သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမိန္႔ဖီဆန္သူ ေအာင္လံထူ


အမိန္္႔အာဏာဖီဆန္္ေရး လႈပ္ရွားမႈ -- Civil Disobedience Movement (CDM)
အမိန္႔ဖီဆန္သူ ေအာင္လံထူ
please wait

No media source currently available

0:00 0:05:35 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းတာကို လက္မခံႏုိင္တဲ့ အရပ္သားဝန္ထမ္းေတြ စလိုက္တဲ့ အမိန္္႔အာဏာဖီဆန္္ေရး လႈပ္ရွားမႈဟာ (၄) လ သက္တမ္း ရိွလာပါၿပီ။ ဒီလႈပ္ရွားမႈေၾကာင့္ ျပဳျပင္ေရး ျဖစ္လာမလား။ စစ္ေကာင္စီတပ္ ေျပာင္းလဲသြားမလား။ ဒါမွမဟုတ္လဲ လႈပ္ရွားမႈတခုလံုး အရိွန္ေသသြားမလား စသျဖင့္ အမ်ဳိးမ်ဳိးေဝဖန္သံုးသပ္ေနၾကပါတယ္။ ေရရွည္တိုက္ပြဲဆင္ႏြဲႏိုင္ေအာင္ ျပည္ပေရာက္ ျမန္မာေတြက ရန္ပံုေငြ ရွာေနၾကပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းသူေတြလည္း ရိွလာပါတယ္။ အမိန္႔ဖီဆန္ေရး ႏွလံုးရည္တိုက္ပြဲအေၾကာင္း ေရးထားတဲ့ စာအုပ္စာေပေတြလည္း ထပ္မံထြက္ေပၚလာပါတယ္။

အေမရိကန္အမ်ဳိးသမီးပညာရွင္ Erica Chenoweth နဲ႔ Maria Stephen က ၂၀ ရာစု လြတ္ေျမာက္ေရး တိုက္ပြဲသံုးရာေက်ာ္ကို ေလ့လာတဲ့အခါမွာ အၾကမ္းမဖက္တဲ့ ႏွလံုးရည္တိုက္ပြဲက ပိုၿပီးထိေရာက္တာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အေရးႀကီးတဲ့ အခ်က္ (၄) ခ်က္ ရိွပါတယ္တဲ့။ ပထမအခ်က္က ပါဝင္သူေတြ မ်ားျပားေနဖို႔ ျဖစ္ပါတယ္။ ဒုတိယအခ်က္က ဖိႏိွပ္ေနတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ေတြနဲ႔ အစိုးရဌာနေတြ ကိုယ္ဘက္ပါလာဖို႔ ျဖစ္ပါတယ္။ တတိယက ဆႏၵျပရံုတင္မကဘဲ နည္းလမ္းမ်ဳိးစံုသံုးဖုိ႔ ျဖစ္ပါတယ္။ စတုတၳကေတာ့ ဖိႏိွပ္ခံရတဲ့အခါ လႈပ္ရွားမႈ ကစဥ့္ကရဲ မျဖစ္ေအာင္ ထိန္းသိမ္းႏိုင္ဖို႔ ျဖစ္ပါတယ္။

ႏွလံုးရည္တုိက္ပြဲ ကစဥ့္ကလ်ား ျဖစ္သြားလို႔ လက္နက္ကိုင္တိုက္ပြဲအျဖစ္ အသြင္ေျပာင္းမယ္ဆိုရင္ စစ္အာဏာရွင္အႀကိဳက္ ျဖစ္သြားႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အာဏာရွင္လက္ေအာက္က တပ္ဖြဲ႔ေတြ ကိုယ့္ဘက္ပါလာေအာင္ စည္းရံုးတာဟာ အၾကမ္းမဖက္တဲ့ CDM ႏွလံုးရည္တုိက္ပြဲရဲ ႔ အဓိကေသာ့ခ်က္တခု ျဖစ္တယ္လို႔ ဆိုပါတယ္။ မိတီၳလာ အေျခစိုက္တပ္မ (၉၉) က CDM လႈပ္ရွားမႈထဲ ပါဝင္လာသူ ဗိုလ္မွဴးဟိန္းေသာ္ဦးကေတာ့ စစ္အာဏာသိမ္းတာကို မတရားမွန္းသိသူေတြ တပ္ထဲမွာ အမ်ားႀကီးရိွေပမယ့္ ရုန္းထြက္ဖို႔ ခက္ခဲေနတယ္လို႔ ေျပာပါတယ္။ တပ္ပ်က္ေနတာ ၾကာၿပီျဖစ္ေပမယ့္ အေၾကာက္တရား လႊမ္းမိုးေနတာကို မေက်ာ္လႊာႏိုင္ေသးဘူးလို႔ ဆိုပါတယ္။ တပ္တြန္းပုန္ကန္မႈ ျဖစ္ေပၚေရးဟာ အမ်ဳိးသားညီညႊတ္ေရးအစိုးရေပၚ တည္တယ္လို႔ ဗိုလ္မွဴးဟိန္းေသာ္ဦးက ဆိုပါတယ္။ စစ္တပ္ကထြက္ခြါၿပီး အာဏာဖီဆန္ေရးမွာ ပါဝင္လာတဲ့ စစ္ဗိုလ္စစ္သားဦးေရ တျဖည္းျဖည္းတိုးပြားေနပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ အရာရိွငယ္တစုရဲ ႔ ၁၉၈၀ ျပည့္ႏွစ္ စစ္တပ္ျပဳျပင္ေရးလႈပ္ရွားမႈဟာ အာဏာရွင္ဆန္႔က်င္ေရး နိဒါန္း ျဖစ္ပါတယ္။ အက်င့္ပ်က္ေနတဲ့ စစ္တပ္ကို ျပဳျပင္ဖုိ႔ ကာကြယ္ေရးဝန္ႀကီး Enrile ကလည္း စိတ္ဝင္စားပါတယ္။ ဒါေၾကာင့္ ၁၉၈၆ ျပည္သူ႔ေတာ္လွန္ေရးမွာ ကာကြယ္ေရးဝန္ႀကီး Enrile နဲ႔ ဒုဗိုလ္ခ်ဳပ္ႀကီး Ramos ျပည္သူ႔ဘက္က ရပ္တည္လာတာဟာ အေျခအေနကို ေျပာင္းလဲေစပါတယ္။ လြတ္လပ္ခ်င္တဲ့ ျပည္သူလူထု၊ အရပ္သားအဖြဲ႔၊ ဘုရားေက်ာင္းနဲ႔ စစ္တပ္ျပဳျပင္ေရး လႈပ္ရွားမႈ စတာေတြ ပူးတြဲလုပ္ကိုင္ႏုိင္တဲ့အတြက္ အာဏာရွင္ မားကိုစ္ ျပဳတ္က်သြားရပါတယ္။ စစ္တပ္ျပဳျပင္ေရးအုပ္စုဟာ ဖိလစ္ပိုင္ႏုိင္ငံက ျပည္သူ႔အာဏာလႈပ္ရွားမႈမွာ တတပ္တအား ပါဝင္ခဲ့ပါတယ္။

မတရားလုပ္ၿပီး ဖိႏိွပ္ညွဥ္းပန္းတာကို နည္း (၃) နည္းနဲ႔ တံု႔ျပန္ႏိုင္တယ္လို႔ ဂႏၶီႀကီးက ဆိုပါတယ္။ ပထမနည္းက မတရားလုပ္တာကို ၿငိမ္ခံၿပီး ေရွာင္ေျပးတာျဖစ္လို႔ သူရဲေဘာေၾကာင္တဲ့နည္းလို႔ ဂႏၶီႀကီးက ဆိုပါတယ္။ ဒုတိယနည္းကေတာ့ လက္နက္ကိုင္ၿပီး ခံတိုက္တဲ့နည္း ျဖစ္ပါတယ္။ ဒီနည္းဟာ ၿငိမ္ခံၿပီး ေရွာင္ေျပးတာထက္ ပိုေကာင္းတယ္လို႔ ဂႏၶီႀကီးကေျပာတယ္။ တတိယနည္းကေတာ့ အၾကမ္းမဖက္ဘဲ အႏုနည္းနဲ႔ ရင္ဆိုင္တိုက္တာျဖစ္လို႔ သတိၱအေျပာင္ဆံုးျဖစ္တယ္လို႔ ဆိုပါတယ္။ လူတုိိင္းမွာ ေၾကာက္စိတ္ရိွေပမယ့္ ဒီေၾကာက္စိတ္ကို နည္းႏုိင္သမွ် ထိန္းသိမ္းဖို႔ႀကိဳးစားရင္း ေမတၱာတရား လက္ကိုင္ထားၿပီး တိုက္ပြဲဝင္တာမို႔ ႏွလံုးရည္တိုက္ပြဲမွာ ျပတဲ့သတိၱကို ဘယ္သတၱိမ်ဳိးမွ လုိက္မမီဘူးလို႔ ဂႏၶီႀကီးက ေျပာဖူးပါတယ္။ ႏွလံုးရည္တုိက္ပြဲဝင္သူဟာ ယံုၾကည္ခ်က္အတြက္ အသက္စြန္႔ႏုိင္ရမယ္လို႔ ဂႏၶီႀကီးက ဆိုပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ (၁၄) ႏွစ္ က်င့္သံုးတဲ့ စစ္အုပ္ခ်ဳပ္ေရးဟာ ၁၉၈၆ ျပည္သူ႔ေတာ္လွန္ေရး ေအာင္ပြဲခံမွ နိဂံုးခ်ဳပ္သြားပါတယ္။ စစ္အုပ္ခ်ဳပ္ေရးကာလမွာ ျပည္သူ (၃၀၀၀) ေက်ာ္ အသတ္ခံရၿပီး၊ (၇၀,၀၀၀) ထိန္းသိမ္းခံရပါတယ္။ ႏိွပ္စက္ညွဥ္းပမ္းခံရသူ (၃၅,၀၀၀) ရိွတယ္လို႔ မွတ္တမ္းတင္ထားပါတယ္။ ျမန္မာျပည္မွာေတာ့ ႏွလံုးရည္တိုက္ပြဲေရာ၊ လက္နက္ကိုင္တိုက္ပြဲေရာ ဆင္ႏႊဲေနပံုရပါတယ္။ စစ္ေကာင္စီရဲ ႔ စစ္အင္အားကို က်ားကန္ထားတဲ့ စီးပြားေရးအင္အားကို တိုက္ခိုက္တာဟာ ႏွလံုးရည္တိုက္ပြဲပါ။ စီးပြားေရးစစ္မ်က္ႏွာနဲ႔ လက္နက္ကိုင္ တိုက္ပြဲကို ရင္ဆိုင္ေနရတဲ့ စစ္ေကာင္စီဟာ ေရရွည္ႀကီးစိုးႏုိင္ဖို႔ ခက္ခဲပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၀၇ ေရႊဝါေရာင္ ေတာ္လွန္ေရး ရက္ရက္စက္စက္ ႏိွပ္ကြပ္ခံရတဲ့အတြက္ ၂၀၁၂ မွာ ေရြးေကာက္ပြဲအစိုးရ ဖြဲ႔စည္းတဲ့အခါမွာ ဦးသိန္းစိန္အစိုးရက ျပဳျပင္ေရးလုပ္တာလို႔ ပါေမာကၡ Chenoweth က သံုးသပ္ပါတယ္။ လက္ရိွ အာဏာဖီဆန္ေရးလႈပ္ရွားမႈဟာ လူတန္းစားေပါင္းစံု၊ လူမ်ဳိးေပါင္းစံု၊ အဖြဲ႔အစည္းေပါင္းစံုနဲ႔ ဘာသာအယူဝါဒေပါင္းစံု စုေပါင္းၿပီး၊ စစ္အာဏာရွင္စနစ္ကို ဖယ္ရွားဖို႔ ႀကိဳးပမ္းေနတာျဖစ္္လို႔ ေအာင္ျမင္ဖို႔ အလားအလာ အလြန္ေကာင္းတယ္လုိ႔ သံုးသပ္ေနၾကပါတယ္။

==Unicode==

စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ အရပ်သားဝန်ထမ်းတွေ စလိုက်တဲ့ အမိန့််အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ (၄) လ သက်တမ်း ရှိလာပါပြီ။ ဒီလှုပ်ရှားမှုကြောင့် ပြုပြင်ရေး ဖြစ်လာမလား။ စစ်ကောင်စီတပ် ပြောင်းလဲသွားမလား။ ဒါမှမဟုတ်လဲ လှုပ်ရှားမှုတခုလုံး အရှိန်သေသွားမလား စသဖြင့် အမျိုးမျိုးဝေဖန်သုံးသပ်နေကြပါတယ်။ ရေရှည်တိုက်ပွဲဆင်နွဲနိုင်အောင် ပြည်ပရောက် မြန်မာတွေက ရန်ပုံငွေ ရှာနေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းသူတွေလည်း ရှိလာပါတယ်။ အမိန့်ဖီဆန်ရေး နှလုံးရည်တိုက်ပွဲအကြောင်း ရေးထားတဲ့ စာအုပ်စာပေတွေလည်း ထပ်မံထွက်ပေါ်လာပါတယ်။

အမေရိကန်အမျိုးသမီးပညာရှင် Erica Chenoweth နဲ့ Maria Stephen က ၂၀ ရာစု လွတ်မြောက်ရေး တိုက်ပွဲသုံးရာကျော်ကို လေ့လာတဲ့အခါမှာ အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲက ပိုပြီးထိရောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက် (၄) ချက် ရှိပါတယ်တဲ့။ ပထမအချက်က ပါဝင်သူတွေ များပြားနေဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က ဖိနှိပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဌာနတွေ ကိုယ်ဘက်ပါလာဖို့ ဖြစ်ပါတယ်။ တတိယက ဆန္ဒပြရုံတင်မကဘဲ နည်းလမ်းမျိုးစုံသုံးဖို့ ဖြစ်ပါတယ်။ စတုတ္ထကတော့ ဖိနှိပ်ခံရတဲ့အခါ လှုပ်ရှားမှု ကစဉ့်ကရဲ မဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။

နှလုံးရည်တိုက်ပွဲ ကစဉ့်ကလျား ဖြစ်သွားလို့ လက်နက်ကိုင်တိုက်ပွဲအဖြစ် အသွင်ပြောင်းမယ်ဆိုရင် စစ်အာဏာရှင်အကြိုက် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အာဏာရှင်လက်အောက်က တပ်ဖွဲ့တွေ ကိုယ့်ဘက်ပါလာအောင် စည်းရုံးတာဟာ အကြမ်းမဖက်တဲ့ CDM နှလုံးရည်တိုက်ပွဲရဲ့ အဓိကသော့ချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ မိတ္ထီလာ အခြေစိုက်တပ်မ (၉၉) က CDM လှုပ်ရှားမှုထဲ ပါဝင်လာသူ ဗိုလ်မှူးဟိန်းသော်ဦးကတော့ စစ်အာဏာသိမ်းတာကို မတရားမှန်းသိသူတွေ တပ်ထဲမှာ အများကြီးရှိပေမယ့် ရုန်းထွက်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။ တပ်ပျက်နေတာ ကြာပြီဖြစ်ပေမယ့် အကြောက်တရား လွှမ်းမိုးနေတာကို မကျော်လွှာနိုင်သေးဘူးလို့ ဆိုပါတယ်။ တပ်တွန်းပုန်ကန်မှု ဖြစ်ပေါ်ရေးဟာ အမျိုးသားညီညွှတ်ရေးအစိုးရပေါ် တည်တယ်လို့ ဗိုလ်မှူးဟိန်းသော်ဦးက ဆိုပါတယ်။ စစ်တပ်ကထွက်ခွါပြီး အာဏာဖီဆန်ရေးမှာ ပါဝင်လာတဲ့ စစ်ဗိုလ်စစ်သားဦးရေ တဖြည်းဖြည်းတိုးပွားနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အရာရှိငယ်တစုရဲ့ ၁၉၈၀ ပြည့်နှစ် စစ်တပ်ပြုပြင်ရေးလှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး နိဒါန်း ဖြစ်ပါတယ်။ အကျင့်ပျက်နေတဲ့ စစ်တပ်ကို ပြုပြင်ဖို့ ကာကွယ်ရေးဝန်ကြီး Enrile ကလည်း စိတ်ဝင်စားပါတယ်။ ဒါကြောင့် ၁၉၈၆ ပြည်သူ့တော်လှန်ရေးမှာ ကာကွယ်ရေးဝန်ကြီး Enrile နဲ့ ဒုဗိုလ်ချုပ်ကြီး Ramos ပြည်သူ့ဘက်က ရပ်တည်လာတာဟာ အခြေအနေကို ပြောင်းလဲစေပါတယ်။ လွတ်လပ်ချင်တဲ့ ပြည်သူလူထု၊ အရပ်သားအဖွဲ့၊ ဘုရားကျောင်းနဲ့ စစ်တပ်ပြုပြင်ရေး လှုပ်ရှားမှု စတာတွေ ပူးတွဲလုပ်ကိုင်နိုင်တဲ့အတွက် အာဏာရှင် မားကိုစ် ပြုတ်ကျသွားရပါတယ်။ စစ်တပ်ပြုပြင်ရေးအုပ်စုဟာ ဖိလစ်ပိုင်နိုင်ငံက ပြည်သူ့အာဏာလှုပ်ရှားမှုမှာ တတပ်တအား ပါဝင်ခဲ့ပါတယ်။

မတရားလုပ်ပြီး ဖိနှိပ်ညှဉ်းပန်းတာကို နည်း (၃) နည်းနဲ့ တုံ့ပြန်နိုင်တယ်လို့ ဂန္ဓီကြီးက ဆိုပါတယ်။ ပထမနည်းက မတရားလုပ်တာကို ငြိမ်ခံပြီး ရှောင်ပြေးတာဖြစ်လို့ သူရဲဘောကြောင်တဲ့နည်းလို့ ဂန္ဓီကြီးက ဆိုပါတယ်။ ဒုတိယနည်းကတော့ လက်နက်ကိုင်ပြီး ခံတိုက်တဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ငြိမ်ခံပြီး ရှောင်ပြေးတာထက် ပိုကောင်းတယ်လို့ ဂန္ဓီကြီးကပြောတယ်။ တတိယနည်းကတော့ အကြမ်းမဖက်ဘဲ အနုနည်းနဲ့ ရင်ဆိုင်တိုက်တာဖြစ်လို့ သတ္တိအပြောင်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ ကြောက်စိတ်ရှိပေမယ့် ဒီကြောက်စိတ်ကို နည်းနိုင်သမျှ ထိန်းသိမ်းဖို့ကြိုးစားရင်း မေတ္တာတရား လက်ကိုင်ထားပြီး တိုက်ပွဲဝင်တာမို့ နှလုံးရည်တိုက်ပွဲမှာ ပြတဲ့သတ္တိကို ဘယ်သတ္တိမျိုးမှ လိုက်မမီဘူးလို့ ဂန္ဓီကြီးက ပြောဖူးပါတယ်။ နှလုံးရည်တိုက်ပွဲဝင်သူဟာ ယုံကြည်ချက်အတွက် အသက်စွန့်နိုင်ရမယ်လို့ ဂန္ဓီကြီးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ (၁၄) နှစ် ကျင့်သုံးတဲ့ စစ်အုပ်ချုပ်ရေးဟာ ၁၉၈၆ ပြည်သူ့တော်လှန်ရေး အောင်ပွဲခံမှ နိဂုံးချုပ်သွားပါတယ်။ စစ်အုပ်ချုပ်ရေးကာလမှာ ပြည်သူ (၃၀၀၀) ကျော် အသတ်ခံရပြီး၊ (၇၀,၀၀၀) ထိန်းသိမ်းခံရပါတယ်။ နှိပ်စက်ညှဉ်းပမ်းခံရသူ (၃၅,၀၀၀) ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ မြန်မာပြည်မှာတော့ နှလုံးရည်တိုက်ပွဲရော၊ လက်နက်ကိုင်တိုက်ပွဲရော ဆင်နွှဲနေပုံရပါတယ်။ စစ်ကောင်စီရဲ့ စစ်အင်အားကို ကျားကန်ထားတဲ့ စီးပွားရေးအင်အားကို တိုက်ခိုက်တာဟာ နှလုံးရည်တိုက်ပွဲပါ။ စီးပွားရေးစစ်မျက်နှာနဲ့ လက်နက်ကိုင် တိုက်ပွဲကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရေရှည်ကြီးစိုးနိုင်ဖို့ ခက်ခဲပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ရက်ရက်စက်စက် နှိပ်ကွပ်ခံရတဲ့အတွက် ၂၀၁၂ မှာ ရွေးကောက်ပွဲအစိုးရ ဖွဲ့စည်းတဲ့အခါမှာ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်တာလို့ ပါမောက္ခ Chenoweth က သုံးသပ်ပါတယ်။ လက်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ဘာသာအယူဝါဒပေါင်းစုံ စုပေါင်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ကြိုးပမ်းနေတာဖြစ်လို့ အောင်မြင်ဖို့ အလားအလာ အလွန်ကောင်းတယ်လို့ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG