ဒီမိုကေရစီဓေလ့ကို ျပဳစုပ်ဳိးေထာင္ရာမွာ တိုင္းသူျပည္သားေတြ ႏိုင္ငံေရး ဗဟုသုတ ဘယ္ေလာက္ရိွသလဲဆိုတဲ့ ေမးခြန္းဟာ အလြန္အေရးႀကီးပါတယ္။ ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရအေၾကာင္း ျပည္သူေတြ ဘယ္ေလာက္သိသလဲဆိုတဲ့ အခ်က္ဟာ အေရးႀကီးပါတယ္။ ဒါေပမဲ့ ျပည္သူ႔သေဘာထား ေလ့လာတယ္ဆိုတဲ့ ေငြကုန္လူပန္းျဖစ္လို႔ ေငြအင္အားေကာင္းတဲ့ အဖြဲ႔အစည္းေတြကသာ စြမ္းေဆာင္ႏိုင္တာ ေတြ႔ရပါတယ္။ ဝါရွင္တန္အေျခစိုက္ NDI – National Democratic Institute ကလည္း ေငြေၾကးနဲ႔ နည္းပညာ ေထာက္ပံ့ၿပီး ျပည္သူ႔သေဘာထားေလ့လာဖုိ႔ ကူညီေလ့ ရိွပါတယ္။
ျပည္သူ႔သေဘာထားကို ခန္႔မွန္းႏုိင္ေအာင္ အေမရိကန္အေျခစိုက္ IRI – International Republican Institute က လြန္ခဲ့တဲ့ ႏွစ္လယ္မွာ စစ္တမ္းေကာက္ယူပါတယ္။ ၂၀၁၄ ကစၿပီး IRI က စစ္တမ္းေကာက္ယူေနတာမို႔ အခုအႀကိမ္ဟာ တတိယေျမာက္ ျဖစ္ပါတယ္။ တိုင္းနဲ႔ျပည္နယ္ေတြက အမ်ဳိးသား (၂၀၀၀) နီးပါးနဲ႔ အမ်ဳိးသမီး (၂၀၀၀) ေက်ာ္ စုစုေပါင္း (၄၀၃၀) ကို ေတြ႔ဆံုေမးျမန္းၿပီး တင္ျပထားခဲ့ပါတယ္။ ရခိုင္မွာ (၆) ၿမိဳ ႔နယ္၊ ကခ်င္မွာ (၂) ၿမိဳ ႔နယ္၊ ရွမ္းျပည္နယ္မွာ (၁၃) ၿမိဳ ႔နယ္ကိုသာ ပဋိပကၡ ျဖစ္ေနတာမို႔ ခ်န္လွပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စစ္တမ္းမွာ မပါသူဟာ (၁) သန္းေက်ာ္သာ ရိွပါတယ္။
၂၀၁၄ စစ္တမ္း၊ ၂၀၁၇ စစ္တမ္းနဲ႔ ၂၀၁၉ စစ္တမ္းစတဲ့ ျပည္သူ႔သေဘာထားစစ္တမ္း (၃) ခုစလံုးမွာ ျမန္မာႏုိင္ငံဟာ အေကာင္းဘက္က လမ္းေၾကာင္းအမွန္ကို ဦးတည္ေနတယ္လို႔ ျပည္သူ (၇၅) ရာခိုင္ႏႈန္းေက်ာ္က ယံုၾကည္ေၾကာင္း သိရပါတယ္။ အဆိုးဘက္လမ္းေၾကာင္းအမွားကို ဦးတည္ေနတယ္လို႔ ယံုၾကည္သူက (၂၀) ရာခိုင္ႏႈန္းေအာက္မွာ ရိွပါတယ္။ (၈၅) ရာခိုင္ႏႈန္းေက်ာ္ အေကာင္းျမင္တဲ့ေဒသေတြဟာ ကယား၊ ကရင္၊ ခ်င္း၊ ဧရာဝတီနဲ႔ မေကြး ျဖစ္ပါတယ္။ ျမန္မာျပည္ရဲ ႔ လက္ရိွ စီးပြားေရးအေျခအေနကို အလြန္ေကာင္းမြန္တယ္လို႔ ေျပာသူ (၁၀) ရာခိုင္ႏႈန္းသာရိွၿပီး၊ အလြန္ဆိုးတယ္လို႔ ယံုၾကည္သူ (၉) ရာခိုင္ႏႈန္း ရိွပါတယ္။ အေတာ္အသင့္ေကာင္းတယ္လို႔ တဝက္ေက်ာ္ (၅၁) ရာခိုင္ႏႈန္းက ျမင္ပါတယ္။ မိသားစု စီးပြားေရး အလြန္ေကာင္းမြန္တယ္လို႔ ေျပာသူ (၃) ရာခိုင္ႏႈန္းသာရိွၿပီး၊ အေတာ္အသင့္ေကာင္းတယ္လိို႔ ေျပာသူ (၆၇) ရာခိုင္ႏႈန္း ရိွပါတယ္။ မိသားစု စီးပြားေရးအေျခအေန အလြန္ဆိုးတယ္လို႔ ယံုၾကည္သူ (၃၀) ရာခိုင္ႏႈန္း ရိွပါတယ္။
တိုင္းနဲ႔ျပည္နယ္အားလံုးမွာ မူးယစ္ေဆးဝါးသံုးစြဲမႈကို အႀကီးဆံုး ျပႆနာအျဖစ္ ျမင္ၾကပါတယ္။ ကခ်င္၊ ကယား၊ ရခိုင္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္မွာ (၉၀) ရာခိုင္ႏႈန္းေက်ာ္က အလြန္ႀကီးမားတဲ့ ျပႆနာအျဖစ္ ျမင္ၾကပါတယ္။ က်န္ေဒသေတြမွာေတာ့ ဒီလိုအျမင္ရိွသူ (၈၀) ရာခိုင္ႏႈန္းေက်ာ္ ရိွပါတယ္။ မူးယစ္ေဆးဝါးကို အႀကီးဆံုးအႏၱရာယ္လို႔ ျပည္သူေတြက ယူဆၾကပါတယ္။ ဒုတိယအႀကီးဆံုး ျပႆနာက ရာဇဝတ္မႈ မ်ားျပားလာတာ ျဖစ္ပါတယ္။ အစိုးရလုပ္ေဆာင္ခ်က္ေတြထဲမွာ လမ္းနဲ႔တံတား ေဆာက္လုပ္ေရးဟာ လူႀကိဳက္အမ်ားဆံုးျဖစ္ၿပီး ပညာေရးအဆင့္ျမွင္တင္မႈနဲ႔ က်န္းမာေရးျပဳျပင္မႈဟာ ဒုတိယ လူႀကိဳက္အမ်ားဆံုး ျဖစ္ေနပါတယ္။ ေရ၊ လွ်ပ္စစ္မီး၊ အိုအိမ္မွာလည္း အစိုးရကို လူႀကိဳက္မ်ားပါတယ္။
ေမးျမန္းခံရတဲ့ ျပည္သူလူထု အမ်ားဆံုး (၇၆) ရာခိုင္ႏႈန္းက ဒီမိုကေရစီဟာ အေကာင္းဆံုး အစိုးရစနစ္ကို ယံုၾကည္ၾကပါတယ္။ ႏုိင္ငံေရးဆိုင္ရာ ဆံုးျဖတ္ခ်မွတ္ရာမွာ အရြယ္ေရာက္သူတုိင္း ပါဝင္ႏုိင္ဖို႔ အလြန္အေရးႀကီးတယ္လုိ႔ အမ်ားစု (၆၂) ရာခိုင္ႏႈန္းက ယူဆပါတယ္။ သံုးပံုတပံု (၃၁) ရာခိုင္ႏႈန္းကေတာ့ အေတာ္အသင့္သာ အေရးႀကီးတယ္လို႔ ျမင္ၾကပါတယ္။ ေမးခြန္းေျဖၾကားသူ တဝက္ေက်ာ္ (၅၁) ရာခိုင္ႏႈန္းဟာ ႏုိင္ငံေရးပါတီကို ေထာက္ခံသူေတြ ျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲမွ ဆႏၵမဲေပးသူက (၇၅) ရာခိုင္ႏႈန္း ရိွပါတယ္။ မဲေပးသူ အမ်ားဆံုး (၈၇) ရာခိုင္ႏႈန္းက ဧရာဝတီတုိင္း ျဖစ္ပါတယ္။ အေျခခံဥပေဒ ျပင္ဆင္ဖုိ႔ လႊတ္ေတာ္မွာ (၇၅) ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဖို႔ လိုတယ္ဆိုတဲ့ အခက္အခဲကို အမ်ားစုက မႀကိဳက္ၾကပါဘူး။ အခက္အခဲမရိွဘဲ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ေရးကိုသာ အမ်ားစု (၈၀) ရာခိုင္ႏႈန္းက ေထာက္ခံၾကတာေတြ႔ရပါတယ္။
တိုင္းနဲ႔ျပည္နယ္က ထြက္တဲ့သယံဇာတကို ေဒသခံေတြကပဲ စီမံခန္႔ခြဲခြင့္ ပိုရသင့္တယ္လို႔ အမ်ားစု (၅၂) ရာခိုင္ႏႈန္းက ျမင္ၾကပါတယ္။ ဒါေပမဲ့ ေနျပည္ေတာ္ (၃၄) ရာခိုင္ႏႈန္း၊ ပဲခူး (၃၈) ရာခိုင္ႏႈန္း၊ မႏၱေလး (၄၁) ရာခိုင္ႏႈန္း၊ ဧရာဝတီ (၄၅) ရာခိုင္ႏႈန္းနဲ႔ ရန္ကုန္ (၄၆) ရာခိုင္ႏႈန္းမွာေတာ့ ေထာက္ခံသူက (၅၀) ရာခိုင္ႏႈန္းေအာက္မွာသာ ရိွပါတယ္။ ျပည္နယ္ေတြမွာ (၇၀) ရာခိုင္ႏႈန္းေလာက္ ေထာက္ခံၾကတာကို ေတြ႔ရပါတယ္။ တိုင္းနဲ႔ျပည္နယ္ေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ပိုေပးသင့္တယ္လို႔ ေမးျမန္းခံသူ အမ်ားစု (၇၀) ရာခိုင္ႏႈန္းက ယူဆပါတယ္။ ကိုယ္ပိုင္ျပဌာန္းခြင့္ အာဏာပိုေပးတာကို ႀကိဳက္တယ္ဆိုေပမယ့္ ဝန္ႀကီးခ်ဳပ္ကိစၥမွာေတာ့ တမ်ဳိး ျဖစ္ေနပါတယ္။
တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ျပည္ေထာင္စုအစိုးရက ခန္႔အပ္တာကို လိုလားသူ (၅၃) ရာခိုင္ႏႈန္း ရိွေနၿပီး မိမိတို႔ဘာသာ ခန္႔အပ္ဖို႔ လိုလားသူက လူနည္းစု (၃၉) ရာခိုင္ႏႈန္း ျဖစ္ေနပါတယ္။ ျပည္သူ႔သေဘာထား ေကာက္ယူတဲ့အခါမွာ တအိမ္တက္ဆင္း လုပ္ရတာမုိ႔ စရိတ္အကုန္အက် မ်ားပါတယ္။ IRI ဟာ ၂၀၁၃ ကစၿပီး ႏို္င္ငံေရးေခါင္းေဆာင္မႈ သင္တန္းေတြ စေပးပါတယ္။ တိုင္းနဲ႔ျပည္နယ္ေတြမွာ အလုပ္ရံု ေဆြးေႏြးပြဲေတြ က်င္းပၿပီး လူေပါင္းတေသာင္းေလာက္ကို သင္တန္းေပးႏုိင္ခဲ့တယ္လို႔ ဆိုပါတယ္။ ျပည္သူ႔အျမင္ကို စစ္တမ္းေကာက္ယူတဲ့ ဓေလ့ဟာ ဒီမိုကေရစီကို ျပဳစုပ်ဳိေထာင္ရာမွာ အေရးႀကီးပါတယ္။
==Unicode==
ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်ရာမှာ တိုင်းသူပြည်သားတွေ နိုင်ငံရေး ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းဟာ အလွန်အရေးကြီးပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအကြောင်း ပြည်သူတွေ ဘယ်လောက်သိသလဲဆိုတဲ့ အချက်ဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ပြည်သူ့သဘောထား လေ့လာတယ်ဆိုတဲ့ ငွေကုန်လူပန်းဖြစ်လို့ ငွေအင်အားကောင်းတဲ့ အဖွဲ့အစည်းတွေကသာ စွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။ ဝါရှင်တန်အခြေစိုက် NDI – National Democratic Institute ကလည်း ငွေကြေးနဲ့ နည်းပညာ ထောက်ပံ့ပြီး ပြည်သူ့သဘောထားလေ့လာဖို့ ကူညီလေ့ ရှိပါတယ်။
ပြည်သူ့သဘောထားကို ခန့်မှန်းနိုင်အောင် အမေရိကန်အခြေစိုက် IRI – International Republican Institute က လွန်ခဲ့တဲ့ နှစ်လယ်မှာ စစ်တမ်းကောက်ယူပါတယ်။ ၂၀၁၄ ကစပြီး IRI က စစ်တမ်းယူနေတာမို့ အခုအကြိမ်ဟာ တတိယမြောက် ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေက အမျိုးသား (၂၀၀၀) နီးပါးနဲ့ အမျိုးသမီး (၂၀၀၀) ကျော် စုစုပေါင်း (၄၀၃၀) ကို တွေ့ဆုံမေးမြန်းပြီး တင်ပြထားခဲ့ပါတယ်။ ရခိုင်မှာ (၆) မြို့နယ်၊ ကချင်မှာ (၂) မြို့နယ်၊ ရှမ်းပြည်နယ်မှာ (၁၃) မြို့နယ်ကိုသာ ပဋိပက္ခ ဖြစ်နေတာမို့ ချန်လှပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တမ်းမှာ မပါသူဟာ (၁) သန်းကျော်သာ ရှိပါတယ်။
၂၀၁၄ စစ်တမ်း၊ ၂၀၁၇ စစ်တမ်းနဲ့ ၂၀၁၉ စစ်တမ်းစတဲ့ ပြည်သူ့သဘောထားစစ်တမ်း (၃) ခုစလုံးမှာ မြန်မာနိုင်ငံဟာ အကောင်းဘက်က လမ်းကြောင်းအမှန်ကို ဦးတည်နေတယ်လို့ ပြည်သူ (၇၅) ရာခိုင်နှုန်းကျော်က ယုံကြည်ကြောင်း သိရပါတယ်။ အဆိုးဘက်လမ်းကြောင်းအမှားကို ဦးတည်နေတယ်လို့ ယုံကြည်သူက (၂၀) ရာခိုင်နှုန်းအောက်မှာ ရှိပါတယ်။ (၈၅) ရာခိုင်နှုန်းကျော် အကောင်းမြင်တဲ့ဒေသတွေဟာ ကယား၊ ကရင်၊ ချင်း၊ ဧရာဝတီနဲ့ မကွေး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေးအခြေအနေကို အလွန်ကောင်းမွန်တယ်လို့ ပြောသူ (၁၀) ရာခိုင်နှုန်းသာရှိပြီး၊ အလွန်ဆိုးတယ်လို့ ယုံကြည်သူ (၉) ရာခိုင်နှုန်း ရှိပါတယ်။ အတော်အသင့်ကောင်းတယ်လို့ တဝက်ကျော် (၅၁) ရာခိုင်နှုန်းက မြင်ပါတယ်။ မိသားစု စီးပွားရေး အလွန်ကောင်းမွန်တယ်လို့ ပြောသူ (၃) ရာခိုင်နှုန်းသာရှိပြီး၊ အတော်အသင့်ကောင်းတယ်လို့ ပြောသူ (၆၇) ရာခိုင်နှုန်း ရှိပါတယ်။ မိသားစု စီးပွားရေးအခြေအနေ အလွန်ဆိုးတယ်လို့ ယုံကြည်သူ (၃၀) ရာခိုင်နှုန်း ရှိပါတယ်။
တိုင်းနဲ့ပြည်နယ်အားလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကို အကြီးဆုံး ပြဿနာအဖြစ် မြင်ကြပါတယ်။ ကချင်၊ ကယား၊ ရခိုင်၊ မန္တလေးနဲ့ နေပြည်တော်မှာ (၉၀) ရာခိုင်နှုန်းကျော်က အလွန်ကြီးမားတဲ့ ပြဿနာအဖြစ် မြင်ကြပါတယ်။ ကျန်ဒေသတွေမှာတော့ ဒီလိုအမြင်ရှိသူ (၈၀) ရာခိုင်နှုန်းကျော် ရှိပါတယ်။ မူးယစ်ဆေးဝါးကို အကြီးဆုံးအန္တရာယ်လို့ ပြည်သူတွေက ယူဆကြပါတယ်။ ဒုတိယအကြီးဆုံး ပြဿနာက ရာဇဝတ်မှု များပြားလာတာ ဖြစ်ပါတယ်။ အစိုးရလုပ်ဆောင်ချက်တွေထဲမှာ လမ်းနဲ့တံတား ဆောက်လုပ်ရေးဟာ လူကြိုက်အများဆုံးဖြစ်ပြီး ပညာရေးအဆင့်မြှင်တင်မှုနဲ့ ကျန်းမာရေးပြုပြင်မှုဟာ ဒုတိယ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။ ရေ၊ လျှပ်စစ်မီး၊ အိုအိမ်မှာလည်း အစိုးရကို လူကြိုက်များပါတယ်။
မေးမြန်းခံရတဲ့ ပြည်သူလူထု အများဆုံး (၇၆) ရာခိုင်နှုန်းက ဒီမိုကရေစီဟာ အကောင်းဆုံး အစိုးရစနစ်ကို ယုံကြည်ကြပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချမှတ်ရာမှာ အရွယ်ရောက်သူတိုင်း ပါဝင်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့ အများစု (၆၂) ရာခိုင်နှုန်းက ယူဆပါတယ်။ သုံးပုံတပုံ (၃၁) ရာခိုင်နှုန်းကတော့ အတော်အသင့်သာ အရေးကြီးတယ်လို့ မြင်ကြပါတယ်။ မေးခွန်းဖြေကြားသူ တဝက်ကျော် (၅၁) ရာခိုင်နှုန်းဟာ နိုင်ငံရေးပါတီကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှ ဆန္ဒမဲပေးသူက (၇၅) ရာခိုင်နှုန်း ရှိပါတယ်။ မဲပေးသူ အများဆုံး (၈၇) ရာခိုင်နှုန်းက ဧရာဝတီတိုင်း ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုတယ်ဆိုတဲ့ အခက်အခဲကို အများစုက မကြိုက်ကြပါဘူး။ အခက်အခဲမရှိဘဲ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးကိုသာ အများစု (၈၀) ရာခိုင်နှုန်းက ထောက်ခံကြတာတွေ့ရပါတယ်။
တိုင်းနဲ့ပြည်နယ်က ထွက်တဲ့သယံဇာတကို ဒေသခံတွေကပဲ စီမံခန့်ခွဲခွင့် ပိုရသင့်တယ်လို့ အများစု (၅၂) ရာခိုင်နှုန်းက မြင်ကြပါတယ်။ ဒါပေမဲ့ နေပြည်တော် (၃၄) ရာခိုင်နှုန်း၊ ပဲခူး (၃၈) ရာခိုင်နှုန်း၊ မန္တလေး (၄၁) ရာခိုင်နှုန်း၊ ဧရာဝတီ (၄၅) ရာခိုင်နှုန်းနဲ့ ရန်ကုန် (၄၆) ရာခိုင်နှုန်းမှာတော့ ထောက်ခံသူက (၅၀) ရာခိုင်နှုန်းအောက်မှာသာ ရှိပါတယ်။ ပြည်နယ်တွေမှာ (၇၀) ရာခိုင်နှုန်းလောက် ထောက်ခံကြတာကို တွေ့ရပါတယ်။ တိုင်းနဲ့ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးသင့်တယ်လို့ မေးမြန်းခံသူ အများစု (၇၀) ရာခိုင်နှုန်းက ယူဆပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာပိုပေးတာကို ကြိုက်တယ်ဆိုပေမယ့် ဝန်ကြီးချုပ်ကိစ္စမှာတော့ တမျိုး ဖြစ်နေပါတယ်။
တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်ထောင်စုအစိုးရက ခန့်အပ်တာကို လိုလားသူ (၅၃) ရာခိုင်နှုန်း ရှိနေပြီး မိမိတို့ဘာသာ ခန့်အပ်ဖို့ လိုလားသူက လူနည်းစု (၃၉) ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ပြည်သူ့သဘောထား ကောက်ယူတဲ့အခါမှာ တအိမ်တက်ဆင်း လုပ်ရတာမို့ စရိတ်အကုန်အကျ များပါတယ်။ IRI ဟာ ၂၀၁၃ ကစပြီး နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းတွေ စပေးပါတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပြီး လူပေါင်းတသောင်းလောက်ကို သင်တန်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့အမြင်ကို စစ်တမ်းကောက်ယူတဲ့ ဓလေ့ဟာ ဒီမိုကရေစီကို ပြုစုပျိုထောင်ရာမှာ အရေးကြီးပါတယ်။