သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အက်ဳိးအျမတ္ပိုင္ဆိုင္မႈ ေဖာ္ျပေရး


အက်ဳိးအျမတ္ပိုင္ဆိုင္မႈ အင္တာနက္စာမ်က္နာ (bo.dica.gov.mm)
အက်ဳိးအျမတ္ပိုင္ဆိုင္မႈ ေဖာ္ျပေရး
please wait

No media source currently available

0:00 0:05:36 0:00
တိုက္႐ိုက္ လင့္ခ္

တြင္းထြက္သယံဇာတ ထုတ္ယူတဲ့လုပ္ငန္း ပြင့္လင္းျမင္သာေရးအဖြဲ႔ဟာ ကုမၸဏီေတြရတဲ့ အက်ဳိးအျမတ္ကို ထုတ္ေဖာ္ဖို႔ တာဝန္ရိွပါတယ္။ ဒါေၾကာင့္ အက်ဳိးအျမတ္ ပိုင္ဆိုင္မႈေဖာ္ေဆာင္ေရး လုပ္ငန္းအဖြဲ႔ဆိုၿပီး EITI က ဖြဲ႔စည္းထားပါတယ္။ အက်ဳိးအျမတ္ ပိုင္ဆိုင္မႈကို ထုတ္ေဖာ္ၾကဖို႔ ၂၀၁၉ မွာ ကုမၸဏီ (၁၆၂) ခုကို ဒီလုပ္ငန္းအဖြဲ႔က အြန္လိုင္းကေန ပံုစံပို႔ၿပီး ေတာင္းခံခဲ့ပါတယ္။ ကုမၸဏီေတြက အမွန္အတိုင္း ေဖာ္ျပဖို႔ တာဝန္ရိွပါတယ္။ ဒီအေၾကာင္းကို လြန္ခဲ့တဲ့ ဇန္နဝါရီလမွာ Charlotte Boyer က အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ က်ိတ္ဝိုင္းလုပ္ေနတာကို ထုတ္ေဖာ္ခိုင္းတဲ့ သေဘာပါ။

ဒါေပမဲ့ ကုမၸဏီ (၁၂၁) ခုသာ ပံုစံကို အခ်ိန္မီ ျပန္ပို႔ေပးတာေၾကာင့္ (၇၄) ရာခိုင္ႏႈန္းကသာ ထုတ္ေဖာ္တဲ့သေဘာ ရိွပါတယ္။ ပံုစံျပန္ပို႔သူထဲမွာ အခ်က္အလက္ ျပည့္ျပည့္စံုစံု ေဖာ္ျပတဲ့ကုမၸဏီက (၈၀) သာ ရိွပါတယ္။ အခ်က္အလက္ ခ်န္လွပ္ထားတဲ့ ကုမၸဏီနဲ႔ ယံုၾကည္စရာမေကာင္းတဲ့ ကုမၸဏီက (၄၀) ေက်ာ္ ရိွပါတယ္။ အက်ဳိးအျမတ္ ပိုင္ဆိုင္သူ (၂၇၀) ရိွတဲ့အထဲမွာ (၉၆) ရာခိုင္ႏႈန္းဟာ လူပုဂၢိဳလ္ေတြ ျဖစ္ေနပါတယ္။ အစုရွယ္ယာ ပိုင္ဆိုင္မႈအရ ကုမၸဏီကို ထိန္းခ်ဳပ္ထားပါတယ္။ အခ်က္အလက္ျဖည့္ဖို႔ ပံုစံပို႔ေပးထားတာကို ဂရုမစိုက္တဲ့ ကုမၸဏီက (၂၆) ရာခိုင္ႏႈန္း ျဖစ္ေနတာကို စံုစမ္းေလ့လာဖို႔ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

အက်ဳိးအျမတ္ေဖာ္ေဆာင္မႈ ပံုစံမွာ တင္သြင္းထားတဲ့ အခ်က္အလက္ေတြကို တိက်မွန္ကန္တယ္လို႔ EITI လုပ္ငန္းအဖြဲ႔က မယူဆပါဘူး။ ျပည့္စံုမႈ၊ တသမတ္တည္းျဖစ္မႈ၊ ေရွ ႔ေနာက္ညီညြတ္မႈ စတာေတြကိုၾကည့္ၿပီး ျပဳျပင္ေျပာင္းလဲဖို႔သာ ရည္ရြယ္တယ္လို႔ ဆုိပါတယ္။ တနည္းဆိုရင္ေတာ့ လုပ္နည္းကိုင္နည္း မွန္ကန္ဖို႔သာ အရင္ဆံုး ဦးစားေပးတဲ့သေဘာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တိက်မွန္ကန္မႈနဲ႔ ယံုၾကည္စိတ္ခ်မႈကို အကဲျဖတ္ႏုိင္ဖို႔အတြက္ ေလ့လာဆန္းစစ္ဖို႔ လိုေသးတယ္လို႔ ဆိုပါတယ္။ ကုမၸဏီေတြအေနနဲ႔ ေဖာ္ျပရမယ့္ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီး သင္တန္းေပးတာေတြနဲ႔ အလုပ္ရံုေဆြးေႏြးပြဲေတြ လုပ္ပါတယ္။ ၂၀၁၉ က ရန္ကုန္မွာလုပ္ေတာ့ ကုမၸဏီ (၄၀) သာ တက္ပါတယ္။ ေနာက္တခါ ရန္ကုန္နဲ႔ မႏၱေလးမွာလုပ္ေတာ့ ကုမၸဏီ (၆၀) သာ တက္ေရာက္ပါတယ္။ EITI အဖြဲ႔က လိုအပ္တဲ့ အခ်က္အလက္ေတြကို သယံဇာတကုမၸဏီေတြက မွန္ကန္စြာ ေျဖၾကားႏိုင္ဖို႔ လိုအပ္ပါတယ္။

ဒါေပမဲ့ ကုမၸဏီေတြရဲ ႔ ထုတ္ေဖာ္တင္ျပခ်က္ေတြမွာ မွားတာကမ်ားေနတယ္လို႔ Charlotte Boyer က ဆိုပါတယ္။ ခ်န္လွပ္ထားတာေတြ မ်ားေနတာေၾကာင့္ ယံုၾကည္စိတ္ခ်ႏိုင္ဖို႔ အခက္အခဲ ရိွပါတယ္။ အစုရွယ္ယာေတြ ပိုင္ဆိုင္ထားေပမယ့္ အက်ဳိးအျမတ္ ရရိွသူမရိွလို႔ ေျဖတာမ်ဳိးဟာ ယုတိၱကင္းမဲ့တဲ့ ေဖာ္ျပမႈ ျဖစ္ပါတယ္။ အက်ဳိးအျမတ္ ပိုင္ဆိုင္သူေတြဟာ ႏုိင္ငံေရးမွာ ၾသဇာတိကၠမ ရိွသူေတြ ျဖစ္တယ္ဆိုတာကို ေဖာ္ျပဖို႔ ပ်က္ကြက္လို႔လည္း ဆိုပါတယ္။ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီက အခ်က္အလက္ ထုတ္ေဖာ္တင္ျပေပမယ့္ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းဟာ ထုတ္ေဖာ္တဲ့ ပံုစံကို မတင္ျပဘူးလို႔ ဆိုပါတယ္။ စစ္တပ္ပိုင္ကုမၸဏီကို အမွန္အတိုင္း ေျပာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပံုရပါတယ္။

EITI လုပ္ငန္းအဖြဲ႔က ေပးပို႔တဲ့ အခ်က္အလက္ ေၾကညာတဲ့ပံုစံကိုိ စစ္တပ္ရဲ ႔ ဦးပိုင္ကုမၸဏီက ျဖည့္စြက္ထားေပမယ့္ ဟာကြက္ေတြ အမ်ားႀကီး ပါဝင္ေနတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ကုမၸဏီပိုင္ရွင္ကို MEHL အျဖစ္ ေဖာ္ျပထားၿပီး အက်ဳိးအျမတ္ ပိုင္ဆိုင္သူေတြဟာ အႀကီးတန္း တပ္မေတာ္အရာရိွေတြ ျဖစ္ေနေပမယ့္ ႏုိင္ငံေရးအရ ၾသဇာတိကၠမ ရိွတယ္လို႔ ေဖာ္ျပဖို႔ ပ်က္ကြက္ေနပါတယ္။ အက်ဳိးအျမတ္ ပိုင္ဆိုင္သူအားလံုးဟာ အနည္းဆံုး အသက္ (၂၁) ႏွစ္ ရိွၾကေပမယ့္ ၂၀၁၉ မွာ ေမြးဖြားသူကေလး (၂) ေယာက္ အက်ဳိးအျမတ္ကိုလည္း ပိုင္ဆိုင္သူအျဖစ္ တင္ျပထားတာဟာ ေဖာ္ျပတဲ့ပံုစံကို ယုတိၱမရိွ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ အက်ဳိးအျမတ္ ပိုင္ဆိုင္သူစာရင္းမွာ (၉၅) ရာခိုင္ႏႈန္းဟာ ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားေတြ ျဖစ္ၾကၿပီး (၅) ရာခုိင္ႏႈန္းကသာ ႏိုင္ငံျခားသားေတြ ျဖစ္ၾကပါတယ္။

သတၱဳတြင္းနဲ႔ ေက်ာက္မ်က္က႑အပါအဝင္ အေရးႀကီးတဲ့ေနရာေတြမွာ စစ္တပ္ပိုင္ စီးပြားေရးေကာ္ပိုေရးရွင္းနဲ႔ ဦးပိုင္ကုမၸဏီလိမိတတ္ဟာ လက္ဝါးႀကီး အုပ္ထားပါတယ္။ ဒီစစ္တပ္ပိုင္ကုမၸဏီႀကီး (၂) ခုဟာ အထူးအခြင့္အေရးနဲ႔ အထူးဥပေဒအရ အက်ဳိးခံစားခြင့္ေတြ ရိွတဲ့အတြက္ ၂၀၁၄ ခုႏွစ္အထိ အခြန္ေတာ္ ကင္းလြတ္ခြင့္ ရခဲ့ပါတယ္။ ပုဂၢလိကကုမၸဏီေတြထက္ အက်ဳိးအျမတ္ ခံစားခြင့္ ပိုမုိရရိွေပမယ့္ ပုဂၢလိက ကုမၸဏီေတြကို အခြန္ေပးေဆာင္စရာမလုိတဲ့ စစ္တပ္ပိုင္ကုမၸဏီေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ စစ္တပ္ပိုင္ကုမၸဏီႀကီး (၂) ခုရဲ ႔ အက်ဳိးအျမတ္ ရရိွပိုင္ဆိုင္မႈ၊ ရသံုးမွန္းေျခေငြစာရင္းနဲ႔ လူမႈဝန္ေဆာင္မႈ စတာေတြကို ေဖာ္ျပဖို႔ လိုအပ္ေနတယ္လို႔ EITI လုပ္ငန္းအဖြဲ႔က ယူဆပါတယ္။ တပ္မေတာ္ရဲ ႔ MEHL နဲ႔ စီးပြားေရးေကာ္ပိုေရးရွင္းကို ႏုိင္ငံပိုင္လုပ္ငန္းအျဖစ္ သတ္မွတ္ထားျခင္း မရိွတာဟာလည္း ပြင့္လင္းျမင္သာေရးအတြက္ အဟန္႔အတား ျဖစ္ပါတယ္။ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC ရဲ ႔ ရွယ္ယာပိုင္ဆိုင္မႈကို လံုးဝမသိရိွႏိုင္ပါဘူး။ ျမန္မာ့စီးပြားေရးကို လက္ဝါးႀကီးအုပ္ၿပီး အခြင့္ထူးခံတဲ့ စစ္တပ္ပိုင္ကုမၸဏီေတြအေၾကာင္း ထုတ္ေဖာ္ႏိုင္မွသာ EITI သယံဇာတ ထုတ္ယူမႈ ပြင့္လင္းျမင္သာေရးအဖြဲ႔ကို အမ်ားျပည္သူက ယံုၾကည္လာဖြယ္ ရိွပါတယ္။


==Unicode==

တွင်းထွက်သယံဇာတ ထုတ်ယူတဲ့လုပ်ငန်း ပွင့်လင်းမြင်သာရေးအဖွဲ့ဟာ ကုမ္ပဏီတွေရတဲ့ အကျိုးအမြတ်ကို ထုတ်ဖော်ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် အကျိုးအမြတ် ပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဆိုပြီး EITI က ဖွဲ့စည်းထားပါတယ်။ အကျိုးအမြတ် ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြဖို့ ၂၀၁၉ မှာ ကုမ္ပဏီ (၁၆၂) ခုကို ဒီလုပ်ငန်းအဖွဲ့က အွန်လိုင်းကနေ ပုံစံပို့ပြီး တောင်းခံခဲ့ပါတယ်။ ကုမ္ပဏီတွေက အမှန်အတိုင်း ဖော်ပြဖို့ တာဝန်ရှိပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ Charlotte Boyer က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ကျိတ်ဝိုင်းလုပ်နေတာကို ထုတ်ဖော်ခိုင်းတဲ့ သဘောပါ။

ဒါပေမဲ့ ကုမ္ပဏီ (၁၂၁) ခုသာ ပုံစံကို အချိန်မီ ပြန်ပို့ပေးတာကြောင့် (၇၄) ရာခိုင်နှုန်းကသာ ထုတ်ဖော်တဲ့သဘော ရှိပါတယ်။ ပုံစံပြန်ပို့သူထဲမှာ အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြတဲ့ကုမ္ပဏီက (၈၀) သာ ရှိပါတယ်။ အချက်အလက် ချန်လှပ်ထားတဲ့ ကုမ္ပဏီနဲ့ ယုံကြည်စရာမကောင်းတဲ့ ကုမ္ပဏီက (၄၀) ကျော် ရှိပါတယ်။ အကျိုးအမြတ် ပိုင်ဆိုင်သူ (၂၇၀) ရှိတဲ့အထဲမှာ (၉၆) ရာခိုင်နှုန်းဟာ လူပုဂ္ဂိုလ်တွေ ဖြစ်နေပါတယ်။ အစုရှယ်ယာ ပိုင်ဆိုင်မှုအရ ကုမ္ပဏီကို ထိန်းချုပ်ထားပါတယ်။ အချက်အလက်ဖြည့်ဖို့ ပုံစံပို့ပေးထားတာကို ဂရုမစိုက်တဲ့ ကုမ္ပဏီက (၂၆) ရာခိုင်နှုန်း ဖြစ်နေတာကို စုံစမ်းလေ့လာဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အကျိုးအမြတ်ဖော်ဆောင်မှု ပုံစံမှာ တင်သွင်းထားတဲ့ အချက်အလက်တွေကို တိကျမှန်ကန်တယ်လို့ EITI လုပ်ငန်းအဖွဲ့က မယူဆပါဘူး။ ပြည့်စုံမှု၊ တသမတ်တည်းဖြစ်မှု၊ ရှေ့နောက်ညီညွတ်မှု စတာတွေကိုကြည့်ပြီး ပြုပြင်ပြောင်းလဲဖို့သာ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ တနည်းဆိုရင်တော့ လုပ်နည်းကိုင်နည်း မှန်ကန်ဖို့သာ အရင်ဆုံး ဦးစားပေးတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် တိကျမှန်ကန်မှုနဲ့ ယုံကြည်စိတ်ချမှုကို အကဲဖြတ်နိုင်ဖို့အတွက် လေ့လာဆန်းစစ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဖော်ပြရမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး သင်တန်းပေးတာတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ၂၀၁၉ က ရန်ကုန်မှာလုပ်တော့ ကုမ္ပဏီ (၄၀) သာ တက်ပါတယ်။ နောက်တခါ ရန်ကုန်နဲ့ မန္တလေးမှာလုပ်တော့ ကုမ္ပဏီ (၆၀) သာ တက်ရောက်ပါတယ်။ EITI အဖွဲ့က လိုအပ်တဲ့ အချက်အလက်တွေကို သယံဇာတကုမ္ပဏီတွေက မှန်ကန်စွာ ဖြေကြားနိုင်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ဖော်တင်ပြချက်တွေမှာ မှားတာကများနေတယ်လို့ Charlotte Boyer က ဆိုပါတယ်။ ချန်လှပ်ထားတာတွေ များနေတာကြောင့် ယုံကြည်စိတ်ချနိုင်ဖို့ အခက်အခဲ ရှိပါတယ်။ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပေမယ့် အကျိုးအမြတ် ရရှိသူမရှိလို့ ဖြေတာမျိုးဟာ ယုတ္တိကင်းမဲ့တဲ့ ဖော်ပြမှု ဖြစ်ပါတယ်။ အကျိုးအမြတ် ပိုင်ဆိုင်သူတွေဟာ နိုင်ငံရေးမှာ သြဇာတိက္ကမ ရှိသူတွေ ဖြစ်တယ်ဆိုတာကို ဖော်ပြဖို့ ပျက်ကွက်လို့လည်း ဆိုပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက အချက်အလက် ထုတ်ဖော်တင်ပြပေမယ့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဟာ ထုတ်ဖော်တဲ့ ပုံစံကို မတင်ပြဘူးလို့ ဆိုပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီကို အမှန်အတိုင်း ပြောလိမ့်မယ်လို့ မျှော်လင့်နေပုံရပါတယ်။

EITI လုပ်ငန်းအဖွဲ့က ပေးပို့တဲ့ အချက်အလက် ကြေညာတဲ့ပုံစံကို စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီက ဖြည့်စွက်ထားပေမယ့် ဟာကွက်တွေ အများကြီး ပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီပိုင်ရှင်ကို MEHL အဖြစ် ဖော်ပြထားပြီး အကျိုးအမြတ် ပိုင်ဆိုင်သူတွေဟာ အကြီးတန်း တပ်မတော်အရာရှိတွေ ဖြစ်နေပေမယ့် နိုင်ငံရေးအရ သြဇာတိက္ကမ ရှိတယ်လို့ ဖော်ပြဖို့ ပျက်ကွက်နေပါတယ်။ အကျိုးအမြတ် ပိုင်ဆိုင်သူအားလုံးဟာ အနည်းဆုံး အသက် (၂၁) နှစ် ရှိကြပေမယ့် ၂၀၁၉ မှာ မွေးဖွားသူကလေး (၂) ယောက် အကျိုးအမြတ်ကိုလည်း ပိုင်ဆိုင်သူအဖြစ် တင်ပြထားတာဟာ ဖော်ပြတဲ့ပုံစံကို ယုတ္တိမရှိ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အကျိုးအမြတ် ပိုင်ဆိုင်သူစာရင်းမှာ (၉၅) ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဖြစ်ကြပြီး (၅) ရာခိုင်နှုန်းကသာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

သတ္တုတွင်းနဲ့ ကျောက်မျက်ကဏ္ဍအပါအဝင် အရေးကြီးတဲ့နေရာတွေမှာ စစ်တပ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်ကုမ္ပဏီလိမိတတ်ဟာ လက်ဝါးကြီး အုပ်ထားပါတယ်။ ဒီစစ်တပ်ပိုင်ကုမ္ပဏီကြီး (၂) ခုဟာ အထူးအခွင့်အရေးနဲ့ အထူးဥပဒေအရ အကျိုးခံစားခွင့်တွေ ရှိတဲ့အတွက် ၂၀၁၄ ခုနှစ်အထိ အခွန်တော် ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေထက် အကျိုးအမြတ် ခံစားခွင့် ပိုမိုရရှိပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေကို အခွန်ပေးဆောင်စရာမလိုတဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်တပ်ပိုင်ကုမ္ပဏီကြီး (၂) ခုရဲ့ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု၊ ရသုံးမှန်းခြေငွေစာရင်းနဲ့ လူမှုဝန်ဆောင်မှု စတာတွေကို ဖော်ပြဖို့ လိုအပ်နေတယ်လို့ EITI လုပ်ငန်းအဖွဲ့က ယူဆပါတယ်။ တပ်မတော်ရဲ့ MEHL နဲ့ စီးပွားရေးကော်ပိုရေးရှင်းကို နိုင်ငံပိုင်လုပ်ငန်းအဖြစ် သတ်မှတ်ထားခြင်း မရှိတာဟာလည်း ပွင့်လင်းမြင်သာရေးအတွက် အဟန့်အတား ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကို လုံးဝမသိရှိနိုင်ပါဘူး။ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး အခွင့်ထူးခံတဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေအကြောင်း ထုတ်ဖော်နိုင်မှသာ EITI သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ကို အများပြည်သူက ယုံကြည်လာဖွယ် ရှိပါတယ်။

XS
SM
MD
LG