သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားတုလို႔ ခရုခုန္ ျပည္ပ်က္ရံု


ဖားတုလို႔ ခရုခုန္ ျပည္ပ်က္ရံု
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ထိုင္းစစ္ဦးစီးခ်ဳပ္ေဟာင္းနဲ႔ ဘုရင့္အတိုင္ပင္ခံ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ပရမ္ေတနစူလာေနာင္နဲ႔ တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္တို႔ ၂၀၁၂ က ထိုင္းႏုိင္ငံမွာ ေတြ႔ဆံုပါတယ္။ တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္က သူကို ေမြးစားသားအျဖစ္ လက္ခံဖို႔ေျပာတာကို အိမ္ေထာင္မရိွတဲ့ ေတနစူလာေနာင္ က သေဘာတူခဲ့တယ္လို႔ ၂၀၁၄ ဇူလိုင္ (၁၆) ရက္ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ ေနာက္ေတာ့ ၂၀၁၃ မွာ တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္ကို ထိုင္းဘုရင္က သူရဲေကာင္းဘြဲ႔ ခ်ီးျမွင့္ပါတယ္။ ၂၀၁၇ မွာ ထိုင္းဘုရင္သစ္က ခ်ီးျမွင့္တဲ့ ဆင္ျဖဴရွင္သူရဲေကာင္းဘြဲ႔ ရရိွျပန္တာမို႔ ဘြဲ႔ (၂) ဘြဲ႔ရ ထိုင္းသူရဲေကာင္း ျဖစ္သြားပါတယ္။

၂၀၁၉ မွာ ေတနစူလာေနာင္ ကြယ္လြန္ေတာ့ တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈ္င္နဲ႔အဖြဲ႔ ဘန္ေကာက္ကို သြားေရာက္ဂါရဝ ျပဳပါတယ္။ မိမိနဲ႔ေတြ႔တိုင္း ေတနစူလာေနာင္ က အႀကံေပးတတ္ေၾကာင္း၊ သူကြယ္လြန္တာကို မိမိရဲ ႔ ဖခင္ဆံုးရံႈးသလို ခံစားရေၾကာင္း တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္က ေျပာျပတာကို ၂၀၁၉ ဇြန္လ (၁) ရက္ေန႔ထုတ္ Bangkok Post မွာ ေဖာ္ျပပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း တက္စင္ရီွနာဝပ္ကေတာ့ သူကိုျဖဳတ္ခ်တဲ့ စစ္အာဏာသိမ္းပြဲမွာ ေတနစူလာေနာင္လည္း ပါဝင္တယ္လုိ႔ စြပ္စြဲပါတယ္။

ေရြးေကာက္ပြဲႏုိင္သူကို တပ္ခ်ဳပ္ႀကီးမင္းေအာင္လိႈင္က ျဖဳတ္ခ်လုိက္တာဟာ ထုိင္းအစဥ္အလာနဲ႔ နီးစပ္ေနပါတယ္။ ထိုင္းသမုိင္းမွာ ေရြးေကာက္တင္ေျမာက္တဲ့ အစိုးရကို ထိုင္းစစ္တပ္က ဖယ္ရွားတဲ့အႀကိမ္ မ်ားလြန္လို႔ အတိအက် မေျပာႏိုင္ပါဘူး။ ဝီကီပီးဒရားကေတာ့ (၁၈) ႀကိမ္ စစ္အာဏာသိမ္းၿပီး အေျခခံဥပေဒကို (၁၈) ႀကိမ္ ေရးဆြဲတယ္လို႔ ဆုိပါတယ္။ ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရေတြကို (၂၀၀၆) မွာတႀကိမ္၊ (၂၀၁၄) မွာတႀကိမ္ (၈) ႏွစ္အတြင္း (၂) ႀကိမ္ စစ္အာဏာသိမ္းၿပီး ျဖဳတ္ခ်ပါတယ္။ အေျခခံဥပေဒအရ ရပ္တည္တဲ့ ဘုရင္စနစ္ကို က်င့္သံုးတယ္လို႔ ထိုင္းအစိုးရက ဆိုပါတယ္။ စစ္တပ္၊ အရင္းရွင္၊ ဗ်ဴရိုကရက္၊ ဘုရင္အေျခြအရံ၊ ေခတ္ပညာတတ္စတဲ့ လူတန္းစားတစု ဆံုးျဖတ္တာကို ဘုရင္က အတည္ျပဳတဲ့ ႏုိင္ငံေရးစနစ္ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲမွာ မဲဆႏၵေပးၿပီး ေဖာ္ျပတဲ့ အမ်ားစုဆႏၵကို တန္းဖိုးမထားတဲ့ ႏုိင္ငံေရးစနစ္ဟာ ဒီမိုကေရစီ မဟုတ္ပါဘူး။

ထိုင္းအာဏာသိမ္းပြဲေတြရဲ ႔ ထူးျခားခ်က္တခုက အေသအေပ်ာက္ အလြန္နည္းတာပါပဲ။ ၂၀၁၄ မွာ ဗိုလ္ခ်ဳပ္ႀကီးပရာယြဒ္ အာဏာသိမ္းေတာ့ ေသြးထြက္သံယိုမႈ မရိွပါဘူး။ ဒါေၾကာင့္ ျမန္မာျပည္ အၾကမ္းဖက္ႏိွမ္နင္းတာကို လက္မခံႏုိင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ပရာယြဒ္ခ်န္အုိခ်ာ က ဧၿပီလ (၇) ရက္ေန႔မွာ ေျပာတာကို Bangkok Post မွာ ေဖာ္ျပပါတယ္။ ဆႏၵျပသူကို ပစ္သတ္တာမ်ဳိး ထိုင္းသမုိင္းမွာ ရွားပါတယ္။ သမၼာဆတ္တကၠသိုလ္မွာ ၁၉၇၆ ပစ္ခတ္မႈကို အဆိုးဝါးဆံုးအျဖစ္ သတ္မွတ္ၾကပါတယ္။ လံုၿခံဳေရးတပ္ေတြပစ္လို႔ (၄၆) ဦး ေသဆံုးၿပီး၊ ႏွစ္ရာနီးပါး ဒဏ္ရာရတယ္လို႔ အစိုးရက ေၾကညာပါတယ္။ ဆႏၵျပသူေတြကေတာ့ တရာေလာက္ ေသဆံုးတယ္လို႔ ဆုိပါတယ္။ ျမန္မာျပည္မွာေတာ့ စစ္အစိုးရေတြ သတ္ျဖတ္လို႔ ေသဆံုးရတဲ့ ဆႏၵျပသူ အရပ္သားေပါင္း ေထာင္ေသာင္းခ်ီေနပါတယ္။

၂၀၁၇ အေျခခံဥပေဒသစ္အရ ထိုင္းႏုိင္ငံတခုလံုးဟာ စစ္တပ္လက္ေအာက္ခံ ျဖစ္သြားပါတယ္။ ၂၀၁၄ မွာ ဗိုလ္ခ်ဳပ္ႀကီး ပရာယြဒ္ခ်န္အုိခ်ာ စစ္အာဏာသိမ္းၿပီး (၅) ႏွစ္ေလာက္ အတုိက္အခံေတြကို ႏိွမ္နင္းလိုက္တဲ့အခါမွာ ေရြးေကာက္တင္ေျမွာက္ခံရတဲ့ ဝန္ႀကီးခ်ဳပ္ ျဖစ္လာပါတယ္။ ပရာယြဒ္ႏိုင္တဲ့ ၂၀၁၉ ေရြးေကာက္ပြဲမွာ ပယ္မဲ (၂) သန္းေက်ာ္ ရိွပါတယ္။ လြတ္လပ္တဲ့ တရားမွ်တတဲ့ ေရြးေကာက္ပြဲ မဟုတ္ဘူးလို႔ အျပည္ျပည္ဆုိင္ရာ အဖြဲ႔အစည္းေတြက ေထာက္ျပၾကပါတယ္။ တပ္ခ်ဳပ္ႀကီးဟာ ပရာယြဒ္ ျဖတ္သန္းခဲ့တဲ့လမ္းကို ဦးတည္ေနပံု ရပါတယ္။ ျမန္မာျပည္မွာ စစ္အာဏာသိမ္းလို႔ ထိုင္းစီးပြားေရး ထိခိုက္သြားမွာ မဟုတ္ဘူးလို႔ ထုိင္းအစိုးရက ဆိုပါတယ္။ ထားဝယ္စီမံကိန္း ရပ္ဆိုင္းလိုက္ရေပမယ့္ ထိုင္းက ထုတ္လုပ္တဲ့ စားသံုးကုန္ေတြ ျမန္မာျပည္မွာ ဝယ္လိုအား ေကာင္းေနတယ္လို႔ ဆိုပါတယ္။

ျမန္မာျပည္မွာ စစ္တပ္ႀကီးစိုးေနတဲ့ အခ်ိန္ကာလႏွစ္ (၅၀) အတြင္းမွာ စီးပြားေရး က်ဆင္းဆုတ္ယုတ္သြားပါတယ္။ ဒီအခ်ိန္အတြင္း ထိုင္းႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ မၾကာခဏ ျဖစ္ပြားေပမယ့္ စီးပြားေရး က်ဆင္းဆုတ္ယုတ္တာမ်ဳိး မရိွပါဘူး။ စီးပြားေရး ပံုမွန္တိုးတက္ဖြံ႔ၿဖိဳးႏိုင္ေအာင္ လြတ္လပ္တဲ့ ဗဟိုဘဏ္နဲ႔ ႏုိင္ငံေတာ္ဘ႑ာေရးအဖြဲ႔အစည္းေတြ စီမံတာကို ထိုင္းစစ္အစိုးရေတြက လုိက္နာၿပီး ပုဂၢလိကလုပ္ငန္းေတြကို ဆံုးျဖတ္ပိုင္ခြင့္ ေပးတဲ့အတြက္ ထိုင္းစီးပြားေရး တိုးတက္တာလို႔ သံုးသပ္ၾကပါတယ္။ ျမန္မာစစ္ဗိုလ္ေတြက အာဏာျပေနခ်ိန္မွာ ထိုင္းစစ္ဗိုလ္ေတြက ကၽြမ္းက်င္သူေတြကို တန္းဖိုးထားတဲ့သေဘာ ျဖစ္ပါတယ္။

၁၉၇၆ မွ ၂၀၁၀ အတြင္း စစ္အာဏာသိမ္းမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ႏုိင္ငံေရး မတည္ၿငိမ္မႈဟာ ထိုင္းစီးပြားေရး တိုးတက္မႈကို မထိခိုက္ဘူးလို႔ ခ်ဳလာေလာင္ေကာင္ တကၠသိုလ္မွာ ၂၀၁၃ က တင္သြင္းတဲ့ စီးပြားေရးက်မ္းမွာ အမ်ဳိးသမီးပညာရွင္ Gayvaleen Kijkul က သံုးသပ္ပါတယ္။ ျမန္မာျပည္မွာေတာ့ စစ္ဗိုလ္ေတြ အာဏာရိွေလ၊ စီးပြားေရး ထိခိုက္ေလ ျဖစ္ေနပါတယ္။ ဒါေၾကာင့္မို႔ ထိုင္းစစ္ဗိုလ္လို မႀကိဳက္တဲ့ အစိုးရကို ျဖဳတ္ခ်ၿပီး ႏုိ္င္ငံေရးလုပ္စားဖို႔ ႀကိဳးပမ္းတဲ့ ဗမာစစ္ဗိုလ္ေတြရဲ ႔ လုပ္ရပ္ဟာ ဖားတုလို႔ ခရုခုန္ ျပည္ပ်က္ရံု ဆိုသလို ျဖစ္ေနပါတယ္။

==Unicode==

ထိုင်းစစ်ဦးစီးချုပ်ဟောင်းနဲ့ ဘုရင့်အတိုင်ပင်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရမ်တေနစူလာနောင်နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ ၂၀၁၂ က ထိုင်းနိုင်ငံမှာ တွေ့ဆုံပါတယ်။ တပ်ချုပ်ကြီးမင်းအောင်လှိုင်က သူကို မွေးစားသားအဖြစ် လက်ခံဖို့ပြောတာကို အိမ်ထောင်မရှိတဲ့ တေနစူလာနောင် က သဘောတူခဲ့တယ်လို့ ၂၀၁၄ ဇူလိုင် (၁၆) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ နောက်တော့ ၂၀၁၃ မှာ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်က သူရဲကောင်းဘွဲ့ ချီးမြှင့်ပါတယ်။ ၂၀၁၇ မှာ ထိုင်းဘုရင်သစ်က ချီးမြှင့်တဲ့ ဆင်ဖြူရှင်သူရဲကောင်းဘွဲ့ ရရှိပြန်တာမို့ ဘွဲ့ (၂) ဘွဲ့ရ ထိုင်းသူရဲကောင်း ဖြစ်သွားပါတယ်။

၂၀၁၉ မှာ တေနစူလာနောင် ကွယ်လွန်တော့ တပ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ဘန်ကောက်ကို သွားရောက်ဂါရဝ ပြုပါတယ်။ မိမိနဲ့တွေ့တိုင်း တေနစူလာနောင် က အကြံပေးတတ်ကြောင်း၊ သူကွယ်လွန်တာကို မိမိရဲ့ ဖခင်ဆုံးရှုံးသလို ခံစားရကြောင်း တပ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောပြတာကို ၂၀၁၉ ဇွန်လ (၁) ရက်နေ့ထုတ် Bangkok Post မှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း တက်စင်ရှီနာဝပ်ကတော့ သူကိုဖြုတ်ချတဲ့ စစ်အာဏာသိမ်းပွဲမှာ တေနစူလာနောင်လည်း ပါဝင်တယ်လို့ စွပ်စွဲပါတယ်။

ရွေးကောက်ပွဲနိုင်သူကို တပ်ချုပ်ကြီးမင်းအောင်လှိုင်က ဖြုတ်ချလိုက်တာဟာ ထိုင်းအစဉ်အလာနဲ့ နီးစပ်နေပါတယ်။ ထိုင်းသမိုင်းမှာ ရွေးကောက်တင်မြောက်တဲ့ အစိုးရကို ထိုင်းစစ်တပ်က ဖယ်ရှားတဲ့အကြိမ် များလွန်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဝီကီပီးဒရားကတော့ (၁၈) ကြိမ် စစ်အာဏာသိမ်းပြီး အခြေခံဥပဒေကို (၁၈) ကြိမ် ရေးဆွဲတယ်လို့ ဆိုပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို (၂၀၀၆) မှာတကြိမ်၊ (၂၀၁၄) မှာတကြိမ် (၈) နှစ်အတွင်း (၂) ကြိမ် စစ်အာဏာသိမ်းပြီး ဖြုတ်ချပါတယ်။ အခြေခံဥပဒေအရ ရပ်တည်တဲ့ ဘုရင်စနစ်ကို ကျင့်သုံးတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။ စစ်တပ်၊ အရင်းရှင်၊ ဗျူရိုကရက်၊ ဘုရင်အခြွေအရံ၊ ခေတ်ပညာတတ်စတဲ့ လူတန်းစားတစု ဆုံးဖြတ်တာကို ဘုရင်က အတည်ပြုတဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးပြီး ဖော်ပြတဲ့ အများစုဆန္ဒကို တန်းဖိုးမထားတဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။

ထိုင်းအာဏာသိမ်းပွဲတွေရဲ့ ထူးခြားချက်တခုက အသေအပျောက် အလွန်နည်းတာပါပဲ။ ၂၀၁၄ မှာ ဗိုလ်ချုပ်ကြီးပရာယွဒ် အာဏာသိမ်းတော့ သွေးထွက်သံယိုမှု မရှိပါဘူး။ ဒါကြောင့် မြန်မာပြည် အကြမ်းဖက်နှိမ်နင်းတာကို လက်မခံနိုင်ကြောင်း ဝန်ကြီးချုပ်ပရာယွဒ်ချန်အိုချာ က ဧပြီလ (၇) ရက်နေ့မှာ ပြောတာကို Bangkok Post မှာ ဖော်ပြပါတယ်။ ဆန္ဒပြသူကို ပစ်သတ်တာမျိုး ထိုင်းသမိုင်းမှာ ရှားပါတယ်။ သမ္မာဆတ်တက္ကသိုလ်မှာ ၁၉၇၆ ပစ်ခတ်မှုကို အဆိုးဝါးဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ လုံခြုံရေးတပ်တွေပစ်လို့ (၄၆) ဦး သေဆုံးပြီး၊ နှစ်ရာနီးပါး ဒဏ်ရာရတယ်လို့ အစိုးရက ကြေညာပါတယ်။ ဆန္ဒပြသူတွေကတော့ တရာလောက် သေဆုံးတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာတော့ စစ်အစိုးရတွေ သတ်ဖြတ်လို့ သေဆုံးရတဲ့ ဆန္ဒပြသူ အရပ်သားပေါင်း ထောင်သောင်းချီနေပါတယ်။

၂၀၁၇ အခြေခံဥပဒေသစ်အရ ထိုင်းနိုင်ငံတခုလုံးဟာ စစ်တပ်လက်အောက်ခံ ဖြစ်သွားပါတယ်။ ၂၀၁၄ မှာ ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာ စစ်အာဏာသိမ်းပြီး (၅) နှစ်လောက် အတိုက်အခံတွေကို နှိမ်နင်းလိုက်တဲ့အခါမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ပရာယွဒ်နိုင်တဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ ပယ်မဲ (၂) သန်းကျော် ရှိပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ တပ်ချုပ်ကြီးဟာ ပရာယွဒ် ဖြတ်သန်းခဲ့တဲ့လမ်းကို ဦးတည်နေပုံ ရပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းလို့ ထိုင်းစီးပွားရေး ထိခိုက်သွားမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ဆိုပါတယ်။ ထားဝယ်စီမံကိန်း ရပ်ဆိုင်းလိုက်ရပေမယ့် ထိုင်းက ထုတ်လုပ်တဲ့ စားသုံးကုန်တွေ မြန်မာပြည်မှာ ဝယ်လိုအား ကောင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်ကြီးစိုးနေတဲ့ အချိန်ကာလနှစ် (၅၀) အတွင်းမှာ စီးပွားရေး ကျဆင်းဆုတ်ယုတ်သွားပါတယ်။ ဒီအချိန်အတွင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ပွားပေမယ့် စီးပွားရေး ကျဆင်းဆုတ်ယုတ်တာမျိုး မရှိပါဘူး။ စီးပွားရေး ပုံမှန်တိုးတက်ဖွံ့ဖြိုးနိုင်အောင် လွတ်လပ်တဲ့ ဗဟိုဘဏ်နဲ့ နိုင်ငံတော်ဘဏ္ဍာရေးအဖွဲ့အစည်းတွေ စီမံတာကို ထိုင်းစစ်အစိုးရတွေက လိုက်နာပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို ဆုံးဖြတ်ပိုင်ခွင့် ပေးတဲ့အတွက် ထိုင်းစီးပွားရေး တိုးတက်တာလို့ သုံးသပ်ကြပါတယ်။ မြန်မာစစ်ဗိုလ်တွေက အာဏာပြနေချိန်မှာ ထိုင်းစစ်ဗိုလ်တွေက ကျွမ်းကျင်သူတွေကို တန်းဖိုးထားတဲ့သဘော ဖြစ်ပါတယ်။

၁၉၇၆ မှ ၂၀၁၀ အတွင်း စစ်အာဏာသိမ်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ထိုင်းစီးပွားရေး တိုးတက်မှုကို မထိခိုက်ဘူးလို့ ချုလာလောင်ကောင် တက္ကသိုလ်မှာ ၂၀၁၃ က တင်သွင်းတဲ့ စီးပွားရေးကျမ်းမှာ အမျိုးသမီးပညာရှင် Gayvaleen Kijkul က သုံးသပ်ပါတယ်။ မြန်မာပြည်မှာတော့ စစ်ဗိုလ်တွေ အာဏာရှိလေ၊ စီးပွားရေး ထိခိုက်လေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ထိုင်းစစ်ဗိုလ်လို မကြိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး နိုင်ငံရေးလုပ်စားဖို့ ကြိုးပမ်းတဲ့ ဗမာစစ်ဗိုလ်တွေရဲ့ လုပ်ရပ်ဟာ ဖားတုလို့ ခရုခုန် ပြည်ပျက်ရုံ ဆိုသလို ဖြစ်နေပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG