သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အြန္လိုင္းစစ္ပြဲ


A woman uses her mobile phone to check Facebook in Yangon on February 4,2021 as Myanmar's generals ordered internet providers to restrict access to Facebook, days after they seized power. (Photo by STR / AFP)
ျမန္မာ့အြန္လိုင္းစစ္ပြဲ
please wait

No media source currently available

0:00 0:05:44 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

တိုင္းသူျပည္သားေတြကို အယံုသြင္းဖို႔အတြက္ စစ္တပ္မွာ စိတ္ဓါတ္စစ္ဆင္ေရးဌာန တည္ေထာင္ထားတာ ၾကာလွပါၿပီ။ ဒီဌာနဟာ စစ္တပ္ရဲ ႔ သတင္းနဲ႔ ျပန္ၾကားေရးဌာန ျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္အာဏာသိမ္းတဲ့အခါတိုင္း အျခားသတင္းဌာနေတြ ခ်ဳပ္ကိုင္ဖို႔ စစ္တပ္ႀကိဳးပမ္းပါတယ္။ လြန္ခဲ့တဲ့ ေဖေဖၚဝါရီလ (၁) ရက္ေန႔ မနက္ကလည္း ဆက္သြယ္ေရးကုမၸဏီေတြကို အရင္ဆံုးဝင္စီိးၿပီး အင္တာနက္ကို ျဖတ္ပစ္တဲ့အတြက္ (၅၀) ရာခိုင္ႏႈန္းေလာက္ အဆက္အသြယ္ ျပတ္သြားပါတယ္။ ဘဏ္လုပ္ငန္း၊ စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြပါ အခက္အခဲ ျဖစ္ကုန္တာမို႔ ညေနပိုင္းမွာ အင္တာနက္ ျပန္ဖြင့္ေပးရပါတယ္။

ေနာက္တေန႔မွာ က်န္းမာေရးဝန္ထမ္းေတြက Facebook ကေန အာဏာဖီဆန္ေရး လႈပ္ရွားမႈကို စတင္လိုက္တာ အခုအခ်ိန္ထိ အရိွန္ရေနတုန္း ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး စစ္သားနဲ႔ အရပ္သားရဲ ႔ အြန္လိုင္းစစ္ပြဲ စတင္လို႔ ေျပာႏိုင္ပါတယ္။ MPT နဲ႔ Telenor လို ဆက္သြယ္ေရးကုမၸဏီႀကီးေတြကို ခ်ဳပ္ကိုင္ႏိုင္ရင္ အေပၚစီးရမယ္လို႔ စစ္တပ္က ယူဆပါတယ္။ ဒါေပမဲ့ ဒီကုမၸဏီႀကီးေတြမပါဘဲ အင္တာနက္သံုးႏိုင္တဲ့ VPN – Virtual Private Network ကို အရပ္သားေတြက ေျပာင္းသံုးပါတယ္။ စစ္အာဏာသိမ္းတဲ့ အပတ္မွာ VPN သံုးသူဦးေရ အဆေပါင္း (၅၀) ေက်ာ္ တုိးပြားလာေၾကာင္း သိရပါတယ္။

အြန္လိုင္းတိုက္ပြဲမွာ အေရးနိမ့္မယ့္ အလားအလာေတြ ေပၚလာတဲ့အခါမွာ အင္တာနက္တခုလံုး ပိတ္ပင္ဖုိ႔ စစ္တပ္က ဆံုးျဖတ္ပါတယ္။ အင္တာနက္သံုးသူ (၂၅) သန္း ရိွရာကေန (၆) သိန္းအထိ က်ဆင္းသြားပါတယ္။ စစ္မႈထမ္းေတြ အျဖစ္မွန္ကို မသိႏိုင္ေအာင္ ရည္ရြယ္ၿပီး၊ လုပ္တာကိုလည္း ေျပာၾကပါတယ္။ အင္တာနက္မရတာဟာ ဒီမိုကေရစီ လႈပ္ရွားမႈကိုလည္း ထိခိုက္ပါတယ္။ တခ်ဳိ ႔ေဒသေတြမွာဆိုရင္ ဆက္သြယ္လုိ႔မရတဲ့အတြက္ ကန္႔ကြက္ဆႏၵျပပြဲေတြ ရပ္ဆိုင္းသြားပါတယ္။ ဒါေပမဲ့ လူမႈကြန္ရက္မွာ စံုစမ္းႏိုင္တဲ့စြမ္းရည္ စစ္တပ္ဘက္မွာ နည္းပါးတာေၾကာင့္ ေထြအုပ္ဌာနေတြဟာ ရပ္ကြက္ဒလန္ (ေခၚ) သတင္းေပးေတြကို သံုးလာရပါတယ္။ စစ္တပ္မွာ ရုရွားျပန္စစ္ဗိုလ္ (၅၀၀၀) ေက်ာ္ ရိွတယ္ဆိုေပမယ့္ အတတ္ပညာကို အရပ္သားေတြကို မမီေသးဘူးလို႔ ဆုိပါတယ္။ စစ္တပ္ကို မုန္းတီးေနၾကတဲ့ ကၽြမ္းက်င္သူအရပ္သားဟာ စစ္တပ္မွာ အလုပ္လုပ္မွာ မဟုတ္ပါဘူး။ စစ္တပ္ဟာ VPN ကို ကန္႔သတ္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။

VPN – Virtual Private Network ကို သံုးခ်င္ရင္ အြန္လိုင္းမွာ ဝယ္ယူရပါလိမ့္မယ္။ ေငြေခ်းတဲ့အခါ Credit Card ကို သံုးရတာမုိ႔ ျမန္မာျပည္မွာ လူတုိင္းလက္လွမ္းမမီတဲ့ကိစၥ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူသံုးမ်ားတဲ့ အခမဲ့ VPN ကို ကန္႔သတ္ဖို႔ စစ္တပ္က ႀကိဳးပမ္းေနေၾကာင္း ေမလ (၁၈) ရက္ေန႔ထုတ္ ICG – International Crisis Group အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ျမန္မာျပည္မွာ သံုးႏိုင္တဲ့ အခမဲ့ VPN သံုးခု ရိွပါတယ္။ Express VPN, Dot VPN, Going VPN ျဖစ္ေၾကာင္း EIN Presswire သတင္းမွာ ေဖာ္ျပထားပါတယ္။ အခမဲ့ VPN ကို စိတ္ခ်လက္ခ် သံုးႏိုင္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဒီလိုျဖစ္လာေအာင္ ဒီမိုကေရစီ လိုလားတဲ့ အစိုးရေတြက ကူညီသင့္တယ္လို႔ ျမင္ၾကပါတယ္။

ျပည္သူလူထုရဲ ႔ ဆက္သြယ္မႈကို စစ္တပ္က ၾကားျဖတ္နားေထာင္ဖို႔ ႀကိဳးပမ္းတာဟာ NLD အစိုးရလက္ထက္ကတည္းကျဖစ္ေၾကာင္း ေမလ (၁၉) ရက္ေန႔ထုတ္ ရိုက္တာသတင္းေဆာင္းပါးမွာ ေဖာ္ျပပါတယ္။ NLD အစိုးရရဲ ႔ ေနာက္ဆံုးဘတ္ဂ်က္စာရင္းမွာ တယ္လီဖုန္းၾကားျဖတ္ နားေထာင္တဲ့ပစၥည္း ေဒၚလာ (၄) သန္းဖိုး ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ အာဏာပိုင္မွာ တရားဝင္ၾကားျဖတ္ နားေထာင္ခြင့္ ရိွတယ္ဆိုတဲ့ အယူအဆ ျဖစ္ပါတယ္။ အခုေတာ့ ၾကားျဖတ္စနစ္တခုလံုး စစ္တပ္လက္ထဲ ေရာက္သြားပါၿပီ။ တယ္လီဖုန္းေခၚတဲ့အခါ ကိုယ္ေခၚတဲ့ နံပတ္ကို မေရာက္ဘဲ အျခားနံပတ္တခုကို ေရာက္သြားတာဟာ ၾကားျဖတ္ခံရတဲ့ လကၡဏာ ျဖစ္ပါတယ္။ ကိုယ္က ဖုန္းေခၚတဲ့အခါမွာ ေခၚတဲ့အသံ မၾကားရဘဲ ဖုန္းခ်ိတ္ဆက္ မိသြားတာဟာလည္း ၾကားျဖတ္နားေထာင္ခံရတဲ့ လကၡဏာ ျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္အာဏာရွင္ဟာ အမိန္႔ထုတ္ၿပီး Internet ကို ပိတ္ပင္ကန္႔သတ္တဲ့ နည္းနဲ႔သာ Online စစ္ပြဲ ဆင္ႏႊဲေနပါတယ္။ ဒီလိုလုပ္တာဟာ ကိုယ့္အတတ္ကိုယ္စူး၊ ကိုယ့္ရွဴးကိုယ္ပတ္ ျဖစ္လာၿပီး စစ္တပ္အခ်င္းခ်င္း ဆက္သြယ္ရာမွာ ခက္ခဲလာႏိုင္ပါတယ္။ အရပ္သားကေတာ့ Internet ကို ေက်ာ္လႊားၿပီး၊ VPN ကို သံုးေနတဲ့အတြက္ လူထုတုိက္ပြဲ အရိွန္မေသေအာင္ လုပ္ထားႏိုင္ပါတယ္။ လွ်ဳိ ႔ဝွက္ကုဒ္ကိုသံုးတဲ့ စာေပးစာယူ Software စနစ္ဟာ Internet ကန္႔သတ္မႈကို ေက်ာ္လႊာႏိုင္ပါတယ္။ ဒီနည္းကို ပိုမိုေကာင္းမြန္ၿပီး လံုၿခံဳစိတ္ခ်ရေအာင္ ျပည္ပက ကူညီတာဟာ ကာကြယ္ေရးတာဝန္ R2P ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ စစ္ေကာင္စီကို Internet မပိတ္ဖို႔ ပန္ၾကားေနမယ့္အစား အစြမ္းထက္တဲ့ VPN ကို လူတိုင္းသံုးႏိုင္ေအာင္သာ ဒီမိုကေရစီ လိုလားတဲ့ အဖြဲ႔အစည္းေတြက လုပ္ေဆာင္သင့္တယ္လို႔ International Crisis Group က အႀကံေပးထားပါတယ္။ အေကာင္းဆံုး VPN ေတြဟာ NordVPN, SurfsharkVPN, ExpressVPN, VersatileVPN, CybarGhostVPN, IPVanishVPN, AnonymousVPN, VyprVPN, VeteranVPN စတာေတြ ျဖစ္တယ္လို႔ Comparitech Limited ရဲ ႔ Website မွာ ေဖာ္ျပထားပါတယ္။ ဒါေတြအားလံုး အခမဲ့သံုးႏိုင္ေအာင္ လုပ္ေပးတာဟာ ဒီမိုကေရစီအေရးကို ကူညီရာေရာက္ပါတယ္။


==Unicode ==

တိုင်းသူပြည်သားတွေကို အယုံသွင်းဖို့အတွက် စစ်တပ်မှာ စိတ်ဓါတ်စစ်ဆင်ရေးဌာန တည်ထောင်ထားတာ ကြာလှပါပြီ။ ဒီဌာနဟာ စစ်တပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းတဲ့အခါတိုင်း အခြားသတင်းဌာနတွေ ချုပ်ကိုင်ဖို့ စစ်တပ်ကြိုးပမ်းပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မနက်ကလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကို အရင်ဆုံးဝင်စီးပြီး အင်တာနက်ကို ဖြတ်ပစ်တဲ့အတွက် (၅၀) ရာခိုင်နှုန်းလောက် အဆက်အသွယ် ပြတ်သွားပါတယ်။ ဘဏ်လုပ်ငန်း၊ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေပါ အခက်အခဲ ဖြစ်ကုန်တာမို့ ညနေပိုင်းမှာ အင်တာနက် ပြန်ဖွင့်ပေးရပါတယ်။

နောက်တနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေက Facebook ကနေ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို စတင်လိုက်တာ အခုအချိန်ထိ အရှိန်ရနေတုန်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး စစ်သားနဲ့ အရပ်သားရဲ့ အွန်လိုင်းစစ်ပွဲ စတင်လို့ ပြောနိုင်ပါတယ်။ MPT နဲ့ Telenor လို ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကို ချုပ်ကိုင်နိုင်ရင် အပေါ်စီးရမယ်လို့ စစ်တပ်က ယူဆပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီကြီးတွေမပါဘဲ အင်တာနက်သုံးနိုင်တဲ့ VPN – Virtual Private Network ကို အရပ်သားတွေက ပြောင်းသုံးပါတယ်။ စစ်အာဏာသိမ်းတဲ့ အပတ်မှာ VPN သုံးသူဦးရေ အဆပေါင်း (၅၀) ကျော် တိုးပွားလာကြောင်း သိရပါတယ်။

အွန်လိုင်းတိုက်ပွဲမှာ အရေးနိမ့်မယ့် အလားအလာတွေ ပေါ်လာတဲ့အခါမှာ အင်တာနက်တခုလုံး ပိတ်ပင်ဖို့ စစ်တပ်က ဆုံးဖြတ်ပါတယ်။ အင်တာနက်သုံးသူ (၂၅) သန်း ရှိရာကနေ (၆) သိန်းအထိ ကျဆင်းသွားပါတယ်။ စစ်မှုထမ်းတွေ အဖြစ်မှန်ကို မသိနိုင်အောင် ရည်ရွယ်ပြီး၊ လုပ်တာကိုလည်း ပြောကြပါတယ်။ အင်တာနက်မရတာဟာ ဒီမိုကရေစီ လှုပ်ရှားမှုကိုလည်း ထိခိုက်ပါတယ်။ တချို့ဒေသတွေမှာဆိုရင် ဆက်သွယ်လို့မရတဲ့အတွက် ကန့်ကွက်ဆန္ဒပြပွဲတွေ ရပ်ဆိုင်းသွားပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ စုံစမ်းနိုင်တဲ့စွမ်းရည် စစ်တပ်ဘက်မှာ နည်းပါးတာကြောင့် ထွေအုပ်ဌာနတွေဟာ ရပ်ကွက်ဒလန် (ခေါ်) သတင်းပေးတွေကို သုံးလာရပါတယ်။ စစ်တပ်မှာ ရုရှားပြန်စစ်ဗိုလ် (၅၀၀၀) ကျော် ရှိတယ်ဆိုပေမယ့် အတတ်ပညာကို အရပ်သားတွေကို မမီသေးဘူးလို့ ဆိုပါတယ်။ စစ်တပ်ကို မုန်းတီးနေကြတဲ့ ကျွမ်းကျင်သူအရပ်သားဟာ စစ်တပ်မှာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ စစ်တပ်ဟာ VPN ကို ကန့်သတ်ဖို့ ကြိုးပမ်းနေကြပါတယ်။

VPN – Virtual Private Network ကို သုံးချင်ရင် အွန်လိုင်းမှာ ဝယ်ယူရပါလိမ့်မယ်။ ငွေချေးတဲ့အခါ Credit Card ကို သုံးရတာမို့ မြန်မာပြည်မှာ လူတိုင်းလက်လှမ်းမမီတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် လူသုံးများတဲ့ အခမဲ့ VPN ကို ကန့်သတ်ဖို့ စစ်တပ်က ကြိုးပမ်းနေကြောင်း မေလ (၁၈) ရက်နေ့ထုတ် ICG – International Crisis Group အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာပြည်မှာ သုံးနိုင်တဲ့ အခမဲ့ VPN သုံးခု ရှိပါတယ်။ Express VPN, Dot VPN, Going VPN ဖြစ်ကြောင်း EIN Presswire သတင်းမှာ ဖော်ပြထားပါတယ်။ အခမဲ့ VPN ကို စိတ်ချလက်ချ သုံးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုဖြစ်လာအောင် ဒီမိုကရေစီ လိုလားတဲ့ အစိုးရတွေက ကူညီသင့်တယ်လို့ မြင်ကြပါတယ်။

ပြည်သူလူထုရဲ့ ဆက်သွယ်မှုကို စစ်တပ်က ကြားဖြတ်နားထောင်ဖို့ ကြိုးပမ်းတာဟာ NLD အစိုးရလက်ထက်ကတည်းကဖြစ်ကြောင်း မေလ (၁၉) ရက်နေ့ထုတ် ရိုက်တာသတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ NLD အစိုးရရဲ့ နောက်ဆုံးဘတ်ဂျက်စာရင်းမှာ တယ်လီဖုန်းကြားဖြတ် နားထောင်တဲ့ပစ္စည်း ဒေါ်လာ (၄) သန်းဖိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်မှာ တရားဝင်ကြားဖြတ် နားထောင်ခွင့် ရှိတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ အခုတော့ ကြားဖြတ်စနစ်တခုလုံး စစ်တပ်လက်ထဲ ရောက်သွားပါပြီ။ တယ်လီဖုန်းခေါ်တဲ့အခါ ကိုယ်ခေါ်တဲ့ နံပတ်ကို မရောက်ဘဲ အခြားနံပတ်တခုကို ရောက်သွားတာဟာ ကြားဖြတ်ခံရတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကိုယ်က ဖုန်းခေါ်တဲ့အခါမှာ ခေါ်တဲ့အသံ မကြားရဘဲ ဖုန်းချိတ်ဆက် မိသွားတာဟာလည်း ကြားဖြတ်နားထောင်ခံရတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဟာ အမိန့်ထုတ်ပြီး Internet ကို ပိတ်ပင်ကန့်သတ်တဲ့ နည်းနဲ့သာ Online စစ်ပွဲ ဆင်နွှဲနေပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်အတတ်ကိုယ်စူး၊ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်လာပြီး စစ်တပ်အချင်းချင်း ဆက်သွယ်ရာမှာ ခက်ခဲလာနိုင်ပါတယ်။ အရပ်သားကတော့ Internet ကို ကျော်လွှားပြီး၊ VPN ကို သုံးနေတဲ့အတွက် လူထုတိုက်ပွဲ အရှိန်မသေအောင် လုပ်ထားနိုင်ပါတယ်။ လျှို့ဝှက်ကုဒ်ကိုသုံးတဲ့ စာပေးစာယူ Software စနစ်ဟာ Internet ကန့်သတ်မှုကို ကျော်လွှာနိုင်ပါတယ်။ ဒီနည်းကို ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရအောင် ပြည်ပက ကူညီတာဟာ ကာကွယ်ရေးတာဝန် R2P ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်ကောင်စီကို Internet မပိတ်ဖို့ ပန်ကြားနေမယ့်အစား အစွမ်းထက်တဲ့ VPN ကို လူတိုင်းသုံးနိုင်အောင်သာ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်သင့်တယ်လို့ International Crisis Group က အကြံပေးထားပါတယ်။ အကောင်းဆုံး VPN တွေဟာ NordVPN, SurfsharkVPN, ExpressVPN, VersatileVPN, CybarGhostVPN, IPVanishVPN, AnonymousVPN, VyprVPN, VeteranVPN စတာတွေ ဖြစ်တယ်လို့ Comparitech Limited ရဲ့ Website မှာ ဖော်ပြထားပါတယ်။ ဒါတွေအားလုံး အခမဲ့သုံးနိုင်အောင် လုပ်ပေးတာဟာ ဒီမိုကရေစီအရေးကို ကူညီရာရောက်ပါတယ်။

XS
SM
MD
LG