သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္စုရဲ ႔ Mytel ဆက္သြယ္ေရး


MyTel ကုမၸဏီ၏ တရားဝင္ အင္တာနက္စာမ်က္ႏွာ။
စစ္အုပ္စုရဲ ႔ Mytel ဆက္သြယ္ေရး
please wait

No media source currently available

0:00 0:05:44 0:00
တိုက္႐ိုက္ လင့္ခ္

စစ္တပ္စီးပြားေရးနဲ႔ ဆက္ႏြယ္တဲ့ ကုန္ပစၥည္းမ်ားနဲ႔ လုပ္ငန္းေတြကို သပိတ္ေမွာက္ဖို႔ ေဆာ္ၾသတဲ့ လႈပ္ရွားမႈမွာ Mytel Telecom ဆန္႔က်င္ေရးဟာ ထင္ရွားပါတယ္။ ေဖေဖၚဝါရီလ (၅) ရက္ေန႔အထိ Mytel ကုမၸဏီကေန ႏုတ္ထြက္လိုက္တဲ့ အင္ဂ်င္နီယာတရာေလာက္ရိွေၾကာင္း ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ Mytel နဲ႔ ပတ္သက္တဲ့စာရင္း (၂၃) ခုကို လြန္ခဲ့တဲ့ ႏွစ္ဆန္းပိုင္းက Facebook က ဖယ္ရွားခဲ့ပါတယ္။ EU ဥေရာပအဖြဲ႔ကလည္း Mytel ကို ဒဏ္ခတ္အေရးယူဖို႔ ၂၀၀၈ က စဥ္းစားခဲ့ဖူးပါတယ္။

ဗိယက္နမ္အစိုးရပိုင္ Viettel Telecom ကိုမီွၿပီး Myte lTelecom ေပၚေပါက္လာပံုကို Justice for Myanmar က (၁၆၁) မ်က္ႏွာ အစီရင္ခံစာက မႏွစ္ကထုတ္ေဝထားပါတယ္။ Viettel က စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC နဲ႔ ျမန္မာ Telecom ဦးပိုင္လိမိတက္ဟာ Mytel ဆက္သြယ္ေရးလုပ္ငန္းရဲ ႔ ပိုင္ရွင္ေတြ ျဖစ္ပါတယ္။ ၂၀၁၈ ဇြန္လမွာစတဲ့ Mytel ဟာ (၂) ႏွစ္အတြင္း သံုးစြဲသူ (၁၀) သန္းေက်ာ္ ရိွလာပါတယ္။ Telenor က (၂၁) သန္း Ooredoo (၁၀) သန္း၊ MPT က (၂၄) သန္းဆိုေတာ့ စုစုေပါင္း Mobile ဖုန္းသံုးသူ (၆၅) သန္း ရိွေနပါတယ္။ ျမန္မာ့လူဦးေရထက္ ပိုမ်ားေနပါတယ္။

စစ္တပ္ပိုင္ MEC ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္ဟာ ပြင့္လင္းျမင္သာမႈ ကင္းမဲ့တဲ့ အဖြဲ႔အစည္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဇြန္လ (၂၂) ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ၊ MEC ဟာ စစ္တပ္ရဲ ႔ ပုဂၢလိကပိုင္ ကုမၸဏီ ျဖစ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနရဲ ႔ ေျပာခြင့္ရ ပုဂၢိဳလ္က ေျပာခဲ့ပါတယ္။ အစိုးရဆီကရတဲ့ အသံုးစရိတ္ေပၚမွာ မီွခိုတဲ့ အဖြဲ႔အစည္းကပိုင္တဲ့ လုပ္ငန္းဟာ ႏိုင္ငံပိုင္ျဖစ္သင့္ေပမယ့္ စစ္တပ္က ပုဂၢလိကပိုင္ကုမၸဏီ ျဖစ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနရဲ ႔ ေျပာခြင့္ရ ပုဂၢိဳလ္က ေျပာပါတယ္။ အစိုးရဆီကရတဲ့ အသံုးစရိတ္ေပၚမွာ မီွခိုတဲ့ အဖြဲ႔အစည္းကပိုင္တဲ့ လုပ္ငန္းဟာ ႏို္င္ငံပိုင္ျဖစ္သင့္ေပမယ့္ စစ္တပ္က ပုဂၢလိကပိုင္အျဖစ္ သတ္မွတ္ထားပါတယ္။ နအဖစစ္အစိုးရေခတ္မွာ Telecom လုပ္ငန္းကို လက္ဝါးႀကီးအုပ္ အျမတ္ထုတ္လို႔ Sim Card တစ္ခုကို ေဒၚလာ (၇၀၀၀) အထိ ေစ်းရိွခဲ့ပါတယ္။ ဒါေၾကာင့္ Telecom ေစ်းကြက္ကို ႀကီးစိုးဖို႔ စစ္တပ္က ရည္ရြယ္တာပါ။ Mytel ကို (၄၉) ရာခိုင္ႏႈန္း Viettle က ပိုင္ဆိုင္ၿပီး၊ (၅၁) ရာခိုင္ႏႈန္းကို Telecom ဦးပိုင္ကုမၸဏီနဲ႔ စစ္တပ္ရဲ ႔ Star High ကုမၸဏီက ပိုင္ပါတယ္။

Star High ကုမၸဏီရဲ ႔ အစုရွယ္ယာေတြကို စစ္ေခါင္းေဆာင္ေတြ တဦးခ်င္းပိုင္ဆိုင္ၾကပါတယ္။ ဘယ္သူက ဘယ္ေလာက္ရသလဲဆိုတာကို မသိႏိုင္ပါဘူး။ ကာကြယ္ေရးဝန္ႀကီးဌာန ႀကီးၾကပ္တဲ့ ကုမၸဏီျဖစ္လို႔ စစ္ေရးလွ်ဳိ ႔ဝွက္ခ်က္လို႔ သတ္မွတ္ထားပံု ရပါတယ္။ ဒါေပမဲ့ တပ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္ရတဲ့ အစုရွယ္ယာက အမ်ားဆံုးျဖစ္မွာ သံသယ ျဖစ္စရာ မရိွပါဘူး။ ျမန္မာ့ Telecom ဦးပိုင္ကုမၸဏီေအာက္မွာ ခရိုနီကုမၸဏီ (၁၁) ခု ရိွပါတယ္။ ဗိယက္နမ္ စစ္တပ္သတင္းစာမွာေတာ့ ၂၀၂၀ ပထမ (၃) လပိုင္းမွာ Mytel ရဲ ႔ ဝင္ေငြဟာ အေမရိကန္ေဒၚလာ (၂၅) သန္းရိွတယ္လို႔ Justice for Myanmar အဖြဲ႔က ဆိုပါတယ္။ ဖုန္းေခၚခကို ေပါက္ေစ်းရဲ ႔ တဝက္သာ ယူတာမို႔ ခ်က္ခ်င္းလူသံုးမ်ားသြားတာပါ။ ဒီလိုၿပိဳင္ဆိုင္မႈမ်ဳိးကို တားျမစ္ထားတာမို႔ ျမန္မာအစိုးရဘက္က အေရးယူၿပီး Mytel ကို ေဒၚလာ (၂) သိန္း ဒဏ္ရိုက္ပါတယ္။

Mytel Telecom အတြက္ ရင္းႏီွးေငြ ေဒၚလာသန္း (၁၇၀၀) ေက်ာ္ လိုအပ္မယ္လို႔ ခန္႔မွန္းတာမို႔ ဗိယက္နမ္ဘက္က ေဒၚလာသန္း (၈၆၀) မတည္ဖို႔ ကတိျပဳထားပါတယ္။ ၂၀၁၉ မွာ ဗိယက္နမ္က ေဒၚလာသန္း (၁၆၃) ရင္းႏီွးေၾကာင္း သိရပါတယ္။ ျမန္မာဘက္က ေဒၚလာသန္း (၈၄၀) ရင္းႏီွးရမွာ ျဖစ္ေပမယ့္ ဘာမွေျပာသံဆိုသံ မၾကားရေသးပါဘူး။ ခရိုနီကုမၸဏီ (၁၁) ခု ထည့္ဝင္ထားတဲ့ ေငြရင္းက ေဒၚလာသန္း (၄၀) သာ ရိွတာမို႔ ျမန္မာအစိုးရက ေဒၚလာသန္း (၈၀၀) စိုက္ရမယ့္ ပံုေပၚေနပါတယ္။ Mytel ေငြစာရင္းကို စစ္ေဆးသူမရိွတဲ့အတြက္ စစ္ေခါင္းေဆာင္ေတြ အလြဲသံုးစားလုပ္ဖို႔ အေကာင္းဆံုးကုမၸဏီ ျဖစ္ေနပါတယ္။ Mytel Telecom ဟာ စစ္ေခါင္းေဆာင္ပိုင္းကို ေငြပိုရွာေပးတဲ့ လုပ္ငန္းပါ။ စစ္ေဆးေရးကိုလည္း Mytel Telecom စနစ္က အေထာက္အကူ ေပးေနပါတယ္။ တကယ္ေတာ့ Mytel သံုးစြဲသူေတြဆီကရတဲ့ေငြနဲ႔ စစ္အာဏာရွင္စနစ္ကို က်ားကန္ေနတာ ျဖစ္ပါတယ္။

Mytel ဟာ ဗိယက္နမ္ပိုင္ Viettel နဲ႔ ဖက္စပ္လုပ္ထားတဲ့အတြက္ Viettel ရတဲ့ အခြင့္အေရးကို ရရိွေနပါတယ္။ အျပည္ျပည္ဆိုင္ရာနဲ႔ ဗိယက္နမ္က ဘဏ္ေတြဟာ Viettel ကတဆင့္၊ Mytel ကို ေထာက္ပံ့ေနပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုက Mytel ကို ထိထိေရာက္ေရာက္ သပိတ္ေမွာက္ႏိုင္ဖို႔ လိုအပ္ေနၿပီလို႔ Justice for Myanmar အဖြဲ႔က ဆုိပါတယ္။ အလြယ္ဆံုးကေတာ့ မိမိမွာရိွတဲ့ Mytel Sim Card ကို ဖ်က္ဆီိးပစ္တဲ့နည္းပါ။ Mytel Telecom ဟာ ဗိုလ္ခ်ဳပ္လူတန္းစားရဲ ႔ ကိုယ္ပိုင္ပစၥည္း ျဖစ္ေနတာေၾကာင့္ ဒီမိုကေရစီအေရးနဲ႔ ဆန္႔က်င္္ဘက္ ျဖစ္ေနတာကို သေဘာေပါက္ဖို႔ လိုတယ္လို႔ ဆုိပါတယ္။

Mytel Telecom စနစ္ေၾကာင့္ လူ႔အခြင့္အေရး ခ်ဳိးဖ်က္ခံရပံုကို အရပ္ဘက္အသင္းအဖြဲ႔ေတြက လူထုကို ပညာေပးသင့္တယ္လို႔ ဆိုပါတယ္။ အားကစားက႑၊ ေဖ်ာ္ေျဖေရးက႑နဲ႔ စာနယ္ဇင္းက႑မွာလည္း Mytel နဲ႔ အဆက္အသြယ္ျဖတ္ဖို႔ လိုတယ္လို႔ သံုးသပ္ပါတယ္။ Mytel ဟာ ဗိုလ္ခ်ဳပ္လူတန္းစားရဲ ႔ လွ်ဳိ ႔ဝွက္စီးပြားေရးနဲ႔ စစ္ေရးလုပ္ငန္းအျဖစ္ ရပ္တည္ေနပါတယ္။ ဒါေၾကာင့္ စစ္အာဏာရွင္ ဆန္႔က်င္ေရးနဲ႔ Mytel သပိတ္ေမွာက္ေရး ဒြန္တြဲေနတာကို ျပည္သူလူထုက သေဘာေပါက္သင့္ေၾကာင္း Justice for Myanmar အဖြဲ႔က သံုးသပ္ထားတာကို တင္ျပလိုက္ရပါတယ္။

==Unicode ===

စစ်တပ်စီးပွားရေးနဲ့ ဆက်နွယ်တဲ့ ကုန်ပစ္စည်းများနဲ့ လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ ဆော်သြတဲ့ လှုပ်ရှားမှုမှာ Mytel Telecom ဆန့်ကျင်ရေးဟာ ထင်ရှားပါတယ်။ ဖေဖေါ်ဝါရီလ (၅) ရက်နေ့အထိ Mytel ကုမ္ပဏီကနေ နုတ်ထွက်လိုက်တဲ့ အင်ဂျင်နီယာတရာလောက်ရှိကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ Mytel နဲ့ ပတ်သက်တဲ့စာရင်း (၂၃) ခုကို လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်းက Facebook က ဖယ်ရှားခဲ့ပါတယ်။ EU ဥရောပအဖွဲ့ကလည်း Mytel ကို ဒဏ်ခတ်အရေးယူဖို့ ၂၀၀၈ က စဉ်းစားခဲ့ဖူးပါတယ်။

ဗိယက်နမ်အစိုးရပိုင် Viettel Telecom ကိုမှီပြီး Mytel Telecom ပေါ်ပေါက်လာပုံကို Justice for Myanmar က (၁၆၁) မျက်နှာ အစီရင်ခံစာက မနှစ်ကထုတ်ဝေထားပါတယ်။ Viettel က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ Telecom ဦးပိုင်လိမိတက်ဟာ Mytel ဆက်သွယ်ရေးလုပ်ငန်းရဲ့ ပိုင်ရှင်တွေ ဖြစ်ပါတယ်။ ၂၀၁၈ ဇွန်လမှာစတဲ့ Mytel ဟာ (၂) နှစ်အတွင်း သုံးစွဲသူ (၁၀) သန်းကျော် ရှိလာပါတယ်။ Telenor က (၂၁) သန်း Ooredoo (၁၀) သန်း၊ MPT က (၂၄) သန်းဆိုတော့ စုစုပေါင်း Mobile ဖုန်းသုံးသူ (၆၅) သန်း ရှိနေပါတယ်။ မြန်မာ့လူဦးရေထက် ပိုများနေပါတယ်။

စစ်တပ်ပိုင် MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်ဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လ (၂၂) ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ MEC ဟာ စစ်တပ်ရဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ အစိုးရဆီကရတဲ့ အသုံးစရိတ်ပေါ်မှာ မှီခိုတဲ့ အဖွဲ့အစည်းကပိုင်တဲ့ လုပ်ငန်းဟာ နိုင်ငံပိုင်ဖြစ်သင့်ပေမယ့် စစ်တပ်က ပုဂ္ဂလိကပိုင်ကုမ္ပဏီ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အစိုးရဆီကရတဲ့ အသုံးစရိတ်ပေါ်မှာ မှီခိုတဲ့ အဖွဲ့အစည်းကပိုင်တဲ့ လုပ်ငန်းဟာ နိုင်ငံပိုင်ဖြစ်သင့်ပေမယ့် စစ်တပ်က ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ထားပါတယ်။ နအဖစစ်အစိုးရခေတ်မှာ Telecom လုပ်ငန်းကို လက်ဝါးကြီးအုပ် အမြတ်ထုတ်လို့ Sim Card တစ်ခုကို ဒေါ်လာ (၇၀၀၀) အထိ ဈေးရှိခဲ့ပါတယ်။ ဒါကြောင့် Telecom ဈေးကွက်ကို ကြီးစိုးဖို့ စစ်တပ်က ရည်ရွယ်တာပါ။ Mytel ကို (၄၉) ရာခိုင်နှုန်း Viettle က ပိုင်ဆိုင်ပြီး၊ (၅၁) ရာခိုင်နှုန်းကို Telecom ဦးပိုင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ Star High ကုမ္ပဏီက ပိုင်ပါတယ်။

Star High ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို စစ်ခေါင်းဆောင်တွေ တဦးချင်းပိုင်ဆိုင်ကြပါတယ်။ ဘယ်သူက ဘယ်လောက်ရသလဲဆိုတာကို မသိနိုင်ပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်တဲ့ ကုမ္ပဏီဖြစ်လို့ စစ်ရေးလျှို့ဝှက်ချက်လို့ သတ်မှတ်ထားပုံ ရပါတယ်။ ဒါပေမဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်ရတဲ့ အစုရှယ်ယာက အများဆုံးဖြစ်မှာ သံသယ ဖြစ်စရာ မရှိပါဘူး။ မြန်မာ့ Telecom ဦးပိုင်ကုမ္ပဏီအောက်မှာ ခရိုနီကုမ္ပဏီ (၁၁) ခု ရှိပါတယ်။ ဗိယက်နမ် စစ်တပ်သတင်းစာမှာတော့ ၂၀၂၀ ပထမ (၃) လပိုင်းမှာ Mytel ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၂၅) သန်းရှိတယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။ ဖုန်းခေါ်ခကို ပေါက်ဈေးရဲ့ တဝက်သာ ယူတာမို့ ချက်ချင်းလူသုံးများသွားတာပါ။ ဒီလိုပြိုင်ဆိုင်မှုမျိုးကို တားမြစ်ထားတာမို့ မြန်မာအစိုးရဘက်က အရေးယူပြီး Mytel ကို ဒေါ်လာ (၂) သိန်း ဒဏ်ရိုက်ပါတယ်။

Mytel Telecom အတွက် ရင်းနှီးငွေ ဒေါ်လာသန်း (၁၇၀၀) ကျော် လိုအပ်မယ်လို့ ခန့်မှန်းတာမို့ ဗိယက်နမ်ဘက်က ဒေါ်လာသန်း (၈၆၀) မတည်ဖို့ ကတိပြုထားပါတယ်။ ၂၀၁၉ မှာ ဗိယက်နမ်က ဒေါ်လာသန်း (၁၆၃) ရင်းနှီးကြောင်း သိရပါတယ်။ မြန်မာဘက်က ဒေါ်လာသန်း (၈၄၀) ရင်းနှီးရမှာ ဖြစ်ပေမယ့် ဘာမှပြောသံဆိုသံ မကြားရသေးပါဘူး။ ခရိုနီကုမ္ပဏီ (၁၁) ခု ထည့်ဝင်ထားတဲ့ ငွေရင်းက ဒေါ်လာသန်း (၄၀) သာ ရှိတာမို့ မြန်မာအစိုးရက ဒေါ်လာသန်း (၈၀၀) စိုက်ရမယ့် ပုံပေါ်နေပါတယ်။ Mytel ငွေစာရင်းကို စစ်ဆေးသူမရှိတဲ့အတွက် စစ်ခေါင်းဆောင်တွေ အလွဲသုံးစားလုပ်ဖို့ အကောင်းဆုံးကုမ္ပဏီ ဖြစ်နေပါတယ်။ Mytel Telecom ဟာ စစ်ခေါင်းဆောင်ပိုင်းကို ငွေပိုရှာပေးတဲ့ လုပ်ငန်းပါ။ စစ်ဆေးရေးကိုလည်း Mytel Telecom စနစ်က အထောက်အကူ ပေးနေပါတယ်။ တကယ်တော့ Mytel သုံးစွဲသူတွေဆီကရတဲ့ငွေနဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်နေတာ ဖြစ်ပါတယ်။

Mytel ဟာ ဗိယက်နမ်ပိုင် Viettel နဲ့ ဖက်စပ်လုပ်ထားတဲ့အတွက် Viettel ရတဲ့ အခွင့်အရေးကို ရရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာနဲ့ ဗိယက်နမ်က ဘဏ်တွေဟာ Viettel ကတဆင့်၊ Mytel ကို ထောက်ပံ့နေပါတယ်။ ဒါကြောင့် ပြည်သူလူထုက Mytel ကို ထိထိရောက်ရောက် သပိတ်မှောက်နိုင်ဖို့ လိုအပ်နေပြီလို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။ အလွယ်ဆုံးကတော့ မိမိမှာရှိတဲ့ Mytel Sim Card ကို ဖျက်ဆီးပစ်တဲ့နည်းပါ။ Mytel Telecom ဟာ ဗိုလ်ချုပ်လူတန်းစားရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်နေတာကြောင့် ဒီမိုကရေစီအရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကို သဘောပေါက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

Mytel Telecom စနစ်ကြောင့် လူ့အခွင့်အရေး ချိုးဖျက်ခံရပုံကို အရပ်ဘက်အသင်းအဖွဲ့တွေက လူထုကို ပညာပေးသင့်တယ်လို့ ဆိုပါတယ်။ အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍနဲ့ စာနယ်ဇင်းကဏ္ဍမှာလည်း Mytel နဲ့ အဆက်အသွယ်ဖြတ်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။ Mytel ဟာ ဗိုလ်ချုပ်လူတန်းစားရဲ့ လျှို့ဝှက်စီးပွားရေးနဲ့ စစ်ရေးလုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ Mytel သပိတ်မှောက်ရေး ဒွန်တွဲနေတာကို ပြည်သူလူထုက သဘောပေါက်သင့်ကြောင်း Justice for Myanmar အဖွဲ့က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG