သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာနဲ႔ တရုတ္-ျမန္မာ


Black smoke billows from the industrial zone of Hlaing Thar Yar township in Yangon, Myanmar Sunday, March 14, 2021. Attacks on Chinese-run factories in Myanmar's biggest city drew demands Monday from Beijing for protection for their property and employees, while many in Myanmar e
စစ္အာဏာနဲ႔ တရုတ္-ျမန္မာ
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လိႈင္သာယာစက္မႈဇုန္က တရုတ္အထည္ခ်ဳပ္စက္ရံုအခ်ဳိ ႔ မတ္လ (၁၄) ရက္ေန႔က မီးရိွဳ ႔ခံရလို႔ ထိတ္လန္႔သြားတဲ့ တရုတ္သံရံုးဟာ က်ဴးလြန္သူေတြကို အေရးယူေပးဖို႔ ေတာင္းဆိုပါတယ္။ စစ္ေကာင္စီကလည္း လိႈင္သာယာ၊ ေရႊျပည္သာ၊ ေတာင္ဒဂံု၊ ေျမာက္ဒဂံု၊ ေျမာက္ဥကၠလာပနဲ႔ ဒဂံုဆိပ္ကမ္းစတဲ့ ၿမိဳ ႔နယ္ (၆) ၿမိဳ ႔နယ္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီး တံု႔ျပန္ပါတယ္။ တရုတ္ဟာ ေႏြဦးေတာ္လွန္ေရးနဲ႔ ထိေတြ႔လာပါတယ္။ လူထုဆႏၵျပပြဲကိုေရာ လူမႈကြန္ရက္ကေန တိုက္ခိုက္မႈကိုေရာ ရင္ဆိုင္ေနရတဲ့ တရုတ္သံရံုးဟာ တရုတ္အက်ဳိးစီးပြား ထိခိုက္နစ္နာမွာကို စိုးရိမ္ပူပန္လာပါတယ္။

စစ္အာဏာသိမ္းတာကို သေဘာထားကြဲလြဲမႈ ျဖစ္တယ္လို႔ ေဖေဖၚဝါရီလ (၁) ရက္ေန႔က ေျပာဆိုခဲ့တဲ့ တရုတ္ဟာ ဆႏၵျပပြဲနဲ႔ လူသတ္ပြဲေတြကို လက္ပိုက္ၾကည့္လို႔ မရေတာ့မွန္း သိလာပံုရပါတယ္။ ျမန္မာျပည္မွာ ႏိုင္ငံေရးမတည္ၿငိမ္ရင္ တရုတ္အက်ဳိးစီးပြား နစ္နာဆံုးရွံဳးစရာ အလြန္မ်ားပါတယ္။ NLD အစိုးရနဲ႔ သေဘာတူထားတဲ့ စီးပြားေရးစီမံကိန္းေတြကို ဆက္လက္အေကာင္အထည္ ေဖာ္ႏိုင္ပါ့မလားလိုေတာင္ သံသယ ျဖစ္လာႏိုင္ပါတယ္။ တရုတ္အက်ဳိးစီးပြားနဲ႔ ေႏြဦးေတာ္လွန္ေရး ဆက္စပ္လာတာကို ကၽြမ္းက်င္စြာ ကိုင္တြယ္ဖို႔ကိစၥဟာ တရုတ္အတြက္ အေရးႀကီးဆံုး ျဖစ္ေနပါတယ္။

စစ္အာဏာသိမ္းၿပီး (၁) လေက်ာ္ၾကာေတာ့မွ ေနာက္ထပ္ေသြးထြက္သံယိုမႈနဲ႔ ပဋိပကၡ မျဖစ္ပြားေအာင္လုပ္ၿပီး အေျခအေန ေအးခ်မ္းေစဖို႔အတြက္ ဦးစားေပးေဆာင္ရြက္ရမယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီး ဝမ္ရိ က မတ္လ (၇) ရက္မွာ ေျပာပါတယ္။ အာဏာမသိမ္းမီ ဦးဝင္းျမင့္နဲ႔ ေဒၚစုတို႔ကိုေတြ႔ေတာ့ ေရြးေကာက္ပြဲအၿပီး ပထမဆံုး ေရာက္လာတဲ့ ႏုိ္င္ငံျခားေရးဝန္ႀကီးအျဖစ္ ဂုဏ္ယူမိေၾကာင္း ဝမ္ရိက ေျပာပါတယ္။ ေနာက္တေန႔ တပ္ခ်ဳပ္မင္းေအာင္လိႈင္နဲ႔ေတြ႔ေတာ့ ေရြးေကာက္ပြဲစာရင္း ျပႆနာတိုင္ၾကားတာကို ဝမ္ရိ က ၾကားရပါတယ္။ ေရြးေကာက္ပြဲ မရိွတဲ့ တရုတ္ျပည္ကဝန္ႀကီးကို တပ္ခ်ဳပ္ႀကီးက ေရြးေကာက္ပြဲကိစၥ တုိင္ၾကာတာဟာ ကသိကေအာက္ ျဖစ္စရာပါ။ ဒါေပမဲ့ ဝမ္ရိ ျပန္သြားၿပီး မၾကာမီ စစ္အာဏာသိမ္းတဲ့အခါမွာ တရုတ္ ေထာက္ခံမႈရယူၿပီး လုပ္သလိုလို ထင္ေယာင္ထင္မွား ျဖစ္ကုန္ၾကပါတယ္။

စစ္အာဏာသိမ္းၿပီး မၾကာမီ တရုတ္ေလယာဥ္ အမ်ားအျပား လာေရာက္တာဟာ ပံုမွန္ကုန္သြယ္မႈသာျဖစ္ေၾကာင္း ရန္ကုန္အေျခစိုက္ တရုတ္လုပ္ငန္း ကုန္သည္လုပ္ငန္းရွင္အသင္းက ရွင္းလင္းရတဲ့အထိ စိုးရိမ္ထိတ္လန္႔လာပါတယ္။ အင္တာနက္ေပၚမွာ ေတြ႔ရတဲ့ တရုတ္-ျမန္မာ ဆက္ဆံေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြဟာ (၂) ႏိုင္ငံ ခ်စ္ၾကည္ေရးကို ဖ်က္ဆီးဖို႔ ရည္ရြယ္တဲ့ ေကာလဟာလျဖစ္ေၾကာင္း တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖၚဝါရီလ (၁၈) ရက္ေန႔က ရွင္းလင္းပါတယ္။။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈနဲ႔ အၾကမ္းဖက္မႈကို ရႈတ္ခ်ကန္႔ကြက္ဖို႔ ပ်က္ကြက္တဲ့အတြက္ တရုတ္ကုန္ပစၥည္းကို မသံုးဘဲ သပိတ္ေမွာက္ဖို႔ လူမႈကြန္ရက္မွာ ေဆာ္ၾသသူေတြ အမ်ားအျပား တိုးပြားေနတာ ေတြ႔ရပါတယ္။

တရုတ္ကုန္ပစၥည္း သပိတ္ေမွာက္ေရး လႈပ္ရွားမႈ ေပၚထြက္လာတာဟာ တရုတ္ဆန္႔က်င္ေရး အေျခအေနကို ေဖာ္ျပရာ ေရာက္ပါတယ္။ မူဆယ္နယ္စပ္ ကုန္သြယ္ေရးမွာ တရုတ္ဘက္က ကုန္ကားဝင္လာမႈ အလြန္နည္းပါးသြားပါတယ္။ NLD အစိုးရနဲ႔ ဆက္ဆံေရးေကာင္းမြန္တဲ့ တရုတ္ဟာ စစ္ေကာင္စီ ၿငိဳျငင္မွာကိုလည္း စိုးရိမ္ေနပံုရပါတယ္။ ဒါေပမဲ့ ဆႏၵျပေနတဲ့ အရပ္သားေတြကို ပစ္ခတ္တိုက္ခိုက္ အၾကမ္းဖက္တဲ့ စစ္တပ္ရဲ ႔လုပ္ရပ္ကို ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ေဝဖန္ရႈတ္ခ်တာကိုေတာ့ တရုတ္အစိုးရက သေဘာတူလိုက္ပါတယ္။ စစ္ေကာင္စီရဲ ႔ လုပ္ရပ္ေတြ တရားလြန္ေနတာကို တရုတ္အစိုးရ အၿမဲတမ္း မကာကြယ္ႏိုင္ေၾကာင္း အဖြဲ႔ဝင္အားလံုးသေဘာတူတဲ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ ႔ မတ္လ (၁၀) ရက္ေန႔ထုတ္ ဆံုးျဖတ္ခ်က္က သက္ေသျပေနပါတယ္။ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကို ျပည္သူ႔ဆႏၵနဲ႔အညီ အျပဳသေဘာနဲ႔ ဆက္လက္ေဆာင္ရြက္ဖို႔သာ ကုလသမဂၢက လိုလားပါတယ္။

ျမန္မာ့အေရးမွာ အာဆီယံအသင္း ႀကိဳးပမ္းေနတာကိုလည္း ေထာက္ခံေၾကာင္း ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္အာဏာသိမ္းမႈဟာ တရုတ္အစိုးရကို အက်ပ္အတည္း ျဖစ္ေစပါတယ္။ စစ္တပ္ကို ေဝဖန္ရႈတ္ခ်တာမ်ဳိး မလုပ္မိဖို႔ ေရွာင္ရွားရင္း စစ္တပ္က ပစ္သတ္ေနတဲ့ ျပည္သူလူထု ေဒါသမထြက္ေအာင္ ႀကိဳးပမ္းေနရပါတယ္။ တခ်ိန္တည္းမွာပဲ တရုတ္ရဲ ႔ အက်ဳိးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ႀကိဳးပမ္းရပါတယ္။ မတ္လ (၂၇) ရက္ တပ္မေတာ္ေန႔ အခမ္းအနားကို တရုတ္ဟာ ရုရွား၊ ထိုင္း၊ လာအို၊ ဗိယက္နမ္၊ ဘဂၤလားေဒ့ရွ္၊ အိႏိၵယတို႔နဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။

အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြက ဒဏ္ခတ္အေရးယူလို႔ အာဏာသိမ္းစစ္အုပ္စုကို ခ်က္ခ်င္းထိခိုက္သြားမွာ မဟုတ္ေပမယ့္ အပယ္ခံဘဝ ျပန္ေရာက္သြားတာကို တရုတ္က အခြင့္ေကာင္းယူႏိုင္ပါတယ္။ ျမန္မာႏိုင္ငံေရးမွာ တရုတ္ဝင္ရႈတ္ေနတာ ဗိုလ္ေနဝင္းရဲ ႔ မဆလေခတ္ကတည္းပါ ဒါေပမဲ့ တရုတ္ ေထာက္ခံတဲ့ ဗကပ ကြန္ျမဴနစ္ဟာ ျပည္သူလူထုကို ညွဥ္းပန္းႏိွပ္စက္တာ မဟုတ္တဲ့အတြက္ အဲဒီတုန္းက တရုတ္ဆန္႔က်င္ေရးစိတ္ဓါတ္ အခုလို မျပင္းထန္ပါဘူး။ အပယ္ခံစစ္အစိုးရက တရုတ္ကို မီွခိုအားထားလာေတာ့မွသာ တရုတ္ကို ျမန္မာျပည္မွာ လူမုန္းမ်ားလာတာ ျဖစ္ပါတယ္။


==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လှိုင်သာယာစက်မှုဇုန်က တရုတ်အထည်ချုပ်စက်ရုံအချို့ မတ်လ (၁၄) ရက်နေ့က မီးရှို့ခံရလို့ ထိတ်လန့်သွားတဲ့ တရုတ်သံရုံးဟာ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်။ စစ်ကောင်စီကလည်း လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနဲ့ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ် (၆) မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီး တုံ့ပြန်ပါတယ်။ တရုတ်ဟာ နွေဦးတော်လှန်ရေးနဲ့ ထိတွေ့လာပါတယ်။ လူထုဆန္ဒပြပွဲကိုရော လူမှုကွန်ရက်ကနေ တိုက်ခိုက်မှုကိုရော ရင်ဆိုင်နေရတဲ့ တရုတ်သံရုံးဟာ တရုတ်အကျိုးစီးပွား ထိခိုက်နစ်နာမှာကို စိုးရိမ်ပူပန်လာပါတယ်။

စစ်အာဏာသိမ်းတာကို သဘောထားကွဲလွဲမှု ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြောဆိုခဲ့တဲ့ တရုတ်ဟာ ဆန္ဒပြပွဲနဲ့ လူသတ်ပွဲတွေကို လက်ပိုက်ကြည့်လို့ မရတော့မှန်း သိလာပုံရပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးမတည်ငြိမ်ရင် တရုတ်အကျိုးစီးပွား နစ်နာဆုံးရှုံးစရာ အလွန်များပါတယ်။ NLD အစိုးရနဲ့ သဘောတူထားတဲ့ စီးပွားရေးစီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ပါ့မလားလိုတောင် သံသယ ဖြစ်လာနိုင်ပါတယ်။ တရုတ်အကျိုးစီးပွားနဲ့ နွေဦးတော်လှန်ရေး ဆက်စပ်လာတာကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့ကိစ္စဟာ တရုတ်အတွက် အရေးကြီးဆုံး ဖြစ်နေပါတယ်။

စစ်အာဏာသိမ်းပြီး (၁) လကျော်ကြာတော့မှ နောက်ထပ်သွေးထွက်သံယိုမှုနဲ့ ပဋိပက္ခ မဖြစ်ပွားအောင်လုပ်ပြီး အခြေအနေ အေးချမ်းစေဖို့အတွက် ဦးစားပေးဆောင်ရွက်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က မတ်လ (၇) ရက်မှာ ပြောပါတယ်။ အာဏာမသိမ်းမီ ဦးဝင်းမြင့်နဲ့ ဒေါ်စုတို့ကိုတွေ့တော့ ရွေးကောက်ပွဲအပြီး ပထမဆုံး ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂုဏ်ယူမိကြောင်း ဝမ်ရိက ပြောပါတယ်။ နောက်တနေ့ တပ်ချုပ်မင်းအောင်လှိုင်နဲ့တွေ့တော့ ရွေးကောက်ပွဲစာရင်း ပြဿနာတိုင်ကြားတာကို ဝမ်ရိ က ကြားရပါတယ်။ ရွေးကောက်ပွဲ မရှိတဲ့ တရုတ်ပြည်ကဝန်ကြီးကို တပ်ချုပ်ကြီးက ရွေးကောက်ပွဲကိစ္စ တိုင်ကြာတာဟာ ကသိကအောက် ဖြစ်စရာပါ။ ဒါပေမဲ့ ဝမ်ရိ ပြန်သွားပြီး မကြာမီ စစ်အာဏာသိမ်းတဲ့အခါမှာ တရုတ် ထောက်ခံမှုရယူပြီး လုပ်သလိုလို ထင်ယောင်ထင်မှား ဖြစ်ကုန်ကြပါတယ်။

စစ်အာဏာသိမ်းပြီး မကြာမီ တရုတ်လေယာဉ် အများအပြား လာရောက်တာဟာ ပုံမှန်ကုန်သွယ်မှုသာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တရုတ်လုပ်ငန်း ကုန်သည်လုပ်ငန်းရှင်အသင်းက ရှင်းလင်းရတဲ့အထိ စိုးရိမ်ထိတ်လန့်လာပါတယ်။ အင်တာနက်ပေါ်မှာ တွေ့ရတဲ့ တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ သတင်းအချက်အလက်တွေဟာ (၂) နိုင်ငံ ချစ်ကြည်ရေးကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ ကောလဟာလဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့က ရှင်းလင်းပါတယ်။။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုကို ရှုတ်ချကန့်ကွက်ဖို့ ပျက်ကွက်တဲ့အတွက် တရုတ်ကုန်ပစ္စည်းကို မသုံးဘဲ သပိတ်မှောက်ဖို့ လူမှုကွန်ရက်မှာ ဆော်သြသူတွေ အများအပြား တိုးပွားနေတာ တွေ့ရပါတယ်။

တရုတ်ကုန်ပစ္စည်း သပိတ်မှောက်ရေး လှုပ်ရှားမှု ပေါ်ထွက်လာတာဟာ တရုတ်ဆန့်ကျင်ရေး အခြေအနေကို ဖော်ပြရာ ရောက်ပါတယ်။ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်ဘက်က ကုန်ကားဝင်လာမှု အလွန်နည်းပါးသွားပါတယ်။ NLD အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ တရုတ်ဟာ စစ်ကောင်စီ ငြိုငြင်မှာကိုလည်း စိုးရိမ်နေပုံရပါတယ်။ ဒါပေမဲ့ ဆန္ဒပြနေတဲ့ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဝေဖန်ရှုတ်ချတာကိုတော့ တရုတ်အစိုးရက သဘောတူလိုက်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ တရားလွန်နေတာကို တရုတ်အစိုးရ အမြဲတမ်း မကာကွယ်နိုင်ကြောင်း အဖွဲ့ဝင်အားလုံးသဘောတူတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မတ်လ (၁၀) ရက်နေ့ထုတ် ဆုံးဖြတ်ချက်က သက်သေပြနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြည်သူ့ဆန္ဒနဲ့အညီ အပြုသဘောနဲ့ ဆက်လက်ဆောင်ရွက်ဖို့သာ ကုလသမဂ္ဂက လိုလားပါတယ်။

မြန်မာ့အရေးမှာ အာဆီယံအသင်း ကြိုးပမ်းနေတာကိုလည်း ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းမှုဟာ တရုတ်အစိုးရကို အကျပ်အတည်း ဖြစ်စေပါတယ်။ စစ်တပ်ကို ဝေဖန်ရှုတ်ချတာမျိုး မလုပ်မိဖို့ ရှောင်ရှားရင်း စစ်တပ်က ပစ်သတ်နေတဲ့ ပြည်သူလူထု ဒေါသမထွက်အောင် ကြိုးပမ်းနေရပါတယ်။ တချိန်တည်းမှာပဲ တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းရပါတယ်။ မတ်လ (၂၇) ရက် တပ်မတော်နေ့ အခမ်းအနားကို တရုတ်ဟာ ရုရှား၊ ထိုင်း၊ လာအို၊ ဗိယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူလို့ အာဏာသိမ်းစစ်အုပ်စုကို ချက်ချင်းထိခိုက်သွားမှာ မဟုတ်ပေမယ့် အပယ်ခံဘဝ ပြန်ရောက်သွားတာကို တရုတ်က အခွင့်ကောင်းယူနိုင်ပါတယ်။ မြန်မာနိုင်ငံရေးမှာ တရုတ်ဝင်ရှုတ်နေတာ ဗိုလ်နေဝင်းရဲ့ မဆလခေတ်ကတည်းပါ ဒါပေမဲ့ တရုတ် ထောက်ခံတဲ့ ဗကပ ကွန်မြူနစ်ဟာ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်တာ မဟုတ်တဲ့အတွက် အဲဒီတုန်းက တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် အခုလို မပြင်းထန်ပါဘူး။ အပယ်ခံစစ်အစိုးရက တရုတ်ကို မှီခိုအားထားလာတော့မှသာ တရုတ်ကို မြန်မာပြည်မှာ လူမုန်းများလာတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG