စစ္အစိုးရစီစဥ္တဲ့ အထက္-ေအာက္အသြင္ေျပာင္းမႈကို ဒီမိုကေရစီအသြင္ကူးေျပာင္းမႈကို ယံုၾကည္တာဟာ အထင္မွား-အျမင္မွား ျဖစ္ေစတယ္လို႔ ယံုၾကည္သူေတြ ရိွပါတယ္။ စစ္အုပ္စု အက်ဳိးစီးပြားကာကြယ္တဲ့ နည္းလမ္းနဲ႔ စီမံထားတဲ့ ျပဳျပင္ေျပာင္းလဲေရး ျဖစ္တာမို႔ အရပ္ဘက္အသင္းအဖြဲ႔ ရွင္သန္တိုးတက္ေရးကို ထိခိုက္ေစတယ္လို႔ လန္ဒန္ Goldsmith တကၠသိုလ္ကထိက David Brenner နဲ႔ ဆီြဒင္ႏိုင္ငံ Lund တကၠသိုလ္က သုေတသီ Sarah Schulman တို႔က သံုးသပ္ပါတယ္။ ဒီမိုကေရစီဓေလ့ကို ျပဳစုပ်ဳိေထာင္ရာမွာ အရပ္ဘက္အဖြဲ႔အစည္းေတြဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ပါတယ္။
အမ်ားအက်ဳိးကို ထမ္းေဆာင္ၾကရာမွာ အရပ္ဘက္အသင္းအဖြဲ႔ဟာ တဦးခ်င္းအေနနဲ႔ေရာ အုပ္စုအေနနဲ႔ေရာ ပါဝင္ၾကပါတယ္။ ဒါေၾကာင့္ လူသားခ်င္းစာနာေရး၊ လူ႔အခြင့္အေရး၊ ဆင္းရဲမႈေလ်ာ့ပါးေရး စတာေတြကို အေကာင္အထည္ေဖာ္ရာမွာ အရပ္ဘက္အဖြဲ႔ေတြဟာ အေရးႀကီးပါတယ္။ ျမန္မာျပည္မွာ ျပဳျပင္ေရးလုပ္လို႔ အရပ္သားဘက္အဖြဲ႔ေတြ မ်ားျပားလာသလို အစြန္းေရာက္ဂိုဏ္းေတြလည္း ေပၚထြက္လာပါတယ္။ မြတ္စလင္ ဆန္႔က်င္ေရးကစၿပီး တိုင္းရင္းသားအုပ္စု ပဋိပကၡျဖစ္တဲ့အထိ အၾကမ္းဖက္မႈ တိုးပြားလာတာဟာ စစ္တပ္ရဲ ႔ ႀကီးၾကပ္အုပ္ထိန္းမႈ တိုးျမွင့္ဖို႔ ေတာင္းဆိုသလို ျဖစ္ေနပါတယ္။
ရွစ္ေလးလံုးအံုၾကြမႈကို စစ္တပ္ကၿဖိဳခြင္းလိုက္ၿပီး ၁၉၉၀ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္မျပဳတဲ့အခါမွာ NLD ပါတီဝင္၊ NLD ေထာက္ခံသူ၊ ေက်ာင္းသူေက်ာင္းသားနဲ႔ ႏုိင္ငံေရးလႈပ္ရွားသူေတြဟာ ထိုင္း-ျမန္မာနယ္စပ္မွာ ခိုလံႈၾကပါတယ္။ သူတုိ႔တည္ေထာင္တဲ့ အရပ္ဘက္အဖြဲ႔ေတြကို အျပည္ျပည္ဆိုင္ရာက ရန္ပံုေငြေထာက္ပံ့ပါတယ္။ ဒီအထဲမွာ အမ်ဳိးသမီးလႈပ္ရွားမႈဟာ ထင္ရွားပါတယ္။ ဒါေပမဲ့ ဦးသိန္းစိန္အစိုးရက အသြင္ကူးေျပာင္းေရးလုပ္တဲ့အခါ ႏုိင္ငံတကာအလွဳရွင္ေတြဟာ အစိုးရနဲ႔ တိုက္ရိုက္ဆက္သြယ္ၿပီး၊ နယ္စပ္က အရပ္ဘက္အသင္းအဖြဲ႔ေတြကို ေထာက္ပံ့ေလ်ာ့ခ်လာပါတယ္။ ဒါေၾကာင့္ ျပည္တြင္းကိုေရႊ ႔ေျပာင္းရတဲ့ အသင္းအဖြဲ႔ ရိွလာသလို၊ ပိတ္ပစ္လိုက္ရတာေတြလည္း ရိွပါတယ္။ ထိုင္း-ျမန္မာနယ္စပ္မွာ တည္ေထာင္တဲ့ အရပ္ဘက္အဖြဲ႔ေတြဟာ အေတြ႔အႀကံဳရင္က်က္တဲ့ အသင္းအဖြဲ႔ျဖစ္လို႔ လူ႔ေဘာင္သစ္တည္ေဆာက္ရာမွာ အေရးႀကီးတယ္လို႔ ဆုိပါတယ္။
တိုင္းရင္းသားအရပ္ဘက္အဖြဲ႔အစည္းေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ ဖယ္ဒရယ္စနစ္ က်င့္သံုးေရးကို အာရံုစိုက္ၾကေပမယ့္ ရန္ကုန္အေျခစိုက္ အရပ္သားအဖြဲ႔ေတြကေတာ့ ဒီမိုကေရစီအေရး၊ တိုးတက္ဖြံ႔ၿဖိဳးေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို အဓိကထားၾကပါတယ္။ ၿမိဳ ႔ေနအရပ္ဘက္အဖြဲ႔ေတြဟာ အစိုးရခ်ဳပ္ကိုင္မႈနဲ႔ နီးနီးကပ္ကပ္ေနၾကရၿပီး ထိုင္းနယ္စပ္က အရပ္ဘက္အဖြဲ႔အစည္းေတြကေတာ့ ေဒသခံလူထုကို ကိုယ္စားျပဳတာမို႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကိုလည္း စိတ္ဝင္စားၾကပါတယ္။ ဒီအရပ္ဘက္အဖြဲ႔ေတြဟာ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ နားလည္မႈယူၿပီး ျပည္သူ႔အက်ဳိးသယ္ပိုးၾကပါတယ္။ ဒါေပမဲ့ နယ္စပ္ေဒသအထိ တပ္မေတာ္က တပ္ျဖန္႔လာတဲ့အခါမွာ ျပႆနာ ရိွလာပါတယ္။
ထိုင္း-ျမန္မာနယ္စပ္ေဒသဟာ အရပ္ဘက္အသင္းအဖြဲ႔ အမ်ားစုရိွရာေဒသ ျဖစ္ပါတယ္။ တိုင္းရင္းသားအဖြဲ႔အစည္းလည္း မ်ားပါတယ္။ ဒီအထဲမွာ ကရင္အရပ္သားအဖြဲ႔အစည္းေတြဟာ ထင္ရွားၿပီး အျပည္ျပည္ဆိုင္ရာရဲ ႔ အကူအညီ ရရိွၾကပါတယ္။ တိုင္းရင္းသားအသင္းအဖြဲ႔ေတြကို သူတုိ႔အုပ္စုနဲ႔ခြဲျခားလို႔ မရပါဘူး။ သူတို႔ဟာ လက္နက္ကိုင္ပဋိပကၡနဲ႔ေရာ ႏိုင္ငံတကာအကူအညီနဲ႔ေရာ ဆက္စပ္ေနပါတယ္။ KNU လို လက္နက္ကိုင္အဖြဲ႔ဟာ ေဒသခံလူ႔အဖြဲ႔အစည္းမွာ အေျခခံပါတယ္။ ႏိုင္ငံေရး၊ လူမႈေရး၊ အုပ္ခ်ဳပ္ေရး စတာေတြ အျပန္အလွန္ ဆက္စပ္ေနပါတယ္။ ပညာေရးနဲ႔ လူမႈေရးမွာ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ တုိင္းရင္းသားအရပ္ဘက္အဖြဲ႔ ပူးေပါင္းၿပီး ေဒသခံအက်ဳိး သယ္ပိုးတာေတြ ရိွပါတယ္။ ဒီမိုကေရစီသမားေတြ တည္ေထာင္တဲ့ သတင္းမီဒီယာအမ်ားစုဟာ နယ္စပ္မွာက ေမြးထုတ္လာတာ ျဖစ္ပါတယ္။
ကခ်င္ျပည္နယ္မွာဆိုရင္ အိုးအိမ္မဲ့ျဖစ္သြားတဲ့ ဒုကၡသည္ေတြကိုလည္း အရပ္ဘက္အဖြဲ႔ေတြက ကူညီေစာင့္ေရွာက္ပါတယ္။ နယ္စပ္ႏုိင္ငံေရးနဲ႔ တိုင္းရင္းသားအေရးကို ခြဲျခားသံုးသပ္လို႔ မရပါဘူး။ ဒါေပမဲ့ နယ္စပ္ေဒသက အရပ္ဘက္အဖြဲ႔ေတြကို တိုင္းရင္းသားလက္နက္ကိုင္ရဲ ႔ ကိုယ္စားလွယ္အျဖစ္ သတ္မွတ္လို႔ မရပါဘူး။ တိုင္းရင္းသားလက္နက္ကိုင္ေတြ သယံဇာတ တူးေဖာ္ေရးမွာ ပါဝင္ေနတာကို အရပ္သားအဖြဲ႔ေတြက ေဝဖန္ရႈတ္ခ်ၾကပါတယ္။ KNU နဲ႔ အပစ္အခတ္ရပ္စဲၿပီးတဲ့ေနာက္ပိုင္းမွာ ကရင္ျပည္သူလူထုအေျခအေန ပိုမိုဆိုးဝါးလာတာကို ကရင္အရပ္ဘက္အဖြဲ႔ေတြက မွတ္တမ္းတင္ထားပါတယ္။
ထိုင္းနယ္စပ္အေျခစိုက္ အရပ္ဘက္အဖြဲ႔အစည္းေတြဟာ ႏုိင္ငံျခားေထာက္ပံ့မႈ ရရိွတဲ့အတြက္ လုပ္ငန္းမ်ဳိးစံုကို ေအာင္ျမင္စြာ လုပ္ကိုင္ႏုိင္တာ ျဖစ္ပါတယ္။ အရပ္ဘက္အဖြဲ႔အစည္းကို ၾကားေနသူအျဖစ္ သတ္မွတ္တာေၾကာင့္ အျပည္ျပည္ဆိုင္ရာက ေထာက္ပံ့တာ ျဖစ္ပါတယ္။ NLD အစိုးရ တက္လာတဲ့အခါ အရပ္ဘက္အဖြဲ႔ေတြရဲ ႔ လုပ္ပိုင္ခြင့္ က်ဥ္းေျမာင္းသြားပါတယ္။ တာဝန္သိၿပီး ပြင့္လင္းတဲ့ အစိုးရေပၚေပါက္ေရးမွာ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ ႔ အခန္းက႑ဟာ အလြန္အေရးႀကီးပါတယ္။
==Unicode==
စစ်အစိုးရစီစဉ်တဲ့ အထက်-အောက်အသွင်ပြောင်းမှုကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ယုံကြည်တာဟာ အထင်မှား-အမြင်မှား ဖြစ်စေတယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ စစ်အုပ်စု အကျိုးစီးပွားကာကွယ်တဲ့ နည်းလမ်းနဲ့ စီမံထားတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်တာမို့ အရပ်ဘက်အသင်းအဖွဲ့ ရှင်သန်တိုးတက်ရေးကို ထိခိုက်စေတယ်လို့ လန်ဒန် Goldsmith တက္ကသိုလ်ကထိက David Brenner နဲ့ ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်က သုတေသီ Sarah Schulman တို့က သုံးသပ်ပါတယ်။ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုထောင်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အများအကျိုးကို ထမ်းဆောင်ကြရာမှာ အရပ်ဘက်အသင်းအဖွဲ့ဟာ တဦးချင်းအနေနဲ့ရော အုပ်စုအနေနဲ့ရော ပါဝင်ကြပါတယ်။ ဒါကြောင့် လူသားချင်းစာနာရေး၊ လူ့အခွင့်အရေး၊ ဆင်းရဲမှုလျော့ပါးရေး စတာတွေကို အကောင်အထည်ဖော်ရာမှာ အရပ်ဘက်အဖွဲ့တွေဟာ အရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြုပြင်ရေးလုပ်လို့ အရပ်သားဘက်အဖွဲ့တွေ များပြားလာသလို အစွန်းရောက်ဂိုဏ်းတွေလည်း ပေါ်ထွက်လာပါတယ်။ မွတ်စလင် ဆန့်ကျင်ရေးကစပြီး တိုင်းရင်းသားအုပ်စု ပဋိပက္ခဖြစ်တဲ့အထိ အကြမ်းဖက်မှု တိုးပွားလာတာဟာ စစ်တပ်ရဲ့ ကြီးကြပ်အုပ်ထိန်းမှု တိုးမြှင့်ဖို့ တောင်းဆိုသလို ဖြစ်နေပါတယ်။
ရှစ်လေးလုံးအုံကြွမှုကို စစ်တပ်ကဖြိုခွင်းလိုက်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတဲ့အခါမှာ NLD ပါတီဝင်၊ NLD ထောက်ခံသူ၊ ကျောင်းသူကျောင်းသားနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံကြပါတယ်။ သူတို့တည်ထောင်တဲ့ အရပ်ဘက်အဖွဲ့တွေကို အပြည်ပြည်ဆိုင်ရာက ရန်ပုံငွေထောက်ပံ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီးလှုပ်ရှားမှုဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရက အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ နိုင်ငံတကာအလှုရှင်တွေဟာ အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး၊ နယ်စပ်က အရပ်ဘက်အသင်းအဖွဲ့တွေကို ထောက်ပံ့လျော့ချလာပါတယ်။ ဒါကြောင့် ပြည်တွင်းကိုရွှေ့ပြောင်းရတဲ့ အသင်းအဖွဲ့ ရှိလာသလို၊ ပိတ်ပစ်လိုက်ရတာတွေလည်း ရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ တည်ထောင်တဲ့ အရပ်ဘက်အဖွဲ့တွေဟာ အတွေ့အကြုံရင်ကျက်တဲ့ အသင်းအဖွဲ့ဖြစ်လို့ လူ့ဘောင်သစ်တည်ဆောက်ရာမှာ အရေးကြီးတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်စနစ် ကျင့်သုံးရေးကို အာရုံစိုက်ကြပေမယ့် ရန်ကုန်အခြေစိုက် အရပ်သားအဖွဲ့တွေကတော့ ဒီမိုကရေစီအရေး၊ တိုးတက်ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားကြပါတယ်။ မြို့နေအရပ်ဘက်အဖွဲ့တွေဟာ အစိုးရချုပ်ကိုင်မှုနဲ့ နီးနီးကပ်ကပ်နေကြရပြီး ထိုင်းနယ်စပ်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဒေသခံလူထုကို ကိုယ်စားပြုတာမို့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း စိတ်ဝင်စားကြပါတယ်။ ဒီအရပ်ဘက်အဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နားလည်မှုယူပြီး ပြည်သူ့အကျိုးသယ်ပိုးကြပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသအထိ တပ်မတော်က တပ်ဖြန့်လာတဲ့အခါမှာ ပြဿနာ ရှိလာပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသဟာ အရပ်ဘက်အသင်းအဖွဲ့ အများစုရှိရာဒေသ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းလည်း များပါတယ်။ ဒီအထဲမှာ ကရင်အရပ်သားအဖွဲ့အစည်းတွေဟာ ထင်ရှားပြီး အပြည်ပြည်ဆိုင်ရာရဲ့ အကူအညီ ရရှိကြပါတယ်။ တိုင်းရင်းသားအသင်းအဖွဲ့တွေကို သူတို့အုပ်စုနဲ့ခွဲခြားလို့ မရပါဘူး။ သူတို့ဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ရော နိုင်ငံတကာအကူအညီနဲ့ရော ဆက်စပ်နေပါတယ်။ KNU လို လက်နက်ကိုင်အဖွဲ့ဟာ ဒေသခံလူ့အဖွဲ့အစည်းမှာ အခြေခံပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စတာတွေ အပြန်အလှန် ဆက်စပ်နေပါတယ်။ ပညာရေးနဲ့ လူမှုရေးမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်းရင်းသားအရပ်ဘက်အဖွဲ့ ပူးပေါင်းပြီး ဒေသခံအကျိုး သယ်ပိုးတာတွေ ရှိပါတယ်။ ဒီမိုကရေစီသမားတွေ တည်ထောင်တဲ့ သတင်းမီဒီယာအများစုဟာ နယ်စပ်မှာက မွေးထုတ်လာတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် အိုးအိမ်မဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေကိုလည်း အရပ်ဘက်အဖွဲ့တွေက ကူညီစောင့်ရှောက်ပါတယ်။ နယ်စပ်နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကို ခွဲခြားသုံးသပ်လို့ မရပါဘူး။ ဒါပေမဲ့ နယ်စပ်ဒေသက အရပ်ဘက်အဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် သတ်မှတ်လို့ မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ သယံဇာတ တူးဖော်ရေးမှာ ပါဝင်နေတာကို အရပ်သားအဖွဲ့တွေက ဝေဖန်ရှုတ်ချကြပါတယ်။ KNU နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ကရင်ပြည်သူလူထုအခြေအနေ ပိုမိုဆိုးဝါးလာတာကို ကရင်အရပ်ဘက်အဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။
ထိုင်းနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေဟာ နိုင်ငံခြားထောက်ပံ့မှု ရရှိတဲ့အတွက် လုပ်ငန်းမျိုးစုံကို အောင်မြင်စွာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းကို ကြားနေသူအဖြစ် သတ်မှတ်တာကြောင့် အပြည်ပြည်ဆိုင်ရာက ထောက်ပံ့တာ ဖြစ်ပါတယ်။ NLD အစိုးရ တက်လာတဲ့အခါ အရပ်ဘက်အဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် ကျဉ်းမြောင်းသွားပါတယ်။ တာဝန်သိပြီး ပွင့်လင်းတဲ့ အစိုးရပေါ်ပေါက်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။