သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းတပ္နဲ႔ ရာဇဝတ္ဂိုဏ္းမ်ား


Shwe Kokko City - Chinatown in Myawaddy, Kayin State. Photo credit: RFA
အာဏာသိမ္းတပ္နဲ႔ ရာဇဝတ္ဂိုဏ္းမ်ား
please wait

No media source currently available

0:00 0:05:23 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းမႈေၾကာင့္ တိုင္းျပည္ပ်က္စီးသြားတဲ့ဒဏ္ကို လူတုိင္းခံစားေနရပါတယ္။ အာဏာသိမ္းအုပ္စုရဲ ႔ ေဆြမ်ဳိးသားခ်င္းေတြလည္း က်ီလန္႔စာစား ျဖစ္ေနၾကပါတယ္။ ဒါေပမဲ့ ရာဇဝတ္ဂိုဏ္းေတြကေတာ့ လုပ္လုိ႔ကိုင္လို႔ ေကာင္းလာၾကပံုရပါတယ္။ အာဏာသိမ္းတပ္က ရာဇဝတ္ဂိုဏ္းသားေတြကို အခြင့္အလမ္း ဖြင့္ေပးလိုက္သလို ျဖစ္ေနပါတယ္။ တရုတ္နယ္စပ္ ရာဇဝတ္ဂိုဏ္း၊ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္ေတြ ေရာေထြးယွက္တင္လာတဲ့ အခ်ိန္အခါ ျဖစ္ပါတယ္။ ပံုမွန္စီးပြားေရးလည္ပတ္ဖို႔ ခက္ခဲေနခ်ိန္မွာ ေမွာင္ခိုစီးပြားေရး ရွင္သန္တဲ့ နယ္စပ္ေဒသမွာ ရာဇဝတ္ဂိုဏ္သားေတြ အားေကာင္းလာပါတယ္။

NLD အစိုးရ စံုစမ္းစစ္ေဆးခဲ့တဲ့ ကရင္ျပည္နယ္က ေရႊကုကၠိဳလ္နယ္စပ္ၿမိဳ ႔ဟာ စစ္အာဏာသိမ္းခ်ိန္ကစၿပီး ထူထူေထာင္ေထာင္ ျဖစ္လာတယ္လို႔ ဧၿပီလ (၂၁) ရက္ေန႔ထုတ္ US Institute of Peace ရဲ ႔ စာတမ္းမွာ ေဖာ္ျပထားပါတယ္။ ေလာင္းကစားဝိုင္း၊ ေငြေၾကးခဝါခ်လုပ္ငန္းနဲ႔ ရာဇဝတ္မႈမ်ဳိးစံုလုပ္ဖို႔ ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္မွာ ၂၀၁၇ ေလာက္ကတည္းက အုတ္ျမစ္ခ်ခဲ့တာလို႔ ဆိုပါတယ္။ ေဟာင္ေကာင္အေျခစိုက္ ယထိုင္း (Yatai) ကုမၸဏီက နယ္စပ္ၿမိဳ ႔ တည္ေဆာက္တာ ျဖစ္ပါတယ္။ အက်ဳိးဆက္တခုကေတာ့ ျမဝတီၿမိဳ ႔မွာလည္း ကစီးႏိုး ေလာင္းကစားဝိုင္းေတြ ေခတ္စားလာတာပါပဲ။

ျမဝတီၿမိဳ ႔ေျမာက္ဘက္ ကီလို (၂၀) ကြာေဝးတဲ့ ေသာင္ရင္းျမစ္ ျမန္မာဘက္ကမ္းမွာ ေလာင္းကစားၿမိဳ ႔ တည္ေဆာက္ေနတာပါ။ ကရင္နယ္ျခားေစာင့္တပ္ BGF (Border Guard Force) က (၂၀) ရာခိုင္ႏႈန္း တရုတ္ဘက္က (၈၀) ရာခိုင္ႏႈန္း အက်ဳိးအျမတ္ ရယူမယ့္ စီးပြားေရးလုပ္ငန္း ျဖစ္ပါတယ္။ ကရင္ BGF အကူအညီနဲ႔ ဝင္ေရာက္လာတဲ့ တရုတ္ေတြ ျမဝတီမွာ မ်ားျပားလာပါတယ္။ ေရႊကုကၠိဳလ္စီမံခ်က္ကို စံုစမ္းစစ္ေဆးဖို႔ လြန္ခဲ့တဲ့ႏွစ္ ဇြန္လမွာ NLD အစိုးရက ဆံုးျဖတ္ပါတယ္။ ကရင္ BGF ဟာ တပ္မေတာ္ရဲ ႔ ၾသဇာအရိွန္အဝါနဲ႔ ေလာင္းကစားၿမိဳ ႔ေတာ္ တည္ေဆာက္ေနတာ ထင္ရွားပါတယ္။ တရုတ္ၿမိဳ ႔သစ္ကို ဆိုင္ရီွကန္း Saixigang စက္မႈဇုန္လို႔လည္း ေခၚပါတယ္။ ၂၀၁၂ မွာ ေထာင္ကထြက္လာတဲ့ တရုတ္လူဆိုးဂိုဏ္းဝင္ ဝမ္ေကာ့ကိြဳင္ Wan Kuok-Kui နဲ႔ KNU အႀကီးအကဲအခ်ဳိ ႔ ဖက္စပ္လုပ္ထားတဲ့ စီမံကိန္း ျဖစ္ပါတယ္။

အာဏာသိမ္းတပ္နဲ႔ ရာဇဝတ္ဂိုဏ္းမ်ား
please wait

No media source currently available

0:00 0:05:23 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းၿပီး ေနာက္တေန႔မွာ ဝမ္ေကာ့ကိြဳင္ဟာ ျမန္မာေဟာင္းမင့္ (Hongmen) စားေတာ္ပြဲ Website ကို ဖူက်မ္းျပည္နယ္မွာ မွတ္ပံုတင္လိုက္ပါတယ္။ ကိုးကန္႔နယ္ျခားေစာင့္တပ္က တည္ေထာင္ထားတဲ့ ဘိုင္ရွန္းကုမၸဏီနဲ႔လည္း အဆက္အသြယ္ရိွေၾကာင္း ေဖာ္ျပပါတယ္။ ကိုးကန္႔ကေန ျမန္မာ့စီးပြားေရး အခ်က္အခ်ာေနရာေတြကို ဝင္ေရာက္မယ့္ အစီအစဥ္ ျဖစ္ပါတယ္။ ဝမ္ေကာ့ကိြဳင္ကို တရုတ္မ်ဳိးခ်စ္တဦးအေနနဲ႔ ေဖာ္ျပၿပီး ျမန္မာျပည္က တရုတ္အက်ဳိးစီးပြားကို ကာကြယ္မယ္လို႔ ဆိုပါတယ္။ စစ္တပ္က ပစ္ခတ္လုိ႔ ထြက္ေျပးရတဲ့ဒုကၡသည္ေတြ ထိုင္း-ျမန္မာ နယ္စပ္ကို ေက်ာ္ျဖတ္ဖို႔ အခက္အခဲ ရိွေပမယ့္ ေလာင္းကစားလုပ္တဲ့ တရုတ္ကေတာ့ ဝင္ထြက္သြားလာႏုိင္ၾကပါတယ္။

လြန္ခဲ့တဲ့ (၅) ႏွစ္အတြင္းမွာ နယ္ျခားျဖတ္ ရာဇဝတ္မႈေတြကို တရုတ္အစိုးရ အႀကီးအက်ယ္ ႏိွမ္နင္းပါတယ္။ အဖမ္းအဆီးေတြ မၾကာခဏ လုပ္ေပမယ့္၊ ဝမ္ေကာ့ကိြဳင္ကေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရေနပါတယ္။ တရုတ္ျပည္မမွာ ဝမ္ေကာ့ကိြဳင္ဟာ ဂုဏ္ထူးဘြဲ႔ထူး ခ်ီးျမွင့္ခံရၿပီး အေရးပါအရာေရာက္ေနပံု ရပါတယ္။ တရုတ္အစိုးရလက္ေအာက္ခံ ၾသဇာရိွ NGO နဲ႔ ရာဇဝတ္ဂိုဏ္းေခါင္းေဆာင္ ပတ္သက္ေနတာဟာ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဝမ္ေကာ့ကိြဳင္ဟာ မေလးရွားမွာ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ဝရမ္းေျပးပါ။ ေရႊကုကိၠဳလ္ၿမိဳ ႔သစ္ဟာ တရုတ္အစိုးရရဲ ႔ ပိုးလမ္းမမွာ အႀကံဳးဝင္သလိုလို ေျပာဆုိတာမ်ဳိးလည္း ရိွပါတယ္။ ဒါေပမဲ့ ၿမိဳ ႔သစ္တည္ေနသူေတြဟာ ေဟာင္ေကာင္နဲ႔ မကာအို အေျခစိုက္ တရုတ္ေတြျဖစ္လို႔ တရုတ္အစိုးရနဲ႔ေရာ တရုတ္ျပည္မႀကီးနဲ႔ေရာ ပတ္သက္စရာအေၾကာင္း မရိွဘူးလို႔ တရုတ္သုေတသီ ယြန္႔စြန္က Frontier Myanmar စာေစာင္မွာ မႏွစ္က ရွင္းျပဖူးပါတယ္။

ရာဇဝတ္ဂိုဏ္းဟာ တရားဥပေဒ မရိွတဲ့ေနရာမွာ ေျခကုပ္ယူၾကတာမို႔ ျမန္မာနယ္စပ္ေဒသဟာ လူဆိုးဂိုဏ္းေတြရဲ ႔ စားက်က္ ျဖစ္လာပါတယ္။ စစ္အစိုးရကို လက္နက္ကိုင္အဖြဲ႔က မေၾကာက္ပါဘူး။ ဇြန္လအေစာပိုင္းက တာခ်ီလိတ္မွာ မူးယစ္ေဆးနဲ႔ ပစၥည္းက်ပ္သန္းေပါင္း (၁၄,၃၆၆) ဖိုး ဖမ္းဆီးရမိပါတယ္။ ကြယ္လြန္သူ ဘိန္းဘုရင္ ခြန္ဆာ ႀကီးစိုးခဲ့တဲ့ ဟိုမိန္းတပ္ဖြဲ႔ဝင္ေဟာင္း ႏွစ္ဦးကိုလည္း ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဖမ္းဆီးခဲ့တဲ့ ရဲစခန္းကို လက္နက္ကိုင္တစု လာေရာက္ပစ္ခတ္လို႔ ရဲတပ္ၾကပ္ႀကီး (၁) ဦိး ေသဆံုးေၾကာင္း ဇြန္လ (၁၀) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။

စစ္ေကာင္စီရဲတပ္ဖြဲ႔ဟာ ေခါင္းတံုးေပၚထိပ္ကြက္ၿပီး အျမတ္ထုတ္တာလို႔ လူဆိုးဂိုဏ္းက ယူဆတဲ့အတြက္ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးကို ပစ္ခတ္တိုက္ခိုက္တာ ျဖစ္ပံုရပါတယ္။ စစ္ေကာင္စီ ဆန္႔က်င္ေရးလုပ္ေနတဲ့ တာခ်ီလိတ္ၿမိဳ ႔နယ္ ‘ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔’ ကေတာ့ ရဲတပ္ဖြဲ႔ရံုးကို ပစ္ခတ္တဲ့ကိစၥနဲ႔ လံုးဝပတ္သက္ျခင္းမရိွေၾကာင္း ဇြန္လ (၉) ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ လက္နက္ကိုင္အဖြဲ႔ေပါင္းစံုကို ရင္ဆိုင္ေနရတဲ့ စစ္ေကာင္စီတပ္ဟာ လက္သည္မေပၚတဲ့ ပစ္ခတ္မႈမ်ဳိးကို မၾကာခဏ လုပ္တတ္တာကိုလည္း ေဒသခံေတြ သတိထားမိၾကပါတယ္။


===Unicode===

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ပျက်စီးသွားတဲ့ဒဏ်ကို လူတိုင်းခံစားနေရပါတယ်။ အာဏာသိမ်းအုပ်စုရဲ့ ဆွေမျိုးသားချင်းတွေလည်း ကျီလန့်စာစား ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ရာဇဝတ်ဂိုဏ်းတွေကတော့ လုပ်လို့ကိုင်လို့ ကောင်းလာကြပုံရပါတယ်။ အာဏာသိမ်းတပ်က ရာဇဝတ်ဂိုဏ်းသားတွေကို အခွင့်အလမ်း ဖွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။ တရုတ်နယ်စပ် ရာဇဝတ်ဂိုဏ်း၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ ရောထွေးယှက်တင်လာတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ပုံမှန်စီးပွားရေးလည်ပတ်ဖို့ ခက်ခဲနေချိန်မှာ မှောင်ခိုစီးပွားရေး ရှင်သန်တဲ့ နယ်စပ်ဒေသမှာ ရာဇဝတ်ဂိုဏ်သားတွေ အားကောင်းလာပါတယ်။

NLD အစိုးရ စုံစမ်းစစ်ဆေးခဲ့တဲ့ ကရင်ပြည်နယ်က ရွှေကုက္ကိုလ်နယ်စပ်မြို့ဟာ စစ်အာဏာသိမ်းချိန်ကစပြီး ထူထူထောင်ထောင် ဖြစ်လာတယ်လို့ ဧပြီလ (၂၁) ရက်နေ့ထုတ် US Institute of Peace ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ လောင်းကစားဝိုင်း၊ ငွေကြေးခဝါချလုပ်ငန်းနဲ့ ရာဇဝတ်မှုမျိုးစုံလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာ ၂၀၁၇ လောက်ကတည်းက အုတ်မြစ်ချခဲ့တာလို့ ဆိုပါတယ်။ ဟောင်ကောင်အခြေစိုက် ယထိုင်း (Yatai) ကုမ္ပဏီက နယ်စပ်မြို့ တည်ဆောက်တာ ဖြစ်ပါတယ်။ အကျိုးဆက်တခုကတော့ မြဝတီမြို့မှာလည်း ကစီးနိုး လောင်းကစားဝိုင်းတွေ ခေတ်စားလာတာပါပဲ။

မြဝတီမြို့မြောက်ဘက် ကီလို (၂၀) ကွာဝေးတဲ့ သောင်ရင်းမြစ် မြန်မာဘက်ကမ်းမှာ လောင်းကစားမြို့ တည်ဆောက်နေတာပါ။ ကရင်နယ်ခြားစောင့်တပ် BGF (Border Guard Force) က (၂၀) ရာခိုင်နှုန်း တရုတ်ဘက်က (၈၀) ရာခိုင်နှုန်း အကျိုးအမြတ် ရယူမယ့် စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ ကရင် BGF အကူအညီနဲ့ ဝင်ရောက်လာတဲ့ တရုတ်တွေ မြဝတီမှာ များပြားလာပါတယ်။ ရွှေကုက္ကိုလ်စီမံချက်ကို စုံစမ်းစစ်ဆေးဖို့ လွန်ခဲ့တဲ့နှစ် ဇွန်လမှာ NLD အစိုးရက ဆုံးဖြတ်ပါတယ်။ ကရင် BGF ဟာ တပ်မတော်ရဲ့ သြဇာအရှိန်အဝါနဲ့ လောင်းကစားမြို့တော် တည်ဆောက်နေတာ ထင်ရှားပါတယ်။ တရုတ်မြို့သစ်ကို ဆိုင်ရှီကန်း Saixigang စက်မှုဇုန်လို့လည်း ခေါ်ပါတယ်။ ၂၀၁၂ မှာ ထောင်ကထွက်လာတဲ့ တရုတ်လူဆိုးဂိုဏ်းဝင် ဝမ်ကော့ကွိုင် Wan Kuok-Kui နဲ့ KNU အကြီးအကဲအချို့ ဖက်စပ်လုပ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နောက်တနေ့မှာ ဝမ်ကော့ကွိုင်ဟာ မြန်မာဟောင်းမင့် (Hongmen) စားတော်ပွဲ Website ကို ဖူကျမ်းပြည်နယ်မှာ မှတ်ပုံတင်လိုက်ပါတယ်။ ကိုးကန့်နယ်ခြားစောင့်တပ်က တည်ထောင်ထားတဲ့ ဘိုင်ရှန်းကုမ္ပဏီနဲ့လည်း အဆက်အသွယ်ရှိကြောင်း ဖော်ပြပါတယ်။ ကိုးကန့်ကနေ မြန်မာ့စီးပွားရေး အချက်အချာနေရာတွေကို ဝင်ရောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ ဝမ်ကော့ကွိုင်ကို တရုတ်မျိုးချစ်တဦးအနေနဲ့ ဖော်ပြပြီး မြန်မာပြည်က တရုတ်အကျိုးစီးပွားကို ကာကွယ်မယ်လို့ ဆိုပါတယ်။ စစ်တပ်က ပစ်ခတ်လို့ ထွက်ပြေးရတဲ့ဒုက္ခသည်တွေ ထိုင်း-မြန်မာ နယ်စပ်ကို ကျော်ဖြတ်ဖို့ အခက်အခဲ ရှိပေမယ့် လောင်းကစားလုပ်တဲ့ တရုတ်ကတော့ ဝင်ထွက်သွားလာနိုင်ကြပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ နယ်ခြားဖြတ် ရာဇဝတ်မှုတွေကို တရုတ်အစိုးရ အကြီးအကျယ် နှိမ်နင်းပါတယ်။ အဖမ်းအဆီးတွေ မကြာခဏ လုပ်ပေမယ့်၊ ဝမ်ကော့ကွိုင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ရနေပါတယ်။ တရုတ်ပြည်မမှာ ဝမ်ကော့ကွိုင်ဟာ ဂုဏ်ထူးဘွဲ့ထူး ချီးမြှင့်ခံရပြီး အရေးပါအရာရောက်နေပုံ ရပါတယ်။ တရုတ်အစိုးရလက်အောက်ခံ သြဇာရှိ NGO နဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ပတ်သက်နေတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဝမ်ကော့ကွိုင်ဟာ မလေးရှားမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဝရမ်းပြေးပါ။ ရွှေကုက္ကိုလ်မြို့သစ်ဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းမမှာ အကြုံးဝင်သလိုလို ပြောဆိုတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ မြို့သစ်တည်နေသူတွေဟာ ဟောင်ကောင်နဲ့ မကာအို အခြေစိုက် တရုတ်တွေဖြစ်လို့ တရုတ်အစိုးရနဲ့ရော တရုတ်ပြည်မကြီးနဲ့ရော ပတ်သက်စရာအကြောင်း မရှိဘူးလို့ တရုတ်သုတေသီ ယွန့်စွန်က Frontier Myanmar စာစောင်မှာ မနှစ်က ရှင်းပြဖူးပါတယ်။

ရာဇဝတ်ဂိုဏ်းဟာ တရားဥပဒေ မရှိတဲ့နေရာမှာ ခြေကုပ်ယူကြတာမို့ မြန်မာနယ်စပ်ဒေသဟာ လူဆိုးဂိုဏ်းတွေရဲ့ စားကျက် ဖြစ်လာပါတယ်။ စစ်အစိုးရကို လက်နက်ကိုင်အဖွဲ့က မကြောက်ပါဘူး။ ဇွန်လအစောပိုင်းက တာချီလိတ်မှာ မူးယစ်ဆေးနဲ့ ပစ္စည်းကျပ်သန်းပေါင်း (၁၄,၃၆၆) ဖိုး ဖမ်းဆီးရမိပါတယ်။ ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာ ကြီးစိုးခဲ့တဲ့ ဟိုမိန်းတပ်ဖွဲ့ဝင်ဟောင်း နှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခဲ့တဲ့ ရဲစခန်းကို လက်နက်ကိုင်တစု လာရောက်ပစ်ခတ်လို့ ရဲတပ်ကြပ်ကြီး (၁) ဦိး သေဆုံးကြောင်း ဇွန်လ (၁၀) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဟာ ခေါင်းတုံးပေါ်ထိပ်ကွက်ပြီး အမြတ်ထုတ်တာလို့ လူဆိုးဂိုဏ်းက ယူဆတဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေးလုပ်နေတဲ့ တာချီလိတ်မြို့နယ် ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့’ ကတော့ ရဲတပ်ဖွဲ့ရုံးကို ပစ်ခတ်တဲ့ကိစ္စနဲ့ လုံးဝပတ်သက်ခြင်းမရှိကြောင်း ဇွန်လ (၉) ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လက်သည်မပေါ်တဲ့ ပစ်ခတ်မှုမျိုးကို မကြာခဏ လုပ်တတ်တာကိုလည်း ဒေသခံတွေ သတိထားမိကြပါတယ်။

XS
SM
MD
LG