သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒသဆုိင္ရာ စီးပြားေရး ပူးတြဲေဆာင္ရြက္မႈ


asean-rcep-2020-map
ေဒသဆုိင္ရာ စီးပြားေရး ပူးတြဲေဆာင္ရြက္မႈ
please wait

No media source currently available

0:00 0:05:31 0:00
တိုက္႐ိုက္ လင့္ခ္

လြန္ခဲ့တဲ့ ၂၀၁၁ က်င္းပတဲ့ ဘာလီအာဆီယံထိပ္သီးညီလာခံမွာ ပထမဆံုးေဆြးေႏြးခဲ့တဲ့ ေဒသဆိုင္ရာ စီးပြားေရးပူးတြဲ ေဆာင္ရြက္မႈ သေဘာတူခ်က္၊ RCEP – Regional Comprehensive Economic Partnership အေကာင္အထည္ ေပၚလာပါၿပီ။ အာဆီယံ (၁၀) ႏိုင္ငံနဲ႔ တရုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ Australia, New Zeland ပါဝင္တဲ့ စီးပြားေရးသေဘာတူညီခ်က္ ျဖစ္ပါတယ္။ ဒီလိုသေဘာတူတဲ့ အက်ဳိးကို (၂) ႏွစ္အတြင္း ခံစားရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ (၁၅) ႏိုင္ငံမွာ ကမာၻ႔လူဦးေရ (၃၀)% ရိွတာမို႔ ကမာၻ႔ GDP (၃၀)% ထုတ္လုပ္ၿပီး၊ ကမာၻ႔ကုန္သြယ္ေရးရဲ ႔ (၃၀)% ကို ရယူထားႏိုင္တဲ့အုပ္စု ျဖစ္ပါတယ္။

ကုန္သြယ္ေရးမွာ ရိွေနတဲ့ အဟန္႔အတားေတြကို ဖယ္ရွားဖို႔ RCEP က ရည္ရြယ္ပါတယ္။ ဒါေပမဲ့ ကေမာၻဒီးယား၊ လာအို၊ ျမန္မာ စတဲ့ ႏိုင္ငံေတြကိုေတာ့ အထူးအခြင့္အေရး ေပးပါတယ္။ အျခားႏို္င္ငံေတြက ကုန္ပစၥည္း (၆၅)% အခြန္ကင္းလြတ္ခြင့္ ေပးဖုိ႔လိုအပ္ေပမယ့္ ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအုိကေတာ့ (၃၀)% သာ အခြန္ေတာ္ ကင္းလြတ္ခြင့္ေပးဖို႔ လိုပါတယ္။ ကုန္သြယ္ခြင့္ ကင္းလြတ္ဖို႔အတြက္ ျမန္မာဟာ (၃) ႏွစ္ကေန (၁၀) အထိ အခ်ိန္ယူႏိုင္ပါတယ္။ အဆင့္အတန္းရိွတဲ့ ကုန္ပစၥည္းတင္ပို႔ႏိုင္ေရးအတြက္ ႏိုင္ငံျခားရင္းႏီွးျမဳပ္ႏံွမႈေတြကို ျမန္မာက ဖိတ္ေခၚမယ့္ အစီအစဥ္ရိွေၾကာင္း သိရပါတယ္။

ေစ်းကြက္စီးပြားေရးမွာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ၿပိဳင္ဆိုင္မႈဟာ လြန္ဆြဲသလို ဒြန္တြဲေနယ္လို႔ ဆိုရိုးရိွပါတယ္။ ဥပမာ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းမွာ ျမန္မာက အလုပ္သမားပဲ စိုက္ရပါတယ္။ လိုအပ္တဲ့ ကုန္ၾကမ္းကို ႏိုင္ငံျခားက တင္သြင္းပါတယ္။ လိုအပ္တဲ့ ပိတ္စ၊ အပ္ခ်ည္၊ အပ္နဲ႔ ၾကယ္သီးကို တရုတ္ျပည္က အမ်ားဆံုး တင္သြင္းပါတယ္။ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ထိုင္းနဲ႔ အင္ဒိုနီးရွားက တင္သြင္းတာလည္း ရိွပါတယ္။ ဒါေပမဲ့ ကုန္ၾကမ္း (၈၀) သို႔မဟုတ္ (၉၀) ရာခိုင္ႏႈန္းေလာက္ တရုတ္ျပည္က တင္သြင္းတယ္လို႔ သိရပါတယ္။ တရုတ္ဆီက ကုန္ၾကမ္းအလာ နည္းသြားရင္ အလုပ္ရံုေတြ ပိတ္ပစ္ရမွာမုိ႔ တရုတ္နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ လိုပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းကထြက္တဲ့ ကုန္ေခ်ာေရာင္းတဲ့အခါ ေစ်းကြက္မွာ တရုတ္နဲ႔ ၿပိဳင္ဆိုင္လာရပါတယ္။ ဒါဟာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ၿပိဳင္ဆိုင္မႈ ဒြန္တြဲတဲ့သေဘာပါ။

ကိုဗစ္ (၁၉) ေရာဂါ ျဖစ္ပြားတဲ့အခါမွာ ခႏၶာကိုယ္ ကာကြယ္ေရးဝတ္စံု PPE – Personal Protection Equipment အမ်ားအျပား လိုအပ္ပါတယ္။ ျမန္မာျပည္မွာ PPE ကိုေရာ အျခားလံုၿခံဳေရးပစၥည္း Safety Wears ေတြကို ထုတ္လုပ္ေရာင္းခ်ေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းအခ်ဳိ ႔ ရိွပါတယ္။ ဒါေပမဲ့ ကမာၻ႔ PPE ေစ်းကြက္ရဲ ႔ (၇၀) ရာခိုင္ႏႈန္းဟာ တရုတ္လက္ထဲမွာ ရိွတာေၾကာင့္ တရုတ္နဲ႔ ၿပိဳင္ဆိုင္ေရာင္းခ်ေနရတဲ့သေဘာ ရိွပါတယ္။ RCEP ေဒသဆိုင္ရာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈကို လက္မွတ္ထိုးထားတဲ့ (၁၅) ႏုိင္ငံရဲ ႔ ၿပိဳင္ဆိုင္ႏုိင္မႈစြမ္းရည္ကို World Economic Forum ရဲ ႔ (၁၄၄) ႏို္င္ငံ စစ္တမ္းမွာ ၾကည့္တဲ့အခါမွာ ျမန္မာက ေအာက္ဆံုးအဆင့္မွာ ရိွေနပါတယ္။ စကၤာပူက နံပါတ္ (၁)၊ ဂ်ပန္က နံပါတ္ (၆)၊ ေတာင္ကိုရီးယားက (၁၃)၊ သူတို႔ေနာက္က Australia (၁၆)၊ New Zealand (၁၉)၊ မေလးရွား (၂၇)၊ တရုတ္ (၂၈)၊ ထိုင္း (၄၀)၊ အင္ဒိုနီးရွား (၅၀)၊ ဘရူးႏိုင္း (၅၆)၊ ဖိလစ္ပိုင္ (၆၄)၊ ဗိယက္နမ္ (၆၇)၊ ကေမာၻဒီယား၊ လားအို နဲ႔ ျမန္မာတုိ႔ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းမွာ ေစ်းကြက္ျပႆနာ ရိွလာတာကို ျမန္မာႏို္င္ငံ အထည္ခ်ဳပ္လုပ္ငန္းမ်ားအသင္းရဲ ႔ အေထြေထြအတြင္းေရးမွဳး ေဒၚခိုင္ခိုင္ႏြယ္က လြန္ခဲ့တဲ့ ဒီဇင္ဘာလ (၁၁) ရက္ေန႔က ရွင္းလင္းတင္ျပသြားပါတယ္။ ျမန္မာက အမ်ားဆံုး တင္ပို႔ေနတာ ဂ်ပန္ျဖစ္ၿပီး၊ ဂ်ာမဏီက ဒုတိယ လိုက္ပါတယ္။ ဂ်ပန္-ျမန္မာ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ေပၚေပါက္လာတဲ့အထိ ဂ်ပန္နဲ႔ လုပ္ကိုင္ရတာ အဆင္ေျပေနပံု ရပါတယ္။ အာဆီယံအသင္းဝင္ (၁၀) ႏိုင္ငံရဲ ႔ ၿပိဳင္ဆိုင္ႏိုင္မႈစြမ္းရည္ကို ၾကည့္တဲ့အခါမွာလည္း စကၤာပူ ပထမ၊ မေလးရွားက ဒုတိယ၊ ထိုင္းက တတိယ၊ အင္ဒိုနီးရွားက စတုတၳ၊ ဖိလစ္ပိုင္၊ ဘရူႏိုင္း၊ ဗိယက္နမ္၊ လာအုိ၊ ကေမာၻဒီးယား နဲ႔ ျမန္မာက အနိမ့္ဆံုး ျဖစ္ပါတယ္။

ဥာဏ္ပညာအေျမာ္အျမင္ရိွတဲ့ အစိုးရေခါင္းေဆာင္တဲ့ တိုင္းျပည္မွာသာ ၿပိဳင္ဆိုင္မႈစြမ္းအင္ ရိွတာကို စကၤာပူက သက္ေသျပေနပါတယ္။ ျမန္မာျပည္လြတ္လပ္ေရးရခါစ အေစာပိုင္းကာလမွာ စကၤာပူဆိုတာ တရုတ္တန္း အႀကီးစားပါ။ တံငါးသည္၊ ကုန္သည္၊ ပြဲစားနဲ႔ ေမွာင္ခိုႀကီးစိုးတဲ့ေနရာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ အနွစ္ (၅၀) ေက်ာ္က စကၤာပူၿမိဳ ႔သားတဦးရဲ ႔ တႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ (၄၀၀) ေက်ာ္သာ ရိွပါတယ္။ အခုေတာ့ ေဒၚလာကိုးေသာင္းေက်ာ္ ႏွစ္စဥ္ဝင္ေငြ ရိွေနပါၿပီ။

ဟားဗတ္တကၠသိုလ္ ပါေမာကၡ Richard Vietor က “တိုင္းျပည္ေတြ ဘယ္လိုၿပိဳင္ဆိုင္ၾကသလဲ” How Countries Compete ဆိုတဲ့ စာအုပ္ေရးဖူးပါတယ္။ တိုင္းျပည္အခ်င္းခ်င္း ၿပိဳင္ဆိုင္ရင္း တုိးတက္ဖြံ႔ၿဖိဳးလာပံုကို ေလ့လာဆန္းစစ္ထားတာ ျဖစ္ပါတယ္။ တိုင္းျပည္အခ်င္းခ်င္း ၿပိဳင္တယ္ဆိုေပမယ့္ တကယ္ကေတာ့ ႏိုင္ငံသားအခ်င္းခ်င္း စီးပြားၿပိဳင္ၾကတာပါ။ ႏိုင္ငံျခားနဲ႔ ၿပိဳင္ဆိုင္စီးပြားရွာႏိုင္ေအာင္ ျပည္တြင္းကုမၸဏီေတြကို အစိုးရက ကူညီလို႔ တိုင္းျပည္တိုးတက္ဖြံ႔ၿဖိဳးလာပံုကို ေရးထားတာ ျဖစ္ပါတယ္။ ျမန္မာ့ၿပိဳင္ဆိုင္ႏိုင္မႈစြမ္းရည္ အနိမ့္ဆံုးျဖစ္ေနတာကို အေလးအနက္စဥ္းစားဖို႔ တင္ျပလိုက္ရပါတယ္။

==Unicode ==

လွန်ခဲ့တဲ့ ၂၀၁၁ ကျင်းပတဲ့ ဘာလီအာဆီယံထိပ်သီးညီလာခံမှာ ပထမဆုံးဆွေးနွေးခဲ့တဲ့ ဒေသဆိုင်ရာ စီးပွားရေးပူးတွဲ ဆောင်ရွက်မှု သဘောတူချက်၊ RCEP – Regional Comprehensive Economic Partnership အကောင်အထည် ပေါ်လာပါပြီ။ အာဆီယံ (၁၀) နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ Australia, New Zeland ပါဝင်တဲ့ စီးပွားရေးသဘောတူညီချက် ဖြစ်ပါတယ်။ ဒီလိုသဘောတူတဲ့ အကျိုးကို (၂) နှစ်အတွင်း ခံစားရမယ်လို့ မျှော်လင့်ရပါတယ်။ (၁၅) နိုင်ငံမှာ ကမ္ဘာ့လူဦးရေ (၃၀)% ရှိတာမို့ ကမ္ဘာ့ GDP (၃၀)% ထုတ်လုပ်ပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ (၃၀)% ကို ရယူထားနိုင်တဲ့အုပ်စု ဖြစ်ပါတယ်။
ကုန်သွယ်ရေးမှာ ရှိနေတဲ့ အဟန့်အတားတွေကို ဖယ်ရှားဖို့ RCEP က ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ စတဲ့ နိုင်ငံတွေကိုတော့ အထူးအခွင့်အရေး ပေးပါတယ်။ အခြားနိုင်ငံတွေက ကုန်ပစ္စည်း (၆၅)% အခွန်ကင်းလွတ်ခွင့် ပေးဖို့လိုအပ်ပေမယ့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုကတော့ (၃၀)% သာ အခွန်တော် ကင်းလွတ်ခွင့်ပေးဖို့ လိုပါတယ်။ ကုန်သွယ်ခွင့် ကင်းလွတ်ဖို့အတွက် မြန်မာဟာ (၃) နှစ်ကနေ (၁၀) အထိ အချိန်ယူနိုင်ပါတယ်။ အဆင့်အတန်းရှိတဲ့ ကုန်ပစ္စည်းတင်ပို့နိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေကို မြန်မာက ဖိတ်ခေါ်မယ့် အစီအစဉ်ရှိကြောင်း သိရပါတယ်။

ဈေးကွက်စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဆိုင်မှုဟာ လွန်ဆွဲသလို ဒွန်တွဲနေယ်လို့ ဆိုရိုးရှိပါတယ်။ ဥပမာ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ မြန်မာက အလုပ်သမားပဲ စိုက်ရပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်းကို နိုင်ငံခြားက တင်သွင်းပါတယ်။ လိုအပ်တဲ့ ပိတ်စ၊ အပ်ချည်၊ အပ်နဲ့ ကြယ်သီးကို တရုတ်ပြည်က အများဆုံး တင်သွင်းပါတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်းနဲ့ အင်ဒိုနီးရှားက တင်သွင်းတာလည်း ရှိပါတယ်။ ဒါပေမဲ့ ကုန်ကြမ်း (၈၀) သို့မဟုတ် (၉၀) ရာခိုင်နှုန်းလောက် တရုတ်ပြည်က တင်သွင်းတယ်လို့ သိရပါတယ်။ တရုတ်ဆီက ကုန်ကြမ်းအလာ နည်းသွားရင် အလုပ်ရုံတွေ ပိတ်ပစ်ရမှာမို့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ အထည်ချုပ်လုပ်ငန်းကထွက်တဲ့ ကုန်ချောရောင်းတဲ့အခါ ဈေးကွက်မှာ တရုတ်နဲ့ ပြိုင်ဆိုင်လာရပါတယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဆိုင်မှု ဒွန်တွဲတဲ့သဘောပါ။

ကိုဗစ် (၁၉) ရောဂါ ဖြစ်ပွားတဲ့အခါမှာ ခန္ဓာကိုယ် ကာကွယ်ရေးဝတ်စုံ PPE – Personal Protection Equipment အများအပြား လိုအပ်ပါတယ်။ မြန်မာပြည်မှာ PPE ကိုရော အခြားလုံခြုံရေးပစ္စည်း Safety Wears တွေကို ထုတ်လုပ်ရောင်းချနေတဲ့ အထည်ချုပ်လုပ်ငန်းအချို့ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ PPE ဈေးကွက်ရဲ့ (၇၀) ရာခိုင်နှုန်းဟာ တရုတ်လက်ထဲမှာ ရှိတာကြောင့် တရုတ်နဲ့ ပြိုင်ဆိုင်ရောင်းချနေရတဲ့သဘော ရှိပါတယ်။ RCEP ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို လက်မှတ်ထိုးထားတဲ့ (၁၅) နိုင်ငံရဲ့ ပြိုင်ဆိုင်နိုင်မှုစွမ်းရည်ကို World Economic Forum ရဲ့ (၁၄၄) နိုင်ငံ စစ်တမ်းမှာ ကြည့်တဲ့အခါမှာ မြန်မာက အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။ စင်္ကာပူက နံပါတ် (၁)၊ ဂျပန်က နံပါတ် (၆)၊ တောင်ကိုရီးယားက (၁၃)၊ သူတို့နောက်က Australia (၁၆)၊ New Zealand (၁၉)၊ မလေးရှား (၂၇)၊ တရုတ် (၂၈)၊ ထိုင်း (၄၀)၊ အင်ဒိုနီးရှား (၅၀)၊ ဘရူးနိုင်း (၅၆)၊ ဖိလစ်ပိုင် (၆၄)၊ ဗိယက်နမ် (၆၇)၊ ကမ္ဘောဒီယား၊ လားအို နဲ့ မြန်မာတို့ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကြောင့် အထည်ချုပ်လုပ်ငန်းမှာ ဈေးကွက်ပြဿနာ ရှိလာတာကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများအသင်းရဲ့ အထွေထွေအတွင်းရေးမှုး ဒေါ်ခိုင်ခိုင်နွယ်က လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၁၁) ရက်နေ့က ရှင်းလင်းတင်ပြသွားပါတယ်။ မြန်မာက အများဆုံး တင်ပို့နေတာ ဂျပန်ဖြစ်ပြီး၊ ဂျာမဏီက ဒုတိယ လိုက်ပါတယ်။ ဂျပန်-မြန်မာ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ပေါ်ပေါက်လာတဲ့အထိ ဂျပန်နဲ့ လုပ်ကိုင်ရတာ အဆင်ပြေနေပုံ ရပါတယ်။ အာဆီယံအသင်းဝင် (၁၀) နိုင်ငံရဲ့ ပြိုင်ဆိုင်နိုင်မှုစွမ်းရည်ကို ကြည့်တဲ့အခါမှာလည်း စင်္ကာပူ ပထမ၊ မလေးရှားက ဒုတိယ၊ ထိုင်းက တတိယ၊ အင်ဒိုနီးရှားက စတုတ္ထ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗိယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နဲ့ မြန်မာက အနိမ့်ဆုံး ဖြစ်ပါတယ်။

ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ အစိုးရခေါင်းဆောင်တဲ့ တိုင်းပြည်မှာသာ ပြိုင်ဆိုင်မှုစွမ်းအင် ရှိတာကို စင်္ကာပူက သက်သေပြနေပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရခါစ အစောပိုင်းကာလမှာ စင်္ကာပူဆိုတာ တရုတ်တန်း အကြီးစားပါ။ တံငါးသည်၊ ကုန်သည်၊ ပွဲစားနဲ့ မှောင်ခိုကြီးစိုးတဲ့နေရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က စင်္ကာပူမြို့သားတဦးရဲ့ တနှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၄၀၀) ကျော်သာ ရှိပါတယ်။ အခုတော့ ဒေါ်လာကိုးသောင်းကျော် နှစ်စဉ်ဝင်ငွေ ရှိနေပါပြီ။

ဟားဗတ်တက္ကသိုလ် ပါမောက္ခ Richard Vietor က “တိုင်းပြည်တွေ ဘယ်လိုပြိုင်ဆိုင်ကြသလဲ” How Countries Compete ဆိုတဲ့ စာအုပ်ရေးဖူးပါတယ်။ တိုင်းပြည်အချင်းချင်း ပြိုင်ဆိုင်ရင်း တိုးတက်ဖွံ့ဖြိုးလာပုံကို လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။ တိုင်းပြည်အချင်းချင်း ပြိုင်တယ်ဆိုပေမယ့် တကယ်ကတော့ နိုင်ငံသားအချင်းချင်း စီးပွားပြိုင်ကြတာပါ။ နိုင်ငံခြားနဲ့ ပြိုင်ဆိုင်စီးပွားရှာနိုင်အောင် ပြည်တွင်းကုမ္ပဏီတွေကို အစိုးရက ကူညီလို့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာပုံကို ရေးထားတာ ဖြစ်ပါတယ်။ မြန်မာ့ပြိုင်ဆိုင်နိုင်မှုစွမ်းရည် အနိမ့်ဆုံးဖြစ်နေတာကို အလေးအနက်စဉ်းစားဖို့ တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG