သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝန္းသိုေၾကးနီနဲ႔ ဆက္စပ္သတၱဳလုပ္ငန္း


ဝန္းသိုေၾကးနီနဲ႔ ဆက္စပ္သတၱဳလုပ္ငန္း
please wait

No media source currently available

0:00 0:05:41 0:00
တိုက္႐ိုက္ လင့္ခ္

စစ္ကိုင္းတုိင္းေဒသႀကီး ကသာခရိုင္ ေကာလင္းဝန္းသို၊ ပင္လည္ဘူး၊ ဗန္းေမာက္ေဒသမွာ ေၾကးနီနဲ႔ ဆက္စပ္သတၱဳ ရွာေဖြဖုိ႔ တရုတ္-ျမန္မာ ဖက္စပ္ကုမၸဏီကို လုပ္ခြင့္ေပးတဲ့ကိစၥဟာ အေတာ္ေလး လူသိမ်ားေနပါတယ္။ သတင္းထြက္လာတဲ့ ၂၀၁၆ မွာ စိတ္ဝင္စားမႈ နည္းပါးေပမယ့္ အတည္ျပဳလုိက္တဲ့ ၂၀၁၉ နဲ႔ ၂၀၂၀ ႏွစ္ေတြမွာ အျငင္းပြားစရာ ျဖစ္လာပါတယ္။ Australia အေျခစိုက္ တရုတ္ပိုင္ PanAust ကုမၸဏီနဲ႔ ျပည္တြင္းကုမၸဏီ MERG--Myanmar Energy Resources Group တို႔ ဖက္စပ္လုပ္ထားတဲ့ ဝန္းသိုရီဆိုစ္ ကုမၸဏီတုိ႔ကို လုပ္ပိုင္ခြင့္ ခ်ေပးတာပါပဲ။ ဒီကုမၸဏီကို တရုတ္က (၉၀)% MEGR က (၁၀)% ပိုင္ပါတယ္။

လြန္ခဲ့တဲ့ (၆) လေလာက္က လုပ္ခြင့္ေပးထားတဲ့ ဝန္းသိုအမွတ္ (၃) လုပ္ကြက္ဟာ အႀကီးဆံုးျဖစ္ၿပီး ဗန္းေမာက္၊ ဝန္းသိုနဲ႔ ပင္းလည္ဘူးၿမိဳ ႔နယ္က ေနရာအေတာ္မ်ားမ်ား ပါဝင္ေနပါတယ္။ စီမံကိန္းအက်ယ္အဝန္းဟာ ၇၇၅ စတုရမ္းမီတာ ျဖစ္တာမို႔ ေျမဧက (၂) သိန္းနီးပါး ရိွပါတယ္။ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရး (၁၆၃) မ်က္နွာ အစီရင္ခံစာကို လြန္ခဲ့တဲ့ ေမလက ဝန္းသိုရီဆို႔စ္ကုမၸဏီက ထုတ္ျပန္ထားပါတယ္။ ဓါတ္သတၱဳ ရွာေဖြတဲ့ စူးစမ္းေလ့လာမႈမွာ အႏၱရာယ္မရိွေၾကာင္း ေဖာ္ျပတဲ့ အစီရင္ခံစာ ျဖစ္ပါတယ္။

စူးစမ္းရွာေဖြေရးမွာ အဓိကက်တဲ့ လြန္တြင္း တူးေဖာ္ေရးစခန္းကို ဗန္းေမာက္ၿမိဳ ႔နယ္ မံစီေက်းရြာမွာ တည္ေဆာက္ထားပါတယ္။ ဘူမီေဗဒဆိုင္ရာ လုပ္ငန္းေတြကို တဆင့္ၿပီးတဆင့္ ႏွစ္နဲ႔ခ်ီၿပီး လုပ္ရမွာမို႔ ေလ့လာေရးကာလအမ်ဳိးမ်ဳိး ရိွႏိုင္ေပမယ့္ ေယဘုယ်အားျဖင့္ (၁၀) ႏွစ္ကေန (၁၅) နွစ္အထိ ၾကာေလ့ရိွတယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ လြန္တြင္းတူးဧရီယာ (၃) ေနရာကို ေစာင့္ၾကည့္စစ္ေဆးၿပီး ဓါတ္သတၱဳနမူနာအားလံုး ေဟာင္ေကာင္ဓါတ္ခြဲခန္းကို ပို႔လိုက္တယ္လို႔ ဆိုပါတယ္။ နမူနာယူတဲ့ ေနရာအားလံုးမွာ သံဓါတ္ျမင့္မားတာ ေတြ႔ရပါတယ္။ ဇီဝမ်ဳိးစံုမ်ဳိးကြဲစာရင္းကိုလည္း ေကာက္ယူႏိုင္တယ္လို႔ ဆိုပါတယ္။ စိမံကိန္းဧရိယာအတြင္း သစ္မင္မ်ဳိးစိတ္ (၁၀၆) မ်ဳိး ေတြ႔ရပါတယ္။ တိရိစာၦန္မ်ဳိးစိတ္ စာရင္းကိုလည္း ျပဳစုႏိုင္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ သယံဇာတ ရွာေဖြထုတ္ယူမႈဟာ သဘာဝပတ္ဝန္းက်င္ အနည္းနဲ႔အမ်ား ပ်က္စီးတတ္ပါတယ္။

ဝန္းသိုစီမံကိန္းဧရိယာဟာ က်ယ္ဝန္းတာေၾကာင့္ ခ်ပ္သင္းေတာရိုင္းတိရိစာၦန္ ေဘးမဲ့ေတာနဲ႔ (၁၃) မိုင္ေလာက္ပဲ ကြာေဝးပါတယ္။ မဟာၿမိဳင္ ေဘးမဲ့ေတာနဲ႔ကေတာ့ မုိင္ (၅၀) ေက်ာ္ ကြာေဝးပါတယ္။ စီမံကိန္းအေကာင္အထည္ ေဖာ္တာကို သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ ရိွမရိွ သံုးလတႀကိမ္ စစ္ေဆးမယ္လို႔ ဆိုပါတယ္။ ေဒသခံေတြရဲ ႔ မေက်နပ္မႈနဲ႔ နစ္နာမႈေတြကိုလည္း တိုင္ၾကားဖိုိ႔အတြက္ ဝန္းသိုရီဆို႔စ္ ကုမၸဏီက ေလွ်ာက္လႊာပံုစံေတြ ထုတ္ေပးတယ္လို႔လည္း ဆိုပါတယ္။ ထိခိုက္နစ္နာသူေတြ သေဘာတူတဲ့အထိ ကုမၸဏီက ေျဖရွင္းေပးမယ္လို႔ ေဖာ္ျပပါတယ္။ ေဘးအႏၱရာယ္ ကင္းရွင္းေရး၊ မေတာ္မဆ ထိခိုက္မႈကာကြယ္ေရးနဲ႔ က်န္းမာေရးအတြက္ ဝန္းသိုရီဆို႔စ္ကုမၸဏီက သင္တန္းေတြ ေပးမယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ဝန္းသိုရီဆို႔စ္ကုမၸဏီကို ေျမဧက (၂) သိန္းနီးပါးမွာ သတၱဳရွာေဖြခြင့္ေပးထားတာဟာ ေဒသခံ ရွမ္းနီတိုင္းရင္းသားေတြရဲ ႔ စားဝတ္ေနေရးကို ထိခိုက္ေစတယ္လို႔ ရွမ္းတုိင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းက ေၾကညာတာကို ဇြန္လ (၈) ရက္ေန႔ထုတ္၊ Eleven သတင္းမွာ ေဖာ္ျပထားပါတယ္။ ေဒသခံျပည္သူေတြကေတာ့ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ၊ အသက္ေမြးဝမ္းေၾကာင္း ထိခိုက္မႈ၊ ေလ်ာ္ေၾကးကိစၥ၊ ျပန္လည္ေနရာခ်ထားေရးကိစၥ စတာေတြကို စိုးရိမ္ပူပန္ေနၾကပါတယ္။ ဝန္းသိုရီဆို႔စ္ကုမၸဏီက စမ္းသပ္တိုင္တာၿပီး ျဖစ္ေျမာက္ႏုိင္စြမ္း ေလ့လာေနတဲ့ေဒသမွာ တႏိုင္တပိုင္ ေရႊတူးေဖာ္တဲ့ ေနရာအမ်ားအျပား ပါဝင္ေနတယ္လို႔ ဇြန္လထုတ္ မံုရြာဂဇတ္မွာ ေဖာ္ျပထားပါတယ္။ စစ္ကိုင္းတိုင္းမွာ မူးယစ္ေဆးဝါး အမ်ားဆံုး ဖမ္းဆီးရမိတဲ့ ေဒသလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ လာအုိႏိုင္ငံမွာ ဒီ စီမံကိန္္းမ်ဳိးေၾကာင့္ ေဒသခံေတြ အလုပ္အကိုင္ရတာလည္းရိွေၾကာင္း ပင္လည္ဘူးအမတ္ ဦးသန္းလိႈင္ ေျပာတာကို မံုရြာဂဇတ္မွာ ေဖာ္ျပပါတယ္။

ဝန္းသိုၿမိဳ ႔နယ္ကို ေရႊထြက္တဲ့ေဒသအျဖစ္ လူသိမ်ားေပမယ့္ ဝန္းသိုရီဆို႔စ္ကုမၸဏီ စီမံခ်က္ကိုေတာ့ ေၾကးနီနဲ႔ ဆက္စပ္သတၱဳ ရွာေဖြေရးလို႔သာ အမည္ေပးထားပါတယ္။ ေရႊကိုခ်န္လွပ္ထားပါတယ္။ ဝန္းသိုရီဆို႔စ္ရဲ ႔ မိခင္ကုမၸဏီျဖစ္တဲ့ တရုတ္ပိုင္ PanAust ကုမၸဏီဟာ လာအုိႏုိင္ငံမွာလည္း အလားတူစီမံကိန္း အေကာင္အထည္ ေဖာ္ေနပါတယ္။ ဒါေပမဲ့ ေၾကးနီနဲ႔ ေရႊထုတ္လုပ္ေရးလုပ္ငန္းလို႔ အတိအလင္း ေၾကညာထားပါတယ္။ လာအိုကဖုခန္း (Phu Kham) စီမံခ်က္ကို PanAust က (၉၀)% လာအိုက (၁၀)% ပိုင္ပါတယ္။ ၂၀၁၉ က ေၾကးတန္ခ်ိန္ (၁၄၄၅၇) ေရႊေအာင္စ (၁၁၇၈၇) နဲ႔ ေငြေအာင္စ (၇၄၆၀၇) ထုတ္လုပ္ႏိုင္ပါတယ္။

ဝန္းသိုစီမံကိန္းနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ စႏိုးစေနာင့္ ျဖစ္ေနတာကို ေျပေပ်ာက္ေစဖုိ႔အတြက္ စစ္ကိုင္းတုိင္း လႊတ္ေတာ္အမတ္အခ်ဳိ ႔ကို လာအိုႏိုင္ငံသို႔ ေခၚယူၿပီး PanAust ကုမၸဏီရဲ ႔ သတၱဳထုတ္လုပ္ေရးစီမံကိန္းကို ၂၀၁၈ က ျပသပါတယ္။ လာအိုႏုိင္ငံ ေလ့လာခ်က္အရ အစိုးရက အေသအခ်ာ ၾကပ္မတ္ႏုိင္ရင္ ေဒသခံလူထု အက်ဳိးခံစားႏိုင္တယ္လို႔ လႊတ္ေတာ္အမတ္ ဦးသန္းလိႈင္က ဆိုပါတယ္။ ေဒသခံေတြ တႏုိင္တပိုင္ ေရႊရွာေဖြတာကို ပိတ္လိုက္ရင္ေတာ့ မူးယစ္ေဆးလုပ္ငန္း ႀကီးထြားလာႏိုင္တယ္လို႔ လာအိုေလ့လာေရးခရီးသြားခဲ့သူ အမတ္ဦးဝင္းေရႊ ေျပာတာကိ မံုရြာဂဇတ္က သတင္းေပးပို႔ထားပါတယ္။


===Unicode==

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်ဒေသမှာ ကြေးနီနဲ့ ဆက်စပ်သတ္တု ရှာဖွေဖို့ တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီကို လုပ်ခွင့်ပေးတဲ့ကိစ္စဟာ အတော်လေး လူသိများနေပါတယ်။ သတင်းထွက်လာတဲ့ ၂၀၁၆ မှာ စိတ်ဝင်စားမှု နည်းပါးပေမယ့် အတည်ပြုလိုက်တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ နှစ်တွေမှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ Australia အခြေစိုက် တရုတ်ပိုင် PanAust ကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီ MERG--Myanmar Energy Resources Group တို့ ဖက်စပ်လုပ်ထားတဲ့ ဝန်းသိုရီဆိုစ် ကုမ္ပဏီတို့ကို လုပ်ပိုင်ခွင့် ချပေးတာပါပဲ။ ဒီကုမ္ပဏီကို တရုတ်က (၉၀)% MEGR က (၁၀)% ပိုင်ပါတယ်။

လွန်ခဲ့တဲ့ (၆) လလောက်က လုပ်ခွင့်ပေးထားတဲ့ ဝန်းသိုအမှတ် (၃) လုပ်ကွက်ဟာ အကြီးဆုံးဖြစ်ပြီး ဗန်းမောက်၊ ဝန်းသိုနဲ့ ပင်းလည်ဘူးမြို့နယ်က နေရာအတော်များများ ပါဝင်နေပါတယ်။ စီမံကိန်းအကျယ်အဝန်းဟာ ၇၇၅ စတုရမ်းမီတာ ဖြစ်တာမို့ မြေဧက (၂) သိန်းနီးပါး ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး (၁၆၃) မျက်နှာ အစီရင်ခံစာကို လွန်ခဲ့တဲ့ မေလက ဝန်းသိုရီဆို့စ်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဓါတ်သတ္တု ရှာဖွေတဲ့ စူးစမ်းလေ့လာမှုမှာ အန္တရာယ်မရှိကြောင်း ဖော်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

စူးစမ်းရှာဖွေရေးမှာ အဓိကကျတဲ့ လွန်တွင်း တူးဖော်ရေးစခန်းကို ဗန်းမောက်မြို့နယ် မံစီကျေးရွာမှာ တည်ဆောက်ထားပါတယ်။ ဘူမီဗေဒဆိုင်ရာ လုပ်ငန်းတွေကို တဆင့်ပြီးတဆင့် နှစ်နဲ့ချီပြီး လုပ်ရမှာမို့ လေ့လာရေးကာလအမျိုးမျိုး ရှိနိုင်ပေမယ့် ယေဘုယျအားဖြင့် (၁၀) နှစ်ကနေ (၁၅) နှစ်အထိ ကြာလေ့ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ လွန်တွင်းတူးဧရီယာ (၃) နေရာကို စောင့်ကြည့်စစ်ဆေးပြီး ဓါတ်သတ္တုနမူနာအားလုံး ဟောင်ကောင်ဓါတ်ခွဲခန်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ နမူနာယူတဲ့ နေရာအားလုံးမှာ သံဓါတ်မြင့်မားတာ တွေ့ရပါတယ်။ ဇီဝမျိုးစုံမျိုးကွဲစာရင်းကိုလည်း ကောက်ယူနိုင်တယ်လို့ ဆိုပါတယ်။ စိမံကိန်းဧရိယာအတွင်း သစ်မင်မျိုးစိတ် (၁၀၆) မျိုး တွေ့ရပါတယ်။ တိရိစ္ဆာန်မျိုးစိတ် စာရင်းကိုလည်း ပြုစုနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သယံဇာတ ရှာဖွေထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင် အနည်းနဲ့အများ ပျက်စီးတတ်ပါတယ်။

ဝန်းသိုစီမံကိန်းဧရိယာဟာ ကျယ်ဝန်းတာကြောင့် ချပ်သင်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောနဲ့ (၁၃) မိုင်လောက်ပဲ ကွာဝေးပါတယ်။ မဟာမြိုင် ဘေးမဲ့တောနဲ့ကတော့ မိုင် (၅၀) ကျော် ကွာဝေးပါတယ်။ စီမံကိန်းအကောင်အထည် ဖော်တာကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိ သုံးလတကြိမ် စစ်ဆေးမယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ မကျေနပ်မှုနဲ့ နစ်နာမှုတွေကိုလည်း တိုင်ကြားဖို့အတွက် ဝန်းသိုရီဆို့စ် ကုမ္ပဏီက လျှောက်လွှာပုံစံတွေ ထုတ်ပေးတယ်လို့လည်း ဆိုပါတယ်။ ထိခိုက်နစ်နာသူတွေ သဘောတူတဲ့အထိ ကုမ္ပဏီက ဖြေရှင်းပေးမယ်လို့ ဖော်ပြပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေး၊ မတော်မဆ ထိခိုက်မှုကာကွယ်ရေးနဲ့ ကျန်းမာရေးအတွက် ဝန်းသိုရီဆို့စ်ကုမ္ပဏီက သင်တန်းတွေ ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဝန်းသိုရီဆို့စ်ကုမ္ပဏီကို မြေဧက (၂) သိန်းနီးပါးမှာ သတ္တုရှာဖွေခွင့်ပေးထားတာဟာ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေတယ်လို့ ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြေညာတာကို ဇွန်လ (၈) ရက်နေ့ထုတ်၊ Eleven သတင်းမှာ ဖော်ပြထားပါတယ်။ ဒေသခံပြည်သူတွေကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ အသက်မွေးဝမ်းကြောင်း ထိခိုက်မှု၊ လျော်ကြေးကိစ္စ၊ ပြန်လည်နေရာချထားရေးကိစ္စ စတာတွေကို စိုးရိမ်ပူပန်နေကြပါတယ်။ ဝန်းသိုရီဆို့စ်ကုမ္ပဏီက စမ်းသပ်တိုင်တာပြီး ဖြစ်မြောက်နိုင်စွမ်း လေ့လာနေတဲ့ဒေသမှာ တနိုင်တပိုင် ရွှေတူးဖော်တဲ့ နေရာအများအပြား ပါဝင်နေတယ်လို့ ဇွန်လထုတ် မုံရွာဂဇတ်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံမှာ ဒီ စီမံကိန်းမျိုးကြောင့် ဒေသခံတွေ အလုပ်အကိုင်ရတာလည်းရှိကြောင်း ပင်လည်ဘူးအမတ် ဦးသန်းလှိုင် ပြောတာကို မုံရွာဂဇတ်မှာ ဖော်ပြပါတယ်။

ဝန်းသိုမြို့နယ်ကို ရွှေထွက်တဲ့ဒေသအဖြစ် လူသိများပေမယ့် ဝန်းသိုရီဆို့စ်ကုမ္ပဏီ စီမံချက်ကိုတော့ ကြေးနီနဲ့ ဆက်စပ်သတ္တု ရှာဖွေရေးလို့သာ အမည်ပေးထားပါတယ်။ ရွှေကိုချန်လှပ်ထားပါတယ်။ ဝန်းသိုရီဆို့စ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် PanAust ကုမ္ပဏီဟာ လာအိုနိုင်ငံမှာလည်း အလားတူစီမံကိန်း အကောင်အထည် ဖော်နေပါတယ်။ ဒါပေမဲ့ ကြေးနီနဲ့ ရွှေထုတ်လုပ်ရေးလုပ်ငန်းလို့ အတိအလင်း ကြေညာထားပါတယ်။ လာအိုကဖုခန်း (Phu Kham) စီမံချက်ကို PanAust က (၉၀)% လာအိုက (၁၀)% ပိုင်ပါတယ်။ ၂၀၁၉ က ကြေးတန်ချိန် (၁၄၄၅၇) ရွှေအောင်စ (၁၁၇၈၇) နဲ့ ငွေအောင်စ (၇၄၆၀၇) ထုတ်လုပ်နိုင်ပါတယ်။

ဝန်းသိုစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ စနိုးစနောင့် ဖြစ်နေတာကို ပြေပျောက်စေဖို့အတွက် စစ်ကိုင်းတိုင်း လွှတ်တော်အမတ်အချို့ကို လာအိုနိုင်ငံသို့ ခေါ်ယူပြီး PanAust ကုမ္ပဏီရဲ့ သတ္တုထုတ်လုပ်ရေးစီမံကိန်းကို ၂၀၁၈ က ပြသပါတယ်။ လာအိုနိုင်ငံ လေ့လာချက်အရ အစိုးရက အသေအချာ ကြပ်မတ်နိုင်ရင် ဒေသခံလူထု အကျိုးခံစားနိုင်တယ်လို့ လွှတ်တော်အမတ် ဦးသန်းလှိုင်က ဆိုပါတယ်။ ဒေသခံတွေ တနိုင်တပိုင် ရွှေရှာဖွေတာကို ပိတ်လိုက်ရင်တော့ မူးယစ်ဆေးလုပ်ငန်း ကြီးထွားလာနိုင်တယ်လို့ လာအိုလေ့လာရေးခရီးသွားခဲ့သူ အမတ်ဦးဝင်းရွှေ ပြောတာကိ မုံရွာဂဇတ်က သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG