သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမိန့်နာခံရင်း ဆုံးရှုံးကျဆင်း


(FILES) In this file photo taken on February 12, 2020, members of the Myanmar military honour guard take part in a ceremony to mark the 73rd National Union Day in Yangon. - Myanmar's army chief has raised on January 27, 2021 the prospect of scrapping the
(FILES) In this file photo taken on February 12, 2020, members of the Myanmar military honour guard take part in a ceremony to mark the 73rd National Union Day in Yangon. - Myanmar's army chief has raised on January 27, 2021 the prospect of scrapping the
အမိန့်နာခံရင်း ဆုံးရှုံးကျဆင်း
please wait

No media source currently available

0:00 0:05:48 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပြည်သူပြည်သားအတွက် အကျိုးမရှိတဲ့အမိန့်ကို မှားမှန်းသိရက်နဲ့ စစ်ဗိုလ်တွေက မျက်စိမှိတ်နာခံလို့ တိုင်းပြည်ပျက်စီးရတဲ့သာဓကတွေ ကမ္ဘာ့သမိုင်းမှာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အထင်ရှားဆုံးကတော့ ဖက်ဆစ်ဂျပန်နဲ့ နာဇီဂျာမဏီပါ။ အာဏာရှင်ဟစ်တလာရဲ့ လမ်းစဉ်ဟာ ဂျာမဏီကို ပျက်စီးစေမယ်လို့ ဗိုလ်ချုပ်တွေက ယုံကြည်ကြပေမယ့် အမိန့်နာခံသူက အများစု အမိန့်ဆန့်ကျင်ဖို့ ကြိုးပမ်းသူက လူနည်းစုမို့ အမိန့်နာခံရင်း ဂျာမဏီဟာ ပျက်စီးသွားပါတယ်။ အမိန့်နာခံလွန်တဲ့ ဖက်ဆစ်ဂျပန်မှာလည်း အထိန်းအချုပ်မရှိတဲ့ စစ်ဝါဒီတွေ အာဏာရခဲ့လို့ တိုင်းပြည်ပျက်စီးရပါတယ်။

စစ်မှုထမ်းရဲ့ တာဝန်ဝတ္တရားထဲမှာ အမိန့်နာခံမှုကို အရေးအကြီးဆုံးလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အမှာအမှန် ဝေဖန်ပိုင်းခြားခြင်းမပြုဘဲ အထက်ကပေးတဲ့အမိန့်ကို မျက်စိမှိတ်ပြီး နာခံသင့်သလားဆိုတာဟာ စစ်မှုထမ်းအတွက် အလွန်အရေးကြီးပါတယ်။ တနည်းဆိုရရင်တော့ အထက်ကခိုင်းလို့လုပ်တာကို အပြစ်မရှိဘူးလို့ ခံယူတာဟာ စစ်မှုထမ်းဝတ္တရားကို အများကြီးထိခိုက်ပြီး လူ့အဖွဲ့အစည်းတခုလုံးကို အန္တရာယ်ဖြစ်စေပါတယ်။ အထက်ကခိုင်းလို့ အရပ်သားကိုသတ်တာဟာ စစ်ရာဇဝင်မှု ဖြစ်တယ်ဆိုတဲ့ နူးရင်းဘတ်စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥ့ပဒေမှာ ပါဝင်လာပါတယ်။

အစိုးရခိုင်းလို့လုပ်ရသူ (သို့မဟုတ်) အစိုးရအမိန့်နာခံသူကို ဥပဒေအရ အရေးမယူနိုင်ဘူးလို့ တိုကျိုစစ်ခုံရုံးမှာ တရားခံဘက်က ခုခံချေပပါတယ်။ ဒါပေမဲ့ ဒေသခံအရပ်သားနဲ့ စစ်သုံးပန်းကို ဂျပန်စစ်တပ်က နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်တာ ထင်ရှားတယ်လို့ စာမျက်နှာ နှစ်ထောင်နီးပါးရှိတဲ့ စီရင်ချက်မှာ ဖော်ပြပါတယ်။ တိုကျိုခုံးရုံးမှာ ကြိုးဒဏ်ကျခံသွားရတဲ့ ဗိုလ်ချုပ်ကြီး (၆) ယောက်ထဲမှာ မြန်မာ့စစ်မြေပြင်မှာ စစ်ဦးစီးချုပ်လုပ်သွားတဲ့ ဗိုလ်ချုပ်ကြီးဟေတာရိုကိမူရာလည်း ပါဝင်ပါတယ်။ အမိန့်နာခံပြီး လူနေရပ်ကွက်ကို စစ်မြေပြင်လို သဘောထားတာကို နိုင်ငံတကာတရားဥပဒေက လက်မခံနိုင်ပါဘူး။ အမိန့်နာခံတဲ့ စစ်ဓလေ့ကို စစ်ခေါင်းဆောင်ပိုင်းက အလွဲသုံးစားလုပ်တဲ့အခါမှာ အမိန့်ပေးသူရော နာခံသူရော အပြစ်ရှိတာကို နူးရင်းဘတ်နဲ့ တိုကျိုစစ်ခုံရုံးတွေက သက်သေပြနေပါတယ်။

မှားမှားမှန်မှန် အမိန့်နာခံနေရတဲ့ တပ်မတော်မှာ အရာရှိအများစုဟာ လက်ရှိစစ်ခေါင်းဆောင်တွေ မှားယွင်းနေတာကိုသိပေမယ့် ရုန်းထွက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ခမရ (၅၂၈) က ဗိုလ်ကြီးလင်းထက်အောင် က ပြောပါတယ်။ စစ်မှုရေးရာနဲ့ မဆိုင်တဲ့ကိစ္စမှာ အမိန့်နာခံရတာကြောင့် အမိန့်ပေးသူ အလွဲသုံးစားလုပ်တာကို အားလုံးခံကြရပါတယ်။ အမိန့်ပေးသူကသာ အကျိုးအမြတ်ခံစားရတဲ့စနစ်ပါ။ ပြည်သူလူထုကြောက်လန့်ပြီး ဆန္ဒပြမှု ရပ်တန့်သွားဖို့အတွက် ဦးခေါင်းပွင့်ထွက်အောင်ပစ်ဖို့ လက်ဖြောင့်တပ်ဖွဲ့ကို အမိန့်ပေးထားပါတယ်။ ဒါပေမဲ့ ပြည်သူလူထုက ဆက်လက်ကန့်ကွက်ဆန္ဒပြနေတဲ့အတွက် စစ်ကောင်စီရဲ့ ရည်ရွယ်ချက် မအောင်မြင်ဘဲ ဖြစ်နေရပါတယ်။

မြန်မာပြည်မှာ အရပ်သားတွေကို စစ်တပ်က တိုက်ခိုက်သတ်ဖြတ်နေတာ ကြာပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မူဆလင် (၅၇) နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးမှာ ၂၀၁၉ နိုဝင်ဘာလက တရားစွဲပါတယ်။ ဒါပေမဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် (The Hague) မြို့က နိုင်ငံတကာတရားရုံးဟာ ရာဇဝတ်တရားရုံး မဟုတ်တဲ့အတွက် လူသတ်မှုကို စစ်ဆေးအပြစ်ပေးပိုင်ခွင့် မရှိပါဘူး။ ကုလသမဂ္ဂအကူအညီနဲ့ ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ ယာယီရာဇဝတ်ခုရုံးမျိုးကသာ လူသတ်မှုကို စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့်မို့ မြန်မာအစိုးရ လိုက်နာရမယ့် အစီအမံကိုသာ နိုင်ငံတကာတရားရုံးက ချမှတ်ပေးပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်နိုင်အောင် အစီအစဉ်တွေလုပ်ပြီး ၂၀၂၁ ဇန်နဝါရီလ (၂၅) ရက်မှာ မြန်မာဘက်က အစီရင်ခံစာ တင်သွင်းဖို့နဲ့ အမှုမပြီးမချင်း အစီရင်ခံစာ ပုံမှန်တင်သွင်းဖို့သာ ညွှန်ကြားနိုင်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကို ၂၀၁၉ ဒီဇင်ဘာလက သည်ဟိတ်ဂ်မှာ ကြားနာတဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖြေရှင်းပါတယ်။ ပြည်တွင်းပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ရဲ့ တာဝန်ခံနိုင်မှုဟာ အလွန်အရေးကြီးတာမို့ ပြည်တွင်းမှာ တာဝန်မခံနိုင်မှသာ နိုင်ငံတကာ တရားစီရင်ရေးစနစ်နဲ့ အစားထိုးသင့်တယ်လို့ ဒေါ်စုက လျှောက်လဲပါတယ်။ ဖိလစ်ပိုင်းဝန်ကြီးဟောင်းနဲ့ ဂျပန်က ကုလသမဂ္ဂအရာထမ်းဟောင်း ပါဝင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အခန်းကဏ္ဍကိုလည်း ဒေါ်စုက ရှင်းပြပါတယ်။ ပြည်တွင်းခုံရုံးက စုံစမ်းစစ်ဆေးနိုင်တဲ့အတွက် မောင်တောမြို့နယ်၊ အင်းဒင်ရွာက မူစလင် (၁၀) ဦး အသတ်ခံရမှုမှာ စစ်သား (၃) ဦးနဲ့ အရာရှိ (၄) ဦးကို ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ ထောင်ကျပြီးမကြာမီ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ဒေါ်စုက သည်ဟိတ်ဂ် မှာ ပြောပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ လွှတ်ပေးလိုက်ရတာပါ။ တရားဥပဒေနဲ့အညီ လုပ်ကိုင်တဲ့ စစ်တပ်ဖြစ်လာအောင် NLD အစိုးရ ကြိုးပမ်းတာကို ဖျက်ဆီးပြီး အမိန့်နာခံတဲ့ စစ်တပ်ဖြစ်အောင် တပ်ချုပ်မင်းအောင်လှိုင်က လုပ်တာ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ ဒေါ်စုလက်နဲ့ရေးတာကို တပ်ချုပ်မင်းအောင်လှိုင်က ခြေနဲ့ဖျက်တာပါပဲ။ အခုတော့ စစ်အာဏာသိမ်းပြန်တဲ့အတွက် အမိန့်နာခံရင်း ဆုံးရှုံးကျဆင်းတဲ့အဖြစ်ကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။


==Unicode==









XS
SM
MD
LG