သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္အက်ဳိးစီးပြားျမွင့္တင္ေရး


Burmese protest Chinese Embassy
တရုတ္အက်ဳိးစီးပြားျမွင့္တင္ေရး
please wait

No media source currently available

0:00 0:05:33 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ ျမန္မာ့အေရး သုံးသပ္ခ်က္

တရုတ္အစိုးရရဲ ႔ ပိုးခါးပတ္လမ္းေၾကာင္း ျမန္္မာျပည္မွာ အေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ အာဏာသိမ္းေကာင္စီက ေကာ္မတီ (၃) ခုကို ျပန္လည္ဖြဲ႔စည္းလိုက္ေၾကာင္း ေမလ (၁၈) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္ တည္ေဆာက္ေရး ပူးတြဲေကာ္မတီက အရပ္သားအဖြဲ႔ဝင္ေတြကို စစ္ေကာင္စီခန္႔ ကိုယ္စားလွယ္ေတြနဲ႔ အစားထိုးလိုက္ပါတယ္။ စီးပြားေရးစႀကၤန္ တည္ေဆာက္ဖို႔ တရုတ္နဲ႔ NLD အစိုးရ ၂၀၁၈ က သေဘာတူခဲ့ေပမယ့္ တရုတ္စီမံကိန္းေတြကို NLD က စစ္ေဆးတဲ့အတြက္ အေကာင္အထည္ေဖာ္တဲ့အဆင့္ ေရာက္မလာေသးပါဘူး။

ရွမ္းနဲ႔ကခ်င္ျပည္နယ္မွာ အေကာင္အထည္ေဖာ္မယ့္ နယ္စပ္ေဒသ စီးပြားေရးပူးတြဲေဆာင္ရြက္မႈဇုန္ ေကာ္မတီကိုလည္း ျပည္လည္ဖြဲ႔စည္းပါတယ္။ စစ္ေကာင္စီက ဆႏၵျပတဲ့ ျပည္သူလူထုကို သတ္ျဖတ္ႏိွမ္နင္းခ်ိန္မွာ တရုတ္စီမံကိန္းေတြကို ဆက္လက္အေကာင္အထည္ေဖာ္ဖုိ႔ ႀကိဳးပမ္းတာဟာ တရုတ္ဆန္႔က်င္ေရးစိတ္ဓါတ္ကို ႀကီးထြားေစပါတယ္။ တရုတ္ကို ေဝဖန္ရႈတ္ခ်တဲ့ ျမန္မာမီဒီယာကို ႀကီးၾကပ္ဖို႔လိုအပ္ၿပီး၊ အျပဳသေဘာနဲ႔ ေရးသင့္ေၾကာင္း တရုတ္ႏုိ္င္ငံျခားေရးဌာန ညႊန္ၾကားေရးမွဴး Bia Tian က စစ္ေကာင္စီကို သတိေပးထားတယ္လုိ႔လည္း မတ္လ (၈) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။

ယူနန္၊ ျမန္မာ၊ အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ကို ဆက္သြယ္မယ့္ ေလးႏုိင္ငံ စီးပြားေရးစႀကၤန္ တည္ေဆာက္ဖုိ႔ တရုတ္အစိုိးရ ႀကံစည္ေနတာၾကာပါၿပီ။ ဒါေပမဲ့ ေလ့လာေရးအစီရင္ခံစာ တင္ျပၿပီး အစည္းအေဝးမွာ ေဆြးေႏြးတဲ့အဆင့္က မတက္ႏိုင္ပါဘူး။ ေလးႏုိင္ငံ စီးပြားေရးစႀကၤန္ဟာ ရည္ရြယ္ခ်က္ ႀကီးမားသေလာက္ အေကာင္အထည္ေဖာ္ဖို႔ ခက္ခဲေနပါတယ္။ ျမန္မာနဲ႔ စီးပြားေရးစႀကၤန္ တည္ေဆာက္တာဟာ တရုတ္အတြက္ ပိုၿပီးလက္ေတြ႔ၾကပါတယ္။ အေနာက္တိုင္းက ဒဏ္ခတ္အေရးယူလို႔ ဗမာစစ္အစိုးရ တရုတ္ကို မီွခိုသလို ရိုဟင္ဂ်ာျပႆနာေၾကာင့္ အေနာက္တုိင္းမွာ ေဝဖန္ရႈတ္ခ်ခံရတဲ့ NLD အစိုးရဟာ တရုတ္-ျမန္မာ စီးပြားေရစႀကၤန္တည္ေဆာက္ဖို႔ သေဘာတူလုိက္ပါတယ္။ ယူနန္၊ မႏၱေလး၊ ေက်ာက္ျဖဴနဲ႔ ရန္ကုန္ကို ကားလမ္း၊ ရထားလမ္းနဲ႔ ဆက္ထားၿပီး ႏွစ္ႏုိင္ငံ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ဖို႔ ရည္ရြယ္ပါတယ္။ တရုတ္အစိုးရက (၁၅) ႏွစ္ေလာက္ ႀကံစည္ခဲ့တဲ့ စီမံကိန္း ျဖစ္ပါတယ္။

တရုတ္ရဲ ႔ စီးပြားေရးလုပ္ငန္းအမ်ားစုဟာ ဗိုလ္သန္းေရႊအစိုးရလက္ထက္ကတည္းက စတင္လုပ္ကိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။ တရုတ္နဲ႔ထိုင္းကို သဘာဝဓါတ္ေငြ႔ေရာင္းတာကတင္ အေမရိကန္ေဒၚလာသန္းတေထာင္ေလာက္ ဗမာအစိုးရ ႏွစ္စဥ္ရရိွတဲ့အတြက္ ဒီပိုက္လိုင္းေတြ မပ်က္စီးေအာင္ ထိန္းသိမ္းဖို႔ စစ္ေကာင္စီက ဦးစားေပးမွာ ျဖစ္ပါတယ္။ ယူနန္ေက်ာက္ျဖဴ ေရနံဓါတ္ေငြ႔ပိုက္လိုင္း တည္ေဆာက္ဖို႔ ၂၀၀၈ ကတည္းက ဗိုလ္သန္းေရႊအစိုးရနဲ႔ တရုတ္ႏုိင္ငံပိုင္ကုမၸဏီတို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။ NLD အစိုးရလက္ထက္မွာ တရုတ္နဲ႔ သေဘာတူခဲ့တဲ့ သဘာဝဓါတ္ေငြ႔ရည္ (LNG) သံုး လွ်ပ္စစ္ဓါတ္အားေပး စက္ရံု တည္ေဆာက္ဖို႔လည္း စစ္ေကာင္စီက ေမလအေစာပိုင္းက ခြင့္ျပဳလိုက္ပါတယ္။

သဘာဝဓါတ္ရည္သံုး LNG လွ်ပ္စစ္ဓါတ္အားေပးစက္ရံု (၄) ရံု တည္ေဆာက္မယ္လို႔ NLD အစိုးရက (၂၀၁၈) မွာ ေၾကညာလိုက္ပါတယ္။ ဒီအစီအစဥ္မွာ တရုတ္တင္မကဘဲ ျပင္သစ္တိုတယ္နဲ႔ ဂ်ာမန္စီမင္းကုမၸဏီတို႔လည္း ပါဝင္ပါတယ္။ မီးလင္းေရးစီမံကိန္းကို တရုတ္ကုမၸဏီနဲ႔ Supreme Group တို႔က အေကာင္အထည္ေဖာ္ဖို႔ သေဘာတူထားပါတယ္။ ဧရာဝတီတုိင္း ေခ်ာင္းသာနဲ႔ ဂြၿမိဳ ႔ၾကား ပင္လယ္ကမ္းေျချဖစ္တဲ့ မီးလင္းႀကိဳင္ရြာမွာ အေမရိကန္ေဒၚလာသန္း (၂၅၀၀) ရင္းႏီွးမယ့္ စီမံကိန္း ျဖစ္ပါတယ္။ လွ်ပ္စစ္အျပင္၊ ေမြးျမဴေရး၊ စက္မႈနဲ႔ ဝန္ေဆာင္မႈက႑မွာလည္း လုပ္ငန္းသစ္ (၁၄) ခုကို စစ္ေကာင္စီက ခြင့္ျပဳေၾကာင္း ေမလ (၈) ရက္ထုတ္ ျမန္မာ့အလင္းသတင္းစာမွာ ေဖာ္ျပထားပါတယ္။ ခြင့္ျပဳလိုက္တဲ့လုပ္ငန္း (၁၅) ခုမွာ စုစုေပါင္း အေမရိကန္ေဒၚလာသန္းေပါင္း (၂၇၈၃) ရင္းႏီွးျမဳပ္ႏံွဖို႔ ရည္ရြယ္ေၾကာင္း သိရိွရပါတယ္။

လြန္ခဲ့တဲ့ ဧၿပီလကုန္အထိ ျမန္မာျပည္မွာ ျမဳပ္ႏံွထားတဲ့ ႏုိင္ငံျခားအရင္းအႏီွး (၅၁) ခုရိွတဲ့အနက္ စကၤာပူက အမ်ားဆံုးျဖစ္ၿပီး၊ တရုတ္က ဒုတိယ၊ ထိုင္းက တတိယ လိုက္ေနပါတယ္။ လွ်ပ္စစ္က႑မွာ အမ်ားဆံုးရင္းႏီွးျမဳပ္ႏံွၾကၿပီး၊ ေရနံနဲ႔သဘာဝဓါတ္ေငြ႔က ဒုတိယ၊ ကုန္ထုတ္လုပ္မႈက႑က တတိယျဖစ္ေၾကာင္း ျမန္မာ့အလင္းမွာ ေဖာ္ျပထားပါတယ္။ ျမန္မာျပည္မွာ သဘာဝဓါတ္ေငြ႔ ထြက္ေပမယ့္ အေျခခံအေဆာက္အအံုနဲ႔ အတတ္ပညာမွာ အားနည္းတဲ့အတြက္ ဓါတ္ေငြ႔ကိုေကာင္းေကာင္း အသံုးမျပဳႏိုင္ဘဲ ျဖစ္ေနပါတယ္။ ဒါေပမဲ့ ဓါတ္ေငြ႔နဲ႔ ဓါတ္ေငြ႔ရည္ဟာ ကြဲျပားတာေၾကာင့္ ဓါတ္ေငြ႔ရည္နဲ႔ ပတ္သက္တဲ့ အသိပညာနဲ႔ အတတ္ပညာကို ကၽြမ္းက်င္ဖို႔ လုိပါတယ္။

တျပည္လံုးမီးလင္းဖို႔အတြက္ NLD အစိုးရ အေကာင္အထည္ေဖာ္တဲ့ စီမံကိန္းကို စစ္ေကာင္စီက ဆက္လက္အေကာင္အထည္ေဖာ္မယ့္ သေဘာရိွပါတယ္။ အေနာက္တိုင္းက ဒဏ္ခတ္အေရးယူခ်ိန္မွာ စစ္ေကာင္စီဟာ စကၤာပူ၊ တရုတ္နဲ႔ ထိုင္းကို အားကိုးႏုိင္ပါတယ္။ စကၤာပူက အမ်ားဆံုးရင္းႏီွးတယ္ဆိုေပမယ့္ စကၤာပူအေျခစိုက္ တရုတ္ကုမၸဏီေတြ ရိွေနတာကိုလည္း ထည့္တြက္ရပါလိမ့္မယ္။ တရုတ္၊ ထိုင္းနဲ႔ စကၤာပူကရတဲ့ ေဒၚလာေတြဟာ စစ္ေကာင္စီရဲ ႔ အသက္ရွည္ေဆးျဖစ္လို႔ ဒီနိုင္ငံေတြရဲ ႔ အက်ဳိးစီးပြားကို ျမွင့္တင္ေပးေရးဟာလည္း ဗမာစစ္တပ္ရဲ ႔ ဒို႔တာဝန္အေရး ျဖစ္ေနပါတယ္။


==Unicode==

ဦးအောင်ခင် မြန်မာ့အရေး သုံးသပ်ချက်

တရုတ်အစိုးရရဲ့ ပိုးခါးပတ်လမ်းကြောင်း မြန်မာပြည်မှာ အကောင်အထည် ဖော်နိုင်ရေးအတွက် အာဏာသိမ်းကောင်စီက ကော်မတီ (၃) ခုကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မေလ (၁၈) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရေး ပူးတွဲကော်မတီက အရပ်သားအဖွဲ့ဝင်တွေကို စစ်ကောင်စီခန့် ကိုယ်စားလှယ်တွေနဲ့ အစားထိုးလိုက်ပါတယ်။ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ တရုတ်နဲ့ NLD အစိုးရ ၂၀၁၈ က သဘောတူခဲ့ပေမယ့် တရုတ်စီမံကိန်းတွေကို NLD က စစ်ဆေးတဲ့အတွက် အကောင်အထည်ဖော်တဲ့အဆင့် ရောက်မလာသေးပါဘူး။

ရှမ်းနဲ့ကချင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် နယ်စပ်ဒေသ စီးပွားရေးပူးတွဲဆောင်ရွက်မှုဇုန် ကော်မတီကိုလည်း ပြည်လည်ဖွဲ့စည်းပါတယ်။ စစ်ကောင်စီက ဆန္ဒပြတဲ့ ပြည်သူလူထုကို သတ်ဖြတ်နှိမ်နင်းချိန်မှာ တရုတ်စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာဟာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို ကြီးထွားစေပါတယ်။ တရုတ်ကို ဝေဖန်ရှုတ်ချတဲ့ မြန်မာမီဒီယာကို ကြီးကြပ်ဖို့လိုအပ်ပြီး၊ အပြုသဘောနဲ့ ရေးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူး Bia Tian က စစ်ကောင်စီကို သတိပေးထားတယ်လို့လည်း မတ်လ (၈) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

ယူနန်၊ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မယ့် လေးနိုင်ငံ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ တရုတ်အစိုးရ ကြံစည်နေတာကြာပါပြီ။ ဒါပေမဲ့ လေ့လာရေးအစီရင်ခံစာ တင်ပြပြီး အစည်းအဝေးမှာ ဆွေးနွေးတဲ့အဆင့်က မတက်နိုင်ပါဘူး။ လေးနိုင်ငံ စီးပွားရေးစင်္ကြန်ဟာ ရည်ရွယ်ချက် ကြီးမားသလောက် အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါတယ်။ မြန်မာနဲ့ စီးပွားရေးစင်္ကြန် တည်ဆောက်တာဟာ တရုတ်အတွက် ပိုပြီးလက်တွေ့ကြပါတယ်။ အနောက်တိုင်းက ဒဏ်ခတ်အရေးယူလို့ ဗမာစစ်အစိုးရ တရုတ်ကို မှီခိုသလို ရိုဟင်ဂျာပြဿနာကြောင့် အနောက်တိုင်းမှာ ဝေဖန်ရှုတ်ချခံရတဲ့ NLD အစိုးရဟာ တရုတ်-မြန်မာ စီးပွားရေစင်္ကြန်တည်ဆောက်ဖို့ သဘောတူလိုက်ပါတယ်။ ယူနန်၊ မန္တလေး၊ ကျောက်ဖြူနဲ့ ရန်ကုန်ကို ကားလမ်း၊ ရထားလမ်းနဲ့ ဆက်ထားပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်။ တရုတ်အစိုးရက (၁၅) နှစ်လောက် ကြံစည်ခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။

တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ ဗိုလ်သန်းရွှေအစိုးရလက်ထက်ကတည်းက စတင်လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်နဲ့ထိုင်းကို သဘာဝဓါတ်ငွေ့ရောင်းတာကတင် အမေရိကန်ဒေါ်လာသန်းတထောင်လောက် ဗမာအစိုးရ နှစ်စဉ်ရရှိတဲ့အတွက် ဒီပိုက်လိုင်းတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ စစ်ကောင်စီက ဦးစားပေးမှာ ဖြစ်ပါတယ်။ ယူနန်ကျောက်ဖြူ ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့ ၂၀၀၈ ကတည်းက ဗိုလ်သန်းရွှေအစိုးရနဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ သဘောတူခဲ့တဲ့ သဘာဝဓါတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ဖို့လည်း စစ်ကောင်စီက မေလအစောပိုင်းက ခွင့်ပြုလိုက်ပါတယ်။

သဘာဝဓါတ်ရည်သုံး LNG လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၄) ရုံ တည်ဆောက်မယ်လို့ NLD အစိုးရက (၂၀၁၈) မှာ ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်မှာ တရုတ်တင်မကဘဲ ပြင်သစ်တိုတယ်နဲ့ ဂျာမန်စီမင်းကုမ္ပဏီတို့လည်း ပါဝင်ပါတယ်။ မီးလင်းရေးစီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ Supreme Group တို့က အကောင်အထည်ဖော်ဖို့ သဘောတူထားပါတယ်။ ဧရာဝတီတိုင်း ချောင်းသာနဲ့ ဂွမြို့ကြား ပင်လယ်ကမ်းခြေဖြစ်တဲ့ မီးလင်းကြိုင်ရွာမှာ အမေရိကန်ဒေါ်လာသန်း (၂၅၀၀) ရင်းနှီးမယ့် စီမံကိန်း ဖြစ်ပါတယ်။ လျှပ်စစ်အပြင်၊ မွေးမြူရေး၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာလည်း လုပ်ငန်းသစ် (၁၄) ခုကို စစ်ကောင်စီက ခွင့်ပြုကြောင်း မေလ (၈) ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ခွင့်ပြုလိုက်တဲ့လုပ်ငန်း (၁၅) ခုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၂၇၈၃) ရင်းနှီးမြုပ်နံှဖို့ ရည်ရွယ်ကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဧပြီလကုန်အထိ မြန်မာပြည်မှာ မြုပ်နံှထားတဲ့ နိုင်ငံခြားအရင်းအနှီး (၅၁) ခုရှိတဲ့အနက် စင်္ကာပူက အများဆုံးဖြစ်ပြီး၊ တရုတ်က ဒုတိယ၊ ထိုင်းက တတိယ လိုက်နေပါတယ်။ လျှပ်စစ်ကဏ္ဍမှာ အများဆုံးရင်းနှီးမြုပ်နံှကြပြီး၊ ရေနံနဲ့သဘာဝဓါတ်ငွေ့က ဒုတိယ၊ ကုန်ထုတ်လုပ်မှုကဏ္ဍက တတိယဖြစ်ကြောင်း မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့ ထွက်ပေမယ့် အခြေခံအဆောက်အအုံနဲ့ အတတ်ပညာမှာ အားနည်းတဲ့အတွက် ဓါတ်ငွေ့ကိုကောင်းကောင်း အသုံးမပြုနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဓါတ်ငွေ့နဲ့ ဓါတ်ငွေ့ရည်ဟာ ကွဲပြားတာကြောင့် ဓါတ်ငွေ့ရည်နဲ့ ပတ်သက်တဲ့ အသိပညာနဲ့ အတတ်ပညာကို ကျွမ်းကျင်ဖို့ လိုပါတယ်။

တပြည်လုံးမီးလင်းဖို့အတွက် NLD အစိုးရ အကောင်အထည်ဖော်တဲ့ စီမံကိန်းကို စစ်ကောင်စီက ဆက်လက်အကောင်အထည်ဖော်မယ့် သဘောရှိပါတယ်။ အနောက်တိုင်းက ဒဏ်ခတ်အရေးယူချိန်မှာ စစ်ကောင်စီဟာ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းကို အားကိုးနိုင်ပါတယ်။ စင်္ကာပူက အများဆုံးရင်းနှီးတယ်ဆိုပေမယ့် စင်္ကာပူအခြေစိုက် တရုတ်ကုမ္ပဏီတွေ ရှိနေတာကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ တရုတ်၊ ထိုင်းနဲ့ စင်္ကာပူကရတဲ့ ဒေါ်လာတွေဟာ စစ်ကောင်စီရဲ့ အသက်ရှည်ဆေးဖြစ်လို့ ဒီနိုင်ငံတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးရေးဟာလည်း ဗမာစစ်တပ်ရဲ့ ဒို့တာဝန်အရေး ဖြစ်နေပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG