သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္လက္နက္ေစ်းကြက္


Karen National Union (KNU) soldiers stand guard with their assault weapons at Oo Kray Kee village in Karen State near Thai-Myanmar border on January 30, 2012. The Karen National Union (KNU) is waging the world's longest-running insurgency, launched 63 yea
စစ္လက္နက္ေစ်းကြက္
please wait

No media source currently available

0:00 0:05:28 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ဇြန္လကုန္က ထိုင္း-ျမန္မာနယ္စပ္ ခ်င္းရိုင္းမွာ မူးယစ္ေဆးနဲ႔အတူ လက္နက္မ်ဳိးစံု (၆၀၀) ေက်ာ္ ဖမ္းဆီးရမိတဲ့သတင္းဟာ ရွင္သန္ေနတဲ့ စစ္လက္နက္ေစ်းကြက္ကို မီးေမာင္းထိုးျပသလို ျဖစ္ေနပါတယ္။ မတ္လကုန္ပိုင္းကလည္း မဲဆိုင္း၊ တာခ်ီလိတ္မွာ လက္ပစ္ဗံုးတရာေက်ာ္ ဖမ္းဆီးရမိၿပီး၊ ေမလကုန္က ေခတ္မီေသနတ္ (၃၀) ကို ထိုင္းရဲက ဖမ္းဆီးခဲ့ပါတယ္။ ျမန္မာ့လက္နက္ေမွာင္ခိုေစ်းကြက္အတြက္ ရည္ရြယ္တဲ့ ေသနတ္ေတြပါ။ နယ္စပ္မွာ ဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တရုတ္လုပ္ေတြ ျဖစ္ပါတယ္။ စစ္အစိုးရရဲ ႔ စစ္လက္နက္ပစၥည္း (၄၀) ရာခိုင္ႏႈန္းကို ရုရွားႏုိင္ငံက ဝယ္ယူတာလို႔ သိရပါတယ္။

ဗမာစစ္တပ္ကို လက္နက္ေရာင္းတဲ့ တရုတ္ကုမၼဏီ (၅) ခုအေၾကာင္း Justice for Myanmar အဖြဲ႔က မၾကာမီက ေဖာ္ျပပါတယ္။ ျမန္မာ့ေစ်းကြက္မွာ တရုတ္က လက္နက္ေရာင္းေနတာ ၾကာပါၿပီ။ အစိုးရကို တရားဝင္ေရာင္းတာရိွသလို အျခားတပ္ဖြဲ႔ေတြ ေမွာင္ခိုေစ်းကြက္မွာ ေရာင္းတာလည္း ရိွပါတယ္။ နယ္စပ္ေဒသမွာ စစ္လက္နက္ပစၥည္း ဖမ္းဆီးရမိတဲ့သတင္းဟာ ျမန္မာျပည္သားေတြအဖို႔ေတာ့ မထူးဆန္းေတာ့ပါဘူး။ ႏွစ္ေပါင္းမ်ားစြာ ၾကားသိေနရတဲ့ သတင္းမ်ဳိး ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ဇူလိုင္လက ထိုင္းႏုိင္ငံ မဲ့ေဆာက္နယ္စပ္ၿမိဳ ႔မွာ တရုတ္ျပည္လုပ္ လက္နက္ေဒၚလာ (၁) သန္းဖိုး ဖမ္းဆီးရမိတဲ့သတင္းဟာ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ AK47 ေမာင္းျပန္ရိုင္ဖယ္စက္ေသနတ္၊ လက္ပစ္ဗံုး၊ စက္ေသနတ္နဲ႔ ခဲယမ္းမီးေက်ာက္ေတြကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။ AA ရခိုင္စစ္တပ္နဲ႔ နယ္စပ္အေျခစိုက္ အိႏိၵယသူပုန္ေတြအတြက္ ရည္ရြယ္တဲ့ စစ္လက္နက္ ျဖစ္တယ္လို႔ သိရပါတယ္။ ဧၿပီလကလည္း ေမာင္းျပန္ရိုင္ဖယ္ (၅၀၀)၊ စက္ေသနတ္ (၃၀)၊ လက္ပစ္ဗံုး၊ ခဲယမ္းနဲ႔ တရုတ္လုပ္ FN-6 ပုခံုးထမ္း Madpad ဒံုးက်ည္းအခ်ဳိ ႔ကို ဘဂၤလားေဒ့ရွ္ ကမ္းရိုးတန္း မိုနာခါလီကမ္းေျခမွာ ဖမ္းဆီးရမိတဲ့သတင္း ထြက္လာပါတယ္။ AA ရခိုင္္တပ္ဟာ ၂၀၀၉ က ကခ်င္ျပည္နယ္မွာ တည္ေထာင္စဥ္ကစၿပီး တရုတ္စက္ပစၥည္းေတြကို သံုးတယ္လို႔ ဆုိပါတယ္။ တရုတ္ျပည္ေတာင္ပိုင္းကမ္းေျခကေန စစ္လက္နက္ေတြကို ငါးဖမ္းသေဘၤာေလးနဲ႔ သယ္ေဆာင္လာတာ ျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္သုေတသီ Dr. Anders Corr ဆိုသူကေတာ့ AA တပ္ဖြဲ႔ရဲ ႔ ရန္ပံုေငြ (၉၅) ရာခိုင္ႏႈန္းဟာ တရုတ္ျပည္က လာတာလို႔ ဆုိပါတယ္။ စစ္လက္နက္ပစၥည္းတင္မကဘဲ စစ္ဝတ္စံုပါ တရုတ္က ေထာက္ပံ့တာ ျဖစ္ပါတယ္။ ဗမာစစ္တပ္နဲ႔ တုိင္းရင္းသားတပ္ဖြဲ႔ေတြဟာ တရုတ္လုပ္ စစ္လက္နက္ကို သံုးေနတာ ၾကာပါၿပီ။ လြန္ခဲ့တဲ့ႏွစ္ ဇန္နဝါရီလ (၁၅) ရက္ေန႔က ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏီၷၿမိဳ ႔နယ္မွာ တရုတ္စစ္လက္နက္ေတြ ဖမ္းမိတဲ့သတင္း ထြက္လာပါတယ္။ ဒီအထဲမွာ ေျမျပင္ပစ္ ၁၀၇ မမ ဒံုးက်ည္နဲ႔ ေလယာဥ္ပစ္ FN-6 ဒံုးက်ည္ေတြလည္း ပါဝင္ပါတယ္။ ကိုးကန္႔၊ တာအင္း၊ ရခိုင္၊ ကခ်င္စတဲ့ ေျမာက္ပိုင္းတပ္ဖြဲ႔ေတြဟာ ဝျပည္နယ္ထုတ္ စစ္လက္နက္ပစၥည္းေတြကိုလည္း သံုးစြဲၾကပါတယ္။

ရွမ္းျပည္နယ္မွာ ခိုလံႈေနတဲ့ KMT တရုတ္တပ္သား တစ္ေသာင္းေက်ာ္ ယူေဆာင္လာတဲ့ အေမရိကန္လုပ္ စစ္လက္နက္ေတြ တိုင္းရင္းသားတပ္ဖြဲ႔လက္ထဲ ေရာက္သြားတာလည္း ရိွပါတယ္။ ဗကပ - ဗမာျပည္ကြန္ျမဴနစ္ပါတီကို ေထာက္ပံ့တဲ့ တရုတ္စစ္လက္နက္မ်ဳိးစံုလည္း ေထာင္ပံုရာပံု ရိွပါတယ္။ ဗကပနယ္ေျမမွာ တရုတ္က ၁၉၇၇ မွာ လက္နက္စက္ရံု ေဆာက္ေပးတယ္လို႔ ဆိုပါတယ္။ လာအိုကိုေပးတဲ့ လက္နက္ေတြ ျမန္မာျပည္ ေရာက္သြားတာလည္း ရိွပါတယ္။ ၁၉၅၀ ကေန ၁၉၇၅ အထိ (၂၅) နွစ္အတြင္း လက္နက္ငယ္ (၃) သိန္း၊ စက္ေသနတ္ (၃) ေထာင္နဲ႔ ေလာင္ခ်ာ (၃) ေထာင္ အေမရိကန္က လာအိုကို ေပးခဲ့ပါတယ္။ အဲဒီတုန္းက ကေမာၻဒီးယားကလည္း အေမရိကန္လက္နက္ႀကီးငယ္ အမ်ားအျပား ရရိွခဲ့ပါတယ္။ ကေမာၻဒီးယား၊ လာအို၊ ျမန္မာနဲ႔ ထိဆက္ေနတဲ့ ထိုင္းႏုိင္ငံဟာ စစ္လက္နက္ ေမွာင္ခိုေစ်းလို ျဖစ္ေနပါတယ္။ လက္နက္ကိုင္ပဋိပကၡ ျဖစ္ပြားရာေဒသဟာ စစ္လက္နက္ ဝယ္လိုအား အေကာင္းဆံုးေနရာ ျဖစ္လာပါတယ္။

ဒုတိယကမာၻစစ္အတြင္း ဂ်ပန္စစ္အုပ္ခ်ဳပ္ေရးကာလမွာ ဂ်ပန္နဲ႔ ဗမာတပ္ဖြဲ႔ေတြ ကိုင္ေဆာင္တဲ့ လက္နက္ေတြ အမ်ားအျပား ရိွပါတယ္။ မဟာမိတ္တပ္ေတြ စစ္ႏုိင္ေတာ့ အဂၤလိပ္-အေမရိကန္ လက္နက္ေတြ မ်ားျပားလာပါတယ္။ လြတ္လပ္ေရးရၿပီး မၾကာမီ တပ္မေတာ္တပ္ရင္းအခ်ဳိ ႔ ပုန္ကန္ထၾကြတာရယ္၊ ကရင္သူပုန္ ထၾကြတာရယ္ေၾကာင့္ ျပည္တြင္းပဋိပကၡ က်ယ္ျပန္႔လာပါတယ္။ ကေမာၻဒီးယား ျပည္တြင္းစစ္ၿပီးတဲ့အခါ ျမန္မာျပည္ဟာ စစ္လက္နက္ေစ်းကြက္ ျဖစ္လာပါတယ္။ တုိိင္းရင္းသားတပ္ဖြဲ႔ေတြက အမ်ားဆံုး ဝယ္ယူၾကပါတယ္။ အိႏိၵယနယ္စပ္အထိ လက္နက္ေစ်းကြက္ က်ယ္ျပန္႔သြားပါတယ္။

ဒုတိယကမာၻစစ္ၿပီးဆံုးခ်ိန္ကစၿပီး လက္နက္ငယ္ေတြ ျမန္မာျပည္မွာ စတင္ျပန္႔ပြားလာတာ အခုထက္ထိ အရိွန္ရေနတုန္းပါ။ အခုေတာ့ လက္နက္ႀကီးနဲ႔ ဒံုးက်ည္လက္နက္ေတြပါ ပါဝင္လာတာကို ေတြ႔ရပါတယ္။ တရုတ္လုပ္ ေျမျပင္ေဝဟင္ပစ္ ပုခံုးထမ္း Madpad ဒံုးကို ဝ နဲ႔ ေျမာက္ပိုင္းတပ္ဖြဲ႔အခ်ဳိ ႔ ကိုင္ေဆာင္ေၾကာင္း သိရပါတယ္။ စစ္အာဏာရွင္ဆန္႔က်င္တဲ့ လူငယ္ေတြပါဝင္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မွာလည္း အင္အားတိုးပြားေနသလို လက္နက္လည္း လိုအပ္ေနမွာ ျဖစ္ပါတယ္။ စစ္တပ္ႀကီးစိုးေနတဲ့ တိုင္းျပည္မွာ လက္နက္ကိုင္ေတာ္လွန္ေရးနဲ႔ လက္နက္ေစ်းကြက္ ရွင္သန္ေနတာ ျဖစ္ပါတယ္။


== Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ဇွန်လကုန်က ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းမှာ မူးယစ်ဆေးနဲ့အတူ လက်နက်မျိုးစုံ (၆၀၀) ကျော် ဖမ်းဆီးရမိတဲ့သတင်းဟာ ရှင်သန်နေတဲ့ စစ်လက်နက်ဈေးကွက်ကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ မတ်လကုန်ပိုင်းကလည်း မဲဆိုင်း၊ တာချီလိတ်မှာ လက်ပစ်ဗုံးတရာကျော် ဖမ်းဆီးရမိပြီး၊ မေလကုန်က ခေတ်မီသေနတ် (၃၀) ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။ မြန်မာ့လက်နက်မှောင်ခိုဈေးကွက်အတွက် ရည်ရွယ်တဲ့ သေနတ်တွေပါ။ နယ်စပ်မှာ ဖမ်းဆီးရမိတဲ့ လက်နက်အများစုဟာ တရုတ်လုပ်တွေ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်း (၄၀) ရာခိုင်နှုန်းကို ရုရှားနိုင်ငံက ဝယ်ယူတာလို့ သိရပါတယ်။

ဗမာစစ်တပ်ကို လက်နက်ရောင်းတဲ့ တရုတ်ကုမ္မဏီ (၅) ခုအကြောင်း Justice for Myanmar အဖွဲ့က မကြာမီက ဖော်ပြပါတယ်။ မြန်မာ့ဈေးကွက်မှာ တရုတ်က လက်နက်ရောင်းနေတာ ကြာပါပြီ။ အစိုးရကို တရားဝင်ရောင်းတာရှိသလို အခြားတပ်ဖွဲ့တွေ မှောင်ခိုဈေးကွက်မှာ ရောင်းတာလည်း ရှိပါတယ်။ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း ဖမ်းဆီးရမိတဲ့သတင်းဟာ မြန်မာပြည်သားတွေအဖို့တော့ မထူးဆန်းတော့ပါဘူး။ နှစ်ပေါင်းများစွာ ကြားသိနေရတဲ့ သတင်းမျိုး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ထိုင်းနိုင်ငံ မဲ့ဆောက်နယ်စပ်မြို့မှာ တရုတ်ပြည်လုပ် လက်နက်ဒေါ်လာ (၁) သန်းဖိုး ဖမ်းဆီးရမိတဲ့သတင်းဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ AK47 မောင်းပြန်ရိုင်ဖယ်စက်သေနတ်၊ လက်ပစ်ဗုံး၊ စက်သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ AA ရခိုင်စစ်တပ်နဲ့ နယ်စပ်အခြေစိုက် အိန္ဒိယသူပုန်တွေအတွက် ရည်ရွယ်တဲ့ စစ်လက်နက် ဖြစ်တယ်လို့ သိရပါတယ်။ ဧပြီလကလည်း မောင်းပြန်ရိုင်ဖယ် (၅၀၀)၊ စက်သေနတ် (၃၀)၊ လက်ပစ်ဗုံး၊ ခဲယမ်းနဲ့ တရုတ်လုပ် FN-6 ပုခုံးထမ်း Madpad ဒုံးကျည်းအချို့ကို ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း မိုနာခါလီကမ်းခြေမှာ ဖမ်းဆီးရမိတဲ့သတင်း ထွက်လာပါတယ်။ AA ရခိုင်တပ်ဟာ ၂၀၀၉ က ကချင်ပြည်နယ်မှာ တည်ထောင်စဉ်ကစပြီး တရုတ်စက်ပစ္စည်းတွေကို သုံးတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်တောင်ပိုင်းကမ်းခြေကနေ စစ်လက်နက်တွေကို ငါးဖမ်းသင်္ဘောလေးနဲ့ သယ်ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သုတေသီ Dr. Anders Corr ဆိုသူကတော့ AA တပ်ဖွဲ့ရဲ့ ရန်ပုံငွေ (၉၅) ရာခိုင်နှုန်းဟာ တရုတ်ပြည်က လာတာလို့ ဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတင်မကဘဲ စစ်ဝတ်စုံပါ တရုတ်က ထောက်ပံ့တာ ဖြစ်ပါတယ်။ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ တရုတ်လုပ် စစ်လက်နက်ကို သုံးနေတာ ကြာပါပြီ။ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလ (၁၅) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ တရုတ်စစ်လက်နက်တွေ ဖမ်းမိတဲ့သတင်း ထွက်လာပါတယ်။ ဒီအထဲမှာ မြေပြင်ပစ် ၁၀၇ မမ ဒုံးကျည်နဲ့ လေယာဉ်ပစ် FN-6 ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ကိုးကန့်၊ တာအင်း၊ ရခိုင်၊ ကချင်စတဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေဟာ ဝပြည်နယ်ထုတ် စစ်လက်နက်ပစ္စည်းတွေကိုလည်း သုံးစွဲကြပါတယ်။

ရှမ်းပြည်နယ်မှာ ခိုလှုံနေတဲ့ KMT တရုတ်တပ်သား တစ်သောင်းကျော် ယူဆောင်လာတဲ့ အမေရိကန်လုပ် စစ်လက်နက်တွေ တိုင်းရင်းသားတပ်ဖွဲ့လက်ထဲ ရောက်သွားတာလည်း ရှိပါတယ်။ ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့တဲ့ တရုတ်စစ်လက်နက်မျိုးစုံလည်း ထောင်ပုံရာပုံ ရှိပါတယ်။ ဗကပနယ်မြေမှာ တရုတ်က ၁၉၇၇ မှာ လက်နက်စက်ရုံ ဆောက်ပေးတယ်လို့ ဆိုပါတယ်။ လာအိုကိုပေးတဲ့ လက်နက်တွေ မြန်မာပြည် ရောက်သွားတာလည်း ရှိပါတယ်။ ၁၉၅၀ ကနေ ၁၉၇၅ အထိ (၂၅) နှစ်အတွင်း လက်နက်ငယ် (၃) သိန်း၊ စက်သေနတ် (၃) ထောင်နဲ့ လောင်ချာ (၃) ထောင် အမေရိကန်က လာအိုကို ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘောဒီးယားကလည်း အမေရိကန်လက်နက်ကြီးငယ် အများအပြား ရရှိခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ထိဆက်နေတဲ့ ထိုင်းနိုင်ငံဟာ စစ်လက်နက် မှောင်ခိုဈေးလို ဖြစ်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသဟာ စစ်လက်နက် ဝယ်လိုအား အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်အုပ်ချုပ်ရေးကာလမှာ ဂျပန်နဲ့ ဗမာတပ်ဖွဲ့တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ အများအပြား ရှိပါတယ်။ မဟာမိတ်တပ်တွေ စစ်နိုင်တော့ အင်္ဂလိပ်-အမေရိကန် လက်နက်တွေ များပြားလာပါတယ်။ လွတ်လပ်ရေးရပြီး မကြာမီ တပ်မတော်တပ်ရင်းအချို့ ပုန်ကန်ထကြွတာရယ်၊ ကရင်သူပုန် ထကြွတာရယ်ကြောင့် ပြည်တွင်းပဋိပက္ခ ကျယ်ပြန့်လာပါတယ်။ ကမ္ဘောဒီးယား ပြည်တွင်းစစ်ပြီးတဲ့အခါ မြန်မာပြည်ဟာ စစ်လက်နက်ဈေးကွက် ဖြစ်လာပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေက အများဆုံး ဝယ်ယူကြပါတယ်။ အိန္ဒိယနယ်စပ်အထိ လက်နက်ဈေးကွက် ကျယ်ပြန့်သွားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကစပြီး လက်နက်ငယ်တွေ မြန်မာပြည်မှာ စတင်ပြန့်ပွားလာတာ အခုထက်ထိ အရှိန်ရနေတုန်းပါ။ အခုတော့ လက်နက်ကြီးနဲ့ ဒုံးကျည်လက်နက်တွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။ တရုတ်လုပ် မြေပြင်ဝေဟင်ပစ် ပုခုံးထမ်း Madpad ဒုံးကို ဝ နဲ့ မြောက်ပိုင်းတပ်ဖွဲ့အချို့ ကိုင်ဆောင်ကြောင်း သိရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မှာလည်း အင်အားတိုးပွားနေသလို လက်နက်လည်း လိုအပ်နေမှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးနေတဲ့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်ဈေးကွက် ရှင်သန်နေတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG