္းဆီးခံရစဥ္ (ေမ ၉၊ ၂၀၂၁)
ျမန္မာ့မီဒီယာ အက်ပ္အတည္း
please wait

No media source currently available

0:00 0:10:35 0:00
တိုက္႐ိုက္ လင့္ခ္

နဂိုကတည္းက သိပ္လြတ္လပ္မႈ မရွိခဲ့တဲ့ ျမန္မာမီဒီယာေလာကဟာ စစ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ပိုမိုအခက္ႀကဳံလာရပါတယ္။ မီဒီယာကို ၿခိမ္းေျခာက္ထိန္းခ်ဳပ္တာဟာ ဘယ္သူေတြအတြက္၊ ဘယ္လို အက်ဳိးသက္ေရာက္မႈ ရွိႏိုင္ပါသလဲ၊ ဦးေက်ာ္ဇံသာ, ကို မသိဂၤ ီထိုက္က ေမးျမန္းတင္ဆက္ထားပါတယ္။

ေမး ။ ။ အန္ကယ္ဦးေက်ာ္ဇံသာ မဂၤလာပါရွင့္။ ဒီတပတ္မွာေတာ့ ျမန္မာႏုိင္ငံအတြင္းက မီဒီယာေတြ ႀကံဳေနရတဲ့ အခက္အခဲ၊ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ အရင္ဆံုးေမးခ်င္ပါတယ္။ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ မီဒီယာေတြ ႀကံဳေနရတဲ့ အေျခအေနဆိုးႀကီး အတိုင္းအတာက ဘယ္ေလာက္မ်ား ဆိုးေနပါၿပီလဲ။

ေျဖ ။ ။ အရင္ကတည္းက သိပ္မေကာင္းခဲ့တဲ့ အေျခအေနဟာ အခုအခါမွာ အမ်ားႀကီးပိုဆုိးသြားပါတယ္။ စစ္အာဏာမသိမ္းခင္ကလဲ ျမန္မာႏို္င္ငံရဲ ႔ မီဒီယာအေျခအေနက သိပ္ေကာင္းလွတယ္ မဟုတ္ပါဘူး။ မီဒီယာသမားတခ်ဳိ ႔ဟာ အၾကည္ညိဳပ်က္ေစမႈေၾကာင့္ အေရးယူခံေနရတာ၊ တရားတေဘာင္ ရင္ဆိုင္ေနရသူေတြ အမ်ားႀကီး ရိွခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီလို မေကာင္းတဲ့ အေျခအေနကေန အခုဆိုရင္ ဆုိးဝါးတဲ့ အေျခအေနအထိ ေရာက္ရိွသြားၿပီိ ျဖစ္ပါတယ္။ ဘယ္ေလာက္ဆုိးသလဲဆိုရင္ သတင္းသမားေတြ၊ မီဒီယာသမားေတြအတြက္ အႏၱရာယ္ေရာက္လာတဲ့အထိ စိုးရိမ္ရတဲ့ အေျခအေနပါ။ မီဒီယာတိုိက္တခ်ဳိ ႔ အပိတ္ခံရတယ္။ သတင္းသမားတခ်ဳိ ႔ဟာ တုိင္းျပည္ထဲမွာ မေနရဲဘဲနဲ႔ ထြက္ေျပးေနရတယ္။ ဖမ္းဆီးခံထားရတာလဲ အမ်ားႀကီး ရိွပါတယ္။ ျမန္မာႏုိင္ငံသား သတင္းသမားေတြသာမက၊ ႏိုင္ငံျခားသားသတင္းသမားေတြကိုလည္း ဖမ္းတယ္။ ဂ်ပန္သတင္းေထာက္ကိုေတာ့ ပိုက္ဆံမ်က္ႏွာေၾကာင့္ ျပန္ၿပီးေတာ့ လႊတ္ေပးလိုက္တယ္။ ေငြမ်က္ႏွာေၾကာင့္။ အေတာ့္ကို ဆုိးဝါးေနတဲ့ အေျခအေနလို႔ ေျပာရလိမ့္မယ္။

ေမး ။ ။ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ တပ္မေတာ္ဘက္က အေတာ္ေလး မီဒီယာေတြေပၚမွာ ဖိႏိွပ္ေနပါတယ္။ ဒါက ဘာရည္ရြယ္ခ်က္နဲ႔ ပစ္မွတ္ထားၿပီးေတာ့ ႏိွပ္ကြက္ထားေနရပါလဲ အန္ကယ္။

ေျဖ ။ ။ တခြန္တည္းနဲ႔ အတုိဆံုးေျဖရရင္ “ေၾကာက္လို႔” ျဖစ္တယ္။ သူတုိ႔႕ မီဒီယာေတြကို ေၾကာက္တယ္။ မီဒီယာေတြကို ဘာေၾကာင့္ ေၾကာက္လဲဆိုေတာ့ မီဒီယာေတြက အမွန္ကိုေျပာတယ္။ ဆိုေတာ့ စစ္အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက တရားဥပေဒကို မလိမ့္တပတ္ လုပ္ၿပီးေတာ့၊ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ဳိးေဖာက္ၿပီးေတာ့ ဖြဲ႔စည္းပံုနဲ႔အညီ တက္လာတယ္လို႔ ေျပာတယ္။ လူထုရဲ ႔ ဆန္႔က်င္မႈကို ဒီအထိ ေမွ်ာ္လင့္ခဲ့ပံု မရဘူး။ သူတုိ႔ ထိန္းမႏုိင္၊ သိမ္းမရတဲ့အထိ လူေတြက ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆန္႔က်င္လာၾကတယ္။ ဆိုေတာ့ အဲဒါကို ရင္ဆိုင္လို႔ မရဘူး။ ဒီအေျခအေနကို မီဒီယာေတြက ေျပာတယ္ - အဲဒီအမွန္တရားကို။ ဆိုေတာ့ ဒီအမွန္တရားနဲ႔ သူတို႔ရင္ဆိုိင္ရမွာကို ေၾကာက္တယ္။ မီဒီယာကို ေၾကာက္တယ္။ အဓိကအားျဖင့္ ဒါေၾကာင့္ ႏိွပ္ကြပ္ေနျခင္း ျဖစ္တယ္ဆိုရင္ေတာ့ အမွန္ဆံုးပါပဲ။

ေမး ။ ။ ဟုတ္ကဲ့ရွင့္။ အဲဒီေတာ့ သူတုိိ႔ရည္ရြယ္ခ်က္က ေပါက္ေျမာက္ပါသလား။ သူတုိ႔ ရည္ရြယ္တဲ့ အတိုင္းအတာရလဒ္ေကာ ျဖစ္လာပါသလားရွင့္။

ေျဖ ။ ။ က်ေနာ့္အျမင္ေတာ့ မျဖစ္လာႏိုင္ပါဘူး။ ပိုၿပီးဆိုးရြားသြားပါတယ္။ သူတုုိ႔က ဒီအမွန္တရားကို ဖံုးကြယ္ထားျခင္းအားျဖင့္ လူေတြက မသိဘူး။ သူတို႔လုပ္ေနတာေတြ၊ ကမာၻ႔ႏုိင္ငံေတြက သူတို႔လုပ္ေနတာေတြ ဘယ္ေလာက္ဆိုးတယ္ဆိုတာကို မသိဘူးဆိုေတာ့ သူတုိ႔သိကၡာဟာ အေတာ္ေလးတက္ေနလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။ သို႔ေသာ္ မီဒီယာေတြကို ဒီလိုဆိုးဆုိးရြားရြား ႏိွပ္ကြက္လိုက္တဲ့အတြက္ေၾကာင့္ သူတုိ႔ရဲ ႔ Image ပံုရိပ္ဟာ ပိုမိုလို႔ က်ဆင္းသြားပါတယ္။ တုိင္းျပည္မွာ ျဖစ္ေနတာေတြကို မီဒီယာေတြကို ႏိွပ္ကြပ္ေနေပမယ့္လဲ ႏုိင္ငံတကာကေတာ့ ပံုစံအမ်ဳိးမ်ဳိးနဲ႔ သိေနၾကပါတယ္။ ဒီကေန႔မွာ မီဒီယာဆိုတာကေတာ့ ပါးစပ္ေပါက္ေပါင္းမ်ားစြာ ရိွေနတယ္လုိ႔ ေျပာရပါလိမ့္မယ္။ Channel မ်ဳိးစံုနဲ႔ သတင္းေတြက ႏိုင္ငံတကာအထိ ပ်ံ ႔ႏံွ႔ေနတာဆုိေတာ့ ဘယ္လိုမွ ပိတ္လုိ႔လဲ မရႏိုင္ပါဘူး။ ဒါေၾကာင့္ သူတုိ႔ရဲ ႔ ရည္မွန္းခ်က္ မေအာင္ျမင္ပါဘူးလို႔ပဲ ယူဆပါတယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏိုင္ငံထဲမွာ မီဒီယာေတြ အတိုင္းအတာတခုအထိ လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရတဲ့ သက္တမ္းကလဲ အေတာ္ေလးႏုပါေသးတယ္။ ဆိုေတာ့ မီဒီယာေတြက မခိုင္မာေသးတာကေရာ ျပႆနာတခုမ်ား ျဖစ္ေနပါလား ဒီအေျခအေနမွာ။

ေျဖ ။ ။ မခိုင္မာတာလဲ အေရးႀကီးတဲ့ ျပႆနာတခုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အရပ္သားအစိုးရကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူတုိ႔ကလဲ မီဒီယာ ခိုင္မာေအာင္ မလုပ္ေပးခဲ့တာ။ အခု သူတုိ႔အခက္ႀကံဳရတဲ့အခါ မီဒီယာကို သူတုိ႔သိပ္အားကိုးရပါတယ္။ သူတုိ႔အားထားလာတယ္။ သို႔ေသာ္ မီဒီယာကို သူတုိ႔ကိုယ္တုိိင္ ခုိင္မာေအာင္ မလုပ္ေပးခဲ့ဘူး။ သူတုိ႔ေခတ္မွာလဲ မီဒီယာဟာ သိပ္ၿပီးေတာ့ အမွန္တရားကို ဒဲ့ဒိုးေျပာခြင့္ မရခဲ့ဘူးလို႔ ေျပာရပါလိမ့္မယ္။

ေမး ။ ။ ဆိုေတာ့ လက္ရိွအေျခအေနမွာက တပ္မေတာ္ဘက္ကလဲ အေတာ္ေလး ႏိွပ္ကြပ္ေနပါတယ္။ ဆိုေတာ့ မီဒီယာေတြနဲ႔ တပ္မေတာ္ဘက္ကိုပဲ ဘက္လိုက္ၿပီးေတာ့ ရပ္တည္ရမလား။ ဒါမွမဟုတ္ စစ္အာဏာရွင္စနစ္ တြန္းလွန္ေတာ္လွန္ေနသူေတြဘက္ကပဲ ရပ္တည္သင့္သလား။ တဘက္ဘက္မွာ ျပတ္ျပတ္သားသား ရပ္တည္လိုက္လို႔ သင့္ေတာ္ပါသလား။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ မီဒီယာက ဘက္လိုက္ခ်င္တဲ့ဘက္ကို သူတုိ႔လိုက္ႏုိင္ပါတယ္။ သူတုိ႔သေဘာထားပဲ။ ဒါေပမဲ့လဲ အမွန္တရားကိုေတာ့ အေျခခံရမယ္။ အခ်က္အလက္ကိုေတာ့ အမွန္တိုင္း ေျပာရမယ္။ အခ်က္အလက္ကိုေတာ့ fabricate တုိးခ်ဲ ႔ပံုႀကီးခ်ဲ ႔ၿပီးေတာ့ လုပ္ႀကံခ်ဲ ႔ထြင္ၿပီးေတာ့ တမင္တကာေတာ့ လုပ္မေျပာနဲ႔ ျဖစ္ေနရင္ ျဖစ္ေနတဲ့အတိုင္း ေျပာပါ။ အဲဒီအေပၚ ေဝဖန္သံုးသပ္တာကေတာ့ တပိုင္းလို႔ေတာ့ ေျပာခ်င္ပါတယ္။ မီဒီယာဘက္လိုက္မႈဆုိတာလဲ ဒီႏုိင္ငံမွာလဲ ရီပတ္ဘလင္ကန္ဘက္ပါတဲ့ မီိဒီယာ၊ ဒီမိုကရက္တစ္ဘက္ပါတဲ့ မီဒီယာ စသည္ျဖင့္ ရိွၾကတယ္။ သူတို႔ဆႏၵနဲ႔ သူတုိ႔ ရပ္တည္ၾကတယ္။ သို႔ေသာ္လဲ သူတုိ႔က အေျခခံအခ်က္အလက္ကိုေတာ့ မွန္ေအာင္ေျပာရမွာ ျဖစ္တယ္။ အျဖဴကို အမည္းလုိ႔ေတာ့ ေျပာလို႔မရဘူး။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာလဲ အခုဆိုရင္ အာဏာပိုင္ေတြက ဖန္တီးထားတဲ့ မီဒီယာေတြ။ သူတုိ႔ဘက္ကို လုိက္ေျပာေနတဲ့ မီဒီယာေတြကိုလည္း ၾကားရပါတယ္။ ဒါကိုလဲ က်ေနာ္ကေတာ့ အျပစ္လုိ႔ေတာ့ မေျပာလိုဘူး။ သူတုိ႔လဲပဲ သူတုိ႔ရပ္တည္ခ်က္နဲ႔ ရပ္တည္ႏုိင္တယ္။ သို႔ေသာ္လဲပဲ အမွန္တရားကိုေတာ့ အေျခခံၿပီးေတာ့ သံုးသပ္ရမွာ ျဖစ္တယ္။ အခ်က္အလက္ကိုေတာ့ အမွန္အတုိင္း ေျပာရမွာ ျဖစ္ပါတယ္။ အဓိက အဲဒါအေရးႀကီးဆံုးလို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီမွာလဲ မလြဲမေသြႀကံဳရတာက လူထုရဲ ႔ မခ်င့္မရဲ ျဖစ္မႈလို႔ ေျပာရမလား မသိပါဘူး။ မီဒီယာေတြဟာ သူတို႔လိုလားသလို႔ မေဖာ္ျပ၊ မတင္ျပဘူးဆိုရင္လဲ ဒါဟာ ဟိုဘက္ဒီဘက္ ေဝဖန္ဆဲဆို တိုက္ခိုက္တာေတြကို မီဒီယာသမားေတြ ႀကံဳေတြ႔ေနရေတာ့ လူထုရဲ ႔သေဘာထားက မီဒီယာလြတ္လပ္ခြင့္အေပၚ ဘယ္ေလာက္အေရးပါပါသလဲ။ ဘယ္ေလာက္စကားေျပာပါသလဲရွင့္။

ေျဖ ။ ။ သိပ္အေရးႀကီးပါတယ္။ တကယ္ေတာ့ အမွန္တရားဆုိတာ ခါးသည္းပါတယ္။ လူတိုင္းဟာ လက္မခံႏိုင္ပါဘူး။ လူထုကိုယ္တုိင္က တဘက္ဘက္ကို ပါေနၾကတဲ့အခါမွာ ကိုယ့္ဘက္နဲ႔ အေတြးအေခၚ Idea မတူ၊ အယူအဆခ်င္း မတူတဲ့ မီဒီယာကို ဆဲၾကမွာပဲ။ က်ေနာ္တို႔ မၾကာခဏ ႀကံဳေနရတဲ့အတိုင္းပါပဲ။ ဒါေပမဲ့ ဒီေနရာမွာ က်ေနာ္ေျပာခ်င္တာကေတာ့ က်ေနာ္တို႔ VOA တည္ေထာင္စကတည္းက ေျပာလာခဲ့တဲ့ စကားတခြန္းပါပဲ - က်ေနာ္တိုိ႔ကေတာ့ တိုိင္းျပည္အတြက္၊ က်ေနာ္တုိိ႔အတြက္ ေကာင္းတဲ့သတင္း ျဖစ္ခ်င္ျဖစ္မယ္၊ မေကာင္းတဲ့သတင္းလဲ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ အမွန္ကိုေတာ့ ေျပာမွာပဲ။ ႀကိဳက္တာမႀကိဳက္တာကေတာ့ သူတုိ႔ရဲ ႔အပိုင္း ျဖစ္ပါတယ္။ အခုဆိုရင္ ျမန္မာႏုိင္ငံမွာဆိုရင္ ေဝဖန္တဲ့၊ ရႈတ္ခ်တဲ့အဆင့္မဟုတ္ဘူး ဆဲဆို၊ မိုက္မိုက္ရိုင္းရိုင္းကို ဆဲဆိုၾကတာပဲ။ သူတုိ႔ေျပာဆိုပိုင္ခြင့္၊ ဆဲခ်င္လဲဆဲဆိုခြင့္ရိွေတာ့ ဆဲပါေစလို႔ပဲ ခံယူပါတယ္။ အေရးႀကီးတာက က်ေနာ္တုိိ႔ မီဒီယာသမားေတြ အေရခြံထူဖို႔ပဲ အေရးႀကီးတယ္။ မီဒီယာသမား ပီသဖို႔၊ မီဒီယာအေပၚ သစၥာရိွဖို႔။ အမွန္တရားအေပၚ သစၥာရိွဖို႔ အဓိကအားျဖင့္ အခ်က္အလက္ေတြနဲ႔ ပတ္သက္တဲ့ အမွန္တရားကို အေျခခံရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အခုဆိုလို႔ရိွရင္ အာဏာသိမ္းထားတဲ့ စစ္တပ္က မီဒီယာေတြေပၚ အေတာ္ေလးကို ျပင္းျပင္းထန္ထန္ ဖိႏိွပ္ေနပါတယ္။ ဆိုေတာ့ အာဏာသိမ္းမႈ မတိုင္မီ အေစာပိုင္းကာလေလာက္ မီဒီယာေတြ လုပ္ပိုင္ခြင့္ မရေတာ့ပါဘူး။ ဆိုေတာ့ ျပည္သူေတြအတြက္ ဒါက နစ္နာမႈမ်ား ျဖစ္လာပါၿပီလားရွင့္။

ေျဖ ။ ။ နစ္နာပါတယ္။ မီဒီယာေတြကသာ မေရးရေတာ့ဘူးဆိုရင္ ျပည္သူေတြဟာ အမွန္တရားကိုပဲ သိခြင့္ရေတာ့မယ္ဆုိေတာ့ အခုမီဒီယာေတြကို ပိတ္ပင္လိုက္တယ္။ မီဒီယာေတြ လြတ္လြတ္လပ္လပ္ ေျပာခြင့္မရိွတဲ့ အတြက္ေၾကာင့္ ျပည္သူလူထုက ဘယ္အခ်က္အလက္ကို မီွခိုၿပီးေတာ့ မူတည္ၿပီးေတာ့ ဆံုးျဖတ္ၾကမလဲ။ သူတုိ႔အတြက္လဲ အခက္အခဲ ႀကံဳရပါတယ္။ ဒီေနရာမွာ တဆက္တည္း ေျပာခ်င္တာက မီဒီယာေတြကို ပိတ္ပင္ျခင္းသည္၊ မီဒီယာလြတ္လပ္ခြင့္ကို ပိတ္ပင္ျခင္းသည္ လူထုသာသည္ ဆံုးရႈံးတာ မဟုတ္ပါဘူး။ အာဏာပိုင္ေတြလည္း ဆံုးရႈံးတာပဲ။ မီဒီယာေတြ မရိွဘူးဆိုရင္ သူတုိ႔ေျပာတာကို ဘယ္သူမွ မယံုဘူး။ ဆိုေတာ့ သူတုိ႔ဟာ အမွန္တကယ္ လုပ္ေပအံုးေတာ့၊ မွန္ရာကို ေျပာပါမယ္ဆိုအံုးေတာ့ သူတုိ႔စကားကို ဘယ္သူယံုမွာလဲ။ ပြင့္လင္းလြတ္လပ္တဲ့ မီိဒီယာမရိွရင္ ဘယ္လိုမွ မယံုႏိုင္ၾကဘူး။ သူတုိ႔လည္း ဆံုးရႈံးတာပဲ။ သူတုိ႔စကားကို ျပည္တြင္းမွာလဲ နားေပါက္ေအာင္ မေျပာႏိုင္ဘူး။ ႏုိ္င္ငံတကာကိုလည္း နားေပါက္ေအာင္ ယံုၾကည္ေအာင္ မီဒီယာကတဆင့္ ေျပာရမွာ ျဖစ္တယ္။ မီဒီယာလက္နက္ကို သူတုိ႔အသံုးမခ်ႏိုင္ဘူး။ ယႏၱရားကို အသံုးမခ်ႏုိင္ဘူးဆိုေတာ့ ျပည္သူလူထု ဆံုးရႈံးသလို၊ အာဏာပိုင္ေတြလည္း ဆံုးရႈံးတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာ မီဒီယာ ဖိႏိွပ္မႈဟာ ေခတ္အဆက္ဆက္ ျဖစ္လာပါၿပီ။ ပိုၿပီးပိုၿပီးေတာ့ ျပင္းထန္လာေနပါတယ္။ ဆိုေတာ့ မီဒီယာဟာ ျမန္မာႏိုင္ငံမွာ စတုတၳမ႑ိဳင္ဆိုတဲ့ ေနရာကို ေရာက္လာႏိုင္ပါ့အံုးမလား။ ျဖစ္လာႏုိင္ပါမလား။

ေျဖ ။ ။ သိပ္အလွမ္းေဝးပါတယ္။ မီဒီယာဟာ စတုတၳမ႑ိဳင္ဆိုတာ တကယ္ေတာ့ ဒီမိုကေရစီႏုိင္ငံေတြအတြက္ ေျပာတဲ့ ကိစၥသာ ျဖစ္ပါတယ္။ ဒီမိုကေရစီႏိုင္ငံေတြမွာ အစိုးရက မ႑ိဳင္ (၃) ရပ္ ရိွတယ္။ တရားစီရင္ေရး၊ ဥပေဒျပဳေရး၊ စီမံခန္႔ခြဲေရး အုပ္ခ်ဳပ္ေရးဆိုၿပီးေတာ့ အပိုင္း (၃) ပိုင္း ရိွတယ္။ ဆိုေတာ့ မီဒီယာက ဒီ (၃) ပိုင္းလံုးကို ထိန္းကြပ္ေပးတယ္။ ညိွႏိႈင္းေပးတယ္။ ေစာင့္ၾကည့္ေပးတဲ့အတြက္ သူကို စတုတၳမ႑ိဳင္လို႔ တင္စားၿပီးေတာ့ တခ်ဳိ ႔က အဓိပၸါယ္ဖြင့္ၾကပါတယ္။ တျခားေသာ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြလည္း ရိွတာေပါ့။ ဥပမာအားျဖင့္ ျပည္သူလူထုရဲ ႔ အယူအဆကို တည္ေဆာက္ဖုိ႔အတြက္ မီဒီယာက ပံ့ပိုးေပးတယ္။ မီဒီယာေပၚ အေျခခံၿပီးေတာ့ မီဒီယာေတြရဲ ႔ ေပးပို႔တဲ့သတင္းအခ်က္အလက္ေတြေပၚ အေျခခံၿပီးေတာ့ ျပည္သူလူထုက မူဝါဒေတြနဲ႔ ပတ္သက္တဲ့ အယူအဆတခုကို သူတုိ႔ဖန္တီးလာတယ္။ ေဖာ္ထုတ္လာတယ္ စသည္ျဖင့္ အဲဒီလိုမ်ဳိးေၾကာင့္ မီဒီယာဟာ သိပ္အေရးပါတဲ့ မ႑ိဳင္ႀကီးတရပ္အျဖစ္ တင္စားၿပီး ေျပာၾကတာလည္း ရိွပါတယ္။ ဒါေပမဲ့ ဒီလိုျဖစ္ဖုိ႔အတြက္ မီဒီယာကို တန္းဖိုးထားတတ္ဖုိ႔ သိပ္လိုပါတယ္။ အာဏာပိုင္ေတြက တန္းဖိုးထားသလို၊ ျပည္သူလူထုကလဲ တန္းဖိုးထားဖုိ႔ သိပ္လိုိပါတယ္။ ဒီမိုကေရစီ ႏုိင္ငံႀကီးေတြမွာေတာ့ အစိုးရက မူဝါဒအသစ္၊ သူတုိ႔ရဲ ႔ သေဘာထားေတြကို ပထမဦးဆံုး ျပည္သူလူထုကို ခ်ခင္းျပခ်င္တယ္ဆိုရင္ မီဒီယာကတဆင့္ ေျပာၾကတာပါပဲ။ ဥပမာ ဟိုတုန္းက BBC မွာဆိုရင္ Mr. David Frost - အခုေတာ့ ဆံုးသြားပါၿပီ။ Breakfast with Frost ဆိုတာကို လုပ္ပါတယ္။ တကယ့္ သတင္းအတြက္ အေရးႀကီးတဲ့ ပုဂၢိဳလ္ေတြ၊ Newsmakers ဝန္ႀကီးခ်ဳပ္လို ပုဂၢိဳလ္ေတြနဲ႔ တနဂၤေႏြမနက္တိုိင္း ေတြ႔ဆံုၿပီးေတာ့ အင္တာဗ်ဴးလုပ္တယ္။ အဲဒီအခါမွာ တာဝန္ရိွပုဂၢိဳလ္ေတြကလည္း သူတုိ႔ ထုတ္ျပန္ခ်င္တဲ့ Break လုပ္ခ်င္တဲ့ သတင္းေတြကို အဲဒီအစီအစဥ္မွာ ေျပာၾကတယ္။ သိပ္အေရးပါတဲ့ အစီအစဥ္ ျဖစ္ပါတယ္။ ဟိုတုန္းက လုပ္ခဲ့တဲ့ နမူနာတခုကို ေျပာတာ ျဖစ္ပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာကေတာ့ အစိုးရနဲ႔ တာဝန္ရိွတဲ့ ပုဂၢိဳလ္ေတြ Newsmakers ေတြက မီဒီယာကို ယံုၾကည္အားကိုးသလား။ ျပည္သူလူထုကေရာ ယံုၾကည္အားကိုးသလားဆိုတာမ်ဳိး အဲဒီအဆင့္ထိေရာက္ဖို႔ကို အေတာ္ေလး ခဲယဥ္းအံုးမယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ အခုလို ႏိွပ္ကြပ္ခံေနရတဲ့ အခ်ိန္မ်ဳိးမွာေတာ့ အလြန္႔အလြန္ကို အလွမ္းေဝးေနေသးတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။

== Unicode ==

မြန်မာ့မီဒီယာ အကျပ်အတည်း
နဂိုကတည်းက သိပ်လွတ်လပ်မှု မရှိခဲ့တဲ့ မြန်မာမီဒီယာလောကဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပိုမိုအခက်ကြုံလာရပါတယ်။ မီဒီယာကို ခြိမ်းခြောက်ထိန်းချုပ်တာဟာ ဘယ်သူတွေအတွက်၊ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ၊ ဦးကျော်ဇံသာ, ကို မသိင်္ဂ ီထိုက်က မေးမြန်းတင်ဆက်ထားပါတယ်။

မေး ။ ။ အန်ကယ်ဦးကျော်ဇံသာ မင်္ဂလာပါရှင့်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံအတွင်းက မီဒီယာတွေ ကြုံနေရတဲ့ အခက်အခဲ၊ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံးမေးချင်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ မီဒီယာတွေ ကြုံနေရတဲ့ အခြေအနေဆိုးကြီး အတိုင်းအတာက ဘယ်လောက်များ ဆိုးနေပါပြီလဲ။

ဖြေ ။ ။ အရင်ကတည်းက သိပ်မကောင်းခဲ့တဲ့ အခြေအနေဟာ အခုအခါမှာ အများကြီးပိုဆိုးသွားပါတယ်။ စစ်အာဏာမသိမ်းခင်ကလဲ မြန်မာနိုင်ငံရဲ့ မီဒီယာအခြေအနေက သိပ်ကောင်းလှတယ် မဟုတ်ပါဘူး။ မီဒီယာသမားတချို့ဟာ အကြည်ညိုပျက်စေမှုကြောင့် အရေးယူခံနေရတာ၊ တရားတဘောင် ရင်ဆိုင်နေရသူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို မကောင်းတဲ့ အခြေအနေကနေ အခုဆိုရင် ဆိုးဝါးတဲ့ အခြေအနေအထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လောက်ဆိုးသလဲဆိုရင် သတင်းသမားတွေ၊ မီဒီယာသမားတွေအတွက် အန္တရာယ်ရောက်လာတဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေပါ။ မီဒီယာတိုက်တချို့ အပိတ်ခံရတယ်။ သတင်းသမားတချို့ဟာ တိုင်းပြည်ထဲမှာ မနေရဲဘဲနဲ့ ထွက်ပြေးနေရတယ်။ ဖမ်းဆီးခံထားရတာလဲ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံသား သတင်းသမားတွေသာမက၊ နိုင်ငံခြားသားသတင်းသမားတွေကိုလည်း ဖမ်းတယ်။ ဂျပန်သတင်းထောက်ကိုတော့ ပိုက်ဆံမျက်နှာကြောင့် ပြန်ပြီးတော့ လွှတ်ပေးလိုက်တယ်။ ငွေမျက်နှာကြောင့်။ အတော့်ကို ဆိုးဝါးနေတဲ့ အခြေအနေလို့ ပြောရလိမ့်မယ်။

မေး ။ ။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်ဘက်က အတော်လေး မီဒီယာတွေပေါ်မှာ ဖိနှိပ်နေပါတယ်။ ဒါက ဘာရည်ရွယ်ချက်နဲ့ ပစ်မှတ်ထားပြီးတော့ နှိပ်ကွက်ထားနေရပါလဲ အန်ကယ်။

ဖြေ ။ ။ တခွန်တည်းနဲ့ အတိုဆုံးဖြေရရင် “ကြောက်လို့” ဖြစ်တယ်။ သူတို့ မီဒီယာတွေကို ကြောက်တယ်။ မီဒီယာတွေကို ဘာကြောင့် ကြောက်လဲဆိုတော့ မီဒီယာတွေက အမှန်ကိုပြောတယ်။ ဆိုတော့ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက တရားဥပဒေကို မလိမ့်တပတ် လုပ်ပြီးတော့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ ဖွဲ့စည်းပုံနဲ့အညီ တက်လာတယ်လို့ ပြောတယ်။ လူထုရဲ့ ဆန့်ကျင်မှုကို ဒီအထိ မျှော်လင့်ခဲ့ပုံ မရဘူး။ သူတို့ ထိန်းမနိုင်၊ သိမ်းမရတဲ့အထိ လူတွေက ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်လာကြတယ်။ ဆိုတော့ အဲဒါကို ရင်ဆိုင်လို့ မရဘူး။ ဒီအခြေအနေကို မီဒီယာတွေက ပြောတယ် - အဲဒီအမှန်တရားကို။ ဆိုတော့ ဒီအမှန်တရားနဲ့ သူတို့ရင်ဆိုင်ရမှာကို ကြောက်တယ်။ မီဒီယာကို ကြောက်တယ်။ အဓိကအားဖြင့် ဒါကြောင့် နှိပ်ကွပ်နေခြင်း ဖြစ်တယ်ဆိုရင်တော့ အမှန်ဆုံးပါပဲ။

မေး ။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီတော့ သူတို့ရည်ရွယ်ချက်က ပေါက်မြောက်ပါသလား။ သူတို့ ရည်ရွယ်တဲ့ အတိုင်းအတာရလဒ်ကော ဖြစ်လာပါသလားရှင့်။

ဖြေ ။ ။ ကျနော့်အမြင်တော့ မဖြစ်လာနိုင်ပါဘူး။ ပိုပြီးဆိုးရွားသွားပါတယ်။ သူတို့က ဒီအမှန်တရားကို ဖုံးကွယ်ထားခြင်းအားဖြင့် လူတွေက မသိဘူး။ သူတို့လုပ်နေတာတွေ၊ ကမ္ဘာ့နိုင်ငံတွေက သူတို့လုပ်နေတာတွေ ဘယ်လောက်ဆိုးတယ်ဆိုတာကို မသိဘူးဆိုတော့ သူတို့သိက္ခာဟာ အတော်လေးတက်နေလိမ့်မယ်လို့ မျှော်လင့်တယ်။ သို့သော် မီဒီယာတွေကို ဒီလိုဆိုးဆိုးရွားရွား နှိပ်ကွက်လိုက်တဲ့အတွက်ကြောင့် သူတို့ရဲ့ Image ပုံရိပ်ဟာ ပိုမိုလို့ ကျဆင်းသွားပါတယ်။ တိုင်းပြည်မှာ ဖြစ်နေတာတွေကို မီဒီယာတွေကို နှိပ်ကွပ်နေပေမယ့်လဲ နိုင်ငံတကာကတော့ ပုံစံအမျိုးမျိုးနဲ့ သိနေကြပါတယ်။ ဒီကနေ့မှာ မီဒီယာဆိုတာကတော့ ပါးစပ်ပေါက်ပေါင်းများစွာ ရှိနေတယ်လို့ ပြောရပါလိမ့်မယ်။ Channel မျိုးစုံနဲ့ သတင်းတွေက နိုင်ငံတကာအထိ ပျံ့နံှ့နေတာဆိုတော့ ဘယ်လိုမှ ပိတ်လို့လဲ မရနိုင်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်ပါဘူးလို့ပဲ ယူဆပါတယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံထဲမှာ မီဒီယာတွေ အတိုင်းအတာတခုအထိ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ သက်တမ်းကလဲ အတော်လေးနုပါသေးတယ်။ ဆိုတော့ မီဒီယာတွေက မခိုင်မာသေးတာကရော ပြဿနာတခုများ ဖြစ်နေပါလား ဒီအခြေအနေမှာ။

ဖြေ ။ ။ မခိုင်မာတာလဲ အရေးကြီးတဲ့ ပြဿနာတခုပါပဲ။ ဘာကြောင့်လဲဆိုတော့ အရပ်သားအစိုးရကိုလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ကလဲ မီဒီယာ ခိုင်မာအောင် မလုပ်ပေးခဲ့တာ။ အခု သူတို့အခက်ကြုံရတဲ့အခါ မီဒီယာကို သူတို့သိပ်အားကိုးရပါတယ်။ သူတို့အားထားလာတယ်။ သို့သော် မီဒီယာကို သူတို့ကိုယ်တိုင် ခိုင်မာအောင် မလုပ်ပေးခဲ့ဘူး။ သူတို့ခေတ်မှာလဲ မီဒီယာဟာ သိပ်ပြီးတော့ အမှန်တရားကို ဒဲ့ဒိုးပြောခွင့် မရခဲ့ဘူးလို့ ပြောရပါလိမ့်မယ်။

မေး ။ ။ ဆိုတော့ လက်ရှိအခြေအနေမှာက တပ်မတော်ဘက်ကလဲ အတော်လေး နှိပ်ကွပ်နေပါတယ်။ ဆိုတော့ မီဒီယာတွေနဲ့ တပ်မတော်ဘက်ကိုပဲ ဘက်လိုက်ပြီးတော့ ရပ်တည်ရမလား။ ဒါမှမဟုတ် စစ်အာဏာရှင်စနစ် တွန်းလှန်တော်လှန်နေသူတွေဘက်ကပဲ ရပ်တည်သင့်သလား။ တဘက်ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်လိုက်လို့ သင့်တော်ပါသလား။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ မီဒီယာက ဘက်လိုက်ချင်တဲ့ဘက်ကို သူတို့လိုက်နိုင်ပါတယ်။ သူတို့သဘောထားပဲ။ ဒါပေမဲ့လဲ အမှန်တရားကိုတော့ အခြေခံရမယ်။ အချက်အလက်ကိုတော့ အမှန်တိုင်း ပြောရမယ်။ အချက်အလက်ကိုတော့ fabricate တိုးချဲ့ပုံကြီးချဲ့ပြီးတော့ လုပ်ကြံချဲ့ထွင်ပြီးတော့ တမင်တကာတော့ လုပ်မပြောနဲ့ ဖြစ်နေရင် ဖြစ်နေတဲ့အတိုင်း ပြောပါ။ အဲဒီအပေါ် ဝေဖန်သုံးသပ်တာကတော့ တပိုင်းလို့တော့ ပြောချင်ပါတယ်။ မီဒီယာဘက်လိုက်မှုဆိုတာလဲ ဒီနိုင်ငံမှာလဲ ရီပတ်ဘလင်ကန်ဘက်ပါတဲ့ မီဒီယာ၊ ဒီမိုကရက်တစ်ဘက်ပါတဲ့ မီဒီယာ စသည်ဖြင့် ရှိကြတယ်။ သူတို့ဆန္ဒနဲ့ သူတို့ ရပ်တည်ကြတယ်။ သို့သော်လဲ သူတို့က အခြေခံအချက်အလက်ကိုတော့ မှန်အောင်ပြောရမှာ ဖြစ်တယ်။ အဖြူကို အမည်းလို့တော့ ပြောလို့မရဘူး။ ဆိုတော့ မြန်မာနိုင်ငံမှာလဲ အခုဆိုရင် အာဏာပိုင်တွေက ဖန်တီးထားတဲ့ မီဒီယာတွေ။ သူတို့ဘက်ကို လိုက်ပြောနေတဲ့ မီဒီယာတွေကိုလည်း ကြားရပါတယ်။ ဒါကိုလဲ ကျနော်ကတော့ အပြစ်လို့တော့ မပြောလိုဘူး။ သူတို့လဲပဲ သူတို့ရပ်တည်ချက်နဲ့ ရပ်တည်နိုင်တယ်။ သို့သော်လဲပဲ အမှန်တရားကိုတော့ အခြေခံပြီးတော့ သုံးသပ်ရမှာ ဖြစ်တယ်။ အချက်အလက်ကိုတော့ အမှန်အတိုင်း ပြောရမှာ ဖြစ်ပါတယ်။ အဓိက အဲဒါအရေးကြီးဆုံးလို့ ထင်ပါတယ်။

မေး ။ ။ အဲဒီမှာလဲ မလွဲမသွေကြုံရတာက လူထုရဲ့ မချင့်မရဲ ဖြစ်မှုလို့ ပြောရမလား မသိပါဘူး။ မီဒီယာတွေဟာ သူတို့လိုလားသလို့ မဖော်ပြ၊ မတင်ပြဘူးဆိုရင်လဲ ဒါဟာ ဟိုဘက်ဒီဘက် ဝေဖန်ဆဲဆို တိုက်ခိုက်တာတွေကို မီဒီယာသမားတွေ ကြုံတွေ့နေရတော့ လူထုရဲ့သဘောထားက မီဒီယာလွတ်လပ်ခွင့်အပေါ် ဘယ်လောက်အရေးပါပါသလဲ။ ဘယ်လောက်စကားပြောပါသလဲရှင့်။

ဖြေ ။ ။ သိပ်အရေးကြီးပါတယ်။ တကယ်တော့ အမှန်တရားဆိုတာ ခါးသည်းပါတယ်။ လူတိုင်းဟာ လက်မခံနိုင်ပါဘူး။ လူထုကိုယ်တိုင်က တဘက်ဘက်ကို ပါနေကြတဲ့အခါမှာ ကိုယ့်ဘက်နဲ့ အတွေးအခေါ် Idea မတူ၊ အယူအဆချင်း မတူတဲ့ မီဒီယာကို ဆဲကြမှာပဲ။ ကျနော်တို့ မကြာခဏ ကြုံနေရတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်ပြောချင်တာကတော့ ကျနော်တို့ VOA တည်ထောင်စကတည်းက ပြောလာခဲ့တဲ့ စကားတခွန်းပါပဲ - ကျနော်တို့ကတော့ တိုင်းပြည်အတွက်၊ ကျနော်တို့အတွက် ကောင်းတဲ့သတင်း ဖြစ်ချင်ဖြစ်မယ်၊ မကောင်းတဲ့သတင်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အမှန်ကိုတော့ ပြောမှာပဲ။ ကြိုက်တာမကြိုက်တာကတော့ သူတို့ရဲ့အပိုင်း ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာဆိုရင် ဝေဖန်တဲ့၊ ရှုတ်ချတဲ့အဆင့်မဟုတ်ဘူး ဆဲဆို၊ မိုက်မိုက်ရိုင်းရိုင်းကို ဆဲဆိုကြတာပဲ။ သူတို့ပြောဆိုပိုင်ခွင့်၊ ဆဲချင်လဲဆဲဆိုခွင့်ရှိတော့ ဆဲပါစေလို့ပဲ ခံယူပါတယ်။ အရေးကြီးတာက ကျနော်တို့ မီဒီယာသမားတွေ အရေခွံထူဖို့ပဲ အရေးကြီးတယ်။ မီဒီယာသမား ပီသဖို့၊ မီဒီယာအပေါ် သစ္စာရှိဖို့။ အမှန်တရားအပေါ် သစ္စာရှိဖို့ အဓိကအားဖြင့် အချက်အလက်တွေနဲ့ ပတ်သက်တဲ့ အမှန်တရားကို အခြေခံရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ အခုဆိုလို့ရှိရင် အာဏာသိမ်းထားတဲ့ စစ်တပ်က မီဒီယာတွေပေါ် အတော်လေးကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေပါတယ်။ ဆိုတော့ အာဏာသိမ်းမှု မတိုင်မီ အစောပိုင်းကာလလောက် မီဒီယာတွေ လုပ်ပိုင်ခွင့် မရတော့ပါဘူး။ ဆိုတော့ ပြည်သူတွေအတွက် ဒါက နစ်နာမှုများ ဖြစ်လာပါပြီလားရှင့်။

ဖြေ ။ ။ နစ်နာပါတယ်။ မီဒီယာတွေကသာ မရေးရတော့ဘူးဆိုရင် ပြည်သူတွေဟာ အမှန်တရားကိုပဲ သိခွင့်ရတော့မယ်ဆိုတော့ အခုမီဒီယာတွေကို ပိတ်ပင်လိုက်တယ်။ မီဒီယာတွေ လွတ်လွတ်လပ်လပ် ပြောခွင့်မရှိတဲ့ အတွက်ကြောင့် ပြည်သူလူထုက ဘယ်အချက်အလက်ကို မှီခိုပြီးတော့ မူတည်ပြီးတော့ ဆုံးဖြတ်ကြမလဲ။ သူတို့အတွက်လဲ အခက်အခဲ ကြုံရပါတယ်။ ဒီနေရာမှာ တဆက်တည်း ပြောချင်တာက မီဒီယာတွေကို ပိတ်ပင်ခြင်းသည်၊ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းသည် လူထုသာသည် ဆုံးရှုံးတာ မဟုတ်ပါဘူး။ အာဏာပိုင်တွေလည်း ဆုံးရှုံးတာပဲ။ မီဒီယာတွေ မရှိဘူးဆိုရင် သူတို့ပြောတာကို ဘယ်သူမှ မယုံဘူး။ ဆိုတော့ သူတို့ဟာ အမှန်တကယ် လုပ်ပေအုံးတော့၊ မှန်ရာကို ပြောပါမယ်ဆိုအုံးတော့ သူတို့စကားကို ဘယ်သူယုံမှာလဲ။ ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာမရှိရင် ဘယ်လိုမှ မယုံနိုင်ကြဘူး။ သူတို့လည်း ဆုံးရှုံးတာပဲ။ သူတို့စကားကို ပြည်တွင်းမှာလဲ နားပေါက်အောင် မပြောနိုင်ဘူး။ နိုင်ငံတကာကိုလည်း နားပေါက်အောင် ယုံကြည်အောင် မီဒီယာကတဆင့် ပြောရမှာ ဖြစ်တယ်။ မီဒီယာလက်နက်ကို သူတို့အသုံးမချနိုင်ဘူး။ ယန္တရားကို အသုံးမချနိုင်ဘူးဆိုတော့ ပြည်သူလူထု ဆုံးရှုံးသလို၊ အာဏာပိုင်တွေလည်း ဆုံးရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ မီဒီယာ ဖိနှိပ်မှုဟာ ခေတ်အဆက်ဆက် ဖြစ်လာပါပြီ။ ပိုပြီးပိုပြီးတော့ ပြင်းထန်လာနေပါတယ်။ ဆိုတော့ မီဒီယာဟာ မြန်မာနိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ နေရာကို ရောက်လာနိုင်ပါ့အုံးမလား။ ဖြစ်လာနိုင်ပါမလား။

ဖြေ ။ ။ သိပ်အလှမ်းဝေးပါတယ်။ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဆိုတာ တကယ်တော့ ဒီမိုကရေစီနိုင်ငံတွေအတွက် ပြောတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရက မဏ္ဍိုင် (၃) ရပ် ရှိတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး အုပ်ချုပ်ရေးဆိုပြီးတော့ အပိုင်း (၃) ပိုင်း ရှိတယ်။ ဆိုတော့ မီဒီယာက ဒီ (၃) ပိုင်းလုံးကို ထိန်းကွပ်ပေးတယ်။ ညှိနှိုင်းပေးတယ်။ စောင့်ကြည့်ပေးတဲ့အတွက် သူကို စတုတ္ထမဏ္ဍိုင်လို့ တင်စားပြီးတော့ တချို့က အဓိပ္ပါယ်ဖွင့်ကြပါတယ်။ တခြားသော အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလည်း ရှိတာပေါ့။ ဥပမာအားဖြင့် ပြည်သူလူထုရဲ့ အယူအဆကို တည်ဆောက်ဖို့အတွက် မီဒီယာက ပံ့ပိုးပေးတယ်။ မီဒီယာပေါ် အခြေခံပြီးတော့ မီဒီယာတွေရဲ့ ပေးပို့တဲ့သတင်းအချက်အလက်တွေပေါ် အခြေခံပြီးတော့ ပြည်သူလူထုက မူဝါဒတွေနဲ့ ပတ်သက်တဲ့ အယူအဆတခုကို သူတို့ဖန်တီးလာတယ်။ ဖော်ထုတ်လာတယ် စသည်ဖြင့် အဲဒီလိုမျိုးကြောင့် မီဒီယာဟာ သိပ်အရေးပါတဲ့ မဏ္ဍိုင်ကြီးတရပ်အဖြစ် တင်စားပြီး ပြောကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့အတွက် မီဒီယာကို တန်းဖိုးထားတတ်ဖို့ သိပ်လိုပါတယ်။ အာဏာပိုင်တွေက တန်းဖိုးထားသလို၊ ပြည်သူလူထုကလဲ တန်းဖိုးထားဖို့ သိပ်လိုပါတယ်။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတော့ အစိုးရက မူဝါဒအသစ်၊ သူတို့ရဲ့ သဘောထားတွေကို ပထမဦးဆုံး ပြည်သူလူထုကို ချခင်းပြချင်တယ်ဆိုရင် မီဒီယာကတဆင့် ပြောကြတာပါပဲ။ ဥပမာ ဟိုတုန်းက BBC မှာဆိုရင် Mr. David Frost - အခုတော့ ဆုံးသွားပါပြီ။ Breakfast with Frost ဆိုတာကို လုပ်ပါတယ်။ တကယ့် သတင်းအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ Newsmakers ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်တွေနဲ့ တနင်္ဂနွေမနက်တိုင်း တွေ့ဆုံပြီးတော့ အင်တာဗျူးလုပ်တယ်။ အဲဒီအခါမှာ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း သူတို့ ထုတ်ပြန်ချင်တဲ့ Break လုပ်ချင်တဲ့ သတင်းတွေကို အဲဒီအစီအစဉ်မှာ ပြောကြတယ်။ သိပ်အရေးပါတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဟိုတုန်းက လုပ်ခဲ့တဲ့ နမူနာတခုကို ပြောတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာကတော့ အစိုးရနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ Newsmakers တွေက မီဒီယာကို ယုံကြည်အားကိုးသလား။ ပြည်သူလူထုကရော ယုံကြည်အားကိုးသလားဆိုတာမျိုး အဲဒီအဆင့်ထိရောက်ဖို့ကို အတော်လေး ခဲယဉ်းအုံးမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အခုလို နှိပ်ကွပ်ခံနေရတဲ့ အချိန်မျိုးမှာတော့ အလွန့်အလွန်ကို အလှမ်းဝေးနေသေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG