သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္ဘက္အဖြဲ႔အစည္း အခန္းက႑


Lahpai Nang Sam Awng- The Role Of Civil Society Organizations in Women’s Empowerment
အရပ္ဘက္အဖြဲ႔အစည္း အခန္းက႑
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

အရပ္ဘက္အဖြဲ႔အစည္းနဲ႔ ပတ္သက္ၿပီး ေရးသားထားတဲ့ စာအုပ္စာတမ္းေတြ ေတာ္ေတာ္မ်ားမ်ား ရိွပါတယ္။ ဒီမိုကေရစီစနစ္ ျပဳစုပ်ဳိးေထာင္ရာမွာ အေရးႀကီးတာမို႔ အရပ္ဘက္အဖြဲ႔အစည္း ပါဝင္တဲ့ အခန္းက႑ကို အာရံုစိုက္ၾကတာပါ။ ဒါေပမဲ့ အရပ္သားခ်ည္းပါလို႔ အရပ္ဘက္အဖြဲ႔အစည္းလို႔ေခၚတာ မဟုတ္ပါဘူး။ အသက္ေမြးဝမ္းေက်ာင္းအတြက္ စီးပြားေရးလုပ္သူေတြ၊ ကုမၸဏီေတြ၊ ႏိုင္ငံေရးပါတီေတြကို အရပ္သားအဖြဲ႔အစည္းလို႔ မေခၚႏိုင္ပါဘူး။ ကိုယ့္သေဘာ ကိုယ့္ဆႏၵအတိုင္း အရပ္သားေတြ စုေပါင္းဖြဲ႔စည္းထားတဲ့ အသင္းအဖြဲ႔ေတြ ျဖစ္ပါတယ္။ ရပ္ကြက္အသင္းကစၿပီး၊ ပုဂၢလိက NGO ေတြအထိ ပါဝင္ပါတယ္။

ရပ္ကြက္အဖြဲ႔အစည္းေတြဟာ ေစတနာဝန္ထမ္းေတြ ျဖစ္ၾကၿပီး သာေရးနာေရး၊ ဘာသာေရး၊ လူမႈေရးကိစၥေတြ ေဆာင္ရြက္ၾကပါတယ္။ ျမန္မာျပည္မွာ ဒီလိုရပ္ကြက္အဖြဲ႔ေပါင္း ႏွစ္သိန္းေက်ာ္ ရိွႏို္င္တယ္လို႔ အာရွဖြံ႔ၿဖိဳးမႈဘဏ္က ခန္႔မွန္းပါတယ္။ ေဒသခံအရပ္ဘက္အဖြဲ႔အစည္းေတြမွာေတာ့ လခစားဝန္ထမ္းေတြ ပါဝင္ေလ့ရိွၿပီး ႏုိင္ငံတကာ NGO ေတြနဲ႔ ဆက္ထားတတ္ပါတယ္။ အစိုးရဆီမွာ မွတ္ပံုတင္တဲ့အဖြဲ႔ရိွသလို မွတ္ပံုမတင္သူလည္း ရိွပါတယ္။ ဒီလိုအဖြဲ႔ေတြ မ်ားျပားလာတာ မၾကာေသးပါဘူး။

ေဒသခံအရပ္ဘက္အဖြဲ႔အစည္း အေရအတြက္ကို အမ်ဳိးမ်ဳိးခံမွန္းၾကတာ ေတြ႔ရပါတယ္။ ၂၀၀၃ မွာ “ကေလးသူငယ္ ကယ္ဆယ္ေရးအဖြဲ႔အစည္း” က စစ္တမ္းေကာက္ယူတဲ့အခါမွာ ေဒသခံ NGO အဖြဲ႔ (၂၇၀) ရိွတယ္လို႔ ဆိုပါတယ္။ ယိုယြင္းပ်က္စီးလာတဲ့ လူမႈစီးပြားေရး အေျခအေနကို ေကာင္းမြန္ေအာင္လုပ္ဖို႔ အရပ္ဘက္အဖြဲ႔အစည္းေတြ ေပၚထြက္လာတာ ျဖစ္ပါတယ္။ စစ္အစိုးရတက္လာၿပီး မၾကာမီ ၁၉၉၀ ျပည့္လြန္အေစာပိုင္းမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ရပ္စဲလိုက္တာဟာလည္း အရပ္ဘက္အဖြဲ႔အစည္း ေပၚေပါက္ေစတဲ့ အေၾကာင္းတခု ျဖစ္ပါတယ္။ ေမတၱာေဖာင္ေဒးရွင္းနဲ႔ ၿငိမ္းေဖာင္ေဒးရွင္းဟာ ထင္ရွားပါတယ္။ အစိုးရမလုပ္ႏုိင္တဲ့ လူမႈေရးလုပ္ငန္းေတြကို အရပ္သားအဖြဲ႔အစည္းေတြက ဝင္ေရာက္လုပ္ကိုင္ေပးတာပါပဲ။ ရန္ကုန္မွာဆိုရင္ (၂၀၀၁) မွာ ရုပ္ရွင္မင္းသား ဦးေက်ာ္သူ တည္ေထာင္တဲ့ “နာေရးကူညီမႈအသင္း” ဟာ အထင္ရွာဆံုး ျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္ေတြ ဦးစီးတဲ့ အသင္းျဖစ္ေပမယ့္ ဦးေက်ာ္သူကို စံနမူနာယူၿပီး အျခားနာေရးကူညီမႈအသင္းေတြလည္း ေပၚထြက္လာပါတယ္။

၂၀၀၇ သံဃာ့အံုၾကြမႈနဲ႔ ၂၀၀၈ နာဂစ္ေလမုန္တုိင္းကာလမွာ သံဃာနဲ႔ အျခားဘာသာေရးအဖြဲ႔ေတြ ဦးေဆာင္တဲ့ အရပ္သားအသင္းအဖြဲ႔ အမ်ားအျပား ေပၚထြက္လာပါတယ္။ ႏုိင္ငံျခားအကူအညီမပါဘဲ တည္ေထာင္ထားတဲ့ အရပ္သားအဖြဲ႔အစည္းေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ၂၀၀၈ မွာ ေဒသခံ NGO နဲ႔ အျပည္ျပည္ဆိုင္ရာ NGO ေတြ ပူးေပါင္းၿပီး Local Resource Center ေခၚ ဖြံ႔ၿဖိဳးေရးမ႑ိဳင္အဖြဲ႔ တည္ေထာင္ႏိုင္တာဟာ အရပ္ဘက္အဖြဲ႔ေတြအတြက္ အလြန္အက်ဳိးရိွပါတယ္။ နာဂစ္မုန္တိုင္းရဲ ႔ ရလဒ္တခုပါပဲ။ ရန္ကုန္မွာ ဌာနခ်ဳပ္ထားၿပီး မႏၱေလး၊ လာရႈိးနဲ႔ ေမာ္လၿမိဳင္တို႔မွာ ဌာနခြဲေတြ ဖြင့္ထားပါတယ္။ အရပ္ဘက္အဖြဲ႔အစည္း (၆၀၀) ေက်ာ္ရဲ ႔ လုပ္ငန္းေတြကို ညိွႏိႈင္းေဆာင္ရြက္ေပးေနတဲ့ မ႑ိဳင္အဖြဲ႔အစည္း ျဖစ္ပါတယ္။

နာဂစ္မုန္တုိင္းမတုိင္မီကာလမွာ အရပ္ဘက္အဖြဲ႔အစည္း (၃၀) နီးပါး တည္ေထာင္ႏိုင္ခဲ့ၿပီး နာဂစ္နဲ႔ ဦးသိန္းစိန္အစိုးရၾကား (၃) ႏွစ္ကာလမွာ အရပ္ဘက္အသင္းအဖြဲ႔ (၂၀) ေက်ာ္ ေပၚထြက္လာေၾကာင္း သိရပါတယ္။ ဦးသိန္းစိန္အစိုးရေခတ္မွာ အရပ္ဘက္အဖြဲ႔ အမ်ားဆံုး ေပၚထြက္လာပါတယ္။ အစိုးရဖြဲ႔ၿပီး (၃) ႏွစ္အတြင္း အရပ္ဘက္အဖြဲ႔ (၇၅) ဖြဲ႔ ေပၚထြက္လာၿပီး NLD အစိုးရလက္ထက္မွာ (၃၅) ဖြဲ႔ ေပၚထြက္လာေၾကာင္း သိရပါတယ္။ ဒါေပမဲ့ အဖြဲ႔အစည္းတခုအေနနဲ႔ ထိထိေရာက္ေရာက္ မလုပ္ႏိုင္တာေတြလည္း ရိွပါတယ္။ အရပ္ဘက္အဖြဲ႔ တည္ေထာင္ၿပီး မၾကာမီ တည္ေထာင္သူက စိတ္ေျပာင္းၿပီး အျခားစီမံကိန္းမွာ သြားလုပ္တဲ့အတြက္ အဖြဲ႔ဝင္မရိွတဲ့ အရပ္ဘက္အဖြဲ႔နဲ႔ အဖြဲ႔ဝင္ တဦး၊ ႏွစ္ဦးသာရိွတဲ့ အရပ္ဘက္အဖြဲ႔အစည္းစတဲ့ အမည္ခံ အရပ္ဘက္အဖြဲ႔အစည္းေတြလည္း ရိွပါတယ္။

ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၄ ဇူလိုင္လ (၁၈) ရက္ေန႔မွာ အသင္းအဖြဲ႔မ်ား မွတ္ပံုတင္ျခင္းဆိုင္ရာ ဥပေဒကို လႊတ္ေတာ္က ျပဌာန္းပါတယ္။ အဲဒီအရင္က တရားဝင္မွတ္ပံုတင္တဲ့ အဖြဲ႔အစည္း အနည္းငယ္သာ ရိွပါတယ္။ ဒါေပမဲ့ (၂၀၁၅) ေနာက္ပိုင္းမွာ တရားဝင္မွတ္ပံုတင္တဲ့ အရပ္ဘက္အဖြဲ႔ေတြ တိုးပြားလာတယ္လို႔ Paung Sie Facility ရဲ ႔ ၂၀၁၈ စစ္တမ္းမွာ ေဖာ္ျပပါတယ္။ ၂၀၁၁ မတိုင္မီက မွတ္ပံုတင္တဲ့ အဖြဲ႔အစည္း (၂) ခုသာ ရိွေပမယ့္ ဥပေဒျပဌာန္းၿပီးတဲ့ေနာက္ပိုင္းမွာ အဖြဲ႔ေပါင္း (၆၀) ေလာက္ မွတ္ပံုတင္ၾကပါတယ္။

မွတ္ပံုတင္ထားတဲ့ အသင္းအဖြဲ႔ဟာ ႏုိင္ငံေတာ္အစိုးရ၊ ႏိုင္ငံျခားအစိုးရ၊ အစိုးရမဟုတ္တဲ့ႏိုင္ငံတကာ NGO နဲ႔ ပုဂၢလိကအလွဳရွင္ေတြ ေပးအပ္တဲ့ အေထာက္အပံ့ကို လက္ခံရယူပိုင္ခြင့္ ရိွတယ္လို႔ အသင္းအဖြဲ႔မ်ား မွတ္ပံုတင္ဥပေဒ အခန္း (၈) မွာ ေဖာ္ျပထားပါတယ္။ အစိုးရအေနနဲ႔ မလုပ္ႏိုင္တဲ့ အလုပ္ကို တာဝန္ယူလုပ္ကိုင္ၿပီး ဒုကၡေရာက္သူနဲ႔ ဆင္းရဲႏြမ္းပါးသူကို ကူညီတဲ့ေနရာမွာ အရပ္ဘက္အဖြဲ႔ေတြ စြမ္းေဆာင္ႏုိင္တာကို သံသယ ရိွစရာ မလိုပါဘူး။ အရပ္ဘက္အဖြဲ႔ဝင္ေတြ လုပ္ရည္ကိုင္ရည္ ေကာင္းလာေအာင္ ကုလသမဂၢနဲ႔ အျပည္ျပည္ဆိုင္ရာတို႔က အကူအညီေပးေနပါတယ္။


==Unicode==

အရပ်ဘက်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ တော်တော်များများ ရှိပါတယ်။ ဒီမိုကရေစီစနစ် ပြုစုပျိုးထောင်ရာမှာ အရေးကြီးတာမို့ အရပ်ဘက်အဖွဲ့အစည်း ပါဝင်တဲ့ အခန်းကဏ္ဍကို အာရုံစိုက်ကြတာပါ။ ဒါပေမဲ့ အရပ်သားချည်းပါလို့ အရပ်ဘက်အဖွဲ့အစည်းလို့ခေါ်တာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားရေးလုပ်သူတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံရေးပါတီတွေကို အရပ်သားအဖွဲ့အစည်းလို့ မခေါ်နိုင်ပါဘူး။ ကိုယ့်သဘော ကိုယ့်ဆန္ဒအတိုင်း အရပ်သားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ ရပ်ကွက်အသင်းကစပြီး၊ ပုဂ္ဂလိက NGO တွေအထိ ပါဝင်ပါတယ်။

ရပ်ကွက်အဖွဲ့အစည်းတွေဟာ စေတနာဝန်ထမ်းတွေ ဖြစ်ကြပြီး သာရေးနာရေး၊ ဘာသာရေး၊ လူမှုရေးကိစ္စတွေ ဆောင်ရွက်ကြပါတယ်။ မြန်မာပြည်မှာ ဒီလိုရပ်ကွက်အဖွဲ့ပေါင်း နှစ်သိန်းကျော် ရှိနိုင်တယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ်က ခန့်မှန်းပါတယ်။ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေမှာတော့ လခစားဝန်ထမ်းတွေ ပါဝင်လေ့ရှိပြီး နိုင်ငံတကာ NGO တွေနဲ့ ဆက်ထားတတ်ပါတယ်။ အစိုးရဆီမှာ မှတ်ပုံတင်တဲ့အဖွဲ့ရှိသလို မှတ်ပုံမတင်သူလည်း ရှိပါတယ်။ ဒီလိုအဖွဲ့တွေ များပြားလာတာ မကြာသေးပါဘူး။

ဒေသခံအရပ်ဘက်အဖွဲ့အစည်း အရေအတွက်ကို အမျိုးမျိုးခံမှန်းကြတာ တွေ့ရပါတယ်။ ၂၀၀၃ မှာ “ကလေးသူငယ် ကယ်ဆယ်ရေးအဖွဲ့အစည်း” က စစ်တမ်းကောက်ယူတဲ့အခါမှာ ဒေသခံ NGO အဖွဲ့ (၂၇၀) ရှိတယ်လို့ ဆိုပါတယ်။ ယိုယွင်းပျက်စီးလာတဲ့ လူမှုစီးပွားရေး အခြေအနေကို ကောင်းမွန်အောင်လုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ စစ်အစိုးရတက်လာပြီး မကြာမီ ၁၉၉၀ ပြည့်လွန်အစောပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲလိုက်တာဟာလည်း အရပ်ဘက်အဖွဲ့အစည်း ပေါ်ပေါက်စေတဲ့ အကြောင်းတခု ဖြစ်ပါတယ်။ မေတ္တာဖောင်ဒေးရှင်းနဲ့ ငြိမ်းဖောင်ဒေးရှင်းဟာ ထင်ရှားပါတယ်။ အစိုးရမလုပ်နိုင်တဲ့ လူမှုရေးလုပ်ငန်းတွေကို အရပ်သားအဖွဲ့အစည်းတွေက ဝင်ရောက်လုပ်ကိုင်ပေးတာပါပဲ။ ရန်ကုန်မှာဆိုရင် (၂၀၀၁) မှာ ရုပ်ရှင်မင်းသား ဦးကျော်သူ တည်ထောင်တဲ့ “နာရေးကူညီမှုအသင်း” ဟာ အထင်ရှာဆုံး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဦးစီးတဲ့ အသင်းဖြစ်ပေမယ့် ဦးကျော်သူကို စံနမူနာယူပြီး အခြားနာရေးကူညီမှုအသင်းတွေလည်း ပေါ်ထွက်လာပါတယ်။

၂၀၀၇ သံဃာ့အုံကြွမှုနဲ့ ၂၀၀၈ နာဂစ်လေမုန်တိုင်းကာလမှာ သံဃာနဲ့ အခြားဘာသာရေးအဖွဲ့တွေ ဦးဆောင်တဲ့ အရပ်သားအသင်းအဖွဲ့ အများအပြား ပေါ်ထွက်လာပါတယ်။ နိုင်ငံခြားအကူအညီမပါဘဲ တည်ထောင်ထားတဲ့ အရပ်သားအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ မှာ ဒေသခံ NGO နဲ့ အပြည်ပြည်ဆိုင်ရာ NGO တွေ ပူးပေါင်းပြီး Local Resource Center ခေါ် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ တည်ထောင်နိုင်တာဟာ အရပ်ဘက်အဖွဲ့တွေအတွက် အလွန်အကျိုးရှိပါတယ်။ နာဂစ်မုန်တိုင်းရဲ့ ရလဒ်တခုပါပဲ။ ရန်ကုန်မှာ ဌာနချုပ်ထားပြီး မန္တလေး၊ လာရှိုးနဲ့ မော်လမြိုင်တို့မှာ ဌာနခွဲတွေ ဖွင့်ထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်း (၆၀၀) ကျော်ရဲ့ လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ မဏ္ဍိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းမတိုင်မီကာလမှာ အရပ်ဘက်အဖွဲ့အစည်း (၃၀) နီးပါး တည်ထောင်နိုင်ခဲ့ပြီး နာဂစ်နဲ့ ဦးသိန်းစိန်အစိုးရကြား (၃) နှစ်ကာလမှာ အရပ်ဘက်အသင်းအဖွဲ့ (၂၀) ကျော် ပေါ်ထွက်လာကြောင်း သိရပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်မှာ အရပ်ဘက်အဖွဲ့ အများဆုံး ပေါ်ထွက်လာပါတယ်။ အစိုးရဖွဲ့ပြီး (၃) နှစ်အတွင်း အရပ်ဘက်အဖွဲ့ (၇၅) ဖွဲ့ ပေါ်ထွက်လာပြီး NLD အစိုးရလက်ထက်မှာ (၃၅) ဖွဲ့ ပေါ်ထွက်လာကြောင်း သိရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတခုအနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်တာတွေလည်း ရှိပါတယ်။ အရပ်ဘက်အဖွဲ့ တည်ထောင်ပြီး မကြာမီ တည်ထောင်သူက စိတ်ပြောင်းပြီး အခြားစီမံကိန်းမှာ သွားလုပ်တဲ့အတွက် အဖွဲ့ဝင်မရှိတဲ့ အရပ်ဘက်အဖွဲ့နဲ့ အဖွဲ့ဝင် တဦး၊ နှစ်ဦးသာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းစတဲ့ အမည်ခံ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ဇူလိုင်လ (၁၈) ရက်နေ့မှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို လွှတ်တော်က ပြဌာန်းပါတယ်။ အဲဒီအရင်က တရားဝင်မှတ်ပုံတင်တဲ့ အဖွဲ့အစည်း အနည်းငယ်သာ ရှိပါတယ်။ ဒါပေမဲ့ (၂၀၁၅) နောက်ပိုင်းမှာ တရားဝင်မှတ်ပုံတင်တဲ့ အရပ်ဘက်အဖွဲ့တွေ တိုးပွားလာတယ်လို့ Paung Sie Facility ရဲ့ ၂၀၁၈ စစ်တမ်းမှာ ဖော်ပြပါတယ်။ ၂၀၁၁ မတိုင်မီက မှတ်ပုံတင်တဲ့ အဖွဲ့အစည်း (၂) ခုသာ ရှိပေမယ့် ဥပဒေပြဌာန်းပြီးတဲ့နောက်ပိုင်းမှာ အဖွဲ့ပေါင်း (၆၀) လောက် မှတ်ပုံတင်ကြပါတယ်။

မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့ဟာ နိုင်ငံတော်အစိုးရ၊ နိုင်ငံခြားအစိုးရ၊ အစိုးရမဟုတ်တဲ့နိုင်ငံတကာ NGO နဲ့ ပုဂ္ဂလိကအလှုရှင်တွေ ပေးအပ်တဲ့ အထောက်အပံ့ကို လက်ခံရယူပိုင်ခွင့် ရှိတယ်လို့ အသင်းအဖွဲ့များ မှတ်ပုံတင်ဥပဒေ အခန်း (၈) မှာ ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့ မလုပ်နိုင်တဲ့ အလုပ်ကို တာဝန်ယူလုပ်ကိုင်ပြီး ဒုက္ခရောက်သူနဲ့ ဆင်းရဲနွမ်းပါးသူကို ကူညီတဲ့နေရာမှာ အရပ်ဘက်အဖွဲ့တွေ စွမ်းဆောင်နိုင်တာကို သံသယ ရှိစရာ မလိုပါဘူး။ အရပ်ဘက်အဖွဲ့ဝင်တွေ လုပ်ရည်ကိုင်ရည် ကောင်းလာအောင် ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာတို့က အကူအညီပေးနေပါတယ်။

XS
SM
MD
LG