သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရးတာဝန္ (R2P) ဆိုတာ ဘာလဲ


UN Responsibility to Protect
ကာကြယ္ေရးတာဝန္ (R2P) ဆိုတာ ဘာလဲ
please wait

No media source currently available

0:00 0:06:00 0:00
တိုက္႐ိုက္ လင့္ခ္

အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈဆိုတာ ႏိုင္ငံသူႏုိင္ငံသားမ်ားကို ကာကြယ္ရမယ့္တာဝန္ကို ဆိုလိုတာ ျဖစ္ပါတယ္။ ဒီတာဝန္ကို ထမ္းေဆာင္ဖုိ႔ ေဒသခံအစိုးရက ပ်က္ကြက္တဲ့အခါမွာ ဝင္ေရာက္စြက္ဖက္ဖုိ႔ ႏို္င္ငံတကာအသိုင္းအဝန္းမွာ တာဝန္ရိွတယ္ဆိုတာဟာ R2P – Responsibility to Protect ရဲ ႔ အေျခခံသေဘာတရား ျဖစ္ပါတယ္။ ကမာၻ႔သမိုင္းမွာ ႏုိင္ငံျခားစြက္ဖက္မႈေတြ ရိွခဲ့ေပမယ့္ ဒီေဝါဟာရ ေပၚေပါက္လာတာ အႏွစ္ (၂၀) ေက်ာ္ပဲ ရိွပါေသးတယ္။ ျမန္မာစစ္တပ္က ဆႏၵျပတဲ့ အရပ္သားေတြကို ပစ္ခတ္ႏိွမ္နင္းေတာ့မွ ျမန္မာျပည္သူျပည္သားေတြက ႏိုင္ငံျခားက ကူညီဖုိ႔ ေတာင္းဆိုလာၾကတာ ျဖစ္ပါတယ္။

(၂၀) ရာစုအတြင္း စြက္ဖက္မႈေတြကိုၾကည့္ၿပီး (၂၁) ရာစုမွာ စြက္ဖက္ေရး မူဝါဒရိွဖို႔လိုေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴး ကိုဖီအာနန္ တင္ျပတာကို ကေနဒါအစိုးရက ႀကိဳဆိုၿပီး ၂၀၀၀ ခုႏွစ္ စက္တင္ဘာလမွာ စြက္ဖက္ေရးနဲ႔ အခ်ဳပ္အျခာအာဏာဆိုင္ရာ ႏိုင္ငံတကာေကာ္မရွင္ကို ဖြဲ႔စည္းပါတယ္။ တႏွစ္ေက်ာ္ၾကာတဲ့အခါ ၂၀၀၁ ဒီဇင္ဘာလမွာ (၉၁) မ်က္ႏွာရိွတဲ့ R2P အစီရင္ခံစာ ထုတ္ေဝပါတယ္။ ေကာ္မရွင္ထဲမွာ ဖိလစ္ပိုင္သမၼတေဟာင္း Fidel Ramos လည္း ပါဝင္ပါတယ္။ ဒါေပမဲ့ သတ္ျဖတ္ခံေနရတဲ့ ျပည္သူကို ကာကြယ္ဖို႔ တာဝန္ရိွတယ္ဆိုတဲ့ မူဝဒါကို ကုလသမဂၢက ၂၀၀၅ မွာ ေထာက္ခံအတည္ျပဳႏိုင္ပါတယ္။

ေနာက္ (၆) ႏွစ္အၾကာမွာ R2P ကို လက္ေတြ႔က်င့္သံုးပါတယ္။ အာဏာရွင္ ဂါဒါဖီရဲ ႔ လစ္ဗ်ားအစိုးရကို လိုအပ္သလုိ အေရးယူဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ၂၀၁၁ မွာ ဆံုးျဖတ္ပါတယ္။ ဗီတိုအာဏာရိွတဲ့ တရုတ္နဲ႔ရုရွားက မကန္႔ကြက္လို႔ လစ္ဗ်ားမွာ စြက္ဖက္ႏိုင္တာ ျဖစ္ပါတယ္။ လစ္ဗ်ားကို ရုရွားက အေလးမထားပါဘူး။ စစ္ေရးအရ စြက္ဖက္ခံရရင္ တရုတ္စီမံကိန္း (၅၀) ေက်ာ္မွာ အလုပ္လုပ္ေနတဲ့ တရုတ္ႏိုင္ငံသား (၃၅,၈၆၀) အတြက္ အႏၱရာယ္ရိွပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာ ခ်ဥ္ဖတ္ျဖစ္ေနတဲ့ ဂါဒါဖီကို ကာကြယ္ရင္ မိမိပါ ဒုကၡေရာက္ႏိုင္တာကို တရုတ္က သိပါတယ္။ အာရပ္၊ အာဖရိကနဲ႔ မြတ္စလင္အဖြဲ႔အစည္းေတြကလည္း ဂါဒါဖီကို ရႈတ္ခ်ပါတယ္။ လစ္ဗ်ားကို အာရပ္အဖြဲ႔က ထုတ္ပစ္လိုက္ခ်ိန္ျဖစ္လို႔ အာရပ္အာဖရိကႏို္င္ငံေတြရဲ ႔ သေဘာထားကို လံုၿခံဳေရးေကာင္စီ ေလးစားရမယ္လို႔ တရုတ္ကဆိုပါတယ္။ လစ္ဗ်ားေရာက္ တရုတ္ႏိုင္ငံသားအားလံုးကို တရုတ္ေရတပ္က ကယ္တင္ႏိုင္ပါတယ္။

စစ္အာဏာသိမ္းတာကို ကန္႔ကြက္ဆႏၵျပေနၾကတဲ့ ျမန္မာျပည္သူေတြကေတာ့ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ၿပီး အကူအညီေပးတာကိုသာ လိုလားပါတယ္။ ဒါေပမဲ့ ဒီလိုလုပ္ဖို႔အတြက္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီဝင္ ဗီတီအာဏာရွင္ ရုရွားနဲ႔ တရုတ္က မကန္႔ကြက္ဖို႔ လိုပါတယ္။ ဒါေၾကာင့္မို႔ စစ္ေရးစြက္ဖက္မႈလုပ္မယ့္အစား၊ သီးသန္႔ဒဏ္ခတ္အေရးယူမႈ၊ သံတမန္ေရးရာ က်ဥ္ဖယ္မႈ၊ ရင္းႏီွးျမဳပ္ႏံွတာေတြ ရုတ္သိမ္းမႈ၊ လက္နက္ပိတ္ပင္မႈနဲ႔ ႏုိင္ငံတကာရာဇဝတ္ခံုရံုးမွာ အမႈဖြင့္ႏိုင္ဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ New York ၿမိဳ ႔ အေျခစိုက္ ကမာၻ႔ R2P ရံုးခ်ဳပ္က ညႊန္ၾကားေရးမွဴး Simon Adams က ေျပာပါတယ္။ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ အေရးမယူႏိုင္ေအာင္ တရုတ္က အၿမဲတမ္းကန္႔ကြက္ပါတယ္။

Genocide လို႔ေခၚတဲ့ လူမ်ဳိးအစုလိုက္ အၿပံဳလိုက္သတ္ျဖတ္မႈ ေနထိုင္ရာေဒသမွ ႏွင္ထုတ္မႈ စစ္ဆင္ေရးအတြင္း ရာဇဝတ္မႈ က်ဴးလြန္မႈ စတာေတြကို အေရးယူႏိုင္တဲ့ ဥပေဒေတြ ရိွပါတယ္။ Genocide စာခ်ဳပ္၊ Geneva စာခ်ဳပ္၊ ICC ေရာမစာခ်ဳပ္စတဲ့ ဥပေဒေတြ ရိွပါတယ္။ ဒီဥပေဒေတြကို အသံုးျပဳဖို႔ R2P ေပၚေပါက္လာတာ ျဖစ္ပါတယ္။ ဒီဥပေဒေတြမွာ ေဖာ္ျပတဲ့ ရာဇဝတ္မႈႀကီးေတြကို အေရးယူဖို႔ ေဒသခံအစိုးရမွာ တာဝန္ရိွပါတယ္။ ဒါေပမဲ့ ေဒသခံအစိုးရက ဒီတာဝန္ကို ထမ္းေဆာင္ဖို႔ ပ်က္ကြက္ရင္ ႏုိင္ငံျခားအစိုးရေတြနဲ႔ ေဒသခံ NGO ေတြက ဝိုင္းဝန္းေဆာင္ရြက္ဖို႔ R2P လို႔ေခၚတဲ့ ကာကြယ္ရမယ့္တာဝန္ကို တီထြင္လုိက္တာ ျဖစ္ပါတယ္။ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္တတ္ရင္သာ ကုလသမဂၢလံုၿခံဳေရးေကာင္စီရဲ ႔ ေထာက္ခံမႈကို ရယူဖို႔လိုပါတယ္။ ၿငိမ္းခ်မ္းစြာ စြက္ဖက္ႏုိင္တဲ့ နည္းလမ္းေတြလည္း ရိွပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီ ဝင္ေငြနည္းပါးသြားေအာင္ စီးပြားေရးဒဏ္ခတ္ ပိတ္ဆို႔အေရးယူတဲ့နည္းကိုသာ R2P မွာ က်င့္သံုးပါတယ္။ ေနာက္ေတာ့ စစ္ေကာင္စီရဲ ႔ လႈပ္ရွားမႈကို ကန္႔သတ္တဲ့အေနနဲ႔ သံတမန္ေရးရာမွာ ဝိုင္းၾကဥ္တန္ေတြ လုပ္ႏိုင္ဖို႔ လိုပါတယ္။ ကုလသမဂၢလံုၿခံေရးေကာင္စီမွာ တရုတ္နဲ႔ ရုရွားက အၿမဲတမ္းကန္႔ကြက္မွာမို႔ စစ္ေရးအရ ဝင္ေရာက္စြက္ႏုိင္တဲ့ R2P ျဖစ္ ကိစၥဟာ ျမန္မာနဲ႔ အလွမ္းေဝးေနပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီကို လက္နက္မေရာင္းဖို႔နဲ႔ ျပည္သူ႔ဆႏၵကိုေလးစားဖို႔ ကုလသမဂၢအေထြေထြညီလာခံက ဇြန္လ (၁၈) ရက္ေန႔က ဆံုးျဖတ္ထားတာဟ ေအာင္ျမင္မႈတခု ျဖစ္ပါတယ္။

အေထြေထြညီလာခံ ဆံုးျဖတ္ခ်က္ကို စကၤာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ ဗိယက္နမ္တို႔က ေထာက္ခံၿပီး၊ ထိုင္း၊ လာအို၊ ကေမာၻဒီယားနဲ႔ ဘရူးႏိုင္းတို႔က ၾကားေနတာဟာ အာဆီယံအသင္းရဲ ႔ အခန္းက႑ကို အားနည္းေစပါတယ္။ တရုတ္္နဲ႔ ရုရွားကလည္း ၾကားေနတာမုိ႔ စစ္ေကာင္စီကို ေထာက္ခံသူဟာ မင္းဆိုးမင္းညစ္ ႀကီးစိုးတဲ့ Belarus ႏုိင္ငံ တႏိုင္ငံသာ ရိွပါတယ္။ စစ္ေကာင္စီကို ကုလသမဂၢဝင္ႏိုင္ငံ အမ်ားစုက လက္မခံႏုိင္သလို အေထြေထြအတြင္းေရးမွဴးခ်ဳပ္ကလည္း လက္မခံႏိုင္ေၾကာင္း အတိအလင္း ေၾကညာသြားပါတယ္။ ဒါေပမဲ့ စစ္အင္အား မရိွေတာ့မွ စစ္ဝါဒီ က်ဆံုးတာကို ဂ်ပန္သမိုင္းက သက္ေသျပေနတာကိုလည္း သတိထားသင့္ေၾကာင္း တင္ျပလိုက္ရပါတယ္။

== Unicode ==

အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုတာ နိုင်ငံသူနိုင်ငံသားများကို ကာကွယ်ရမယ့်တာဝန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဒေသခံအစိုးရက ပျက်ကွက်တဲ့အခါမှာ ဝင်ရောက်စွက်ဖက်ဖို့ နိုင်ငံတကာအသိုင်းအဝန်းမှာ တာဝန်ရှိတယ်ဆိုတာဟာ R2P – Responsibility to Protect ရဲ့ အခြေခံသဘောတရား ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ နိုင်ငံခြားစွက်ဖက်မှုတွေ ရှိခဲ့ပေမယ့် ဒီဝေါဟာရ ပေါ်ပေါက်လာတာ အနှစ် (၂၀) ကျော်ပဲ ရှိပါသေးတယ်။ မြန်မာစစ်တပ်က ဆန္ဒပြတဲ့ အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းတော့မှ မြန်မာပြည်သူပြည်သားတွေက နိုင်ငံခြားက ကူညီဖို့ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

(၂၀) ရာစုအတွင်း စွက်ဖက်မှုတွေကိုကြည့်ပြီး (၂၁) ရာစုမှာ စွက်ဖက်ရေး မူဝါဒရှိဖို့လိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ကိုဖီအာနန် တင်ပြတာကို ကနေဒါအစိုးရက ကြိုဆိုပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စွက်ဖက်ရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာ နိုင်ငံတကာကော်မရှင်ကို ဖွဲ့စည်းပါတယ်။ တနှစ်ကျော်ကြာတဲ့အခါ ၂၀၀၁ ဒီဇင်ဘာလမှာ (၉၁) မျက်နှာရှိတဲ့ R2P အစီရင်ခံစာ ထုတ်ဝေပါတယ်။ ကော်မရှင်ထဲမှာ ဖိလစ်ပိုင်သမ္မတဟောင်း Fidel Ramos လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်ခံနေရတဲ့ ပြည်သူကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ မူဝဒါကို ကုလသမဂ္ဂက ၂၀၀၅ မှာ ထောက်ခံအတည်ပြုနိုင်ပါတယ်။

နောက် (၆) နှစ်အကြာမှာ R2P ကို လက်တွေ့ကျင့်သုံးပါတယ်။ အာဏာရှင် ဂါဒါဖီရဲ့ လစ်ဗျားအစိုးရကို လိုအပ်သလို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၁၁ မှာ ဆုံးဖြတ်ပါတယ်။ ဗီတိုအာဏာရှိတဲ့ တရုတ်နဲ့ရုရှားက မကန့်ကွက်လို့ လစ်ဗျားမှာ စွက်ဖက်နိုင်တာ ဖြစ်ပါတယ်။ လစ်ဗျားကို ရုရှားက အလေးမထားပါဘူး။ စစ်ရေးအရ စွက်ဖက်ခံရရင် တရုတ်စီမံကိန်း (၅၀) ကျော်မှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား (၃၅,၈၆၀) အတွက် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ချဉ်ဖတ်ဖြစ်နေတဲ့ ဂါဒါဖီကို ကာကွယ်ရင် မိမိပါ ဒုက္ခရောက်နိုင်တာကို တရုတ်က သိပါတယ်။ အာရပ်၊ အာဖရိကနဲ့ မွတ်စလင်အဖွဲ့အစည်းတွေကလည်း ဂါဒါဖီကို ရှုတ်ချပါတယ်။ လစ်ဗျားကို အာရပ်အဖွဲ့က ထုတ်ပစ်လိုက်ချိန်ဖြစ်လို့ အာရပ်အာဖရိကနိုင်ငံတွေရဲ့ သဘောထားကို လုံခြုံရေးကောင်စီ လေးစားရမယ်လို့ တရုတ်ကဆိုပါတယ်။ လစ်ဗျားရောက် တရုတ်နိုင်ငံသားအားလုံးကို တရုတ်ရေတပ်က ကယ်တင်နိုင်ပါတယ်။

စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေကတော့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပြီး အကူအညီပေးတာကိုသာ လိုလားပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ဗီတီအာဏာရှင် ရုရှားနဲ့ တရုတ်က မကန့်ကွက်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ စစ်ရေးစွက်ဖက်မှုလုပ်မယ့်အစား၊ သီးသန့်ဒဏ်ခတ်အရေးယူမှု၊ သံတမန်ရေးရာ ကျဉ်ဖယ်မှု၊ ရင်းနှီးမြုပ်နံှတာတွေ ရုတ်သိမ်းမှု၊ လက်နက်ပိတ်ပင်မှုနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ အမှုဖွင့်နိုင်ဖို့ ကြိုးပမ်းသင့်တယ်လို့ New York မြို့ အခြေစိုက် ကမ္ဘာ့ R2P ရုံးချုပ်က ညွှန်ကြားရေးမှူး Simon Adams က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးမယူနိုင်အောင် တရုတ်က အမြဲတမ်းကန့်ကွက်ပါတယ်။

Genocide လို့ခေါ်တဲ့ လူမျိုးအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု နေထိုင်ရာဒေသမှ နှင်ထုတ်မှု စစ်ဆင်ရေးအတွင်း ရာဇဝတ်မှု ကျူးလွန်မှု စတာတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေ ရှိပါတယ်။ Genocide စာချုပ်၊ Geneva စာချုပ်၊ ICC ရောမစာချုပ်စတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေတွေကို အသုံးပြုဖို့ R2P ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီဥပဒေတွေမှာ ဖော်ပြတဲ့ ရာဇဝတ်မှုကြီးတွေကို အရေးယူဖို့ ဒေသခံအစိုးရမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒေသခံအစိုးရက ဒီတာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်ရင် နိုင်ငံခြားအစိုးရတွေနဲ့ ဒေသခံ NGO တွေက ဝိုင်းဝန်းဆောင်ရွက်ဖို့ R2P လို့ခေါ်တဲ့ ကာကွယ်ရမယ့်တာဝန်ကို တီထွင်လိုက်တာ ဖြစ်ပါတယ်။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တတ်ရင်သာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုကို ရယူဖို့လိုပါတယ်။ ငြိမ်းချမ်းစွာ စွက်ဖက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

ဒါကြောင့် စစ်ကောင်စီ ဝင်ငွေနည်းပါးသွားအောင် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူတဲ့နည်းကိုသာ R2P မှာ ကျင့်သုံးပါတယ်။ နောက်တော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို ကန့်သတ်တဲ့အနေနဲ့ သံတမန်ရေးရာမှာ ဝိုင်းကြဉ်တန်တွေ လုပ်နိုင်ဖို့ လိုပါတယ်။ ကုလသမဂ္ဂလုံခြံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက အမြဲတမ်းကန့်ကွက်မှာမို့ စစ်ရေးအရ ဝင်ရောက်စွက်နိုင်တဲ့ R2P ဖြစ် ကိစ္စဟာ မြန်မာနဲ့ အလှမ်းဝေးနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို လက်နက်မရောင်းဖို့နဲ့ ပြည်သူ့ဆန္ဒကိုလေးစားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၁၈) ရက်နေ့က ဆုံးဖြတ်ထားတာဟ အောင်မြင်မှုတခု ဖြစ်ပါတယ်။

အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗိယက်နမ်တို့က ထောက်ခံပြီး၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနဲ့ ဘရူးနိုင်းတို့က ကြားနေတာဟာ အာဆီယံအသင်းရဲ့ အခန်းကဏ္ဍကို အားနည်းစေပါတယ်။ တရုတ်နဲ့ ရုရှားကလည်း ကြားနေတာမို့ စစ်ကောင်စီကို ထောက်ခံသူဟာ မင်းဆိုးမင်းညစ် ကြီးစိုးတဲ့ Belarus နိုင်ငံ တနိုင်ငံသာ ရှိပါတယ်။ စစ်ကောင်စီကို ကုလသမဂ္ဂဝင်နိုင်ငံ အများစုက လက်မခံနိုင်သလို အထွေထွေအတွင်းရေးမှူးချုပ်ကလည်း လက်မခံနိုင်ကြောင်း အတိအလင်း ကြေညာသွားပါတယ်။ ဒါပေမဲ့ စစ်အင်အား မရှိတော့မှ စစ်ဝါဒီ ကျဆုံးတာကို ဂျပန်သမိုင်းက သက်သေပြနေတာကိုလည်း သတိထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG