သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘယ္ဘက္က ပိုေ႐ြ႕ေနသလဲ


An anti-coup protest in Mandalay Burma
ဘယ္ဘက္က ပိုေ႐ြ႕ေနသလဲ
please wait

No media source currently available

0:00 0:12:05 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဟာ တိုင္းျပည္ကိုႏိုင္ေအာင္ထိန္းၿပီး၊ သူတို႔ လိုခ်င္သလို ေျပာင္းလဲဖန္တီးသြားဖို႔ အားထုတ္ေနသလို၊ ဒီမိုကေရစီအင္အားစုေတြကလဲ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ၿပီး ဒီမိုကေရစီလမ္းေၾကာင္း ဆက္ေလွ်ာက္ဖို႔ ႐ုန္းကန္တိုက္ပြဲဝင္ေနၾကပါတယ္။ ေလးလေက်ာ္ ငါးလနီးပါး ျဖစ္လာတဲ့ ဒီအခ်ိန္မွာ ဘယ္ဘက္ကပိုၿပီး ေရွ႕ကိုေ႐ြ႕ေနပါသလဲ၊ ၁၉၈၈ ေနာက္ပိုင္း ဖြဲြ႕စည္းခဲ့တဲ့ NCGUB အမ်ိဳးသားၫြန႔္ေပါင္းအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဘိုလွတင့္ ကို ဦးေက်ာ္ဇံသာ ေဆြးေႏြးေမးျမန္းထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတက္လာတဲ့ ကိစၥဟာ ဘယ္လိုနည္းနဲ႔မွ justify မျဖစ္ဘူး၊ လူထုလည္း လက္မခံဘူးဆိုတာကိုေတာ့ ေျပာစရာ၊ ျငင္းစရာ မလိုေတာ့တဲ့ကိစၥ ျဖစ္ပါတယ္။ အဓိက က်ေနာ္ဆက္ၿပီးေတာ့ ေမးခ်င္တာကေတာ့ သူတုိ႔ကို လူထုလက္မခံဘဲ၊ အာဏာသိမ္းလာရတယ္ဆိုတာကို သိေပမယ့္လဲ၊ တိုင္းျပည္ကို ၿငိမ္ေအာင္ထိန္းႏိုင္ဖို႔ ေရြးေကာက္ပြဲကို တဖန္ျပန္လည္က်င္းပၿပီးေတာ့ သူတုိ႔လိုခ်င္တဲ့ပံုစံနဲ႔ အာဏာဆက္လက္တည္ၿမဲဖို႔ ႀကိဳးစားေနတယ္လို႔ လူတိုင္းက သံုးသပ္ၾကပါတယ္။ ဆုိေတာ့ သူတို႔ရဲ ႔ အားထုတ္မႈဟာ ဘယ္ေလာက္အထိ ေလးလၾကာၿပီးတဲ့ေနာက္မွာ ဘယ္ေလာက္အထိ ခရီးေရာက္လာၿပီလို႔ ထင္ပါသလဲ။

ေျဖ ။ ။ ပထမဦးဆံုး ေျပာခ်င္တာကေတာ့ အာဏာသိမ္းမႈတခုဟာ ႏိုင္ငံတကာဥပေဒေၾကာင္းရာကေနၾကည့္ရင္ (၄၅) ရက္တာကာလ ၾကာတဲ့အခ်ိန္မွာ တုိင္းျပည္ကို တကယ္ပဲ တည္ၿငိမ္ေအာင္ ထိန္းႏိုင္တယ္လို႔ ျပႏိုင္ဖုိ႔ အာဏာသိမ္းစစ္ေကာင္စီမ်ား၊ အာဏာသိမ္းအင္အားစုမ်ားရဲ ႔ အရည္အေသြးတရပ္အေနနဲ႔ ကမာၻက သတ္မွတ္ပါတယ္။ အဲဒီေတာ့ အခုက ေဖေဖၚဝါရီလကစရင္ ေလးငါးလၾကာသည့္အထိ တုိင္းျပည္မွာ ဘာကိုမွ သူတုိ႔ပိုင္ထားတဲ့ ကုမၸဏီေတြေတာင္မွ စနစ္တက် လည္ပတ္ႏိုင္တဲ့ အင္အားမရိွဘူး။ တုိင္းျပည္တခုလံုး မေျပာပါနဲ႔။ အဲဒီလိုျဖစ္ေနတဲ့ ကာလဟာ ဒီအာဏာသိမ္းစစ္ေကာင္စီဟာ အခုန ဦးေက်ာ္ဇံသာ ေျပာသြားသလိုပါပဲ ျပည္သူလူထုကလည္း လံုးဝေထာက္ခံမႈ မရိွဘူး။ အေခ်ာင္သမား ႏိုင္ငံေရးအင္အားစုေတြကလြဲလို႔ စစ္မွန္တဲ့ ႏိုင္ငံေရးအင္အားစုေတြနဲ႔ ျပည္သူလူထုရဲ ႔ ပူးေပါင္းေဆာင္ရြက္မႈလည္း မရိွဘူး။ အဘက္ဘက္က က႑ေပါင္းစံုမွာလဲပဲ CDM လႈပ္ရွားမႈရဲ ႔ အာဏာဖီဆန္ေရး ပူးေပါင္းေဆာင္ရြက္ေရး မျပဳေရးအရ ဘယ္လိုမွ တိုင္းျပည္ကို ပံုမွန္လည္ပတ္ႏိုင္တဲ့ အရည္အေသြး မရိွဘူးလို႔ တိတိက်က် သံုးသပ္ၾကရမွာ ျဖစ္ပါတယ္။ ဘယ္လိုမွ အေရြ ႔မရိွတဲ့အျပင္ ဆုတ္ယုတ္ေနပါတယ္။

ေမး ။ ။ ဒီေနရာမွာ တစ္ခုေမးခ်င္တာက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က အာဆီယံအစည္းအေဝး သြားတက္ၿပီးေတာ့ တုိင္းျပည္မွာ တည္ၿငိမ္မႈရိွတဲ့အခါမွာ အာဆီယံကိုယ္စားလွယ္ကို လက္ခံမယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးေတာ့ မၾကာေသးခင္က လက္ခံခဲ့တယ္။ အာဆီယံကို ဒီလိုေျပာၿပီး လက္ခံလိုက္တဲ့အတြက္ တိုင္းျပည္မွာ တည္ၿငိမ္မႈ ရိွေနပါၿပီ၊ သူတုိ႔ဟာ တုိင္းျပည္ကို ပံုမွန္လည္ပတ္အုပ္ခ်ဳပ္ႏိုင္ပါၿပီဆုိၿပီး အာဆီယံက ဘယ္ေလာက္အထိ Convince သေဘာေပါက္လက္ခံသြားမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ တကယ္ေျပာရမယ္ဆိုရင္ေတာ့ အာဆီယံနဲ႔ အာဏာသိမ္းစစ္အုပ္စုတို႔ ေျပာတဲ့စကားေတြက ဘာမွ ႏိုင္ငံတကာအေနနဲ႔ Convince ျဖစ္တာ မျဖစ္တာထက္ ယံုၾကည္လက္ခံဖို႔၊ မလက္ခံဖို႔ ဆိုတာထက္ သူတုိ႔က အခ်ိန္ဆြဲေနၾကတာ ျဖစ္ပါတယ္။ တကယ္တမ္း အာဆီယံအေနနဲ႔လဲ ပကတိေျမျပင္ေပၚက အျဖစ္အပ်က္ေတြကို ၾကည့္မယ္ဆိုရင္ ဘယ္နည္းနဲ႔မွ ျမန္မာႏိုင္ငံဟာ တည္ၿငိမ္ေနတယ္ဆိုတာ မဟုတ္ဘူးဆိုတာကို သူတုိ႔အသိပဲ ျဖစ္ပါတယ္။ အဲဒီလို ျဖစ္ေနတဲ့ အခ်ိန္မ်ဳိးမွာ စစ္အာဏာရွင္ေတြက အာဆီယံကို လက္ခံလိုက္တယ္ဆိုတာက ေနာက္ထပ္အခ်ိန္ ဘယ္ေလာက္ဝယ္လို႔ရမလဲဆိုတဲ့ ႀကိဳးပမ္းမႈပဲ ျဖစ္တယ္လို႔ က်ေနာ့္အေနနဲ႔ သံုးသပ္ပါတယ္။

ေမး ။ ။ ဒါကေတာ့ စစ္တပ္ဘက္ကေပါ့။ ျပည္သူလူထုဘက္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျပည္သူေတြရဲ ႔ ဆန္႔က်င္အံုၾကြမႈ ျဖစ္လာခဲ့ၿပီးေနာက္မွာ CRPH ဆိုတာ ဖြဲ႔စည္းလာတယ္။ အဲဒီေနာက္မွာ တဆင့္တက္ၿပီးေတာ့ NUG အမ်ဳိးသားညီညႊတ္ေရးအစိုးရကို ဖြဲ႔စည္းလာၾကပါတယ္။ ဆိုေတာ့ ဒီအင္အားစုေတြဘက္က ဘယ္ေလာက္အထိ ေရွ ႔ကိုေရြ ႔ေနသလဲ။ အဲဒါကို မေမးခင္၊ ေမးခြန္းတခုေလး ႀကိဳၿပီးေတာ့ ေမးခ်င္တာက တခ်ဳိ ႔က သံုးသပ္ၾကတယ္။ ဒီအဖြဲ႔ေတြဟာ ျပည္သူကို ဦးေဆာင္ေနတာထက္၊ ျပည္သူေနာက္ကို လိုက္ေနတာ ျဖစ္တယ္လို႔ သံုးသပ္မႈေတြ ရိွပါတယ္။ အဲဒါကို ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ တကယ္လက္ေတြ႔ျဖစ္ရပ္ကို ၾကည့္မယ္ဆိုရင္ေတာ့ ဒါက လူထုဦးေဆာင္ေနတဲ့ တုိက္ပြဲ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ လူထုထဲမွာ မ်ဳိးဆက္သစ္ေတြျဖစ္တဲ့ Gen Z ေတြရဲ ႔ ဦးေဆာင္မႈေနာက္မွာ CDM ေတြရဲ ႔ ဦးေဆာင္မႈေနာက္မွာ ျပည္သူ႔လႊတ္္ေတာ္ကိုယ္စားလွယ္ေတြက ပါလာၾကၿပီးေတာ့ CRPH ဖြဲ႔စည္းတယ္။ ေနာက္ ျပည္သူလူထုရဲ ႔ တိုက္တြန္းေတာင္းဆိုမႈေၾကာင့္ပဲ NUG ဆိုတာ ဖြဲ႔ၾကတယ္။ ေနာက္ PDF ဆိုတာ ဖြဲ႔ၾကတာ ျဖစ္ပါတယ္။ သမိုင္းမွာ မႀကံဳဖူးတဲ့ အမ်ဳိးသားေသြးစည္းညီညႊတ္ေရး။ က်ေနာ္တုိ႔ တုိင္းရင္းသားညီအကိုေတြ အားလံုးကလည္း ဒီတႀကိမ္မွာေတာ့ျဖစ္ စစ္တပ္အာဏာသိမ္းတာဟာ အင္မတန္မွ မွားယြင္းတယ္။ အင္အားအနည္းဆုံး စစ္အာဏာရွင္ ျဖစ္တယ္။ တက္ၾကြတဲ့ ျပည္သူထုရဲ ႔အင္အားကလဲ CDM, Gen Z က အစ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြအဆံုး အကုန္လံုးပါဝင္ေနၾကတယ္။ ဒါေၾကာင့္မို႔ ဒီအခ်ိန္မွာေတာ့ ပူးေပါင္းေဆာင္ရြက္မႈက အင္မတန္မွ အားေကာင္းတဲ့အတြက္ အမ်ဳိးသားေသြးစည္းညီညႊတ္ေရး အျမင္ဘက္က ခ်ဥ္းကပ္မယ္၊ ျပည္သူလူထုရဲ ႔ တက္ၾကြမႈနဲ႔ ခ်ဥ္းကပ္မယ္။ မ်ဳိးဆက္သစ္ေတြရဲ ႔ ထက္သန္တဲ့ တိုင္းျပည္အတြက္ သူတုိ႔အနာဂတ္အတြက္ စြန္႔လႊတ္ရဲတဲ့ သတိၱေတြနဲ႔ ခ်ဥ္းကပ္မယ္ဆိုရင္ေတာ့ အစုအဖြဲ႔အရေကာ၊ ျဖစ္ေပၚေနတဲ့ အေနအထားအရေကာ စစ္အာဏာရွင္ ဆန္႔က်င္ေရးအင္အားစုဘက္ကေတာ့ တစံုတရာ၊ အတိုင္းအတာအထိ အေရြ ႔ရိွတယ္လို႔ ေျပာလို႔ရပါတယ္။ သို႔ေသာ္လဲပဲ တကယ္လက္ေတြ႔အရ ေျပာရမယ္ဆိုရင္ေတာ့ ဒီကေန႔ အဓိကက်တာကေတာ့ အဲဒီအစိုးရမ်ား CRPH ႏိုင္ငံေရးေခါင္းေဆာင္မ်ားရဲ ႔ စြမ္းရည္သတိၱ ဘယ္ေလာက္ရိွသလဲဆိုတဲ့ေပၚမွာ မူတည္တယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေနရာမွာ ႏွစ္ခုေမးခ်င္ပါတယ္။ သူတုိ႔ရဲ ႔ စြမ္းရည္သတိၱဆိုတာကိုေတာ့ က်ေနာ္ ပထမဦးဆံုးေမးတဲ့ ေမးခြန္းၿပီးမွ ေမးပါရေစ။ ျပည္သူလူထုဟာ အာဏာသိမ္းမႈကို လံုးဝဆန္႔က်င္တယ္။ သူတုိ႔ကစၿပီးေတာ့ လုပ္ၾကတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ အခုအခါမွာ သံုးေလးငါးလ ျဖစ္လာတဲ့အခါမွာ ျပည္သူလူထုရဲ ႔ ဒုကၡဟာလဲ အင္မတန္ႀကီးမားပါတယ္။ ေတာ္လွန္ေရးအင္အားစု ပိုၿပီးတက္ၾကြတဲ့ ဦးေဆာင္မႈေနာက္ကို ျပည္သူေတြက ဒရြတ္တိုက္လိုက္ပါလာရတဲ့သေဘာ ေတြ႔ရပါတယ္။ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး ခၽြတ္ၿခံဳက်တာေတြ ေတြ႔ေနရေတာ့ ျပည္သူလူထုရဲ ႔ ခံနည္းရည္ ဘယ္ေလာက္အထိ တာရွည္ခံႏိုင္မလဲဆိုတာလဲ စဥ္းစားစရာ ျဖစ္ပါတယ္။

ေျဖ ။ ။ မွန္ပါတယ္။ လက္ေတြ႔အရေတာ့ ေတာ္လွန္ေရးတရပ္ဆုိတာ လြယ္လြယ္ကူကူနဲ႔ မရႏိုင္ပါဘူး။ ျပည္သူလူထုဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာသလို ေျပာမယ္ဆိုရင္ ငတ္ခ်င္ငတ္မယ္၊ ျပတ္ခ်င္ျပတ္မယ္၊ ေသခ်င္ေသမယ္၊ ရခ်င္မွလဲရမယ္။ အဲဒါ က်ေနာ္တုိ႔အားလံုး ဘယ္ေလာက္စုစည္းသလဲ၊ ဘယ္ေလာက္အထိ သခင္စိတ္ဓါတ္ေတြ ျမင့္မားသလဲ။ ဘယ္ေလာက္အထိ စြန္႔လႊတ္အနစ္နာခံႏိုင္မႈ ရိွသလဲဆိုတဲ့ေပၚမွာပဲ မူတည္တယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ေနာက္ က်ေနာ္ အခုနေမးခြန္းကေတာ့ ေခါင္းေဆာင္မႈအပိုင္း။ ဦးဘိုလွတင့္တို႔ကိုယ္တိုင္ ၈၈ ေနာက္ပိုင္းမွာ အစိုးရဖြဲ႔ၿပီးေတာ့ စစ္အာဏာရွင္စနစ္ကို တိုက္ခိုက္ဖို႔၊ ျဖဳတ္ခ်ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ပုဂၢိဳလ္ေတြ ျဖစ္ပါတယ္။ အဲဒီလႈပ္ရွားမႈကို ျပန္ၾကည့္မယ္ဆိုရင္ ေနာက္ေၾကာင္းျပန္ၿပီးလွည့္ၿပီးၾကည့္မယ္ဆိုရင္ ငါတို႔ဟာ ဒါကိုလုပ္ခဲ့ရင္ေတာ့ ေကာင္းသားပဲ။ မ်ားေသာအားျဖင့္ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြလဲ ဒီေမးခြန္းကို အေမးခံရပါတယ္။ ဆိုေတာ့ ဦးဘုိလွတင့္တို႔ကိုလည္း က်ေနာ္ေမးခ်င္ပါတယ္။ အဲဒီလိုျပန္ၾကည့္ၿပီး ဘာေလးလုပ္ခဲ့ရင္ ပိုေကာင္းခဲ့မယ္ဆိုတဲ့ အေတြးမ်ဳိး ရိွပါသလား။ အဲဒီအေတြးမ်ဳိးနဲ႔ အခုလုပ္ေနတဲ့ CRPH တို႔၊ NUG တိုိ႔ကို ဘယ္လိုမ်ား အႀကံေပးခ်င္ပါလဲ။

ေျဖ ။ ။ ေျပာရမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ လုပ္ခဲ့သမွ်ကို က်ေနာ္တုိ႔ ဘယ္ေတာ့မွ ေနာင္တမရၾကပါဘူး။ က်ေနာ္တုိ႔ တုိင္းျပည္အတြက္ အဲဒီအခင္းအက်င္း၊ အဲဒီအေျခအေနမွာ ဒီကေန႔ေခတ္လို တက္ၾကြထက္သန္တဲ့ လူထုလႈပ္ရွားမႈ မရိွခဲ့ပါဘူး။ ေနာက္တခ်က္ ေျပာခ်င္တာကေတာ့ အဲဒီအခ်ိန္တုန္းက ဦးတည္ႀကိဳးပမ္းမႈဟာ စစ္တပ္ကို ျဖဳတ္ခ်ေရး မဟုတ္ပါဘူး။ က်ေနာ္တို႔ တိုင္းျပည္မွာ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအရ စစ္မွန္တဲ့ သံုးပြင့္ဆိုင္ ေတြ႔ဆံုေဆြးေႏြးေရးကို ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။ စစ္တပ္၊ စစ္မွန္တဲ့ တိုင္းရင္းသားကိုယ္စားလွယ္ေတြ၊ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ဒီမိုကေရစီအင္အားစုေတြက ကိုယ္စားလွယ္ေခါင္းေဆာင္ေတြ သံုးပြင့္ဆိုင္ ေတြ႔ဆံုေဆြးေႏြးျခင္းအားျဖင့္ မွန္ကန္တဲ့ အမ်ဳိးသားေသြးစည္းညီညႊတ္ေရးကို ရႏုိင္တယ္လို႔ ယံုၾကည္ၿပီးေတာ့ ကမာၻ႔ကုလသမဂၢ ညီလာခံအထိ က်ေနာ္တို႔ ဦးတည္ႀကိဳးပမ္းခဲ့ၾကတာ။ ေျပာခ်င္တာကေတာ့ ဒီကေန႔ တိုက္ပြဲရဲ ႔ ဦးတည္ခ်က္နဲ႔ က်ေနာ္တို႔ ေဆာင္ရြက္ခဲ့တဲ့ NCGUB ရဲ ႔ ဦးတည္ခ်က္ႏွစ္ရပ္ဟာ လံုးဝကြာျခားပါတယ္။ ဒါေပမဲ့ ဒီကေန႔က တဘက္ကိုတဘက္ အၾကမ္းဖက္အုပ္စုေတြအျဖစ္ သတ္မွတ္ထားေတာ့က ေတာ္လွန္ေရးတရပ္အေနနဲ႔ ဆင္ႏႊဲမွ ေအာင္ပြဲကို ျမင္ႏုိင္မယ့္အေနအထားလို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ဦးဘိုတို႔ အဲဒီတုန္းက သံုးပြင့္ဆိုင္ ေတြ႔ဆံုၿပီးေတာ့ စစ္မွန္တဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ ႀကိဳးပမ္းခဲ့ၾကတယ္ဆိုတဲ့ကိစၥဟာ မေအာင္ျမင္ဘူးလို႔ ေျပာရမွာ ျဖစ္ပါတယ္။ ဒီကေန႔ ျပန္ၾကည့္ရင္။ အဲဒီတုန္းက ေအာင္ျမင္ခဲ့ရင္ ဒီပြဲလဲ ေပၚလာစရာ မရိွဘူးေပါ့။ အဲဒီလိုကိစၥ မေအာင္ျမင္ခဲ့ရတဲ့အေၾကာင္းကို နည္းနည္းျပန္မသံုးသပ္သင့္ဘူးလား။

ေျဖ ။ ။ သံုးသပ္ပါတယ္။ အခုန က်ေနာ္ေျပာတဲ့အထဲမွာ တခ်က္ပါပါတယ္။ ဒါကေတာ့ ဒီမိုကေရစီ လႈပ္ရွားမႈနဲ႔ ျပဳျပင္ေျပာင္းလဲေရး ႀကိဳးပမ္းမႈ လႈပ္ရွားမႈတုိင္းမွာ အင္မတန္မွ အစြမ္းအားျပည့္တဲ့ လူထုေထာက္ခံမႈ လိုအပ္ပါတယ္။ အဲဒီကာလကို ျပန္ၾကည့္မယ္ဆိုရင္ ၁၉၉၀ ျပည့္ႏွစ္မွာ စစ္အာဏာရွင္ေတြက ပိုၿပီးေတာ့ အသာစီးရတဲ့ အေနအထား ရိွတယ္။ ႏို္င္ငံေရးအင္အားစုေတြကလဲ အင္မတန္အားနည္းတယ္။ ေရြးေကာက္ပြဲကိုလဲ ပါတီတခုတည္းကပဲ အျပတ္အသတ္ ႏိုင္ထားတယ္။ က်န္တဲ့ပါတီေတြက ရႈံးၾကတယ္။ ေနာက္ တိုင္းရင္းသားအင္အားစုေတြအေနနဲ႔လဲ ဒီေန႔လို ဖယ္ဒရယ္ဒီမိုကေရစီနဲ႔ ပတ္သက္လို႔ ထက္ထက္သန္သန္ ပူးေပါင္းေဆာင္ရြက္ဖို႔ အေနအထားကို မရိွခဲ့ၾကဘူးလို႔ က်ေနာ္တို႔ သံုးသပ္ရမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ျပည္သူလူထု ေထာက္ခံမႈ မရိွသလို၊ ႏိုင္ငံတကာမွာလဲ အခုလို နည္းပညာအရေကာ၊ ေခတ္ေတြေျပာင္းလဲလာတာနဲ႔အမွ် ႏုိင္ငံတကာရဲ ႔ သိရိွမႈ awareness ကလဲ အင္မတန္ကြာခဲ့ပါတယ္။ အဲဒီလို အေျခအေနေတြအရ က်ေနာ္တို႔ဟာ ျဖစ္သင့္တဲ့ လမ္းေၾကာင္းကို ေရြးခ်ယ္ေဆာင္ရြက္တဲ့အခါမွာ အဓိက အျပစ္ပံုခ်တာမ်ဳိး မဟုတ္ဘဲနဲ႔ ပကတိ အျဖစ္မွန္ကို ေျပာရမယ္ဆိုရင္ေတာ့ စစ္အာဏာရွင္ေတြရဲ ႔ ျပည္သူလူထုနဲ႔ တတန္းတစားတည္း ေနခ်င္တဲ့၊ ပူးေပါင္းေဆာင္ရြက္ခ်င္တဲ့ တိုင္းျပည္ခ်စ္စိတ္၊ မ်ဳိးခ်စ္စိတ္ဓါတ္ ကင္းမဲ့မႈေၾကာင့္ က်ရႈံးခဲ့ရတယ္လို႔ပဲ ေျပာရမယ္။

ေမး ။ ။ အဲဒီေတာ့ တုိင္းရင္းသားအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေမးစရာတခု က်န္ပါေသးတယ္။ အဲဒါကေတာ့ အခု CRPH, NUG တို႔ကေတာ့ စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရး၊ တိုင္းရင္းသားေတြကို ပိုမိုၿပီးေတာ့ လိုက္ေလ်ာလာတဲ့သေဘာမ်ဳိးကို ေတြ႔ရပါတယ္။ NLD အစိုးရနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ NLD အစိုးရ လက္ထက္က NLD ေခါင္းေဆာင္တခ်ဳိ ႔ တိုင္းရင္းသားကိုယ္စားလွယ္ေတြနဲ႔ သြားေတြ႔တဲ့အခါမွာ က်ေနာ္တို႔က တိုင္းရင္းသားပါတီလို႔ မသတ္မွတ္ဘူး၊ ေဒသခံပါတီလို႔ပဲ သတ္မွတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တိုိ႔ NLD မွာ ရိွေနတဲ့ တိုင္းရင္းသားေတြက အမ်ားႀကီးျဖစ္တယ္။ ဘာညာေျပာတာကို ဦးဘိုလဲ ၾကားမိမယ္ထင္ပါတယ္။ အဲဒီေတာ့ အခုအဖြဲ႔အစည္းေတြက တိုင္းရင္းသားေတြအေပၚ သေဘာထားက NLD ရဲ ႔ သေဘာထားနဲ႔ အေတာ္ေလး ကြာဟလာတယ္။ ပိုၿပီးေတာ့ ေရွ ႔ေရာက္လာတယ္လို႔ သံုးသပ္ၾကပါတယ္။ ဆိုေတာ့ NLD ရဲ ႔ ဦးေဆာင္မႈ အခန္းက႑က ေရွ ႔ကို ဘယ္လိုရိွလာႏိုင္မယ္လို႔ ထင္ပါသလဲ။ ေမွးမိွန္သြားႏုိင္ပါသလား။ ေရွ ႔တန္းကတက္ၿပီး ေခါင္းေဆာင္ျဖစ္လာအံုးမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ဒါကေတာ့ ႏွစ္ဘက္မွာ မူတည္ပါတယ္။ တဘက္ကေတာ့ ျပည္သူလူထုရဲ ႔ အမ်ဳိးသားႏုိင္ငံေရး အသိစိတ္ဓါတ္ ဖြံ႔ၿဖိဳးတိုးတက္မႈပါ။ အမွန္ကိုအမွန္အတိုင္း ျမင္ရဲတဲ့သတိၱ။ ၿပီးေတာ့ Constructive Criticism လို႔ေခၚတဲ့ အျပဳသေဘာေဆာင္ၿပီးေတာ့ မွန္မွန္ကန္ကန္ ေဝဖန္သံုးသပ္ ဆင္ျခင္တတ္တဲ့ အသိတရားေတြ လူထုမွာ ဘယ္ေလာက္အထိ ရိွသလဲ။ အခုကေတာ့ ဦးေက်ာ္ဇံသာ ေျပာသလိုပါပဲ၊ အင္မတန္မွ အားေကာင္းတဲ့ ႏိုင္ငံေရးအသိအျမင္၊ ဖြံ႔ၿဖိဳးတိုးတက္မႈေတြ၊ တုိင္းရင္းသားညီအကိုေတြေပၚမွာ မွားခဲ့တဲ့ အျမင္ေတြ၊ မွားခဲ့တဲ့ အသိေတြကို ျပန္ေတာင္းပန္ေနတာေတြ က်ေနာ္တို႔ ဒီကေန႔ လက္ေတြ႔က်က် ပူးေပါင္းေဆာင္ရြက္မႈေတြက အင္မတန္မွ အားေကာင္းတဲ့ တိုးတက္ျဖစ္ေပၚမႈေတြလို႔ က်ေနာ္တို႔ သံုးသပ္ၾကရမွာ ျဖစ္ပါတယ္။ NLD အေနနဲ႔ကေတာ့ ျဖတ္သန္းခဲ့တဲ့ အမွားေတြကို မွန္မွန္ကန္ကန္ သံုးသပ္ၿပီးေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္မ်ားဟာ ပါတီႀကီးဝါဒ က်င့္သံုးမႈနဲ႔ ငါတုိ႔ပါတီႏုိင္ရင္ ငါတို႔ႀကိဳက္တာလုပ္မယ္ဆိုတဲ့ စိတ္ဓါတ္မ်ဳိးေတြ စြန္႔လႊတ္ဖို႔ လိုပါတယ္။ တုိင္းရင္းသားေတြရဲ ႔ ဒီေန႔ေတာင္းဆိုေနတဲ့ စစ္မွန္တဲ့ ဖယ္ဒရယ္စနစ္ကို ကိုယ္တိုင္က ယံုယံုၾကည္ၾကည္ လက္ခံၿပီးေတာ့ အဲဒါေအာင္ျမင္ဖို႔ဆုိရင္ လိုအပ္တဲ့ ျပင္ဆင္ေျပာင္းလဲမႈ အသစ္ေတြကို လုပ္သြားဖို႔ လိုအပ္တယ္။ အဲဒီလို မဟုတ္ဘဲနဲ႔ ပါတီႀကီးဝါဒကိုလည္း မစြန္႔လႊတ္ဘူး၊ လူမ်ဳိးႀကီးဝါဒကိုလည္း မစြန္႔လႊတ္ခ်င္ဘူး၊ ၿပီးေတာ့ ျပတ္သားတဲ့ ႏိုင္ငံေရးဦးေဆာင္မႈနဲ႔ အမ်ဳိးသားေရး ဦးေဆာင္မႈကိုလည္း မေပးေဆာင္ႏုိင္ဘူးဆိုရင္ေတာ့ ဒီကေန႔ လူထုကေတာ့ လက္ခံမွာ မဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီဟာ တိုင်းပြည်ကိုနိုင်အောင်ထိန်းပြီး၊ သူတို့ လိုချင်သလို ပြောင်းလဲဖန်တီးသွားဖို့ အားထုတ်နေသလို၊ ဒီမိုကရေစီအင်အားစုတွေကလဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်ဖို့ ရုန်းကန်တိုက်ပွဲဝင်နေကြပါတယ်။ လေးလကျော် ငါးလနီးပါး ဖြစ်လာတဲ့ ဒီအချိန်မှာ ဘယ်ဘက်ကပိုပြီး ရှေ့ကိုရွေ့နေပါသလဲ၊ ၁၉၈၈ နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဘိုလှတင့် ကို ဦးကျော်ဇံသာ ဆွေးနွေးမေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတက်လာတဲ့ ကိစ္စဟာ ဘယ်လိုနည်းနဲ့မှ justify မဖြစ်ဘူး၊ လူထုလည်း လက်မခံဘူးဆိုတာကိုတော့ ပြောစရာ၊ ငြင်းစရာ မလိုတော့တဲ့ကိစ္စ ဖြစ်ပါတယ်။ အဓိက ကျနော်ဆက်ပြီးတော့ မေးချင်တာကတော့ သူတို့ကို လူထုလက်မခံဘဲ၊ အာဏာသိမ်းလာရတယ်ဆိုတာကို သိပေမယ့်လဲ၊ တိုင်းပြည်ကို ငြိမ်အောင်ထိန်းနိုင်ဖို့ ရွေးကောက်ပွဲကို တဖန်ပြန်လည်ကျင်းပပြီးတော့ သူတို့လိုချင်တဲ့ပုံစံနဲ့ အာဏာဆက်လက်တည်မြဲဖို့ ကြိုးစားနေတယ်လို့ လူတိုင်းက သုံးသပ်ကြပါတယ်။ ဆိုတော့ သူတို့ရဲ့ အားထုတ်မှုဟာ ဘယ်လောက်အထိ လေးလကြာပြီးတဲ့နောက်မှာ ဘယ်လောက်အထိ ခရီးရောက်လာပြီလို့ ထင်ပါသလဲ။

ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာကတော့ အာဏာသိမ်းမှုတခုဟာ နိုင်ငံတကာဥပဒေကြောင်းရာကနေကြည့်ရင် (၄၅) ရက်တာကာလ ကြာတဲ့အချိန်မှာ တိုင်းပြည်ကို တကယ်ပဲ တည်ငြိမ်အောင် ထိန်းနိုင်တယ်လို့ ပြနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီများ၊ အာဏာသိမ်းအင်အားစုများရဲ့ အရည်အသွေးတရပ်အနေနဲ့ ကမ္ဘာက သတ်မှတ်ပါတယ်။ အဲဒီတော့ အခုက ဖေဖေါ်ဝါရီလကစရင် လေးငါးလကြာသည့်အထိ တိုင်းပြည်မှာ ဘာကိုမှ သူတို့ပိုင်ထားတဲ့ ကုမ္ပဏီတွေတောင်မှ စနစ်တကျ လည်ပတ်နိုင်တဲ့ အင်အားမရှိဘူး။ တိုင်းပြည်တခုလုံး မပြောပါနဲ့။ အဲဒီလိုဖြစ်နေတဲ့ ကာလဟာ ဒီအာဏာသိမ်းစစ်ကောင်စီဟာ အခုန ဦးကျော်ဇံသာ ပြောသွားသလိုပါပဲ ပြည်သူလူထုကလည်း လုံးဝထောက်ခံမှု မရှိဘူး။ အချောင်သမား နိုင်ငံရေးအင်အားစုတွေကလွဲလို့ စစ်မှန်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူး။ အဘက်ဘက်က ကဏ္ဍပေါင်းစုံမှာလဲပဲ CDM လှုပ်ရှားမှုရဲ့ အာဏာဖီဆန်ရေး ပူးပေါင်းဆောင်ရွက်ရေး မပြုရေးအရ ဘယ်လိုမှ တိုင်းပြည်ကို ပုံမှန်လည်ပတ်နိုင်တဲ့ အရည်အသွေး မရှိဘူးလို့ တိတိကျကျ သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ အရွေ့မရှိတဲ့အပြင် ဆုတ်ယုတ်နေပါတယ်။

မေး ။ ။ ဒီနေရာမှာ တစ်ခုမေးချင်တာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအစည်းအဝေး သွားတက်ပြီးတော့ တိုင်းပြည်မှာ တည်ငြိမ်မှုရှိတဲ့အခါမှာ အာဆီယံကိုယ်စားလှယ်ကို လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ မကြာသေးခင်က လက်ခံခဲ့တယ်။ အာဆီယံကို ဒီလိုပြောပြီး လက်ခံလိုက်တဲ့အတွက် တိုင်းပြည်မှာ တည်ငြိမ်မှု ရှိနေပါပြီ၊ သူတို့ဟာ တိုင်းပြည်ကို ပုံမှန်လည်ပတ်အုပ်ချုပ်နိုင်ပါပြီဆိုပြီး အာဆီယံက ဘယ်လောက်အထိ Convince သဘောပေါက်လက်ခံသွားမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ တကယ်ပြောရမယ်ဆိုရင်တော့ အာဆီယံနဲ့ အာဏာသိမ်းစစ်အုပ်စုတို့ ပြောတဲ့စကားတွေက ဘာမှ နိုင်ငံတကာအနေနဲ့ Convince ဖြစ်တာ မဖြစ်တာထက် ယုံကြည်လက်ခံဖို့၊ မလက်ခံဖို့ ဆိုတာထက် သူတို့က အချိန်ဆွဲနေကြတာ ဖြစ်ပါတယ်။ တကယ်တမ်း အာဆီယံအနေနဲ့လဲ ပကတိမြေပြင်ပေါ်က အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ဘယ်နည်းနဲ့မှ မြန်မာနိုင်ငံဟာ တည်ငြိမ်နေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သူတို့အသိပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မျိုးမှာ စစ်အာဏာရှင်တွေက အာဆီယံကို လက်ခံလိုက်တယ်ဆိုတာက နောက်ထပ်အချိန် ဘယ်လောက်ဝယ်လို့ရမလဲဆိုတဲ့ ကြိုးပမ်းမှုပဲ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

မေး ။ ။ ဒါကတော့ စစ်တပ်ဘက်ကပေါ့။ ပြည်သူလူထုဘက်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှု ဖြစ်လာခဲ့ပြီးနောက်မှာ CRPH ဆိုတာ ဖွဲ့စည်းလာတယ်။ အဲဒီနောက်မှာ တဆင့်တက်ပြီးတော့ NUG အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းလာကြပါတယ်။ ဆိုတော့ ဒီအင်အားစုတွေဘက်က ဘယ်လောက်အထိ ရှေ့ကိုရွေ့နေသလဲ။ အဲဒါကို မမေးခင်၊ မေးခွန်းတခုလေး ကြိုပြီးတော့ မေးချင်တာက တချို့က သုံးသပ်ကြတယ်။ ဒီအဖွဲ့တွေဟာ ပြည်သူကို ဦးဆောင်နေတာထက်၊ ပြည်သူနောက်ကို လိုက်နေတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ တကယ်လက်တွေ့ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင်တော့ ဒါက လူထုဦးဆောင်နေတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ လူထုထဲမှာ မျိုးဆက်သစ်တွေဖြစ်တဲ့ Gen Z တွေရဲ့ ဦးဆောင်မှုနောက်မှာ CDM တွေရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပါလာကြပြီးတော့ CRPH ဖွဲ့စည်းတယ်။ နောက် ပြည်သူလူထုရဲ့ တိုက်တွန်းတောင်းဆိုမှုကြောင့်ပဲ NUG ဆိုတာ ဖွဲ့ကြတယ်။ နောက် PDF ဆိုတာ ဖွဲ့ကြတာ ဖြစ်ပါတယ်။ သမိုင်းမှာ မကြုံဖူးတဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေး။ ကျနော်တို့ တိုင်းရင်းသားညီအကိုတွေ အားလုံးကလည်း ဒီတကြိမ်မှာတော့ဖြစ် စစ်တပ်အာဏာသိမ်းတာဟာ အင်မတန်မှ မှားယွင်းတယ်။ အင်အားအနည်းဆုံး စစ်အာဏာရှင် ဖြစ်တယ်။ တက်ကြွတဲ့ ပြည်သူထုရဲ့အင်အားကလဲ CDM, Gen Z က အစ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဆုံး အကုန်လုံးပါဝင်နေကြတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာတော့ ပူးပေါင်းဆောင်ရွက်မှုက အင်မတန်မှ အားကောင်းတဲ့အတွက် အမျိုးသားသွေးစည်းညီညွှတ်ရေး အမြင်ဘက်က ချဉ်းကပ်မယ်၊ ပြည်သူလူထုရဲ့ တက်ကြွမှုနဲ့ ချဉ်းကပ်မယ်။ မျိုးဆက်သစ်တွေရဲ့ ထက်သန်တဲ့ တိုင်းပြည်အတွက် သူတို့အနာဂတ်အတွက် စွန့်လွှတ်ရဲတဲ့ သတ္တိတွေနဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ အစုအဖွဲ့အရကော၊ ဖြစ်ပေါ်နေတဲ့ အနေအထားအရကော စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုဘက်ကတော့ တစုံတရာ၊ အတိုင်းအတာအထိ အရွေ့ရှိတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လဲပဲ တကယ်လက်တွေ့အရ ပြောရမယ်ဆိုရင်တော့ ဒီကနေ့ အဓိကကျတာကတော့ အဲဒီအစိုးရများ CRPH နိုင်ငံရေးခေါင်းဆောင်များရဲ့ စွမ်းရည်သတ္တိ ဘယ်လောက်ရှိသလဲဆိုတဲ့ပေါ်မှာ မူတည်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ကျနော် ဒီနေရာမှာ နှစ်ခုမေးချင်ပါတယ်။ သူတို့ရဲ့ စွမ်းရည်သတ္တိဆိုတာကိုတော့ ကျနော် ပထမဦးဆုံးမေးတဲ့ မေးခွန်းပြီးမှ မေးပါရစေ။ ပြည်သူလူထုဟာ အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်တယ်။ သူတို့ကစပြီးတော့ လုပ်ကြတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ သုံးလေးငါးလ ဖြစ်လာတဲ့အခါမှာ ပြည်သူလူထုရဲ့ ဒုက္ခဟာလဲ အင်မတန်ကြီးမားပါတယ်။ တော်လှန်ရေးအင်အားစု ပိုပြီးတက်ကြွတဲ့ ဦးဆောင်မှုနောက်ကို ပြည်သူတွေက ဒရွတ်တိုက်လိုက်ပါလာရတဲ့သဘော တွေ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ချွတ်ခြုံကျတာတွေ တွေ့နေရတော့ ပြည်သူလူထုရဲ့ ခံနည်းရည် ဘယ်လောက်အထိ တာရှည်ခံနိုင်မလဲဆိုတာလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ဖြေ ။ ။ မှန်ပါတယ်။ လက်တွေ့အရတော့ တော်လှန်ရေးတရပ်ဆိုတာ လွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ ပြည်သူလူထုဟာ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ပြောမယ်ဆိုရင် ငတ်ချင်ငတ်မယ်၊ ပြတ်ချင်ပြတ်မယ်၊ သေချင်သေမယ်၊ ရချင်မှလဲရမယ်။ အဲဒါ ကျနော်တို့အားလုံး ဘယ်လောက်စုစည်းသလဲ၊ ဘယ်လောက်အထိ သခင်စိတ်ဓါတ်တွေ မြင့်မားသလဲ။ ဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံနိုင်မှု ရှိသလဲဆိုတဲ့ပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ နောက် ကျနော် အခုနမေးခွန်းကတော့ ခေါင်းဆောင်မှုအပိုင်း။ ဦးဘိုလှတင့်တို့ကိုယ်တိုင် ၈၈ နောက်ပိုင်းမှာ အစိုးရဖွဲ့ပြီးတော့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ဖို့၊ ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို ပြန်ကြည့်မယ်ဆိုရင် နောက်ကြောင်းပြန်ပြီးလှည့်ပြီးကြည့်မယ်ဆိုရင် ငါတို့ဟာ ဒါကိုလုပ်ခဲ့ရင်တော့ ကောင်းသားပဲ။ များသောအားဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေလဲ ဒီမေးခွန်းကို အမေးခံရပါတယ်။ ဆိုတော့ ဦးဘိုလှတင့်တို့ကိုလည်း ကျနော်မေးချင်ပါတယ်။ အဲဒီလိုပြန်ကြည့်ပြီး ဘာလေးလုပ်ခဲ့ရင် ပိုကောင်းခဲ့မယ်ဆိုတဲ့ အတွေးမျိုး ရှိပါသလား။ အဲဒီအတွေးမျိုးနဲ့ အခုလုပ်နေတဲ့ CRPH တို့၊ NUG တို့ကို ဘယ်လိုများ အကြံပေးချင်ပါလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုပ်ခဲ့သမျှကို ကျနော်တို့ ဘယ်တော့မှ နောင်တမရကြပါဘူး။ ကျနော်တို့ တိုင်းပြည်အတွက် အဲဒီအခင်းအကျင်း၊ အဲဒီအခြေအနေမှာ ဒီကနေ့ခေတ်လို တက်ကြွထက်သန်တဲ့ လူထုလှုပ်ရှားမှု မရှိခဲ့ပါဘူး။ နောက်တချက် ပြောချင်တာကတော့ အဲဒီအချိန်တုန်းက ဦးတည်ကြိုးပမ်းမှုဟာ စစ်တပ်ကို ဖြုတ်ချရေး မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအရ စစ်မှန်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေက ကိုယ်စားလှယ်ခေါင်းဆောင်တွေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် မှန်ကန်တဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေးကို ရနိုင်တယ်လို့ ယုံကြည်ပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံအထိ ကျနော်တို့ ဦးတည်ကြိုးပမ်းခဲ့ကြတာ။ ပြောချင်တာကတော့ ဒီကနေ့ တိုက်ပွဲရဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ NCGUB ရဲ့ ဦးတည်ချက်နှစ်ရပ်ဟာ လုံးဝကွာခြားပါတယ်။ ဒါပေမဲ့ ဒီကနေ့က တဘက်ကိုတဘက် အကြမ်းဖက်အုပ်စုတွေအဖြစ် သတ်မှတ်ထားတော့က တော်လှန်ရေးတရပ်အနေနဲ့ ဆင်နွှဲမှ အောင်ပွဲကို မြင်နိုင်မယ့်အနေအထားလို့ ပြောချင်ပါတယ်။

မေး ။ ။ ဦးဘိုတို့ အဲဒီတုန်းက သုံးပွင့်ဆိုင် တွေ့ဆုံပြီးတော့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်ဆိုတဲ့ကိစ္စဟာ မအောင်မြင်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြန်ကြည့်ရင်။ အဲဒီတုန်းက အောင်မြင်ခဲ့ရင် ဒီပွဲလဲ ပေါ်လာစရာ မရှိဘူးပေါ့။ အဲဒီလိုကိစ္စ မအောင်မြင်ခဲ့ရတဲ့အကြောင်းကို နည်းနည်းပြန်မသုံးသပ်သင့်ဘူးလား။

ဖြေ ။ ။ သုံးသပ်ပါတယ်။ အခုန ကျနော်ပြောတဲ့အထဲမှာ တချက်ပါပါတယ်။ ဒါကတော့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု လှုပ်ရှားမှုတိုင်းမှာ အင်မတန်မှ အစွမ်းအားပြည့်တဲ့ လူထုထောက်ခံမှု လိုအပ်ပါတယ်။ အဲဒီကာလကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ်မှာ စစ်အာဏာရှင်တွေက ပိုပြီးတော့ အသာစီးရတဲ့ အနေအထား ရှိတယ်။ နိုင်ငံရေးအင်အားစုတွေကလဲ အင်မတန်အားနည်းတယ်။ ရွေးကောက်ပွဲကိုလဲ ပါတီတခုတည်းကပဲ အပြတ်အသတ် နိုင်ထားတယ်။ ကျန်တဲ့ပါတီတွေက ရှုံးကြတယ်။ နောက် တိုင်းရင်းသားအင်အားစုတွေအနေနဲ့လဲ ဒီနေ့လို ဖယ်ဒရယ်ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထက်ထက်သန်သန် ပူးပေါင်းဆောင်ရွက်ဖို့ အနေအထားကို မရှိခဲ့ကြဘူးလို့ ကျနော်တို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထု ထောက်ခံမှု မရှိသလို၊ နိုင်ငံတကာမှာလဲ အခုလို နည်းပညာအရကော၊ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ နိုင်ငံတကာရဲ့ သိရှိမှု awareness ကလဲ အင်မတန်ကွာခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေအရ ကျနော်တို့ဟာ ဖြစ်သင့်တဲ့ လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်တဲ့အခါမှာ အဓိက အပြစ်ပုံချတာမျိုး မဟုတ်ဘဲနဲ့ ပကတိ အဖြစ်မှန်ကို ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ ပြည်သူလူထုနဲ့ တတန်းတစားတည်း နေချင်တဲ့၊ ပူးပေါင်းဆောင်ရွက်ချင်တဲ့ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဓါတ် ကင်းမဲ့မှုကြောင့် ကျရှုံးခဲ့ရတယ်လို့ပဲ ပြောရမယ်။

မေး ။ ။ အဲဒီတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ မေးစရာတခု ကျန်ပါသေးတယ်။ အဲဒါကတော့ အခု CRPH, NUG တို့ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားတွေကို ပိုမိုပြီးတော့ လိုက်လျောလာတဲ့သဘောမျိုးကို တွေ့ရပါတယ်။ NLD အစိုးရနဲ့ နှိုင်းယှဉ်မယ်ဆိုရင် NLD အစိုးရ လက်ထက်က NLD ခေါင်းဆောင်တချို့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ သွားတွေ့တဲ့အခါမှာ ကျနော်တို့က တိုင်းရင်းသားပါတီလို့ မသတ်မှတ်ဘူး၊ ဒေသခံပါတီလို့ပဲ သတ်မှတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NLD မှာ ရှိနေတဲ့ တိုင်းရင်းသားတွေက အများကြီးဖြစ်တယ်။ ဘာညာပြောတာကို ဦးဘိုလဲ ကြားမိမယ်ထင်ပါတယ်။ အဲဒီတော့ အခုအဖွဲ့အစည်းတွေက တိုင်းရင်းသားတွေအပေါ် သဘောထားက NLD ရဲ့ သဘောထားနဲ့ အတော်လေး ကွာဟလာတယ်။ ပိုပြီးတော့ ရှေ့ရောက်လာတယ်လို့ သုံးသပ်ကြပါတယ်။ ဆိုတော့ NLD ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍက ရှေ့ကို ဘယ်လိုရှိလာနိုင်မယ်လို့ ထင်ပါသလဲ။ မှေးမှိန်သွားနိုင်ပါသလား။ ရှေ့တန်းကတက်ပြီး ခေါင်းဆောင်ဖြစ်လာအုံးမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဒါကတော့ နှစ်ဘက်မှာ မူတည်ပါတယ်။ တဘက်ကတော့ ပြည်သူလူထုရဲ့ အမျိုးသားနိုင်ငံရေး အသိစိတ်ဓါတ် ဖွံ့ဖြိုးတိုးတက်မှုပါ။ အမှန်ကိုအမှန်အတိုင်း မြင်ရဲတဲ့သတ္တိ။ ပြီးတော့ Constructive Criticism လို့ခေါ်တဲ့ အပြုသဘောဆောင်ပြီးတော့ မှန်မှန်ကန်ကန် ဝေဖန်သုံးသပ် ဆင်ခြင်တတ်တဲ့ အသိတရားတွေ လူထုမှာ ဘယ်လောက်အထိ ရှိသလဲ။ အခုကတော့ ဦးကျော်ဇံသာ ပြောသလိုပါပဲ၊ အင်မတန်မှ အားကောင်းတဲ့ နိုင်ငံရေးအသိအမြင်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ တိုင်းရင်းသားညီအကိုတွေပေါ်မှာ မှားခဲ့တဲ့ အမြင်တွေ၊ မှားခဲ့တဲ့ အသိတွေကို ပြန်တောင်းပန်နေတာတွေ ကျနော်တို့ ဒီကနေ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေက အင်မတန်မှ အားကောင်းတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေလို့ ကျနော်တို့ သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ NLD အနေနဲ့ကတော့ ဖြတ်သန်းခဲ့တဲ့ အမှားတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဟာ ပါတီကြီးဝါဒ ကျင့်သုံးမှုနဲ့ ငါတို့ပါတီနိုင်ရင် ငါတို့ကြိုက်တာလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ စွန့်လွှတ်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေရဲ့ ဒီနေ့တောင်းဆိုနေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်ကို ကိုယ်တိုင်က ယုံယုံကြည်ကြည် လက်ခံပြီးတော့ အဲဒါအောင်မြင်ဖို့ဆိုရင် လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှု အသစ်တွေကို လုပ်သွားဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပါတီကြီးဝါဒကိုလည်း မစွန့်လွှတ်ဘူး၊ လူမျိုးကြီးဝါဒကိုလည်း မစွန့်လွှတ်ချင်ဘူး၊ ပြီးတော့ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ အမျိုးသားရေး ဦးဆောင်မှုကိုလည်း မပေးဆောင်နိုင်ဘူးဆိုရင်တော့ ဒီကနေ့ လူထုကတော့ လက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။

XS
SM
MD
LG