သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သယံဇာတထုတ္ယူမႈ ပြင့္လင္းျမင္သာေရး


သယံဇာတထုတ္လုပ္မႈ ပြင့္လင္းျမင္သာေရး
သယံဇာတထုတ္လုပ္မႈ ပြင့္လင္းျမင္သာေရး
please wait

No media source currently available

0:00 0:05:46 0:00
တိုက္႐ိုက္ လင့္ခ္

ေျမေအာက္သယံဇာတ တူးေဖာ္ထုတ္ယူေနတဲ့ ႏိုင္ငံေတြမွာ ျပည္သူလူထု ဆင္းရဲမြဲေတေနၾကၿပီး အာဏာပိုင္အသိုင္းအဝိုင္းတစုနဲ႔ ကုမၸဏီႀကီးေတြသာ ႀကီးပြားခ်မ္းသာေနတာကို ပညာရွင္ေတြ ေဝဖန္ေနတာၾကာပါၿပီ။ သယံဇာတ ထုတ္လုပ္မႈမွာ တိုးတိုးတိတ္တိတ္ က်ဳိတ္ဝိုင္းလုပ္ အျမတ္ထုတ္ေနတာကို အတိအလင္း ေဖာ္ျပဖို႔ ေတာင္းဆိုလာၾကပါတယ္။ ကမ္းလြန္ေရနံ ရွာေဖြခြင့္ရေအာင္ Angola အစိုးရကို လိုင္စင္ေၾကး ေဒၚလာသန္း (၁၀၀) ေက်ာ္ ေပးရတယ္လို႔ BP ကုမၸဏီက ပထမဆံုး ေၾကညာပါတယ္။ ဒါေပမဲ့ ကုမၸဏီတခုတည္းက ထုတ္ေဖာ္လို႔ ဘာမွ အရာေရာက္မွာ မဟုတ္တာကို သိရိွလာပါတယ္။

ဒါေၾကာင့္ သယံဇာတ ထုတ္ယူတဲ့ ကုမၸဏီေတြ ပြင့္ပြင့္လင္းလင္း လုပ္ၾကဖို႔ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ Tony Blair က ၂၀၀၂ မွာ အႀကံေပးခဲ့ပါတယ္။ သယံဇာတ လုပ္ငန္းက႑က ဝင္ေငြထြက္ေငြကို ေဖာ္ျပဖို႔ လန္ဒန္ညီလာခံမွာ မူအားျဖင့္ ၂၀၁၃ မွာ သေဘာတူၾကပါတယ္။ ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူမႈ၊ ေျဖာင့္မတ္မွန္ကန္မႈ၊ အမ်ဳိးသားအက်ဳိးစီးပြား ေရွ ႔ရႈမႈနဲ႔ ျပည္သူ႔သေဘာထား ေလးစားမႈဟာ EITI ရဲ ႔ အေျခခံမူေတြပါပဲ။ တြင္းထြက္သယံဇာတ ထုတ္လုပ္မႈ ပြင့္လင္းျမင္သာေရး Extractive Industries Transparency Initiative အဖြဲ႔ ျဖစ္ပါတယ္။ အဖြဲ႔ရဲ ႔မူကို လိုက္နာဖို႔ ျမန္မာအပါအဝင္ (၅၂) ႏိုင္ငံက သေဘာတူခဲ့ပါတယ္။

၂၀၁၄ မွာ ဦးသိန္းစိန္အစိုးရဟာ တြင္းထြက္သယံဇာတ ထုတ္လုပ္မႈ ပြင့္လင္းျမင္သာေရးအဖြဲ႔မွာ အဖြဲ႔ဝင္ေလာင္း ျဖစ္လာပါတယ္။။ အစိိုးရကိုယ္စားလွယ္၊ ကုမၸဏီကိုယ္စားလွယ္နဲ႔ အရပ္ဘက္အဖြဲ႔အစည္း ကိုယ္စားလွယ္ ပါဝင္တဲ့ သံုးပြင့္ဆိုင္ညႊန္ေပါင္းအဖြဲ႔က ျမန္မာ EITI အစီရင္ခံစာ ေရးပါတယ္။ ၂၀၁၄ က ၂၀၁၈ အထိျဖစ္တဲ့ အစီရင္ခံစာ (၅) ေစာင္ကို ထုတ္ျပန္ပါတယ္။ အစိုးရ ရရိွတဲ့ အခြန္ဘ႑ာ၊ ႏုိင္ငံပိုင္စီးပြားေရး လုပ္ငန္းရဲ ႔ ေပးေခ်မႈ၊ ကုမၸဏီဝင္ေငြနဲ႔ အသံုးစရိတ္စတာေတြကို အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ NLD ပါတီ အစိုးရဖြဲ႔တဲ့ ၂၀၁၆-၁၇ မွာ ျမန္မာ့ EITI စတုတၳအႀကိမ္ အစီရင္ခံစာကို ထုတ္ျပန္ပါတယ္။ အဲဒီႏွစ္မွာ သယံဇာတ တူးေဖာ္ခြင့္လိုင္စင္ (၂၁,၀၀၀) ေက်ာ္ ထုတ္ေပးပါတယ္။ အမ်ားစုက ေက်ာက္မ်က္နဲ႔ သတၱဳတူးေဖာ္ခြင့္လိုင္စင္ ျဖစ္ပါတယ္။ တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းအေၾကာင္း အနည္းငယ္သာ ေဖာ္ျပႏိုင္ပါတယ္။ ေက်ာက္မ်က္လုပ္ငန္းမွာ စာရင္းမေပးတဲ့ ကုမၸဏီ (၉၀)% ဟာ စစ္တပ္ပိုင္ ျဖစ္ပါတယ္။

ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူမႈ၊ ေျဖာင့္မတ္မွန္ကန္မႈ စတဲ့ EITI မူေတြကို ျမန္မာျပည္မွာ က်င့္သံုးဖို႔ အခက္အခဲ ရိွပါတယ္။ ေက်ာက္စိိမ္း၊ ေက်ာက္မ်က္နဲ႔ သတၱဳက႑မွာ အေသးစား၊ အလတ္စား လုပ္ငန္းေတြမ်ားၿပီး ေမွာ္ခိုတူးေဖာ္မႈနဲ႔ အခြန္ေရွာင္မႈကလည္း မ်ားပါတယ္။ EITI အဖြဲ႔ကို စာရင္းျပတဲ့အခါ ေက်ာက္မ်က္နဲ႔သတၱဳတို႔ကို အလြန္အမင္း တန္းဖိုးေလ်ာ့ခ်ထားပါတယ္။ အစိုးရကို ေပးသြင္းရမယ့္ အခြန္ေလ်ာ့နည္းသြားေအာင္ လုပ္တာပါပဲ။ အထူးသျဖင့္ ေက်ာက္စိမ္းက႑မွာ ဒီလို ကလိမ္ကညစ္ လုပ္မႈေတြ အမ်ားဆံုး ျဖစ္ပါတယ္။ အေလးခ်ိန္နဲ႔ တြက္မယ္ဆိုရင္ ေမွာင္ခိုေရာင္းတဲ့ ေက်ာက္စိမ္းဟာ တရားဝင္ေရာင္းတဲ့ ေက်ာက္စိမ္းထက္ အဆေပါင္းတရာေက်ာ္ ရိွတယ္လို႔ EITI အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

ေက်ာက္စိမ္း (၁) ကီလိုဂရမ္ရဲ ႔ ပ်မ္းမွ်တန္းဖိုးဟာ က်ပ္ (၃၀၀၀) သာ ရိွတယ္လို႔ စာရင္းမွာ ျပထားေပမယ့္၊ ႏုိင္ငံျခားကို ေရာင္းတဲ့တန္းဖိုးက (၁) ကီလိုဂရမ္မွာ က်ပ္ (၄၃၃,၀၀၀) ျဖစ္ပါတယ္။ ေက်ာက္စိမ္းနဲ႔ ေက်ာက္မ်က္လုပ္ငန္း (၉၃) ရာခိုင္ႏႈန္းက စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC က ပိုင္ၿပီး၊ ဓါတ္သတၱဳလုပ္ငန္းမွာေတာ့ (၂၄) ရာခိုင္ႏႈန္းသာ စစ္တပ္က ပိုင္ပါတယ္။ ေက်ာက္စိမ္းက႑ကို အေလးခ်ိန္အရ တြက္ခ်က္မယ္ဆိုရင္ ၂၀၁၆-၁၇ ဘ႑ာႏွစ္မွာ ေမွာင္ခိုေရာင္းတဲ့က႑ဟာ တရားဝင္ေရာင္းတဲ့ တန္းဖိုးထက္ အဆ (၁၀၀) ေက်ာ္ ပိုမ်ားေနတယ္လို႔ ေဖာ္ျပပါတယ္။ သယံဇာတလုပ္ငန္းကရတဲ့ အခြန္ေငြ ေလးပံုတစ္ပံုဟာ တူးေဖာ္ေရးလုပ္ငန္းေတြရဲ ႔ သီးျခားစာရင္းထဲ ေရာက္သြားပါတယ္။ ဒီေငြကို အသံုးျပဳရာမွာ ႀကီးၾကပ္မႈအားနည္းတယ္လို႔ EITi စတုတၳအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေရနံ၊ ဓါတ္ေငြ႔နဲ႔ ပုလဲက႑က ကုမၸဏီအားလံုးနဲ႔ အခြန္ေငြအားလံုးကို စတုတၳအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ စစ္အုပ္စုရဲ ႔ အမ်ားဆံုး ပတ္သက္တဲ့ ေက်ာက္စိမ္း၊ ေက်ာက္မ်က္က႑မွာေတာ့ ေဖာ္ျပႏိုင္တဲ့ ကုမၸဏီဦးေရဟာ (၁၀) ရာခိုင္ႏႈန္းေတာင္ မရိွပါဘူး။ ေက်ာက္မ်က္က႑မွာ စစ္အုပ္စုက လက္ဝါးႀကီးအုပ္ၿပီး အလြဲသံုးစားလုပ္ပံုကို EITI စတုတၳအစီရင္ခံစာမွာ ေတြ႔ႏိုင္ပါတယ္။ ေက်ာက္စိမ္း၊ ေက်ာက္မ်က္ ကုမၸဏီ (၈၄) ခုကိုသာ ေဖာ္ျပႏိုင္ပါတယ္။

၂၀၁၇-၁၈ ဘ႑ာေရးႏွစ္အတြက္ ထုတ္ျပန္တဲ့ EITI ပဥၥမအစီရင္ခံစာမွာေတာ့ ပိုမိုပြင့္လင္းလာတာကို ေတြ႔ႏိုင္ပါတယ္။ ေက်ာက္စိမ္း၊ ေက်ာက္မ်က္ကုမၸဏီ (၂၀၉) ခုနဲ႔ စစ္အုပ္စုပိုင္ စီးပြားေရးလုပ္ငန္း (၂) နဲ႔ ဆက္စပ္ေနတဲ့ သယံဇာတကုမၸဏီ (၉) ခုကို ေဖာ္ျပႏိုင္ပါတယ္။ သယံဇာတ စီမံခန္႔ခြဲရာမွာ ပြင့္လင္းျမင္သားမႈနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈရိွဖို႔ တိုက္တြန္းေနတဲ့ EITI မူဝါဒကို ျမန္မာျပည္မွာ အေကာင္အထည္ ေဖာ္ေနတာ တိုးတက္မႈ ရိွေနၿပီလို႔ ၂၀၂၀ ၾသဂုတ္လထုတ္၊ EITI အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။


== Unicode ==

မြေအောက်သယံဇာတ တူးဖော်ထုတ်ယူနေတဲ့ နိုင်ငံတွေမှာ ပြည်သူလူထု ဆင်းရဲမွဲတေနေကြပြီး အာဏာပိုင်အသိုင်းအဝိုင်းတစုနဲ့ ကုမ္ပဏီကြီးတွေသာ ကြီးပွားချမ်းသာနေတာကို ပညာရှင်တွေ ဝေဖန်နေတာကြာပါပြီ။ သယံဇာတ ထုတ်လုပ်မှုမှာ တိုးတိုးတိတ်တိတ် ကျိုတ်ဝိုင်းလုပ် အမြတ်ထုတ်နေတာကို အတိအလင်း ဖော်ပြဖို့ တောင်းဆိုလာကြပါတယ်။ ကမ်းလွန်ရေနံ ရှာဖွေခွင့်ရအောင် Angola အစိုးရကို လိုင်စင်ကြေး ဒေါ်လာသန်း (၁၀၀) ကျော် ပေးရတယ်လို့ BP ကုမ္ပဏီက ပထမဆုံး ကြေညာပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတခုတည်းက ထုတ်ဖော်လို့ ဘာမှ အရာရောက်မှာ မဟုတ်တာကို သိရှိလာပါတယ်။

ဒါကြောင့် သယံဇာတ ထုတ်ယူတဲ့ ကုမ္ပဏီတွေ ပွင့်ပွင့်လင်းလင်း လုပ်ကြဖို့ ဗြိတိသျှဝန်ကြီးချုပ် Tony Blair က ၂၀၀၂ မှာ အကြံပေးခဲ့ပါတယ်။ သယံဇာတ လုပ်ငန်းကဏ္ဍက ဝင်ငွေထွက်ငွေကို ဖော်ပြဖို့ လန်ဒန်ညီလာခံမှာ မူအားဖြင့် ၂၀၁၃ မှာ သဘောတူကြပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွား ရှေ့ရှုမှုနဲ့ ပြည်သူ့သဘောထား လေးစားမှုဟာ EITI ရဲ့ အခြေခံမူတွေပါပဲ။ တွင်းထွက်သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး Extractive Industries Transparency Initiative အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ရဲ့မူကို လိုက်နာဖို့ မြန်မာအပါအဝင် (၅၂) နိုင်ငံက သဘောတူခဲ့ပါတယ်။

၂၀၁၄ မှာ ဦးသိန်းစိန်အစိုးရဟာ တွင်းထွက်သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။။ အစိုးရကိုယ်စားလှယ်၊ ကုမ္ပဏီကိုယ်စားလှယ်နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် ပါဝင်တဲ့ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့က မြန်မာ EITI အစီရင်ခံစာ ရေးပါတယ်။ ၂၀၁၄ က ၂၀၁၈ အထိဖြစ်တဲ့ အစီရင်ခံစာ (၅) စောင်ကို ထုတ်ပြန်ပါတယ်။ အစိုးရ ရရှိတဲ့ အခွန်ဘဏ္ဍာ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းရဲ့ ပေးချေမှု၊ ကုမ္ပဏီဝင်ငွေနဲ့ အသုံးစရိတ်စတာတွေကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။ NLD ပါတီ အစိုးရဖွဲ့တဲ့ ၂၀၁၆-၁၇ မှာ မြန်မာ့ EITI စတုတ္ထအကြိမ် အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ အဲဒီနှစ်မှာ သယံဇာတ တူးဖော်ခွင့်လိုင်စင် (၂၁,၀၀၀) ကျော် ထုတ်ပေးပါတယ်။ အများစုက ကျောက်မျက်နဲ့ သတ္တုတူးဖော်ခွင့်လိုင်စင် ဖြစ်ပါတယ်။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းအကြောင်း အနည်းငယ်သာ ဖော်ပြနိုင်ပါတယ်။ ကျောက်မျက်လုပ်ငန်းမှာ စာရင်းမပေးတဲ့ ကုမ္ပဏီ (၉၀)% ဟာ စစ်တပ်ပိုင် ဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု စတဲ့ EITI မူတွေကို မြန်မာပြည်မှာ ကျင့်သုံးဖို့ အခက်အခဲ ရှိပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်နဲ့ သတ္တုကဏ္ဍမှာ အသေးစား၊ အလတ်စား လုပ်ငန်းတွေများပြီး မှော်ခိုတူးဖော်မှုနဲ့ အခွန်ရှောင်မှုကလည်း များပါတယ်။ EITI အဖွဲ့ကို စာရင်းပြတဲ့အခါ ကျောက်မျက်နဲ့သတ္တုတို့ကို အလွန်အမင်း တန်းဖိုးလျော့ချထားပါတယ်။ အစိုးရကို ပေးသွင်းရမယ့် အခွန်လျော့နည်းသွားအောင် လုပ်တာပါပဲ။ အထူးသဖြင့် ကျောက်စိမ်းကဏ္ဍမှာ ဒီလို ကလိမ်ကညစ် လုပ်မှုတွေ အများဆုံး ဖြစ်ပါတယ်။ အလေးချိန်နဲ့ တွက်မယ်ဆိုရင် မှောင်ခိုရောင်းတဲ့ ကျောက်စိမ်းဟာ တရားဝင်ရောင်းတဲ့ ကျောက်စိမ်းထက် အဆပေါင်းတရာကျော် ရှိတယ်လို့ EITI အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကျောက်စိမ်း (၁) ကီလိုဂရမ်ရဲ့ ပျမ်းမျှတန်းဖိုးဟာ ကျပ် (၃၀၀၀) သာ ရှိတယ်လို့ စာရင်းမှာ ပြထားပေမယ့်၊ နိုင်ငံခြားကို ရောင်းတဲ့တန်းဖိုးက (၁) ကီလိုဂရမ်မှာ ကျပ် (၄၃၃,၀၀၀) ဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်း (၉၃) ရာခိုင်နှုန်းက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ပိုင်ပြီး၊ ဓါတ်သတ္တုလုပ်ငန်းမှာတော့ (၂၄) ရာခိုင်နှုန်းသာ စစ်တပ်က ပိုင်ပါတယ်။ ကျောက်စိမ်းကဏ္ဍကို အလေးချိန်အရ တွက်ချက်မယ်ဆိုရင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ မှောင်ခိုရောင်းတဲ့ကဏ္ဍဟာ တရားဝင်ရောင်းတဲ့ တန်းဖိုးထက် အဆ (၁၀၀) ကျော် ပိုများနေတယ်လို့ ဖော်ပြပါတယ်။ သယံဇာတလုပ်ငန်းကရတဲ့ အခွန်ငွေ လေးပုံတစ်ပုံဟာ တူးဖော်ရေးလုပ်ငန်းတွေရဲ့ သီးခြားစာရင်းထဲ ရောက်သွားပါတယ်။ ဒီငွေကို အသုံးပြုရာမှာ ကြီးကြပ်မှုအားနည်းတယ်လို့ EITi စတုတ္ထအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေနံ၊ ဓါတ်ငွေ့နဲ့ ပုလဲကဏ္ဍက ကုမ္ပဏီအားလုံးနဲ့ အခွန်ငွေအားလုံးကို စတုတ္ထအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အများဆုံး ပတ်သက်တဲ့ ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍမှာတော့ ဖော်ပြနိုင်တဲ့ ကုမ္ပဏီဦးရေဟာ (၁၀) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ကျောက်မျက်ကဏ္ဍမှာ စစ်အုပ်စုက လက်ဝါးကြီးအုပ်ပြီး အလွဲသုံးစားလုပ်ပုံကို EITI စတုတ္ထအစီရင်ခံစာမှာ တွေ့နိုင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက် ကုမ္ပဏီ (၈၄) ခုကိုသာ ဖော်ပြနိုင်ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်တဲ့ EITI ပဉ္စမအစီရင်ခံစာမှာတော့ ပိုမိုပွင့်လင်းလာတာကို တွေ့နိုင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်ကုမ္ပဏီ (၂၀၉) ခုနဲ့ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်း (၂) နဲ့ ဆက်စပ်နေတဲ့ သယံဇာတကုမ္ပဏီ (၉) ခုကို ဖော်ပြနိုင်ပါတယ်။ သယံဇာတ စီမံခန့်ခွဲရာမှာ ပွင့်လင်းမြင်သားမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ တိုက်တွန်းနေတဲ့ EITI မူဝါဒကို မြန်မာပြည်မှာ အကောင်အထည် ဖော်နေတာ တိုးတက်မှု ရှိနေပြီလို့ ၂၀၂၀ သြဂုတ်လထုတ်၊ EITI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG