သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢနဲ႔ ျပည္သူ႔အစိုးရ


ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း
ကုလသမဂၢနဲ႔ ျပည္သူ႔အစိုးရ
please wait

No media source currently available

0:00 0:05:46 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

အာဏာသိမ္းစစ္ေကာင္စီရဲ႕ လုပ္ရပ္ကို ကန႔္ကြက္ရႈတ္ခ်သူ ကုလသမဂၢ ျမန္မာသံအမတ္ ဦးေက်ာ္မိုးထြန္းရဲ႕ေနရာကို စစ္ဗိုလ္ေဟာင္း ဦးေအာင္သူရိန္နဲ႔ အစားထိုးဖို႔ ေမလအေစာပိုင္းက ႀကိဳးပမ္းတာကို ကုလသမဂၢက လက္မခံပါဘူး။ ကိုယ္စားလွယ္တဦးရဲ႕ ခန႔္အပ္လႊာကို အျငင္းပြားလာရင္ အဲဒီခန႔္အပ္လႊာကို ကုလသမဂၢ အေထြေထြညီလာခံက ႐ုတ္သိမ္းေၾကာင္း မဆုံးျဖတ္မခ်င္း ယင္းကိုယ္စားလွယ္မွာ လုပ္ပိုင္ခြင့္ ရွိတယ္ဆိုတဲ့ ကုလသမဂၢစည္းမ်ဥ္းအရ ဦးေက်ာ္မိုးထြန္းေနရာကို လူစားမထိုးႏိုင္တဲ့ အေျခအေန ျဖစ္သြားပါတယ္။ ဇြန္လေရာက္ေတာ့ အမ်ားစုမဲ့ဆႏၵအရ အေထြေထြညီလာခံက စစ္ေကာင္စီကို ေဝဖန္ရႈတ္ခ်ပါတယ္။

ဦးေက်ာ္မိုးထြန္း ေက်းဇူးေၾကာင့္ ကုလသမဂၢမွာ အခြင့္အလမ္းပြင့္လာတာကို NUG ေခၚ အမ်ိဳးသားညီၫႊတ္ေရးအစိုးရက ေကာင္းေကာင္းအသုံးခ်တတ္ဖို႔ လိုတယ္လို႔ အေမရိကန္သံအမတ္ Kelly Currie က သုံးသပ္ပါတယ္။ အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္ၿပီး ဒီမိုကေရစီ လႈပ္ရွားမႈဘက္က ရပ္တည္တဲ့ ပထမဦးဆုံး သံတမန္ဟာ NUG ကို ႏိုင္ငံတကာ အသိအမွတ္ျပဳမႈ မ်ားျပားလာေအာင္ ႀကိဳးပမ္းရာမွာ အေရးႀကီးတဲ့ေနရာက ပါဝင္ပါတယ္။ ကုလသမဂၢက အသိအမွတ္ျပဳတဲ့ အာဏာပိုင္အဖြဲ႕ကို အျခားအစိုးရေတြကလည္း အသိအမွတ္ျပဳမွာမို႔ အေထြေထြညီလာခံမွာ ကိုယ္စားလွယ္ေနရာရဖို႔ အလြန္အေရးႀကီးပါတယ္။

ဦးေက်ာ္မိုးထြန္းကို ျမန္မာျပည္ရဲ႕ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ကုလသမဂၢမွာ အသိအမွတ္ျပဳထားတာဟာ New York တင္မကပဲ၊ Geneva, Vienna, Rome, Bangkok, Nairobi စတဲ့ ကုလသမဂၢအဖြဲ႕ခြဲေတြလည္းမွာလည္း ပါဝင္ေဆြးေႏြးႏိုင္ပါတယ္။ ကိုဗစ္အႏၲရာယ္ေၾကာင့္ လူကိုယ္တိုင္ သြားစရာမလိုေတာ့ပဲ ဗီဒီယိုကေန ေဆြးေႏြးႏိုင္တာဟာ NUG အစိုးရအတြက္ အခြင့္ထူး ျဖစ္ပါတယ္။ လူသားခ်င္းစာနာေရး ရန္ပုံေငြေတြ အာဏာသိမ္းစစ္ေကာင္စီကို မေရာက္ေအာင္ စီမံခန႔္ခြဲႏိုင္ဖို႔အတြက္ ကုလသမဂၢ ေအဂ်င္စီေတြနဲ႔ လက္တြဲလုပ္ကိုင္ႏိုင္ဖို႔ကိစၥဟာ NUG အတြက္ အလြန္အေရးႀကီးပါတယ္။ ကုလသမဂၢကြန္ရက္အတြင္းမွာ နည္းနည္းနဲ႔က်ဲက်ဲဝိုင္းၿပီး ထိထိေရာက္ေရာက္ လုပ္ကိုင္ႏိုင္ဖို႔ လိုပါတယ္။ ဥပမာ ေမလ (၂၆) ရက္ေန႔က က်င္းပတဲ့ ကမာၻ႔က်န္းမာေရးညီလာခံကို တက္ေရာက္ခြင့္ NUG က ေတာင္းဆိုလာတာေၾကာင့္ စစ္ေကာင္စီကိုယ္စားလွယ္ကိုပါ တက္ေရာက္ခြင့္ ပိတ္ပင္တာမ်ိဳးဟာ ေအာင္ပြဲေလးတခု ျဖစ္ပါတယ္။

ဦးေက်ာ္မိုးထြန္းေခါင္းေဆာင္တဲ့ NUG ကိုယ္စားလွယ္အဖြဲ႕ဟာ ရွိတဲ့အင္အားအနည္းငယ္နဲ႔ လုပ္ငန္းျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ရမွာျဖစ္တဲ့အတြက္ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာေရးဘက္မွာ အဓိကထားေဆာင္႐ြက္ေနတဲ့ အရပ္သားအသင္းအဖြဲ႕ေတြရဲ႕ အကူအညီကို ရယူသင့္တယ္လို႔ Kelly Currie က အႀကံျပဳထားပါတယ္။ ေရွ႕လ စက္တင္ဘာလမွာ စတင္က်င္းပမယ့္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာကိုယ္စားလွယ္ေနရာကို ဦးေက်ာ္မိုးထြန္းတို႔အဖြဲ႕ ဆက္လက္ရရွိဖို႔အတြက္ စီမံခ်က္ခ်ဖို႔ တိုက္တြန္းထားပါတယ္။ NUG နဲ႔ စစ္ေကာင္စီဟာ ကိုယ္စားလွယ္ ခန႔္အပ္လႊာကို ၿပိဳင္ဆိုင္တင္သြင္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီကိစၥ ဒီမိုကေရစီလႈပ္ရွားမႈအတြက္ အလြန္အေရးႀကီးပါတယ္။

ပုံမွန္အေထြေထြညီလာခံ မက်င္းပမီ အနည္းဆုံး တပတ္ႀကိဳတင္ၿပီး အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ခန႔္အပ္ထားတဲ့ ကိုယ္စားလွယ္စာရင္းကို အေထြေထြအတြင္းေရးမႉးဆီကို ေပးပို႔ရပါတယ္။ ဒီအထဲက (၉) ဦးကို ေ႐ြးခ်ယ္ၿပီး ခန႔္အပ္လႊာေကာ္မတီကို ဖြဲ႕စည္းပါတယ္။ ခန႔္အပ္လႊာေကာ္မတီ တင္ျပတဲ့ ကိုယ္စားလွယ္စာရင္းကို အေထြေထြညီလာခံက အတည္ျပဳတာဟာ လုပ္႐ိုးလုပ္စဥ္ ျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ္စားလွယ္ ခန႔္အပ္လႊာကို ၿပိဳင္ဆိုင္တင္သြင္းတဲ့အခါမွာ ခန႔္အပ္လႊာေကာ္မတီက ဆုံးျဖတ္ရပါတယ္။ ဒီဆုံးျဖတ္ခ်က္ကို အေထြေထြညီလာခံမွာ အမ်ားစုမဲနဲ႔ အတည္ျပဳပါတယ္။ ခန႔္အပ္လႊာေကာ္မတီ မဲဆႏၵေကာက္ယူပြဲမွာေရာ အေထြေထြညီလာခံက မဲေပးရာမွာေရာ ဗီတိုအာဏာသုံးခြင့္ မရွိပါဘူး။ လုံၿခဳံေရးေကာင္စီဝင္ ဗီတိုအာဏာသုံးခြင့္ မရွိပါဘူး။ လုံၿခဳံေရးေကာင္စီဝင္ ဗီတိုအာဏာပိုင္ရွင္ေတြဟာ ခန႔္အပ္လႊာ လက္ခံတဲ့ကိစၥမွာ မစြမ္းေဆာင္ႏိုင္တာ ထင္ရွားပါတယ္။

ဒါေၾကာင့္မို႔ ခန႔္အပ္လႊာေကာ္မတီမွာ အမ်ားစုမဲနဲ႔ ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ကို အေထြေထြညီလာခံကလည္း အမ်ားစုမဲနဲ႔ ဆုံးျဖတ္ထားပါတယ္။ အေထြေထြညီလာခံရဲ႕ အဆုံးအျဖတ္ဟာ ေနာက္ဆုံးအတည္ျပဳမႈ ျဖစ္ပါတယ္။ နယ္ေျမခ်ဳပ္ကိုင္မႈကိုၾကည့္ၿပီး ခန႔္အပ္လႊာေကာ္မတီက စဥ္းစားတဲ့ ထုံးစံရွိေပမယ့္ အင္အားသုံးတဲ့ အစိုးရရဲ႕ ကိုယ္စားလွယ္ကို အသိအမွတ္မျပဳတဲ့ အစဥ္အလာလည္း ရွိပါတယ္။ လူျဖဴလူမည္း ခြဲျခားဆက္ဆံတာဟာ ျပည္တြင္းေရးသာ ျဖစ္တယ္လို႔ ဆင္ေျခေပးတဲ့ ေတာင္အာဖရိက အစိုးရကိုယ္စားလွယ္ကို အႏွစ္ (၂၀) ေက်ာ္ ဝိုင္းပယ္ခဲ့တာ ေတြ႕ရပါတယ္။

ေဟတီ (Haiti) ႏိုင္ငံမွာ ၁၉၉၁ က စစ္အာဏာသိမ္းၿပီး ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်လိုက္ပါတယ္။ တျပည္လုံးကို စစ္တပ္က ခ်ဳပ္ကိုင္ထားေပမယ့္ စစ္အစိုးရ ကိုယ္စားလွယ္ကို ခန႔္အပ္လႊာေကာ္မတီက လက္မခံပါဘူး။ နယ္ေျမခ်ဳပ္ကိုင္မႈမွာ အားနည္းေပမယ့္ ေ႐ြးေကာက္တင္ေျမႇာက္ခံရမႈ၊ တရားဝင္မႈ၊ လူ႔အခြင့္အေရးေလးစားမႈ စတာေတြကိုၾကည့္ၿပီး ကိုယ္စားလွယ္လက္ခံတာကို ခန႔္အပ္လႊာေကာ္မတီက အဓိကထားေၾကာင္း အျပည္ျပည္ဆိုင္ရာ ဥပေဒပညာရွင္ Jared Genser က သုံးသပ္ထားတာမို႔ စစ္ေကာင္စီကိုယ္စားလွယ္ ေမွ်ာ္လင့္ခ်က္မရွိေၾကာင္း တင္ျပလိုက္ပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသူ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးကျော်မိုးထွန်းရဲ့နေရာကို စစ်ဗိုလ်ဟောင်း ဦးအောင်သူရိန်နဲ့ အစားထိုးဖို့ မေလအစောပိုင်းက ကြိုးပမ်းတာကို ကုလသမဂ္ဂက လက်မခံပါဘူး။ ကိုယ်စားလှယ်တဦးရဲ့ ခန့်အပ်လွှာကို အငြင်းပွားလာရင် အဲဒီခန့်အပ်လွှာကို ကုလသမဂ္ဂ အထွေထွေညီလာခံက ရုတ်သိမ်းကြောင်း မဆုံးဖြတ်မချင်း ယင်းကိုယ်စားလှယ်မှာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂစည်းမျဉ်းအရ ဦးကျော်မိုးထွန်းနေရာကို လူစားမထိုးနိုင်တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဇွန်လရောက်တော့ အများစုမဲ့ဆန္ဒအရ အထွေထွေညီလာခံက စစ်ကောင်စီကို ဝေဖန်ရှုတ်ချပါတယ်။

ဦးကျော်မိုးထွန်း ကျေးဇူးကြောင့် ကုလသမဂ္ဂမှာ အခွင့်အလမ်းပွင့်လာတာကို NUG ခေါ် အမျိုးသားညီညွှတ်ရေးအစိုးရက ကောင်းကောင်းအသုံးချတတ်ဖို့ လိုတယ်လို့ အမေရိကန်သံအမတ် Kelly Currie က သုံးသပ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လှုပ်ရှားမှုဘက်က ရပ်တည်တဲ့ ပထမဦးဆုံး သံတမန်ဟာ NUG ကို နိုင်ငံတကာ အသိအမှတ်ပြုမှု များပြားလာအောင် ကြိုးပမ်းရာမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ အာဏာပိုင်အဖွဲ့ကို အခြားအစိုးရတွေကလည်း အသိအမှတ်ပြုမှာမို့ အထွေထွေညီလာခံမှာ ကိုယ်စားလှယ်နေရာရဖို့ အလွန်အရေးကြီးပါတယ်။

ဦးကျော်မိုးထွန်းကို မြန်မာပြည်ရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂမှာ အသိအမှတ်ပြုထားတာဟာ New York တင်မကပဲ၊ Geneva, Vienna, Rome, Bangkok, Nairobi စတဲ့ ကုလသမဂ္ဂအဖွဲ့ခွဲတွေလည်းမှာလည်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ကိုဗစ်အန္တရာယ်ကြောင့် လူကိုယ်တိုင် သွားစရာမလိုတော့ပဲ ဗီဒီယိုကနေ ဆွေးနွေးနိုင်တာဟာ NUG အစိုးရအတွက် အခွင့်ထူး ဖြစ်ပါတယ်။ လူသားချင်းစာနာရေး ရန်ပုံငွေတွေ အာဏာသိမ်းစစ်ကောင်စီကို မရောက်အောင် စီမံခန့်ခွဲနိုင်ဖို့အတွက် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ လက်တွဲလုပ်ကိုင်နိုင်ဖို့ကိစ္စဟာ NUG အတွက် အလွန်အရေးကြီးပါတယ်။ ကုလသမဂ္ဂကွန်ရက်အတွင်းမှာ နည်းနည်းနဲ့ကျဲကျဲဝိုင်းပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဥပမာ မေလ (၂၆) ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံကို တက်ရောက်ခွင့် NUG က တောင်းဆိုလာတာကြောင့် စစ်ကောင်စီကိုယ်စားလှယ်ကိုပါ တက်ရောက်ခွင့် ပိတ်ပင်တာမျိုးဟာ အောင်ပွဲလေးတခု ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ NUG ကိုယ်စားလှယ်အဖွဲ့ဟာ ရှိတဲ့အင်အားအနည်းငယ်နဲ့ လုပ်ငန်းဖြစ်မြောက်အောင် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာရေးဘက်မှာ အဓိကထားဆောင်ရွက်နေတဲ့ အရပ်သားအသင်းအဖွဲ့တွေရဲ့ အကူအညီကို ရယူသင့်တယ်လို့ Kelly Currie က အကြံပြုထားပါတယ်။ ရှေ့လ စက်တင်ဘာလမှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်နေရာကို ဦးကျော်မိုးထွန်းတို့အဖွဲ့ ဆက်လက်ရရှိဖို့အတွက် စီမံချက်ချဖို့ တိုက်တွန်းထားပါတယ်။ NUG နဲ့ စစ်ကောင်စီဟာ ကိုယ်စားလှယ် ခန့်အပ်လွှာကို ပြိုင်ဆိုင်တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အလွန်အရေးကြီးပါတယ်။

ပုံမှန်အထွေထွေညီလာခံ မကျင်းပမီ အနည်းဆုံး တပတ်ကြိုတင်ပြီး အဖွဲ့ဝင်နိုင်ငံတွေဟာ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်စာရင်းကို အထွေထွေအတွင်းရေးမှူးဆီကို ပေးပို့ရပါတယ်။ ဒီအထဲက (၉) ဦးကို ရွေးချယ်ပြီး ခန့်အပ်လွှာကော်မတီကို ဖွဲ့စည်းပါတယ်။ ခန့်အပ်လွှာကော်မတီ တင်ပြတဲ့ ကိုယ်စားလှယ်စာရင်းကို အထွေထွေညီလာခံက အတည်ပြုတာဟာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ခန့်အပ်လွှာကို ပြိုင်ဆိုင်တင်သွင်းတဲ့အခါမှာ ခန့်အပ်လွှာကော်မတီက ဆုံးဖြတ်ရပါတယ်။ ဒီဆုံးဖြတ်ချက်ကို အထွေထွေညီလာခံမှာ အများစုမဲနဲ့ အတည်ပြုပါတယ်။ ခန့်အပ်လွှာကော်မတီ မဲဆန္ဒကောက်ယူပွဲမှာရော အထွေထွေညီလာခံက မဲပေးရာမှာရော ဗီတိုအာဏာသုံးခွင့် မရှိပါဘူး။ လုံခြုံရေးကောင်စီဝင် ဗီတိုအာဏာသုံးခွင့် မရှိပါဘူး။ လုံခြုံရေးကောင်စီဝင် ဗီတိုအာဏာပိုင်ရှင်တွေဟာ ခန့်အပ်လွှာ လက်ခံတဲ့ကိစ္စမှာ မစွမ်းဆောင်နိုင်တာ ထင်ရှားပါတယ်။

ဒါကြောင့်မို့ ခန့်အပ်လွှာကော်မတီမှာ အများစုမဲနဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံကလည်း အများစုမဲနဲ့ ဆုံးဖြတ်ထားပါတယ်။ အထွေထွေညီလာခံရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံးအတည်ပြုမှု ဖြစ်ပါတယ်။ နယ်မြေချုပ်ကိုင်မှုကိုကြည့်ပြီး ခန့်အပ်လွှာကော်မတီက စဉ်းစားတဲ့ ထုံးစံရှိပေမယ့် အင်အားသုံးတဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုတဲ့ အစဉ်အလာလည်း ရှိပါတယ်။ လူဖြူလူမည်း ခွဲခြားဆက်ဆံတာဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ဆင်ခြေပေးတဲ့ တောင်အာဖရိက အစိုးရကိုယ်စားလှယ်ကို အနှစ် (၂၀) ကျော် ဝိုင်းပယ်ခဲ့တာ တွေ့ရပါတယ်။

ဟေတီ (Haiti) နိုင်ငံမှာ ၁၉၉၁ က စစ်အာဏာသိမ်းပြီး ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ပါတယ်။ တပြည်လုံးကို စစ်တပ်က ချုပ်ကိုင်ထားပေမယ့် စစ်အစိုးရ ကိုယ်စားလှယ်ကို ခန့်အပ်လွှာကော်မတီက လက်မခံပါဘူး။ နယ်မြေချုပ်ကိုင်မှုမှာ အားနည်းပေမယ့် ရွေးကောက်တင်မြှောက်ခံရမှု၊ တရားဝင်မှု၊ လူ့အခွင့်အရေးလေးစားမှု စတာတွေကိုကြည့်ပြီး ကိုယ်စားလှယ်လက်ခံတာကို ခန့်အပ်လွှာကော်မတီက အဓိကထားကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် Jared Genser က သုံးသပ်ထားတာမို့ စစ်ကောင်စီကိုယ်စားလှယ် မျှော်လင့်ချက်မရှိကြောင်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG