သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔အေမရိကန္


Singapore US Myanmar
ျမန္မာနဲ႔အေမရိကန္
please wait

No media source currently available

0:00 0:05:35 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ ျမန္မာ့အေရး သုံးသပ္ခ်က္

အေမရိကန္ႏိုင္ငံေရးပါတီႀကီးေတြျဖစ္တဲ့ Republican နဲ႔ Democrat တို႔ဟာ အသြင္မတူၾကေပမယ့္ ျမန္မာ့အေရးမွာေတာ့ ႏွစ္ပါတီ ပူးတြဲရပ္တည္ႏိုင္တာကို ေတြ႔ရပါတယ္။ Joe Biden အစိုးရရဲ ႔ အေရးယူ ေဆာင္ရြက္မႈေတြကို ေထာက္ခံၿပီး ပိုမိုထိေရာက္ေအာင္ လုပ္ေနတယ္လို႔ ဆီနိတ္လႊတ္ေတာ္အမတ္ Mitch McConnell က လြန္ခဲ့တဲ့ ေမလ (၂၆) ရက္ေန႔က ေျပာပါတယ္။ အမ်ဳိးသားညီညႊတ္ေရးအစိုးရ NUG ကို ဘယ္လိုကူညီႏုိင္မလဲဆိုတာကို ဝါရွင္တန္အေျခစိုက္ Heritage Foundation မွာ ေဆြးေႏြးၾကတုန္းက အဲဒီလို အားေပးေထာက္ခံေၾကာင္း ေျပာၾကားသြားတာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ဥေရာပမဟာမိတ္ေတြက စစ္ေကာင္စီကို စီးပြားေရးဒဏ္ခတ္ အေရးယူထားပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီကို လက္နက္တင္ပို႔မႈ ပိတ္ပင္ဖို႔အတြက္ ကုလသမဂၢမွာ အဆိုျပဳတဲ့အခါ တရုတ္နဲ႔ အာဆီယံအုပ္စုက ကန္႔ကြက္တဲ့အတြက္ အေကာင္အထည္မေပၚဘဲ ျဖစ္သြားပါတယ္။ စစ္ေကာင္စီက်ဆံုးဖို႔ အစိုးရေတြက ႀကိဳးပမ္းရမယ္လို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ Antonio Gutteres က အတိအလင္းေျပာၾကထားပါတယ္။ CDM မွာပါဝင္တဲ့ ျမန္မာ့သံအမတ္ ဦးေက်ာ္မိုးထြန္းကိုလည္း ကုလသမဂၢသံအမတ္အျဖစ္ တရားဝင္ ဆက္လက္အသိအမွတ္ျပဳထားလို႔ ျမန္မာ့အေရးဟာ ရွင္သန္ေနဆဲ ျဖစ္ပါတယ္။

ျမန္မာ့အေရးမွာ အေမရိကန္ ပါဝင္ခဲ့တာ ၾကာခဲ့ပါၿပီ။ တရုတ္ျပည္တြင္းစစ္မွာ ကြန္ျမဴနစ္အႏိုင္ရတဲ့အခါ စစ္ရႈံးတဲ့ ကူမင္တန္တပ္ရင္းအခ်ဳိ ႔ ရွမ္းျပည္နယ္မွာ ခုိလံႈၿပီး တရုတ္ကြန္ျမဴနစ္ကို ျပန္တိုက္ဖို႔ ႀကိဳးပမ္းပါတယ္။ ကူမင္တန္တရုတ္ရဲ ႔ အမိႏိုင္ငံဟာ ထိုင္ဝမ္ကၽြန္းပါ။ ကူမင္တန္ကို လက္နက္ခဲယမ္း ေထာက္ပံ့ရာမွာ ထိုင္း၊ ကူမင္တန္နဲ႔ စီအိုင္ေအ ပါဝင္ေနတာကို လူသိမ်ားပါတယ္။ ဦးႏုအစိုးရက ၁၉၅၃ မွာ ကုလသမဂၢကို တိုင္ၾကားတဲ့အထိ ကူမင္တန္ ျပႆနာ ႀကီးထြားလာပါတယ္။ အေမရိကန္ကေတာ့ ဒီျပႆနာမွာ သူမပါဘူးလို႔ ျငင္းပါတယ္။ ေနာက္ဆံုးမွာ ဝိုင္းဝန္းတိုက္တြန္းၾကတဲ့အတြက္ ျမန္မာ၊ အေမရိကန္၊ ထုိင္းနဲ႔ ထိုင္ဝမ္ ကိုယ္စားလွယ္ေတြပါဝင္တဲ့ ကူမင္တန္တပ္ ရုတ္သိမ္းေရးေကာ္မရွင္ ဖြဲ႔ပါတယ္။ ၁၉၅၄ ေမလမွာ ကူမင္တန္တပ္ကို ဖ်က္သိမ္းေၾကာင္း ေၾကညာေပမယ့္ အင္အား (၆၀၀၀) ေလာက္ က်န္ပါတယ္။ ၁၉၆၁ ေရာက္မွ ကူမင္တန္တပ္ေတြကို ထိုင္ဝမ္ကို ျပန္ေခၚႏုိင္ပါတယ္။

ကူမင္တန္ဂယက္ေၾကာင့္ အေမရိကန္ စြတ္ဖက္မႈကို ျမန္မာျပည္မွာ လူႀကိဳက္နည္းသြားခဲ့ပါတယ္။ အေမရိကန္ကလည္း ဦးႏုအစိုးရရဲ ႔ ၾကားေနေရးလမ္းစဥ္နဲ႔ ဗကပကြန္ျမဴနစ္ ဆန္႔က်င္ေရးေၾကာင့္ ျမန္မာကို မဟာဗ်ဴဟာမွာ ဦးစားမေပးပါဘူး။ ဗိုလ္ေနဝင္း စစ္အာဏာသိမ္းၿပီး ဆိုရွယ္လစ္ေရာဂါထေနခ်ိန္မွာ အေမရိကန္က ဗိယက္နမ္မွာ အႀကီးအက်ယ္ စြက္ဖက္ေပမယ့္ ရည္မွန္းသလိုမျဖစ္လို႔ ထြက္ေပးလိုက္ရပါတယ္။ ၁၉၈၈ အေရးေတာ္ပံုမွာ ျမန္မာ့ဒီမိုကေရစီအေရးကို အေမရိကန္က ေထာက္ခံၿပီး စစ္အစိုးရကို ဒဏ္ခတ္အေရးယူပါတယ္။ ၂၀၁၆ အထိ ျဖစ္ခဲ့တဲ့ အေမရိကန္စြက္ဖက္မႈ (၁၄၅) ခုကို Rand Corporation က ေလ့လာရာမွာ (၆၃) ရာခိုင္ႏႈန္း ေအာင္ျမင္ၿပီး လံုးဝဆံုးရႈံးတာ (၈) ရာခိုင္ႏႈန္းသာ ရိွတယ္လို႔ ဆိုပါတယ္။

CDM မွာ ပါဝင္လို္က္တဲ့ ကုလသမဂၢသံအမတ္ ဦးေက်ာ္မိုိးထြန္းကေတာ့ ျမန္မာျပည္မွာ ေလယာဥ္ပ်ံသန္းမႈ ပိတ္ပင္တဲ့ဇုန္သတ္မွတ္ဖို႔နဲ႔ စစ္ေကာင္စီကို လက္နက္မေရာင္းဖို႔ လံုၿခံဳေရးေကာင္စီကို တင္ျပပါတယ္။ လက္နက္ေရာင္းဖို႔ ပိတ္ပင္တာကို ကုလသမဂၢမွာ လက္မခံေပမယ့္ ပ်ံသန္းမႈပိတ္ပင္တဲ့ဇုန္ ေအာင္ျမင္ဖို႔အတြက္ အေမရိကန္တဦးတည္း လုပ္ႏိုင္ပါတယ္။ စစ္ေကာင္စီေလတပ္အင္အား က်ဆင္းသြားတာဟာ ျပည္သူ႔ကာကြယ္ေရးတပ္ကို ေထာက္ခံအားေပးရာ ေရာက္ပါတယ္။ Libya နဲ႔ Syria တို႔မွာလည္း ေလေၾကာင္းက တိုက္ခိုက္ၿပီးကူညီတဲ့ အစဥ္အလာ ရိွပါတယ္။ ေလတပ္အင္အားမရိွတဲ့ စစ္ေကာင္စီဟာ တိုင္းရင္းသားတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဝိုင္းတိုက္တဲ့ဒဏ္ကို ေရရွည္ခံႏိုင္မွာ မဟုတ္ပါဘူး။ ကမ္းလြန္ပင္လယ္ကို အေျချပဳတိုက္ခိုက္ရမွာမို႔ ေရေၾကာင္းကို ပိတ္ဆို႔ရမယ့္ စစ္ဆင္ေရး ျဖစ္ပါတယ္။

ပ်ံသန္မႈပိတ္ပင္တဲ့ဇုန္ သတ္မွတ္ၿပီး ေလေၾကာင္းက တုိက္ခိုက္တာဟာ အေမရိကန္အတြက္ စရိတ္အနည္းဆံုး ျဖစ္လိမ့္မယ္လို႔ အေမရိကန္္သုေတသီ Michael Martin က သံုးသပ္ပါတယ္။ အေမရိကန္ေလတပ္ရဲ ႔ တိုက္ခိုက္မႈကို တရုတ္ေလတပ္က တံု႔ျပန္မယ့္ အလားအလာ မရိွဘူးလို႔ ဆုိပါတယ္။ တိုင္းရင္းသားနဲ႔ အရပ္သားလက္နက္ကိုင္ကို အေမရိကန္က စစ္ေရးေထာက္ပံ့မႈ ေပးတာဟာလည္း စစ္ေကာင္စီ ဇာတ္သိမ္းေအာင္ ကူညီတဲ့နည္းလမ္း ျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ တရုတ္က ကူညီေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြလည္း ရိွေနတာမုိ႔ တရုတ္နဲ႔ အေမရိကန္ ျမန္မာေျမေပၚမွာ ၿပိဳင္ဆိုင္လာႏိုင္ပါတယ္။

Afghanistan ႏုိင္ငံကို Soviet စစ္တပ္ႀကီး သိ္မ္းပိုက္ထားစဥ္ အေစာပိုင္းကာလဟာ ေမွ်ာ္လင့္ခ်က္မရိွတဲ့ အေျခအေနပါ။ ဒါေပမဲ့ ပခံုးထမ္းပစ္ႏိုင္တဲ့ Stinger ဒံုးက်ည္းေတြ အေမရိကန္က ရရိွခဲ့တဲ့အတြက္ Afghan ေျပာက္က်ားတပ္ေတြဟာ ဆိုဗီယက္ေလယာဥ္ သံုးရေက်ာ္ကို ပစ္ခ်ႏိုင္လို႔ ဆိုဗီယက္ တပ္ႀကီး အာဖဂန္ႏို္င္ငံကေန ထြက္ခြါသြားရပါတယ္။ ေနာက္ဆံုးေပၚ ပခံုးထမ္း Stinger ဒံုးက်ည္းတခုဟာ ေဒၚလာေလးေသာင္းသာ တန္းဖိုိးရိွၿပီး ငါးမုိင္အေဝးအထိ ပစ္ခတ္ႏုိင္ပါတယ္။ လက္နက္ပစၥည္းတခုက စစ္ပြဲအဆံုးအျဖတ္ေပးလိုက္တဲ့ သာဓကပဲ ျဖစ္ပါတယ္။


== Unicode ==

ဦးအောင်ခင် မြန်မာ့အရေး သုံးသပ်ချက်

အမေရိကန်နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ Republican နဲ့ Democrat တို့ဟာ အသွင်မတူကြပေမယ့် မြန်မာ့အရေးမှာတော့ နှစ်ပါတီ ပူးတွဲရပ်တည်နိုင်တာကို တွေ့ရပါတယ်။ Joe Biden အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ထောက်ခံပြီး ပိုမိုထိရောက်အောင် လုပ်နေတယ်လို့ ဆီနိတ်လွှတ်တော်အမတ် Mitch McConnell က လွန်ခဲ့တဲ့ မေလ (၂၆) ရက်နေ့က ပြောပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဝါရှင်တန်အခြေစိုက် Heritage Foundation မှာ ဆွေးနွေးကြတုန်းက အဲဒီလို အားပေးထောက်ခံကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက စစ်ကောင်စီကို စီးပွားရေးဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို လက်နက်တင်ပို့မှု ပိတ်ပင်ဖို့အတွက် ကုလသမဂ္ဂမှာ အဆိုပြုတဲ့အခါ တရုတ်နဲ့ အာဆီယံအုပ်စုက ကန့်ကွက်တဲ့အတွက် အကောင်အထည်မပေါ်ဘဲ ဖြစ်သွားပါတယ်။ စစ်ကောင်စီကျဆုံးဖို့ အစိုးရတွေက ကြိုးပမ်းရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Gutteres က အတိအလင်းပြောကြထားပါတယ်။ CDM မှာပါဝင်တဲ့ မြန်မာ့သံအမတ် ဦးကျော်မိုးထွန်းကိုလည်း ကုလသမဂ္ဂသံအမတ်အဖြစ် တရားဝင် ဆက်လက်အသိအမှတ်ပြုထားလို့ မြန်မာ့အရေးဟာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

မြန်မာ့အရေးမှာ အမေရိကန် ပါဝင်ခဲ့တာ ကြာခဲ့ပါပြီ။ တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်အနိုင်ရတဲ့အခါ စစ်ရှုံးတဲ့ ကူမင်တန်တပ်ရင်းအချို့ ရှမ်းပြည်နယ်မှာ ခိုလှုံပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းပါတယ်။ ကူမင်တန်တရုတ်ရဲ့ အမိနိုင်ငံဟာ ထိုင်ဝမ်ကျွန်းပါ။ ကူမင်တန်ကို လက်နက်ခဲယမ်း ထောက်ပံ့ရာမှာ ထိုင်း၊ ကူမင်တန်နဲ့ စီအိုင်အေ ပါဝင်နေတာကို လူသိများပါတယ်။ ဦးနုအစိုးရက ၁၉၅၃ မှာ ကုလသမဂ္ဂကို တိုင်ကြားတဲ့အထိ ကူမင်တန် ပြဿနာ ကြီးထွားလာပါတယ်။ အမေရိကန်ကတော့ ဒီပြဿနာမှာ သူမပါဘူးလို့ ငြင်းပါတယ်။ နောက်ဆုံးမှာ ဝိုင်းဝန်းတိုက်တွန်းကြတဲ့အတွက် မြန်မာ၊ အမေရိကန်၊ ထိုင်းနဲ့ ထိုင်ဝမ် ကိုယ်စားလှယ်တွေပါဝင်တဲ့ ကူမင်တန်တပ် ရုတ်သိမ်းရေးကော်မရှင် ဖွဲ့ပါတယ်။ ၁၉၅၄ မေလမှာ ကူမင်တန်တပ်ကို ဖျက်သိမ်းကြောင်း ကြေညာပေမယ့် အင်အား (၆၀၀၀) လောက် ကျန်ပါတယ်။ ၁၉၆၁ ရောက်မှ ကူမင်တန်တပ်တွေကို ထိုင်ဝမ်ကို ပြန်ခေါ်နိုင်ပါတယ်။

ကူမင်တန်ဂယက်ကြောင့် အမေရိကန် စွတ်ဖက်မှုကို မြန်မာပြည်မှာ လူကြိုက်နည်းသွားခဲ့ပါတယ်။ အမေရိကန်ကလည်း ဦးနုအစိုးရရဲ့ ကြားနေရေးလမ်းစဉ်နဲ့ ဗကပကွန်မြူနစ် ဆန့်ကျင်ရေးကြောင့် မြန်မာကို မဟာဗျူဟာမှာ ဦးစားမပေးပါဘူး။ ဗိုလ်နေဝင်း စစ်အာဏာသိမ်းပြီး ဆိုရှယ်လစ်ရောဂါထနေချိန်မှာ အမေရိကန်က ဗိယက်နမ်မှာ အကြီးအကျယ် စွက်ဖက်ပေမယ့် ရည်မှန်းသလိုမဖြစ်လို့ ထွက်ပေးလိုက်ရပါတယ်။ ၁၉၈၈ အရေးတော်ပုံမှာ မြန်မာ့ဒီမိုကရေစီအရေးကို အမေရိကန်က ထောက်ခံပြီး စစ်အစိုးရကို ဒဏ်ခတ်အရေးယူပါတယ်။ ၂၀၁၆ အထိ ဖြစ်ခဲ့တဲ့ အမေရိကန်စွက်ဖက်မှု (၁၄၅) ခုကို Rand Corporation က လေ့လာရာမှာ (၆၃) ရာခိုင်နှုန်း အောင်မြင်ပြီး လုံးဝဆုံးရှုံးတာ (၈) ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။

CDM မှာ ပါဝင်လိုက်တဲ့ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်းကတော့ မြန်မာပြည်မှာ လေယာဉ်ပျံသန်းမှု ပိတ်ပင်တဲ့ဇုန်သတ်မှတ်ဖို့နဲ့ စစ်ကောင်စီကို လက်နက်မရောင်းဖို့ လုံခြုံရေးကောင်စီကို တင်ပြပါတယ်။ လက်နက်ရောင်းဖို့ ပိတ်ပင်တာကို ကုလသမဂ္ဂမှာ လက်မခံပေမယ့် ပျံသန်းမှုပိတ်ပင်တဲ့ဇုန် အောင်မြင်ဖို့အတွက် အမေရိကန်တဦးတည်း လုပ်နိုင်ပါတယ်။ စစ်ကောင်စီလေတပ်အင်အား ကျဆင်းသွားတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ခံအားပေးရာ ရောက်ပါတယ်။ Libya နဲ့ Syria တို့မှာလည်း လေကြောင်းက တိုက်ခိုက်ပြီးကူညီတဲ့ အစဉ်အလာ ရှိပါတယ်။ လေတပ်အင်အားမရှိတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝိုင်းတိုက်တဲ့ဒဏ်ကို ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ကို အခြေပြုတိုက်ခိုက်ရမှာမို့ ရေကြောင်းကို ပိတ်ဆို့ရမယ့် စစ်ဆင်ရေး ဖြစ်ပါတယ်။

ပျံသန်မှုပိတ်ပင်တဲ့ဇုန် သတ်မှတ်ပြီး လေကြောင်းက တိုက်ခိုက်တာဟာ အမေရိကန်အတွက် စရိတ်အနည်းဆုံး ဖြစ်လိမ့်မယ်လို့ အမေရိကန်သုတေသီ Michael Martin က သုံးသပ်ပါတယ်။ အမေရိကန်လေတပ်ရဲ့ တိုက်ခိုက်မှုကို တရုတ်လေတပ်က တုံ့ပြန်မယ့် အလားအလာ မရှိဘူးလို့ ဆိုပါတယ်။ တိုင်းရင်းသားနဲ့ အရပ်သားလက်နက်ကိုင်ကို အမေရိကန်က စစ်ရေးထောက်ပံ့မှု ပေးတာဟာလည်း စစ်ကောင်စီ ဇာတ်သိမ်းအောင် ကူညီတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်က ကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေတာမို့ တရုတ်နဲ့ အမေရိကန် မြန်မာမြေပေါ်မှာ ပြိုင်ဆိုင်လာနိုင်ပါတယ်။

Afghanistan နိုင်ငံကို Soviet စစ်တပ်ကြီး သိမ်းပိုက်ထားစဉ် အစောပိုင်းကာလဟာ မျှော်လင့်ချက်မရှိတဲ့ အခြေအနေပါ။ ဒါပေမဲ့ ပခုံးထမ်းပစ်နိုင်တဲ့ Stinger ဒုံးကျည်းတွေ အမေရိကန်က ရရှိခဲ့တဲ့အတွက် Afghan ပြောက်ကျားတပ်တွေဟာ ဆိုဗီယက်လေယာဉ် သုံးရကျော်ကို ပစ်ချနိုင်လို့ ဆိုဗီယက် တပ်ကြီး အာဖဂန်နိုင်ငံကနေ ထွက်ခွါသွားရပါတယ်။ နောက်ဆုံးပေါ် ပခုံးထမ်း Stinger ဒုံးကျည်းတခုဟာ ဒေါ်လာလေးသောင်းသာ တန်းဖိုးရှိပြီး ငါးမိုင်အဝေးအထိ ပစ်ခတ်နိုင်ပါတယ်။ လက်နက်ပစ္စည်းတခုက စစ်ပွဲအဆုံးအဖြတ်ပေးလိုက်တဲ့ သာဓကပဲ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG