သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္၊ ရုရွားနဲ႔ အပယ္ခံအစိုးရမ်ား


Russia Defense Minister Sergei Shoigu - Min Aung Hlaing
တရုတ္၊ ရုရွားနဲ႔ အပယ္ခံအစိုးရမ်ား
please wait

No media source currently available

0:00 0:05:47 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျမန္မာျပည္အတြက္ ကုလသမဂၢက တည္ေထာင္ထားတဲ့ လူသားခ်င္းစာနာေရး ရန္ပံုေငြထဲကို ေျမာက္ကိုရီးယားအစိုးရက ေဒၚလာ (၃) သိန္းလွဴေၾကာင္း ဇြန္လ (၁၇) ရက္ထုတ္ Korea Times သတင္းစာမွာ ေဖာ္ျပတာဟာ မွားယြင္းမႈသာ ျဖစ္တယ္လို႔ ကုလသမဂၢ တာဝန္ရိွ ပုဂၢိဳလ္က ရွင္းျပပါတယ္။ ေတာင္ကိုရီးယားဟာ လွဴထားတဲ့ ေဒၚလာ (၆) သိန္းအျပင္ ေနာက္ထပ္ (၃) သိန္း ထပ္လွဴတာကို မွားယြင္းေဖာ္ျပတာလို႔ UPI သတင္းမွာ ရွင္းျပပါတယ္။ ကုလသမဂၢကို ဇူလိုင္လ (၁၄) ရက္ေန႔က တင္သြင္းတဲ့ ေျမာက္ကိုရီးယားအစိုးရရဲ ႔ အစီရင္ခံစာမွာ ရိကၡာရွားပါးမႈကို အႀကီးအက်ယ္ ရင္ဆိုင္ေနရတယ္လို႔ ေဖာ္ျပပါတယ္။

ကိုဗစ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈ ျဖစ္ပြားေနတဲ့ ျမန္မာျပည္အတြက္ က်န္းမာေရး၊ ရိကၡာနဲ႔ ပညာေရး လိုအပ္ခ်က္ေတြ ေထာက္ပံ့မယ္ ရန္ပံုေငြကို ကုလသမဂၢက မတည္ထားပါတယ္။ ေဒၚလာ (၂၇၇) သန္း ရိွမယ့္ ရန္ပံုေငြ ျဖစ္ေပမယ့္၊ အခုအခ်ိန္အထိ ေဒၚလာ (၅၁) သန္းသာ ရပါေသးတယ္။ အမ်ားဆံုးေဒၚလာ (၂၄) သန္း ထည့္ထားသူဟာ အေမရိကန္ပါ။ ေျမာက္ကိုရီးယားကေတာ့ လူသာခ်င္းစာနာေရး အကူအညီ ဒီႏွစ္ထဲမွာ ေဒၚလာ (၁၅) သန္းသာ ရရိွပါတယ္။ ျမန္မာစစ္ေကာင္စီနဲ႔ ေျမာက္ကိုရီးယားဟာ အပယ္ခံအစိုးရေတြ ျဖစ္ၾကၿပီး တရုတ္နဲ႔ရုရွားကို မီွခိုတဲ့ေနရာမွာလည္း အသြင္တူၾကပါတယ္။

ဗမာစစ္အစိုးရနဲ႔ ေျမာက္ကိုရီးယားအစိုးရဟာ အသြင္တူၾကပါတယ္။ ဗမာစစ္အစိုးရတိုင္းဟာ အပယ္ခံဘဝမွာ ေနရပါတယ္။ ဦးသိန္းစိန္က ေဒၚစုကို ႏိုင္ငံေရးလုပ္ခြင့္ေပးၿပီး ျပဳျပင္ေရးလုပ္ေတာ့မွ အပယ္ခံဘဝ နိဂံုးခ်ဳပ္သြားပါတယ္။ ကင္ဂ်ဳံအန္းက ျပည္ပအႏၱရာယ္ကို ရင္ဆိုင္ေနရၿပီး တပ္ခ်ဳပ္မင္းေအာင္လိႈင္ကေတာ့ ျပည္တြင္းဆန္႔က်င္မႈကို ႀကံဳေတြ႔ေနရပါတယ္။ အေမရိကန္နဲ႔ အီးယူဥေရာပအဖြဲ႔ႏုိင္ငံေတြက ဗမာအစိုးရကို လက္နက္ပစၥည္းမေရာင္းဖို႔ ပိတ္ပင္ထားတာၾကာပါၿပီ။ တရုတ္၊ ရုရွား၊ ယူခရိန္း၊ ဆားဘီးယား၊ အစၥေရးနဲ႔ အိႏိၵယကေတာ့ ဗမာအစိုးရကို စစ္ပစၥည္း ေရာင္းပါတယ္။ ဒါေပမဲ့ ေခတ္မီဒံုးလက္နက္ အတတ္ပညာရဖို႔ အခက္အခဲ ရိွပါတယ္။ ဒီေနရာမွာ ရုရွား၊ တရုတ္နဲ႔ ေျမာက္ကိုရီးယားဟာ ဗမာစစ္တပ္ မီွခိုအားထားရာ ဆရာေတြ ျဖစ္လာပါတယ္။ တရုတ္နဲ႔ ရုရွား စစ္ပစၥည္း ကိုင္တြယ္ရာမွာ ကၽြမ္းက်င္တဲ့ ေျမာက္ကိုရီးယားဟာ ဗမာစစ္တပ္အတြက္ အေရးပါလာပါတယ္။

ဒါေၾကာင့္ ဒဏ္ခတ္အေရးယူခံရလို႔ အပယ္ခံျဖစ္သြားတဲ့ အာဏာသိမ္းအစိုးရဟာ ေျမာက္ကိုရီးယားကို ျပန္လည္အားကိုးႏိုင္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးသူရေရႊမန္းနဲ႔ ေျမာက္ကိုရီးယား စစ္ဦးခ်ဳပ္ရဲ ႔ နားလည္မႈ စာခၽြန္လႊာ (၃၇) မ်က္ႏွာ ေပါက္ၾကားတာကို လူသိမ်ားပါတယ္။ အာဏာသိမ္းတပ္ဟာ အပယ္ခံျဖစ္သြားတဲ့ ၁၉၈၈ ကတည္းက တရုတ္ကို မီွခိုလာခဲ့တာ ျဖစ္ေပမယ့္ လက္နက္ခဲယမ္းနဲ႔ ပတ္သက္ရင္ေတာ့ ရုရွားကိုလည္း အားကိုးလာတာ ေတြ႔ရပါတယ္။ တပ္ခ်ဳပ္မင္းေအာင္လိႈင္ဟာ ရုရွားကို မၾကာခဏ သြားေရာက္သူျဖစ္ၿပီး အာဏာသိမ္းၿပီးကတည္းက ရုရွားစစ္ပစၥည္းမ်ားကို အဝယ္မ်ားလာပါတယ္။ ရုရွားကလည္း ျမန္မာတင္မကဘဲ အျခားအာဆီယံႏိုင္ငံေတြကိုပါ စည္းရံုးဖို႔ ႀကိဳးပမ္းလာတာ ေတြ႔ရပါတယ္။

ရုရွားကို ပညာသင္သြားေရာက္ၾကတဲ့ ျမန္မာစစ္ဗိုလ္ (၆၀၀၀) ေက်ာ္ ရိွေနၿပီဆိုတဲ့ သတင္းဟာ ရုရွား အားကိုးမႈကို ျပပါတယ္။ စစ္အာဏာသိမ္းတဲ့ေန႔က အသံုးျပဳတဲ့ စစ္ကားေတြဟာ ရုရွားလုပ္ စစ္ကားေတြ ျဖစ္ေနတာကိုၾကည့္ရင္ ရုရွားပါဝင္တဲ့ အတိုင္းအတာကို ခန္႔မွန္းႏိုင္ပါတယ္။ တပ္ခ်ဳပ္မင္းေအာင္လိႈင္ ျပဳစုပ်ဳိေထာင္လာတဲ့ ရုရွား-ျမန္မာ စစ္ဘက္ဆက္ဆံေရး အေကာင္အထည္ေပၚလာတဲ့ သေဘာျဖစ္ပါတယ္။ တရုတ္နဲ႔ ဘက္ေပါင္းစံု ဆက္ဆံေရးလုပ္တဲ့အခါမွာ စစ္ပစၥည္းအညံ့စားပါ ဝယ္ယူရတာကို တပ္ခ်ဳပ္ႀကီး စိတ္ပ်က္လာလို႔ ရုရွားနဲ႔ စစ္ေရးဆက္ဆံမႈ တိုးျမွင့္လိုက္တာလို႔လည္း ျမင္ၾကပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရးမွာ ရုရွားက ေျမာက္ကိုရီးယားကို ပိုၿပီးအေလးထားပါတယ္။ ရုရွားသမၼတဟာ ကင္ဂ်ဳံအန္ကို ေတြ႔ဆံုၿပီး တန္းတူရည္တူ ဆက္ဆံေပမယ့္ တပ္ခ်ဳပ္ႀကီးကေတာ့ ရုရွားစစ္ဗိုလ္နဲ႔သာ ေတြ႔ခြင့္ရပါတယ္။

တရုတ္-ျမန္မာ နယ္စပ္က တိုင္းရင္းသားတပ္ဖြဲ႔ေတြက တရုတ္စစ္ပစၥည္း သံုးေနတာ ၾကာၿပီျဖစ္ေပမယ့္ ဗမာစစ္တပ္က ဘာမွမတတ္ႏိုင္ပါဘူး။ ဒါေၾကာင့္ တပ္ခ်ဳပ္ႀကီးသန္းေရႊလက္ထက္က ေျမာက္ကိုရီးယားနဲ႔ ခ်စ္ၾကည္ေရးလုပ္ဖို႔ ႀကိဳးပမ္းတာ ျဖစ္ပံုရပါတယ္။ တရုတ္နဲ႔ ရုရွားလုပ္ စစ္ပစၥည္းကို ေငြေပးၿပီး ဝယ္ရေပမယ့္ အလားတူပစၥည္းကို ေျမာက္ကိုရီးယားဆီကဝယ္ရင္ ေငြအစားဆန္နဲ႔ သီးႏံွေပးႏုိင္တာဟာ ဗမာစစ္တပ္အတြက္ အက်ဳိးအျမတ္တခုပါ။ ေျမာက္ကိုရီးယားနဲ႔ ျမန္မာအဖုိ႔ မီွခိုအားထားစရာ ႏုိင္ငံႀကီးေတြဟာ တရုတ္နဲ႔ရုရွားသာ ျဖစ္တာမို႔ ေလးပြင့္ဆိုင္ ဆက္ဆံေရးဟာ စိတ္ဝင္စားစရာ ျဖစ္လာပါတယ္။

ရုရွားဟာ လက္နက္ေရာင္းဖို႔အတြက္သာ ျမန္မာကို စိတ္ဝင္စားပံု ရပါတယ္။ ျမန္မာနဲ႔ ေျမာက္ကိုရီးယာဟာ မဟာဗ်ဴဟာက်တဲ့ တရုတ္ရဲ ႔ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္လို႔ ဒီႏိုင္ငံေတြ တည္ၿငိမ္ေရးဟာ တရုတ္အဖုိ႔ အလြန္အေရးႀကီးပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ရုရွားနယ္စပ္ဟာ ဆယ္မိုင္ေက်ာ္သာရိွၿပီး၊ တူမင္ျမစ္ကို Tumen နယ္ျခားအျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားနဲ႔ တရုတ္နယ္စပ္ဟာ မိုင္ေပါင္း (၈၇၀) ရိွၿပီး တရုတ္ကို (၉၀) ရာခိုင္ႏႈန္း မီွခိုေနရပါတယ္။ ျမန္မာ-တရုတ္ နယ္စပ္ဟာ မိုင္ (၁၃၂၃) ရွည္လ်ားတာမို႔ ဆက္ဆံေရး အရႈပ္ေထြးဆံုး ျဖစ္ေနပါတယ္။


== Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်အတွက် ကုလသမဂ္ဂက တည်ထောင်ထားတဲ့ လူသားချင်းစာနာရေး ရန်ပုံငွေထဲကို မြောက်ကိုရီးယားအစိုးရက ဒေါ်လာ (၃) သိန်းလှူကြောင်း ဇွန်လ (၁၇) ရက်ထုတ် Korea Times သတင်းစာမှာ ဖော်ပြတာဟာ မှားယွင်းမှုသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်က ရှင်းပြပါတယ်။ တောင်ကိုရီးယားဟာ လှူထားတဲ့ ဒေါ်လာ (၆) သိန်းအပြင် နောက်ထပ် (၃) သိန်း ထပ်လှူတာကို မှားယွင်းဖော်ပြတာလို့ UPI သတင်းမှာ ရှင်းပြပါတယ်။ ကုလသမဂ္ဂကို ဇူလိုင်လ (၁၄) ရက်နေ့က တင်သွင်းတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အစီရင်ခံစာမှာ ရိက္ခာရှားပါးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားနေတဲ့ မြန်မာပြည်အတွက် ကျန်းမာရေး၊ ရိက္ခာနဲ့ ပညာရေး လိုအပ်ချက်တွေ ထောက်ပံ့မယ် ရန်ပုံငွေကို ကုလသမဂ္ဂက မတည်ထားပါတယ်။ ဒေါ်လာ (၂၇၇) သန်း ရှိမယ့် ရန်ပုံငွေ ဖြစ်ပေမယ့်၊ အခုအချိန်အထိ ဒေါ်လာ (၅၁) သန်းသာ ရပါသေးတယ်။ အများဆုံးဒေါ်လာ (၂၄) သန်း ထည့်ထားသူဟာ အမေရိကန်ပါ။ မြောက်ကိုရီးယားကတော့ လူသာချင်းစာနာရေး အကူအညီ ဒီနှစ်ထဲမှာ ဒေါ်လာ (၁၅) သန်းသာ ရရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ မြောက်ကိုရီးယားဟာ အပယ်ခံအစိုးရတွေ ဖြစ်ကြပြီး တရုတ်နဲ့ရုရှားကို မှီခိုတဲ့နေရာမှာလည်း အသွင်တူကြပါတယ်။

ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရဟာ အသွင်တူကြပါတယ်။ ဗမာစစ်အစိုးရတိုင်းဟာ အပယ်ခံဘဝမှာ နေရပါတယ်။ ဦးသိန်းစိန်က ဒေါ်စုကို နိုင်ငံရေးလုပ်ခွင့်ပေးပြီး ပြုပြင်ရေးလုပ်တော့မှ အပယ်ခံဘဝ နိဂုံးချုပ်သွားပါတယ်။ ကင်ဂျုံအန်းက ပြည်ပအန္တရာယ်ကို ရင်ဆိုင်နေရပြီး တပ်ချုပ်မင်းအောင်လှိုင်ကတော့ ပြည်တွင်းဆန့်ကျင်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်နဲ့ အီးယူဥရောပအဖွဲ့နိုင်ငံတွေက ဗမာအစိုးရကို လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားတာကြာပါပြီ။ တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေးနဲ့ အိန္ဒိယကတော့ ဗမာအစိုးရကို စစ်ပစ္စည်း ရောင်းပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာရဖို့ အခက်အခဲ ရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ် မှီခိုအားထားရာ ဆရာတွေ ဖြစ်လာပါတယ်။ တရုတ်နဲ့ ရုရှား စစ်ပစ္စည်း ကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။

ဒါကြောင့် ဒဏ်ခတ်အရေးယူခံရလို့ အပယ်ခံဖြစ်သွားတဲ့ အာဏာသိမ်းအစိုးရဟာ မြောက်ကိုရီးယားကို ပြန်လည်အားကိုးနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယား စစ်ဦးချုပ်ရဲ့ နားလည်မှု စာချွန်လွှာ (၃၇) မျက်နှာ ပေါက်ကြားတာကို လူသိများပါတယ်။ အာဏာသိမ်းတပ်ဟာ အပယ်ခံဖြစ်သွားတဲ့ ၁၉၈၈ ကတည်းက တရုတ်ကို မှီခိုလာခဲ့တာ ဖြစ်ပေမယ့် လက်နက်ခဲယမ်းနဲ့ ပတ်သက်ရင်တော့ ရုရှားကိုလည်း အားကိုးလာတာ တွေ့ရပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ဟာ ရုရှားကို မကြာခဏ သွားရောက်သူဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက ရုရှားစစ်ပစ္စည်းများကို အဝယ်များလာပါတယ်။ ရုရှားကလည်း မြန်မာတင်မကဘဲ အခြားအာဆီယံနိုင်ငံတွေကိုပါ စည်းရုံးဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။

ရုရှားကို ပညာသင်သွားရောက်ကြတဲ့ မြန်မာစစ်ဗိုလ် (၆၀၀၀) ကျော် ရှိနေပြီဆိုတဲ့ သတင်းဟာ ရုရှား အားကိုးမှုကို ပြပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့က အသုံးပြုတဲ့ စစ်ကားတွေဟာ ရုရှားလုပ် စစ်ကားတွေ ဖြစ်နေတာကိုကြည့်ရင် ရုရှားပါဝင်တဲ့ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ တပ်ချုပ်မင်းအောင်လှိုင် ပြုစုပျိုထောင်လာတဲ့ ရုရှား-မြန်မာ စစ်ဘက်ဆက်ဆံရေး အကောင်အထည်ပေါ်လာတဲ့ သဘောဖြစ်ပါတယ်။ တရုတ်နဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေးလုပ်တဲ့အခါမှာ စစ်ပစ္စည်းအညံ့စားပါ ဝယ်ယူရတာကို တပ်ချုပ်ကြီး စိတ်ပျက်လာလို့ ရုရှားနဲ့ စစ်ရေးဆက်ဆံမှု တိုးမြှင့်လိုက်တာလို့လည်း မြင်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ရုရှားက မြောက်ကိုရီးယားကို ပိုပြီးအလေးထားပါတယ်။ ရုရှားသမ္မတဟာ ကင်ဂျုံအန်ကို တွေ့ဆုံပြီး တန်းတူရည်တူ ဆက်ဆံပေမယ့် တပ်ချုပ်ကြီးကတော့ ရုရှားစစ်ဗိုလ်နဲ့သာ တွေ့ခွင့်ရပါတယ်။

တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသားတပ်ဖွဲ့တွေက တရုတ်စစ်ပစ္စည်း သုံးနေတာ ကြာပြီဖြစ်ပေမယ့် ဗမာစစ်တပ်က ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့် တပ်ချုပ်ကြီးသန်းရွှေလက်ထက်က မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေးလုပ်ဖို့ ကြိုးပမ်းတာ ဖြစ်ပုံရပါတယ်။ တရုတ်နဲ့ ရုရှားလုပ် စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီကဝယ်ရင် ငွေအစားဆန်နဲ့ သီးနံှပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခုပါ။ မြောက်ကိုရီးယားနဲ့ မြန်မာအဖို့ မှီခိုအားထားစရာ နိုင်ငံကြီးတွေဟာ တရုတ်နဲ့ရုရှားသာ ဖြစ်တာမို့ လေးပွင့်ဆိုင် ဆက်ဆံရေးဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ရုရှားဟာ လက်နက်ရောင်းဖို့အတွက်သာ မြန်မာကို စိတ်ဝင်စားပုံ ရပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယာဟာ မဟာဗျူဟာကျတဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်လို့ ဒီနိုင်ငံတွေ တည်ငြိမ်ရေးဟာ တရုတ်အဖို့ အလွန်အရေးကြီးပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနယ်စပ်ဟာ ဆယ်မိုင်ကျော်သာရှိပြီး၊ တူမင်မြစ်ကို Tumen နယ်ခြားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်ဟာ မိုင်ပေါင်း (၈၇၀) ရှိပြီး တရုတ်ကို (၉၀) ရာခိုင်နှုန်း မှီခိုနေရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဟာ မိုင် (၁၃၂၃) ရှည်လျားတာမို့ ဆက်ဆံရေး အရှုပ်ထွေးဆုံး ဖြစ်နေပါတယ်။

XS
SM
MD
LG