သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကံ့ဖြ႔ံသူေ႒း နဲ႔ စစ္ဗိုလ္သူေ႒း


Myanmar army chief Senior General Min Aung Hlaing (center) and U Than Htay (left), chairman of the military-backed Union Solidarity and Development Party, attend a meeting between the military chief and leaders of 34 political parties on Aug. 14 in Naypyi
ႀကံ့ဖြ႔ံသူေ႒း နဲ႔ စစ္ဗိုလ္သူေ႒း
please wait

No media source currently available

0:00 0:05:38 0:00
တိုက္႐ိုက္ လင့္ခ္

NLD ပါတီ အျပတ္အသတ္ အႏုိင္ရရိွတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေရြးပြဲကို မတရားတဲ့ ေရြးေကာက္ပြဲအျဖစ္ အမ်ားဆံုး စြပ္စြဲျပစ္တင္တဲ့ အဖြဲ႔အစည္းႏွစ္ခုဟာ တပ္မေတာ္နဲ႔ ႀကံ့ဖြံ႔ပါတီ ျဖစ္ပါတယ္။ ကုေဋၾကြယ္သူေ႒း အမ်ားဆံုးရိွတာဟာလည္း စစ္တပ္နဲ႔ ႀကံ့ဖြံ႔ပါတီ ျဖစ္ပါတယ္။ တပ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္ရဲ ႔ မိသားစုကို စစ္တပ္မွာ အခ်မ္းသာဆံုးလို႔ သတ္မွတ္ၾကပါတယ္။ ေရြးေကာက္ပြဲမွာ မေက်နပ္တာရိွရင္ ေျဖရွင္းဖို႔ ျပဌာန္းထားတဲ့ ဥပေဒေတြ ရိွပါတယ္။ လက္နက္အားကိုးၿပီး အာဏာသိမ္းစရာ မလိုပါဘူး။

ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈမ်ား ေျဖရွင္းျခင္း လုပ္ငန္းစဥ္လက္စြဲ၊ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္ ေရြးေကာက္ပြဲနည္းဥပေဒနဲ႔ ဥပေဒ စတာေတြ ရိွပါတယ္။ ကန္႔ကြက္လႊာတင္ေၾကး က်ပ္ငါးသိန္း၊ ကန္႔ကြက္လႊာ ျပင္ဆင္ေၾကး က်ပ္သံုးသိန္း၊ ဆံုးျဖတ္ခ်က္ အယူခံဝင္ေၾကး က်ပ္ငါးသိန္း၊ ေရြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ က်ပ္သံုးသိန္း စသျဖင့္ သတ္မွတ္ထားပါတယ္။ ႀကံ့ဖြံ႔ကိုယ္စားလွယ္ေလာင္းဟာ ခ်မ္းသာၾကတာမို႔ ကန္႔ကြက္တဲ့အမႈေတြ ရာခ်ီၿပီး ေရြးေကာက္ပြဲေကာ္မရွင္ကို တင္သြင္းထားပါတယ္။ စစ္ဗိုလ္ေဟာင္း တည္ေထာင္တဲ့ ပါတီေတြကလည္း ႀကံ့ဖြံ႔ကို ေထာက္ခံၾကပါတယ္။

နဝတ/နအဖ အမည္ခံ စစ္အစိုးရႀကီးစိုးတဲ့ အႏွစ္ (၂၀) ေက်ာ္ကာလမွာ ကုေဋၾကြယ္စစ္ဗိုလ္သူေ႒းေတြ ထြက္လာသလို စစ္ဗိုလ္ေဟာင္းထဲမွာလည္း သူေ႒းျဖစ္သြားသူေတြ ရိွပါတယ္။ စစ္တပ္မွာ ဦးပိုင္ကုမၸဏီနဲ႔ MEC ေကာ္ပိုေရးရွင္း ရိွသလို စစ္မႈထမ္းေဟာင္းေတြ ပါဝင္တဲ့ ႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးအသင္းမွာလည္း ‘ျမန္ဂုဏ္ျမင့္’ ဆိုတဲ့ ကုမၸဏီအုပ္စု ရိွပါတယ္။ လက္လီလက္ကားေစ်းကြက္၊ ေက်ာက္မ်က္လုပ္ငန္း၊ စိုက္ပ်ဳိးေျမယာ၊ အခြန္အေကာက္၊ သယ္ယူပို႔ေဆာင္ေရး စတာေတြမွာ ‘ျမန္ဂုဏ္ျမင့္’ အုပ္စု ႀကီးစိုးပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ေသာင္းရဲ ႔ စက္မႈဝန္ႀကီးဌာနက ထုတ္ေပးတဲ့ အရင္းအႏီွးနဲ႔ ‘ျမန္ဂုဏ္ျမင့္’ က စီးပြားေရး လုပ္တာပါ။ ၁၉၉၅ တႏွစ္တည္းမွာတင္ ႀကံ့ဖြံ႔အသင္းဟာ က်ပ္သန္းေပါင္း (၃၆၂, ၀၀၀) အျမတ္ေငြ ရရိွပါတယ္။ ဒါေၾကာင့္ စစ္အုပ္စု ေထာက္ခံပြဲမွာ ပါဝင္သူေတြကို ႀကံ့ဖြံ႔က ေငြေၾကးေပးကမ္းႏိုင္တာ ျဖစ္ပါတယ္။ ေငြရလို႔ ေန႔စားလိုက္သူေတြ စစ္တပ္ေထာက္ခံပြဲမွာ အမ်ားဆံုးပါဝင္ပါတယ္။

စစ္အစိုးရကေန ေရြးေကာက္ပြဲ အစိုးရအျဖစ္ အသြင္းေျပာင္းတဲ့ ၂၀၁၀ မွာ ႀကံ့ဖြံ႔အသင္းဟာ ႀကံ့ဖြံ႔ပါတီ ျဖစ္လာတာပါ။ ႀကံ့ဖြံ႔အသင္းပိုင္ ဥစၥာပစၥည္းအားလံုး ႀကံ့ဖြံ႔ပါတီလက္ထဲ ေရာက္လာတဲ့အတြက္ အခ်မ္းသာဆံုး ႏုိင္ငံေရးပါတီ ျဖစ္လာပါတယ္။ ႀကံ့ဖြံ႔ပါတီဟာ စီးပြားေရးနဲ႔ ႏုိင္ငံေရးကို ဒြန္တြဲလုပ္ကိုင္ေနပါတယ္။ ႀကံ့ဖြံ႔အစိုးရ လက္ေအာက္ခံဌာနေတြကို ႀကံ့ဖြံ႔ပါတီက ပစၥည္းငွားစားတာေတြ ရိွပါတယ္။ ႏုိင္ငံပိုင္ပစၥည္းကို ကိုယ္ပိုင္လို သေဘာထားၿပီး ႀကံ့ဖြံ႔ပါတီက ငွားစားတာေတြကို NLD အစိုးရလက္ထက္မွာ ျပန္ေပးရတာမ်ဳိး ရိွလာပါတယ္။ ဥပမာ ႏွစ္ေပါင္းမ်ားစြာ ႀကံ့ဖြံ႔ကို ေျမငွားခ ေပးခဲ့တဲ့ သဃၤန္းကၽြန္းၿမိဳ ႔နယ္က Music Zone ကို NLD အစိုးရက ျပန္သိမ္းပါတယ္။ အစိုးရေျမေပၚမွာ ဆိုင္ဖြင့္တဲ့ သာေကတက ေစ်းဆုိင္ (၅၅) ဆိုင္ဟာ ၁၉၉၂ ကတည္းက ႀကံ့ဖြံ႔ကို ေျမငွားခ က်ပ္ (၂၇) သိန္း လစဥ္ေပးခဲ့ရပါတယ္။

သာေကတၿမိဳ ႔နယ္ ႀကံ့ဖြံ႔ဥကၠ႒ဟာ ၂၀၁၅ ေရြးေကာက္ပြဲမွာ က်ပ္သိန္း (၈၀) သံုးေပမယ့္ အေရြးမခံရပါဘူး။ ၂၀၂၀ ေရြးေကာက္ပြဲမွာလည္း ႀကံ့ဖြံ႔ပါတီဟာ ေငြအမ်ားဆံုးသံုးပါတယ္။ ေနျပည္ေတာ္မွာ ႀကံ့ဖြံ႔ပါတီက တဦးသာ အႏိုင္ရေပမယ့္ အသံုးစရိတ္မွာ အမ်ားဆံုးပါ။ ေရြးေကာက္ပြဲမွာ ႀကံ့ဖြံ႔ကိုယ္စားလွယ္ေလာင္းေတြဟာ ပါတီေထာက္ပံ့ေငြနဲ႔ ကိုယ္ပိုင္ေငြကိုိ သံုးစြဲပါတယ္။ NLD ကိုယ္စားလွယ္ကေတာ့ အလွဳေငြ ရရိွပါတယ္။ ဒါေၾကာင့္ NLD ကိုယ္စားလွယ္ေလာင္းေတြဟာ ပါတီေထာက္ပံ့ေငြ၊ ကိုယ္ပိုင္ေငြနဲ႔ အလွဳေငြကို အဓိက သံုးစြဲၾကပါတယ္။ ေရြးေကာက္ပြဲ နည္းဥပေဒမွာ သိန္းတရာအထိ သံုးခြင့္ျပဳတာမို႔ ႀကံ့ဖြံ႔ကိုယ္စားလွယ္ေလာင္းတဦးဟာ ပ်မ္းမွ်ႏႈန္းသိန္း (၈၀) ေလာက္ သံုးပါတယ္။ ဒါေပမဲ့ လူခ်မ္းသာေတြက NLD ကို ေငြေၾကးေထာက္ပံ့တဲ့ကိစၥဟာ ႀကံ့ဖြံ႔အတြက္ မခံခ်ိမခံသာ ျဖစ္သြားႏိုင္ပါတယ္။

နဝတ၊ နအဖ စစ္အစိုးရေခတ္က အခြင့္ထူးခံစားခဲ့တဲ့ စီးပြားေရးသမားေတြဟာ ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD ကို ေငြအားလူအားနဲ႔ ကူညီတာကို ကိုယ္တိုင္ေတြ႔ခဲ့ရတယ္လို႔ စကၤာပူအေျခစိုက္ သုေတသီ Dr. Gerard McCarthy က သူ႔စာတမ္းမွာ ေရးထားပါတယ္။ ၂၀၁၀ ေႏွာင္းပိုင္းမွာ NLD ကို ခ်ဳပ္ခ်ယ္တာေတြ ရုတ္သိမ္းလိုက္တဲ့အခါ စီးပြားေရးသမားအုပ္စုဟာ ေဒၚစုနဲ႔ NLD ကို အတိအလင္း ေထာက္ခံပါတယ္။ တခ်ဳိ ႔ကလည္း ႀကံ့ဖြံ႔ကိုေရာ NLD ကိုေရာ ေထာက္ပံ့ၾကတယ္။ အခ်ဳိ ႔ကေတာ့ NLD ကုိေရာ စစ္ဗိုလ္ေဟာင္း ဦးေဆာင္တဲ့ တစည (ေခၚ) တိုင္းရင္းသား စည္းလံုးညီညႊတ္ေရးပါတီကိုေရာ ရန္ပံုေငြ လွဴပါတယ္။

စစ္အုပ္စုနဲ႔ ေပါင္းသင္းခဲ့ေပမယ့္ ဒီမိုကေရစီကို အစကတည္းက လိုလားတာလို႔ေျပာၿပီး ႀကံ့ဖြံ႔နဲ႔ အဆက္ျဖတ္သူေတြလည္း ရိွလာပါတယ္။ NLD ကို ေထာက္ခံသူေတြ မ်ားလာေလေလ၊ ႀကံ့ဖြံ႔နဲ႔ အဆက္ျဖတ္သူေတြ မ်ားလာေလေလ ဆိုသလို ျဖစ္ေနပါတယ္။ NLD ပါတီကလည္း ေရြးေကာက္ပြဲဝင္ခ်ိန္ကစၿပီး စစ္အုပ္စု ခရိုနီေတြ လွဴဒါန္းတာကို လက္ခံဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ ႀကံ့ဖြံ႔ပါတီဟာ ၾကာေလေလ လူႀကိဳက္နည္းေလေလ ျဖစ္လာပါတယ္။ ဒါေၾကာင့္ တပ္ခ်ဳပ္ကို စစ္အာဏာသိမ္းဖို႔ ေရြးေကာက္ပြဲၿပီးကတည္းက ေတာက္ေလွ်ာက္တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

==Unicode==

NLD ပါတီ အပြတ်အသတ် အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ရွေးပွဲကို မတရားတဲ့ ရွေးကောက်ပွဲအဖြစ် အများဆုံး စွပ်စွဲပြစ်တင်တဲ့ အဖွဲ့အစည်းနှစ်ခုဟာ တပ်မတော်နဲ့ ကြံ့ဖွံ့ပါတီ ဖြစ်ပါတယ်။ ကုဋေကြွယ်သူဋ္ဌေး အများဆုံးရှိတာဟာလည်း စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီ ဖြစ်ပါတယ်။ တပ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ မိသားစုကို စစ်တပ်မှာ အချမ်းသာဆုံးလို့ သတ်မှတ်ကြပါတယ်။ ရွေးကောက်ပွဲမှာ မကျေနပ်တာရှိရင် ဖြေရှင်းဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေ ရှိပါတယ်။ လက်နက်အားကိုးပြီး အာဏာသိမ်းစရာ မလိုပါဘူး။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ်လက်စွဲ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေနဲ့ ဥပဒေ စတာတွေ ရှိပါတယ်။ ကန့်ကွက်လွှာတင်ကြေး ကျပ်ငါးသိန်း၊ ကန့်ကွက်လွှာ ပြင်ဆင်ကြေး ကျပ်သုံးသိန်း၊ ဆုံးဖြတ်ချက် အယူခံဝင်ကြေး ကျပ်ငါးသိန်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း စသဖြင့် သတ်မှတ်ထားပါတယ်။ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းဟာ ချမ်းသာကြတာမို့ ကန့်ကွက်တဲ့အမှုတွေ ရာချီပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းထားပါတယ်။ စစ်ဗိုလ်ဟောင်း တည်ထောင်တဲ့ ပါတီတွေကလည်း ကြံ့ဖွံ့ကို ထောက်ခံကြပါတယ်။

နဝတ/နအဖ အမည်ခံ စစ်အစိုးရကြီးစိုးတဲ့ အနှစ် (၂၀) ကျော်ကာလမှာ ကုဋေကြွယ်စစ်ဗိုလ်သူဋ္ဌေးတွေ ထွက်လာသလို စစ်ဗိုလ်ဟောင်းထဲမှာလည်း သူဋ္ဌေးဖြစ်သွားသူတွေ ရှိပါတယ်။ စစ်တပ်မှာ ဦးပိုင်ကုမ္ပဏီနဲ့ MEC ကော်ပိုရေးရှင်း ရှိသလို စစ်မှုထမ်းဟောင်းတွေ ပါဝင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းမှာလည်း ‘မြန်ဂုဏ်မြင့်’ ဆိုတဲ့ ကုမ္ပဏီအုပ်စု ရှိပါတယ်။ လက်လီလက်ကားဈေးကွက်၊ ကျောက်မျက်လုပ်ငန်း၊ စိုက်ပျိုးမြေယာ၊ အခွန်အကောက်၊ သယ်ယူပို့ဆောင်ရေး စတာတွေမှာ ‘မြန်ဂုဏ်မြင့်’ အုပ်စု ကြီးစိုးပါတယ်။ ဗိုလ်ချုပ်အောင်သောင်းရဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပေးတဲ့ အရင်းအနှီးနဲ့ ‘မြန်ဂုဏ်မြင့်’ က စီးပွားရေး လုပ်တာပါ။ ၁၉၉၅ တနှစ်တည်းမှာတင် ကြံ့ဖွံ့အသင်းဟာ ကျပ်သန်းပေါင်း (၃၆၂, ၀၀၀) အမြတ်ငွေ ရရှိပါတယ်။ ဒါကြောင့် စစ်အုပ်စု ထောက်ခံပွဲမှာ ပါဝင်သူတွေကို ကြံ့ဖွံ့က ငွေကြေးပေးကမ်းနိုင်တာ ဖြစ်ပါတယ်။ ငွေရလို့ နေ့စားလိုက်သူတွေ စစ်တပ်ထောက်ခံပွဲမှာ အများဆုံးပါဝင်ပါတယ်။

စစ်အစိုးရကနေ ရွေးကောက်ပွဲ အစိုးရအဖြစ် အသွင်းပြောင်းတဲ့ ၂၀၁၀ မှာ ကြံ့ဖွံ့အသင်းဟာ ကြံ့ဖွံ့ပါတီ ဖြစ်လာတာပါ။ ကြံ့ဖွံ့အသင်းပိုင် ဥစ္စာပစ္စည်းအားလုံး ကြံ့ဖွံ့ပါတီလက်ထဲ ရောက်လာတဲ့အတွက် အချမ်းသာဆုံး နိုင်ငံရေးပါတီ ဖြစ်လာပါတယ်။ ကြံ့ဖွံ့ပါတီဟာ စီးပွားရေးနဲ့ နိုင်ငံရေးကို ဒွန်တွဲလုပ်ကိုင်နေပါတယ်။ ကြံ့ဖွံ့အစိုးရ လက်အောက်ခံဌာနတွေကို ကြံ့ဖွံ့ပါတီက ပစ္စည်းငှားစားတာတွေ ရှိပါတယ်။ နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်လို သဘောထားပြီး ကြံ့ဖွံ့ပါတီက ငှားစားတာတွေကို NLD အစိုးရလက်ထက်မှာ ပြန်ပေးရတာမျိုး ရှိလာပါတယ်။ ဥပမာ နှစ်ပေါင်းများစွာ ကြံ့ဖွံ့ကို မြေငှားခ ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music Zone ကို NLD အစိုးရက ပြန်သိမ်းပါတယ်။ အစိုးရမြေပေါ်မှာ ဆိုင်ဖွင့်တဲ့ သာကေတက ဈေးဆိုင် (၅၅) ဆိုင်ဟာ ၁၉၉၂ ကတည်းက ကြံ့ဖွံ့ကို မြေငှားခ ကျပ် (၂၇) သိန်း လစဉ်ပေးခဲ့ရပါတယ်။

သာကေတမြို့နယ် ကြံ့ဖွံ့ဥက္ကဋ္ဌဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျပ်သိန်း (၈၀) သုံးပေမယ့် အရွေးမခံရပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကြံ့ဖွံ့ပါတီဟာ ငွေအများဆုံးသုံးပါတယ်။ နေပြည်တော်မှာ ကြံ့ဖွံ့ပါတီက တဦးသာ အနိုင်ရပေမယ့် အသုံးစရိတ်မှာ အများဆုံးပါ။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းတွေဟာ ပါတီထောက်ပံ့ငွေနဲ့ ကိုယ်ပိုင်ငွေကို သုံးစွဲပါတယ်။ NLD ကိုယ်စားလှယ်ကတော့ အလှုငွေ ရရှိပါတယ်။ ဒါကြောင့် NLD ကိုယ်စားလှယ်လောင်းတွေဟာ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်ငွေနဲ့ အလှုငွေကို အဓိက သုံးစွဲကြပါတယ်။ ရွေးကောက်ပွဲ နည်းဥပဒေမှာ သိန်းတရာအထိ သုံးခွင့်ပြုတာမို့ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းတဦးဟာ ပျမ်းမျှနှုန်းသိန်း (၈၀) လောက် သုံးပါတယ်။ ဒါပေမဲ့ လူချမ်းသာတွေက NLD ကို ငွေကြေးထောက်ပံ့တဲ့ကိစ္စဟာ ကြံ့ဖွံ့အတွက် မခံချိမခံသာ ဖြစ်သွားနိုင်ပါတယ်။

နဝတ၊ နအဖ စစ်အစိုးရခေတ်က အခွင့်ထူးခံစားခဲ့တဲ့ စီးပွားရေးသမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ငွေအားလူအားနဲ့ ကူညီတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ စင်္ကာပူအခြေစိုက် သုတေသီ Dr. Gerard McCarthy က သူ့စာတမ်းမှာ ရေးထားပါတယ်။ ၂၀၁၀ နှောင်းပိုင်းမှာ NLD ကို ချုပ်ချယ်တာတွေ ရုတ်သိမ်းလိုက်တဲ့အခါ စီးပွားရေးသမားအုပ်စုဟာ ဒေါ်စုနဲ့ NLD ကို အတိအလင်း ထောက်ခံပါတယ်။ တချို့ကလည်း ကြံ့ဖွံ့ကိုရော NLD ကိုရော ထောက်ပံ့ကြတယ်။ အချို့ကတော့ NLD ကိုရော စစ်ဗိုလ်ဟောင်း ဦးဆောင်တဲ့ တစည (ခေါ်) တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကိုရော ရန်ပုံငွေ လှူပါတယ်။

စစ်အုပ်စုနဲ့ ပေါင်းသင်းခဲ့ပေမယ့် ဒီမိုကရေစီကို အစကတည်းက လိုလားတာလို့ပြောပြီး ကြံ့ဖွံ့နဲ့ အဆက်ဖြတ်သူတွေလည်း ရှိလာပါတယ်။ NLD ကို ထောက်ခံသူတွေ များလာလေလေ၊ ကြံ့ဖွံ့နဲ့ အဆက်ဖြတ်သူတွေ များလာလေလေ ဆိုသလို ဖြစ်နေပါတယ်။ NLD ပါတီကလည်း ရွေးကောက်ပွဲဝင်ချိန်ကစပြီး စစ်အုပ်စု ခရိုနီတွေ လှူဒါန်းတာကို လက်ခံဖို့ ဆုံးဖြတ်လိုက်တာကြောင့် ကြံ့ဖွံ့ပါတီဟာ ကြာလေလေ လူကြိုက်နည်းလေလေ ဖြစ်လာပါတယ်။ ဒါကြောင့် တပ်ချုပ်ကို စစ်အာဏာသိမ်းဖို့ ရွေးကောက်ပွဲပြီးကတည်းက တောက်လျှောက်တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG