သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္စစ္ပြဲနဲ႔ အရပ္ဘက္အဖြဲ႔မ်ား


People work near their residence at their Je Yang Internally Displaced Persons (IDP) camp at the headquarters of KIA in Laiza, a border town of China and Myanmar, Kachin State, Myanmar, Tuesday, Oct. 29, 2013. From 1961 until 1994, the KIA fought a grueling and inconclusive war a
ကခ်င္စစ္ပြဲနဲ႔ အရပ္ဘက္အဖြဲ႔မ်ား
please wait

No media source currently available

0:00 0:05:24 0:00
တိုက္႐ိုက္ လင့္ခ္

ေနျပည္ေတာ္အစိုးရ ဦးေဆာင္ၿပီး ျပဳျပင္ေျပာင္းလဲေရးလုပ္တဲ့ (၂၀၁၁) ကစၿပီး ကခ်င္ျပည္နယ္မွာ ျပန္လည္ပစ္ခတ္ၾကတာျဖစ္လို႔ ကိုးႏွစ္ ရိွသြားပါၿပီ။ စစ္ေျပးဒုကၡသည္ကလည္း (၁) သိန္းေက်ာ္ေနပါၿပီ။ သူတို႔ကို ကူညီေနသူဟာ ကခ်င္အရပ္ဘက္ အဖြဲ႔အစည္းေတြ ျဖစ္ပါတယ္။ စစ္အစိုိးရနဲ႔ (၁၇) ႏွစ္ၾကာ၊ အပစ္ရပ္ထားၿပီးမွ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျပန္လည္ပစ္ခတ္တာ ျဖစ္ပါတယ္။ စစ္အစိုးရနဲ႔ (၁၇) ႏွစ္ၾကာ အပစ္ရပ္ထားၿပီးမွ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျပန္လည္ပစ္ခတ္တာ ျဖစ္ပါတယ္။ စစ္ေျပးဒုကၡသည္ ေစာင့္ေရွာက္ေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး လန္ဒန္အေျခစိုက္ လူ႔အက်ဳိးေဆာင္အဖြဲ႔ Humanitarian Policy Group နဲ႔ ခ်င္းမိုင္တကၠသိုလ္သုေတသီ Ashley South တို႔က ကြင္းဆင္းေလ့လာၿပီး စာတမ္းေရးထားပါတယ္။

ကခ်င္ပဋိပကၡမွာ လူသားခ်င္းစာနာမႈဥပေဒကိုေရာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးဥပေဒကိုေရာ ခ်ဳိးေဖာက္ၾကတာ ေတြ႔ရတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးရံုးနဲ႔ Amnesty လူ႔အခြင့္အေရးအဖြဲ႔တုိ႔က ဆုိပါတယ္။ ထင္သလို ဖမ္းဆီးႏိွပ္စက္မႈ၊ သတ္ျဖတ္မႈ၊ အဓမၼေစခိုင္းမႈ၊ ေက်းရြာေတြကို ပစ္ခတ္မႈ၊ လူသားအက်ဳိးေဆာင္လုပ္ငန္း မလုပ္ႏိုင္ေအာင္ ဟန္႔တားမႈ၊ ေျမယာသိမ္းပိုက္မႈ စတာေတြ ျဖစ္ပြားေနတယ္လို႔ ဆိုပါတယ္။ KIA ကခ်င္တပ္ဖြဲ႔ကလည္း သတ္ျဖတ္တာနဲ႔ အဓမၼစစ္သား စုေဆာင္းတာေတြ လုပ္တတ္ေပမယ့္ ေဒသခံနဲ႔ အရပ္ဘက္အဖြဲ႔ေတြကိုေတာ့ ကူညီေစာင့္ေရွာက္သူအျဖစ္ ျမင္ၾကပါတယ္။

KIA ကခ်င္တပ္ဖြဲ႔ ထိန္းခ်ဳပ္တဲ့ေနရာက စစ္ေျပးဒုကၡသည္ေတြကို လံုၿခံဳတဲ့စစ္ေရွာင္စခန္းေတြကို ပို႔ေဆာင္ရာမွာ အရပ္ဘက္အဖြဲ႔အစည္းနဲ႔ ခရစ္ယာန္ဓမၼဆရာေတြဟာ အေရးႀကီးတဲ့အခန္းက ပါဝင္ၾကပါတယ္။ အထူးသျဖင့္ တပ္မေတာ္နယ္ေျမနဲ႔ KIA နယ္ေျမၾကား ဝင္ထြက္သြားလာတဲ့အခါမွာ ဓမၼဆရာေတြက အေရးပါပါတယ္။ ဓမၼဆရာကို ခရစ္ယာန္ဘုန္းႀကီးအျဖစ္ သတ္မွတ္ၾကတာမို႔ အစိုးရအရာထမ္းနဲ႔ တပ္မေတာ္ကေရာ ရိုေသေလးစားၾကတဲ့အတြက္ ပဋိပကၡေဒသေတြမွာ သြားလာႏို္င္တာ ျဖစ္ပါတယ္။ စစ္ေရွာင္စခန္းမွာ စာသင္ေပးခ်င္သူေတြနဲ႔ ကူညီခ်င္သူေတြကိုလည္း ဓမၼဆရာေတြကပဲ စီစဥ္ေပးပါတယ္။ ေဒသဆိုင္ရာအေျခအေနနဲ႔ သင့္ေတာ္တဲ့ အစီအစဥ္ေတြကို အရပ္ဘက္အဖြဲ႔ေတြက အေကာင္အထည္္ေဖာ္ေပးၾကပါတယ္။ ပညာေရး၊ က်န္းမာေရးနဲ႔ ဥပေဒေရးရာေတြ ပါဝင္ပါတယ္။

စစ္ေရွာင္ျပည္သူအမ်ားစုဟာ လယ္ယာစိုက္ပ်ဳိးသူေတြ ျဖစ္ပါတယ္။ ရိုးရာအစဥ္အလာအရ ပိုင္ဆိုင္သူေတြရိွသလို၊ နားလည္မႈနဲ႔ ဝယ္ထားသူလည္း ရိွပါတယ္။ ေနရပ္ကို စြန္႔ခြါရတဲ့ စစ္ေရွာင္ျဖစ္သြားတဲ့အခါမွာ ေျမယာေတြကိုပါ စြန္႔ခြါခဲ့ရပါတယ္။ စစ္ေရွာင္ေတြရဲ ႔ လယ္ယာေျမေနရာမွာ တရုတ္ကုမၸဏီနဲ႔ တပ္မေတာ္နဲ႔ ပတ္သက္သူေတြက ဝင္ေရာက္အေျခစိုက္ၾကပါတယ္။ ရိုးရာဓေလ့အရ ထြန္ယက္စိုက္ပ်ဳိးၾကသူေတြမွာ ေျမယာပိုင္ဆုိိင္မႈ အေထာက္အထား စာရြက္စာတမ္း မရိွတာမ်ားပါတယ္။ ဒါကိုအခြင့္ေကာင္းယူၿပီး ရြာေျမကို စစ္တပ္ပိုင္ျဖစ္ေအာင္ အသြင္းေျပာင္းလိုက္ပါတယ္။ လမ္းပန္းဆက္သြယ္ေရးမွာလည္း စစ္တပ္ရဲ ႔ စစ္ေဆးေရးဂိတ္ေတြေၾကာင့္ အခက္အခဲ ရိွပါတယ္။ ဒါေၾကာင့္ စစ္ေရွာင္စခန္းက ျပည္သူေတြဟာ သူတို႔ပိုင္တဲ့ေျမယာ တပ္မေတာ္လက္ထဲ ေရာက္သြားတာကို မသိတာမ်ားပါတယ္။

စစ္ေရွာင္ျပည္သူေတြအားလံုး ေနရပ္ဇာတိျပန္ခ်င္တယ္လို႔ ယူဆလို႔ မရပါဘူး။ ေနရပ္ကိုစြန္႔ခြါတဲ့အခ်ိန္ ၾကာေညာင္းလာၿပီး အရပ္ဘက္အဖြဲ႔ေတြ ေကာင္းမႈေၾကာင့္ စစ္ေရွာင္စခန္းေတြမွာ စားဝတ္ေနေရးနဲ႔ ပညာေရး အဆင္ေျပလာတာမ်ဳိး ရိွပါတယ္။ အဲဒီအခါမွာ ကိုယ္ထူကိုယ္ထ ဆင္းရဲၾကတဲ့ ေနရပ္ဇာတိကို ျပန္ခ်င္ေတာ့မယ္ မဟုတ္ပါဘူး။ မူရင္းေနရပ္မွာ ေျမယာပိုင္ဆိုင္မႈ ျပႆနာေတြ ရိွေနေပမယ့္ အစိုးရကေတာ့ စစ္ေရွာင္ျပည္သူေတြ ေနရပ္ျပန္ေရး စီမံကိန္းကို ၂၀၀၈ ႏွစ္လယ္ေလာက္ကစၿပီး အေကာင္အထည္ ေဖာ္ပါတယ္။ စစ္ေရွာင္စခန္းေတြေၾကာင့္ အစိုးရသိကၡာက်ရတဲ့အတြက္ အတင္းျပန္ပို႔တာ ျဖစ္ႏိုင္တယ္လို႔ ကခ်င္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ဆိုပါတယ္။ တကယ္ေတာ့ အစိုးရဟာ စစ္ေရွာင္ျပည္သူေတြကို ေစာင့္ေရွာက္ရမယ့္တာဝန္ ပ်က္ကြယ္ေနပါတယ္။

စစ္ေရွာင္ကခ်င္လူထု ကာကြယ္ေစာင့္ေရွာက္ရာမွာ ကခ်င္အရပ္ဘက္အဖြဲ႔အစည္းဟာ အမာခံ ျဖစ္ပါတယ္။ ခရစ္ယာန္ဘုရားေက်ာင္းကလည္း အကူအညီ ေပးၾကပါတယ္။ ၁၉၉၄ မွာ စစ္အစိုးရနဲ႔ KIA တပ္ဖြဲ႔ အပစ္အခတ္ရပ္စဲခဲ့ၿပီး ၂၀၁၁ ေရာက္မွ ျပန္လည္ပစ္ခတ္ၾကတာမို႔ (၁၇) ႏွစ္ေလာက္ တည္ၿငိမ္ေအးခ်မ္းခဲ့ပါတယ္။ ဒီအခ်ိန္မွာ အရပ္ဘက္အဖြဲ႔အစည္းနဲ႔ ဘာသာေရးအဖြဲ႔ေတြ ေပၚေပါက္လာပါတယ္။ ေမတၱာ Foundation နဲ႔ Shalom Foundation ဟာ ထင္ရွားပါတယ္။ စစ္ေျပးဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားႏိုင္ေအာင္ ကူညီတဲ့အဖြဲ႔ေတြ ျဖစ္ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္က ဒုကၡသည္ေတြကို အျပည္ျပည္ဆိုင္ရာက ကူညီေထာက္ပံ့ေနခ်ိန္မွာ ကခ်င္အရပ္ဘက္အဖြဲ႔အစည္းေတြက ကိုယ္ထူကိုယ္ထ ရုန္းကန္လႈပ္ရွားၾကရပါတယ္။ အျပည္ျပည္ဆိုင္ရာ အကူအညီကို တရုတ္က သိပ္လုိလားတာ မဟုတ္လို႔ တရုတ္နယ္စပ္ကို စိတ္ဝင္စားတဲ့ အလွဳရွင္ ရွားပါးေနပါတယ္။ ဒါေၾကာင့္ ကိုယ္အားကိုယ္ကုိ ရုန္းကန္တဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြ ကခ်င္ျပည္နယ္မွာ ေပၚထြက္လာပါတယ္။ ကခ်င္ျပည္နယ္ထဲက ပဋိပကၡကို မေျဖရွင္းေသးပဲ တျပည္လံုး အပစ္အခတ္ ရပ္စဲေရးကို အေဆာတလ်င္ မလုပ္သင့္ဘူးလို႔ ကခ်င္အရပ္ဘက္ အဖြဲ႔အစည္းေတြက ယူဆပါတယ္။


==Unicode==

နေပြည်တော်အစိုးရ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ (၂၀၁၁) ကစပြီး ကချင်ပြည်နယ်မှာ ပြန်လည်ပစ်ခတ်ကြတာဖြစ်လို့ ကိုးနှစ် ရှိသွားပါပြီ။ စစ်ပြေးဒုက္ခသည်ကလည်း (၁) သိန်းကျော်နေပါပြီ။ သူတို့ကို ကူညီနေသူဟာ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ (၁၇) နှစ်ကြာ၊ အပစ်ရပ်ထားပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ပစ်ခတ်တာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ (၁၇) နှစ်ကြာ အပစ်ရပ်ထားပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ပစ်ခတ်တာ ဖြစ်ပါတယ်။ စစ်ပြေးဒုက္ခသည် စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး လန်ဒန်အခြေစိုက် လူ့အကျိုးဆောင်အဖွဲ့ Humanitarian Policy Group နဲ့ ချင်းမိုင်တက္ကသိုလ်သုတေသီ Ashley South တို့က ကွင်းဆင်းလေ့လာပြီး စာတမ်းရေးထားပါတယ်။

ကချင်ပဋိပက္ခမှာ လူသားချင်းစာနာမှုဥပဒေကိုရော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကိုရော ချိုးဖောက်ကြတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးနဲ့ Amnesty လူ့အခွင့်အရေးအဖွဲ့တို့က ဆိုပါတယ်။ ထင်သလို ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မစေခိုင်းမှု၊ ကျေးရွာတွေကို ပစ်ခတ်မှု၊ လူသားအကျိုးဆောင်လုပ်ငန်း မလုပ်နိုင်အောင် ဟန့်တားမှု၊ မြေယာသိမ်းပိုက်မှု စတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ KIA ကချင်တပ်ဖွဲ့ကလည်း သတ်ဖြတ်တာနဲ့ အဓမ္မစစ်သား စုဆောင်းတာတွေ လုပ်တတ်ပေမယ့် ဒေသခံနဲ့ အရပ်ဘက်အဖွဲ့တွေကိုတော့ ကူညီစောင့်ရှောက်သူအဖြစ် မြင်ကြပါတယ်။

KIA ကချင်တပ်ဖွဲ့ ထိန်းချုပ်တဲ့နေရာက စစ်ပြေးဒုက္ခသည်တွေကို လုံခြုံတဲ့စစ်ရှောင်စခန်းတွေကို ပို့ဆောင်ရာမှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ ခရစ်ယာန်ဓမ္မဆရာတွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်ကြပါတယ်။ အထူးသဖြင့် တပ်မတော်နယ်မြေနဲ့ KIA နယ်မြေကြား ဝင်ထွက်သွားလာတဲ့အခါမှာ ဓမ္မဆရာတွေက အရေးပါပါတယ်။ ဓမ္မဆရာကို ခရစ်ယာန်ဘုန်းကြီးအဖြစ် သတ်မှတ်ကြတာမို့ အစိုးရအရာထမ်းနဲ့ တပ်မတော်ကရော ရိုသေလေးစားကြတဲ့အတွက် ပဋိပက္ခဒေသတွေမှာ သွားလာနိုင်တာ ဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ စာသင်ပေးချင်သူတွေနဲ့ ကူညီချင်သူတွေကိုလည်း ဓမ္မဆရာတွေကပဲ စီစဉ်ပေးပါတယ်။ ဒေသဆိုင်ရာအခြေအနေနဲ့ သင့်တော်တဲ့ အစီအစဉ်တွေကို အရပ်ဘက်အဖွဲ့တွေက အကောင်အထည်ဖော်ပေးကြပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ဥပဒေရေးရာတွေ ပါဝင်ပါတယ်။

စစ်ရှောင်ပြည်သူအများစုဟာ လယ်ယာစိုက်ပျိုးသူတွေ ဖြစ်ပါတယ်။ ရိုးရာအစဉ်အလာအရ ပိုင်ဆိုင်သူတွေရှိသလို၊ နားလည်မှုနဲ့ ဝယ်ထားသူလည်း ရှိပါတယ်။ နေရပ်ကို စွန့်ခွါရတဲ့ စစ်ရှောင်ဖြစ်သွားတဲ့အခါမှာ မြေယာတွေကိုပါ စွန့်ခွါခဲ့ရပါတယ်။ စစ်ရှောင်တွေရဲ့ လယ်ယာမြေနေရာမှာ တရုတ်ကုမ္ပဏီနဲ့ တပ်မတော်နဲ့ ပတ်သက်သူတွေက ဝင်ရောက်အခြေစိုက်ကြပါတယ်။ ရိုးရာဓလေ့အရ ထွန်ယက်စိုက်ပျိုးကြသူတွေမှာ မြေယာပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်း မရှိတာများပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ရွာမြေကို စစ်တပ်ပိုင်ဖြစ်အောင် အသွင်းပြောင်းလိုက်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် အခက်အခဲ ရှိပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းက ပြည်သူတွေဟာ သူတို့ပိုင်တဲ့မြေယာ တပ်မတော်လက်ထဲ ရောက်သွားတာကို မသိတာများပါတယ်။

စစ်ရှောင်ပြည်သူတွေအားလုံး နေရပ်ဇာတိပြန်ချင်တယ်လို့ ယူဆလို့ မရပါဘူး။ နေရပ်ကိုစွန့်ခွါတဲ့အချိန် ကြာညောင်းလာပြီး အရပ်ဘက်အဖွဲ့တွေ ကောင်းမှုကြောင့် စစ်ရှောင်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ပညာရေး အဆင်ပြေလာတာမျိုး ရှိပါတယ်။ အဲဒီအခါမှာ ကိုယ်ထူကိုယ်ထ ဆင်းရဲကြတဲ့ နေရပ်ဇာတိကို ပြန်ချင်တော့မယ် မဟုတ်ပါဘူး။ မူရင်းနေရပ်မှာ မြေယာပိုင်ဆိုင်မှု ပြဿနာတွေ ရှိနေပေမယ့် အစိုးရကတော့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေး စီမံကိန်းကို ၂၀၀၈ နှစ်လယ်လောက်ကစပြီး အကောင်အထည် ဖော်ပါတယ်။ စစ်ရှောင်စခန်းတွေကြောင့် အစိုးရသိက္ခာကျရတဲ့အတွက် အတင်းပြန်ပို့တာ ဖြစ်နိုင်တယ်လို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။ တကယ်တော့ အစိုးရဟာ စစ်ရှောင်ပြည်သူတွေကို စောင့်ရှောက်ရမယ့်တာဝန် ပျက်ကွယ်နေပါတယ်။

စစ်ရှောင်ကချင်လူထု ကာကွယ်စောင့်ရှောက်ရာမှာ ကချင်အရပ်ဘက်အဖွဲ့အစည်းဟာ အမာခံ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းကလည်း အကူအညီ ပေးကြပါတယ်။ ၁၉၉၄ မှာ စစ်အစိုးရနဲ့ KIA တပ်ဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ရောက်မှ ပြန်လည်ပစ်ခတ်ကြတာမို့ (၁၇) နှစ်လောက် တည်ငြိမ်အေးချမ်းခဲ့ပါတယ်။ ဒီအချိန်မှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဘာသာရေးအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ မေတ္တာ Foundation နဲ့ Shalom Foundation ဟာ ထင်ရှားပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားနိုင်အောင် ကူညီတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အပြည်ပြည်ဆိုင်ရာက ကူညီထောက်ပံ့နေချိန်မှာ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထ ရုန်းကန်လှုပ်ရှားကြရပါတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီကို တရုတ်က သိပ်လိုလားတာ မဟုတ်လို့ တရုတ်နယ်စပ်ကို စိတ်ဝင်စားတဲ့ အလှုရှင် ရှားပါးနေပါတယ်။ ဒါကြောင့် ကိုယ်အားကိုယ်ကို ရုန်းကန်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကချင်ပြည်နယ်မှာ ပေါ်ထွက်လာပါတယ်။ ကချင်ပြည်နယ်ထဲက ပဋိပက္ခကို မဖြေရှင်းသေးပဲ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အဆောတလျင် မလုပ်သင့်ဘူးလို့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ယူဆပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG